Return to Video

Higgs Field ရှင်းပြချက် - Don Lincoln

  • 0:05 - 0:07
    ဘယ်လိုမှ သံသယ ဖြစ်စရာ မရှိတာက
  • 0:07 - 0:10
    ၂၀၁၂ ရဲ့ စိတ်လှုပ်ရှားစရာ အကောင်းဆုံး
    သိပ္ပံဆိုင်ရာ တွေ့ရှိချက်က
  • 0:10 - 0:12
    CERN ဓာတ်ခွဲရုံကြီးမှာ အမှုန်သစ်တမျိုးကို
  • 0:12 - 0:13
    ရှာဖွေတွေ့ခဲ့ခြင်းပါ။
  • 0:13 - 0:15
    ဒါဟာ ရူပဗေဒပညာရှင် Peter Higgs ရဲ့ အမည်ကို
  • 0:15 - 0:18
    ပေးထားတဲ့
    Higgs boson အမှုန် ဖြစ်နိုင်ခဲ့တယ်။
  • 0:18 - 0:19
    သာမန်ရုပ်ဝတ္ထုတွေကို
  • 0:19 - 0:22
    ဖြစ်ပေါ်လာစေတဲ့ အခြေခံကျတဲ့
    အက်တမ်ထက် သေးတဲ့
  • 0:22 - 0:22
    quark တွေနဲ့
  • 0:22 - 0:23
    lepton တွေလို
  • 0:23 - 0:25
    ဒြပ်ထုကို ပေးတယ်လို့ ယူဆကြပါတယ်။
  • 0:25 - 0:27
    Higgs boson တွေဟာ မြင်နေရသလို
  • 0:27 - 0:28
    စက်ကွင်းထဲက အတွန့်တွေပါ၊
  • 0:28 - 0:30
    ကြိုးကို ဆွဲဆန့်ရင်
    ကြွတက်လာတဲ့ အခုံးလိုပါ။
  • 0:30 - 0:33
    ဒါနဲ့ ဒီစက်ကွင်းက အမှုန်တွေကို
    ဘယ်လို ဒြပ်ထုဆောင်လာစေလဲ။
  • 0:33 - 0:34
    ဒါက စိတ်ရှုပ်စရာလို့ ထင်တာ
  • 0:34 - 0:36
    သင်တစ်ယောက်တည်း မဟုတ်ပါဘူး။
  • 0:36 - 0:39
    ၁၉၉၃ ခုနှစ်မှာ ဗြိတိသျှ သိပ္ပံဝန်ကြီးက
    ဒီ Higgs ဆိုတဲ့ အရာကို
  • 0:39 - 0:41
    လူတိုင်းနားလည်အောင် ရိုးရှင်းတဲ့နည်းဖြင့်
  • 0:41 - 0:43
    ရှင်းပြဖို့ ရူပဗေဒသမားတွေကို
    စိန်ခေါ်ခဲ့တယ်။
  • 0:43 - 0:45
    ရမယ့်ဆုက အကောင်းစား ရှန်ပိန် တစ်ပုလင်းပါ။
  • 0:45 - 0:48
    ဆုရလိုက်တဲ့ ရှင်းတမ်းကတော့
    ဒါမျိုးလိုလိုပါ။
  • 0:48 - 0:50
    CERN ဓာတ်ခွဲရုံကြီးထဲ အမှုန်ရူပဗေဒ
  • 0:50 - 0:51
    သုတေသီတွေကို ဖိတ်ကာ
  • 0:51 - 0:53
    ကော့တေး ပါတီပွဲကြီး
    ကျင်းပနေတာကို တွေးကြည့်ကြစို့ပါ။
  • 0:53 - 0:56
    ဒီ ရူပဗေဒသမားတွေရဲ့ လူအုပ်ကြီးက
    Higgs Field ကို ကိုယ်စားပြုတယ်။
  • 0:56 - 0:59
    အကယ်၍ အခွန်ကောက်သူသာ ပါတီကို တက်ခဲ့ရင်
  • 0:59 - 1:00
    စကားပြောလိုသူ ရှိခဲ့မှာ မဟုတ်လို့
  • 1:00 - 1:02
    အခန်းကို လွယ်လွယ်လေး ဖြတ်ကာ
  • 1:02 - 1:03
    သူတို့ဟာ ဘားကို ရောက်သွားခဲ့မှာပါ။
  • 1:03 - 1:05
    အခွန်အရာရှိကလည်း အလားအတူပဲ
    လူအုပ်နဲ့ ဆက်ဆံစရာ
  • 1:05 - 1:07
    သိပ် မရှိနိုင်ခဲ့သလိုပဲ အမှုန်အချို့ဟာ
  • 1:07 - 1:10
    Higgs Field နဲ့ အပြန်အလှန်
    ထိတွေ့ဆက်ဆံကြမှာ မဟုတ်ပါဘူး။
  • 1:10 - 1:11
    ဥပမာ၊ တုန့်ပြန်ခြင်းမရှိတဲ့
  • 1:11 - 1:13
    ဖိုတွန်လို အမှုန်တွေဆို
  • 1:13 - 1:14
    ဒြပ်ထုမဲ့လို့ ခေါ်ကြပါတယ်။
  • 1:14 - 1:17
    အခု ဒီအခန်းထဲကိုပဲ Peter Higgs
    ဝင်လာတာကို တွေးကြည့်ပါ၊
  • 1:17 - 1:19
    ပိုင့်ခွက်ကို အရှာလာတာ ဖြစ်နိုင်ပါတယ်။
  • 1:19 - 1:20
    ခုဆို ရူပဗေဒသမားတွေက
  • 1:20 - 1:22
    Higgsနဲ့ နာမည်တူ Bosonရဲ့ ဂုဏ်သတ္တိတွေ
  • 1:22 - 1:23
    တိုင်းတာဖို့ သူတို့ရဲ့
  • 1:23 - 1:25
    ဆောင်ရွက်ချက်တွေ ဆွေးနွေးရန် သူ့နားကို
  • 1:25 - 1:27
    ချက်ခြင်း ဝိုင်းအုံလာကြပါမယ်။
  • 1:27 - 1:29
    Higgs က လူအုပ်နဲ့ ဆက်ဆံရလွန်းတော့
  • 1:29 - 1:31
    တဖြည်းဖြည်းချင်းသာ အခန်းကို ဖြတ်နိုင်မယ်။
  • 1:31 - 1:32
    ဒီသဘောအတိုင်း ဆက်ရင် Higgs က
  • 1:32 - 1:35
    စက်ကွင်းနဲ့ သူ၊ အပြန်အလှန်
    သက်ရောက်မှု မှတဆင့်
