1 00:00:00,516 --> 00:00:04,623 ကျွန်မခံစားရတဲ့ ဝေဒနာတစ်ခု အကြောင်း ပြောပြမလို့ပါ။ 2 00:00:04,623 --> 00:00:07,127 အဲဒါကြောင့် ရှင်တို့ထဲက တစ်ချို့လည်း ခံစားကြရတယ်လို့ 3 00:00:07,127 --> 00:00:09,047 ရယ်စရာ ခံစားချက် ကျွန်မမှာ ရှိပါတယ်။ 4 00:00:09,047 --> 00:00:11,144 အခန်းတိုင်း ပန်းချီကားတွေနဲ့ ပြည့်နေတဲ့ 5 00:00:11,144 --> 00:00:13,247 ပန်းချီပြခန်းတစ်ခု အနား လျှောက်နေတုန်း 6 00:00:13,247 --> 00:00:17,764 ၁၅ မိနစ် မိနစ် ၂၀ လောက်ကြာတော့ ကိုယ် တွေးနေတာက 7 00:00:17,764 --> 00:00:19,655 ပန်းချီကားအကြောင်း မဟုတ်တာ သိလိုက်တယ်။ 8 00:00:19,655 --> 00:00:21,263 ကျွန်မ ဒါတွေကို မဆက်သွယ်ပါဘူး။ 9 00:00:21,263 --> 00:00:23,767 ဒီအစား ကျွန်မကို အသည်းအသန် နိုးဖို့ လိုတဲ့ 10 00:00:23,767 --> 00:00:26,767 ကော်ဖီခွက်အကြောင်းကို တွေးနေတာလေ။ 11 00:00:26,767 --> 00:00:29,951 ပန်းချီပြခန်း ဒဏ်ခံစားနေရပါတယ်။ 12 00:00:29,951 --> 00:00:32,327 ရှင်တို့ ဘယ်နှစ်ယောက် အဲဒီလို ခံစားရ... 13 00:00:32,327 --> 00:00:34,332 ဟုတ် ဟား ဟား ဟား။ 14 00:00:34,332 --> 00:00:36,482 ကဲ တစ်ခါတစ်လေ မိနစ် ၂၀ ထက် ပိုကြာနိုင်တယ် 15 00:00:36,482 --> 00:00:38,576 ဒါမှမဟုတ် ပို တိုနိုင်တာပေါ့ 16 00:00:38,576 --> 00:00:40,790 ဒါပေမဲ့ အားလုံး ခံစားရတယ်ထင်တယ်။ 17 00:00:40,790 --> 00:00:42,871 စိတ်ထဲ လိပ်ပြာမလုံတာမျိုးရော ဖြစ်လား။ 18 00:00:42,871 --> 00:00:45,858 ကျွန်မအတွက်တော့ နံရံပေါ်က ပန်းချီကားတွေကို ကြည့်ပြီး ဒါတွေဟာ 19 00:00:45,858 --> 00:00:48,873 နံရံမှာ ထားရလောက်အောင် ကောင်းတယ်လို့ တစ်ယောက်ယောင်က ထင်မိလို့ 20 00:00:48,873 --> 00:00:51,401 ထားဖို့ ဆုံးဖြတ်လိုက်တာလို့ ထင်တယ်။ 21 00:00:51,401 --> 00:00:52,759 ဒါပေမဲ့ အမြဲတမ်းတော့ မထင်ဘူး 22 00:00:52,759 --> 00:00:55,423 တကယ်က အချိန်အများစုမှာ မထင်မိဘူး။ 23 00:00:55,423 --> 00:00:59,197 တကယ့်ကို စိတ်ညစ်မိတဲ့ ခံစားချက်ကျန်ရစ်တယ်။ 24 00:00:59,197 --> 00:01:02,664 ပန်းချီကားဟာ တစ်ခုခု မှားနေတယ်လို့ တွေးမိတာထက် ကိုယ့်ကိုယ်ကို 25 00:01:02,664 --> 00:01:04,727 မလုံမလဲနဲ့ စိတ်ညစ်သလို ခံစားရတယ်။ 26 00:01:04,727 --> 00:01:06,184 ကိုယ် တစ်ခုခုမှားတာပဲ ထင်တယ်။ 27 00:01:06,184 --> 00:01:09,092 အဲဒီလိုခံစားချက်မျိုးနဲ့ ပြခန်းထဲမှ ထွက်လာတာ မကောင်းဘူးလေ။ 28 00:01:09,092 --> 00:01:10,363 (ရယ်သံများ) 29 00:01:10,363 --> 00:01:12,672 ကိစ္စက ကိုယ့်ကိုယ်ကို အနားပေးသင့် တယ်လို့ ထင်တယ်။ 30 00:01:12,672 --> 00:01:15,132 စားသောက်ဆိုင်ထဲကို ဝင်မယ်လို့စဉ်းစားရင် 31 00:01:15,132 --> 00:01:18,819 ဟင်းလျာစာရင်းကို ကြည့်တော့ စာရင်းမှာပါတာတိုင်းကို 32 00:01:18,819 --> 00:01:21,002 မှာဖို့ မျှော်လင့်ထားသလား။ 33 00:01:21,002 --> 00:01:22,884 မဟုတ်ဘူး။ ရွေးမှာတာပါ။ 34 00:01:22,884 --> 00:01:26,059 ရှပ်အင်္ကျီတစ်ထည်ဝယ်ဖို့ ကုန်တိုက်ကိုဝင်ရင် 35 00:01:26,059 --> 00:01:29,036 ရှပ် အင်္ကျီတိုင်းကို စမ်းဝတ်မှာလား။ 36 00:01:29,036 --> 00:01:30,364 အထည်တိုင်းကို လိုချင်လား။ 37 00:01:30,364 --> 00:01:34,491 မဟုတ်ဘူး၊ ကိုယ်က ရွေးနိုင်ရပါမယ်။ ဒါ မျှော်လင့်ထားတာလေ။ 38 00:01:34,491 --> 00:01:37,112 ဒါဆို ပန်းချီပြခန်းသွာတော့ ရွေးချယ်စရာ 39 00:01:37,112 --> 00:01:39,685 မရှိနိုင်ဘူးလို့ ဘယ်လိုလုပ် ယူဆကြတာတုန်း။ 40 00:01:39,685 --> 00:01:42,980 ဘာကြောင့် ပန်းချီကားတိုင်းနဲ့ ဆက်စပ်မှု ရှိသင့်ရတာလဲ။ 41 00:01:42,980 --> 00:01:45,684 မတူတဲ့ နည်းလမ်းနဲ့ ချဉ်းကပ်ဖို့ ကျွန်မ ကြိုးစားနေပါတယ်။ 42 00:01:45,684 --> 00:01:47,302 လုပ်စရာ နှစ်ခုရှိပါတယ်၊ 43 00:01:47,302 --> 00:01:51,796 ပြခန်းတစ်ခုကို သွားရင် ပထမဆုံးက မြန်မြန်လေး သွားလိုက်တယ်။ 44 00:01:51,796 --> 00:01:56,031 အကုန်လုံးကိုကြည့်ပြီး တစ်နည်းနည်းဖြင့် ကိုယ့်ကို 45 00:01:56,031 --> 00:01:59,085 နှေးလာစေတဲ့ဟာတွေကို စေ့စေ့စပ်စပ် ဖေါ်ထုတ်လိုက်တယ်။ 46 00:01:59,085 --> 00:02:01,886 ဘာဖြစ်လို့ ကိုယ့်ကို နှေးသွားစေတာလဲ ဆိုတာတောင်မသိပေမဲ့ 47 00:02:01,886 --> 00:02:03,943 တစ်ခုခုက ကျွန်မကို သံလိုက်လို ဆွဲထားပါတယ်။ 48 00:02:03,943 --> 00:02:07,061 နောက်ပြီး ကျန်တာတွေကို လျစ်လျှူရှုကာ ဒီကားဆီပဲသွားတယ်။ 49 00:02:07,061 --> 00:02:09,525 ဒီတော့ ပထမဆုံး လုပ်တာက ကိုယ်ပိုင်ရွေးချယ်ခြင်းပါ။ 50 00:02:09,525 --> 00:02:12,821 ပန်းချီကား တစ်ချပ်ကိုရွေးတယ်။ ၅၀ ထဲက တစ်ကား ဖြစ်ချင်ဖြစ်မယ်။ 51 00:02:12,821 --> 00:02:16,511 နောက် ဒုတိယလုပ်တာက ပန်းချီးကားရှေ့မှာ ရပ်လိုက်ပြီး 52 00:02:16,511 --> 00:02:19,588 ဒီအကြောင်း ပုံပြင် တစ်ပုဒ် ကိုယ့်ဘာသာ ပြောတာပါ။ 53 00:02:19,588 --> 00:02:23,186 ဘာလို့ ပုံပြင် တစ်ပုဒ်လဲ။ ကျွန်မတို့ဟာ ထူးဆန်းတယ်လို့ ထင်တယ်။ 54 00:02:23,186 --> 00:02:27,077 ကျွန်မတို့ရဲ့ DNA က ကျွန်မတို့ကို ပုံတွေ ပြောပြတယ်။ 55 00:02:27,077 --> 00:02:29,446 အရာတိုင်းရဲ့ပုံတွေ တစ်ချိန်လုံး ကျွန်မတို့ပြောကာ 56 00:02:29,446 --> 00:02:34,557 ကမ္ဘာကြီးဟာ ရူးကြောင်ပြီး ပရမ်းပတာနေရာ တစ်ခုလိုနေဖြစ်လို့ ပြောတာလို့ ထင်တယ်။ 57 00:02:34,557 --> 00:02:38,508 တစ်ခါတစ်လေ ပုံပြင်တွေက ကျွန်မတို့ ကမ္ဘာကြီးကို နည်းနည်း သဘောပေါက်ဖို့ 58 00:02:38,508 --> 00:02:40,677 အစီအစဉ်ချပေးဖို့ ကြိုးစားနေတာပါ။ 59 00:02:40,677 --> 00:02:44,668 ဒါကို ပန်းချီကားတွေကြည့်တာမှာ သုံးရအောင်လေ။ 60 00:02:44,668 --> 00:02:48,383 ကဲ စားသောက်ဆိုင်က ဟင်းလျာစာရင်းလို ပြခန်းတွေကို 61 00:02:48,383 --> 00:02:51,606 လည်ပတ်ရေး စာရင်းရှိတယ်။ 62 00:02:51,606 --> 00:02:54,814 ရှင်တို့ကို ပြမယ့် ကျွန်မရဲ့ လမ်းကြောင်းတွေမှာ ကျွန်မကို 63 00:02:54,814 --> 00:02:57,878 ရပ်တန့်သွားစေခဲ့တဲ့ ပန်းချီကား သုံးကားရှိပါတယ်။ 64 00:02:57,878 --> 00:03:00,424 သူတို့ရဲ့ ဇာတ်လမ်းတွေကို ပြောပြချင်ပါတယ်။ 65 00:03:00,424 --> 00:03:03,975 ပထမဆုံး တစ်ချပ်က နည်းနည်း မိတ်ဆက်ဖို့လိုပါတယ်။ 66 00:03:03,975 --> 00:03:07,006 ၁၇ ရာစု ဒတ်ခ်ျ ပန်းချီဆရာ Johannes Vermeer ရဲ့ 67 00:03:07,006 --> 00:03:09,162 "ပုလဲနားကပ်နဲ့ ကောင်မလေး" ပါ။ 68 00:03:09,162 --> 00:03:11,662 ဒါဟာ အခမ်းနားဆုံး ပန်းချီကားပါ။ 69 00:03:11,662 --> 00:03:13,806 ကျွန်မ ၁၉ နှစ်မှာ ပထမဆုံးမြင်ခဲ့ပြီး 70 00:03:13,806 --> 00:03:16,086 ချက်ချင်းပဲ နံရံကပ်ပိုစတာ သွားဝယ်လိုက်တယ်။ 71 00:03:16,086 --> 00:03:20,243 ဒီ ပိုစတာ အခုထိရှိတုန်းပါ၊ နှစ် ၃၀ ကြာသွားတာတောင် အိမ်မှာ ချိတ်ဆွဲထားတုန်းပါ။ 72 00:03:20,243 --> 00:03:23,393 ကျွန်မ ဘယ်သွားသွား အဖေါ်ပြုပေးပါတယ်။ 73 00:03:23,393 --> 00:03:25,737 သူမကြည့်ရတာ ကျွန်မ ဘယ်တော့မှ စိတ်မကုန်နိုင်ဘူး။ 74 00:03:25,737 --> 00:03:29,516 ကျွန်မရဲ့ ရှာဖွေမှုထဲတွင် သူမ အနားမှာ ရပ်တန့်မှုကို အစပြုလိုက်တာက 75 00:03:29,516 --> 00:03:32,073 ပန်းချီဆရာ သုံးတဲ့ အရောင်တွေနဲ့ 76 00:03:32,073 --> 00:03:34,017 သူမရဲ့ မျက်နှာပေါ်က အလင်းကျပုံပါ။ 77 00:03:34,017 --> 00:03:36,801 ဒါပေမဲ့ ကျွန်မကို တစ်နှစ်ပြီးတစ်နှစ် ဆက်၊ ဆက် လာနေစေတာက 78 00:03:36,801 --> 00:03:39,857 အခြားအကြောင်းတစ်ခုလို့ ထင်ပါတယ်။ ဒါကတော့ 79 00:03:39,857 --> 00:03:43,551 သူမရဲ့ မျက်နှာပေါ်က အကြည့်၊ မျက်နှာပေါ်က ဝိရောဓိဖြစ်နေတဲ့ အကြည့်ပါ။ 80 00:03:43,551 --> 00:03:45,969 သူမပျော်လား၊ ဝမ်းနည်းလား ကျွန်မ မပြောနိုင်ပဲ 81 00:03:45,969 --> 00:03:48,936 ကျွန်မစိတ်က တစ်ချိန်လုံး ပြောင်းလဲနေပါတယ်။ 82 00:03:48,936 --> 00:03:52,535 ဒီတော့ ဒါက ကျွန်မကို ဆက်၊ ဆက်လာနေစေတာပေါ့။ 83 00:03:52,535 --> 00:03:56,544 တစ်နေ့ ဒီပုံကို နံရံမှာထားပြီး ၁၆ နှစ်အကြာမှာ 84 00:03:56,544 --> 00:03:59,226 အိပ်ရာထက်လှဲပြီး သူမကိုကြည့်လိုက်တယ်၊ 85 00:03:59,226 --> 00:04:01,805 ရုတ်တရက် တွေးမိတာက ပန်းချီဆရာက သူမကို 86 00:04:01,805 --> 00:04:05,723 ဒီလိုအကြည့်ဖြစ်အောင် လုပ်ခဲ့သလားပေါ့။ 87 00:04:05,723 --> 00:04:08,667 သူမရဲ့ မျက်နှာပေးဟာ ပန်းချီဆရာနဲ့ ပတ်သက်ပြီး 88 00:04:08,667 --> 00:04:11,467 သူမရဲ့ခံစားချက်ကိုတကယ်ပဲ ရောင်ပြန်ဟပ်နေတယ်ဆိုတာကို 89 00:04:11,467 --> 00:04:13,606 ပထမဆုံးတွေးမိဖူးတဲ့ အတွေးပါပဲ။ 90 00:04:13,606 --> 00:04:16,762 မိန်းကလေးတစ်ယောက်ရဲ့ ပုံတူအဖြစ် အရင်က တွေးမိခဲ့တဲ့အတိုင်းပါ။ 91 00:04:16,762 --> 00:04:21,531 အခုတော့ ဒါကို သံယောဇဉ်တစ်ခုရဲ့ ပုံတူတစ်ခုလို့ စတွေးမိပါတယ်။ 92 00:04:21,531 --> 00:04:24,363 တွေးမိတာက အင်း၊ ဒီသံယောဇဉ်က ဘာလဲပေါ့။ 93 00:04:24,363 --> 00:04:27,571 ဒီတော့ ရှာဖွေချင်လာတယ်။ လေ့လာမှုလုပ်ပြီး တွေ့ရှိရတာက 94 00:04:27,571 --> 00:04:29,896 သူမဟာ ဘယ်သူလဲဆိုတာ ကျွန်မတို့ မသိရတာပါ။ 95 00:04:29,896 --> 00:04:32,243 တကယ်တော့ Vermeer ရဲ့ ပန်းချီကားတွေထဲက 96 00:04:32,243 --> 00:04:34,603 ကိုယ်ဟန်မယ်တွေဟာ ဘယ်သူဆိုတာ ကျွန်မတို့ မသိတာပါ။ 97 00:04:34,603 --> 00:04:36,730 Vermeer ရဲ့အကြောင်းတောင် မသိသလောက်ပါ။ 98 00:04:36,730 --> 00:04:39,504 ဒါက ကျွန်မကို "ဟေး" လို့အော်ဖြစ်သွားတယ်။ 99 00:04:39,504 --> 00:04:44,163 ကိုယ်လုပ်ချင်တာလုပ်မယ်၊ ကိုယ်ဖြစ်ချင် တဲ့ဇာတ်လမ်းဘာဖြစ်ဖြစ် စိတ်ကူးလို့ရတယ်။ 100 00:04:44,163 --> 00:04:46,759 ဒီတော့ ဒီဇာတ်လမ်းရလာပုံပါ။ 101 00:04:46,759 --> 00:04:48,636 ပထမဆုံး တွေးမိတာကတော့ 102 00:04:48,636 --> 00:04:50,728 သူမကို အိမ်ပေါ်ရောက်အောင်လုပ်ရမယ်။ 103 00:04:50,728 --> 00:04:53,216 Vermeer သူမကို ဘယ်လိုလုပ်ပြီး သိခဲ့တာလဲ။ 104 00:04:53,216 --> 00:04:54,760 အင်း အကြံပြုချက်တွေ ရှိထားတာက 105 00:04:54,760 --> 00:04:59,183 သူမဟာ ၁၂ နှစ်သမီးလေး၊ 106 00:04:59,183 --> 00:05:01,408 သူပန်းချီစဆွဲတော့ သမီးလေးဟာ ၁၂ နှစ် သမီးပါ။ 107 00:05:01,408 --> 00:05:04,104 ဒီတော့ တွေးမိတာက "မဟုတ်ဘူး၊ အကြည့်က အရမ်း ရင်းနှီးနေတယ်၊ 108 00:05:04,104 --> 00:05:06,288 သမီးက အဖေ့ကိုကြည့်တဲ့အကြည့် မဟုတ်ဘူး။ 109 00:05:06,288 --> 00:05:08,128 တစ်ခုရှိတာက ဒတ်ခ်ျ ပန်းချီဆွဲချိန်မှာ 110 00:05:08,128 --> 00:05:11,720 မိန်းမတစ်ယောက်ဟာ ပါးစပ်ဟနေရင်၊ ဒါဟာ လိင်ပိုင်းဆိုင်ရာ ရနိုင်တာကို ပြတယ်။ 111 00:05:11,720 --> 00:05:13,608 သူ့သမီးကို ဒီလို ပန်းချီဆွဲဖို့တော့ 112 00:05:13,608 --> 00:05:15,504 Vermeer အတွက် မသင့်တော်ဘူးလေ။ 113 00:05:15,504 --> 00:05:17,384 ဒီတော့ သမီးမဟုတ်ရင်၊ သူနဲ့ ရင်းနှီးသူ 114 00:05:17,384 --> 00:05:19,634 တစ်ယောက်ယောက်ပေါ့၊ ကာယကံမြောက် ရင်းနှီးသူပေါ့။ 115 00:05:19,634 --> 00:05:21,898 ကဲ၊ ဒီအိမ်ထဲ ဘယ်သူကများ လာရှိနိုင်မလဲ။ 116 00:05:21,898 --> 00:05:25,281 အစေခံတစ်ယောက်၊ လှပတဲ့ အစေခံတစ်ယောက်ပေါ့။ 117 00:05:25,281 --> 00:05:26,842 ဒါကြောင့် သူမက အိမ်ထဲမှာရှိတာလေ။ 118 00:05:26,842 --> 00:05:29,503 သူမကို ပန်းချီခန်းထဲ ဘယ်လိုခေါ်မလဲ။ 119 00:05:29,503 --> 00:05:31,637 Vermeer အကြောင်း အများကြီး မသိပေမဲ့ 120 00:05:31,637 --> 00:05:33,776 နည်းနည်းလေး သိထားတာတစ်ခုက 121 00:05:33,776 --> 00:05:36,767 သူဟာ ကတ်သလစ် အမျိုးသမီးနဲ့ လက်ထပ်ပြီး သူမရဲ့ အမေနဲ့အတူ 122 00:05:36,767 --> 00:05:39,040 သူ့ကိုယ်ပိုင် အခန်းရှိတဲ့ အိမ်တစ်လုံးမှာနေတယ်။ 123 00:05:39,040 --> 00:05:43,323 ဒါက သူ့ပန်းချီခန်းပါ။ သူ့မှာ ကလေး ၁၁ ယောက်လည်းရှိတယ်။ 124 00:05:43,323 --> 00:05:46,400 ဗြောင်းဆန် ဆူညံနေတဲ့ အိမ်ထောင်စု ဖြစ်လိမ့်မယ်။ 125 00:05:46,400 --> 00:05:49,344 အရင်က Vermeer ရဲ့ ပန်းချီကားတွေသာ တွေ့မိခဲ့ရင် 126 00:05:49,344 --> 00:05:53,208 ဒါတွေဟာ မယုံနိုင်အောင်ကို အေးချမ်း တိတ်ဆိတ်တယ်ဆိုတာ သိကြပါတယ်။ 127 00:05:53,208 --> 00:05:57,104 ပန်းချီဆရာဟာ ကလေး ၁၁ ယောက် နဲ့ ဒီလိုအေးချမ်းတဲ့ကားတွေ ဘယ်လိုလုပ်ဆွဲလဲ။ 128 00:05:57,104 --> 00:05:59,400 အင်း၊ သူက သူ့ဘဝကို အကန့်ခွဲလိုက်တယ်။ 129 00:05:59,400 --> 00:06:03,080 သူ့ပန်းချီခန်းထဲဝင်ရင် သူက " ဒီကို ဘယ်သူမှမလာနဲ့။" လို့ပြောတယ်။ 130 00:06:03,080 --> 00:06:07,808 မိန်းမရော၊ ကလေးတွေပါ။ ကောင်းပြီ၊ အိမ်ဖော်ကတော့ လာပြီး ရှင်းတယ်ပေါ့။ 131 00:06:07,808 --> 00:06:14,859 သူမက ပန်းချီခန်းမှာ။ သူကလာခိုင်းပြီး သူတို့ အတူတူပေါ့။ 132 00:06:14,859 --> 00:06:16,939 ပြီး သူမကို ပုံဆွဲဖို့ ဆုံးဖြတ်တယ်ပေါ့။ 133 00:06:16,939 --> 00:06:19,207 သူမကို ရိုးရိုးအဝတ်တွေ ဝတ်ခိုင်းတယ်။ 134 00:06:19,207 --> 00:06:22,578 ကဲ Vermeer ရဲ့ အခြားပုံတွေထဲမှာ အကုန်လုံး သို့မဟုတ် မိန်းမအများစုဟာ 135 00:06:22,578 --> 00:06:28,544 ပိုးသား၊ သားမွှေး အပြတ်သားနားတဲ့ ပစ္စည်းတွေ ဝတ်ကြတယ်။ 136 00:06:28,544 --> 00:06:31,064 ဒီပုံကတော့ အရမ်းရိုးပါတယ်။ မရိုးတာဆိုလို့ 137 00:06:31,064 --> 00:06:33,104 သူမရဲ့ ပုလဲနားကပ်ပါ။ 138 00:06:33,104 --> 00:06:36,551 ကဲ သူမဟာ အစေခံဆိုရင် ပုလဲနားကပ်တစ်ရံဖိုး 139 00:06:36,551 --> 00:06:38,758 မတတ်နိုင်လောက်ပါဘူး။ 140 00:06:38,758 --> 00:06:42,020 ဒါဆို ဒါတွေဟာ သူမရဲ့ ပုလဲနားကပ်တွေ မဟုတ်ဘူးပေါ့။ ဘယ်သူ့ဟာတွေလဲ။ 141 00:06:42,020 --> 00:06:47,061 သိရတာက Catharina ၊ ဇနီးသည်ရဲ့ အဝတ်အစား