အတ္တပေမ ဝါဒ၏ စိတ်ပညာ။ W. Keith Campbell
-
0:07 - 0:09ပထမဆုံး selfie မတိုင်မီ အတော်ကြာက
-
0:09 - 0:11ရှေးဟောင်း ဂရိနဲ့ ရိုမန်တွေမှာ
သူ့ ပုံရိပ်ကို -
0:11 - 0:15နည်းနည်း အစွဲအလမ်းလွန်နေတဲ့
လူတစ်ယောက် အကြောင်း ဒဏ္ဍာရီတစ်ခုရှိတယ် -
0:15 - 0:16အပြောတစ်ခုမှာ
-
0:16 - 0:21Narcissus က စုံမက်ဖို့ လူတစ်ယောက် ရှာရင်း
ကမ္ဘာထဲ လှည့်လည်နေတဲ့ ချောမောတဲ့ လူငယ်ပါ။ -
0:21 - 0:23Echo ဆိုတဲ့ သစ်ပင်စောင့်
နတ်သမီးကို ငြင်းပြီးနောက် -
0:23 - 0:27မြစ်တစ်ခုထဲမှာ သူ့ပုံရိပ်ကို
ရိပ်ခနဲ မြင်ခဲ့မိသွားပြီး -
0:27 - 0:29ဒါကို ချစ်ကြိုက်သွားတယ်။
-
0:29 - 0:30သူ့ကိုယ်သူ ရုန်းမထွက်နိုင်တော့
-
0:30 - 0:32Narcissus ဟာ ရေနစ်သေသွားတယ်။
-
0:32 - 0:37သူ သေခဲ့တဲ့နေရာမှာ ပန်းတစ်ပွင့်ကို အမှတ်
အသားပြုခဲ့တော့ Narcissus ပန်းလို့ခေါ်တယ်။ -
0:37 - 0:40ဒီဒဏ္ဍာရီက အတ္တပေမ ဝါဒရဲ့ အခြေခံ
အယူအဆကို သရုပ်ဖော်တယ်။ -
0:40 - 0:44ရည်မွန်ပေမဲ့ တစ်ခါတစ်ရံ အကျိုးပျက်စေတဲ့
ကိုယ်အတွေးနဲ့ကိုယ် ထွေးပတ်နေတယ်။ -
0:44 - 0:48ဒါပေမဲ့ ဒါက အကြံပေး ကဏ္ဍမှာ မြင်ရတဲ့
ကိုယ်ရေးကိုယ်တာ အမျိုးအစားတစ်ခုပဲ မဟုတ်ပါ။ -
0:48 - 0:53ဒါက တကယ်ကျတော့ စိတ်ပညာရှင်တွေ
အမျိုးအစားခွဲပြီး လေ့လာတဲ့ လက္ခဏာတစ်စုပါ။ -
0:53 - 0:59အတ္တပေမ ဝါဒရဲ့ စိတ်ပညာ အနက်ဖွင့်ဆိုချက်က
ချဲ့ကား၊ ဟိတ်များတဲ့ အတ္တပုံရိပ်တစ်ခုပါ။ -
0:59 - 1:02အဆင့်အမျိုးမျိုးလုိက်ကာ အတ္တပေမ ဝါဒီ
တွေက သူတို့ဟာ ပိုကြည့်ကောင်းတယ်၊ -
1:02 - 1:03ပိုတော်တယ်ပြီး
-
1:03 - 1:05သူများတွေထက် ပိုအရေးပါတယ်၊
-
1:05 - 1:08အထူး အရေးယူမှု ခံထိုက်တယ်လို့ ထင်ကြတယ်။
-
1:08 - 1:13စိတ်ပညာရှင်တွေက အတ္တပေမ ပုံစံနှစ်ခုကို
ပင်ကို လက္ခဏာတစ်ခုအဖြစ် အသိအမှတ်ပြုတယ်။ -
1:13 - 1:16ဟိတ်ဟန်များတာနဲ့ အားနွဲ့တံ့ အတ္တပေမ ဝါဒပါ။
-
1:16 - 1:18အတ္တပေမဆိုင်ရာ ပင်ကိုစရိုက် ရောဂါလည်း
ရှိပါတယ်။ -
