တော်လှန်ခြင်း။ ပရိုဂရမ်ရေးသူ တစ်ယောက်လို တွေးပါ။ ဇာတ်ကွက် အမှတ် ၂။
-
0:22 - 0:25Ethic ထောင်ကနေ ဖောက်ထွက်အပြီးမှာ
-
0:25 - 0:28Hedge က သူတို့နှစ်ယောက်စလုံးကို
နိုင်ငံကို ဝန်းရံထားတဲ့ -
0:28 - 0:35တံတိုင်းကြီး Bradbarrier အရိပ်ထဲက
ရှေ့တန်း စခန်းဆီ လေယာဉ် မောင်းပို့ခဲ့တယ်။ -
0:35 - 0:39အဲဒီမှာရှိတဲ့ အခြေချနေထိုင်သူအားလုံး လစဉ်
ကျွေးမွေးရေးအတွက် မကြာခင် စုလာလိမ့်မယ်။ -
0:39 - 0:43တံတိုင်းက လူတွေဟာ နယ်မြေတစ်လွှားက
အနုပညာနဲ့ စာပေ လက်ရာတွေကို စုစည်းရင်း -
0:43 - 0:46သူတို့ရဲ့ နေ့တွေကို ကုန်ဆုံးကြတယ်။
-
0:46 - 0:50ကျွေးမွေးတဲ့နေ့မှာ မီးပြင်းဖို ပိုးလောင်း
တွေ ရောက်လာတယ်၊ ဆာဆာလောင်နဲ့ပါ။ -
0:50 - 0:56သူတို့ စားရင် အလင်းရောင်တွေ ဆက်ရှိနေပြီး
အစားအစာတွေ ပို့ပေးတယ်။ -
0:56 - 0:59သူတို့ ငတ်ရင် လူတွေလည်း ငတ်တယ်။
-
1:01 - 1:06Hedge ရဲ့ လောင်စာ ပံ့ပိုးမှုက Ethic
မြို့ဆင်ခြေဖုံးရောက်တာနဲ့ ကုန်သွားပြီး -
1:06 - 1:09အရေးပေါ် ထိုးဆင်းလိုက်တယ်။
-
1:11 - 1:15ကံကောင်းချင်တော့ လူတိုင်း ကျွေးမွေးတာနဲ့
အလုပ်ရှုပ်နေတော့ သတိမပြုမိကြဘူး။ -
1:15 - 1:18ဒီနေ့ ကျွေးမွေးခြင်းမှာ Ethic ဟာ
မြေအောက် တော်လှန်ရေး -
1:18 - 1:21လှုပ်ရှားမှု ခေါင်းဆောင်ကို
ရှာတွေ့နိုင်တယ်။ -
1:21 - 1:25ဒီလူက အစွမ်းရှိတဲ့ ရှေးဟောင်းပစ္စည်း
သုံးခုအနက် ပထမတစ်ခုရဲ့ တည်နေရာကိုသိတယ်။ -
1:25 - 1:27ပြဿနာက Hedge နဲ့ Ethic တို့က
-
1:27 - 1:31တော်လှန်ရေးခေါင်းဆောင်ရဲ့
အမည်နဲ့ ပုံပန်းကို မသိတာပါ။ -
1:31 - 1:35ဒါပေမဲ့ Hedge က အောက်ပါ
သတင်းအချက်အလက်ကို စုဆောင်းထားတယ်၊ -
1:35 - 1:37ခေါင်းဆောင်မှာ မျက်လုံးစိမ်းတွေရှိတယ်။
-
1:37 - 1:43ခေါင်းဆောင်မှာ ဆံပင်နီရှိရင် သူတို့အမည်က
အနည်းဆုံး အက္ခရာနှစ်လုံးဆက်တိုက်ပါတယ်။ -
1:43 - 1:48ခေါင်းဆောင်က မျက်မှန်တပ်ရင် သူတို့အမည်မှာ
သရအက္ခရာနှစ်လုံး အတိအကျပါတယ်။ -
1:48 - 1:52ဒီလိုမှမဟုတ်ရင် သူတို့အမည်မှာ
သရအက္ခရာ သုံးလုံး အတိအကျပါတယ်။ -
1:52 - 1:57ဒါတွေအားလုံးမှန်တဲ့သူက
အတိအကျ တစ်ယောက်ပဲရှိတယ်။ -
1:57 - 1:58တိမ်းရှောင်သူအနေနဲ့
-
1:58 - 2:03Ethic ဟာ သူ့ကိုယ်သူ အာရုံစိုက်အောင်
မလုပ်ဘဲ လူစုထဲ ခိုးဝင်လို့မရဘူး။ -
2:03 - 2:05ဒါပေမဲ့ Hedge ကို ညွှန်ကြားချက်တွေ
ပေးလို့ရတယ်။ -
2:05 - 2:10သူ့မှာရှိတဲ့ ကိရိယာတစ်ခုက ခြွင်းချက်
