1 00:00:22,038 --> 00:00:24,606 Ethic ထောင်ကနေ ဖောက်ထွက်အပြီးမှာ 2 00:00:24,606 --> 00:00:27,821 Hedge က သူတို့နှစ်ယောက်စလုံးကို နိုင်ငံကို ဝန်းရံထားတဲ့ 3 00:00:27,821 --> 00:00:34,641 တံတိုင်းကြီး Bradbarrier အရိပ်ထဲက ရှေ့တန်း စခန်းဆီ လေယာဉ် မောင်းပို့ခဲ့တယ်။ 4 00:00:34,641 --> 00:00:38,973 အဲဒီမှာရှိတဲ့ အခြေချနေထိုင်သူအားလုံး လစဉ် ကျွေးမွေးရေးအတွက် မကြာခင် စုလာလိမ့်မယ်။ 5 00:00:38,973 --> 00:00:43,188 တံတိုင်းက လူတွေဟာ နယ်မြေတစ်လွှားက အနုပညာနဲ့ စာပေ လက်ရာတွေကို စုစည်းရင်း 6 00:00:43,188 --> 00:00:45,788 သူတို့ရဲ့ နေ့တွေကို ကုန်ဆုံးကြတယ်။ 7 00:00:45,788 --> 00:00:50,378 ကျွေးမွေးတဲ့နေ့မှာ မီးပြင်းဖို ပိုးလောင်း တွေ ရောက်လာတယ်၊ ဆာဆာလောင်နဲ့ပါ။ 8 00:00:50,378 --> 00:00:56,119 သူတို့ စားရင် အလင်းရောင်တွေ ဆက်ရှိနေပြီး အစားအစာတွေ ပို့ပေးတယ်။ 9 00:00:56,119 --> 00:00:59,409 သူတို့ ငတ်ရင် လူတွေလည်း ငတ်တယ်။ 10 00:01:00,954 --> 00:01:05,934 Hedge ရဲ့ လောင်စာ ပံ့ပိုးမှုက Ethic မြို့ဆင်ခြေဖုံးရောက်တာနဲ့ ကုန်သွားပြီး 11 00:01:05,934 --> 00:01:08,732 အရေးပေါ် ထိုးဆင်းလိုက်တယ်။ 12 00:01:10,576 --> 00:01:14,996 ကံကောင်းချင်တော့ လူတိုင်း ကျွေးမွေးတာနဲ့ အလုပ်ရှုပ်နေတော့ သတိမပြုမိကြဘူး။ 13 00:01:14,996 --> 00:01:17,870 ဒီနေ့ ကျွေးမွေးခြင်းမှာ Ethic ဟာ မြေအောက် တော်လှန်ရေး 14 00:01:17,870 --> 00:01:20,551 လှုပ်ရှားမှု ခေါင်းဆောင်ကို ရှာတွေ့နိုင်တယ်။ 15 00:01:20,551 --> 00:01:24,819 ဒီလူက အစွမ်းရှိတဲ့ ရှေးဟောင်းပစ္စည်း သုံးခုအနက် ပထမတစ်ခုရဲ့ တည်နေရာကိုသိတယ်။ 16 00:01:24,819 --> 00:01:27,222 ပြဿနာက Hedge နဲ့ Ethic တို့က 17 00:01:27,222 --> 00:01:30,618 တော်လှန်ရေးခေါင်းဆောင်ရဲ့ အမည်နဲ့ ပုံပန်းကို မသိတာပါ။ 18 00:01:30,618 --> 00:01:34,801 ဒါပေမဲ့ Hedge က အောက်ပါ သတင်းအချက်အလက်ကို စုဆောင်းထားတယ်၊ 19 00:01:34,801 --> 00:01:37,216 ခေါင်းဆောင်မှာ မျက်လုံးစိမ်းတွေရှိတယ်။ 20 00:01:37,216 --> 00:01:43,236 ခေါင်းဆောင်မှာ ဆံပင်နီရှိရင် သူတို့အမည်က အနည်းဆုံး အက္ခရာနှစ်လုံးဆက်တိုက်ပါတယ်။ 21 00:01:43,236 --> 00:01:48,286 ခေါင်းဆောင်က မျက်မှန်တပ်ရင် သူတို့အမည်မှာ သရအက္ခရာနှစ်လုံး အတိအကျပါတယ်။ 22 00:01:48,286 --> 00:01:52,299 ဒီလိုမှမဟုတ်ရင် သူတို့အမည်မှာ သရအက္ခရာ သုံးလုံး အတိအကျပါတယ်။ 23 00:01:52,299 --> 00:01:57,109 ဒါတွေအားလုံးမှန်တဲ့သူက အတိအကျ တစ်ယောက်ပဲရှိတယ်။ 24 00:01:57,109 --> 00:01:58,324 တိမ်းရှောင်သူအနေနဲ့ 25 00:01:58,324 --> 00:02:02,514 Ethic ဟာ သူ့ကိုယ်သူ အာရုံစိုက်အောင် မလုပ်ဘဲ လူစုထဲ ခိုးဝင်လို့မရဘူး။ 26 00:02:02,514 --> 00:02:05,326 ဒါပေမဲ့ Hedge ကို ညွှန်ကြားချက်တွေ ပေးလို့ရတယ်။ 27 00:02:05,326 --> 00:02:09,505 သူ့မှာရှိတဲ့ ကိရိယာတစ်ခုက ခြွင်းချက် သဘောဆောင်တဲ့ ပရိုဂရမ်တစ်ခုပါ။ 28 00:02:09,505 --> 00:02:13,185 ဒါက "A ဆိုရင် B ဖြစ်တယ်ဆိုတဲ့ ပုံစံရဲ အဆိုပြုချက်တစ်ခုပါ။ 29 00:02:13,185 --> 00:02:16,376 လုပ်ငန်းစဉ်ပြ ကားချပ်တွေဟာ ထူးကဲတဲ့ ရုပ်ပုံတွေပါ။ 30 00:02:16,376 --> 00:02:22,266 ဒီခြွင်းချက်ဆောင်တဲ့သောက A မှန်ရင် ညွန်ကြားချက် B ကို လုပ်လို့ ပြန်ဆိုတယ်။ 31 00:02:22,266 --> 00:02:26,178 ဖြစ်နိင်ခြေ အမျိုးမျိုးကို တင်ပြတဲ့ ခြွင်းချက်ဆောင်တဲ့ သဘောတွေလည်းရှိတယ်။ 32 00:02:26,178 --> 00:02:30,025 ဒါက ပြောတာက 'A မှန်ရင် ညွှန်ကြားချက် B ကို လုပ်ဆောင်ပါ၊ 33 00:02:30,025 --> 00:02:33,718 ဒါမှမဟုတ်ရင် ညွှန်ကြားချက် C ကို လုပ်ဆောင်ပါ။' 34 00:02:33,718 --> 00:02:38,828 ဒီတော့ တေယ်လှန်ရေးခေါင်းဆောင်ကို ရှာနိုင် ဖို့ Hedge ကို ဘယ်ညွန်ကြားချက်တွေပေးလဲ။ 35 00:02:38,828 --> 00:02:43,492 အခု ခဏလေး ရပ်ပြီး သင်ကိုယ်တိုင် မှန်းဆကြည့်လိုက်ပါ။ 36 00:02:43,492 --> 00:02:47,407 ဒီလိုမျိုး ပြဿနာတစ်ခုနဲ့အတူ ဒါက ပထမဆုံး ရှင်းလင်းကွယ်ကူအောင်လုပ်နိုင်ပါတယ်။ 37 00:02:47,407 --> 00:02:50,987 Hedge က ဒီလူတစ်ယောက်ကိုပဲ စစ်ဆေးဖို့ လိုတယ်ဆိုရင်ရော။ 38 00:02:50,987 --> 00:02:54,232 သူ့အကြောင်း ဘယ်သတင်းအချက်အလက်ကို သူ စုဆောင်းဖို့လိုလဲ။ 39 00:02:54,232 --> 00:02:57,236 သူ မေးလောက်တာက "သူ့မှာ မျက်လုံးစိမ်း ရှိလား။" 40 00:02:57,236 --> 00:03:01,688 တော်လှန်ရေး ခေါင်းဆောင်ကို ရှာတွေ့ဖို့ အခြား ဘယ်မေးခွန်းတွေ Hedge မေးသင့်လဲ။ 41 00:03:01,688 --> 00:03:05,728 ဒီအဖြေတွေကို ဘယ်လို သူ ခြေရာခံနိုင်သလဲ။ 42 00:03:05,728 --> 00:03:10,718 အခု ခဏလေး ရပ်ပြီး သင်ကိုယ်တိုင် မှန်းဆကြည့်လိုက်ပါ။ 43 00:03:10,718 --> 00:03:14,607 လူသားတစ်ဦးအနေနဲ့ ဒီပြဿနာကို သင် ချဉ်းကပ်မယ့်ပုံက အလိုလို သိနေပုံရလောက်တယ်။ 44 00:03:14,607 --> 00:03:16,380 