WEBVTT 00:00:00.516 --> 00:00:04.623 ကျွန်မခံစားရတဲ့ ဝေဒနာတစ်ခု အကြောင်း ပြောပြမလို့ပါ။ 00:00:04.623 --> 00:00:07.127 အဲဒါကြောင့် ရှင်တို့ထဲက တစ်ချို့လည်း ခံစားကြရတယ်လို့ 00:00:07.127 --> 00:00:09.047 ရယ်စရာ ခံစားချက် ကျွန်မမှာ ရှိပါတယ်။ NOTE Paragraph 00:00:09.047 --> 00:00:11.144 အခန်းတိုင်း ပန်းချီကားတွေနဲ့ ပြည့်နေတဲ့ 00:00:11.144 --> 00:00:13.247 ပန်းချီပြခန်းတစ်ခု အနား လျှောက်နေတုန်း 00:00:13.247 --> 00:00:17.764 ၁၅ မိနစ် မိနစ် ၂၀ လောက်ကြာတော့ ကိုယ် တွေးနေတာက 00:00:17.764 --> 00:00:19.655 ပန်းချီကားအကြောင်း မဟုတ်တာ သိလိုက်တယ်။ 00:00:19.655 --> 00:00:21.263 ကျွန်မ ဒါတွေကို မဆက်သွယ်ပါဘူး။ 00:00:21.263 --> 00:00:23.767 ဒီအစား ကျွန်မကို အသည်းအသန် နိုးဖို့ လိုတဲ့ 00:00:23.767 --> 00:00:26.767 ကော်ဖီခွက်အကြောင်းကို တွေးနေတာလေ။ 00:00:26.767 --> 00:00:29.951 ပန်းချီပြခန်း ဒဏ်ခံစားနေရပါတယ်။ NOTE Paragraph 00:00:29.951 --> 00:00:32.327 ရှင်တို့ ဘယ်နှစ်ယောက် အဲဒီလို ခံစားရ... 00:00:32.327 --> 00:00:34.332 ဟုတ် ဟား ဟား ဟား။ 00:00:34.332 --> 00:00:36.482 ကဲ တစ်ခါတစ်လေ မိနစ် ၂၀ ထက် ပိုကြာနိုင်တယ် 00:00:36.482 --> 00:00:38.576 ဒါမှမဟုတ် ပို တိုနိုင်တာပေါ့ 00:00:38.576 --> 00:00:40.790 ဒါပေမဲ့ အားလုံး ခံစားရတယ်ထင်တယ်။ 00:00:40.790 --> 00:00:42.871 စိတ်ထဲ လိပ်ပြာမလုံတာမျိုးရော ဖြစ်လား။ 00:00:42.871 --> 00:00:45.858 ကျွန်မအတွက်တော့ နံရံပေါ်က ပန်းချီကားတွေကို ကြည့်ပြီး ဒါတွေဟာ 00:00:45.858 --> 00:00:48.873 နံရံမှာ ထားရလောက်အောင် ကောင်းတယ်လို့ တစ်ယောက်ယောင်က ထင်မိလို့ 00:00:48.873 --> 00:00:51.401 ထားဖို့ ဆုံးဖြတ်လိုက်တာလို့ ထင်တယ်။ 00:00:51.401 --> 00:00:52.759 ဒါပေမဲ့ အမြဲတမ်းတော့ မထင်ဘူး 00:00:52.759 --> 00:00:55.423 တကယ်က အချိန်အများစုမှာ မထင်မိဘူး။ NOTE Paragraph 00:00:55.423 --> 00:00:59.197 တကယ့်ကို စိတ်ညစ်မိတဲ့ ခံစားချက်ကျန်ရစ်တယ်။ NOTE Paragraph 00:00:59.197 --> 00:01:02.664 ပန်းချီကားဟာ တစ်ခုခု မှားနေတယ်လို့ တွေးမိတာထက် ကိုယ့်ကိုယ်ကို 00:01:02.664 --> 00:01:04.727 မလုံမလဲနဲ့ စိတ်ညစ်သလို ခံစားရတယ်။ 00:01:04.727 --> 00:01:06.184 ကိုယ် တစ်ခုခုမှားတာပဲ ထင်တယ်။ 00:01:06.184 --> 00:01:09.092 အဲဒီလိုခံစားချက်မျိုးနဲ့ ပြခန်းထဲမှ ထွက်လာတာ မကောင်းဘူးလေ။ NOTE Paragraph 00:01:09.092 --> 00:01:10.363 (ရယ်သံများ) NOTE Paragraph 00:01:10.363 --> 00:01:12.672 ကိစ္စက ကိုယ့်ကိုယ်ကို အနားပေးသင့် တယ်လို့ ထင်တယ်။ 00:01:12.672 --> 00:01:15.132 စားသောက်ဆိုင်ထဲကို ဝင်မယ်လို့စဉ်းစားရင် 00:01:15.132 --> 00:01:18.819 ဟင်းလျာစာရင်းကို ကြည့်တော့ စာရင်းမှာပါတာတိုင်းကို 00:01:18.819 --> 00:01:21.002 မှာဖို့ မျှော်လင့်ထားသလား။ 00:01:21.002 --> 00:01:22.884 မဟုတ်ဘူး။ ရွေးမှာတာပါ။ 00:01:22.884 --> 00:01:26.059 ရှပ်အင်္ကျီတစ်ထည်ဝယ်ဖို့ ကုန်တိုက်ကိုဝင်ရင် 00:01:26.059 --> 00:01:29.036 ရှပ် အင်္ကျီတိုင်းကို စမ်းဝတ်မှာလား။ 00:01:29.036 --> 00:01:30.364 အထည်တိုင်းကို လိုချင်လား။ 00:01:30.364 --> 00:01:34.491 မဟုတ်ဘူး၊ ကိုယ်က ရွေးနိုင်ရပါမယ်။ ဒါ မျှော်လင့်ထားတာလေ။ 00:01:34.491 --> 