ပထမဆုံး selfie မတိုင်မီ အတော်ကြာက
ရှေးဟောင်း ဂရိနဲ့ ရိုမန်တွေမှာ
သူ့ ပုံရိပ်ကို
နည်းနည်း အစွဲအလမ်းလွန်နေတဲ့
လူတစ်ယောက် အကြောင်း ဒဏ္ဍာရီတစ်ခုရှိတယ်
အပြောတစ်ခုမှာ
Narcissus က စုံမက်ဖို့ လူတစ်ယောက် ရှာရင်း
ကမ္ဘာထဲ လှည့်လည်နေတဲ့ ချောမောတဲ့ လူငယ်ပါ။
Echo ဆိုတဲ့ သစ်ပင်စောင့်
နတ်သမီးကို ငြင်းပြီးနောက်
မြစ်တစ်ခုထဲမှာ သူ့ပုံရိပ်ကို
ရိပ်ခနဲ မြင်ခဲ့မိသွားပြီး
ဒါကို ချစ်ကြိုက်သွားတယ်။
သူ့ကိုယ်သူ ရုန်းမထွက်နိုင်တော့
Narcissus ဟာ ရေနစ်သေသွားတယ်။
သူ သေခဲ့တဲ့နေရာမှာ ပန်းတစ်ပွင့်ကို အမှတ်
အသားပြုခဲ့တော့ Narcissus ပန်းလို့ခေါ်တယ်။
ဒီဒဏ္ဍာရီက အတ္တပေမ ဝါဒရဲ့ အခြေခံ
အယူအဆကို သရုပ်ဖော်တယ်။
ရည်မွန်ပေမဲ့ တစ်ခါတစ်ရံ အကျိုးပျက်စေတဲ့
ကိုယ်အတွေးနဲ့ကိုယ် ထွေးပတ်နေတယ်။
ဒါပေမဲ့ ဒါက အကြံပေး ကဏ္ဍမှာ မြင်ရတဲ့
ကိုယ်ရေးကိုယ်တာ အမျိုးအစားတစ်ခုပဲ မဟုတ်ပါ။
ဒါက တကယ်ကျတော့ စိတ်ပညာရှင်တွေ
အမျိုးအစားခွဲပြီး လေ့လာတဲ့ လက္ခဏာတစ်စုပါ။
အတ္တပေမ ဝါဒရဲ့ စိတ်ပညာ အနက်ဖွင့်ဆိုချက်က
ချဲ့ကား၊ ဟိတ်များတဲ့ အတ္တပုံရိပ်တစ်ခုပါ။
အဆင့်အမျိုးမျိုးလုိက်ကာ အတ္တပေမ ဝါဒီ
တွေက သူတို့ဟာ ပိုကြည့်ကောင်းတယ်၊
ပိုတော်တယ်ပြီး
သူများတွေထက် ပိုအရေးပါတယ်၊
အထူး အရေးယူမှု ခံထိုက်တယ်လို့ ထင်ကြတယ်။
စိတ်ပညာရှင်တွေက အတ္တပေမ ပုံစံနှစ်ခုကို
ပင်ကို လက္ခဏာတစ်ခုအဖြစ် အသိအမှတ်ပြုတယ်။
ဟိတ်ဟန်များတာနဲ့ အားနွဲ့တံ့ အတ္တပေမ ဝါဒပါ။
အတ္တပေမဆိုင်ရာ ပင်ကိုစရိုက် ရောဂါလည်း
ရှိပါတယ်။
ပိုအစွန်းရောက်တဲ့ ပုံစံတစ်ခုပါ။
ခဏနေရင် ပြန်ပြောပါ့မယ်။
ဟိတ်ဟန်များတဲ့ အတ္တပေမ ဝါဒဟာ
အကျွမ်းဝင်ဆုံး အမျိုးအစားပါ။
ဘွင်းဘွင်း သမားဖြစ်ခြင်း၊
လွှမ်းမိုးခြင်း
ဂရုစိုက်မှု ရှာခြင်းတွေနဲ့ ပြတယ်။
ဟိတ်ဟန်များတဲ့ အတ္တပေမ ဝါဒီတွေဟာ
ဂရုစိုက်မှုနဲ့ အဏာနောက်ကို လိုက်တယ်။
တစ်ခါတစ်ရဲ နိုင်ငံရေးသမားတွေ၊
အကျာ်အမော်တွေ (သို့)
ယဉ်ကျေးမှု ခေါင်းဆောင်တွေပါ။
အမှန်ကတော့ အာဏာ ရဲ့ ဒီရားထူးတွေကို
လိုက်သူတိုင်းတော့ အတ္တပေမဖြစ်တာမဟုတ်ဘူး။
အများက အပြုသဘော
အကြောင်းတွေအတွက်ပါ။
ဥပမာ စွမ်းရည် အပြည်ရောက်ခြင်း
