< Return to Video

ပန်းချီကားရဲ့ အတွင်းဘက်က ဇာတ်လမ်းကို ရှာဖွေခြင်း။

  • 0:01 - 0:05
    ကျွန်မခံစားရတဲ့ ဝေဒနာတစ်ခု
    အကြောင်း ပြောပြမလို့ပါ။
  • 0:05 - 0:07
    အဲဒါကြောင့် ရှင်တို့ထဲက တစ်ချို့လည်း
    ခံစားကြရတယ်လို့
  • 0:07 - 0:09
    ရယ်စရာ ခံစားချက် ကျွန်မမှာ ရှိပါတယ်။
  • 0:09 - 0:11
    အခန်းတိုင်း ပန်းချီကားတွေနဲ့ ပြည့်နေတဲ့
  • 0:11 - 0:13
    ပန်းချီပြခန်းတစ်ခု အနား လျှောက်နေတုန်း
  • 0:13 - 0:18
    ၁၅ မိနစ် မိနစ် ၂၀ လောက်ကြာတော့
    ကိုယ် တွေးနေတာက
  • 0:18 - 0:20
    ပန်းချီကားအကြောင်း
    မဟုတ်တာ သိလိုက်တယ်။
  • 0:20 - 0:21
    ကျွန်မ ဒါတွေကို မဆက်သွယ်ပါဘူး။
  • 0:21 - 0:24
    ဒီအစား ကျွန်မကို အသည်းအသန် နိုးဖို့ လိုတဲ့
  • 0:24 - 0:27
    ကော်ဖီခွက်အကြောင်းကို တွေးနေတာလေ။
  • 0:27 - 0:30
    ပန်းချီပြခန်း ဒဏ်ခံစားနေရပါတယ်။
  • 0:30 - 0:32
    ရှင်တို့ ဘယ်နှစ်ယောက် အဲဒီလို ခံစားရ...
  • 0:32 - 0:34
    ဟုတ် ဟား ဟား ဟား။
  • 0:34 - 0:36
    ကဲ တစ်ခါတစ်လေ မိနစ် ၂၀ ထက် ပိုကြာနိုင်တယ်
  • 0:36 - 0:39
    ဒါမှမဟုတ် ပို တိုနိုင်တာပေါ့
  • 0:39 - 0:41
    ဒါပေမဲ့ အားလုံး ခံစားရတယ်ထင်တယ်။
  • 0:41 - 0:43
    စိတ်ထဲ လိပ်ပြာမလုံတာမျိုးရော ဖြစ်လား။
  • 0:43 - 0:46
    ကျွန်မအတွက်တော့ နံရံပေါ်က
    ပန်းချီကားတွေကို ကြည့်ပြီး ဒါတွေဟာ
  • 0:46 - 0:49
    နံရံမှာ ထားရလောက်အောင် ကောင်းတယ်လို့
    တစ်ယောက်ယောင်က ထင်မိလို့
  • 0:49 - 0:51
    ထားဖို့ ဆုံးဖြတ်လိုက်တာလို့ ထင်တယ်။
  • 0:51 - 0:53
    ဒါပေမဲ့ အမြဲတမ်းတော့ မထင်ဘူး
  • 0:53 - 0:55
    တကယ်က အချိန်အများစုမှာ မထင်မိဘူး။
  • 0:55 - 0:59
    တကယ့်ကို စိတ်ညစ်မိတဲ့ ခံစားချက်ကျန်ရစ်တယ်။
  • 0:59 - 1:03
    ပန်းချီကားဟာ တစ်ခုခု မှားနေတယ်လို့
    တွေးမိတာထက် ကိုယ့်ကိုယ်ကို
  • 1:03 - 1:05
    မလုံမလဲနဲ့ စိတ်ညစ်သလို ခံစားရတယ်။
  • 1:05 - 1:06
    ကိုယ် တစ်ခုခုမှားတာပဲ ထင်တယ်။
  • 1:06 - 1:09
    အဲဒီလိုခံစားချက်မျိုးနဲ့ ပြခန်းထဲမှ
    ထွက်လာတာ မကောင်းဘူးလေ။
  • 1:09 - 1:10
    (ရယ်သံများ)
  • 1:10 - 1:13
    ကိစ္စက ကိုယ့်ကိုယ်ကို အနားပေးသင့်
    တယ်လို့ ထင်တယ်။
  • 1:13 - 1:15
    စားသောက်ဆိုင်ထဲကို ဝင်မယ်လို့စဉ်းစားရင်
  • 1:15 - 1:19
    ဟင်းလျာစာရင်းကို ကြည့်တော့
    စာရင်းမှာပါတာတိုင်းကို
  • 1:19 - 1:21
    မှာဖို့ မျှော်လင့်ထားသလား။
  • 1:21 - 1:23
    မဟုတ်ဘူး။ ရွေးမှာတာပါ။
  • 1:23 - 1:26
    ရှပ်အင်္ကျီတစ်ထည်ဝယ်ဖို့
    ကုန်တိုက်ကိုဝင်ရင်
  • 1:26 - 1:29
    ရှပ် အင်္ကျီတိုင်းကို စမ်းဝတ်မှာလား။
  • 1:29 - 1:30
    အထည်တိုင်းကို လိုချင်လား။
  • 1:30 - 1:34
    မဟုတ်ဘူး၊ ကိုယ်က ရွေးနိုင်ရပါမယ်။
    ဒါ မျှော်လင့်ထားတာလေ။
  • 1:34 - 1:37
    ဒါဆို ပန်းချီပြခန်းသွာတော့ ရွေးချယ်စရာ
  • 1:37 - 1:40
    မရှိနိုင်ဘူးလို့ ဘယ်လိုလုပ် ယူဆကြတာတုန်း။