1:18 - 1:22ပိုအစွန်းရောက်တဲ့ ပုံစံတစ်ခုပါ။
ခဏနေရင် ပြန်ပြောပါ့မယ်။ -
1:22 - 1:26ဟိတ်ဟန်များတဲ့ အတ္တပေမ ဝါဒဟာ
အကျွမ်းဝင်ဆုံး အမျိုးအစားပါ။ -
1:26 - 1:28ဘွင်းဘွင်း သမားဖြစ်ခြင်း၊
-
1:28 - 1:29လွှမ်းမိုးခြင်း
-
1:29 - 1:31ဂရုစိုက်မှု ရှာခြင်းတွေနဲ့ ပြတယ်။
-
1:31 - 1:34ဟိတ်ဟန်များတဲ့ အတ္တပေမ ဝါဒီတွေဟာ
ဂရုစိုက်မှုနဲ့ အဏာနောက်ကို လိုက်တယ်။ -
1:34 - 1:35တစ်ခါတစ်ရဲ နိုင်ငံရေးသမားတွေ၊
-
1:35 - 1:36အကျာ်အမော်တွေ (သို့)
-
1:36 - 1:38ယဉ်ကျေးမှု ခေါင်းဆောင်တွေပါ။
-
1:38 - 1:43အမှန်ကတော့ အာဏာ ရဲ့ ဒီရားထူးတွေကို
လိုက်သူတိုင်းတော့ အတ္တပေမဖြစ်တာမဟုတ်ဘူး။ -
1:43 - 1:44အများက အပြုသဘော
အကြောင်းတွေအတွက်ပါ။ -
1:44 - 1:46ဥပမာ စွမ်းရည် အပြည်ရောက်ခြင်း
-
1:46 - 1:48(သို့) သူတစ်ပါး ဘဝတွေ ပိုကောင်းအောင်
ကူညီခြင်းပါ။ -
1:48 - 1:51ဒါပေမဲ့ အတ္တပေမတစ်ဦးချင်းတွေဟာ
ဒါနဲ့လိုက်ဖက်တဲ့ -
1:51 - 1:54အခြေအနေနဲ့ ဂရုစိုက်မှုအတွက်
အာဏာကို တောင်းခံကြတယ်။ -
1:54 - 1:58တစ်ချိန်တည်း အားနွဲ့တဲ့ အတ္တပေမသမားတွေဟာ
တိတ်ဆိတ်ပြီး သီးခြားဖြစ်နေနိုင်တယ်။ -
1:58 - 2:00ပြင်းထန်တဲ့ ခံစားပိုင်ခွင့် သဘောရှိပေမဲ့
-
2:00 - 2:03အလွယ်တကူး ခြိမ်းခြောက်ခံရ (သို့)
အရှက်ခွဲခံရတယ်။ -
2:03 - 2:07ဒီအဖြစ်နှစ်ခုစလုံးမှာ အတ္တပေမ ဝါဒရဲ့
အမှောင်ခြမ်းက တာရှည် ပေါ်လွင်တယ်။ -
2:07 - 2:10အတ္တပေမ ဝါဒီတွေဟာ တစ်ကိုယ်ကောင်းဆန်စွာ'
လုပ်ဆောင်တတ်ကြတော့ -
2:10 - 2:14အတ္တပေမ ခေါင်းဆောင်တွေဟာ စွန့်စား(သို့)
ကျင့်ဝတ်သွေဖည်တဲ့ဆုံးဖြတ်ချက်တွေ ချနိုင်ကာ -
2:14 - 2:19အတ္တပေမဆန်တဲ့ အဖော်တွေဟာ မရိုးသားတဲ့
သစ္စာမဲ့တဲ့သူတွေ ဖြစ်နိုင်လောက်တယ်။ -
2:19 - 2:22ကိုယ်တိုင်ရဲ့ အားတက်ဖွယ်
အမြင်တွေကို စိန်ခေါ်ခံရရင် -
2:22 - 2:24သူတို့ဟာ မကျေမချမ်းဖြစ်ပြီး
ရန်လိုလာကြတယ်။ -
2:24 - 2:27ဒါက ဝေဒနာခံစားရသူတွေ အတော်လေး
နေလို့ ကောင်းတဲ့ ရောဂါလိုဆိုပေမဲ့ -
