ကျွန်တော့အဖိုးဟာ ဖိနပ်ချုပ်သမားဖြစ်ခဲ့တယ်။
သူ့ခေတ်တုန်းက သူဟာ အော်ဒါပေးသူအတွက်
ဖိနပ်တွေကို ချုပ်လုပ်ပေးခဲ့ပါတယ်။
ကျွန်တော်ဟာ သူ့ကို မမြင်တွေ့ခဲ့ဖူးပါဘူး။
သူဟာ Holocaust ထဲ ဆုံးသွားရှာခဲ့ပါတယ်။
အဲဒီလို ကျွမ်းကျင်မှုမျိုး ဒီနေ့
တွေ့ခဲပေမဲ့ ကျွန်တော်ဟာ သူ့ဆီကနေပြီး
ပစ္စည်းတွေ ထုတ်လုပ်ပေးလိုတဲ့
အမွေကို ရရှိခဲ့ပါတယ်။
စက်မှု တော်လှန်ရေးက လူသားတွေရဲ့
ဘဝကို မြှင့်တင်ပေးရန်
အကြီးအကျယ် ထောက်ကူခဲ့တယ်လို့ ဆိုပေမဲ့
ကျွန်တော့အဖိုး မြတ်နိုးခဲ့တဲ့
ကျွမ်းကျင်မှုမျိုးကို
ကျတော့ သတ်ပစ်ခဲ့ကာ
လက်မှုပညာဆိုတာကိုလည်း
ပျောက်ကွယ်သွားစေခဲ့ပါတယ်။
ဒါပေမဲ့ အခုတော့ ပထမဦးဆုံးအကြိမ်
ပုံနှိပ်ထုတ်ယူခဲ့တာဖြစ်တဲ့
ဒီအပိုင်းကလေးဖြင့် စတင်လိုက်တဲ့
3D ပုံနှိပ်မှုက အဲဒါကို ပြန်ပြီး
အသက်သွင်းပေးတော့မှာပါ။
ဒီအပိုင်းလေးဟာ TED ထက် နည်းနည်းလေး
ပို အသက်ကြီးပါတယ်။
အဲဒါကို ၁၉၈၃ ခုနှစ်မှာ
Chuck Hull ဆိုသူ ပုံနှိပ်ခဲ့တာပါ၊
3D ပုံနှိပ်မှုကို တီထွင်ပေးခဲ့သူပါပဲ။
ဒီနေ့ ကျွန်တော် ခင်ဗျားတို့ကို
ပြောပြချင်တာက၊
ဆွေးနွေးချင်တဲ့ အတွေးအခေါ်က၊
ကျွန်ုပ်တို့ကို အနာဂတ်ဆီ တွန်းတင်ပေးမယ့်
3D ပုံနှိပ်မှု အကြောင်း မဟုတ်ဘဲ၊
3D ပုံနှိပ်မှုဟာ
ကျွန်ုပ်တို့ရဲ့ အမွေအနှစ်တွေနဲ့
ချိတ်ဆက်ပေးလျက် ကျွန်ုပ်တို့ကို
ဒီဂျီတယ် ထုတ်လုပ်မှုကို အခြေခံသွားမယ့်
ဒေသတွင်းရှိ ထုတ်လုပ်ဖြန့်ဖြူးရေးဆိုတဲ့
ခေတ်သစ်ဆီ မြှင့်တင်ပေးမယ့်
3D ပုံနှိပ်မှု အကြောင်း ပြောပြချင်ပါတယ်။
ဒီတော့ အသုံးဝင်တဲ့ ပစ္စည်းတွေအကြောင်း
စဉ်းစားကြည့်ကြပါ။
ခင်ဗျားတို့ ကိုယ့်ဖိနပ်အရွယ်ကို
သိတယ်။
ခင်ဗျားတို့ရဲ့ နှာတံအရွယ်ကို
ပြီးတော့ နားထင်အရွယ်ကို သိတဲ့သူ
ဘယ်နှစ်ယောက်များ ရှိကြပါသလဲ?
သိသူ ရှိသလား?
ခင်ဗျားတို့ဟာ တစ်သက်မှာ
ပထမအကြိမ်အဖြစ်
ကိုယ်နဲ့ ကွက်တိ အံဝင်ဂွင်ကျဖြစ်ကာ
ဘယ်လို ပတ္တာကိုမှ သုံးမထားလို့
ကျိုးသွားမှာကို လုံးဝစိုးရိမ်စရာ
လိုမှာမဟုတ်တဲ့
မျက်မှန်မျိုးကို ထုတ်လုပ်
ရယူနိုင်ကြမယ် ဆိုရင်ကော?