  • 1:40 - 1:43
    ဘာကြောင့် ပန်းချီကားတိုင်းနဲ့
    ဆက်စပ်မှု ရှိသင့်ရတာလဲ။
  • 1:43 - 1:46
    မတူတဲ့ နည်းလမ်းနဲ့ ချဉ်းကပ်ဖို့
    ကျွန်မ ကြိုးစားနေပါတယ်။
  • 1:46 - 1:47
    လုပ်စရာ နှစ်ခုရှိပါတယ်၊
  • 1:47 - 1:52
    ပြခန်းတစ်ခုကို သွားရင် ပထမဆုံးက
    မြန်မြန်လေး သွားလိုက်တယ်။
  • 1:52 - 1:56
    အကုန်လုံးကိုကြည့်ပြီး
    တစ်နည်းနည်းဖြင့် ကိုယ့်ကို
  • 1:56 - 1:59
    နှေးလာစေတဲ့ဟာတွေကို
    စေ့စေ့စပ်စပ် ဖေါ်ထုတ်လိုက်တယ်။
  • 1:59 - 2:02
    ဘာဖြစ်လို့ ကိုယ့်ကို နှေးသွားစေတာလဲ
    ဆိုတာတောင်မသိပေမဲ့
  • 2:02 - 2:04
    တစ်ခုခုက ကျွန်မကို သံလိုက်လို ဆွဲထားပါတယ်။
  • 2:04 - 2:07
    နောက်ပြီး ကျန်တာတွေကို လျစ်လျှူရှုကာ
    ဒီကားဆီပဲသွားတယ်။
  • 2:07 - 2:10
    ဒီတော့ ပထမဆုံး လုပ်တာက
    ကိုယ်ပိုင်ရွေးချယ်ခြင်းပါ။
  • 2:10 - 2:13
    ပန်းချီကား တစ်ချပ်ကိုရွေးတယ်။
    ၅၀ ထဲက တစ်ကား ဖြစ်ချင်ဖြစ်မယ်။
  • 2:13 - 2:17
    နောက် ဒုတိယလုပ်တာက ပန်းချီးကားရှေ့မှာ
    ရပ်လိုက်ပြီး
  • 2:17 - 2:20
    ဒီအကြောင်း ပုံပြင် တစ်ပုဒ်
    ကိုယ့်ဘာသာ ပြောတာပါ။
  • 2:20 - 2:23
    ဘာလို့ ပုံပြင် တစ်ပုဒ်လဲ။ ကျွန်မတို့ဟာ
    ထူးဆန်းတယ်လို့ ထင်တယ်။
  • 2:23 - 2:27
    ကျွန်မတို့ရဲ့ DNA က ကျွန်မတို့ကို
    ပုံတွေ ပြောပြတယ်။
  • 2:27 - 2:29
    အရာတိုင်းရဲ့ပုံတွေ တစ်ချိန်လုံး
    ကျွန်မတို့ပြောကာ
  • 2:29 - 2:35
    ကမ္ဘာကြီးဟာ ရူးကြောင်ပြီး ပရမ်းပတာနေရာ
    တစ်ခုလိုနေဖြစ်လို့ ပြောတာလို့ ထင်တယ်။
  • 2:35 - 2:39
    တစ်ခါတစ်လေ ပုံပြင်တွေက ကျွန်မတို့
    ကမ္ဘာကြီးကို နည်းနည်း သဘောပေါက်ဖို့
  • 2:39 - 2:41
    အစီအစဉ်ချပေးဖို့ ကြိုးစားနေတာပါ။
  • 2:41 - 2:45
    ဒါကို ပန်းချီကားတွေကြည့်တာမှာ
    သုံးရအောင်လေ။
  • 2:45 - 2:48
    ကဲ စားသောက်ဆိုင်က ဟင်းလျာစာရင်းလို
    ပြခန်းတွေကို
  • 2:48 - 2:52
    လည်ပတ်ရေး စာရင်းရှိတယ်။
  • 2:52 - 2:55
    ရှင်တို့ကို ပြမယ့် ကျွန်မရဲ့
    လမ်းကြောင်းတွေမှာ ကျွန်မကို
  • 2:55 - 2:58
    ရပ်တန့်သွားစေခဲ့တဲ့
    ပန်းချီကား သုံးကားရှိပါတယ်။
  • 2:58 - 3:00
    သူတို့ရဲ့ ဇာတ်လမ်းတွေကို ပြောပြချင်ပါတယ်။
  • 3:00 - 3:04
    ပထမဆုံး တစ်ချပ်က နည်းနည်း
    မိတ်ဆက်ဖို့လိုပါတယ်။
  • 3:04 - 3:07
    ၁၇ ရာစု ဒတ်ခ်ျ ပန်းချီဆရာ
    Johannes Vermeer ရဲ့
  • 3:07 - 3:09
    "ပုလဲနားကပ်နဲ့ ကောင်မလေး" ပါ။
  • 3:09 - 3:12
    ဒါဟာ အခမ်းနားဆုံး ပန်းချီကားပါ။
  • 3:12 - 3:14
    ကျွန်မ ၁၉ နှစ်မှာ ပထမဆုံးမြင်ခဲ့ပြီး
  • 3:14 - 3:16
    ချက်ချင်းပဲ နံရံကပ်ပိုစတာ သွားဝယ်လိုက်တယ်။
  • 3:16 - 3:20
    ဒီ ပိုစတာ အခုထိရှိတုန်းပါ၊ နှစ် ၃၀
    ကြာသွားတာတောင် အိမ်မှာ ချိတ်ဆွဲထားတုန်းပါ။
  • 3:20 - 3:23
    ကျွန်မ ဘယ်သွားသွား အဖေါ်ပြုပေးပါတယ်။
  • 3:23 - 3:26
    သူမကြည့်ရတာ ကျွန်မ
    ဘယ်တော့မှ စိတ်မကုန်နိုင်ဘူး။
