Return to Video

Ikigai: ရည်ရွယ်ချက်ရှိတဲ့ ဘဝတစ်ခုအတွက် လျှို့ဝှက်ချက်။ Emily Bidle | TEDxYouth@ASIJ

  • 0:04 - 0:10
    Ikigai ဟာ ရည်ရွယ်ချက်ရှိတဲ့ ဘဝတစ်ခုမှာ
    နေထိုင်ခြင်းအတွက် ဂျပန် လျှို့ဝှက်ချက်ပါ။
  • 0:11 - 0:14
    အိုကီနာဝါကျွန်းကနေ အစပြုပါတယ်။
  • 0:14 - 0:18
    အဲဒီမှာ နေထိုင်သူတွေမှာ ကမ္ဘာမှာ
    အမြင့်ဆုံး ပျမ်းမျှ သက်တမ်းရှိကြတယ်။
  • 0:20 - 0:24
    တစ်ခါက ဒီကျွန်းကို ထာဝရ ရှင်သန်သူများရဲ့
    နေရာလို့ ခေါ်ခဲ့တယ်။ အိုကီနာဝါမှာ
  • 0:24 - 0:29
    အသက်ရာကျာ် ဘိုးဘွားတွေ အမြင့်ဆုံး
    အချိုးအစားရှိတယ်လို့ UN က ဖော်ပြခဲ့တယ်။
  • 0:30 - 0:34
    ဒီအိုကီနာဝါသားတွေဟာ ikigai လို့
    သိကြတဲ့ အယူအဆနဲ့ နေထိုင်ကြတယ်။
  • 0:35 - 0:40
    "Iki" ကို ဘဝလို့ ဘာသာပြန်ပြီး
    "gai" က တန်ဖိုးကို ဖော်ပြတာပါ။
  • 0:41 - 0:46
    ဒီစကားရပ်က လူတစ်ယောက်ရဲ့ဘဝကို အကျိုး
    ရှိအောင်လုပ်ပေးတဲ့ အရာတွေကို ရည်ညွန်းတယ်။
  • 0:46 - 0:48
    မနက်တိုင်း သင် အိပ်ရာကနေ
    ထတဲ့ အကြောင်းရင်းပါ။
  • 0:50 - 0:55
    Ikigai က အဓိက အရည်အသွေး
    လေးခုရဲ့ လမ်းဆုံမှာ ရပ်နေတယ်။
  • 0:55 - 1:01
    သင် နှစ်သက်တာ၊ သင် တော်တာ၊
    ကမ္ဘာကြီးက လိုအပ်တာနဲ့
  • 1:01 - 1:04
    သင် ဆုလာဘ်ရနိုင်တာတွေပါ။
  • 1:05 - 1:11
    သင် နှစ်သက်တာနဲ့ သင်တော်တာ ကြားက
    ဆုံရာက သင့်ရဲ့ စိတ်ထက်သန်မှုပါ။
  • 1:11 - 1:15
    ဒါက သင့်အတွက် အစစ်အမှန်
    အဓိပ္ပာယ်ရှိတဲ့ အရာတစ်ခုဖြစ်ပြီး
  • 1:15 - 1:19
    ဒါအတွက် စွန့်လွတ် အနစ်နာခံဖို့
    သင် ဆန္ဒရှိနေတာပါ။
  • 1:20 - 1:25
    ဒီအခြေအနေကို ထပ်ပေါင်းခြင်း
    ကမ္ဘာကြီးက လိုအပ်တာက ပဓာနကျတယ်။
  • 1:25 - 1:30
    လူမှုအဖွဲ့အစည်းကို ဖြည့်ဆည်းတာက ပါဝင်မှု
    နဲ့ ရည်ရွယ်ချက်သဘောကို ပေးတာကြောင့်ပါ။
  • 1:31 - 1:36
    နောက်ဆုံး သင်ဆုလာဘ် ရနိုင်တာအပေါ်
    ထပ်ပေါင်းခြင်းက
  • 1:36 - 1:40
    သင့်ရည်ရွယ်ချက်ကနေ အသက်မွေးမှု
    ပြုဖို့ မုချလိုအပ်တာပါ။
  • 1:41 - 1:44
