ဘယ်လိုမှ သံသယ ဖြစ်စရာ မရှိတာက
၂၀၁၂ ရဲ့ စိတ်လှုပ်ရှားစရာ အကောင်းဆုံး
သိပ္ပံဆိုင်ရာ တွေ့ရှိချက်က
CERN ဓာတ်ခွဲရုံကြီးမှာ အမှုန်သစ်တမျိုးကို
ရှာဖွေတွေ့ခဲ့ခြင်းပါ။
ဒါဟာ ရူပဗေဒပညာရှင် Peter Higgs ရဲ့ အမည်ကို
ပေးထားတဲ့
Higgs boson အမှုန် ဖြစ်နိုင်ခဲ့တယ်။
သာမန်ရုပ်ဝတ္ထုတွေကို
ဖြစ်ပေါ်လာစေတဲ့ အခြေခံကျတဲ့
အက်တမ်ထက် သေးတဲ့
quark တွေနဲ့
lepton တွေလို
ဒြပ်ထုကို ပေးတယ်လို့ ယူဆကြပါတယ်။
Higgs boson တွေဟာ မြင်နေရသလို
စက်ကွင်းထဲက အတွန့်တွေပါ၊
ကြိုးကို ဆွဲဆန့်ရင်
ကြွတက်လာတဲ့ အခုံးလိုပါ။
ဒါနဲ့ ဒီစက်ကွင်းက အမှုန်တွေကို
ဘယ်လို ဒြပ်ထုဆောင်လာစေလဲ။
ဒါက စိတ်ရှုပ်စရာလို့ ထင်တာ
သင်တစ်ယောက်တည်း မဟုတ်ပါဘူး။
၁၉၉၃ ခုနှစ်မှာ ဗြိတိသျှ သိပ္ပံဝန်ကြီးက
ဒီ Higgs ဆိုတဲ့ အရာကို
လူတိုင်းနားလည်အောင် ရိုးရှင်းတဲ့နည်းဖြင့်
ရှင်းပြဖို့ ရူပဗေဒသမားတွေကို
စိန်ခေါ်ခဲ့တယ်။
ရမယ့်ဆုက အကောင်းစား ရှန်ပိန် တစ်ပုလင်းပါ။
ဆုရလိုက်တဲ့ ရှင်းတမ်းကတော့
ဒါမျိုးလိုလိုပါ။
CERN ဓာတ်ခွဲရုံကြီးထဲ အမှုန်ရူပဗေဒ
သုတေသီတွေကို ဖိတ်ကာ
ကော့တေး ပါတီပွဲကြီး
ကျင်းပနေတာကို တွေးကြည့်ကြစို့ပါ။
ဒီ ရူပဗေဒသမားတွေရဲ့ လူအုပ်ကြီးက
Higgs Field ကို ကိုယ်စားပြုတယ်။
အကယ်၍ အခွန်ကောက်သူသာ ပါတီကို တက်ခဲ့ရင်
စကားပြောလိုသူ ရှိခဲ့မှာ မဟုတ်လို့
အခန်းကို လွယ်လွယ်လေး ဖြတ်ကာ
သူတို့ဟာ ဘားကို ရောက်သွားခဲ့မှာပါ။
အခွန်အရာရှိကလည်း အလားအတူပဲ
လူအုပ်နဲ့ ဆက်ဆံစရာ
သိပ် မရှိနိုင်ခဲ့သလိုပဲ အမှုန်အချို့ဟာ
Higgs Field နဲ့ အပြန်အလှန်
ထိတွေ့ဆက်ဆံကြမှာ မဟုတ်ပါဘူး။
ဥပမာ၊ တုန့်ပြန်ခြင်းမရှိတဲ့
ဖိုတွန်လို အမှုန်တွေဆို
ဒြပ်ထုမဲ့လို့ ခေါ်ကြပါတယ်။
အခု ဒီအခန်းထဲကိုပဲ Peter Higgs
ဝင်လာတာကို တွေးကြည့်ပါ၊
ပိုင့်ခွက်ကို အရှာလာတာ ဖြစ်နိုင်ပါတယ်။
ခုဆို ရူပဗေဒသမားတွေက
Higgsနဲ့ နာမည်တူ Bosonရဲ့ ဂုဏ်သတ္တိတွေ
တိုင်းတာဖို့ သူတို့ရဲ့
ဆောင်ရွက်ချက်တွေ ဆွေးနွေးရန် သူ့နားကို
ချက်ခြင်း ဝိုင်းအုံလာကြပါမယ်။
Higgs က လူအုပ်နဲ့ ဆက်ဆံရလွန်းတော့
တဖြည်းဖြည်းချင်းသာ အခန်းကို ဖြတ်နိုင်မယ်။
ဒီသဘောအတိုင်း ဆက်ရင် Higgs က
စက်ကွင်းနဲ့ သူ၊ အပြန်အလှန်
သက်ရောက်မှု မှတဆင့်
