Return to Video

တရုတ်ပြည်ရဲ့ ကလေးတစ်ယောက် မူဝါဒအောက်မှာ ကြီးပြင်းခဲ့ရတာ ဘယ်လိုပါလိမ့်

  • 0:01 - 0:03
    ကျွန်မရဲ့အမည်က Nanfu ပါ။
  • 0:03 - 0:06
    တရုတ်လိုတော့ "nan" ဆိုတာက "ယောက်ျား"
  • 0:07 - 0:09
    "fu" ဆိုတာက "တိုင်မ"ပါ။
  • 0:10 - 0:12
    ကျွန်မမိသားစုက မိသားစု
    အတွက် တိုင်မ ဖြစ်ဖို့
  • 0:12 - 0:15
    ယောက်ျားလေးတစ်ယောက်ကို
    မျှော်လင့်ခဲ့တာပေါ့လေ။
  • 0:16 - 0:18
    ကျွန်မက မိန်းကလေးတစ်ယောက်
    ဖြစ်သွားတဲ့အခါမှာတော့
  • 0:18 - 0:20
    ဘာဖြစ်ဖြစ် Nanfu လို့ပဲ အမည်ပေးခဲ့တယ်။
  • 0:20 - 0:21
    (ရယ်သံများ)
  • 0:21 - 0:24
    ကျွန်မကို ၁၉၈၅ ခုမှာ မွေးခဲ့တာပါ၊
  • 0:24 - 0:27
    တရုတ်ပြည်က ကလေးတစ်ယောက် မူဝါဒ
    မကြေညာခင် ခြောက်နှစ်အလိုမှာပါ။
  • 0:29 - 0:31
    ကျွန်မ မွေးပြီးနောက်မှာပဲ
  • 0:31 - 0:35
    ဒေသ အာဏာပိုင်တွေ လာပြီး ကျွန်မ
    အမေကို သားကြောဖြတ်ဖို့ အမိန့်ပေးခဲ့တယ်။
  • 0:37 - 0:39
    အဖိုးက အာဏာပိုင်တွေကို ရင်ဆိုင်ရဲတယ်၊
  • 0:39 - 0:43
    အကြောင်းက မိသားစုအမည် ဆက်ယူဖို့
    မြေးယောက်ျားလေးတစ်ယောက် လိုချင်ခဲ့တာလေ။
  • 0:44 - 0:48
    နောက်ဆုံးမှာ ကျွန်မရဲ့မိဘတွေဟာ
    ဒုတိယကလေးမွေးခွင့်ရခဲ့ပေမဲ့
  • 0:48 - 0:50
    ငါးနှစ် စောင့်ခဲ့ရပြီး
  • 0:50 - 0:52
    ဒဏ်ငွေ အများကြီး ဆောင်ခဲ့ရတယ်။
  • 0:54 - 0:57
    ကြီးပြင်းလာကြတော့ ကျွန်မရဲ့မောင်လေးနဲ့
    ကျွန်မတို့ဟာ
  • 0:57 - 1:00
    ကလေးတစ်ယောက် မိသားစုမှ
    ကလေးတွေနဲ ပတ်လည်ဝိုင်းနေတယ်။
  • 1:01 - 1:04
    ကျွန်မမှာ မောင်ငယ်လေးတစ်ယောက်ရှိလို့
  • 1:04 - 1:06
    ရှက်စိတ်ဖြစ်ခဲ့တာကို အမှတ်ရမိတယ်၊
  • 1:07 - 1:11
    ကလေးနှစ်ယောက် မွေးတဲ့အတွက် ကျွန်မတို့
    မိသားစုဟာ တစ်ခုခုမှားလုပ်သလို ခံစားရတယ်။
  • 1:12 - 1:14