    အခု သင့်ရဲ့ ikigai ကို ရှာဖေွခြင်းဟာ
  • 1:44 - 1:49
    နက်ရှိုင်းတဲ့ စမ်းသပ်လေ့လာမှုနဲ့
    မိမိကိုယ်ကိုယ် စူးစမ်းမှု လိုအပ်တယ်။
  • 1:50 - 1:56
    ခိုင်လုံတဲ့ လုပ်ဆောင်ချက်တွေကို လိုက်စား
    ခြင်း၊လေးလေးနက်နက် ဆင်ခြင်ခြင်းက
  • 1:56 - 1:59
    သင့် စိတ်ထက်သန်မှု၊ သင့်တာဝန်၊
    ကျွမ်းကျင်မှုနဲ့အသက်မွေးမှု အားလုံးက
  • 1:59 - 2:02
    သင့်အလုပ်နဲ့ ဘဝဆီ
  • 2:02 - 2:08
    အဓိပ္ပာယ် ပိုယူဆောင်ပေးဖို့
    ပေါင်းဆုံပုံကို ရှာဖွေတွေ့ရှိနိင်တယ်။
  • 2:09 - 2:12
    Steve Jobs ရဲ့ နမူနာကို ယူကြည့်ပါ။
  • 2:12 - 2:16
    သူဟာ နည်းပညာ နယ်ပယ်မှာ
    အောင်မြင်မှုရဲ့ စံနမူနာတစ်ခုဆိုပေမဲ့
  • 2:17 - 2:20
    ကွန်ပြူတာ ဆော့ဖ်ဝဲအကြောင်း
    စိတ်ထက်သန်မှု မဖြစ်ခဲ့ဘဲ
  • 2:20 - 2:22
    သူ့ကိုယ်ပိုင် ဖန်တီးမှုကို ပွင့်အန်စေမယ့်
  • 2:22 - 2:26
    ကိရိယာတွေကို စိတ်ထက်သန်ခဲ့တာပါ။
  • 2:26 - 2:31
    သူ့ရဲ့ လက်ရေးလှပညာမှာ
    သိလိုမှုနဲ့ စိတ်ဝင်စားမှုက
  • 2:31 - 2:34
    နောက်ဆုံး Apple နဲ့ ၎င်းရဲ့ ထူးခြားတဲ့
  • 2:34 - 2:37
    ပုံနှိပ်လက်ရာအတွက် စေ့ဆော်မှုဖြစ်လာခဲ့တယ်။
  • 2:39 - 2:43
    သင့်ထက်သန်မှုတွေနဲ့
    စိတ်ဝင်စားမှုကို စူစမ်းခြင်းက
  • 2:43 - 2:47
    သင့်စိတ်ကို ဆန်းသစ်တဲ့ နည်းလမ်းတွေမှာ
    အာရုံစိုက်စေကာ
  • 2:47 - 2:51
    သင့်ရည်ရွယ်ချက်၊
    သင့် ikigai ကို ရှာတွေ့နိုင်တယ်။
  • 2:52 - 2:56
    သင့် ikigai က ပိုအဓိပ္ပာယ်ရှိတဲ့
  • 2:56 - 2:59
    ဘဝမှာ နေထိုင်ဖို့ ကူညီပေးတာတင်မက
  • 2:59 - 3:05
    သင့်ကို စိတ်ဖိစီးမှုနဲ့ မမာမကျန်းမှုတွေ
    ကနေလည်း ကာကွယ်ပေးမှာပါ။
  • 3:06 - 3:10
    အမေရိကန် စိတ်မကျန်းမာမှု
    အဖွဲ့အစည်း အဆိုအရ
  • 3:10 - 3:13
    ဘဝမှာ မြင့်မားတဲ့ ရည်ရွယ်ချက်ရဲ့
    သဘောတစ်ခုကို လုပ်ဆောင်ခြင်းက
  • 3:13 - 3:17
    သေပျောက်မှုအတွက် လျော့ကျတဲ့
    အန္တရာယ်တစ်ခုနဲ့ နှလုံးဆိုင်ရာ
  • 3:17 - 3:19
    ထိခိုက်မှုတွေနဲ့ ဆက်စပ်နေတယ်တဲ့။
  • 3:20 - 3:25
    ဒီတော့ ရည်ရွယ်ချက်ကို ခံစားမိသူတွေက