လက်တွေ့မှာကျတော့ 3D ပုံနှိပ်မှုကို
အသုံးချမှုဟာ နှာခေါင်းတွေထက်ကို
များစွာမှ အကျိုးသက်ရောက်နိုင်ပါတယ်။
ကျွန်တော်က Amanda ကို ပထမအကြိမ် တွေ့ဆုံစဉ်
သူမဟာ ခါးအောက်ပိုင်းမှာ
လေဖြတ်ထားတာတောင်မှ
မတ်တတ်ရပ်နိုင်လျက်
နည်းနည်းလေး လျှောက်နိုင်ပါပြီ၊
ဒါပေမဲ့ သူမရဲ့ ဝတ်စုံဟာ သက်တောင့်သက်သာ
မရှိတာကို
သူမက ညည်းတွားနေခဲ့ပါတယ်။
Ekso Bionics ထုတ်ပေးလိုက်တဲ့
လှပတဲ့ စက်ရုပ်ဝတ်စုံ ဖြစ်ခဲ့ပေမဲ့၊
သူမရဲ့ ခန္ဒာကိုယ်အတွက် မဟုတ်ခဲ့ပါ၊
အတိုင်းယူပြီး ထုတ်လုပ်ပေးခဲ့တာ မဟုတ်ခဲ့ပါ။
အဲဒါကြောင့် သူမက ပိုပြီး အမျိုးသမီးဆန်ကာ၊
နည်းနည်းလေး ပိုကျော့ရှင်းပြီး
ပိုပြီး ပေါ့ပါးမယ့် အဝတ်အစားမျိုးကို
ချုပ်ပေးရန် ပူဆာခဲ့ပါတယ်။
တော်တဲ့ အပ်ချုပ်သမားတွေလို
ကျွန်တော်တို့က သူမကို ဒီဂျီတယ်နည်းဖြင့်
တိုင်းယူရန် ဆုံးဖြတ်ခဲ့ကြပါတယ်။
တိုင်းယူပြီးလို့ ကျွန်တော်တို့ဟာ
အံ့ဖွယ်ဝတ်စုံကို ထုတ်လုပ်ခဲ့တယ်။
အမန်ဒါထံမှ ကျွန်တော် တော်တော်များများ
သင်ယူနိုင်ခဲ့ရာ
အားလုံးက 3D ပုံနှိပ်မှုဟာဖြင့်
အစဉ်အလာ နည်းတွေကို
အစားထိုးမယ်လို့
ထင်မြင်နေကြမှုဟာ တစ်ခု ဖြစ်ခဲ့ပါတယ်။
ဒီအကြောင်းကို စဉ်းစားလျက်
အမန်ဒါ ပြောတာက၊
ဒါဟာ ကျွန်မရဲ့ သဘာဝအလှ
ပြန်လည် ရယူရန်၊
ကျွန်မရဲ့ ပင်ကိုယ်လက္ခဏာတွေကို
ပြန်လည် ရယူရန် အခွင့်အလမ်းဖြစ်တယ်တဲ့။
အဲဒီနောက် သူမဟာ
တစ်နေရာတည်းမှာ ရပ်မနေတော့ပါ။
အခုတော့ သူမဟာ ထောက်မြင့် ဖိနပ်တွေကို
စီးချင်ပါတယ်။
အဲဒါနဲ့ ရပ်သွားမှာ မဟုတ်ပါ။
3D ပုံနှိပ်မှုဟာ၊ ကျွန်ုပ်တို့ သိလာရသလို
တစ်ဦးချင်းသုံး ကျန်းမာရေးဆိုင်ရာ
စက်ကိရိယာတွေကို ပြောင်းလဲပစ်နေကြပါပြီ၊
လှပကာ လေဝင်လေထွက်ကောင်းတဲ့
သွားတွေကို
ပြုပြင်ညှိပေးတဲ့ ကိရိယာ အသစ်တွေမှအစ
သွားတွေကို ပြန်လည်ဖေါ်ထုတ်ပေးမှု
သန်းချီတွေ၊
ခြေ၊လက်အတုများအတွက် လှပတဲ့
ထောက်တွေ စသည်တို့ဟာ
ကျွန်ုပ်တို့ရဲ့ ပင်ကိုယ်အလှတရားနဲ့
ချိတ်ဆက်ပေးနိုင်တဲ့
တကယ့်အခွင့်အလမ်းတွေပါပဲ။
ဒီနေ့ ဒီမှာ ထိုင်နေစဉ်မှာကို
