-
ဘိန်းဖြူစွဲလမ်းခြင်းကိုဖြစ်စေသောအရာတွေက
ဘာလဲ ?
-
ဒီမေးခွန်းက တကယ့်ကို ကြောင်တောင်တောင်မေးခွန်းမဟုတ်ဘူးလား ?
-
ကျွန်တော်တို့အားလုံးသိကြပါတယ်
-
ဘိန်းဖြူစွဲလမ်းခြင်းကိုဖြစ်စေတဲ့အရာက ဘိန်းဖြူ ပါ
-
ဘယ်လိုဖြစ်စေလဲဆိုတာက .....
-
သင်ဘိန်းဖြူကို ရက် ၂၀ သုံးခဲ့ရင် ၂၁ ရက်နေ့
မြောက် မသုံးဖြစ်ရင်
-
သင့်ခန္ဓာကိုယ်က ဘိန်းဖြူကိုအလွန်းအမင်း
တောင့်တစိတ်သုံးချင်စိတ် ဖြစ်မယ်
-
ဘာကြောင့်လဲဆိုတော့ ဘိန်းဖြူ မူးယစ်ဆေးထဲမှာ
"chemical" တွေပါနေလို့ ပါနေလို့ ပါ
-
အဲ့ဒါကို မူးယစ်ဆေးစွဲလမ်းခြင်း လို့ ခေါ်တယ်
ဟုတ်တယ်ဟုတ် ?
-
ဒါပေမဲ့ မူးယစ်ဆေးစွဲလမ်းခြင်းဟာ အဲ့ ဒီလောက်
မလွယ်ကူ မရိုးရှင်းပါဘူး
-
ကျွန်တော်တို့ သိထားခဲ့တဲ့ မူးယစ်ဆေးစွဲလမ်း
ခြင်းဆိုတာတွေဟာအကုန်အမှားတွေပါ
-
ဥပမာသင့်အဖွားတင်ပဆုံရိုးကျိုးပြီးဆေးရုံတင်ရတဲ့အခါ
-
အပတ်ပေါင်း ဒါမှမဟုတ် လပေါင်းများစွာ
"ဒိုင်ယာမော်ဖင်း" ဆေးနဲ့ နာကျင်မှု ကုသမှုခံယူခဲ့ရမယ်
-
"ဒိုင်ယာမော်ဖင်း" ဆိုတာ ဘိန်းဖြူပါပဲ
-
တကယ်တော့ မူးယစ်ဆေးသုံးသူတွေ လမ်းမှာဝယ်ယူရ
ရှိနေတဲ့ ဘိန်းဖြူထက်အဆပေါင်းများစွာပြင်းပါတယ်
-
ဘာကြောင့်လဲဆိုတော့မူးယစ်ဆေးရောင်းသူတွေဘိန်းဖြူ
ကိုရောနှောလေ့ရှိတဲ့အခြားမသန့်စင်တဲ့ပစ္စည်းတွေမပါလို့ပါ
-
သင့်ပတ်ဝန်းကျင်မှာဆေးရုံမှာ ဆေးကုသ
မှုခံယူနေရတဲ့လူတွေအားလုံး
-
ပထမတန်းစားဘိန်းဖြူကိုသုံးပြီးနာကျင်မှု
ဝေဒနာအပြင်းစားတွေကိုကုနေကြတယ်
-
အဲ့လိုဆိုရင် အဲ့ဒီလူနာတွေအားလုံး မူးယစ်ဆေး
စွဲသူတွေဖြစ်ကုန်ကြမှာပေါ့
-
ဒါပေမဲ့သေချာလေ့လာဆန်းစစ်မှုပြုထားတဲ့သုတေသန
တွေအရအဲ့ဒီလူတွေဟာဒီလိုကုသမှုကြောင့် မူးယစ်ဆေး
စွဲလမ်းမှုမဖြစ်ကြတာကိုတွေ့ရပါတယ်
-
သင့်အဖွားလဲသူ့ ရဲ့ တင်ပဆုံရိုးကျိုးကုသမှု
ကြောင့်ဘိန်းစားမဖြစ်ခဲ့ရဘူးမဟုတ်လား
-
အဲ့ဒါဘာကြောင့်များလဲ ?