    ပိုကျန်းမာတဲ့ ဘဝတွေမှာ နေထိုင်ရလေ့ရှိပြီး
  • 3:25 - 3:28
    ပိုပြီး တက်ကြွကာ ဒူပေနာပေ ခံနိုင်တယ်။
  • 3:30 - 3:35
    ကျွန်မတို့ တစ်ဦးချင်းစီမှာ
    ikigai ရှိတယ်လို့
  • 3:35 - 3:37
    ကျွန်မ ယုံကြည်တယ်။
  • 3:37 - 3:43
    သင်ကိုယ်တိုင်ရဲ့ နက်ရှိုင်းတဲ့စူစမ်းမှုတွေ
    ကိုတာဝန်ယူပြီး ဒါကို ရှာတွေ့ဖို့ပဲလိုတာပါ။
  • 3:44 - 3:48
    ဒါပေမဲ့ သင်တို့ကို အခု ပြောပါရစေ။
    ဒါက မလွယ်ကူပါဘူး။
  • 3:49 - 3:53
    ဒါက စွန့်လွှတ်မှုတွေ လုပ်ဖို့
    သတ္တိ၊ သန္နိဋ္ဌာန်နဲ့
  • 3:53 - 3:57
    ဆန္ဒတစ်ခု လိုအပ်တယ်။
  • 3:58 - 4:02
    ကျွန်မအတွက် ကိုယ့်ရဲ့ ikigai ကို
    ရှာဖွေတွေ့ရှိဖို့
  • 4:02 - 4:05
    ပထမဆုံး ကြေ၊က်စိတ်တွေ၊
    အပျက်သဘောတွေ၊ ပူပန်မှုတွေကနေ
  • 4:05 - 4:09
    ကိုယ့်ကိုယ်ကို ခွာထားဖို့လိုတယ်။
  • 4:10 - 4:17
    ကျွန်မဟာ လူမှုအဖွဲ့အစည်းမှာ ပါဝင်မှုတွေ
    လုပ်ဖို့ ရှက်လွန်းတယ်လို့ မကြာခဏ ထင်မိပြီး
  • 4:18 - 4:22
    ကျွန်မ လုပ်တယ်လို့ ဆိုရင်တောင်
    ဘယ်သူက တကယ် ဂရုစိုက်မှာမို့လို့လဲ။
  • 4:23 - 4:26
    ကျွန်မရဲ့ ရည်ရွယ်ဆိုတာတောင် ဘာလဲ။
  • 4:27 - 4:33
    ကိုယ့်ကိုယ်ကိုယ် အဆက်မပြတ် ဝေဖန်ပြီး
    ကိုယ်ဘယ်သူဆိုတာ၊ ကိုယ်ဘာလုပ်ခဲ့တာကို
  • 4:33 - 4:35
    အပြစ်ရှာမိတယ်။
  • 4:36 - 4:42
    ဒါပေမဲ့ ကိုယ်ပိုင်သံသယနဲ့ ယုံကြည်စိတ်
    ကင်းမဲ့မှုရဲ့ နှစ်တွေကြာပ​ြီး နားလည်ခဲ့တာက
  • 4:43 - 4:48
    ကိုယ်ကိုယ်တိုင်က ကိုယ့်ရန်သူ
    အစစ်ဖြစ်တယ်ဆိုတာနဲ့
  • 4:48 - 4:51
    ဒါ ဆက်ဖြစ်နေရင်
  • 4:51 - 4:58
    ကျွန်မရဲ့ စွမ်းအားအပြည့်အဝကို ဘယ်တော့မှ
    တွေ့ကြုံရှာဖွေနိုင်မှာ မဟုတ်ဘူးဆိုတာပါ။
  • 4:59 - 5:06
    ဒီတော့ ပါဝင်ထောက်ပံ့မှုတွေဟာ အရေးပါတယ်၊
    ငါ့မှာ ရည်ရွယ်ချက်တစ်ခုရှိတယ်ဆိုပြီး
  • 5:06 - 5:08
    ကိုယ့်ကိုယ်ကို လက်ခံစေဖို့ ကြိုးစားပေမဲ့
  • 5:09 - 5:12
    ဒါကို ကျွန်မက မယုံနိုင်ခဲ့သလိုဖြစ်ခဲ့တယ်။
  • 5:14 - 5:21
    ဒီတော့ ဒါက ကျွန်မကိုယ်တွင်းမှာ