စာရင်းရှိတယ်။ 142 00:06:47,061 --> 00:06:50,677 ဒီအထဲက သားမွှေးဖြူနဲ့ ကုတ်အဝါတစ်ထည်၊ 143 00:06:50,677 --> 00:06:52,424 အဝါနဲ့ အနက် ဘော်လီတစ်ထည်၊ 144 00:06:52,424 --> 00:06:56,118 အခြားပုံတွေမှာ ဒီအဝတ်အစားတွေ တွေ့ရပါတယ်၊ 145 00:06:56,118 --> 00:06:59,232 ပုံတွေထဲက မိန်းမ အမျိုးမျိုးမှာ၊ Vermeer ရဲ့ပုံတွေမှာလေ။ 146 00:06:59,232 --> 00:07:03,710 ဒီတော့ ရှင်းနေတာက သူမရဲ့ အဝတ်တွေဟာ မိန်းမအမျိုးမျိုးဆီက ငှားထားတာပေါ့။ 147 00:07:03,710 --> 00:07:06,229 ဒါနဲ့ပဲ ပုလဲနားကပ်ဟာ သူ့မိန်းမပိုင်ပါတယ်လို့ 148 00:07:06,229 --> 00:07:09,813 ကောက်ယုံလိုက်လို့တော့ မရပါဘူး။ 149 00:07:09,813 --> 00:07:12,990 ဒီတော့ ဇာတ်လမ်းအတွက် အစိတ်အပိုင်းတွေ အားလုံး ရပြီပေါ့။ 150 00:07:12,990 --> 00:07:15,420 သူမဟာ သူနဲ့ ပန်းချီခန်းထဲမှာ အကြာကြီး ရှိခဲ့တယ်။ 151 00:07:15,420 --> 00:07:17,463 ဒီပုံတွေဆွဲဖို့က အချိန်တော်တော် ယူရတယ်လေ။ 152 00:07:17,463 --> 00:07:20,334 အဲဒီတစ်ချိန်လုံး သူတို့နှစ်ယောက်တည်း ကုန်ဆုံးခဲ့တာ။ 153 00:07:20,334 --> 00:07:22,334 သူ့ဇနီးရဲ့ ပုလဲနားကပ်ကို သူမဝတ်ထားတယ်။ 154 00:07:22,334 --> 00:07:25,149 လှနေတာပေါ့။ သူ့ကိုချစ်နေတာ အရှင်းကြီး ဝိရောဓိ ဖြစ်တာပေါ့။ 155 00:07:25,149 --> 00:07:27,941 ဇနီးရော သိလား။ သိချင်မှသိမှာပေါ့။ 156 00:07:27,941 --> 00:07:31,319 သူမ မသိဘူးဆိုရင် ...အင်း... 157 00:07:31,319 --> 00:07:33,174 ဒါက ဇာတ်လမ်းပါ။ 158 00:07:33,174 --> 00:07:35,351 (ရယ်သံများ) 159 00:07:35,351 --> 00:07:37,941 ကျွန်မ ပြောပြမယ့် နောက်ပန်းချီကားက 160 00:07:37,941 --> 00:07:41,188 "Boy Building a House of Cards" ဆိုတဲ့ Chadin ရဲ့ကားပါ။ 161 00:07:41,188 --> 00:07:45,564 သူက သက်ငြိမ် ပန်ချီကားတွေနဲ့ ကျော်ကြားတဲ့ ၁၈ ရာစု ပြင်သစ် ပန်းချီဆရာပါ။ 162 00:07:45,564 --> 00:07:48,157 တစ်ခါတစ်လေတော့ လူပုံတွေဆွဲတတ်ပါတယ်။ 163 00:07:48,157 --> 00:07:52,124 တကယ်တော့ ဒီပုံကို မူကွဲ လေးမျိုးနဲ့ ဆွဲခဲ့တာပါ။ 164 00:07:52,124 --> 00:07:56,084 စက္ကူအိမ်ဆောက်နေတဲ့ ကောင်လေးပုံ အမျိုးမျိုး၊ အာရုံစိုက်ထားတဲ့ ပုံတွေပါ။ 165 00:07:56,084 --> 00:07:59,548 ဒီမူကွဲကို အကြိုက်ဆုံးဖြစ်တာက တစ်ချို့ကောင်လေးတွေက 166 00:07:59,548 --> 00:08:02,941 ပိုအသက်ကြီးပြီး တစ်ချို့က ပိုငယ်ကာ ဒီပုံကျတော့ ကျွန်မအတွက် 167 00:08:02,941 --> 00:08:05,893 Goldilocks ရဲ့ ယာဂုလိုပဲလေ။ အတော်ပဲပေါ့။ 168 00:08:05,893 --> 00:08:09,884 သူက သိပ်လည်း ကလေး မဟုတ်၊ လူကြီးလည်း မဟုတ်ဘူးလေ။ 169 00:08:09,884 --> 00:08:14,677 သူဟာ အပြစ်ကင်းစင်မှုနဲ့ ရင့်ကျက်မှုကြားမှာ လုံးဝ ဟန်ချက်ညီတယ်။ 170 00:08:14,677 --> 00:08:19,160 ဒါက လမ်းကြောင်းထဲမှာ ကျွန်မကို ဒီကားရှေ့မှာ ရပ်တန့်သွားတာပါ။ 171 00:08:19,160 --> 00:08:22,877 သူ့မျက်နှာကိုကြည့်တော့ Vermeer ရဲ့ ကားနဲ့ နည်းနည်းဆင်တယ်။ 172 00:08:22,877 --> 00:08:25,500 အလင်းက ဘယ်ဘက်ကလာကာ သူ့မျက်နှာဟာ ဒီတောက်ပတဲ့ အလင်းမှာ 173 00:08:25,500 --> 00:08:27,724 ရွှန်းစိုနေပါတယ်။ ပုံရဲ့ အလယ်ခေါင်မှာဖြစ်ပြီး 174 00:08:27,724 --> 00:08:30,736 ကြည့်လိုက်ပါ ဒါကိုကြည့်ရင်း သိလိုက်တာ၊ 175 00:08:30,736 --> 00:08:31,943 မတ်တပ်ရပ်ရင်း ပြောမိနေတာက 176 