00:01:37.112 ဒါဆို ပန်းချီပြခန်းသွာတော့ ရွေးချယ်စရာ 00:01:37.112 --> 00:01:39.685 မရှိနိုင်ဘူးလို့ ဘယ်လိုလုပ် ယူဆကြတာတုန်း။ 00:01:39.685 --> 00:01:42.980 ဘာကြောင့် ပန်းချီကားတိုင်းနဲ့ ဆက်စပ်မှု ရှိသင့်ရတာလဲ။ NOTE Paragraph 00:01:42.980 --> 00:01:45.684 မတူတဲ့ နည်းလမ်းနဲ့ ချဉ်းကပ်ဖို့ ကျွန်မ ကြိုးစားနေပါတယ်။ 00:01:45.684 --> 00:01:47.302 လုပ်စရာ နှစ်ခုရှိပါတယ်၊ 00:01:47.302 --> 00:01:51.796 ပြခန်းတစ်ခုကို သွားရင် ပထမဆုံးက မြန်မြန်လေး သွားလိုက်တယ်။ 00:01:51.796 --> 00:01:56.031 အကုန်လုံးကိုကြည့်ပြီး တစ်နည်းနည်းဖြင့် ကိုယ့်ကို 00:01:56.031 --> 00:01:59.085 နှေးလာစေတဲ့ဟာတွေကို စေ့စေ့စပ်စပ် ဖေါ်ထုတ်လိုက်တယ်။ 00:01:59.085 --> 00:02:01.886 ဘာဖြစ်လို့ ကိုယ့်ကို နှေးသွားစေတာလဲ ဆိုတာတောင်မသိပေမဲ့ 00:02:01.886 --> 00:02:03.943 တစ်ခုခုက ကျွန်မကို သံလိုက်လို ဆွဲထားပါတယ်။ 00:02:03.943 --> 00:02:07.061 နောက်ပြီး ကျန်တာတွေကို လျစ်လျှူရှုကာ ဒီကားဆီပဲသွားတယ်။ 00:02:07.061 --> 00:02:09.525 ဒီတော့ ပထမဆုံး လုပ်တာက ကိုယ်ပိုင်ရွေးချယ်ခြင်းပါ။ 00:02:09.525 --> 00:02:12.821 ပန်းချီကား တစ်ချပ်ကိုရွေးတယ်။ ၅၀ ထဲက တစ်ကား ဖြစ်ချင်ဖြစ်မယ်။ 00:02:12.821 --> 00:02:16.511 နောက် ဒုတိယလုပ်တာက ပန်းချီးကားရှေ့မှာ ရပ်လိုက်ပြီး 00:02:16.511 --> 00:02:19.588 ဒီအကြောင်း ပုံပြင် တစ်ပုဒ် ကိုယ့်ဘာသာ ပြောတာပါ။ NOTE Paragraph 00:02:19.588 --> 00:02:23.186 ဘာလို့ ပုံပြင် တစ်ပုဒ်လဲ။ ကျွန်မတို့ဟာ ထူးဆန်းတယ်လို့ ထင်တယ်။ 00:02:23.186 --> 00:02:27.077 ကျွန်မတို့ရဲ့ DNA က ကျွန်မတို့ကို ပုံတွေ ပြောပြတယ်။ 00:02:27.077 --> 00:02:29.446 အရာတိုင်းရဲ့ပုံတွေ တစ်ချိန်လုံး ကျွန်မတို့ပြောကာ 00:02:29.446 --> 00:02:34.557 ကမ္ဘာကြီးဟာ ရူးကြောင်ပြီး ပရမ်းပတာနေရာ တစ်ခုလိုနေဖြစ်လို့ ပြောတာလို့ ထင်တယ်။ 00:02:34.557 --> 00:02:38.508 တစ်ခါတစ်လေ ပုံပြင်တွေက ကျွန်မတို့ ကမ္ဘာကြီးကို နည်းနည်း သဘောပေါက်ဖို့ 00:02:38.508 --> 00:02:40.677 အစီအစဉ်ချပေးဖို့ ကြိုးစားနေတာပါ။ 00:02:40.677 --> 00:02:44.668 ဒါကို ပန်းချီကားတွေကြည့်တာမှာ သုံးရအောင်လေ။ 00:02:44.668 --> 00:02:48.383 ကဲ စားသောက်ဆိုင်က ဟင်းလျာစာရင်းလို ပြခန်းတွေကို 00:02:48.383 --> 00:02:51.606 လည်ပတ်ရေး စာရင်းရှိတယ်။ NOTE Paragraph 00:02:51.606 --> 00:02:54.814 ရှင်တို့ကို ပြမယ့် ကျွန်မရဲ့ လမ်းကြောင်းတွေမှာ ကျွန်မကို 00:02:54.814 --> 00:02:57.878 ရပ်တန့်သွားစေခဲ့တဲ့ ပန်းချီကား သုံးကားရှိပါတယ်။ 00:02:57.878 --> 00:03:00.424 သူတို့ရဲ့ ဇာတ်လမ်းတွေကို ပြောပြချင်ပါတယ်။ 00:03:00.424 --> 00:03:03.975 ပထမဆုံး တစ်ချပ်က နည်းနည်း မိတ်ဆက်ဖို့လိုပါတယ်။ 00:03:03.975 --> 00:03:07.006 ၁၇ ရာစု ဒတ်ခ်ျ ပန်းချီဆရာ Johannes Vermeer ရဲ့ 00:03:07.006 --> 00:03:09.162 "ပုလဲနားကပ်နဲ့ ကောင်မလေး" ပါ။ 00:03:09.162 --> 00:03:11.662 ဒါဟာ အခမ်းနားဆုံး ပန်းချီကားပါ။ 00:03:11.662 --> 00:03:13.806 ကျွန်မ ၁၉ နှစ်မှာ ပထမဆုံးမြင်ခဲ့ပြီး 00:03:13.806 --> 00:03:16.086 ချက်ချင်းပဲ နံရံကပ်ပိုစတာ သွားဝယ်လိုက်တယ်။ 00:03:16.086 --> 00:03:20.243 ဒီ ပိုစတာ အခုထိရှိတုန်းပါ၊ နှစ် ၃၀ ကြာသွားတာတောင် အိမ်မှာ ချိတ်ဆွဲထားတုန်းပါ။ 00:03:20.243 --> 00:03:23.393 ကျွန်မ ဘယ်သွားသွား အဖေါ်ပြုပေးပါတယ်။ 00:03:23.393 --> 00:03:25.737 သူမကြည့်ရတာ ကျွန်မ ဘယ်တော့မှ စိတ်မကုန်နိုင်ဘူး။ NOTE Paragraph 00:03:25.737 --> 00:03:29.516 ကျွန်မရဲ့ ရှာဖွေမှုထဲတွင် သူမ အနားမှာ ရပ်တန့်မှုကို အစပြုလိုက်တာက 00:03:29.516 --> 00:03:32.073 ပန်းချီဆရာ သုံးတဲ့ အရောင်တွေနဲ့ 00:03:32.073 --> 00:03:34.017 သူမရဲ့ မျက်နှာပေါ်က အလင်းကျပုံပါ။ 00:03:34.017 --> 00:03:36.801 ဒါပေမဲ့ ကျွန်မကို တစ်နှစ်ပြီးတစ်နှစ် ဆက်၊ ဆက် လာနေစေတာက 00:03:36.801 --> 00:03:39.857 အခြားအကြောင်းတစ်ခုလို့ ထင်ပါတယ်။ ဒါကတော့ 00:03:39.857 --> 00:03:43.551 သူမရဲ့ မျက်နှာပေါ်က အကြည့်၊ မျက်နှာပေါ်က ဝိရောဓိဖြစ်နေတဲ့ အကြည့်ပါ။ 00:03:43.551 --> 00:03:45.969 သူမပျော်လား၊ ဝမ်းနည်းလား ကျွန်မ မပြောနိုင်ပဲ 00:03:45.969 --> 00:03:48.936 ကျွန်မစိတ်က တစ်ချိန်လုံး ပြောင်းလဲနေပါတယ်။ 00:03:48.936 --> 00:03:52.535 ဒီတော့ ဒါက ကျွန်မကို ဆက်၊ ဆက်လာနေစေတာပေါ့။ NOTE Paragraph 00:03:52.535 --> 00:03:56.544 တစ်နေ့ ဒီပုံကို နံရံမှာထားပြီး ၁၆ နှစ်အကြာမှာ 00:03:56.544 --> 00:03:59.226 အိပ်ရာထက်လှဲပြီး သူမကိုကြည့်လိုက်တယ်၊ 00:03:59.226 --> 00:04:01.805 ရုတ်တရက် တွေးမိတာက ပန်းချီဆရာက သူမကို 00:04:01.805 --> 00:04:05.723 ဒီလိုအကြည့်ဖြစ်အောင် လုပ်ခဲ့သလားပေါ့။ 00:04:05.723 --> 00:04:08.667 သူမရဲ့ မျက်နှာပေးဟာ ပန်းချီဆရာနဲ့ ပတ်သက်ပြီး 00:04:08.667 --> 00:04:11.467 သူမရဲ့ခံစားချက်ကိုတကယ်ပဲ ရောင်ပြန်ဟပ်နေတယ်ဆိုတာကို 00:04:11.467 --> 00:04:13.606 ပထမဆုံးတွေးမိဖူးတဲ့ အတွေးပါပဲ။ 00:04:13.606 --> 00:04:16.762 မိန်းကလေးတစ်ယောက်ရဲ့ ပုံတူအဖြစ် အရင်က တွေးမိခဲ့တဲ့အတိုင်းပါ။ 00:04:16.762 --> 00:04:21.531 အခုတော့ ဒါကို သံယောဇဉ်တစ်ခုရဲ့ ပုံတူတစ်ခုလို့ စတွေးမိပါတယ်။ 00:04:21.531 --> 00:04:24.363 တွေးမိတာက အင်း၊ ဒီသံယောဇဉ်က ဘာလဲပေါ့။ NOTE Paragraph 00:04:24.363 --> 00:04:27.571 ဒီတော့ ရှာဖွေချင်လာတယ်။ လေ့လာမှုလုပ်ပြီး တွေ့ရှိရတာက 00:04:27.571 --> 00:04:29.896 သူမဟာ ဘယ်သူလဲဆိုတာ ကျွန်မတို့ မသိရတာပါ။ 00:04:29.896 --> 00:04:32.243 တကယ်တော့ Vermeer ရဲ့ ပန်းချီကားတွေထဲက 00:04:32.243 --> 00:04:34.603 ကိုယ်ဟန်မယ်တွေဟာ ဘယ်သူဆိုတာ ကျွန်မတို့ မသိတာပါ။ 00:04:34.603 --> 00:04:36.730 Vermeer ရဲ့အကြောင်းတောင် မသိသလောက်ပါ။ NOTE Paragraph 00:04:36.730 --> 00:04:39.504 ဒါက ကျွန်မကို "ဟေး" လို့အော်ဖြစ်သွားတယ်။ 00:04:39.504 --> 00:04:44.163 ကိုယ်လုပ်ချင်တာလုပ်မယ်၊ ကိုယ်ဖြစ်ချင် တဲ့ဇာတ်လမ်းဘာဖြစ်ဖြစ် စိတ်ကူးလို့ရတယ်။ NOTE Paragraph 00:04:44.163 --> 00:04:46.759 ဒီတော့ ဒီဇာတ်လမ်းရလာပုံပါ။ 00:04:46.759 --> 00:04:48.636 ပထမဆုံး တွေးမိတာကတော့ 00:04:48.636 --> 00:04:50.728 သူမကို အိမ်ပေါ်ရောက်အောင်လုပ်ရမယ်။ 00:04:50.728 --> 00:04:53.216 Vermeer သူမကို ဘယ်လိုလုပ်ပြီး သိခဲ့တာလဲ။ 00:04:53.216 --> 00:04:54.760 အင်း အကြံပြုချက်တွေ ရှိထားတာက 00:04:54.760 --> 00:04:59.183 သူမဟာ ၁၂ နှစ်သမီးလေး၊ 00:04:59.183 --> 00:05:01.408 သူပန်းချီစဆွဲတော့ သမီးလေးဟာ ၁၂ နှစ် သမီးပါ။ 00:05:01.408 --> 