(သို့) သူတစ်ပါး ဘဝတွေ ပိုကောင်းအောင်
ကူညီခြင်းပါ။
ဒါပေမဲ့ အတ္တပေမတစ်ဦးချင်းတွေဟာ
ဒါနဲ့လိုက်ဖက်တဲ့
အခြေအနေနဲ့ ဂရုစိုက်မှုအတွက်
အာဏာကို တောင်းခံကြတယ်။
တစ်ချိန်တည်း အားနွဲ့တဲ့ အတ္တပေမသမားတွေဟာ
တိတ်ဆိတ်ပြီး သီးခြားဖြစ်နေနိုင်တယ်။
ပြင်းထန်တဲ့ ခံစားပိုင်ခွင့် သဘောရှိပေမဲ့
အလွယ်တကူး ခြိမ်းခြောက်ခံရ (သို့)
အရှက်ခွဲခံရတယ်။
ဒီအဖြစ်နှစ်ခုစလုံးမှာ အတ္တပေမ ဝါဒရဲ့
အမှောင်ခြမ်းက တာရှည် ပေါ်လွင်တယ်။
အတ္တပေမ ဝါဒီတွေဟာ တစ်ကိုယ်ကောင်းဆန်စွာ'
လုပ်ဆောင်တတ်ကြတော့
အတ္တပေမ ခေါင်းဆောင်တွေဟာ စွန့်စား(သို့)
ကျင့်ဝတ်သွေဖည်တဲ့ဆုံးဖြတ်ချက်တွေ ချနိုင်ကာ
အတ္တပေမဆန်တဲ့ အဖော်တွေဟာ မရိုးသားတဲ့
သစ္စာမဲ့တဲ့သူတွေ ဖြစ်နိုင်လောက်တယ်။
ကိုယ်တိုင်ရဲ့ အားတက်ဖွယ်
အမြင်တွေကို စိန်ခေါ်ခံရရင်
သူတို့ဟာ မကျေမချမ်းဖြစ်ပြီး
ရန်လိုလာကြတယ်။
ဒါက ဝေဒနာခံစားရသူတွေ အတော်လေး
နေလို့ ကောင်းတဲ့ ရောဂါလိုဆိုပေမဲ့
သူတို့ဝန်းကျင်က လူတွေကတော့ ဒုက္ခခံရတယ်။
အစွန်းရောက်သွားတဲ့အခါ
ဒီအပြုအမူကို အတ္တပေမ ပင်ကိုစရိုက်
ရောဂါလို့ ခေါ်တဲ့
စိတ်aရာဂါ တစ်ခုဖြစ်
အမျိုးအစားသတ်မှတ်တယ်။
ဒီရောဂါက လူဦးရေရဲ့ တစ်ကနေ
နှစ်ရာခိုင်နှုန်းအထိ သက်ရောက်တယ်၊
အမျိုးသားတွေ ဖြစ်တာ ပိုများပါတယ်။
ဒါက လူကြီးတွေအတွက် သီသန့်ထားတဲ့
ရောဂါတွေ့ရှိုမှုတစ်ခုလည်းဖြစ်တယ်။
လူငယ်တွေ၊ အထူးသဖြင့် ကလေးတွေဟာ
အလွန် အတ္တဆန်နိုင်ပေမဲ့
ဒါက ဖွံ့ဖြိုးမှုရဲ့ သာမန် အစိတ်အပိုင်းပဲ
ဖြစ်နိုင်လောက်ပါတယ်။
အမေရိကန် စိတ်ရောဂါ အသင်းကြီးရဲ့
ပဉ္စမအကြိမ်ထုတ်
Diagnostic and Statistical Manual က
အတ္တပေမ ပင်ကိုစရိုက် ရောဂါနဲ့ ဆက်စပ်နေတဲ့
လက္ခဏာများစွာကို ဖော်ပြထားတယ်။
ဒါတွေမှာ ကိုယ့်ကိုယ်ကို
ဟိတ်ဟန်ကြီးတဲ့ အမြင်တစ်ခု
မျှဝေခံစားမှုနဲ့ ပြဿနာတွေ၊
ခံစားပိုင်ခွင့် သဘောနဲ့
လေးစားမှုနဲ့ ဂရုစိုက်မှု လိုအပ်ချက်
တစ်ခု ပါဝင်တယ်။
ဒီလက္ခဏာတွေကို စစ်မှန်တဲ့
ပင်ကိုယ်စရိုက် ရောဂါ ဖြစ်စေတာက
ဒါတွေက လူတွေရဲ့ ဘဝတွေကို လွှမ်းမိုးပြီး
သိသာထင်ရှားတဲ့ ပြဿနာတွေ ဖြစ်ပေါ်စေတာပါ။
အိမ်ထောင်ဘက်(သို့) ကလေးတွေကို