သဘောဆောင်တဲ့ ပရိုဂရမ်တစ်ခုပါ။ -
2:10 - 2:13ဒါက "A ဆိုရင် B ဖြစ်တယ်ဆိုတဲ့
ပုံစံရဲ အဆိုပြုချက်တစ်ခုပါ။ -
2:13 - 2:16လုပ်ငန်းစဉ်ပြ ကားချပ်တွေဟာ
ထူးကဲတဲ့ ရုပ်ပုံတွေပါ။ -
2:16 - 2:22ဒီခြွင်းချက်ဆောင်တဲ့သောက A မှန်ရင်
ညွန်ကြားချက် B ကို လုပ်လို့ ပြန်ဆိုတယ်။ -
2:22 - 2:26ဖြစ်နိင်ခြေ အမျိုးမျိုးကို တင်ပြတဲ့
ခြွင်းချက်ဆောင်တဲ့ သဘောတွေလည်းရှိတယ်။ -
2:26 - 2:30ဒါက ပြောတာက 'A မှန်ရင်
ညွှန်ကြားချက် B ကို လုပ်ဆောင်ပါ၊ -
2:30 - 2:34ဒါမှမဟုတ်ရင် ညွှန်ကြားချက် C ကို
လုပ်ဆောင်ပါ။' -
2:34 - 2:39ဒီတော့ တေယ်လှန်ရေးခေါင်းဆောင်ကို ရှာနိုင်
ဖို့ Hedge ကို ဘယ်ညွန်ကြားချက်တွေပေးလဲ။ -
2:39 - 2:43အခု ခဏလေး ရပ်ပြီး
သင်ကိုယ်တိုင် မှန်းဆကြည့်လိုက်ပါ။ -
2:43 - 2:47ဒီလိုမျိုး ပြဿနာတစ်ခုနဲ့အတူ ဒါက ပထမဆုံး
ရှင်းလင်းကွယ်ကူအောင်လုပ်နိုင်ပါတယ်။ -
2:47 - 2:51Hedge က ဒီလူတစ်ယောက်ကိုပဲ
စစ်ဆေးဖို့ လိုတယ်ဆိုရင်ရော။ -
2:51 - 2:54သူ့အကြောင်း ဘယ်သတင်းအချက်အလက်ကို
သူ စုဆောင်းဖို့လိုလဲ။ -
2:54 - 2:57သူ မေးလောက်တာက "သူ့မှာ
မျက်လုံးစိမ်း ရှိလား။" -
2:57 - 3:02တော်လှန်ရေး ခေါင်းဆောင်ကို ရှာတွေ့ဖို့
အခြား ဘယ်မေးခွန်းတွေ Hedge မေးသင့်လဲ။ -
3:02 - 3:06ဒီအဖြေတွေကို ဘယ်လို သူ ခြေရာခံနိုင်သလဲ။
-
3:06 - 3:11အခု ခဏလေး ရပ်ပြီး
သင်ကိုယ်တိုင် မှန်းဆကြည့်လိုက်ပါ။ -
3:11 - 3:15လူသားတစ်ဦးအနေနဲ့ ဒီပြဿနာကို သင်
ချဉ်းကပ်မယ့်ပုံက အလိုလို သိနေပုံရလောက်တယ်။ -
3:15 - 3:16ဒါပေမဲ့ Hedge က လူသား မဟုတ်ဘူးဆိုတော့
-
3:16 - 3:21စိန်ခေါ်မှုက အနာဂတ် ဖြစ်နိုင်ခြေတိုင်းမှာ
အလုပ်ဖြစ်မယ့်စနစ်ကျတဲ့ ညွှန်ကြားချက်တွေ -
3:21 - 3:24သူ့ကို ပေးဖို့ လိုတာကနေ လာတယ်။
-
3:24 - 3:27Hedge ဟာ တစ်ကြိမ်မှာ တစ်ခါ
မှန်ကန်တဲ့လူ မတွေ့မချင်း -
3:27 - 3:29အခြေချသူတွေကို စစ်ဆေးဖို့လိုတယ်။
-
3:29 - 3:33တစ်နည်းဆိုရရင် အကျဉ်းခန်းက
သော့ခလောက်လိုမျိုးပဲ -
3:33 - 3:37ဒါက တူညီတဲ့ ညွှန်ကြားချက်တွေ
ထပ်ကျော့နေတဲ့ ကျော့ကွင်းတစ်ခုပါ။ -
3:37 - 3:40ဒီတစ်ကြိမ်ပဲ ကျော့ကွင်းဟာ
ခြွင်းချက်ရှိတဲ့ သဘောတွေရဲ့ ပုံစံထဲမှာ -
3:40 - 3:42မေးခွန်းအစဉ်တစ်ခု ပါဝင်ပြီး
-
3:42 - 3:45Hedge က သူ့ပစ်မှတ်ကို ရှာတွေ့တာနဲ့
အဆုံးသတ်သွားလိမ့်မယ်။ -
3:45 - 3:49ဒါပေမဲ့ ပထမဆုံး သင့်ရဲ့ သတင်းအချက်အလက်ကို
သင်စုစည်းချင်လိမ့်မယ်။ -