ဒါပေမဲ့ Hedge က လူသား မဟုတ်ဘူးဆိုတော့ 45 00:03:16,380 --> 00:03:20,990 စိန်ခေါ်မှုက အနာဂတ် ဖြစ်နိုင်ခြေတိုင်းမှာ အလုပ်ဖြစ်မယ့်စနစ်ကျတဲ့ ညွှန်ကြားချက်တွေ 46 00:03:20,990 --> 00:03:23,654 သူ့ကို ပေးဖို့ လိုတာကနေ လာတယ်။ 47 00:03:23,654 --> 00:03:26,578 Hedge ဟာ တစ်ကြိမ်မှာ တစ်ခါ မှန်ကန်တဲ့လူ မတွေ့မချင်း 48 00:03:26,578 --> 00:03:29,139 အခြေချသူတွေကို စစ်ဆေးဖို့လိုတယ်။ 49 00:03:29,139 --> 00:03:32,709 တစ်နည်းဆိုရရင် အကျဉ်းခန်းက သော့ခလောက်လိုမျိုးပဲ 50 00:03:32,709 --> 00:03:36,555 ဒါက တူညီတဲ့ ညွှန်ကြားချက်တွေ ထပ်ကျော့နေတဲ့ ကျော့ကွင်းတစ်ခုပါ။ 51 00:03:36,555 --> 00:03:40,083 ဒီတစ်ကြိမ်ပဲ ကျော့ကွင်းဟာ ခြွင်းချက်ရှိတဲ့ သဘောတွေရဲ့ ပုံစံထဲမှာ 52 00:03:40,083 --> 00:03:41,770 မေးခွန်းအစဉ်တစ်ခု ပါဝင်ပြီး 53 00:03:41,770 --> 00:03:45,081 Hedge က သူ့ပစ်မှတ်ကို ရှာတွေ့တာနဲ့ အဆုံးသတ်သွားလိမ့်မယ်။ 54 00:03:45,081 --> 00:03:48,592 ဒါပေမဲ့ ပထမဆုံး သင့်ရဲ့ သတင်းအချက်အလက်ကို သင်စုစည်းချင်လိမ့်မယ်။ 55 00:03:48,592 --> 00:03:55,130 တစ်ဦးစီမှာ ပင်ကိုလက္ခဏာတစ်စုံရှိတယ်၊ မျက်လုံးအရောင်၊ဆံပင်အရောင်၊ မျက်မှန်၊အမည်။ 56 00:03:55,130 --> 00:03:57,297 ဒီလူမှာ မျက်လုံးစိမ်း ရှိလား။ 57 00:03:57,297 --> 00:04:02,367 ရှိတယ်ဆိုရင် 'မျက်လုံး အရောင်' နားမှာ အမှတ်တစ်ခု မှတ်သားပါ၊ 58 00:04:02,367 --> 00:04:06,207 မရှိရင် X လို့ မှတ်သားပါ။ ဆံပင် အနီရှိရင် သူတို့အမည်မှာ အက္ခရာနှစ်ထပ် တစ်ခုပါလား။ 59 00:04:06,207 --> 00:04:09,543 ပါတယ်ဆိုရင် 'ဆံပင် အရောင်' နားမှာ အမှတ်တစ်ခု မှတ်သားပါ။ 60 00:04:09,543 --> 00:04:13,832 အက္ခရာနှစ်ထပ် တစ်ခုမပါရင် 'ဆံပင် အရောင်' နားမှာ X လို့ မှတ်သားပါ။ 61 00:04:13,832 --> 00:04:18,582 ဆံပင် အနီနဲ့ အက္ခရာနှစ်ထပ် မရှိသူတိုင်းဟာ တော်လှန်ရေး ခေါင်းဆောင် မဖြစ်နိင်ဘူး။ 62 00:04:18,582 --> 00:04:20,832 ဒါပေမဲ့ ဆံပင် အပြာရှိလား ဆိုတာ သတိပြုပါ။ 63 00:04:20,832 --> 00:04:25,432 Hedge ဟာ ဒီမေးခွန်းကို ကျော်ပြီး နောက်တစ်ခုကို ဆက်သွားလိမ့်မယ်။ 64 00:04:25,432 --> 00:04:27,801 နောက်ဆုံး မေးခွန်းအတွက် ပြောနိုင်တာက 65 00:04:27,801 --> 00:04:32,551 "သူတို့တွေ မျက်မှန်တပ်ရင် သူတို့အမည်မှာ သရအက္ခရာနှစ်လုံး အတိအကျပါလား။ 66 00:04:32,551 --> 00:04:38,129 သူတို့မှာ မျက်မှန်မပါရင် သူတို့အမည်မှာ သရအက္ခရာ သုံးလုံး အတိအကျပါလား။ 67 00:04:38,129 --> 00:04:42,457 လူအုပ်ထဲမှာ မျက်မှန်နဲ့ သရအက္ခရာ တစ်လုံး (သို့) မျက်မှန်မပါဘဲ 68 00:04:42,457 --> 00:04:44,864 သရအက္ခရာ နှစ်လုံးနဲ့ လူတွေရှိလိမ့်မယ်။ 69 00:04:44,864 --> 00:04:48,673 ဒါပေမဲ့ သူတို့ဟာ ရှာနေတဲ့ လူတွေမဟုတ်ဘူး၊ ဒီတော့ သူတို့ဟာ X တွေ ရလိမ့်မယ်။ 70 00:04:48,673 --> 00:04:52,198 တော်လှန်ရေး ခေါင်းဆောင်ဟာ ခြစ်ထားတဲ့ အမှတ်တွေ ဒါမှမဟုတ် မေးခွန်းတိုင်းရဲ့ 71 00:04:52,198 --> 00:04:55,027 ဘေးမှာ ကွက်လပ်တွေနဲ့ တစ်ယောက်

 ဖြစ်ရမယ်။ 72 00:04:55,027 --> 00:04:58,113 ကွက်လပ်တွေက ရပါတယ်၊ ဘာလို့လဲဆိုတော့ တစ်ယောက်မှာ ဆံပင် အပြာရှိရင် 73 00:04:58,113 --> 00:05:01,923 ဆံပင် အနီ စည်းမျည်းက သူတို့ကို သက်ရောက်မှု မရှိလို့ပါ။ 74 00:05:01,923 --> 00:05:05,511 လူတစ်ဦးစီရဲ့အကြောင်း မေးခွန်းတိုင်းကို Hedge ကို မေးခိုင်းလို့ရတယ်၊ 75 00:05:05,511 --> 00:05:09,215 ဒီနောက် ခြစ်ထားတာနဲ့ ကွက်လပ်တွေ ပါတဲ့ သူကို ရွေးချယ်လိုက်ပါ။ 76 00:05:09,215 --> 00:05:14,165 ဒါပေမဲ့ အချိန်အများကြီး သက်သာတဲ့ နည်းတစ်ခု ရှိတယ်၊ Hedge က X တစ်ခု မှတ်ပြီးသွားတာနဲ့ 77 00:05:14,167 --> 00:05:16,722 နောက်တစ်ယောက်ဆီ သူတို့ ရွှေ့ခိုင်းလိုက်ပါ။ 78 00:05:16,722 --> 00:05:19,294 မေးခွန်းတိုင်းရဲ့ အဖြေကို သင်သိစရာ မလိုဘူး။ 79 00:05:19,294 --> 00:05:24,404 X တစ်ခုတည်းကကို သူတို့ဟာ သင်ရှာဖွေမှုရဲ့ ပစ်မှတ်မဟုတ်ဘူးလို့ ဆိုလိုတာပါ။ 80 00:05:26,283 --> 00:05:28,085 Hedge ဟာ လူအုပ်ကနေ တကျည်ကျည်မြည်ပြီး 81 00:05:28,085 --> 00:05:31,646 ငါးမိနစ်အတွင်းမှာ တော်လှန်ရေး ခေါင်းဆောင် Adila ကို ရှာတွေ့ကာ 82 00:05:31,646 --> 00:05:33,785 သူ့ကို Ethic ဆီ ခေါ်လာတယ်။ 83 00:05:33,785 --> 00:05:39,055 Adila က ပထမ ရှေးဟောင်းပစ္စည်း 'စွမ်းအား ရဲ့ ဆုံချက်'ကို ခိုးယူဖို့ သဘောတူတယ်။ 84 00:05:39,055 --> 00:05:41,018 ဒါပေမဲ့ သတ်မှတ်ချက်တစ်ခုတော့ ရှိတယ်၊ 85 00:05:41,018 --> 00:05:43,746 Ethic နဲ့ Hedge ဟာ မြို့ကို အကြမ်းဖက် ခြိမ်းခြောက်တဲ့ 86 00:05:43,746 --> 00:05:48,349 မီးပြင်းဖို ပိုးလောင်းတွေ ကို ပရိုဂရမ်ပြန် ချရင်းက တော်လှန်ရေးကို တွန်းနှိုးရတာပါ။ 87 00:05:48,349 --> 00:05:51,129 မှန်းတဲ့အတိုင်း ကွက်တိပဲ စက်ရုပ်တွေ ဆင်းလာတယ်။