00:05:04.104 ဒီတော့ တွေးမိတာက "မဟုတ်ဘူး၊ အကြည့်က အရမ်း ရင်းနှီးနေတယ်၊ 00:05:04.104 --> 00:05:06.288 သမီးက အဖေ့ကိုကြည့်တဲ့အကြည့် မဟုတ်ဘူး။ 00:05:06.288 --> 00:05:08.128 တစ်ခုရှိတာက ဒတ်ခ်ျ ပန်းချီဆွဲချိန်မှာ 00:05:08.128 --> 00:05:11.720 မိန်းမတစ်ယောက်ဟာ ပါးစပ်ဟနေရင်၊ ဒါဟာ လိင်ပိုင်းဆိုင်ရာ ရနိုင်တာကို ပြတယ်။ 00:05:11.720 --> 00:05:13.608 သူ့သမီးကို ဒီလို ပန်းချီဆွဲဖို့တော့ 00:05:13.608 --> 00:05:15.504 Vermeer အတွက် မသင့်တော်ဘူးလေ။ NOTE Paragraph 00:05:15.504 --> 00:05:17.384 ဒီတော့ သမီးမဟုတ်ရင်၊ သူနဲ့ ရင်းနှီးသူ 00:05:17.384 --> 00:05:19.634 တစ်ယောက်ယောက်ပေါ့၊ ကာယကံမြောက် ရင်းနှီးသူပေါ့။ 00:05:19.634 --> 00:05:21.898 ကဲ၊ ဒီအိမ်ထဲ ဘယ်သူကများ လာရှိနိုင်မလဲ။ 00:05:21.898 --> 00:05:25.281 အစေခံတစ်ယောက်၊ လှပတဲ့ အစေခံတစ်ယောက်ပေါ့။ 00:05:25.281 --> 00:05:26.842 ဒါကြောင့် သူမက အိမ်ထဲမှာရှိတာလေ။ 00:05:26.842 --> 00:05:29.503 သူမကို ပန်းချီခန်းထဲ ဘယ်လိုခေါ်မလဲ။ 00:05:29.503 --> 00:05:31.637 Vermeer အကြောင်း အများကြီး မသိပေမဲ့ 00:05:31.637 --> 00:05:33.776 နည်းနည်းလေး သိထားတာတစ်ခုက 00:05:33.776 --> 00:05:36.767 သူဟာ ကတ်သလစ် အမျိုးသမီးနဲ့ လက်ထပ်ပြီး သူမရဲ့ အမေနဲ့အတူ 00:05:36.767 --> 00:05:39.040 သူ့ကိုယ်ပိုင် အခန်းရှိတဲ့ အိမ်တစ်လုံးမှာနေတယ်။ 00:05:39.040 --> 00:05:43.323 ဒါက သူ့ပန်းချီခန်းပါ။ သူ့မှာ ကလေး ၁၁ ယောက်လည်းရှိတယ်။ 00:05:43.323 --> 00:05:46.400 ဗြောင်းဆန် ဆူညံနေတဲ့ အိမ်ထောင်စု ဖြစ်လိမ့်မယ်။ 00:05:46.400 --> 00:05:49.344 အရင်က Vermeer ရဲ့ ပန်းချီကားတွေသာ တွေ့မိခဲ့ရင် 00:05:49.344 --> 00:05:53.208 ဒါတွေဟာ မယုံနိုင်အောင်ကို အေးချမ်း တိတ်ဆိတ်တယ်ဆိုတာ သိကြပါတယ်။ NOTE Paragraph 00:05:53.208 --> 00:05:57.104 ပန်းချီဆရာဟာ ကလေး ၁၁ ယောက် နဲ့ ဒီလိုအေးချမ်းတဲ့ကားတွေ ဘယ်လိုလုပ်ဆွဲလဲ။ 00:05:57.104 --> 00:05:59.400 အင်း၊ သူက သူ့ဘဝကို အကန့်ခွဲလိုက်တယ်။ 00:05:59.400 --> 00:06:03.080 သူ့ပန်းချီခန်းထဲဝင်ရင် သူက " ဒီကို ဘယ်သူမှမလာနဲ့။" လို့ပြောတယ်။ 00:06:03.080 --> 00:06:07.808 မိန်းမရော၊ ကလေးတွေပါ။ ကောင်းပြီ၊ အိမ်ဖော်ကတော့ လာပြီး ရှင်းတယ်ပေါ့။ 00:06:07.808 --> 00:06:14.859 သူမက ပန်းချီခန်းမှာ။ သူကလာခိုင်းပြီး သူတို့ အတူတူပေါ့။ 00:06:14.859 --> 00:06:16.939 ပြီး သူမကို ပုံဆွဲဖို့ ဆုံးဖြတ်တယ်ပေါ့။ NOTE Paragraph 00:06:16.939 --> 00:06:19.207 သူမကို ရိုးရိုးအဝတ်တွေ ဝတ်ခိုင်းတယ်။ 00:06:19.207 --> 00:06:22.578 ကဲ Vermeer ရဲ့ အခြားပုံတွေထဲမှာ အကုန်လုံး သို့မဟုတ် မိန်းမအများစုဟာ 00:06:22.578 --> 00:06:28.544 ပိုးသား၊ သားမွှေး အပြတ်သားနားတဲ့ ပစ္စည်းတွေ ဝတ်ကြတယ်။ 00:06:28.544 --> 00:06:31.064 ဒီပုံကတော့ အရမ်းရိုးပါတယ်။ မရိုးတာဆိုလို့ 00:06:31.064 --> 00:06:33.104 သူမရဲ့ ပုလဲနားကပ်ပါ။ 00:06:33.104 --> 00:06:36.551 ကဲ သူမဟာ အစေခံဆိုရင် ပုလဲနားကပ်တစ်ရံဖိုး 00:06:36.551 --> 00:06:38.758 မတတ်နိုင်လောက်ပါဘူး။ 00:06:38.758 --> 00:06:42.020 ဒါဆို ဒါတွေဟာ သူမရဲ့ ပုလဲနားကပ်တွေ မဟုတ်ဘူးပေါ့။ ဘယ်သူ့ဟာတွေလဲ။ 00:06:42.020 --> 00:06:47.061 သိရတာက Catharina ၊ ဇနီးသည်ရဲ့ အဝတ်အစား