-
လက်ရှိပညာရှင်များလက်ခံတဲ့မူးယစ်ဆေးစွဲလမ်းခြင်း
သီအိုရီတွေဟာ
-
၂၀ရာစုခေတ်ဦးပိုင်းမှာ ဆောင်ရွက်ခဲ့တဲ့လေ့လာ
စမ်းသပ်သုတေသနတွေပေါ်မူတည်ခဲ့ပါတယ်
-
အရမ်းကိုရိုးရှင်းတဲ့လေ့လာစမ်းသပ်မှုတွေပါ
-
ကြွက်အကောင်ကိုလှောင်အိမ်ထဲမှာရေဘူးနှစ်ဘူး
နဲ့ အတူထားတယ်
-
တစ်ဘူးကရိုးရိုးရေ တစ်ဘူးကဘိန်းဖြူ(သို့)
ကိုကင်း(COCAINE)ရောထားတဲ့ရေပါ
-
အဲ့ဒီလေ့လာစမ်းသပ်မှုလုပ်တိုင်းတွေ့ရတာက...
-
ကြွက်ကမူးယစ်ဆေးရောထားတဲ့ရေကိုပဲလိုချင်နေတယ်
-
အဲ့ဒါကိုပဲသောက်ပြီးရင်းသောက်ရင်း သေဆုံးသွားခဲ့ရတဲ့အထိပါပဲ
-
ဒါပေမဲ့ ၁၉၇၀ပြည့်နှစ်တွေမှာ စိတ်ပညာပါမောက္ခကြီး
Bruce Alexander က
-
ဒီလေ့လာစမ်းသပ်မှုနဲ့ပက်သက်လို့ထူးခြားမှုလေး
ကိုသတိပြုမိခဲ့တယ်
-
ကြွက်ကိုလှောင်အိမ်ထဲမှာတစ်ကောင်တည်းထားတယ်
-
မူးယစ်ဆေးသုံးရုံကလွဲလို့တခြားလုပ်စရာဘာမှ
လုပ်စရာမရှိဘူး
-
အကယ်ရ်ျများပုံစံတစ်မျိုးပြောင်းပြီးစမ်းသပ်ကြည့်
ရင်ရောဘာတွေဖြစ်နိုင်မလဲလို့သူစဉ်းစားခဲ့တယ်
-
ဒါကြောင့်ကြွက်တွေရဲ့နိဗ္ဗာန်ဘုံလိုမျိုး
ကြွက်ပန်းခြံကို သူတည်ဆောက်ခဲ့တယ်
-
ကြွယ်ဝပြည့်စုံတဲ့လှောင်အိမ်ကြီးထဲမှာကြွက်တွေ
ပျော်ရွှင်စွာဆော့ကစားလို့ရမဲ့ရောင်စုံဘောလုံးတွေ
ဥမင်လှိုဏ်ဂေါင်းတွေရှိမယ်
-
အတူတူဆော့ပေးမဲ့သူငယ်ချင်းတွေလည်းရှိမယ်
ကစားပြီးရင်အခြားပျော်စရာကိစတွေဖြစ်တဲ့ လိင်ဆက်ဆံ
ချစ်တင်းနှီးနှောမှုတွေလဲရှိမယ်
-
ကြွက်တိုင်းပြည်မှာလိုချင်တဲ့အရာမှန်သမျှရှိမယ်
-
ပြီးတော့ရိုးရိုးရေနဲ့ မူးယစ်ဆေးရောထားတဲ့ရေ
နှစ်ဘူးလဲရှိမယ်
-
ဒါပေမဲ့အရမ်းကိုစိတ်ဝင်စားစရာကောင်းတဲ့တွေ့ 
ရှိချက်ကတော့
-
ကြွက်ပန်းခြံထဲမှာကြွက်တွေဟာမူးယစ်ဆေးရော
ထားတဲ့ရေကိုမသုံးသလောက်ပဲ
-
လိုချင်တပ်မက်စွာအဲ့ဒီမူးယစ်ဆေးရောရေကို
ပဲသောက်သုံးနေသူမရှိသလို သုံးတဲ့ကြွက်တွေမှာ
လဲဆေးလွန်ခြင်းမရှိသလောက်ပဲဆိုတာတွေ့ရတယ်
-
တကယ်တော့လူသားတွေနဲ့လေ့လာစမ်းသပ်မှုတွေမှာ