  • 3:26 - 3:30
    ကျွန်မရဲ့ ရှာဖွေမှုထဲတွင် သူမ အနားမှာ
    ရပ်တန့်မှုကို အစပြုလိုက်တာက
  • 3:30 - 3:32
    ပန်းချီဆရာ သုံးတဲ့ အရောင်တွေနဲ့
  • 3:32 - 3:34
    သူမရဲ့ မျက်နှာပေါ်က အလင်းကျပုံပါ။
  • 3:34 - 3:37
    ဒါပေမဲ့ ကျွန်မကို တစ်နှစ်ပြီးတစ်နှစ်
    ဆက်၊ ဆက် လာနေစေတာက
  • 3:37 - 3:40
    အခြားအကြောင်းတစ်ခုလို့ ထင်ပါတယ်။ ဒါကတော့
  • 3:40 - 3:44
    သူမရဲ့ မျက်နှာပေါ်က အကြည့်၊ မျက်နှာပေါ်က
    ဝိရောဓိဖြစ်နေတဲ့ အကြည့်ပါ။
  • 3:44 - 3:46
    သူမပျော်လား၊ ဝမ်းနည်းလား
    ကျွန်မ မပြောနိုင်ပဲ
  • 3:46 - 3:49
    ကျွန်မစိတ်က တစ်ချိန်လုံး ပြောင်းလဲနေပါတယ်။
  • 3:49 - 3:53
    ဒီတော့ ဒါက ကျွန်မကို ဆက်၊ ဆက်လာနေစေတာပေါ့။
  • 3:53 - 3:57
    တစ်နေ့ ဒီပုံကို နံရံမှာထားပြီး
    ၁၆ နှစ်အကြာမှာ
  • 3:57 - 3:59
    အိပ်ရာထက်လှဲပြီး သူမကိုကြည့်လိုက်တယ်၊
  • 3:59 - 4:02
    ရုတ်တရက် တွေးမိတာက ပန်းချီဆရာက သူမကို
  • 4:02 - 4:06
    ဒီလိုအကြည့်ဖြစ်အောင် လုပ်ခဲ့သလားပေါ့။
  • 4:06 - 4:09
    သူမရဲ့ မျက်နှာပေးဟာ ပန်းချီဆရာနဲ့
    ပတ်သက်ပြီး
  • 4:09 - 4:11
    သူမရဲ့ခံစားချက်ကိုတကယ်ပဲ
    ရောင်ပြန်ဟပ်နေတယ်ဆိုတာကို
  • 4:11 - 4:14
    ပထမဆုံးတွေးမိဖူးတဲ့ အတွေးပါပဲ။
  • 4:14 - 4:17
    မိန်းကလေးတစ်ယောက်ရဲ့ ပုံတူအဖြစ်
    အရင်က တွေးမိခဲ့တဲ့အတိုင်းပါ။
  • 4:17 - 4:22
    အခုတော့ ဒါကို သံယောဇဉ်တစ်ခုရဲ့
    ပုံတူတစ်ခုလို့ စတွေးမိပါတယ်။
  • 4:22 - 4:24
    တွေးမိတာက အင်း၊ ဒီသံယောဇဉ်က ဘာလဲပေါ့။
  • 4:24 - 4:28
    ဒီတော့ ရှာဖွေချင်လာတယ်။
    လေ့လာမှုလုပ်ပြီး တွေ့ရှိရတာက
  • 4:28 - 4:30
    သူမဟာ ဘယ်သူလဲဆိုတာ ကျွန်မတို့ မသိရတာပါ။
  • 4:30 - 4:32
    တကယ်တော့ Vermeer ရဲ့
    ပန်းချီကားတွေထဲက
  • 4:32 - 4:35
    ကိုယ်ဟန်မယ်တွေဟာ ဘယ်သူဆိုတာ
    ကျွန်မတို့ မသိတာပါ။
  • 4:35 - 4:37
    Vermeer ရဲ့အကြောင်းတောင် မသိသလောက်ပါ။
  • 4:37 - 4:40
    ဒါက ကျွန်မကို "ဟေး" လို့အော်ဖြစ်သွားတယ်။
  • 4:40 - 4:44
    ကိုယ်လုပ်ချင်တာလုပ်မယ်၊ ကိုယ်ဖြစ်ချင်
    တဲ့ဇာတ်လမ်းဘာဖြစ်ဖြစ် စိတ်ကူးလို့ရတယ်။
  • 4:44 - 4:47
    ဒီတော့ ဒီဇာတ်လမ်းရလာပုံပါ။
  • 4:47 - 4:49
    ပထမဆုံး တွေးမိတာကတော့
  • 4:49 - 4:51
    သူမကို အိမ်ပေါ်ရောက်အောင်လုပ်ရမယ်။
  • 4:51 - 4:53
    Vermeer သူမကို ဘယ်လိုလုပ်ပြီး သိခဲ့တာလဲ။
  • 4:53 - 4:55
    အင်း အကြံပြုချက်တွေ ရှိထားတာက
  • 4:55 - 4:59
    သူမဟာ ၁၂ နှစ်သမီးလေး၊
  • 4:59 - 5:01
    သူပန်းချီစဆွဲတော့ သမီးလေးဟာ
    ၁၂ နှစ် သမီးပါ။
  • 5:01 - 5:04
    ဒီတော့ တွေးမိတာက "မဟုတ်ဘူး၊
    အကြည့်က အရမ်း ရင်းနှီးနေတယ်၊
  • 5:04 - 5:06
    သမီးက အဖေ့ကိုကြည့်တဲ့အကြည့် မဟုတ်ဘူး။
  • 5:06 - 5:08
    တစ်ခုရှိတာက ဒတ်ခ်ျ ပန်းချီဆွဲချိန်မှာ
  • 5:08 - 5:12
    မိန်းမတစ်ယောက်ဟာ ပါးစပ်ဟနေရင်၊
    ဒါဟာ လိင်ပိုင်းဆိုင်ရာ ရနိုင်တာကို ပြတယ်။