စောင့်ရှောက်ပေးတာအစား
ဂရုစိုက်မှုနဲ့ လေးစားမှုရဲ့ ရင်းမြစ်
တစ်ခုအဖြစ် သုံးတာ စိတ်ကူးကြည့်ပါ။
(သို့) သင့်စွမ်းဆောင်မှအကြောင်း
အပြုသော တုံ့ပြန်မှု ရယူတာကို
စိတ်ကူးကြည့်ပါ။
ဒီအစား သင့်ကို ကူညီဖို့ ကြိုးစားခဲ့
သူတိုင်းကို
သူတို့ဟာ မှားတယ်လို့
သင်ပြောခဲ့တာပါ။
ဒီတော့ ဘာက အတ္တပေမ ဝါဒ
ဖြစ်စေတာလဲ။
ပူးတွဲ လေ့လာမှုတွေက ပြတာက
ဘယ်ဗီဇတွေ ပါဝင်တယ်ဆိုတာ
မသိပေမဲ့ ပြင်းထန်တဲ့ ဗီဇဆိုင်ရာ
အစိတ်အပိုင်းတစ်ခုပါ။
ဒါပေမဲ့ ပတ်ဝန်းကျင်ကလည်း
အရေပါပါတယ်။
ကလေးကို ဖျာလိုလိပ်
ထိပ်ပေါ်တင်ကြတဲ့ မိဘတွေဟာ
ဟိတ်ဟန်ကြီးတဲ့ အတ္တပေမ ဝါဒကို
အားပေးနိုင်ပါတယ်။
အေးစက်ပြီး ထိန်းချုပ်တဲ့ မိဘတွေက
အားနွဲ့တဲ့ အတ္တပေမ ဝါဒကို ပံ့ပိုးပေးတယ်။
အတ္တပေမ ဝါဒဟလည်း ပင်ကိုလက္ခဏာနံ့
မိမိကိုယ်မိမိ ကြော်ငြာတာကို တန်ဖိုးထားတဲ့
ယဉ်ကျေးမှုတွေမှာ ပိုမြင့်မားပုံရပါတယ်။်
ဥပမာ အမေရိကန် ပြည်ထောင်စုမှာ
၆၀ နှစ်လွန်တွေရဲ့ ဘုံ အာရုံစိုက်ရာက မိမိ
ကိုယ်မိမိ တန်ဖိုးထားရေး လှုပ်ရှားမှုနဲ့
ရုပ်ဝါဒ တိုးမြင့်မှုကို လမ်းဖွင့်ပေးတဲ့အခါ
အတ္တပေမ ပင်ကို လက္ခဏာဟာ
၁၉၇၀ နှစ်တွေကတည်းက
မြင့်တက်လာနေခဲ့တယ်။
မကြာခင်က လူမှုမီဒီယာက ကိုယ်တိုင်ကြော်ငြာ
မှုအတွက် ဖြစ်နိုင်ခြေတွေကို တိုးစေခဲ့တယ်။
မှတ်သားထိုက်စရာ ဆိုပေမဲ့
လူမှုမီဒီယာက အတ္တပေမ ဝါဒကို ဖြစ်စေတယ်
ဆိုတဲ့ ရှင်းလင်းတဲ့အထောက်အထားမရှိဘူး။
ဒါထက် အတ္တပေမသမားတွေကို လူမှုဂုဏ်ဒြပ်နဲ့
အာရုံစိုက်မှုကို ရယူဖို့ နည်းလမ်ပေးတယ်။
ဒီတော့ အတ္တပေမသမားတွေက ဒီအပျက်သဘော
ဉာဉ်တွေကို တိုးတက်အောင် လုပ်နိုင်လား။
လုပ်နိုင်ပါတယ်။
အပြုအမူအပေါ် ရိုးသားတဲ့
ရောင်ပြန်ဟပ်မှု တိုးစေတဲ့အရာတိုင်းနဲ့
အခြားသူတွေကို စောင့်ရှောက်ခြင်းဟာ
ဥပမာ စိတ်ပညာကုထုံးနဲ့ သူတစ်ပါးကို စာနာတဲ့
အကျင့်ကျင့်တာကအထောက်အကူဖြစ်နိုင်တယ်။
အခက်အခဲက အတ္တပေမ ပင်ကိုစရိုက် ရောဂါရှိတဲ့
လူတွေအတွက် မိမိကိုယ်မိမိ ပိုကောင်းအောင်
ဆက်လုပ်ဖို့ စိန်ခေါ်မှု ဖြစ်နိင်တာပါ။
အတ္တပေမသမားအတွက် မိမိကိုယ်မိမိ ပုံရိပ်ထင်
မှုဟာ ကဲ့ရဲ့တဲ့ ရှုထောင့်ကနေဆို ခက်ခဲတယ်။