2:27 - 2:30သူတို့ဝန်းကျင်က လူတွေကတော့ ဒုက္ခခံရတယ်။
-
2:30 - 2:31အစွန်းရောက်သွားတဲ့အခါ
-
2:31 - 2:34ဒီအပြုအမူကို အတ္တပေမ ပင်ကိုစရိုက်
ရောဂါလို့ ခေါ်တဲ့ -
2:34 - 2:37စိတ်aရာဂါ တစ်ခုဖြစ်
အမျိုးအစားသတ်မှတ်တယ်။ -
2:37 - 2:40ဒီရောဂါက လူဦးရေရဲ့ တစ်ကနေ
နှစ်ရာခိုင်နှုန်းအထိ သက်ရောက်တယ်၊ -
2:40 - 2:42အမျိုးသားတွေ ဖြစ်တာ ပိုများပါတယ်။
-
2:42 - 2:45ဒါက လူကြီးတွေအတွက် သီသန့်ထားတဲ့
ရောဂါတွေ့ရှိုမှုတစ်ခုလည်းဖြစ်တယ်။ -
2:45 - 2:48လူငယ်တွေ၊ အထူးသဖြင့် ကလေးတွေဟာ
အလွန် အတ္တဆန်နိုင်ပေမဲ့ -
2:48 - 2:51ဒါက ဖွံ့ဖြိုးမှုရဲ့ သာမန် အစိတ်အပိုင်းပဲ
ဖြစ်နိုင်လောက်ပါတယ်။ -
2:51 - 2:55အမေရိကန် စိတ်ရောဂါ အသင်းကြီးရဲ့
ပဉ္စမအကြိမ်ထုတ် -
2:55 - 2:57Diagnostic and Statistical Manual က
-
2:57 - 3:02အတ္တပေမ ပင်ကိုစရိုက် ရောဂါနဲ့ ဆက်စပ်နေတဲ့
လက္ခဏာများစွာကို ဖော်ပြထားတယ်။ -
3:02 - 3:05ဒါတွေမှာ ကိုယ့်ကိုယ်ကို
ဟိတ်ဟန်ကြီးတဲ့ အမြင်တစ်ခု -
3:05 - 3:06မျှဝေခံစားမှုနဲ့ ပြဿနာတွေ၊
-
3:06 - 3:08ခံစားပိုင်ခွင့် သဘောနဲ့
-
3:08 - 3:11လေးစားမှုနဲ့ ဂရုစိုက်မှု လိုအပ်ချက်
တစ်ခု ပါဝင်တယ်။ -
3:11 - 3:14ဒီလက္ခဏာတွေကို စစ်မှန်တဲ့
ပင်ကိုယ်စရိုက် ရောဂါ ဖြစ်စေတာက -
3:14 - 3:18ဒါတွေက လူတွေရဲ့ ဘဝတွေကို လွှမ်းမိုးပြီး
သိသာထင်ရှားတဲ့ ပြဿနာတွေ ဖြစ်ပေါ်စေတာပါ။ -
3:18 - 3:21အိမ်ထောင်ဘက်(သို့) ကလေးတွေကို
စောင့်ရှောက်ပေးတာအစား -
3:21 - 3:24ဂရုစိုက်မှုနဲ့ လေးစားမှုရဲ့ ရင်းမြစ်
တစ်ခုအဖြစ် သုံးတာ စိတ်ကူးကြည့်ပါ။ -
3:24 - 3:26(သို့) သင့်စွမ်းဆောင်မှအကြောင်း
-
3:26 - 3:28အပြုသော တုံ့ပြန်မှု ရယူတာကို
စိတ်ကူးကြည့်ပါ။ -
3:28 - 3:31ဒီအစား သင့်ကို ကူညီဖို့ ကြိုးစားခဲ့
သူတိုင်းကို -
3:31 - 3:33သူတို့ဟာ မှားတယ်လို့
သင်ပြောခဲ့တာပါ။ -
3:33 - 3:35ဒီတော့ ဘာက အတ္တပေမ ဝါဒ
ဖြစ်စေတာလဲ။ -
3:35 - 3:38ပူးတွဲ လေ့လာမှုတွေက ပြတာက