  • 5:12 - 5:14
    သူ့သမီးကို ဒီလို ပန်းချီဆွဲဖို့တော့
  • 5:14 - 5:16
    Vermeer အတွက် မသင့်တော်ဘူးလေ။
  • 5:16 - 5:17
    ဒီတော့ သမီးမဟုတ်ရင်၊ သူနဲ့ ရင်းနှီးသူ
  • 5:17 - 5:20
    တစ်ယောက်ယောက်ပေါ့၊
    ကာယကံမြောက် ရင်းနှီးသူပေါ့။
  • 5:20 - 5:22
    ကဲ၊ ဒီအိမ်ထဲ ဘယ်သူကများ လာရှိနိုင်မလဲ။
  • 5:22 - 5:25
    အစေခံတစ်ယောက်၊ လှပတဲ့ အစေခံတစ်ယောက်ပေါ့။
  • 5:25 - 5:27
    ဒါကြောင့် သူမက အိမ်ထဲမှာရှိတာလေ။
  • 5:27 - 5:30
    သူမကို ပန်းချီခန်းထဲ ဘယ်လိုခေါ်မလဲ။
  • 5:30 - 5:32
    Vermeer အကြောင်း အများကြီး မသိပေမဲ့
  • 5:32 - 5:34
    နည်းနည်းလေး သိထားတာတစ်ခုက
  • 5:34 - 5:37
    သူဟာ ကတ်သလစ် အမျိုးသမီးနဲ့ လက်ထပ်ပြီး
    သူမရဲ့ အမေနဲ့အတူ
  • 5:37 - 5:39
    သူ့ကိုယ်ပိုင် အခန်းရှိတဲ့
    အိမ်တစ်လုံးမှာနေတယ်။
  • 5:39 - 5:43
    ဒါက သူ့ပန်းချီခန်းပါ။ သူ့မှာ ကလေး
    ၁၁ ယောက်လည်းရှိတယ်။
  • 5:43 - 5:46
    ဗြောင်းဆန် ဆူညံနေတဲ့ အိမ်ထောင်စု
    ဖြစ်လိမ့်မယ်။
  • 5:46 - 5:49
    အရင်က Vermeer ရဲ့ ပန်းချီကားတွေသာ
    တွေ့မိခဲ့ရင်
  • 5:49 - 5:53
    ဒါတွေဟာ မယုံနိုင်အောင်ကို အေးချမ်း
    တိတ်ဆိတ်တယ်ဆိုတာ သိကြပါတယ်။
  • 5:53 - 5:57
    ပန်းချီဆရာဟာ ကလေး ၁၁ ယောက် နဲ့
    ဒီလိုအေးချမ်းတဲ့ကားတွေ ဘယ်လိုလုပ်ဆွဲလဲ။
  • 5:57 - 5:59
    အင်း၊ သူက သူ့ဘဝကို အကန့်ခွဲလိုက်တယ်။
  • 5:59 - 6:03
    သူ့ပန်းချီခန်းထဲဝင်ရင် သူက
    " ဒီကို ဘယ်သူမှမလာနဲ့။" လို့ပြောတယ်။
  • 6:03 - 6:08
    မိန်းမရော၊ ကလေးတွေပါ။ ကောင်းပြီ၊
    အိမ်ဖော်ကတော့ လာပြီး ရှင်းတယ်ပေါ့။
  • 6:08 - 6:15
    သူမက ပန်းချီခန်းမှာ။ သူကလာခိုင်းပြီး
    သူတို့ အတူတူပေါ့။
  • 6:15 - 6:17
    ပြီး သူမကို ပုံဆွဲဖို့ ဆုံးဖြတ်တယ်ပေါ့။
  • 6:17 - 6:19
    သူမကို ရိုးရိုးအဝတ်တွေ ဝတ်ခိုင်းတယ်။
  • 6:19 - 6:23
    ကဲ Vermeer ရဲ့ အခြားပုံတွေထဲမှာ အကုန်လုံး
    သို့မဟုတ် မိန်းမအများစုဟာ
  • 6:23 - 6:29
    ပိုးသား၊ သားမွှေး အပြတ်သားနားတဲ့
    ပစ္စည်းတွေ ဝတ်ကြတယ်။
  • 6:29 - 6:31
    ဒီပုံကတော့ အရမ်းရိုးပါတယ်။ မရိုးတာဆိုလို့
  • 6:31 - 6:33
    သူမရဲ့ ပုလဲနားကပ်ပါ။
  • 6:33 - 6:37
    ကဲ သူမဟာ အစေခံဆိုရင် ပုလဲနားကပ်တစ်ရံဖိုး
  • 6:37 - 6:39
    မတတ်နိုင်လောက်ပါဘူး။
  • 6:39 - 6:42
    ဒါဆို ဒါတွေဟာ သူမရဲ့ ပုလဲနားကပ်တွေ
    မဟုတ်ဘူးပေါ့။ ဘယ်သူ့ဟာတွေလဲ။
  • 6:42 - 6:47
    သိရတာက Catharina ၊ ဇနီးသည်ရဲ့
    အဝတ်အစား စာရင်းရှိတယ်။
  • 6:47 - 6:51
    ဒီအထဲက သားမွှေးဖြူနဲ့ ကုတ်အဝါတစ်ထည်၊
  • 6:51 - 6:52
    အဝါနဲ့ အနက် ဘော်လီတစ်ထည်၊
  • 6:52 - 6:56
    အခြားပုံတွေမှာ ဒီအဝတ်အစားတွေ တွေ့ရပါတယ်၊
  • 6:56 - 6:59
    ပုံတွေထဲက မိန်းမ အမျိုးမျိုးမှာ၊
    Vermeer ရဲ့ပုံတွေမှာလေ။
  • 6:59 - 7:04
    ဒီတော့ ရှင်းနေတာက သူမရဲ့ အဝတ်တွေဟာ
    မိန်းမအမျိုးမျိုးဆီက ငှားထားတာပေါ့။