လဲတူညီတဲ့တွေ့ရှိမှုတွေရှိခဲ့ပါတယ်
-
ဥပမာ...ဗီယက်နမ် စစ်ပွဲ
-
ဗီယက်နမ်မှာစစ်တိုက်နေတဲ့အမေရိကန်စစ်သား ၂၀%
ခန့်ကစစ်တိုက်ရင်းဘိန်းဖြူ
သုံးစွဲခဲ့ပါတယ်
-
ပြည်သူပြည်သားတွေကအရမ်းကိုစိုးရိမ်ထိတ်လန့်
ခဲ့ကြရပါတယ်
-
ဘာကြောင့်လဲဆိုတော့ထောင်သေားများစွာသော
မူးယစ်ဆေးစွဲနေသောစစ်ပြန်စစ်သားတွေ
-
စစ်ပြီးတဲ့အခါအမေရိကန်ပြည်ထောင်စု
ရဲ့ လမ်းတွေပေါ်မှာပြည့်နှက်နေခဲ့မယ်လို့ 
စိုးရိမ်မှားခဲ့ကြတယ်
-
ဒါပေမဲ့စစ်ပြန်စစ်သားတွေနဲ့မေးမြန်းလေ့လာမှု
သုတေသနတစ်ခု စိတ်ဝင်စားဖွယ်တွေရှိမှုကတော့
-
၎င်းစစ်ပြန်စစ်သားတွေဟာ ဆေးဖြတ်စခန်းတွေမ
သွားခဲ့ရဘူး မူးယစ်ဆေးဖြတ်လက္ခဏာတွေမရှိခဲ့ဘူး
-
၎င်းစစ်ပြန်တွေရဲ့  ၉၅%ဟာ အိမ်ပြန်ရောက်တာ
နဲ့ဆေးဆက်မသုံးကြတော့ဘူး
-
သင်အရင်ကယုံကြည်ခဲ့တဲ့မူးယစ်ဆေးစွဲလမ်းမှု
သီအိုရီအရတော့လုံးဝအဓိပ္ပါယ်မရှိဘူးမို့လား
-
ဒါပေမဲ့သင်ပါမောက္ခကြီး Alexander ရဲ့ သီအို
ရီကိုယုံကြည်ရင်တော့အရမ်းကိုအဓိပါယ်ရှိပါတယ်
-
ဘာကြောင့်လဲဆိုတော့တိုင်းတပါးခြားအလွန်ဆိုးရွား
တဲ့တောနက်ထဲမှာမနေချင်တဲ့နေရာမှာရောက်နေတဲ့
စစ်သားတွေဟာ
-
အချိန်မရွေးသေနိုင် အသတ်ခံရနိုင်တဲ့အခြေနေ
မှာ
-
ဘိန်းဖြူဟာစစ်သားတွေအတွက်အချိန်ဖြုန်းစရာ
ခါးသီးတဲ့လက်တွေ့ဘ၀ကိုမေ့စေတဲ့အဖော်ဖြစ်ခဲ့
ပါတယ်
-
ဒါပေမဲ့ချစ်ခင်တဲ့သူငယ်ချင်းတွေမိသားစုထေတွ
ရှိတဲ့ကောင်းတဲ့ကိုယ့်အိမ်ကိုယ့်ဒေသပြန်
ရောက်တဲ့အခါမှာတော့ဘိန်းဖြူမဟုတ်ဘဲအခြား
ရွေးချယ်စရာအဖော်တွေရှိခဲ့တယ်
-
ကြွက်တွေကိုပထမလှောင်အိမ်ထဲကနေ
-
လူသားဆန်တဲ့ ကြွက်လှောင်အိမ်ထဲထည့်လိုက်သလို
ပဲပေါ့
-
မူးယစ်ဆေးစွဲလမ်းမှုဖြစ်စေတာမူးယစ်ဆေးကြောင့်
မဟုတ်ပါသင်ရှိနေတဲ့ ပတ်ဝန်းကျင်လှောင်အိမ်
ကြောင့်ပါ
-
ယခုမူးယစ်ဆေးစွဲလမ်းမှုအကြောင်းအရာကို ပြောင်း
လဲလက်ခံဖို့လိုပါပြီ
-
လူ့သားတိုင်းဟာလူမှုအဖွဲ့အစည်းအတွင်းအချင်း
ချင်းထိတွေ့ဆက်ဆံဖို့လိုတာမွေးရာပါလိုအပ်ချက်ါပ
-