    အဲဒီအချိန်မှာ ရှက်စိတ်နဲ့
  • 1:14 - 1:17
    လိပ်ပြာမလုံစိတ်က
    ဘယ်ကလာတယ်ဆိုတာ မမေးခဲ့မိဘူး။
  • 1:19 - 1:22
    လွန်ခဲ့တဲ့ တစ်နှစ်ခွဲက
    ကျွန်မရဲ့ ပထမဆုံးကလေး မွေးခဲ့တယ်။
  • 1:23 - 1:26
    ဒါက ကျွန်မရဲ့ဘဝမှာ ကြုံခဲ့ဖူး
    သမျှထဲမှာ အကောင်းဆုံးအရာပါ။
  • 1:27 - 1:28
    မိခင်တစ်ဦးဖြစ်လာခြင်းက
  • 1:28 - 1:32
    ကျွန်မရဲ့ကလေးဘဝအပေါ် လုံးဝဥဿုံ
    ရှုထောင့် သစ်တစ်ခု ပေးခဲ့ပြီး
  • 1:32 - 1:36
    တရုတ်ပြည်က ငယ်စဉ်ဘဝရဲ့
    အမှတ်တရတွေကို ပြန်ယူဆောင်ပေးခဲ့တယ်။
  • 1:37 - 1:40
    လွန်ခဲ့တဲ့ ဆယ်စုနှစ်သုံးခုလုံးလုံး
  • 1:40 - 1:44
    ကျွန်မရဲ့ မိသားစုဝင်တိုင်းဟာ အစိုးရဆီကနေ
    ကလေးမွေးဖို့ ခွင့်ပြုချက်
  • 1:44 - 1:46
    လျှောက်ဖို့လိုခဲ့တယ်။
  • 1:46 - 1:48
    ကလေးတစ်ယောက် မူဝါဒအောက်မှာ
  • 1:48 - 1:52
    နေထိုင်သူတွေအတွက် ဘယ်လိုများ
    ဖြစ်ခဲ့ပါလိမ့််လို့ ကျွန်မတွေးမိတယ်။
  • 1:52 - 1:55
    ဒါနဲ့ပဲ ဒီအကြောင်းမှတ်တမ်းတစ်ခု
    ဖန်တီးဖို့ ဆုံးဖြတ်လိုက်တယ်။
  • 1:57 - 1:59
    ကျွန်မ တွေ့ဆုံမေးမြန်းခဲ့တဲ့လူတွေထဲက
  • 1:59 - 2:04
    တစ်ဦးက ကျွန်မအပါအဝင်
    ရွာထဲက ကလေးအားလုံးကိုမွေးပေးခဲ့တဲ့
  • 2:04 - 2:05
    ဝမ်းဆွဲဆရာမ တစ်ယောက်ပါ။
  • 2:06 - 2:10
    သူ့ကို ကျွန်မ တွေ့ဆုံမေးမြန်းစဉ်က
    သူ့အသက်က ၈၄ နှစ်ပါ။
  • 2:10 - 2:12
    ကျွန်မ သူ့ကိုမေးခဲ့တာက
  • 2:12 - 2:16
    "အဖွားရဲ့ သက်တမ်းတစ်လျှောက်မှာ ကလေး
    ဘယ်နှစ်ယောက် မွေးဖွားပေးခဲ့တာ မှတ်မိလား။"
  • 2:16 - 2:19
    မွေးဖွားပေးခဲ့တဲ့ ကိန်းဂဏန်း
    သူမှာ မရှိပါဘူး။
  • 2:20 - 2:23
    အတင်းအဓမ္မ ကိုယ်ဝန်ဖျက်ချတာတွေနဲ့
  • 2:23 - 2:27
    သားကြောဖြတ်တာ ၆၀၀၀၀
    လုပ်ခဲ့တယ်လို့ သူပြောခဲ့တယ်။
  • 2:29 - 2:31
    တစ်ခါတစ်ရံ သူပြောတာက
  • 2:31 - 2:34
    သန္ဓေရင့်တဲ့ကလေးဟာ