စာရင်းရှိတယ်။ 00:06:47.061 --> 00:06:50.677 ဒီအထဲက သားမွှေးဖြူနဲ့ ကုတ်အဝါတစ်ထည်၊ 00:06:50.677 --> 00:06:52.424 အဝါနဲ့ အနက် ဘော်လီတစ်ထည်၊ 00:06:52.424 --> 00:06:56.118 အခြားပုံတွေမှာ ဒီအဝတ်အစားတွေ တွေ့ရပါတယ်၊ 00:06:56.118 --> 00:06:59.232 ပုံတွေထဲက မိန်းမ အမျိုးမျိုးမှာ၊ Vermeer ရဲ့ပုံတွေမှာလေ။ 00:06:59.232 --> 00:07:03.710 ဒီတော့ ရှင်းနေတာက သူမရဲ့ အဝတ်တွေဟာ မိန်းမအမျိုးမျိုးဆီက ငှားထားတာပေါ့။ 00:07:03.710 --> 00:07:06.229 ဒါနဲ့ပဲ ပုလဲနားကပ်ဟာ သူ့မိန်းမပိုင်ပါတယ်လို့ 00:07:06.229 --> 00:07:09.813 ကောက်ယုံလိုက်လို့တော့ မရပါဘူး။ NOTE Paragraph 00:07:09.813 --> 00:07:12.990 ဒီတော့ ဇာတ်လမ်းအတွက် အစိတ်အပိုင်းတွေ အားလုံး ရပြီပေါ့။ 00:07:12.990 --> 00:07:15.420 သူမဟာ သူနဲ့ ပန်းချီခန်းထဲမှာ အကြာကြီး ရှိခဲ့တယ်။ 00:07:15.420 --> 00:07:17.463 ဒီပုံတွေဆွဲဖို့က အချိန်တော်တော် ယူရတယ်လေ။ 00:07:17.463 --> 00:07:20.334 အဲဒီတစ်ချိန်လုံး သူတို့နှစ်ယောက်တည်း ကုန်ဆုံးခဲ့တာ။ 00:07:20.334 --> 00:07:22.334 သူ့ဇနီးရဲ့ ပုလဲနားကပ်ကို သူမဝတ်ထားတယ်။ 00:07:22.334 --> 00:07:25.149 လှနေတာပေါ့။ သူ့ကိုချစ်နေတာ အရှင်းကြီး ဝိရောဓိ ဖြစ်တာပေါ့။ 00:07:25.149 --> 00:07:27.941 ဇနီးရော သိလား။ သိချင်မှသိမှာပေါ့။ 00:07:27.941 --> 00:07:31.319 သူမ မသိဘူးဆိုရင် ...အင်း... 00:07:31.319 --> 00:07:33.174 ဒါက ဇာတ်လမ်းပါ။ NOTE Paragraph 00:07:33.174 --> 00:07:35.351 (ရယ်သံများ) NOTE Paragraph 00:07:35.351 --> 00:07:37.941 ကျွန်မ ပြောပြမယ့် နောက်ပန်းချီကားက 00:07:37.941 --> 00:07:41.188 "Boy Building a House of Cards" ဆိုတဲ့ Chadin ရဲ့ကားပါ။ 00:07:41.188 --> 00:07:45.564 သူက သက်ငြိမ် ပန်ချီကားတွေနဲ့ ကျော်ကြားတဲ့ ၁၈ ရာစု ပြင်သစ် ပန်းချီဆရာပါ။ 00:07:45.564 --> 00:07:48.157 တစ်ခါတစ်လေတော့ လူပုံတွေဆွဲတတ်ပါတယ်။ 00:07:48.157 --> 00:07:52.124 တကယ်တော့ ဒီပုံကို မူကွဲ လေးမျိုးနဲ့ ဆွဲခဲ့တာပါ။ 00:07:52.124 --> 00:07:56.084 စက္ကူအိမ်ဆောက်နေတဲ့ ကောင်လေးပုံ အမျိုးမျိုး၊ အာရုံစိုက်ထားတဲ့ ပုံတွေပါ။ 00:07:56.084 --> 00:07:59.548 ဒီမူကွဲကို အကြိုက်ဆုံးဖြစ်တာက တစ်ချို့ကောင်လေးတွေက 00:07:59.548 --> 00:08:02.941 ပိုအသက်ကြီးပြီး တစ်ချို့က ပိုငယ်ကာ ဒီပုံကျတော့ ကျွန်မအတွက် 00:08:02.941 --> 00:08:05.893 Goldilocks ရဲ့ ယာဂုလိုပဲလေ။ အတော်ပဲပေါ့။ NOTE Paragraph 00:08:05.893 --> 00:08:09.884 သူက သိပ်လည်း ကလေး မဟုတ်၊ လူကြီးလည်း မဟုတ်ဘူးလေ။ 00:08:09.884 --> 00:08:14.677 သူဟာ အပြစ်ကင်းစင်မှုနဲ့ ရင့်ကျက်မှုကြားမှာ လုံးဝ ဟန်ချက်ညီတယ်။ 00:08:14.677 --> 00:08:19.160 ဒါက လမ်းကြောင်းထဲမှာ ကျွန်မကို ဒီကားရှေ့မှာ ရပ်တန့်သွားတာပါ။ 00:08:19.160 --> 00:08:22.877 သူ့မျက်နှာကိုကြည့်တော့ Vermeer ရဲ့ ကားနဲ့ နည်းနည်းဆင်တယ်။ 00:08:22.877 --> 00:08:25.500 အလင်းက ဘယ်ဘက်ကလာကာ သူ့မျက်နှာဟာ ဒီတောက်ပတဲ့ အလင်းမှာ 00:08:25.500 --> 00:08:27.724 ရွှန်းစိုနေပါတယ်။ ပုံရဲ့ အလယ်ခေါင်မှာဖြစ်ပြီး 00:08:27.724 --> 00:08:30.736 ကြည့်လိုက်ပါ ဒါကိုကြည့်ရင်း သိလိုက်တာ၊ 00:08:30.736 --> 00:08:31.943 မတ်တပ်ရပ်ရင်း ပြောမိနေတာက 00:08:31.943 --> 00:08:34.896 "ငါ့ကို