00:08:31,943 --> 00:08:34,896 "ငါ့ကို ကြည့်ပါဦး၊ ကြည့်ပါဦးကွယ်။"လို့ပါ။ 177 00:08:34,896 --> 00:08:37,632 သူကတော့ မကြည့်ပါဘူး။ သူ့ကဒ်ပြားတွေကိုပဲ ကြည့်နေတာပါ။ 178 00:08:37,632 --> 00:08:40,384 ဒါဟာ ပန်းချီကားရဲ့ စွဲဆောင်တဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပြီး 179 00:08:40,384 --> 00:08:44,874 ကျွန်မတို့ကို မကြည့်ပဲ သူလုပ်နေတာကိုသာ အာရုံ စိုက်တာကိုပါ။ 180 00:08:44,874 --> 00:08:48,767 ဒါက ကျွန်မအတွက်တော့ ပြတ်သားခြင်း ကင်းတဲ့ ပန်းချီကားက 181 00:08:48,767 --> 00:08:52,744 အပြောင်မြောက်ဆုံး လက်ရာရဲ့ သင်္ကေတပါ။ 182 00:08:52,744 --> 00:08:54,265 သူ ဘယ်တော့မှ ကြည့်မှာ မဟုတ်ဘူး။ 183 00:08:54,265 --> 00:08:55,944 ဒီတော့ ဘယ်က ဇာတ်လမ်းဆိုတာ တွေးမိတယ် 184 00:08:55,944 --> 00:08:59,160 ကိုယ်သာ ဒီနေရာမှာဆို ဘယ်သူက သူ့ကို ကြည့်နေလိမ့်မလဲ။ 185 00:08:59,160 --> 00:09:01,362 ပန်းချီဆရာ မဟုတ်ဘူး ပန်းချီဆရာကို မတွေးချင်ဘူး 186 00:09:01,362 --> 00:09:03,888 တွေးနေတာကက သူ့ကိုယ်တိုင်ရဲ့ အသက်ပိုကြီးတဲ့ မူကွဲပါ။ 187 00:09:03,888 --> 00:09:09,833 သူက ယောက်ျား၊ အစေခံ၊ ပိုကြီးတဲ့ အစေခံက ပိုငယ်တဲ့ အစေခံကို ကြည့်နေတာ။ 188 00:09:09,833 --> 00:09:12,304 ပြောနေတာက " ငါ့ကိုကြည့်၊ မင်းဘာဖြစ်တော့မယ် 189 00:09:12,304 --> 00:09:14,754 ဆိုတာ သတိပေးမလို့၊ ငါ့ကိုကြည့်စမ်းပါ။" 190 00:09:14,754 --> 00:09:16,280 သူကတော့ ဘယ်တော့မှ မကြည့်ဘူး။ 191 00:09:16,280 --> 00:09:20,083 ပြတ်သားခြင်းကင်းမဲ့တဲ့ "Girl with a Pearl Earring " ပန်းချီကား.. 192 00:09:20,083 --> 00:09:22,127 သူမ ပျော်လား၊ ဝမ်းနည်းလား မသိပါ။ 193 00:09:22,127 --> 00:09:23,776 သူမအကြောင်း ဝတ္ထုတစ်အုပ်လုံးရေးတယ် 194 00:09:23,776 --> 00:09:25,776 သူမ ပျော်လား၊ ဝမ်းနည်းလား ဆိုတာ မသိသေးဘူး။ 195 00:09:25,776 --> 00:09:27,880 အဖြေကိုရှာဖို့၊ ဟာကွက်ကို ဖြည့်ဖို့ 196 00:09:27,880 --> 00:09:32,561 ပန်းချီကားဆီ အထပ်ထပ် လာခဲ့တယ်။ 197 00:09:32,561 --> 00:09:36,008 ဇာတ်လမ်းဖွဲ့ပြီး ကိုယ့်ကိုယ်ကို ခဏလောက် စိတ်ကျေနပ်အောင် 198 00:09:36,008 --> 00:09:41,823 လုပ်လို့ရနိုင်ပေမဲ့ တကယ် မဟုတ်ဘူး၊ ထပ်ထပ် လာတာပဲလေ။ 199 00:09:41,823 --> 00:09:44,361 နောက်ဆုံးပြောပြမယ့် ပန်းချီကားကတော့ 200 00:09:44,361 --> 00:09:49,225 "အမည်မသိ" ဆိုတဲ့ အမည်မသိ တစ်ယောက်ရဲ့ ကားပါ။ (ရယ်သံများ) 201 00:09:49,225 --> 00:09:52,276 ဒါက National Portrait Gallery ကဝယ်ထားတဲ့ Tudor ပုံတူတစ်ကားပါ။ 202 00:09:52,276 --> 00:09:54,889 Sir Thomas Overbury ဆိုတဲ့ လူတစ်ယောက် လို့ ထင်ခဲ့ကြပြီး 203 00:09:54,889 --> 00:09:57,553 သူမဟုတ်မှန်း နောက်မှာ ဖော်ထုတ်ခဲ့ကြတယ်။ 204 00:09:57,553 --> 00:09:59,153 ဘယ်သူမှန်း မသိကြပါဘူး။ 205 00:09:59,153 --> 00:10:01,296 ကဲ National Portrait Gallery မှာ 206 00:10:01,296 --> 00:10:03,065 ပန်းချီကားရဲ့ ကိုယ်ရေးရာဇဝင် မသိရင် 207 00:10:03,065 --> 00:10:04,689 ကိုယ့်အတွက် အသုံးမကျသလိုပါ။ 208 00:10:04,689 --> 00:10:07,113 ဘယ်သူမှန်း မသိတဲ့အတွက် ဒါကို နံရံမှာ ချိတ်မရဘူး။ 209 00:10:07,113 --> 00:10:12,017 ဒါနဲ့ ကံဆိုးချင်တော့ ဒီမိဘမဲ့ဟာ အခြားမိဘမဲ့ အများကြီးနဲ့ အချိန်အများစုကို 210 