    ကိုယ်ဝန်ဖျက်ချမှုမှာ ရှင်ကျန်မှာဖြစ်ပြီး
  • 2:34 - 2:37
    ဒီကလေးကို မွေးပြီးနဲ့ သတ်ပစ်လေ့ရှိတယ်တဲ့။
  • 2:37 - 2:41
    ဒီအလုပ်လုပ်တုန်းမှာ သူ့လက်တွေ
    ဘယ်လောက်တုန်ခဲ့တာကို
  • 2:41 - 2:43
    သူအမှတ်ရခဲ့တယ်။
  • 2:44 - 2:45
    သူ့ဇာတ်လမ်းက လန့်စေတယ်။
  • 2:46 - 2:48
    ကျွန်မ ဒီရုပ်ရှင်ကိုရိုက်ဖို့ စတုန်းက
  • 2:48 - 2:53
    ပြစ်မှုကျူးလွန်သူတွေနဲ့ သားကောင်တွေရဲ့ဇာတ်
    လမ်ရိုးရိုးတစ်ပုဒ်လို့ မျှော်လင့်ခဲ့တယ်။
  • 2:53 - 2:55
    ဒီမူဝါဒကို ဖော်ဆောင်တဲ့လူတွေနဲ့
  • 2:55 - 2:57
    ဒီအကျိုးဆက်တွေနဲ့ နေထိုင်သူတွေပါ။
  • 2:58 - 3:00
    ဒါပေမဲ့ ကျွန်မမြင်ခဲ့တာက ဒါမဟုတ်ဘူး။
  • 3:00 - 3:03
    ဝမ်းဆွဲဆရာမနဲ့ ကျွန်မရဲ့တွေ့ဆုံခန်း
    အပြီးသတ်နေစဉ်မှာ
  • 3:03 - 3:06
    အသေးစိတ် လက်ဝင်စွာစီစဉ်ထားတဲ့
    လက်ဖြစ် အလံတွေနဲ့
  • 3:06 - 3:10
    အလှဆင်ထားတဲ့ သူ့အိမ်က နေရာတစ်ခုကို
    ကျွန်မ သတိထားမိခဲ့တယ်။
  • 3:10 - 3:13
    အလံတစ်ခုစီရဲ့အပေါ်မှာ
    ကလေးငယ်ရဲ့ ပုံတစ်ပုံရှိတယ်။
  • 3:14 - 3:17
    ဒါတွေက သားမဖွားနိုင်မှု ပြဿနာတွေကို
    သူကူညီ ကုသပေးခဲ့တဲ့
  • 3:17 - 3:21
    မိသားစုတွေကနေ ပို့ပေးခဲ့တဲ့
    အလံတွေပါ။
  • 3:22 - 3:24
    ကိုယ်ဝန်ဖျက်ချတာတွေနဲ့ သာကြောဖြတ်တာတွေ
  • 3:24 - 3:27
    လုပ်ရတာ များလွန်းလှပြီဖြစ်တာကြောင့်
  • 3:27 - 3:32
    အခုတော့ မိသားစုတွေကို ကလေးရဖို့ ကူညီပေးတဲ့
    အလုပ်ပဲ လုပ်တော့တယ်လို့ သူရှင်းပြခဲ့တယ်။
  • 3:33 - 3:35
    ကလေးတစ်ယောက် မူဝါဒကို
  • 3:35 - 3:38
    လိုက်နာဆောင်ရွက်ခဲ့တဲ့အတွက်
    အပြစ်တွေနဲ့ပြည့်နေခဲ့ပြီး
  • 3:38 - 3:41
    မိသားစုတွေကို ကလေးမွေးဖို့
    ကူညီခြင်းအားဖြင့် သူအတိတ်က
  • 3:41 - 3:44
    လုပ်ခဲ့တာကို ချေဖျက်နိုင်မယ် မျှော်လင့်