ဒြပ်ထု အမှုန် ဖြစ်လာပါမယ်။
ဒါက Higgs Field ဆိုတော့ Higgs boson က
ဒီအချက်အားလုံးနဲ့ ကိုက်ညီအောင်
ဘယ်နှယ့်လုပ်ရမလဲ။
ပါတီကို လာကြတဲ့ တို့လူအုပ်က အခန်းထဲမှာ
ညီညာစွာ နေရာယူထားသယောင်
အသွင်ဆောင်လိုက်ကြပါစို့။
လူတစ်ဦးက ပြိုင်ဘက် ဓာတ်ခွဲရုံမှ
တွေ့ရှိချက်အကြောင်း ကောလာဟလ
သတင်းကို ပြောပြဖို့အတွက်
အခန်းတံခါးဝကို ဝင်လာပြီး
ပြောနေတာ တွေးကြည့်ပါ။
ကောလာဟလကို အခန်းဝအနီးက
သူတွေ ကြားရပေမဲ့၊
ဝေးနေသူတွေ မကြားရတော့၊
သူတို့တွေက
မေးမြန်ဖို့ တံခါးနားကို ကပ်လာကြမယ်။
အဲဒါကြောင့် လူအုပ်ထဲမှာ အစုအဝေး ပေါ်လာမယ်။
ကောလာဟလကို ကြားပြီးတဲ့ သူတွေက
နဂိုနေရာ ပြန်လာလျက် ကြားခဲ့ရတာကို
ဆွေးနွေးနိုင်ပေမဲ့၊
အဝေးမှာ ရှိနေသူတို့က
ဘာဖြစ်နေလဲ မေးမြန်းကျဦးမှာပါ။
ရလဒ်အဖြစ် လူအုပ်ကြီးထဲတွင်
အခန်းကို ဖြတ်သန်းနေတဲ့
အစုအဝေး ပေါ်လာပါလိမ့်မယ်။
ဒီ အစုအဝေးဟာ Higgs boson နဲ့
သဘောချင်း ဆင်တူပါတယ်။
ဒါက Higgs စက်ကွင်းနဲ့
အတုန့်အလှည့်ရှိတဲ့ ဒြပ်ထုဆောင် အမှုန်
နောက်တမျိုး မဟုတ်တာကို အလေးထားမှတ်ပါ။
ပါတီနဲ့ သဘောနှိုင်းဆချက်မှာတော့၊
အမှုန်အားလုံးဟာ အခန်းထဲ မဝင်ခင် အတူတူပါပဲ။
Peter Higgs နဲ့ အခွန်အရာရှိ ဒီနှစ်ဦးလုံး
သုည ဒြပ်ထုဆောင်ပါတယ်။
လူအုပ်နဲ့ အပြန်အလှန် သက်ရောက်မှုက
သူတို့ကို ဒြပ်ထုဆောင်စေတာပါ။
ဒါကိုပဲ ထပ်ပြီး ပြောရရင်
ဒြပ်ထုဟာ စက်ကွင်းနဲ့
အတုန့်အလှည့်ပြုမှုမှ ပေါ်ထွန်းလာတာပေါ့။
ဒီတော့ အနှစ်ချုပ်လိုက်ကြစို့။
အမှုန်နဲ့ စက်ကွင်း
အပြန်အလှန် သက်ရောက်မှုပေါ် မှုတည်ကာ
ဒြပ်ထု နည်းခြင်း၊ များခြင်းဟာ
ကွဲပြားတတ်တယ်။
လူအုပ်ဟာ ၎င်းရဲ့ ထင်ပေါ်မှုအလိုက်၊ လူအုပ်
အကြား ရွေ့လျားမှုအလျင် မတူနိုင်သလိုပါပဲ။
Higgs boson ဟာ
စက်ကွင်းထဲက အစုအဝေးပါ။
အခန်းတဝမ်း ဖြတ်သွားတဲ့
ကောလာဟလလိုမျိုးပါ။
တကယ်က ဒီသဘောက
ယှဉ်ပြချက် သဘော ဟုတ်ပေမဲ့၊
ထွက်ပေါ်လာသမျှထဲမှာ ဒါဟာ
အကောင်းဆုံး နှိုင်းယှဉ်ချက်ပါ။
ဒီတော့ ရှင်းလောက်ပါပြီ။
Higgs Field နဲ့ Higgs boson
အကြောင်း ပြောစရာ
အားလုံးက အဲဒါပါပဲ။
ဆက်လုပ်ကိုင်နေကြတဲ့ သုတေသနတွေက
ကျွန်ုပ်တို့ တွေ့ပြီလား
ဆိုတာကို ထောက်ပြပေးမှာပါ၊
ရမယ့်ဆုလဒ်ဟာ
ရှန်ပိန်ပုလင်းထက် ပိုကြီးမားမှာပါ။