ခင်ဗျားတို့ဟာ ခင်ဗျားတို့ရဲ့
ခြေ၊လက်အတုရဲ့ ထောက်တွေကို
ဒါမှမဟုတ် ခင်ဗျားတို့ရဲ့ သွားဆိုင်ရာ
ကိရိယာတွေကို
ကြိုးမဲ့ချိတ် ထိန်းချုပ်နိုင်တယ်။
နားထဲ တပ်ဆင်ရတဲ့ နားကြားရေး
ကိရိယာ သန်းချီကို
ဒီနေ့တွင် 3D ပုံနှိပ်ရေးနည်းဖြင့်
ထုတ်လုပ်နေကြပါပြီ။
လူတွေ သန်းချီကို
ဒီနေ့မှာ အဲဒီလို ကိရိယာတွေကို
ထောက်ကူပေးနေကြပါပြီ။
ဒူးတစ်ခုလုံးကို လဲပေးရန်လိုရင်
ခင်ဗျားတို့ရဲ့ ဒေတာနဲ့အညီ၊
အတိအကျ တိုင်းယူပြီး လိုအပ်တဲ့ ကိရိယာများ
အစိတ်အပိုင်းများကို 3D ပုံနှိပ်ယူမယ်
ဆိုရင်ကော?
G.E. ဆိုရင် 3D ပုံနှိပ်မှုကို အသုံးပြုလျက်
LEAP အင်ဂျင်
နောက်မျိုးဆက်ကို ထုတ်လုပ်ဖို့ အားထုတ်နေရာ
၎င်းဟာ လောင်စာကို ၁၅ ရာခိုင်နှုန်းအထိ
ချွေတာပေးနိုင်မှာမို့လို့
လေကြောင်း ကုမ္ပဏီဆိုရင်
ဒေါ်လာ ၁၄ သန်းအထိ အကုန်အကျ နည်းလာပါမယ်။
G.E.အတွက် ကောင်းမှာ သေချာတယ်နော်?
သူတို့ရဲ့ ဖောက်သည်တွေနဲ့
ပတ်ဝန်းကျင်အတွက် ကောင်းမှာပါ။
နောက်တစ်ခု ကောင်းတဲ့အချက်က
ဒီနည်းပညာဟာ အရင်းအနှီး
အများကြီး တတ်နိုင်ခဲ့ကြတဲ့
ကုမ္ပဏီကြီးတွေ အတွက်သက်သက် မဟုတ်တော့ပါဘူး။
အာကာသကို စူးစမ်းလေ့လာရန်
ထူထောင်ခါစ
Planetary Resources ကုမ္ပဏီဟာ၊
၎င်းရဲ့ ပထမဦးဆုံး အာကာသစူးစမ်းရေး
က်ကို ဒီနှစ်ထဲ မကြာမီ လွှတ်တင်ပါတော့မယ်။
အဲဒါဟာ NASA အာကာသာယာဉ်ရဲ့
အစိတ်အပိုင်း တစ်ခုမျှပါ၊
၎င်းရဲ့တန်ဖိုးဟာလည်း
တစ်စိတ်တစ်ပိုင်းမျှသာပါ၊
၎င်းထဲမှာ လှုပ်ရှားနိုင်တဲ့ အပိုင်းဆိုလို့
တစ်ဒါဇင်တောင် မရှိပါဘူး၊
၎င်းဟာ ဒီနှစ်ကုန်ပိုင်းမှာ အာကာသထဲကို
သွားပါတော့မယ်။
Google ဆိုရင် Ara ဆိုတဲ့
ဘလော့ဖုန်း ထုတ်လုပ်ရေး
ရဲတင်းလှတဲ့ စီမံကိန်းကို စနေပါပြီ။
ထည့်သုံးနိုင်မယ့် လက်တွေ့
အသုံးပြုလို့ ရနိုင်မယ့်
မော်ဂျူးတွေကို
နှုန်းမြင့် 3D ပုံနှိပ်နည်းဖြင့်
ပုံနှိပ်ယူနိုင်ခြင်းဖြင့်
ထုတ်လုပ်ပေးနိုင်မှာပါ။
3D ပုံနှိပ်နည်းရဲ့ တကယ့်ကို
ဧရာမ အောင်မြင်မှုကြီးပါ။
အစားအစာကို ယူကြည့်ကြရင်ကော?