    တယ်လို့ သူပြောခဲ့တယ်။
  • 3:45 - 3:50
    ကျွန်မအတွက် ရှင်းလာတာက သူဟာလည်း
    ဒီမူဝါဒရဲ့သားကောင်တစ်ဦးဖြစ်ခဲ့တာပါ။
  • 3:51 - 3:54
    သူ လုပ်ခဲ့တာက မှန်ကန်ပြီး
  • 3:54 - 3:57
    တရုတ်ပြည်ှရှင်ကျန်မှုအတွက် လိုအပ်တယ်
    လို့ အသံတိုင်းက သူ့ကိုပြောနေခဲ့တယ်။
  • 3:58 - 4:01
    သူ့တိုင်းပြည်အတွက် သူမှန်တယ်ထင်ခဲ့တာကို
    သူလုပ်ခဲ့တာပါ။
  • 4:02 - 4:05
    ဒီသတင်းစကားက ဘယ်လောက်အားကောင်း
    တာကို ကျွန်မ သိတယ်။
  • 4:05 - 4:08
    ကြီးပြင်းလာစဉ် ကျွန်မကိုယ်တိုင်ရဲ့
    ပတ်လည် နေရာတိုင်းမှာရှိတယ်။
  • 4:08 - 4:11
    မီးခြစ်ဆံဘူးတွေ၊ ဖဲချပ်တွေ၊
  • 4:11 - 4:13
    ကျောင်းသုံးစာအုပ်တွေနဲ့
  • 4:13 - 4:15
    နံရံကပ်ကြော်ငြာတွေမှာ
    ရိုက်နှိပ်ထားတယ်။
  • 4:15 - 4:17
    ကလေးတစ်ယောက်မူဝါဒကို ချီးမွှမ်းတဲ့
  • 4:17 - 4:19
    ဝါဒဖြန့်မှုက ပတ်လည်နေရာတိုင်းမှာပါ။
  • 4:19 - 4:22
    [ သားကြောဖြတ်ဖို့ ငြင်းဆိုသူတိုင်း
    ဖမ်းချုပ်ခံရမည်။]
  • 4:22 - 4:24
    မလိုက်နာတာအတွက်
    ခြိမ်းခြောက်မှုတွေရှိခဲ့တယ်။
  • 4:24 - 4:26
    ကျွန်မတို့စိတ်တွေထဲ စိမ့်ဝင်နေခဲ့တဲ့
    ဒီသတင်းစကားဟာ
  • 4:26 - 4:30
    မောင်ငယ်လေးတစ်ယောက်ရှိတာကို
    အနေရခက်ကာ ကြီးပြင်းလာတဲ့အထိ
  • 4:30 - 4:31
    များလွန်းခဲ့ပါတယ်။
  • 4:34 - 4:36
    ကျွန်မ ရုပ်ရှင်ရိုက်ခဲ့တဲ့
    လူတစ်ယောက်စီနဲ့အတူ
  • 4:38 - 4:44
    သူတို့ရဲ့စိတ်တွေ၊ နှလုံးသားတွေကို
    ဒီဝါဒဖြန့်မှုကလွှမ်းမိုးနေနိုင်ပုံနဲ့
  • 4:44 - 4:48
    ပိုကြီးမြတ်တဲ့ ကောင်းမွန်မှုအတွက် စတေးဖို့
    သူတို့ရဲ့စိတ်ဆန္ဒဟာ အလွန် မှောင်မိုက်ပြီး
  • 4:48 - 4:52
    ဝမ်းနည်းဖွယ်တစ်ခုဆီ မလှိမ့်တစ်ပတ်
    အလုပ်ခံရနိုင်ပုံကိုကျွန်မ မြင်ခဲ့တယ်။
  • 4:52 - 4:56
    ဒါဖြစ်ပျက်တာက တရုတ်ပြည်
    တစ်ပြည်တည်းမဟုတ်ပါဘူး။