ကျွန်တော်တို့လူသားတွေပျော်ရွှင်မယ်ကျန်းမာ
မယ်ဆိုရင်ဘေးပတ်ဝန်းကျင်ကလူတွေနဲ့ပေါင်း
သင်းဆက်ဆံရင်းနှီးပါ
-
ဒါပေမဲ့အခုအဲ့လိုမဟုတ်ပါဘူး
-
ဘာကြောင့်လဲဆိုတော့ကျွန်တော်တိုဟာစိတ်ဒဏ်ရာ
တွေအထီးကျန်မှုတွေဘ၀ရဲ့ဒဏ်ရာဒဏ်ချက်တွေနဲ့
ပြည့်နေတယ်
-
ကျွန်တော်တို့ကိုတခဏစိတ်သက်သာရာရစေမဲ့အရာတွေ
နဲ့ပေါင်းသင်းဆက်ဆံနေရတယ်
-
ဥပမာ စမတ်ဖုန်းတွေပဲ ကြည့်နေတာမျိုး
-
လိင်ဆက်ဆံမှုအသားပေးဗီဒီယိုဝက်ဘ်ဆိုဒ်တွေဂိမ်း
ကစားနည်းတွေလူမှုကွန်ယက်တွေလောင်းက
စားတွေကိုကင်းသုံးခြင်း စသဖြင့်ပေါ့....
-
ကျွန်တော်တို့ဟာ လူ့သဘာဝပေါင်းသင်းဆက်ဆံနေရ
မည်ဖြစ်သည်
-
မမှန်ကန်တဲ့ပေါင်းသင်းဆက်ဆံမှုများမှ ရုန်း
ထွက်ရန်မှာ မှန်ကန်တဲ့ပေါင်းသင်းဆက်ဆံမှု
များတည်ဆောက်ရန်ဖြစ်သည်
-
တနည်းအားဖြင့်မိမိပတ်ဝန်းကျင်မှတခြားလူများ
နှင့်ရောထွေးနေထိုင်မှသာလျှင် မှန်ကန်သော
ပေါင်းသင်ဆက်ဆံမှုများဖြစ်ပေါ်လာနိုင်မည်
-
မူးယစ်ဆေးစွဲလန်းမှုသည် လူ့ အသိုင်းဝိုင်းအ
တွင်းစိမ်းကားသောလှုမှုဆက်ဆံရေးပြသနာ၏
လက္ခဏာတစ်ရပ်ပင်ဖြစ်သည်
-
၎င်းသည်ယနေ့လူမှုအသိုင်းအ၀န်းတွင်လည်းဖြစ်ပေါ်
နေသည်
-
ကျွန်တော်တို့အားလုံးလည်းခံစားနေရသည်
-
၁၉၅၀နှောင်းပိုင်းတွင် အမေရိကန်လူမျိုးများ
တွင်ရှိသည့်အရင်းနှီးဆုံးသူငယ်ချင်းအရေတွက်
မှာ
-
တဖြည်းဖြည်းကျဆင်းလာသည်ကိုတွေ့ရသည်
-
တချိန်တည်းမှာပဲလက်ရှိနေထိုင်သောအိပများပို
မိုကျယ်ဝန်းလာသည်
-
တနည်းအားဖြင့်သူငယ်ချင်းများနဲသထက်နဲလာပြီး
ပိုမိုအထီးကျန်လာကြသည်
-
လူမှုအသိုင်းဝန်းသူငယ်ချင်းများထက်အခြားအရာ
များကိုပိုမိုဦးစားပေးလာကြသည်
-
ရာစုနှစ်တစ်စုကျော်ကြားဆင်နွှဲနေသော မူးယစ်
ဆေးထုတ်လုပ်မှုနှင့်သုံးစွဲမှုလျှော့ချရေးစီမံ
ချက်စစ်ဆင်ရေးများကလည်း
-
မူးယစ်ဆေးစွဲလမ်းမှုပြသနာကိုပိုမိုဆိုးရွားစေ
ပါသည်
-
၎င်းစစ်ဆင်ရေးများသည် မူးယစ်ဆေးစွဲသူများကို လူမှု
အသိုင်းဝန်းသို့ပြန်လည်ဝင်ရောက်စေရမည့်အစား