ကျွန်ုပ်တို့ဟာ ပထမဦးဆုံးအကြိမ်အဖြစ်
ဒီမှာ အားလုံးမြင်နေကြရတဲ့ TED Teddy လို
စားလို့ရတဲ့ နှစ်လို့ဖွယ်ရာ အရာတွေကို
ထုတ်လုပ်ပေးနိုင်ကြမယ် ဆိုရင်ကော?
ခင်ဗျားတို့ အားလုံး အခုမြင်နေရသလို
3D ပုံနှိပ်နည်းနဲ့
အစမှအဆုံး ထုတ်လုပ်ထားတဲ့
စားစရာ မုန့်တွေကို
ထုတ်လုပ်ပေးကြမယ် ဆိုရင်ကော?
ပြီးတော့ စားချင်ဖွယ်
အစားအစာတွေကို ထုတ်လုပ်ပေးရုံသာမက
လူတစ်ဦးချင်းရဲ့ အာဟာရလိုအပ်ချက်အလိုက်
စိတ်ကြိုက် အရသာ အလိုက်
အရောင်တွေနဲ့ အနံ့အရသာတွေကိုပါ
ထည့်ပေးနိုင်မယ်
ဆိုရင်ကော?
အခုတော့ 3D ပုံနှိပ်နည်းရဲ့
အကောင်းဆုံး အချက်ဆီကို ရောက်လာပါပြီ။
3D ပုံနှိပ်နည်းနဲ့ဆိုရင် ရှုပ်ထွေး
မှုကို စဉ်းစားရန်မလိုပါ။
အဲဒီပရင်တာအတွက်
သာမန် ပုံစံတွေကို ထုတ်လုပ်မလား၊
ဒါမှမဟုတ် အရှုပ်ထွေးဆုံး ပုံစံတွေကို
ထုတ်လုပ်ပေးရမလား၊
ခြားနားချက်ဆိုလို့ လုံးဝ မရှိပါ။
အဲဒီအချက်ကမှ ဒီဇိုင်းရေးဆွဲမှုကိုရော
ထုတ်လုပ်မှုကိုပါ
လုံးဝကို တစ်မျိုး ပြောင်းလဲပစ်နေတာကို
ကျွန်တော်တို့ မြင်နေကြရပါတယ်။
3D ပုံနှိပ်နည်းဟာ သိကြတဲ့
စက်မှုထုတ်လုပ်မှုရဲ့
နိဂုံးဖြစ်မယ်လို့ တော်တော်များများက
ထင်ကြပါတယ်။
ကျွန်တော့ အမြင်အရဆိုရင်
အနာဂတ် နည်းပညာဖြစ်တဲ့
3D ပုံနှိပ်နည်းကို လူငယ်တွေရဲ့
လက်ထဲကို ထည့်ပေးကြမယ်ဆိုရင်
အလုပ်အကိုင်ဆိုင်ရာ
မကုန်မခမ်းနိုင်တဲ့ အခွင့်အလမ်းတွေ
ဖန်တီးပေးနိုင်ကြမှာပါ၊
အဲဒါနဲ့အတူ၊
လူတိုင်းဟာ ကျွမ်းကျင်တဲ့ တီထွင်ဖန်တီးပေးသူ
ကျွမ်းကျင်တဲ့ ထုတ်လုပ်သူတွေ ဖြစ်လာကြမယ်။
အဲဒါ့အတွက်ကို ကိရိယာ အသစ်တွေ လိုပါမယ်။
လူတိုင်းဟာ CAD တွေကို
ဘယ်လိုသုံးရမှန်း မသိကြပါ၊
ကျွန်တော်တို့ဟာ ထိတွေ့မှုဆိုင်ရာ
သိမြင်မှု
ဆိုင်ရာ ကိရိယာများကို ထုတ်လုပ်ပေးနေကြရာ
ခင်ဗျားတို့ရဲ့ ဒီဇိုင်းတွေကို
ဒီဂျီတယ် ရွှံစေးဖြင့် ကစားနေရသလိုပဲ
ထိတွေ့ခံစားလို့ ရလာမှာပါ။
အဲဒီလို လုပ်လို့ ရလာတဲ့အခါမှာ၊
ချက်ချင်း ဓာတ်ပုံရိုက်တဲ့ နည်းပညာကိုပါ
ကျွန်တော်တို့က တီထွင်ပေးထားကြတာမို့လို့၊
အကြောင်းအရာတွေကို တီထွင်မှုဟာလည်း
ပိုပြီး လွယ်ကူလာမှာပါ၊
စိတ်ကူးကြည့်မရနိုင်တဲ့
အရာတွေ အများကြီးရှိနိုင်သလို၊
မလိုလားအပ်တဲ့ အရာတွေကို၊ လူအများအပြားက
ပရိုဂရမ် အတုတွေကို သုံးလာကြမှာမျိုးကို
တရားမဝင် သုံးစွဲပိုင်ဆိုင်မှုများကိုပါ
မြင်ကြရမှာပါ။
လူတော်တော်များများ မေးကြတာက
အိမ်တိုင်းထဲမှာ 3D ပရင်တာ ရှိလာကြမှာလား?