    ယုံကြည်မှုကို တည်ဆောက်ပေးပြီး
  • 5:21 - 5:24
    ကျွန်မ တကယ် တတ်စွမ်းတာကို
    ကျွန်မကို မြင်ဖို့ ကူညီမယ့်
  • 5:24 - 5:28
    ခိုင်မာတိကျတဲ့ လုပ်ဆောင်မှု
    ဆောင်ရွက်မှုဖို့အချိန်ပါ။
  • 5:30 - 5:34
    စဉ်းစားသုံးသပ်ခြင်းများစွာနဲ့
    အကောင်း၊အဆိုးတွေရဲ့
  • 5:34 - 5:37
    ရှည်လျားတဲ့ စာရင်းတစ်ခု လိုအပ်ခဲ့ပေမဲ့
  • 5:39 - 5:45
    FutureHack အမည်နဲ့ စီးပွားရေးစွမ်းဆောင်မှု
    အစီအစဉ်တစ်ခုမှာ ကျွန်မ ပါဝင်ထားပြီးပါပြီ။
  • 5:45 - 5:49
    ကမ္ဘာ့ပြဿနာတွေကို ဖြေရှင်းဖို့ ကြိုးစာတဲ့

    မိမိကိုယ်ကို လှုံဆော်တဲ့ ခေါင်းဆောင်တွေ
  • 5:49 - 5:52
    အတွက် ပုံစံထုတ်ထားတဲ့
    လေ့ကျင်ရေး စခန်းတစ်ခုပါ
  • 5:53 - 5:57
    ရှက်တတ်တဲ့ ပင်ကိုယ်စရိုက်၊ အနည်းဆုံး
    ခေါင်းဆောင်မှုအတွေ့အကြုံ၊
  • 5:57 - 6:00
    ကျွန်မရဲ့ စိတ်ကူးတွေကို အခြားသူတွေဆီကို
  • 6:00 - 6:06
    သက်သောင့်သက်သာ မဖော်ပြနိင်မှုနဲ့အတူ
    အစီအစဉ်ထဲကို ကျွန်မ ခြေချလိုက်တယ်။
  • 6:07 - 6:10
    ဒါပေမဲ့ ဒီအတွေ့အကြုံတောက်လျှောက်မှာ
  • 6:10 - 6:17
    စိတ်ထက်သန်တဲ့၊ အလုပ်ကြိုးစားတဲ့၊
    စေ့ဆော်ပေးတဲ့ လူများစွာနဲ့ ဆုံခဲ့တယ်။
  • 6:18 - 6:20
    ပညာရေးဆိုင်ရာ ဆန်းသစ်မှုအတွက်
  • 6:20 - 6:24
    နိုင်ငံတော် စီမံကိန်းတစ်ခုအောက်မှာ
    ကျွန်မတို့ ပူးပေါင်း လုပ်ကိုင်ခဲ့တယ်။
  • 6:24 - 6:30
    ဒါက ဂျပန် ပညာရေးစနစ်ကို
    ပြုပြင်ပြောင်းလဲပုံနဲ့ ပတ်သက်ပြီး
  • 6:30 - 6:33
    ဂျပန်က အုပ်ချုပ်ရေးမှူးတွေ၊
    ဆရာတွေနဲ့ ကျောင်းသားတွေ
  • 6:33 - 6:38
    ပထမဆုံးအကြိမ် စိတ်ကူးတွေ
    ဖလှယ်ဖို့ အားလုံး စုဝေးခဲ့တာပါ။
  • 6:39 - 6:44
    ဒီလှုပ်ရှားမှုကို ဆရာ ၅၀ ကျော်နဲ့
    ကျောင်းသား ၅၀ ကျော် တက်ရောက်ခဲ့စဉ်
  • 6:44 - 6:47
    အစိုးရ အရာရှိတွေက စောင့်ကြည့်ခဲ့ပြီး
  • 6:47 - 6:51
    ကျောင်းသားတွေရဲ့ စိတ်ကူးတွေကို
    တကယ်ပဲ ထည့်သွင်းစဉ်စားခဲ့ကြတယ်။
  • 6:52 - 6:58
    ကျောင်းသားတွေနဲ့ ဆရာတွေ တုံ့ပြန်
    ဆက်သွယ်ပြီး ကိုယ်ပိုင် စိတ်ကူးတွေကို