3:49 - 3:55တစ်ဦးစီမှာ ပင်ကိုလက္ခဏာတစ်စုံရှိတယ်၊
မျက်လုံးအရောင်၊ဆံပင်အရောင်၊ မျက်မှန်၊အမည်။ -
3:55 - 3:57ဒီလူမှာ မျက်လုံးစိမ်း ရှိလား။
-
3:57 - 4:02ရှိတယ်ဆိုရင် 'မျက်လုံး အရောင်' နားမှာ
အမှတ်တစ်ခု မှတ်သားပါ၊ -
4:02 - 4:06မရှိရင် X လို့ မှတ်သားပါ။ ဆံပင် အနီရှိရင်
သူတို့အမည်မှာ အက္ခရာနှစ်ထပ် တစ်ခုပါလား။ -
4:06 - 4:10ပါတယ်ဆိုရင် 'ဆံပင် အရောင်' နားမှာ
အမှတ်တစ်ခု မှတ်သားပါ။ -
4:10 - 4:14အက္ခရာနှစ်ထပ် တစ်ခုမပါရင်
'ဆံပင် အရောင်' နားမှာ X လို့ မှတ်သားပါ။ -
4:14 - 4:19ဆံပင် အနီနဲ့ အက္ခရာနှစ်ထပ် မရှိသူတိုင်းဟာ
တော်လှန်ရေး ခေါင်းဆောင် မဖြစ်နိင်ဘူး။ -
4:19 - 4:21ဒါပေမဲ့ ဆံပင် အပြာရှိလား
ဆိုတာ သတိပြုပါ။ -
4:21 - 4:25Hedge ဟာ ဒီမေးခွန်းကို ကျော်ပြီး
နောက်တစ်ခုကို ဆက်သွားလိမ့်မယ်။ -
4:25 - 4:28နောက်ဆုံး မေးခွန်းအတွက် ပြောနိုင်တာက
-
4:28 - 4:33"သူတို့တွေ မျက်မှန်တပ်ရင် သူတို့အမည်မှာ
သရအက္ခရာနှစ်လုံး အတိအကျပါလား။ -
4:33 - 4:38သူတို့မှာ မျက်မှန်မပါရင် သူတို့အမည်မှာ
သရအက္ခရာ သုံးလုံး အတိအကျပါလား။ -
4:38 - 4:42လူအုပ်ထဲမှာ မျက်မှန်နဲ့ သရအက္ခရာ တစ်လုံး
(သို့) မျက်မှန်မပါဘဲ -
4:42 - 4:45သရအက္ခရာ နှစ်လုံးနဲ့ လူတွေရှိလိမ့်မယ်။
-
4:45 - 4:49ဒါပေမဲ့ သူတို့ဟာ ရှာနေတဲ့ လူတွေမဟုတ်ဘူး၊
ဒီတော့ သူတို့ဟာ X တွေ ရလိမ့်မယ်။ -
4:49 - 4:52တော်လှန်ရေး ခေါင်းဆောင်ဟာ ခြစ်ထားတဲ့
အမှတ်တွေ ဒါမှမဟုတ် မေးခွန်းတိုင်းရဲ့ -
4:52 - 4:55ဘေးမှာ ကွက်လပ်တွေနဲ့
တစ်ယောက် ဖြစ်ရမယ်။ -
4:55 - 4:58ကွက်လပ်တွေက ရပါတယ်၊ ဘာလို့လဲဆိုတော့
တစ်ယောက်မှာ ဆံပင် အပြာရှိရင် -
4:58 - 5:02ဆံပင် အနီ စည်းမျည်းက သူတို့ကို
သက်ရောက်မှု မရှိလို့ပါ။ -
5:02 - 5:06လူတစ်ဦးစီရဲ့အကြောင်း မေးခွန်းတိုင်းကို
Hedge ကို မေးခိုင်းလို့ရတယ်၊ -
5:06 - 5:09ဒီနောက် ခြစ်ထားတာနဲ့ ကွက်လပ်တွေ
ပါတဲ့ သူကို ရွေးချယ်လိုက်ပါ။ -
5:09 - 5:14ဒါပေမဲ့ အချိန်အများကြီး သက်သာတဲ့ နည်းတစ်ခု
ရှိတယ်၊ Hedge က X တစ်ခု မှတ်ပြီးသွားတာနဲ့ -
5:14 - 5:17နောက်တစ်ယောက်ဆီ သူတို့ ရွှေ့ခိုင်းလိုက်ပါ။
-
5:17 - 5:19မေးခွန်းတိုင်းရဲ့ အဖြေကို
သင်သိစရာ မလိုဘူး။ -
5:19 - 5:24X တစ်ခုတည်းကကို သူတို့ဟာ သင်ရှာဖွေမှုရဲ့
ပစ်မှတ်မဟုတ်ဘူးလို့ ဆိုလိုတာပါ။ -
5:26 - 5:28Hedge ဟာ လူအုပ်ကနေ တကျည်ကျည်မြည်ပြီး
-
5:28 - 5:32ငါးမိနစ်အတွင်းမှာ တော်လှန်ရေး