အဲဒီလို မေးပုံဟာ မှားနေတယ် ထင်ပါတယ်။
တကယ်မေးရမယ့် မေးခွန်းက
3D ပုံနှိပ်မှုက ကျွန်တော့ဘဝကို
ဘယ်လို ပြောင်းလဲပစ်နိုင်မှာလဲ?
နောက်တစ်မျိုးပြောရပါက၊
အိမ်ထဲက ဘယ်အခန်းဟာ
3D ပုံနှိပ်မှုအတွက် ကိုက်ညီပါသလဲ?
အခု ခင်ဗျားတို့ မြင်နေကြတဲ့ အရာတိုင်းကို၊
Amsterdam ဖက်ရှင်ရှိုးမှာ ပြသခံခဲ့ရတဲ့
ဒီဖိနပ်တွေ အပါအဝင်ကို၊
3D နည်းဖြင့် ပုံနှိပ်ယူခဲ့တာပါ။
ဒီဖိနပ်တွေကို ကျွန်တော့အဖိုးက
ချုပ်ပေးလိုက်တာ မဟုတ်ပါဘူး။
ဒီဖိနပ်တွေဟာ အဖိုးရဲ့ မိမိဘာသာ
ထုတ်လုပ်တဲ့ အစဉ်အလာကို ဆက်လက် ကျင့်သုံး
ရုပ်လုံးဖေါ်မှုပဲ ဖြစ်ပါတယ်။
ကျွန်တော့အဖိုးဟာ မကြာမီလေးတင်က
Super Bowl ပွဲစဉ်ထဲက Nike
ဆူးချွန်ပါ Nike တွေကို မမြင်လိုက်ခဲ့ရပါ၊
ပြီးတော့ ကျွန်တော့ဖခင်ဟာလည်း
3D ပုံနှိပ်နည်းဖြင့်
ရောစပ်ထုတ်လုပ်ခဲ့တဲ့
ကျွန်တော့ဖိနပ်ကို မမြင်လိုက်ရပါ။
သူဟာ လွန်ခဲ့တဲ့
သုံးနှစ်တုန်းက ဆုံးသွားခဲ့ပါတယ်။
ဒါပေမဲ့ ဒါတွေအားလုံးကို တီထွင်ပေးလိုက်တဲ့
Chuck Hull ကတော့၊
ဒီနေ့တွင် ဒီမှာ ရှိနေပါတယ်၊
သူ့ကျေးဇူးကြောင့်၊
သူရဲ့ တီထွင်မှုရဲ့ကျေးဇူးကြောင့်၊
ကျွန်တော်ဟာလည်း
ဒီနေ့ ဖိနပ်ချုပ်သမား ဖြစ်လာနိုင်ပါပြီ၊
ဒီဖိနပ်တွေကို စီးပြီးဒီမှာ ရပ်နေခြင်းဖြင့်
ကျွန်တော်ဟာ ကျွန်တော့အတိတ်ကို
ဂုဏ်ပြုနေရင်း
အနာဂတ်ကို ထုတ်လုပ်ပြသနေခြင်း ဖြစ်ပါတယ်။
ကျေးဇူးတင်ပါတယ်။
(လက်ခုပ်သံများ)