  • 6:58 - 7:01
    တစ်ယောက်ကိုတစ်ယောက်ကို ဖော်ပြတာကို
    စောင့်ကြည့်ရတာ အံ့ဩစရာပါ။
  • 7:02 - 7:07
    စိတ်အားထက်သန်မှုနဲ့ ရည်ရွယ်ချက်ရဲ့
    ဒီခံစားချက်အသစ်က ကျွန်မရဲ့ကိုယ်တွင်းမှာ
  • 7:07 - 7:11
    ယုံကြည်စိတ်ကို အစပျိုးပေးခဲ့ပြီး
  • 7:12 - 7:18
    ပြောင်းလဲရေး စိတ်ကူးတွေကို အပြောင်းအလဲ
    လုပ်သူတွေဆီကို ပျော်ရွှင်စွာ ဖော်ပြခဲ့တယ်။
  • 7:20 - 7:26
    ကျွန်မရဲ့ အကြောက်ကို ရင်ဆိုင်ခြင်းနဲ့
    ကိုယ် တတ်စွမ်းတာကို နားလည်ခြင်းက
  • 7:26 - 7:30
    ကျွန်မဟာ ကြောက်တာ၊
    ရှက်ရွံ့တာ မခံစားရတော့ဘူး။
  • 7:30 - 7:35
    နောက်ဆုံး ကျွန်မရဲ့ ထင်မြင်ချက်က အခြား
    လူတွေအတွက် တကယ် အရေးပါတယ်လို့ ခံစားရပြီး
  • 7:35 - 7:41
    လူ့အဖွဲ့အစည်းမှာ အပြုသဘော သက်ရောက်မှု
    အတွက် ဒီတွန်းအားကို ဖွံ့ဖြိုးစေခဲ့တယ်။
  • 7:42 - 7:47
    ဒီဇိုင်းနဲ့ စီးပွားရေးစွမ်းဆောင်မှုအတွက်
    ကျွန်မရဲ့ ထက်သန်မှုကို ဖော်ထုတ်ခဲ့ကာ
  • 7:47 - 7:53
    ကျွန်မရဲ့ စစ်မှန်တဲ့ ကိုယ်တွင်း အတ္တကို
    ဆက်လက် တိုးချဲ့၊ စူးစမ်းဖို့
  • 7:53 - 7:57
    ထပ်ပြီး ရှာဖွေဖို့ ဒီဆန္ဒကို
    ကျွန်မ တည်ဆောက်ခဲ့တယ်။
  • 7:59 - 8:04
    ကြီးမြတ်တဲ့ Dalai Lama က ကျွန်မရဲ့
    အတွေ့အကြုံကိုအကျဉ်းရုံး ဖော်ပြထားတာက
  • 8:07 - 8:11
    "မိမိကိုယ်ပိုင် အစွမ်းကို သိရှိခြင်းနှင့်
  • 8:11 - 8:14
    မိမိ၏ စွမ်းရည်ကို ယုံကြည်မှုနဲ့အတူ
  • 8:14 - 8:17
    ပိုကောင်းမွန်သော ကမ္ဘာတစ်ခုကို
    တည်ဆောက်နိုင်သည်"တဲ့။
  • 8:19 - 8:22
    အခု မျက်လုံးတွေ မှိတ်လိုက်ပါ။
  • 8:24 - 8:28
    မိမိကိုယ်ကိုယ် မေးဖို့
    သင်တို့ကို အခုအချိန် ပေးမယ်။
  • 8:29 - 8:31
    သင် ဘာကို နှစ်သက်လဲ။
  • 8:34 - 8:36
    သင် ဘယ်အရာမှာ တော်လဲ။
  • 8:38 - 8:41
    သင် ဘာ ဆုလာဘ်ကို ရနိင်လဲ။
  • 8:43 - 8:48
    ဒီကမ္ဘာမှာ ဘာအပြောင်းအလဲကို
    သင်မြင်ချင်တာလဲ။
  • 8:50 - 8:52
    အခု မျက်လုံးတွေကို ဖွင့်လိုက်ပြီး
  • 8:53 - 8:58
    သင့်ကို စောင့်ဆိုင်းနေတဲ့ အခွင့်အလမ်းတွေဆီ