  • 7:04 - 7:06
    ဒါနဲ့ပဲ ပုလဲနားကပ်ဟာ
    သူ့မိန်းမပိုင်ပါတယ်လို့
  • 7:06 - 7:10
    ကောက်ယုံလိုက်လို့တော့ မရပါဘူး။
  • 7:10 - 7:13
    ဒီတော့ ဇာတ်လမ်းအတွက် အစိတ်အပိုင်းတွေ
    အားလုံး ရပြီပေါ့။
  • 7:13 - 7:15
    သူမဟာ သူနဲ့ ပန်းချီခန်းထဲမှာ
    အကြာကြီး ရှိခဲ့တယ်။
  • 7:15 - 7:17
    ဒီပုံတွေဆွဲဖို့က အချိန်တော်တော်
    ယူရတယ်လေ။
  • 7:17 - 7:20
    အဲဒီတစ်ချိန်လုံး သူတို့နှစ်ယောက်တည်း
    ကုန်ဆုံးခဲ့တာ။
  • 7:20 - 7:22
    သူ့ဇနီးရဲ့ ပုလဲနားကပ်ကို သူမဝတ်ထားတယ်။
  • 7:22 - 7:25
    လှနေတာပေါ့။ သူ့ကိုချစ်နေတာ
    အရှင်းကြီး ဝိရောဓိ ဖြစ်တာပေါ့။
  • 7:25 - 7:28
    ဇနီးရော သိလား။ သိချင်မှသိမှာပေါ့။
  • 7:28 - 7:31
    သူမ မသိဘူးဆိုရင် ...အင်း...
  • 7:31 - 7:33
    ဒါက ဇာတ်လမ်းပါ။
  • 7:33 - 7:35
    (ရယ်သံများ)
  • 7:35 - 7:38
    ကျွန်မ ပြောပြမယ့် နောက်ပန်းချီကားက
  • 7:38 - 7:41
    "Boy Building a House of Cards"
    ဆိုတဲ့ Chadin ရဲ့ကားပါ။
  • 7:41 - 7:46
    သူက သက်ငြိမ် ပန်ချီကားတွေနဲ့
    ကျော်ကြားတဲ့ ၁၈ ရာစု ပြင်သစ် ပန်းချီဆရာပါ။
  • 7:46 - 7:48
    တစ်ခါတစ်လေတော့ လူပုံတွေဆွဲတတ်ပါတယ်။
  • 7:48 - 7:52
    တကယ်တော့ ဒီပုံကို မူကွဲ
    လေးမျိုးနဲ့ ဆွဲခဲ့တာပါ။
  • 7:52 - 7:56
    စက္ကူအိမ်ဆောက်နေတဲ့ ကောင်လေးပုံ
    အမျိုးမျိုး၊ အာရုံစိုက်ထားတဲ့ ပုံတွေပါ။
  • 7:56 - 8:00
    ဒီမူကွဲကို အကြိုက်ဆုံးဖြစ်တာက
    တစ်ချို့ကောင်လေးတွေက
  • 8:00 - 8:03
    ပိုအသက်ကြီးပြီး တစ်ချို့က ပိုငယ်ကာ
    ဒီပုံကျတော့ ကျွန်မအတွက်
  • 8:03 - 8:06
    Goldilocks ရဲ့ ယာဂုလိုပဲလေ။ အတော်ပဲပေါ့။
  • 8:06 - 8:10
    သူက သိပ်လည်း ကလေး မဟုတ်၊
    လူကြီးလည်း မဟုတ်ဘူးလေ။
  • 8:10 - 8:15
    သူဟာ အပြစ်ကင်းစင်မှုနဲ့
    ရင့်ကျက်မှုကြားမှာ လုံးဝ ဟန်ချက်ညီတယ်။
  • 8:15 - 8:19
    ဒါက လမ်းကြောင်းထဲမှာ ကျွန်မကို
    ဒီကားရှေ့မှာ ရပ်တန့်သွားတာပါ။
  • 8:19 - 8:23
    သူ့မျက်နှာကိုကြည့်တော့ Vermeer ရဲ့
    ကားနဲ့ နည်းနည်းဆင်တယ်။
  • 8:23 - 8:26
    အလင်းက ဘယ်ဘက်ကလာကာ
    သူ့မျက်နှာဟာ ဒီတောက်ပတဲ့ အလင်းမှာ
  • 8:26 - 8:28
    ရွှန်းစိုနေပါတယ်။ ပုံရဲ့
    အလယ်ခေါင်မှာဖြစ်ပြီး
  • 8:28 - 8:31
    ကြည့်လိုက်ပါ ဒါကိုကြည့်ရင်း သိလိုက်တာ၊
  • 8:31 - 8:32
    မတ်တပ်ရပ်ရင်း ပြောမိနေတာက
  • 8:32 - 8:35
    "ငါ့ကို ကြည့်ပါဦး၊ ကြည့်ပါဦးကွယ်။"လို့ပါ။
  • 8:35 - 8:38
    သူကတော့ မကြည့်ပါဘူး။
    သူ့ကဒ်ပြားတွေကိုပဲ ကြည့်နေတာပါ။
  • 8:38 - 8:40
    ဒါဟာ ပန်းချီကားရဲ့ စွဲဆောင်တဲ့
    အစိတ်အပိုင်းတစ်ခု ဖြစ်ပြီး
  • 8:40 - 8:45
    ကျွန်မတို့ကို မကြည့်ပဲ သူလုပ်နေတာကိုသာ
    အာရုံ စိုက်တာကိုပါ။
  • 8:45 - 8:49
    ဒါက ကျွန်မအတွက်တော့ ပြတ်သားခြင်း
    ကင်းတဲ့ ပန်းချီကားက
  • 8:49 - 8:53
    အပြောင်မြောက်ဆုံး လက်ရာရဲ့ သင်္ကေတပါ။