ကြည့်ပါဦး၊ ကြည့်ပါဦးကွယ်။"လို့ပါ။ 00:08:34.896 --> 00:08:37.632 သူကတော့ မကြည့်ပါဘူး။ သူ့ကဒ်ပြားတွေကိုပဲ ကြည့်နေတာပါ။ 00:08:37.632 --> 00:08:40.384 ဒါဟာ ပန်းချီကားရဲ့ စွဲဆောင်တဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပြီး 00:08:40.384 --> 00:08:44.874 ကျွန်မတို့ကို မကြည့်ပဲ သူလုပ်နေတာကိုသာ အာရုံ စိုက်တာကိုပါ။ 00:08:44.874 --> 00:08:48.767 ဒါက ကျွန်မအတွက်တော့ ပြတ်သားခြင်း ကင်းတဲ့ ပန်းချီကားက 00:08:48.767 --> 00:08:52.744 အပြောင်မြောက်ဆုံး လက်ရာရဲ့ သင်္ကေတပါ။ 00:08:52.744 --> 00:08:54.265 သူ ဘယ်တော့မှ ကြည့်မှာ မဟုတ်ဘူး။ NOTE Paragraph 00:08:54.265 --> 00:08:55.944 ဒီတော့ ဘယ်က ဇာတ်လမ်းဆိုတာ တွေးမိတယ် NOTE Paragraph 00:08:55.944 --> 00:08:59.160 ကိုယ်သာ ဒီနေရာမှာဆို ဘယ်သူက သူ့ကို ကြည့်နေလိမ့်မလဲ။ NOTE Paragraph 00:08:59.160 --> 00:09:01.362 ပန်းချီဆရာ မဟုတ်ဘူး ပန်းချီဆရာကို မတွေးချင်ဘူး 00:09:01.362 --> 00:09:03.888 တွေးနေတာကက သူ့ကိုယ်တိုင်ရဲ့ အသက်ပိုကြီးတဲ့ မူကွဲပါ။ 00:09:03.888 --> 00:09:09.833 သူက ယောက်ျား၊ အစေခံ၊ ပိုကြီးတဲ့ အစေခံက ပိုငယ်တဲ့ အစေခံကို ကြည့်နေတာ။ 00:09:09.833 --> 00:09:12.304 ပြောနေတာက " ငါ့ကိုကြည့်၊ မင်းဘာဖြစ်တော့မယ် 00:09:12.304 --> 00:09:14.754 ဆိုတာ သတိပေးမလို့၊ ငါ့ကိုကြည့်စမ်းပါ။" 00:09:14.754 --> 00:09:16.280 သူကတော့ ဘယ်တော့မှ မကြည့်ဘူး။ NOTE Paragraph 00:09:16.280 --> 00:09:20.083 ပြတ်သားခြင်းကင်းမဲ့တဲ့ "Girl with a Pearl Earring " ပန်းချီကား.. 00:09:20.083 --> 00:09:22.127 သူမ ပျော်လား၊ ဝမ်းနည်းလား မသိပါ။ 00:09:22.127 --> 00:09:23.776 သူမအကြောင်း ဝတ္ထုတစ်အုပ်လုံးရေးတယ် 00:09:23.776 --> 00:09:25.776 သူမ ပျော်လား၊ ဝမ်းနည်းလား ဆိုတာ မသိသေးဘူး။ 00:09:25.776 --> 00:09:27.880 အဖြေကိုရှာဖို့၊ ဟာကွက်ကို ဖြည့်ဖို့ 00:09:27.880 --> 00:09:32.561 ပန်းချီကားဆီ အထပ်ထပ် လာခဲ့တယ်။ 00:09:32.561 --> 00:09:36.008 ဇာတ်လမ်းဖွဲ့ပြီး ကိုယ့်ကိုယ်ကို ခဏလောက် စိတ်ကျေနပ်အောင် 00:09:36.008 --> 00:09:41.823 လုပ်လို့ရနိုင်ပေမဲ့ တကယ် မဟုတ်ဘူး၊ ထပ်ထပ် လာတာပဲလေ။ NOTE Paragraph 00:09:41.823 --> 00:09:44.361 နောက်ဆုံးပြောပြမယ့် ပန်းချီကားကတော့ 00:09:44.361 --> 00:09:49.225 "အမည်မသိ" ဆိုတဲ့ အမည်မသိ တစ်ယောက်ရဲ့ ကားပါ။ (ရယ်သံများ) NOTE Paragraph 00:09:49.225 --> 00:09:52.276 ဒါက National Portrait Gallery ကဝယ်ထားတဲ့ Tudor ပုံတူတစ်ကားပါ။ 00:09:52.276 --> 00:09:54.889 Sir Thomas Overbury ဆိုတဲ့ လူတစ်ယောက် လို့ ထင်ခဲ့ကြပြီး 00:09:54.889 --> 00:09:57.553 သူမဟုတ်မှန်း နောက်မှာ ဖော်ထုတ်ခဲ့ကြတယ်။ 00:09:57.553 --> 00:09:59.153 ဘယ်သူမှန်း မသိကြပါဘူး။ NOTE Paragraph 00:09:59.153 --> 00:10:01.296 ကဲ National Portrait Gallery မှာ 00:10:01.296 --> 00:10:03.065 ပန်းချီကားရဲ့ ကိုယ်ရေးရာဇဝင် မသိရင် 00:10:03.065 --> 00:10:04.689 ကိုယ့်အတွက် အသုံးမကျသလိုပါ။ 00:10:04.689 --> 00:10:07.113 ဘယ်သူမှန်း မသိတဲ့အတွက် ဒါကို နံရံမှာ ချိတ်မရဘူး။ 00:10:07.113 --> 00:10:12.017 ဒါနဲ့ ကံဆိုးချင်တော့ ဒီမိဘမဲ့ဟာ အခြားမိဘမဲ့ အများကြီးနဲ့ အချိန်အများစုကို 00:10:12.017 --> 