ခေါင်းဆောင် Adila ကို ရှာတွေ့ကာ -
5:32 - 5:34သူ့ကို Ethic ဆီ ခေါ်လာတယ်။
-
5:34 - 5:39Adila က ပထမ ရှေးဟောင်းပစ္စည်း 'စွမ်းအား
ရဲ့ ဆုံချက်'ကို ခိုးယူဖို့ သဘောတူတယ်။ -
5:39 - 5:41ဒါပေမဲ့ သတ်မှတ်ချက်တစ်ခုတော့ ရှိတယ်၊
-
5:41 - 5:44Ethic နဲ့ Hedge ဟာ မြို့ကို အကြမ်းဖက်
ခြိမ်းခြောက်တဲ့ -
5:44 - 5:48မီးပြင်းဖို ပိုးလောင်းတွေ ကို ပရိုဂရမ်ပြန်
ချရင်းက တော်လှန်ရေးကို တွန်းနှိုးရတာပါ။ -
5:48 - 5:51မှန်းတဲ့အတိုင်း ကွက်တိပဲ
စက်ရုပ်တွေ ဆင်းလာတယ်။
- Title:
- တော်လှန်ခြင်း။ ပရိုဂရမ်ရေးသူ တစ်ယောက်လို တွေးပါ။ ဇာတ်ကွက် အမှတ် ၂။
- Speaker:
- Alex Rosenthal
- Description:
-
သင်ခန်းစာ အပြည့်အစုံကို ကြည့်ပါ။
ဒါကတော့ ကျွန်ုပ်တို့ရဲ့ သက်ဝင်လှုပ်ရှား ဇာတ်လမ်းတွဲရဲ့ ဇာတ်ကွက် အမှတ်နှစ်ပါ။ ဒီ ၁၀ ခန်းပါတဲ့ ဇာတ်လမ်းဟာ Ethic ဆိုတဲ့ မိန်ကလေးတစ်ယောက်နဲ့ သူ့ရဲ့ စက်ရုပ် အဖော် Hedge တို့ ကမ္ဘာမြေကို ကယ်တင်ဖို့ ကြိုးပမ်းနေစဉ်မှာ သူတို့ကို ခြေရာခံပါတယ်။ သူတို့နှစ်ယောက်ဟာ ရှေးဟောင်းပစ္စည်း သုံးခုကို ရှာယူလျက် ယူသွားဖို့ စတင်ပြီး အစီအစဉ်ချထားတဲ့ ပဟေဠိတန်းတစ်ခုကို ဖြတ်ပြီး သူတို့ရဲ့လမ်းကို အဖြေရှာရမှာပါ။
သင်ခန်းစာကို Alex Rosenthal က ပြုစုပြီး Kozmonot Animation Studio က ရိုက်ကူးထားပါတယ်။ - Video Language:
- English
- Team:
closed TED
- Project:
- TED-Ed
- Duration:
- 05:54
![]() |
sann tint approved Burmese subtitles for The Resistance | Think Like A Coder, Ep 2 | |
![]() |
sann tint edited Burmese subtitles for The Resistance | Think Like A Coder, Ep 2 | |
![]() |
Myo Aung accepted Burmese subtitles for The Resistance | Think Like A Coder, Ep 2 | |
![]() |
Myo Aung edited Burmese subtitles for The Resistance | Think Like A Coder, Ep 2 | |
![]() |
Myo Aung edited Burmese subtitles for The Resistance | Think Like A Coder, Ep 2 | |
![]() |
sann tint edited Burmese subtitles for The Resistance | Think Like A Coder, Ep 2 | |
![]() |
sann tint edited Burmese subtitles for The Resistance | Think Like A Coder, Ep 2 | |
![]() |
sann tint edited Burmese subtitles for The Resistance | Think Like A Coder, Ep 2 |