  • 8:53 - 8:54
    သူ ဘယ်တော့မှ ကြည့်မှာ မဟုတ်ဘူး။
  • 8:54 - 8:56
    ဒီတော့ ဘယ်က ဇာတ်လမ်းဆိုတာ တွေးမိတယ်
  • 8:56 - 8:59
    ကိုယ်သာ ဒီနေရာမှာဆို ဘယ်သူက
    သူ့ကို ကြည့်နေလိမ့်မလဲ။
  • 8:59 - 9:01
    ပန်းချီဆရာ မဟုတ်ဘူး ပန်းချီဆရာကို
    မတွေးချင်ဘူး
  • 9:01 - 9:04
    တွေးနေတာကက သူ့ကိုယ်တိုင်ရဲ့
    အသက်ပိုကြီးတဲ့ မူကွဲပါ။
  • 9:04 - 9:10
    သူက ယောက်ျား၊ အစေခံ၊ ပိုကြီးတဲ့
    အစေခံက ပိုငယ်တဲ့ အစေခံကို ကြည့်နေတာ။
  • 9:10 - 9:12
    ပြောနေတာက " ငါ့ကိုကြည့်၊
    မင်းဘာဖြစ်တော့မယ်
  • 9:12 - 9:15
    ဆိုတာ သတိပေးမလို့၊ ငါ့ကိုကြည့်စမ်းပါ။"
  • 9:15 - 9:16
    သူကတော့ ဘယ်တော့မှ မကြည့်ဘူး။
  • 9:16 - 9:20
    ပြတ်သားခြင်းကင်းမဲ့တဲ့
    "Girl with a Pearl Earring " ပန်းချီကား..
  • 9:20 - 9:22
    သူမ ပျော်လား၊ ဝမ်းနည်းလား မသိပါ။
  • 9:22 - 9:24
    သူမအကြောင်း ဝတ္ထုတစ်အုပ်လုံးရေးတယ်
  • 9:24 - 9:26
    သူမ ပျော်လား၊ ဝမ်းနည်းလား ဆိုတာ မသိသေးဘူး။
  • 9:26 - 9:28
    အဖြေကိုရှာဖို့၊ ဟာကွက်ကို ဖြည့်ဖို့
  • 9:28 - 9:33
    ပန်းချီကားဆီ အထပ်ထပ် လာခဲ့တယ်။
  • 9:33 - 9:36
    ဇာတ်လမ်းဖွဲ့ပြီး ကိုယ့်ကိုယ်ကို ခဏလောက်
    စိတ်ကျေနပ်အောင်
  • 9:36 - 9:42
    လုပ်လို့ရနိုင်ပေမဲ့ တကယ် မဟုတ်ဘူး၊
    ထပ်ထပ် လာတာပဲလေ။
  • 9:42 - 9:44
    နောက်ဆုံးပြောပြမယ့် ပန်းချီကားကတော့
  • 9:44 - 9:49
    "အမည်မသိ" ဆိုတဲ့ အမည်မသိ
    တစ်ယောက်ရဲ့ ကားပါ။ (ရယ်သံများ)
  • 9:49 - 9:52
    ဒါက National Portrait Gallery ကဝယ်ထားတဲ့
    Tudor ပုံတူတစ်ကားပါ။
  • 9:52 - 9:55
    Sir Thomas Overbury ဆိုတဲ့
    လူတစ်ယောက် လို့ ထင်ခဲ့ကြပြီး
  • 9:55 - 9:58
    သူမဟုတ်မှန်း နောက်မှာ ဖော်ထုတ်ခဲ့ကြတယ်။
  • 9:58 - 9:59
    ဘယ်သူမှန်း မသိကြပါဘူး။
  • 9:59 - 10:01
    ကဲ National Portrait Gallery မှာ
  • 10:01 - 10:03
    ပန်းချီကားရဲ့ ကိုယ်ရေးရာဇဝင် မသိရင်
  • 10:03 - 10:05
    ကိုယ့်အတွက် အသုံးမကျသလိုပါ။
  • 10:05 - 10:07
    ဘယ်သူမှန်း မသိတဲ့အတွက်
    ဒါကို နံရံမှာ ချိတ်မရဘူး။
  • 10:07 - 10:12
    ဒါနဲ့ ကံဆိုးချင်တော့ ဒီမိဘမဲ့ဟာ
    အခြားမိဘမဲ့ အများကြီးနဲ့ အချိန်အများစုကို
  • 10:12 - 10:14
    သိုလှောင်ခန်းမှာ ကုန်ဆုံးတာပေါ့။
  • 10:14 - 10:17
    တစ်ချို့ကတော့ လှပတဲ့ ပနိးချီကားတွေပါ။
  • 10:17 - 10:22
    ဒီကားက လမ်းကြောင်းမှာ ကျွန်မကို
    ရပ်တန့်စေတဲ့ အကြောင်း သုံးချက်ရှိတယ်။
  • 10:22 - 10:25
    တစ်ချက်က ပြုံးနေတဲ့ သူ့ပါးစပ်နဲ့
    ကြေကွဲနေတဲ့
  • 10:25 - 10:27
    မျက်လုံးတွေကြားက အဆက်အစပ်မရှိခြင်းပါ။
  • 10:27 - 10:30
    သူမပျော်ပါဘူး၊ ဘာလို့ သူမပျော်တာလဲ။
  • 10:30 - 10:34
    ဒုတိယ အချက် ကျွန်မကိုဆွဲဆောင်တဲ့ အရာက
  • 10:34 - 10:36
    သူ့ရဲ့ နီမြန်းတဲ့ ပါးပြင်တွေပါ။
  • 10:36 - 10:39
    သူက ရှက်နေတယ်။ သူ့ပုံတူအတွက်
