WEBVTT 00:00:05.297 --> 00:00:07.095 ဘယ်လိုမှ သံသယ ဖြစ်စရာ မရှိတာက 00:00:07.095 --> 00:00:10.174 ၂၀၁၂ ရဲ့ စိတ်လှုပ်ရှားစရာ အကောင်းဆုံး သိပ္ပံဆိုင်ရာ တွေ့ရှိချက်က 00:00:10.174 --> 00:00:12.147 CERN ဓာတ်ခွဲရုံကြီးမှာ အမှုန်သစ်တမျိုးကို 00:00:12.147 --> 00:00:13.147 ရှာဖွေတွေ့ခဲ့ခြင်းပါ။ 00:00:13.147 --> 00:00:15.206 ဒါဟာ ရူပဗေဒပညာရှင် Peter Higgs ရဲ့ အမည်ကို 00:00:15.206 --> 00:00:18.080 ပေးထားတဲ့ Higgs boson အမှုန် ဖြစ်နိုင်ခဲ့တယ်။ 00:00:18.080 --> 00:00:19.456 သာမန်ရုပ်ဝတ္ထုတွေကို 00:00:19.456 --> 00:00:21.592 ဖြစ်ပေါ်လာစေတဲ့ အခြေခံကျတဲ့ အက်တမ်ထက် သေးတဲ့ 00:00:21.592 --> 00:00:22.471 quark တွေနဲ့ 00:00:22.471 --> 00:00:23.223 lepton တွေလို 00:00:23.223 --> 00:00:24.955 ဒြပ်ထုကို ပေးတယ်လို့ ယူဆကြပါတယ်။ 00:00:24.955 --> 00:00:26.731 Higgs boson တွေဟာ မြင်နေရသလို 00:00:26.731 --> 00:00:28.025 စက်ကွင်းထဲက အတွန့်တွေပါ၊ 00:00:28.025 --> 00:00:30.067 ကြိုးကို ဆွဲဆန့်ရင် ကြွတက်လာတဲ့ အခုံးလိုပါ။ 00:00:30.067 --> 00:00:32.772 ဒါနဲ့ ဒီစက်ကွင်းက အမှုန်တွေကို ဘယ်လို ဒြပ်ထုဆောင်လာစေလဲ။ 00:00:32.772 --> 00:00:34.440 ဒါက စိတ်ရှုပ်စရာလို့ ထင်တာ 00:00:34.440 --> 00:00:35.732 သင်တစ်ယောက်တည်း မဟုတ်ပါဘူး။ 00:00:35.732 --> 00:00:38.606 ၁၉၉၃ ခုနှစ်မှာ ဗြိတိသျှ သိပ္ပံဝန်ကြီးက ဒီ Higgs ဆိုတဲ့ အရာကို 00:00:38.606 --> 00:00:40.715 လူတိုင်းနားလည်အောင် ရိုးရှင်းတဲ့နည်းဖြင့် 00:00:40.715 --> 00:00:42.788 ရှင်းပြဖို့ ရူပဗေဒသမားတွေကို စိန်ခေါ်ခဲ့တယ်။ 00:00:42.788 --> 00:00:45.192 ရမယ့်ဆုက အကောင်းစား ရှန်ပိန် တစ်ပုလင်းပါ။ 00:00:45.192 --> 00:00:47.810 ဆုရလိုက်တဲ့ ရှင်းတမ်းကတော့ ဒါမျိုးလိုလိုပါ။ 00:00:47.810 --> 00:00:49.698 CERN ဓာတ်ခွဲရုံကြီးထဲ အမှုန်ရူပဗေဒ 00:00:49.698 --> 00:00:50.730 သုတေသီတွေကို ဖိတ်ကာ 00:00:50.730 --> 00:00:53.323 ကော့တေး ပါတီပွဲကြီး ကျင်းပနေတာကို တွေးကြည့်ကြစို့ပါ။ 00:00:53.323 --> 00:00:56.418 ဒီ ရူပဗေဒသမားတွေရဲ့ လူအုပ်ကြီးက Higgs Field ကို ကိုယ်စားပြုတယ်။ 00:00:56.418 --> 00:00:58.660 အကယ်၍ အခွန်ကောက်သူသာ ပါတီကို တက်ခဲ့ရင် 00:00:58.660 --> 00:01:00.248 စကားပြောလိုသူ ရှိခဲ့မှာ မဟုတ်လို့ 00:01:00.248 --> 00:01:01.569 အခန်းကို လွယ်လွယ်လေး ဖြတ်ကာ 00:01:01.569 --> 00:01:03.264 သူတို့ဟာ ဘားကို ရောက်သွားခဲ့မှာပါ။ 00:01:03.264 --> 00:01:05.363 အခွန်အရာရှိကလည်း အလားအတူပဲ လူအုပ်နဲ့ ဆက်ဆံစရာ 00:01:05.363 --> 00:01:07.207 သိပ် မရှိနိုင်ခဲ့သလိုပဲ အမှုန်အချို့ဟာ 00:01:07.207 --> 00:01:09.801 Higgs Field နဲ့ အပြန်အလှန် ထိတွေ့ဆက်ဆံကြမှာ မဟုတ်ပါဘူး။ 00:01:09.801 --> 00:01:11.212 ဥပမာ၊ တုန့်ပြန်ခြင်းမရှိတဲ့ 00:01:11.212 --> 00:01:12.897 ဖိုတွန်လို အမှုန်တွေဆို 00:01:12.897 --> 00:01:14.441 ဒြပ်ထုမဲ့လို့ ခေါ်ကြပါတယ်။ 00:01:14.441 --> 00:01:17.186 အခု ဒီအခန်းထဲကိုပဲ Peter Higgs ဝင်လာတာကို တွေးကြည့်ပါ၊ 00:01:17.186 --> 00:01:19.030 ပိုင့်ခွက်ကို အရှာလာတာ ဖြစ်နိုင်ပါတယ်။ 00:01:19.030 --> 00:01:20.092 ခုဆို ရူပဗေဒသမားတွေက 00:01:20.092 --> 00:01:22.022 Higgsနဲ့ နာမည်တူ Bosonရဲ့ ဂုဏ်သတ္တိတွေ 00:01:22.022 --> 00:01:23.155 တိုင်းတာဖို့ သူတို့ရဲ့ 00:01:23.155 --> 00:01:24.992 ဆောင်ရွက်ချက်တွေ ဆွေးနွေးရန် သူ့နားကို 00:01:24.992 --> 00:01:26.796 ချက်ခြင်း ဝိုင်းအုံလာကြပါမယ်။ 00:01:26.796 --> 00:01:28.763 Higgs က လူအုပ်နဲ့ ဆက်ဆံရလွန်းတော့ 00:01:28.763 --> 00:01:30.930 တဖြည်းဖြည်းချင်းသာ အခန်းကို ဖြတ်နိုင်မယ်။ 00:01:30.930 --> 00:01:32.294 ဒီသဘောအတိုင်း ဆက်ရင် Higgs က 00:01:32.294 --> 00:01:34.716 စက်ကွင်းနဲ့ သူ၊ အပြန်အလှန် သက်ရောက်မှု မှတဆင့် 00:01:34.716 --> 00:01:36.039 ဒြပ်ထု အမှုန် ဖြစ်လာပါမယ်။ 00:01:36.039 --> 00:01:37.948 ဒါက Higgs Field ဆိုတော့ Higgs boson က 00:01:37.948 --> 00:01:40.320 ဒီအချက်အားလုံးနဲ့ ကိုက်ညီအောင် ဘယ်နှယ့်လုပ်ရမလဲ။ 00:01:40.320 --> 00:01:42.177 ပါတီကို လာကြတဲ့ တို့လူအုပ်က အခန်းထဲမှာ 00:01:42.177 --> 00:01:44.552 ညီညာစွာ နေရာယူထားသယောင် အသွင်ဆောင်လိုက်ကြပါစို့။ 00:01:44.552 --> 00:01:46.957 လူတစ်ဦးက ပြိုင်ဘက် ဓာတ်ခွဲရုံမှ တွေ့ရှိချက်အကြောင်း ကောလာဟလ 00:01:46.957 --> 00:01:48.342 သတင်းကို ပြောပြဖို့အတွက် 00:01:48.342 --> 00:01:50.677 အခန်းတံခါးဝကို ဝင်လာပြီး ပြောနေတာ တွေးကြည့်ပါ။ 00:01:50.677 --> 00:01:52.673 ကောလာဟလကို အခန်းဝအနီးက သူတွေ ကြားရပေမဲ့၊ 00:01:52.673 --> 00:01:54.258 ဝေးနေသူတွေ မကြားရတော့၊ သူတို့တွေက 00:01:54.258 --> 00:01:56.138 မေးမြန်ဖို့ တံခါးနားကို ကပ်လာကြမယ်။ 00:01:56.138 --> 00:01:58.227 အဲဒါကြောင့် လူအုပ်ထဲမှာ အစုအဝေး ပေါ်လာမယ်။ 00:01:58.227 --> 00:01:59.646 ကောလာဟလကို ကြားပြီးတဲ့ သူတွေက 00:01:59.646 --> 00:02:01.258 နဂိုနေရာ ပြန်လာလျက် ကြားခဲ့ရတာကို 00:02:01.258 --> 00:02:03.120 ဆွေးနွေးနိုင်ပေမဲ့၊ 