00:10:12,017 --> 00:10:14,161 သိုလှောင်ခန်းမှာ ကုန်ဆုံးတာပေါ့။ 211 00:10:14,161 --> 00:10:16,672 တစ်ချို့ကတော့ လှပတဲ့ ပနိးချီကားတွေပါ။ 212 00:10:16,672 --> 00:10:21,675 ဒီကားက လမ်းကြောင်းမှာ ကျွန်မကို ရပ်တန့်စေတဲ့ အကြောင်း သုံးချက်ရှိတယ်။ 213 00:10:21,675 --> 00:10:24,552 တစ်ချက်က ပြုံးနေတဲ့ သူ့ပါးစပ်နဲ့ ကြေကွဲနေတဲ့ 214 00:10:24,552 --> 00:10:27,257 မျက်လုံးတွေကြားက အဆက်အစပ်မရှိခြင်းပါ။ 215 00:10:27,257 --> 00:10:30,264 သူမပျော်ပါဘူး၊ ဘာလို့ သူမပျော်တာလဲ။ 216 00:10:30,264 --> 00:10:33,981 ဒုတိယ အချက် ကျွန်မကိုဆွဲဆောင်တဲ့ အရာက 217 00:10:33,981 --> 00:10:35,697 သူ့ရဲ့ နီမြန်းတဲ့ ပါးပြင်တွေပါ။ 218 00:10:35,697 --> 00:10:39,304 သူက ရှက်နေတယ်။ သူ့ပုံတူအတွက် ဟန်ပြလုပ်ရတာကို ရှက်နေတယ်။ 219 00:10:39,304 --> 00:10:42,338 ဒီလူက တစ်ချိန်လုံး ရှက်နေသူပဲ ဖြစ်ရမယ်။ 220 00:10:42,338 --> 00:10:44,480 သူ့ကိုရှက်စေနေတဲ့ အကြောင်းက ဘာများပါလိမ့်။ 221 00:10:44,480 --> 00:10:48,256 လမ်းကြောင်းထဲမှာ ကျွန်မကို ရပ်သွားစေတဲ့ တတိယ တစ်ခုက 222 00:10:48,256 --> 00:10:51,056 သူ့ရဲ့ အပြတ်သားနားတဲ့ နှစ်ထပ်ကုတ်အင်္ကျီပါ။ 223 00:10:51,056 --> 00:10:54,624 ပိုးသား၊ မီးခိုးရောင် လှပတဲ့ကြယ်သီးတွေပါ။ 224 00:10:54,624 --> 00:10:56,256 သိတဲ့အတိုင်း ကျွန်မကိုတွေးမိစေတာက 225 00:10:56,256 --> 00:11:01,048 နွေးထွေးပြီး ခပ်ပွပွနဲ့ အိပ်ရာပေါ် ဂွမ်းကပ် ဖြန့်ထားသလိုနဲ့လေ။ 226 00:11:01,048 --> 00:11:03,704 အိပ်ရာတွေနဲ့ နီမြန်းတဲ့ပါးပြင်တွေကို ဆက်တွေးနေမိပြီး 227 00:11:03,704 --> 00:11:06,464 တကယ်တော့ သူ့ကိုကြည့်လိုက်တော့ လိင်ကိစ္စကို ဆက်တွေးမိပြီး 228 00:11:06,464 --> 00:11:09,072 သူတွေးနေတာ ဒါပဲလို့ ထင်မိတယ်။ 229 00:11:09,072 --> 00:11:11,344 တွေးမိတာက သူ့အကြောင်း ဝတ္ထုဖန်တီးမယ်ဆိုရင် 230 00:11:11,344 --> 00:11:13,328 နောက်ဆုံးထည့်ရမှာက ဘာများလဲပေါ့။ 231 00:11:13,328 --> 00:11:16,958 အင်း Tudor လူကြီးလူကောင်းက ဘာများနဲ့များ ဖိစီးနေမလဲပေါ့။ 232 00:11:16,958 --> 00:11:18,888 ထင်တာက အင်း တတိယ ဟန်နရီ၊ ဟုတ်ပြီ။ 233 00:11:18,888 --> 00:11:23,032 သူ့ရဲ့ အမွေ၊ အမွေခံနဲ့ စိတ်ဖိစီးနေမှာပဲပေါ့။ 234 00:11:23,032 --> 00:11:26,681 သူ့ရဲ့ အမည်နဲ့ စည်းစိမ်ကို ဘယ်သူဆက်ခံမလဲ။ 235 00:11:26,681 --> 00:11:30,561 ဒါတွေကို စုလိုက်ရင် ကိုယ့်ကို ပြန်ပြန်လာစေတဲ့ ဟာကွက်ကို 236 00:11:30,561 --> 00:11:33,915 ဖြည့်ပေးတဲ့ ဇာတ်လမ်းကို ရပြီပေါ့။ 237 00:11:33,915 --> 00:11:38,636 ကဲ ဒီမှာ က ဇာတ်လမ်းပါ။ 238 00:11:38,636 --> 00:11:41,566 တိုတိုလေးပါ။ 239 00:11:41,566 --> 00:11:44,297 " ရိုစီ" 240 00:11:44,297 --> 00:11:48,347 Caroline ငါ့ကိုပေးထားတဲ့ ဘရိုကိတ် နှစ်ထပ်ကုတ်ကို ဝတ်ထားတုန်းပါ။ 241 00:11:48,347 --> 00:11:52,658 ကော်လာအမြင့် ဗြောင်၊ လက်အရှင် 242 00:11:52,658 --> 00:11:55,834 ပိုးသားချည်ကျစ် အနုစိတ် ကြယ်သီးတွေကို 243 00:11:55,834 --> 00:11:58,760 နွေးထွေး ချပ်ရပ်ဖို့ နီးနီးလေး တပ်ထားတယ်။ 244 00:11:58,760 --> 00:12:02,323 နှစ်ထပ်ကုတ်က ကျယ်ပြန့်တဲ့ အိပ်ရာပေါ်က အိပ်ရာဖုံးကို တွေးမိသွားစေတယ်။ 245 00:12:02,323 --> 00:12:06,073 ဒါက ရည်ရွယ်ရင်း ဖြစ်နိုင်တယ်။ 246 