    ဟန်ပြလုပ်ရတာကို ရှက်နေတယ်။
  • 10:39 - 10:42
    ဒီလူက တစ်ချိန်လုံး ရှက်နေသူပဲ ဖြစ်ရမယ်။
  • 10:42 - 10:44
    သူ့ကိုရှက်စေနေတဲ့ အကြောင်းက ဘာများပါလိမ့်။
  • 10:44 - 10:48
    လမ်းကြောင်းထဲမှာ ကျွန်မကို ရပ်သွားစေတဲ့
    တတိယ တစ်ခုက
  • 10:48 - 10:51
    သူ့ရဲ့ အပြတ်သားနားတဲ့
    နှစ်ထပ်ကုတ်အင်္ကျီပါ။
  • 10:51 - 10:55
    ပိုးသား၊ မီးခိုးရောင် လှပတဲ့ကြယ်သီးတွေပါ။
  • 10:55 - 10:56
    သိတဲ့အတိုင်း ကျွန်မကိုတွေးမိစေတာက
  • 10:56 - 11:01
    နွေးထွေးပြီး ခပ်ပွပွနဲ့ အိပ်ရာပေါ်
    ဂွမ်းကပ် ဖြန့်ထားသလိုနဲ့လေ။
  • 11:01 - 11:04
    အိပ်ရာတွေနဲ့ နီမြန်းတဲ့ပါးပြင်တွေကို
    ဆက်တွေးနေမိပြီး
  • 11:04 - 11:06
    တကယ်တော့ သူ့ကိုကြည့်လိုက်တော့
    လိင်ကိစ္စကို ဆက်တွေးမိပြီး
  • 11:06 - 11:09
    သူတွေးနေတာ ဒါပဲလို့ ထင်မိတယ်။
  • 11:09 - 11:11
    တွေးမိတာက သူ့အကြောင်း ဝတ္ထုဖန်တီးမယ်ဆိုရင်
  • 11:11 - 11:13
    နောက်ဆုံးထည့်ရမှာက ဘာများလဲပေါ့။
  • 11:13 - 11:17
    အင်း Tudor လူကြီးလူကောင်းက
    ဘာများနဲ့များ ဖိစီးနေမလဲပေါ့။
  • 11:17 - 11:19
    ထင်တာက အင်း တတိယ ဟန်နရီ၊ ဟုတ်ပြီ။
  • 11:19 - 11:23
    သူ့ရဲ့ အမွေ၊ အမွေခံနဲ့
    စိတ်ဖိစီးနေမှာပဲပေါ့။
  • 11:23 - 11:27
    သူ့ရဲ့ အမည်နဲ့ စည်းစိမ်ကို ဘယ်သူဆက်ခံမလဲ။
  • 11:27 - 11:31
    ဒါတွေကို စုလိုက်ရင် ကိုယ့်ကို
    ပြန်ပြန်လာစေတဲ့ ဟာကွက်ကို
  • 11:31 - 11:34
    ဖြည့်ပေးတဲ့ ဇာတ်လမ်းကို ရပြီပေါ့။
  • 11:34 - 11:39
    ကဲ ဒီမှာ က ဇာတ်လမ်းပါ။
  • 11:39 - 11:42
    တိုတိုလေးပါ။
  • 11:42 - 11:44
    " ရိုစီ"
  • 11:44 - 11:48
    Caroline ငါ့ကိုပေးထားတဲ့ ဘရိုကိတ်
    နှစ်ထပ်ကုတ်ကို ဝတ်ထားတုန်းပါ။
  • 11:48 - 11:53
    ကော်လာအမြင့် ဗြောင်၊ လက်အရှင်
  • 11:53 - 11:56
    ပိုးသားချည်ကျစ် အနုစိတ် ကြယ်သီးတွေကို
  • 11:56 - 11:59
    နွေးထွေး ချပ်ရပ်ဖို့ နီးနီးလေး တပ်ထားတယ်။
  • 11:59 - 12:02
    နှစ်ထပ်ကုတ်က ကျယ်ပြန့်တဲ့ အိပ်ရာပေါ်က
    အိပ်ရာဖုံးကို တွေးမိသွားစေတယ်။
  • 12:02 - 12:06
    ဒါက ရည်ရွယ်ရင်း ဖြစ်နိုင်တယ်။
  • 12:06 - 12:11
    ပထမဆုံးဝတ်ခဲ့တာက သူမ မိဘတွေက ကျုပ်တို့ကို
    ဂုဏ်ပြု တည်ခင်းတဲ့ ညစာစားပွဲမှာ။
  • 12:11 - 12:13
    ထပြီး စကားမပြောခင်ကတင် ကျုပ်ပါးတွေဟာ
  • 12:13 - 12:15
    ပူနေတယ်ဆိုတာ သိခဲ့တယ်။
  • 12:15 - 12:19
    ကျုပ်ဟာ ကာယအားထုတ်မှုကနေ၊
    ဝိုင်ကနေ၊ စိတ်ခံစားမှု မြင့်မားတာကနေ
  • 12:19 - 12:21
    အလွယ်လေး မျက်နှာရဲတတ်သူပါ။
  • 12:21 - 12:26
    ငယ်ငယ်တုန်းက အမတွေနဲ့
    ကျောင်းသားတွေ စတာ ခံခဲ့ရတယ်။
  • 12:26 - 12:28
    George တော့မဟုတ်ဘူး။
  • 12:28 - 12:31
    Gorge ပဲ ကျုပ်ကို ရိုစီလို့ခေါ်တာ။
  • 12:31 - 12:34
    အခြား ဘယ်သူကိုမှ ခေါ်ခွင့်မပေးဘူး။
  • 12:34 - 12:38
    သူဟာ စကားလုံးကို နူးညံ့အောင်လုပ်လိုက်တာပါ။
  • 12:38 - 12:41