00:02:03.120 --> 00:02:06.178 အဝေးမှာ ရှိနေသူတို့က ဘာဖြစ်နေလဲ မေးမြန်းကျဦးမှာပါ။ 00:02:06.178 --> 00:02:08.587 ရလဒ်အဖြစ် လူအုပ်ကြီးထဲတွင် အခန်းကို ဖြတ်သန်းနေတဲ့ 00:02:08.587 --> 00:02:09.828 အစုအဝေး ပေါ်လာပါလိမ့်မယ်။ 00:02:09.828 --> 00:02:12.534 ဒီ အစုအဝေးဟာ Higgs boson နဲ့ သဘောချင်း ဆင်တူပါတယ်။ 00:02:12.534 --> 00:02:13.763 ဒါက Higgs စက်ကွင်းနဲ့ 00:02:13.763 --> 00:02:15.623 အတုန့်အလှည့်ရှိတဲ့ ဒြပ်ထုဆောင် အမှုန် 00:02:15.623 --> 00:02:17.502 နောက်တမျိုး မဟုတ်တာကို အလေးထားမှတ်ပါ။ 00:02:17.502 --> 00:02:19.176 ပါတီနဲ့ သဘောနှိုင်းဆချက်မှာတော့၊ 00:02:19.176 --> 00:02:21.566 အမှုန်အားလုံးဟာ အခန်းထဲ မဝင်ခင် အတူတူပါပဲ။ 00:02:21.566 --> 00:02:24.620 Peter Higgs နဲ့ အခွန်အရာရှိ ဒီနှစ်ဦးလုံး သုည ဒြပ်ထုဆောင်ပါတယ်။ 00:02:24.620 --> 00:02:26.512 လူအုပ်နဲ့ အပြန်အလှန် သက်ရောက်မှုက 00:02:26.512 --> 00:02:28.591 သူတို့ကို ဒြပ်ထုဆောင်စေတာပါ။ 00:02:28.591 --> 00:02:29.990 ဒါကိုပဲ ထပ်ပြီး ပြောရရင် 00:02:29.990 --> 00:02:33.036 ဒြပ်ထုဟာ စက်ကွင်းနဲ့ အတုန့်အလှည့်ပြုမှုမှ ပေါ်ထွန်းလာတာပေါ့။ 00:02:33.036 --> 00:02:34.488 ဒီတော့ အနှစ်ချုပ်လိုက်ကြစို့။ 00:02:34.488 --> 00:02:36.298 အမှုန်နဲ့ စက်ကွင်း 00:02:36.298 --> 00:02:37.976 အပြန်အလှန် သက်ရောက်မှုပေါ် မှုတည်ကာ 00:02:37.976 --> 00:02:40.128 ဒြပ်ထု နည်းခြင်း၊ များခြင်းဟာ ကွဲပြားတတ်တယ်။ 00:02:40.128 --> 00:02:44.020 လူအုပ်ဟာ ၎င်းရဲ့ ထင်ပေါ်မှုအလိုက်၊ လူအုပ် အကြား ရွေ့လျားမှုအလျင် မတူနိုင်သလိုပါပဲ။ 00:02:44.020 --> 00:02:45.813 Higgs boson ဟာ စက်ကွင်းထဲက အစုအဝေးပါ။ 00:02:45.813 --> 00:02:47.717 အခန်းတဝမ်း ဖြတ်သွားတဲ့ ကောလာဟလလိုမျိုးပါ။ 00:02:47.717 --> 00:02:48.875 တကယ်က ဒီသဘောက 00:02:48.875 --> 00:02:50.165 ယှဉ်ပြချက် သဘော ဟုတ်ပေမဲ့၊ 00:02:50.165 --> 00:02:51.315 ထွက်ပေါ်လာသမျှထဲမှာ ဒါဟာ 00:02:51.315 --> 00:02:52.768 အကောင်းဆုံး နှိုင်းယှဉ်ချက်ပါ။ 00:02:52.768 --> 00:02:53.910 ဒီတော့ ရှင်းလောက်ပါပြီ။ 00:02:53.910 --> 00:02:56.001 Higgs Field နဲ့ Higgs boson အကြောင်း ပြောစရာ 00:02:56.001 --> 00:02:56.857 အားလုံးက အဲဒါပါပဲ။ 00:02:56.857 --> 00:02:59.418 ဆက်လုပ်ကိုင်နေကြတဲ့ သုတေသနတွေက ကျွန်ုပ်တို့ တွေ့ပြီလား 00:02:59.418 --> 00:03:01.176 ဆိုတာကို ထောက်ပြပေးမှာပါ၊ 00:03:01.176 --> 00:03:03.543 ရမယ့်ဆုလဒ်ဟာ ရှန်ပိန်ပုလင်းထက် ပိုကြီးမားမှာပါ။