-
လှုမှုအသိုင်းဝန်းပြင်ပသို့ပိုမိုရောက်ရှိသွား
စေသည်
-
၎င်းတို့အလုပ်အကိုင်အတည်တကျရှိပြီး၎င်းတို့
ဘ၀တည်ငြိမ်သွားရန်ခက်ခဲသွားစေသည်
-
၎င်းတို့မူးယစ်ဆေးသုံးမိပါကလိုအပ်သောအထောက်
အပံ့များ
-
အစားလျှောင်အိမ်နှင့်တူသည့်ထောင်
သွင်းအကျဉ်းချကြသည်
-
မူးယစ်ဆေးစွဲလူနာများကို
-
ပိုမိုဆိုးရွားသောခံစားမှုဖြစ်စေပြီးတသက်
လုံးနာလန်မထူဘဲမုန်းတီးလာအောင်ပြုလုပ်ကြသည်
-
ဆေးစွဲသူတစ်ဦးချင်းပြန်လည်ထူထောင်ရေးကိုပဲ
ကျွန်တော်တို့အာရုံစိုက်ခဲ့ကြသည်
-
ယခုလူမှုရေးရာအုပ်စုလိုက်ပြန်လည်ထူထောင်ရေး
ကိုဆွေးနွေးသင့်ပါပြီ
-
အဘယ်ကြောင့်ဆိုသော် မူးယစ်ဆေးစွဲလမ်းမှု
ကြောင့်တစ်ဦးတစ်ယောက်ထိခိုက်မှုမဟုတ်ဘဲလူမှုအ
ဖွဲ့စည်းတခုလုံးထိခိုက်ခြင်းဖြစ်သည်
-
ကြွက်ပန်းခြံကဲ့သို့သောသာယာဝပြောသောလူမှုအဖွဲ
စည်းတခုတည်ဆောက်ရန်လိုအပ်နေပြီ
-
သီးသန့်လှောင်အိမ်များကို လျော့ချရန်လိုအပ်
နေပြီ
-
သဘာဝလွန်ဆန်သောနေထိုင်မှုပုံစံအစား
-
တစ်ဦးနှင့်တစ်ဦးတန်ဖိုးထား၊အလေးထားသောနေ
ထိုင်မှုပုံစံပြောင်းရန်လိုအပ်နေပါပြီ
-
မူးယစ်ဆေးစွဲလမ်းခြင်းကိုလူသားဆန်သောလူမှုအ
သိုင်းဝိုင်းဆက်သွယ်ခြင်းပုံစံဖြင့်သာရှောင်
ရှားနိုင်မည်ဖြစ်သည်
-
ဒီဗီဒီယိုကို ဂျိုဟန်း ဟရီ နှင့် ပူးပေါင်း
တင်ဆက်သည်
-
စာရေးဆရာ
-
အော်သံနောက်သို့ လိုက်ခြင်း : မူးယစ်ဆေး၏ ပထ
မဆုံးနှင့် နောက်ဆုံးစစ်ပွဲများ
-
ဒီဗီဒီယိုဖြစ်လာဖို့ရန်သူအများကြီးကျွန်တော်
တို့နှင့်အတူကြိုးပမ်းခဲ့ပါတယ်
-
စာအုပ်ကိုဖတ်ကြည့်ရန်အကြံဥာဏ်ပေးလိုပါတယ်
-
Patreon.com ကိုထောက်ပံ့တဲ့အတွက် ကျေးဇူးတင်
ပါတယ်
-
အကယ်ရ်ျ ကျွန်တော်တို့ကို ကူညီပေးပါက
အသင့်ရဲ့ကူညီမှုကို အသိမှတ်ပြုပါတယ်
-
ကျွန်တော်တို့ဒီဗီဒီယိုလေးကို သူငယ်ချင်းများ
နှင့်အတူတကွဖန်တီးခဲ့တာပါ
-
ဖော်ပြပါ link တွင့်ကြည့်ရှူ့ နိုင်ပါတယ်
-
ဘာသာပြန်ဆိုသူ - သဉ္ဇာထွန်း ၊
National Program Manager
AHRN-Myanmar