    ကျုပ် ကြေညာချက်ထုတ်လိုက်တော့ George ဟာ
  • 12:41 - 12:44
    ပန်းရောင်သန်းသွားပြီး ကျုပ်ရဲ့
    နှစ်ထပ်ကုတ်လို ဖြူရော်သွားတယ်။
  • 12:44 - 12:46
    သူ တအံ့တအား ဖြစ်မနေခဲ့သင့်ဘူး။
  • 12:46 - 12:47
    တစ်နေ့မှာ ကျုပ်ဟာ သူ့ဝမ်းကွဲကို
  • 12:47 - 12:51
    လက်ထပ်မယ်ဆိုတာက
    လူတိုင်းမှန်းလို့ ရတာပဲလေ။။
  • 12:51 - 12:54
    ဒါပေမဲ့ စကားလုံးတွေကို
    နားနဲ့ ဆတ်ဆတ်ကြားဖို့ တော့
  • 12:54 - 12:57
    ခက်တာ သိပါတယ်၊ ပြောရုံလေးပြောတာပါ။
  • 12:57 - 13:01
    ဒီနောက်မှာ ဟင်းရွက်ခင်း အပေါ်စီးမှာရှိတဲ့
    လှေကားထစ်မှာ George ကိုတွေ့တယ်။
  • 13:01 - 13:07
    တစ်နေ့ခင်းလုံး မရပ်မနား သောက်နေပေမဲ့
    လည်း သူဟာ ဖြူရော်နေတုန်းပါ။
  • 13:07 - 13:11
    အတူထိုင်ပြီး အိမ်ဖော်တွေ ဆလတ်ရွက်
    လှီးတာ ကြည့်ကြတယ်။
  • 13:11 - 13:13
    "ကျုပ်ရဲ့ ကုတ်ကို ဘယ်လိုထင်လဲ "
    လို့မေးလိုက်တယ်။
  • 13:13 - 13:19
    သူက တစ်ချက်ကြည့်လိုက်ပြီး " ကော်လံက
    မင်းလည်ပင်းကို ညှစ်နေသလိုပဲနော်။"တဲ့
  • 13:19 - 13:21
    ကျုပ်က "အချင်းချင်း မြင်ရပါသေးတယ်"
  • 13:21 - 13:24
    "အမဲလိုက်၊ဖဲရိုက်၊ ရုံးတက်လို့ရပါသေးတယ်။
  • 13:24 - 13:26
    ဘာမှပြောင်းဖို့ မလိုပါဘူး။
  • 13:26 - 13:29
    George က စကားမပြောဘူး။
  • 13:29 - 13:33
    "ကျုပ်က ၂၃ နှစ်။ လက်ထပ်ဖို့
    အချိန်ရောက်ပြီလေ။"
  • 13:33 - 13:37
    ပြီးတော့ အမွေခံသူ မွေးဖွား၊။
    သူတို့က ကျုပ်ကို မျှော်လင့်နေကြတာ။
  • 13:37 - 13:40
    George က နောက် ဝိုင်အနီတစ်ခွက်
    မော့ချလိုက်ပြီး ကျုပ်ဘက်လှည့်ကာ
  • 13:40 - 13:44
    "မင်းရဲ့ လာမယ့် မင်္ဂလာပွဲအတွက်
    ဝမ်းသာတယ်၊ James ရေ။
  • 13:44 - 13:49
    မင်းတို့တွေ ပျော်ကြမှာ ကျိန်းသေပါကွာ။
  • 13:49 - 13:53
    သူ နာမည်ပြောင် ဘယ်တော့မှ မသုံးတော့ဘူး။
  • 13:53 - 13:54
    ကျေးဇူးတင်ပါတယ်။
  • 13:54 - 13:58
    (လက်ခုပ်သံများ)
  • 13:58 - 13:59
    ကျေးဇူးတင်ပါတယ်။
  • 13:59 - 14:01
    (လက်ခုပ်သံများ)
Title:
ပန်းချီကားရဲ့ အတွင်းဘက်က ဇာတ်လမ်းကို ရှာဖွေခြင်း။
Speaker:
Tracy Chevalier
Description:

Tracy Chevalier ဟာ ပန်းချီကားတွေကို ကြည့်တဲ့အခါမှာ ပန်းချီကားတွေရဲ့ နောက်ကွယ်က ဇာတ်လမ်းတွေကို စိတ်ကူးမြင်ယောင်ကြည့်ပါတယ်။ ပန်းချီဆရာဟာ သူ့ရဲ့ ကိုယ်ဟန်ပြမယ်ကို ဘယ်လိုတွေ့ဆုံခဲ့တာလဲ။ ဘယ်အရာကများ သူမရဲ့ မျက်လုံးထဲက အဲဒီအကြည့်ကို ရှင်းပြလိမ့်မလဲ။ ဘာဖြစ်လို့ ဒီလူက.....ရှက်အမ်းအမ်းဖြစ်နေရတာလဲ။ သူမရဲ့ ရောင်းအကောင်းဆုံး ဝတ္ထု " Girl With a Pearl Earing" (ပုလဲနားကပ်နဲ့ ကောင်မလေး) ကို ခေါ်ဆောင်သွားခဲ့တဲ့ ပန်းချီကားအပါအဝင် သူမကို ဉာဏ်ကွန့်မြူးမှုပေးခဲ့တဲ့ ပုံတူပန်းချီကား သုံးကားရဲ့ ဇာတ်လမ်းတွေကို မျှဝေထားပါတယ်။

more » « less
Video Language:
English
Team:
closed TED
Project:
TEDTalks
Duration:
14:21

Burmese subtitles

Revisions