00:12:06,073 --> 00:12:10,991 ပထမဆုံးဝတ်ခဲ့တာက သူမ မိဘတွေက ကျုပ်တို့ကို ဂုဏ်ပြု တည်ခင်းတဲ့ ညစာစားပွဲမှာ။ 247 00:12:10,991 --> 00:12:12,817 ထပြီး စကားမပြောခင်ကတင် ကျုပ်ပါးတွေဟာ 248 00:12:12,817 --> 00:12:15,386 ပူနေတယ်ဆိုတာ သိခဲ့တယ်။ 249 00:12:15,386 --> 00:12:19,087 ကျုပ်ဟာ ကာယအားထုတ်မှုကနေ၊ ဝိုင်ကနေ၊ စိတ်ခံစားမှု မြင့်မားတာကနေ 250 00:12:19,087 --> 00:12:21,442 အလွယ်လေး မျက်နှာရဲတတ်သူပါ။ 251 00:12:21,442 --> 00:12:25,907 ငယ်ငယ်တုန်းက အမတွေနဲ့ ကျောင်းသားတွေ စတာ ခံခဲ့ရတယ်။ 252 00:12:25,907 --> 00:12:28,354 George တော့မဟုတ်ဘူး။ 253 00:12:28,354 --> 00:12:31,428 Gorge ပဲ ကျုပ်ကို ရိုစီလို့ခေါ်တာ။ 254 00:12:31,428 --> 00:12:33,587 အခြား ဘယ်သူကိုမှ ခေါ်ခွင့်မပေးဘူး။ 255 00:12:33,587 --> 00:12:37,811 သူဟာ စကားလုံးကို နူးညံ့အောင်လုပ်လိုက်တာပါ။ 256 00:12:37,811 --> 00:12:40,610 ကျုပ် ကြေညာချက်ထုတ်လိုက်တော့ George ဟာ 257 00:12:40,610 --> 00:12:43,674 ပန်းရောင်သန်းသွားပြီး ကျုပ်ရဲ့ နှစ်ထပ်ကုတ်လို ဖြူရော်သွားတယ်။ 258 00:12:43,674 --> 00:12:45,578 သူ တအံ့တအား ဖြစ်မနေခဲ့သင့်ဘူး။ 259 00:12:45,578 --> 00:12:47,250 တစ်နေ့မှာ ကျုပ်ဟာ သူ့ဝမ်းကွဲကို 260 00:12:47,250 --> 00:12:51,098 လက်ထပ်မယ်ဆိုတာက လူတိုင်းမှန်းလို့ ရတာပဲလေ။။ 261 00:12:51,098 --> 00:12:53,682 ဒါပေမဲ့ စကားလုံးတွေကို နားနဲ့ ဆတ်ဆတ်ကြားဖို့ တော့ 262 00:12:53,682 --> 00:12:56,983 ခက်တာ သိပါတယ်၊ ပြောရုံလေးပြောတာပါ။ 263 00:12:56,983 --> 00:13:01,385 ဒီနောက်မှာ ဟင်းရွက်ခင်း အပေါ်စီးမှာရှိတဲ့ လှေကားထစ်မှာ George ကိုတွေ့တယ်။ 264 00:13:01,385 --> 00:13:06,642 တစ်နေ့ခင်းလုံး မရပ်မနား သောက်နေပေမဲ့ လည်း သူဟာ ဖြူရော်နေတုန်းပါ။ 265 00:13:06,642 --> 00:13:10,867 အတူထိုင်ပြီး အိမ်ဖော်တွေ ဆလတ်ရွက် လှီးတာ ကြည့်ကြတယ်။ 266 00:13:10,867 --> 00:13:13,129 "ကျုပ်ရဲ့ ကုတ်ကို ဘယ်လိုထင်လဲ " လို့မေးလိုက်တယ်။ 267 00:13:13,129 --> 00:13:18,573 သူက တစ်ချက်ကြည့်လိုက်ပြီး " ကော်လံက မင်းလည်ပင်းကို ညှစ်နေသလိုပဲနော်။"တဲ့ 268 00:13:18,573 --> 00:13:20,577 ကျုပ်က "အချင်းချင်း မြင်ရပါသေးတယ်" 269 00:13:20,577 --> 00:13:23,865 "အမဲလိုက်၊ဖဲရိုက်၊ ရုံးတက်လို့ရပါသေးတယ်။ 270 00:13:23,865 --> 00:13:25,601 ဘာမှပြောင်းဖို့ မလိုပါဘူး။ 271 00:13:25,601 --> 00:13:29,318 George က စကားမပြောဘူး။ 272 00:13:29,318 --> 00:13:32,712 "ကျုပ်က ၂၃ နှစ်။ လက်ထပ်ဖို့ အချိန်ရောက်ပြီလေ။" 273 00:13:32,712 --> 00:13:36,817 ပြီးတော့ အမွေခံသူ မွေးဖွား၊။ သူတို့က ကျုပ်ကို မျှော်လင့်နေကြတာ။ 274 00:13:36,817 --> 00:13:40,398 George က နောက် ဝိုင်အနီတစ်ခွက် မော့ချလိုက်ပြီး ကျုပ်ဘက်လှည့်ကာ 275 00:13:40,398 --> 00:13:44,481 "မင်းရဲ့ လာမယ့် မင်္ဂလာပွဲအတွက် ဝမ်းသာတယ်၊ James ရေ။ 276 00:13:44,481 --> 00:13:49,317 မင်းတို့တွေ ပျော်ကြမှာ ကျိန်းသေပါကွာ။ 277 00:13:49,317 --> 00:13:52,634 သူ နာမည်ပြောင် ဘယ်တော့မှ မသုံးတော့ဘူး။ 278 00:13:52,634 --> 00:13:54,393 ကျေးဇူးတင်ပါတယ်။ 279 00:13:54,393 --> 00:13:57,775 (လက်ခုပ်သံများ) 280 00:13:57,775 --> 00:13:58,957 ကျေးဇူးတင်ပါတယ်။ 281 00:13:58,957 --> 00:14:00,504 (လက်ခုပ်သံများ)