  • 4:56 - 5:02
    ကမ္ဘာမှာ ဝါဒဖြန့်မှုမရှိတဲ့
    တိုင်းပြည်မရှိပါဘူး။
  • 5:02 - 5:07
    တရုတ်ပြည်ထက် ပိုပွင့်လင်း၊ လွတ်လပ်တယ်လို့
    ထင်ရဟန်ရှိတဲ့ လူမှုအဖွဲ့အစည်းတွေမှာ
  • 5:07 - 5:11
    ဝါဒဖြန့်မှုက ဘယ်ပုံပေါက်တယ်ဆိုတာ
    သိရှိဖို့ ပိုတောင် ခက်ခဲနိုင်ပါတယ်။
  • 5:12 - 5:15
    ဒါက သတင်း ရေးသားမှုတွေ 
တီဗီ ကြောငြာတွေ၊
  • 5:15 - 5:19
    နိုင်ငရေး မဲဆွယ်ပွဲတွေနဲ
    လူမှုရေး မီဒီယာမှာ တက်လာတာတွေအဖြစ်
  • 5:19 - 5:21
    ပြောင်ကျကျ ပုန်းကွယ်နေပါတယ်။
  • 5:22 - 5:26
    ဒါက အသိသုတမပါတဲ့ ကျွန်မတို့ရဲ့
    စိတ်တွေကို ပြောင်းလဲဖို့ အလုပ်ဖြစ်ပါတယ်။
  • 5:28 - 5:33
    လူ့အဖွဲ့အစည်းတိုင်းဟာ ဝါဒဖြန်မှုကို အမှန်
    တရားအဖြစ် လက်ခံဖို့ ပျော့ကွက်ရှိတယ်၊
  • 5:33 - 5:36
    အမှန်တရားကို ဝါဒဖြန့်မှုနဲ့ အစားထိုးတဲ့
    ဘယ်လူ့အဖွဲ့အစည်းကမှ
  • 5:36 - 5:38
    စစ်မှန်တဲ့ လွတ်လပ်မှု မရှိနိုင်ပါ။
  • 5:38 - 5:40
    ကျေးဇူးတင်ပါတယ်။
  • 5:40 - 5:44
    (လက်ခုပ်သံများ)
Title:
တရုတ်ပြည်ရဲ့ ကလေးတစ်ယောက် မူဝါဒအောက်မှာ ကြီးပြင်းခဲ့ရတာ ဘယ်လိုပါလိမ့်
Speaker:
Nanfu Wang
Description:

တရုတ်ပြည်ရဲ့ ကလေးတစ်ယောက် မူဝါဒကို ၂၀၁၅ မှာ အဆုံးသတ်ခဲ့ပေမဲ့ ဒီအစီအစဉ်အောက်မှာ ရှင်သန်နေထိုင်ခဲ့ရတာ ဘယ်လိုပါလိမ့်ဆိုတာကို ကျွန်မတို့ စတင်နားလည်ခါစသာရှိပါသေးတယ်လို့ TED ဝိုင်းတော်သားနဲ့ မှတ်တမ်းတင် ရုပ်ရှင်ရိုက်ကူးသူ Nanfu Wang ကဆိုပါတယ်။ သူ့ရဲ့ရုပ်ရှင် "One Child Nation" က ရိုက်ကွက်နဲ့အတူ ဒီမူဝါဒရဲ့ ရှုပ်ထွေးလှတဲ့ အကျိုးဆက်တွေကို လှစ်ဟပြတဲ့ မဖွင့်ဟရသေးတဲ့ ဇာတ်လမ်းတွေကို မျှဝေကာ ဝါဒဖြန့်မှုရဲ့ တစ်စတစ်စဆိုးလာတဲ့ အစွမ်းကို ဖော်ထုတ်ထားပါတယ်။

more » « less
Video Language:
English
Team:
closed TED
Project:
TEDTalks
Duration:
05:56

Burmese subtitles

Revisions