ဘယ်ဗီဇတွေ ပါဝင်တယ်ဆိုတာ -
3:38 - 3:41မသိပေမဲ့ ပြင်းထန်တဲ့ ဗီဇဆိုင်ရာ
အစိတ်အပိုင်းတစ်ခုပါ။ -
3:41 - 3:43ဒါပေမဲ့ ပတ်ဝန်းကျင်ကလည်း
အရေပါပါတယ်။ -
3:43 - 3:45ကလေးကို ဖျာလိုလိပ်
ထိပ်ပေါ်တင်ကြတဲ့ မိဘတွေဟာ -
3:45 - 3:48ဟိတ်ဟန်ကြီးတဲ့ အတ္တပေမ ဝါဒကို
အားပေးနိုင်ပါတယ်။ -
3:48 - 3:53အေးစက်ပြီး ထိန်းချုပ်တဲ့ မိဘတွေက
အားနွဲ့တဲ့ အတ္တပေမ ဝါဒကို ပံ့ပိုးပေးတယ်။ -
3:53 - 3:55အတ္တပေမ ဝါဒဟလည်း ပင်ကိုလက္ခဏာနံ့
-
3:55 - 3:59မိမိကိုယ်မိမိ ကြော်ငြာတာကို တန်ဖိုးထားတဲ့
ယဉ်ကျေးမှုတွေမှာ ပိုမြင့်မားပုံရပါတယ်။် -
3:59 - 4:01ဥပမာ အမေရိကန် ပြည်ထောင်စုမှာ
-
4:01 - 4:06၆၀ နှစ်လွန်တွေရဲ့ ဘုံ အာရုံစိုက်ရာက မိမိ
ကိုယ်မိမိ တန်ဖိုးထားရေး လှုပ်ရှားမှုနဲ့ -
4:06 - 4:08ရုပ်ဝါဒ တိုးမြင့်မှုကို လမ်းဖွင့်ပေးတဲ့အခါ
-
4:08 - 4:10အတ္တပေမ ပင်ကို လက္ခဏာဟာ
၁၉၇၀ နှစ်တွေကတည်းက -
4:10 - 4:13မြင့်တက်လာနေခဲ့တယ်။
-
4:13 - 4:17မကြာခင်က လူမှုမီဒီယာက ကိုယ်တိုင်ကြော်ငြာ
မှုအတွက် ဖြစ်နိုင်ခြေတွေကို တိုးစေခဲ့တယ်။ -
4:17 - 4:18မှတ်သားထိုက်စရာ ဆိုပေမဲ့
-
4:18 - 4:22လူမှုမီဒီယာက အတ္တပေမ ဝါဒကို ဖြစ်စေတယ်
ဆိုတဲ့ ရှင်းလင်းတဲ့အထောက်အထားမရှိဘူး။ -
4:22 - 4:28ဒါထက် အတ္တပေမသမားတွေကို လူမှုဂုဏ်ဒြပ်နဲ့
အာရုံစိုက်မှုကို ရယူဖို့ နည်းလမ်ပေးတယ်။ -
4:28 - 4:31ဒီတော့ အတ္တပေမသမားတွေက ဒီအပျက်သဘော
ဉာဉ်တွေကို တိုးတက်အောင် လုပ်နိုင်လား။ -
4:31 - 4:32လုပ်နိုင်ပါတယ်။
-
4:32 - 4:35အပြုအမူအပေါ် ရိုးသားတဲ့
ရောင်ပြန်ဟပ်မှု တိုးစေတဲ့အရာတိုင်းနဲ့ -
4:35 - 4:37အခြားသူတွေကို စောင့်ရှောက်ခြင်းဟာ
-
4:37 - 4:42ဥပမာ စိတ်ပညာကုထုံးနဲ့ သူတစ်ပါးကို စာနာတဲ့
အကျင့်ကျင့်တာကအထောက်အကူဖြစ်နိုင်တယ်။ -
4:42 - 4:44အခက်အခဲက အတ္တပေမ ပင်ကိုစရိုက် ရောဂါရှိတဲ့
-
4:44 - 4:47လူတွေအတွက် မိမိကိုယ်မိမိ ပိုကောင်းအောင်
-
4:47 - 4:49ဆက်လုပ်ဖို့ စိန်ခေါ်မှု ဖြစ်နိင်တာပါ။
-
4:49 - 4:54အတ္တပေမသမားအတွက် မိမိကိုယ်မိမိ ပုံရိပ်ထင်
မှုဟာ ကဲ့ရဲ့တဲ့ ရှုထောင့်ကနေဆို ခက်ခဲတယ်။
- Title:
- အတ္တပေမ ဝါဒ၏ စိတ်ပညာ။ W. Keith Campbell
- Speaker:
- W. Keith Campbell
- Description:
-
သင်ခန်းစာ အပြည့်အစုံကို http://ed.ted.com/lessons/the-psychology-of-narcissism-w-keith-campbell တွင် ကြည့်ရှုပါ။
အတ္တပေမ ဝါဒဟာ အကြံပေး ဆောင်းပါးကဏ္ဍမှာ မြင်ရတဲ့ ကိုယ်ရေးကိုယ်တာ အမျိုးအစားတစ်ခု မဟုတ်ပါ။ ဒါက တကယ်ကျတော့ စိတ်ပညာရှင်တွေ အမျိုးအစားခွဲပြီး လေ့လာတဲ့ လက္ခဏာတစ်ခုပါ။ ဒါပေမဲ့ ဘာက ဒါကို ဖြစ်စေတာလဲ။ အတ္တပေမသမားတွေဟာ သူတို့ရဲ့ အပျက်သဘော ဉာဉ်တွေအပေါ်မှာ တိုးတက်နိုင်လား။ W. Keith Campbell ကနေပြီး ဒီရည်မွန်ပေမဲ့ တစ်ခါတစ်ရံ အကျိုးပျက်စေတဲ့ အတ္တပေမဝါဒီတွေရဲ့ ကိုယ်အတွေးနဲ့ကိုယ် ထွေးပတ်နေမှုရဲ့ နောက်ကွယ်က စိတ်ပညာကို သရုပ်ဖော်ထားပါတယ်။
သင်ခန်းစာကို W. Keith Campbell က ပြုစုပြီး လှုပ်ရှားမှု ပုံရိပ်များကို TOGETHER က ဖန်တီးထားပါတယ်။
- Video Language:
- English
- Team:
closed TED
- Project:
- TED-Ed
- Duration:
- 05:10
![]() |
sann tint approved Burmese subtitles for The psychology of narcissism | |
![]() |
sann tint edited Burmese subtitles for The psychology of narcissism | |
![]() |
Myo Aung accepted Burmese subtitles for The psychology of narcissism | |
![]() |
Myo Aung edited Burmese subtitles for The psychology of narcissism | |
![]() |
sann tint edited Burmese subtitles for The psychology of narcissism | |
![]() |
sann tint edited Burmese subtitles for The psychology of narcissism | |
![]() |
sann tint edited Burmese subtitles for The psychology of narcissism | |
![]() |
sann tint edited Burmese subtitles for The psychology of narcissism |