00:10:14.161 သိုလှောင်ခန်းမှာ ကုန်ဆုံးတာပေါ့။ 00:10:14.161 --> 00:10:16.672 တစ်ချို့ကတော့ လှပတဲ့ ပနိးချီကားတွေပါ။ NOTE Paragraph 00:10:16.672 --> 00:10:21.675 ဒီကားက လမ်းကြောင်းမှာ ကျွန်မကို ရပ်တန့်စေတဲ့ အကြောင်း သုံးချက်ရှိတယ်။ 00:10:21.675 --> 00:10:24.552 တစ်ချက်က ပြုံးနေတဲ့ သူ့ပါးစပ်နဲ့ ကြေကွဲနေတဲ့ 00:10:24.552 --> 00:10:27.257 မျက်လုံးတွေကြားက အဆက်အစပ်မရှိခြင်းပါ။ 00:10:27.257 --> 00:10:30.264 သူမပျော်ပါဘူး၊ ဘာလို့ သူမပျော်တာလဲ။ 00:10:30.264 --> 00:10:33.981 ဒုတိယ အချက် ကျွန်မကိုဆွဲဆောင်တဲ့ အရာက 00:10:33.981 --> 00:10:35.697 သူ့ရဲ့ နီမြန်းတဲ့ ပါးပြင်တွေပါ။ 00:10:35.697 --> 00:10:39.304 သူက ရှက်နေတယ်။ သူ့ပုံတူအတွက် ဟန်ပြလုပ်ရတာကို ရှက်နေတယ်။ 00:10:39.304 --> 00:10:42.338 ဒီလူက တစ်ချိန်လုံး ရှက်နေသူပဲ ဖြစ်ရမယ်။ 00:10:42.338 --> 00:10:44.480 သူ့ကိုရှက်စေနေတဲ့ အကြောင်းက ဘာများပါလိမ့်။ 00:10:44.480 --> 00:10:48.256 လမ်းကြောင်းထဲမှာ ကျွန်မကို ရပ်သွားစေတဲ့ တတိယ တစ်ခုက 00:10:48.256 --> 00:10:51.056 သူ့ရဲ့ အပြတ်သားနားတဲ့ နှစ်ထပ်ကုတ်အင်္ကျီပါ။ 00:10:51.056 --> 00:10:54.624 ပိုးသား၊ မီးခိုးရောင် လှပတဲ့ကြယ်သီးတွေပါ။ 00:10:54.624 --> 00:10:56.256 သိတဲ့အတိုင်း ကျွန်မကိုတွေးမိစေတာက 00:10:56.256 --> 00:11:01.048 နွေးထွေးပြီး ခပ်ပွပွနဲ့ အိပ်ရာပေါ် ဂွမ်းကပ် ဖြန့်ထားသလိုနဲ့လေ။ NOTE Paragraph 00:11:01.048 --> 00:11:03.704 အိပ်ရာတွေနဲ့ နီမြန်းတဲ့ပါးပြင်တွေကို ဆက်တွေးနေမိပြီး 00:11:03.704 --> 00:11:06.464 တကယ်တော့ သူ့ကိုကြည့်လိုက်တော့ လိင်ကိစ္စကို ဆက်တွေးမိပြီး 00:11:06.464 --> 00:11:09.072 သူတွေးနေတာ ဒါပဲလို့ ထင်မိတယ်။ 00:11:09.072 --> 00:11:11.344 တွေးမိတာက သူ့အကြောင်း ဝတ္ထုဖန်တီးမယ်ဆိုရင် 00:11:11.344 --> 00:11:13.328 နောက်ဆုံးထည့်ရမှာက ဘာများလဲပေါ့။ 00:11:13.328 --> 00:11:16.958 အင်း Tudor လူကြီးလူကောင်းက ဘာများနဲ့များ ဖိစီးနေမလဲပေါ့။ 00:11:16.958 --> 00:11:18.888 ထင်တာက အင်း တတိယ ဟန်နရီ၊ ဟုတ်ပြီ။ 00:11:18.888 --> 00:11:23.032 သူ့ရဲ့ အမွေ၊ အမွေခံနဲ့ စိတ်ဖိစီးနေမှာပဲပေါ့။ 00:11:23.032 --> 00:11:26.681 သူ့ရဲ့ အမည်နဲ့ စည်းစိမ်ကို ဘယ်သူဆက်ခံမလဲ။ 00:11:26.681 --> 00:11:30.561 ဒါတွေကို စုလိုက်ရင် ကိုယ့်ကို ပြန်ပြန်လာစေတဲ့ ဟာကွက်ကို NOTE Paragraph 00:11:30.561 --> 00:11:33.915 ဖြည့်ပေးတဲ့ ဇာတ်လမ်းကို ရပြီပေါ့။ 00:11:33.915 --> 00:11:38.636 ကဲ ဒီမှာ က ဇာတ်လမ်းပါ။ 00:11:38.636 --> 00:11:41.566 တိုတိုလေးပါ။ NOTE Paragraph 00:11:41.566 --> 00:11:44.297 " ရိုစီ" NOTE Paragraph 00:11:44.297 --> 00:11:48.347 Caroline ငါ့ကိုပေးထားတဲ့ ဘရိုကိတ် နှစ်ထပ်ကုတ်ကို ဝတ်ထားတုန်းပါ။ 00:11:48.347 --> 00:11:52.658 ကော်လာအမြင့် ဗြောင်၊ လက်အရှင် 00:11:52.658 --> 00:11:55.834 ပိုးသားချည်ကျစ် အနုစိတ် ကြယ်သီးတွေကို 00:11:55.834 --> 00:11:58.760 နွေးထွေး ချပ်ရပ်ဖို့ နီးနီးလေး တပ်ထားတယ်။ 00:11:58.760 --> 00:12:02.323 နှစ်ထပ်ကုတ်က ကျယ်ပြန့်တဲ့ အိပ်ရာပေါ်က အိပ်ရာဖုံးကို တွေးမိသွားစေတယ်။ 00:12:02.323 --> 00:12:06.073 ဒါက ရည်ရွယ်ရင်း ဖြစ်နိုင်တယ်။ 00:12:06.073 --> 00:12:10.991 ပထမဆုံးဝတ်ခဲ့တာက သူမ မိဘတွေက ကျုပ်တို့ကို ဂုဏ်ပြု တည်ခင်းတဲ့ ညစာစားပွဲမှာ။ 00:12:10.991 --> 00:12:12.817 ထပြီး စကားမပြောခင်ကတင် ကျုပ်ပါးတွေဟာ 00:12:12.817 --> 00:12:15.386 ပူနေတယ်ဆိုတာ သိခဲ့တယ်။ 00:12:15.386 --> 00:12:19.087 ကျုပ်ဟာ ကာယအားထုတ်မှုကနေ၊ ဝိုင်ကနေ၊ စိတ်ခံစားမှု မြင့်မားတာကနေ 00:12:19.087 --> 00:12:21.442 အလွယ်လေး မျက်နှာရဲတတ်သူပါ။ NOTE Paragraph 00:12:21.442 --> 00:12:25.907 ငယ်ငယ်တုန်းက အမတွေနဲ့ ကျောင်းသားတွေ စတာ ခံခဲ့ရတယ်။ 00:12:25.907 --> 00:12:28.354 George တော့မဟုတ်ဘူး။ 00:12:28.354 --> 00:12:31.428 Gorge ပဲ ကျုပ်ကို ရိုစီလို့ခေါ်တာ။ 00:12:31.428 --> 00:12:33.587 အခြား ဘယ်သူကိုမှ ခေါ်ခွင့်မပေးဘူး။ 00:12:33.587 --> 00:12:37.811 သူဟာ စကားလုံးကို နူးညံ့အောင်လုပ်လိုက်တာပါ။ 00:12:37.811 --> 00:12:40.610 ကျုပ် ကြေညာချက်ထုတ်လိုက်တော့ George ဟာ 00:12:40.610 --> 00:12:43.674 ပန်းရောင်သန်းသွားပြီး ကျုပ်ရဲ့ နှစ်ထပ်ကုတ်လို ဖြူရော်သွားတယ်။ 00:12:43.674 --> 00:12:45.578 သူ တအံ့တအား ဖြစ်မနေခဲ့သင့်ဘူး။ 00:12:45.578 --> 00:12:47.250 တစ်နေ့မှာ ကျုပ်ဟာ သူ့ဝမ်းကွဲကို 00:12:47.250 --> 00:12:51.098 လက်ထပ်မယ်ဆိုတာက လူတိုင်းမှန်းလို့ ရတာပဲလေ။။ 00:12:51.098 --> 00:12:53.682 ဒါပေမဲ့ စကားလုံးတွေကို နားနဲ့ ဆတ်ဆတ်ကြားဖို့ တော့ 00:12:53.682 --> 00:12:56.983 ခက်တာ သိပါတယ်၊ ပြောရုံလေးပြောတာပါ။ NOTE Paragraph 00:12:56.983 --> 00:13:01.385 ဒီနောက်မှာ ဟင်းရွက်ခင်း အပေါ်စီးမှာရှိတဲ့ လှေကားထစ်မှာ George ကိုတွေ့တယ်။ 00:13:01.385 --> 00:13:06.642 တစ်နေ့ခင်းလုံး မရပ်မနား သောက်နေပေမဲ့ လည်း သူဟာ ဖြူရော်နေတုန်းပါ။ 00:13:06.642 --> 00:13:10.867 အတူထိုင်ပြီး အိမ်ဖော်တွေ ဆလတ်ရွက် လှီးတာ ကြည့်ကြတယ်။ 00:13:10.867 --> 00:13:13.129 "ကျုပ်ရဲ့ ကုတ်ကို ဘယ်လိုထင်လဲ " လို့မေးလိုက်တယ်။ NOTE Paragraph 00:13:13.129 --> 00:13:18.573 သူက တစ်ချက်ကြည့်လိုက်ပြီး " ကော်လံက မင်းလည်ပင်းကို ညှစ်နေသလိုပဲနော်။"တဲ့ NOTE Paragraph 00:13:18.573 --> 00:13:20.577 ကျုပ်က "အချင်းချင်း မြင်ရပါသေးတယ်" 00:13:20.577 --> 00:13:23.865 "အမဲလိုက်၊ဖဲရိုက်၊ ရုံးတက်လို့ရပါသေးတယ်။ 00:13:23.865 --> 00:13:25.601 ဘာမှပြောင်းဖို့ မလိုပါဘူး။ 00:13:25.601 --> 00:13:29.318 George က စကားမပြောဘူး။ 00:13:29.318 --> 00:13:32.712 "ကျုပ်က ၂၃ နှစ်။ လက်ထပ်ဖို့ အချိန်ရောက်ပြီလေ။" 00:13:32.712 --> 00:13:36.817 ပြီးတော့ အမွေခံသူ မွေးဖွား၊။ သူတို့က ကျုပ်ကို မျှော်လင့်နေကြတာ။ NOTE Paragraph 00:13:36.817 --> 00:13:40.398 George က နောက် ဝိုင်အနီတစ်ခွက် မော့ချလိုက်ပြီး ကျုပ်ဘက်လှည့်ကာ 00:13:40.398 --> 00:13:44.481 "မင်းရဲ့ လာမယ့် မင်္ဂလာပွဲအတွက် ဝမ်းသာတယ်၊ James ရေ။ 00:13:44.481 --> 00:13:49.317 မင်းတို့တွေ ပျော်ကြမှာ ကျိန်းသေပါကွာ။ 00:13:49.317 --> 00:13:52.634 သူ နာမည်ပြောင် ဘယ်တော့မှ မသုံးတော့ဘူး။ NOTE Paragraph 00:13:52.634 --> 00:13:54.393 ကျေးဇူးတင်ပါတယ်။ NOTE Paragraph 00:13:54.393 --> 00:13:57.775 (လက်ခုပ်သံများ) NOTE Paragraph 00:13:57.775 --> 00:13:58.957 ကျေးဇူးတင်ပါတယ်။ NOTE Paragraph 00:13:58.957 --> 00:14:00.504 (လက်ခုပ်သံများ)