  • 1:35 - 1:36
    ဒြပ်ထု အမှုန် ဖြစ်လာပါမယ်။
  • 1:36 - 1:38
    ဒါက Higgs Field ဆိုတော့ Higgs boson က
  • 1:38 - 1:40
    ဒီအချက်အားလုံးနဲ့ ကိုက်ညီအောင်
    ဘယ်နှယ့်လုပ်ရမလဲ။
  • 1:40 - 1:42
    ပါတီကို လာကြတဲ့ တို့လူအုပ်က အခန်းထဲမှာ
  • 1:42 - 1:45
    ညီညာစွာ နေရာယူထားသယောင်
    အသွင်ဆောင်လိုက်ကြပါစို့။
  • 1:45 - 1:47
    လူတစ်ဦးက ပြိုင်ဘက် ဓာတ်ခွဲရုံမှ
    တွေ့ရှိချက်အကြောင်း ကောလာဟလ
  • 1:47 - 1:48
    သတင်းကို ပြောပြဖို့အတွက်
  • 1:48 - 1:51
    အခန်းတံခါးဝကို ဝင်လာပြီး
    ပြောနေတာ တွေးကြည့်ပါ။
  • 1:51 - 1:53
    ကောလာဟလကို အခန်းဝအနီးက
    သူတွေ ကြားရပေမဲ့၊
  • 1:53 - 1:54
    ဝေးနေသူတွေ မကြားရတော့၊
    သူတို့တွေက
  • 1:54 - 1:56
    မေးမြန်ဖို့ တံခါးနားကို ကပ်လာကြမယ်။
  • 1:56 - 1:58
    အဲဒါကြောင့် လူအုပ်ထဲမှာ အစုအဝေး ပေါ်လာမယ်။
  • 1:58 - 2:00
    ကောလာဟလကို ကြားပြီးတဲ့ သူတွေက
  • 2:00 - 2:01
    နဂိုနေရာ ပြန်လာလျက် ကြားခဲ့ရတာကို
  • 2:01 - 2:03
    ဆွေးနွေးနိုင်ပေမဲ့၊
  • 2:03 - 2:06
    အဝေးမှာ ရှိနေသူတို့က
    ဘာဖြစ်နေလဲ မေးမြန်းကျဦးမှာပါ။
  • 2:06 - 2:09
    ရလဒ်အဖြစ် လူအုပ်ကြီးထဲတွင်
    အခန်းကို ဖြတ်သန်းနေတဲ့
  • 2:09 - 2:10
    အစုအဝေး ပေါ်လာပါလိမ့်မယ်။
  • 2:10 - 2:13
    ဒီ အစုအဝေးဟာ Higgs boson နဲ့
    သဘောချင်း ဆင်တူပါတယ်။
  • 2:13 - 2:14
    ဒါက Higgs စက်ကွင်းနဲ့
  • 2:14 - 2:16
    အတုန့်အလှည့်ရှိတဲ့ ဒြပ်ထုဆောင် အမှုန်
  • 2:16 - 2:18
    နောက်တမျိုး မဟုတ်တာကို အလေးထားမှတ်ပါ။
  • 2:18 - 2:19
    ပါတီနဲ့ သဘောနှိုင်းဆချက်မှာတော့၊
  • 2:19 - 2:22
    အမှုန်အားလုံးဟာ အခန်းထဲ မဝင်ခင် အတူတူပါပဲ။
  • 2:22 - 2:25
    Peter Higgs နဲ့ အခွန်အရာရှိ ဒီနှစ်ဦးလုံး
    သုည ဒြပ်ထုဆောင်ပါတယ်။
  • 2:25 - 2:27
    လူအုပ်နဲ့ အပြန်အလှန် သက်ရောက်မှုက
  • 2:27 - 2:29
    သူတို့ကို ဒြပ်ထုဆောင်စေတာပါ။
  • 2:29 - 2:30
    ဒါကိုပဲ ထပ်ပြီး ပြောရရင်
  • 2:30 - 2:33
    ဒြပ်ထုဟာ စက်ကွင်းနဲ့
    အတုန့်အလှည့်ပြုမှုမှ ပေါ်ထွန်းလာတာပေါ့။
  • 2:33 - 2:34
    ဒီတော့ အနှစ်ချုပ်လိုက်ကြစို့။
  • 2:34 - 2:36
    အမှုန်နဲ့ စက်ကွင်း
  • 2:36 - 2:38
    အပြန်အလှန် သက်ရောက်မှုပေါ် မှုတည်ကာ
  • 2:38 - 2:40
    ဒြပ်ထု နည်းခြင်း၊ များခြင်းဟာ
    ကွဲပြားတတ်တယ်။
  • 2:40 - 2:44
    လူအုပ်ဟာ ၎င်းရဲ့ ထင်ပေါ်မှုအလိုက်၊ လူအုပ်
    အကြား ရွေ့လျားမှုအလျင် မတူနိုင်သလိုပါပဲ။
  • 2:44 - 2:46
    Higgs boson ဟာ
    စက်ကွင်းထဲက အစုအဝေးပါ။
  • 2:46 - 2:48
    အခန်းတဝမ်း ဖြတ်သွားတဲ့
    ကောလာဟလလိုမျိုးပါ။
  • 2:48 - 2:49
    တကယ်က ဒီသဘောက
  • 2:49 - 2:50
    ယှဉ်ပြချက် သဘော ဟုတ်ပေမဲ့၊
  • 2:50 - 2:51
    ထွက်ပေါ်လာသမျှထဲမှာ ဒါဟာ
  • 2:51 - 2:53
    အကောင်းဆုံး နှိုင်းယှဉ်ချက်ပါ။
  • 2:53 - 2:54
    ဒီတော့ ရှင်းလောက်ပါပြီ။
  • 2:54 - 2:56
    Higgs Field နဲ့ Higgs boson
    အကြောင်း ပြောစရာ
  • 2:56 - 2:57
    အားလုံးက အဲဒါပါပဲ။
  • 2:57 - 2:59
    ဆက်လုပ်ကိုင်နေကြတဲ့ သုတေသနတွေက
    ကျွန်ုပ်တို့ တွေ့ပြီလား
  • 2:59 - 3:01
    ဆိုတာကို ထောက်ပြပေးမှာပါ၊
  • 3:01 - 3:04
    ရမယ့်ဆုလဒ်ဟာ
    ရှန်ပိန်ပုလင်းထက် ပိုကြီးမားမှာပါ။
Title:
Higgs Field ရှင်းပြချက် - Don Lincoln
Description:

သင်ခန်းစာအပြည့်အစုံကြည့်ရန်: http://ed.ted.com/lessons/the-higgs-field-explained-don-lincoln။

၂၁ ရာစုဦး ကာလရဲ့ အရေးပါအရာရောက်ဆုံး သိပ္ပံဆိုင်ရာ ရှာဖွေတွေ့ရှိမှုများအနက် တစ်ခုက Higgs boson ဆိုတာ အသေချာပါပဲ။ ဒါပေမဲ့ မှော်ဆန်တဲ့ ဒီအမှုန်ကို ဖြစ်ခွင့်ပြုတဲ့ Boson နဲ့ Higgs Field ကို ဖမ်းဆုပ်ဖို့ အရေးဟာ အလွန်ခက်ခဲပါတယ်။ Don Lincon က ကျွန်တော်တို့ သိမြင်လွယ်နိုင်တဲ့ ခမ်းနားတဲ့ ညစာ စားပွဲတည်ခင်းခြင်း၊ စကားတွေ ဖောင်ဖွဲနေတဲ့ ရူပဗေဒ သမားများ အုပ်စု နဲ့ Peter Higgs ကိုယ်တိုင်ကိုပါ ထည့်သွင်းပြီး သဘောတရားနှိုင်းယှဉ်ချက်ဖြင့် နားလည်နိုင်အောင် လိုရင်းကို ဖော်ပြထားပါတယ်။

သင်ခန်းစာတင်ဆက်သူ- Don Lincoln၊ ရုပ်သံလှုပ်ရှားမှုပုံရိပ်- Powerhouse Animation Studios Inc။

more » « less
Video Language:
English
Team:
closed TED
Project:
TED-Ed
Duration:
03:20

Burmese subtitles

Revisions