    ကိုယ့်ကိုယ်ကို ဖွင့်ထားလိုက်ပါ။
  • 8:58 - 9:05
    မရေရာမှုတွေ ရှိပေမဲ့ နယ်ပယ်သစ်တိုးချဲ့ပြီး
    အခွင့်အလမ်းတွေကို ကောင်းကောင်း အသုံးချဖို့
  • 9:05 - 9:07
    သင်တို့ကို အားပေးချင်ပါတယ်။
  • 9:07 - 9:10
    သင့်စိတ်ထက်သန်မှုကို စိတ်မှာ စွဲထားပါ။
  • 9:10 - 9:12
    ကြောက်ရွံ့မှုကို စွန့်လွှတ်လိုက်ပါ။
  • 9:12 - 9:17
    ရှည်ကြာစွာ သင့်ကိုယ်သင် နှောင်တည်းထားတဲ့
    အရာကို ဆက်လက်လိုက်စားပါ။
  • 9:18 - 9:23
    အကြောင်းတရားတွေကို အတားအဆီးတွေအဖြစ်
    ရှုမြင်ခြင်းကနေ အခွင့်အလမ်းတွေအဖြစ်
  • 9:23 - 9:26
    မြင်တဲ့ သင့်သဘောထားကို ပြောင်းလိုက်ပါ ။
  • 9:28 - 9:32
    နောက်ဆုံးမှာ သင့်ရည်ရွယ်ချက်
    ပြန့်ထွက်လာနိုင်ပါတယ်။
  • 9:33 - 9:37
    အပြင်ကို ထွက်ပြီး သင့်ရဲ့
    ikigai ကို ရှာဖွေပါ။
  • 9:39 - 9:40
    ကျေးဇူးတင်ပါတယ်။
Title:
Ikigai: ရည်ရွယ်ချက်ရှိတဲ့ ဘဝတစ်ခုအတွက် လျှို့ဝှက်ချက်။ Emily Bidle | TEDxYouth@ASIJ
Description:

Emily ကနေပြီး ရှက်တတ်တဲ့ ပင်ကိုယ်စရိုက်တစ်ခုနဲ့ မိမိကိုယ်မိမိ ယုံကြည်ချက်ရှိရှိ မဖော်ပြနိုင်ခြင်းရဲ့ ရုန်းကန်မှုတွေကို အသားပေး ရှင်းပြထားပါတယ်။ သူ့ရဲ့သက်သောင့်သက်ရှိတဲ့ အပိုင်းအခြားတနေ ထွက်သွားပြီး FutureHack လို့ခေါ်တဲ့ အစီအစဉ်တစ်ခုမှာ အသိအမှတ်ပြုခံရပြီးနောက်မှာ အတားအဆီးတွေကနေ အခွင့်အလမ်းတွေအဖြစ် မြင်ခြင်းကနေ သူ့ရဲ့ စိတ်သဘောထားကို ပြောင်းလဲလာနိုင်ခဲ့တယ်။ သူ့အမြင်တွေဟာ တကယ့်ကို အရေးပါတယ်ဆိုတာကို သိရှိနားလည်ခြင်းက လူမှုအဖွဲ့အစည်းမှာ တကယ့် သက်ရောက်မှုတစ်ခုကို ဖန်တီးခြင်းဆီ ကြီးမားတဲ့ တွန်းအားတစ်ခုကို သူ ပြောင်းလဲဖွံ့ဖြိုးအောင် လုပ်နိုင်ခဲ့တယ်။
ဒီဟောပြောချက်ဟာ TED ညီလာခံ ပုံစံ အသုံးပြုထားပေမဲ့ ဒေသတွင်း လူတစ်စုက သီးသန့်ကျင်းပတဲ့ TEDx ပွဲတစ်ခုမှာ ဟောပြောခဲ့တာပါ။ http://ted.com/tedx တွင် ပိုလေ့လာနိုင်ပါတယ်။

more » « less
Video Language:
English
Team:
closed TED
Project:
TEDxTalks
Duration:
09:45

Burmese subtitles

Revisions Compare revisions