Ethic ထောင်ကနေ ဖောက်ထွက်အပြီးမှာ Hedge က သူတို့နှစ်ယောက်စလုံးကို နိုင်ငံကို ဝန်းရံထားတဲ့ တံတိုင်းကြီး Bradbarrier အရိပ်ထဲက ရှေ့တန်း စခန်းဆီ လေယာဉ် မောင်းပို့ခဲ့တယ်။ အဲဒီမှာရှိတဲ့ အခြေချနေထိုင်သူအားလုံး လစဉ် ကျွေးမွေးရေးအတွက် မကြာခင် စုလာလိမ့်မယ်။ တံတိုင်းက လူတွေဟာ နယ်မြေတစ်လွှားက အနုပညာနဲ့ စာပေ လက်ရာတွေကို စုစည်းရင်း သူတို့ရဲ့ နေ့တွေကို ကုန်ဆုံးကြတယ်။ ကျွေးမွေးတဲ့နေ့မှာ မီးပြင်းဖို ပိုးလောင်း တွေ ရောက်လာတယ်၊ ဆာဆာလောင်နဲ့ပါ။ သူတို့ စားရင် အလင်းရောင်တွေ ဆက်ရှိနေပြီး အစားအစာတွေ ပို့ပေးတယ်။ သူတို့ ငတ်ရင် လူတွေလည်း ငတ်တယ်။ Hedge ရဲ့ လောင်စာ ပံ့ပိုးမှုက Ethic မြို့ဆင်ခြေဖုံးရောက်တာနဲ့ ကုန်သွားပြီး အရေးပေါ် ထိုးဆင်းလိုက်တယ်။ ကံကောင်းချင်တော့ လူတိုင်း ကျွေးမွေးတာနဲ့ အလုပ်ရှုပ်နေတော့ သတိမပြုမိကြဘူး။ ဒီနေ့ ကျွေးမွေးခြင်းမှာ Ethic ဟာ မြေအောက် တော်လှန်ရေး လှုပ်ရှားမှု ခေါင်းဆောင်ကို ရှာတွေ့နိုင်တယ်။ ဒီလူက အစွမ်းရှိတဲ့ ရှေးဟောင်းပစ္စည်း သုံးခုအနက် ပထမတစ်ခုရဲ့ တည်နေရာကိုသိတယ်။ ပြဿနာက Hedge နဲ့ Ethic တို့က တော်လှန်ရေးခေါင်းဆောင်ရဲ့ အမည်နဲ့ ပုံပန်းကို မသိတာပါ။ ဒါပေမဲ့ Hedge က အောက်ပါ သတင်းအချက်အလက်ကို စုဆောင်းထားတယ်၊ ခေါင်းဆောင်မှာ မျက်လုံးစိမ်းတွေရှိတယ်။ ခေါင်းဆောင်မှာ ဆံပင်နီရှိရင် သူတို့အမည်က အနည်းဆုံး အက္ခရာနှစ်လုံးဆက်တိုက်ပါတယ်။ ခေါင်းဆောင်က မျက်မှန်တပ်ရင် သူတို့အမည်မှာ သရအက္ခရာနှစ်လုံး အတိအကျပါတယ်။ ဒီလိုမှမဟုတ်ရင် သူတို့အမည်မှာ သရအက္ခရာ သုံးလုံး အတိအကျပါတယ်။ ဒါတွေအားလုံးမှန်တဲ့သူက အတိအကျ တစ်ယောက်ပဲရှိတယ်။ တိမ်းရှောင်သူအနေနဲ့ Ethic ဟာ သူ့ကိုယ်သူ အာရုံစိုက်အောင် မလုပ်ဘဲ လူစုထဲ ခိုးဝင်လို့မရဘူး။ ဒါပေမဲ့ Hedge ကို ညွှန်ကြားချက်တွေ ပေးလို့ရတယ်။ သူ့မှာရှိတဲ့ ကိရိယာတစ်ခုက ခြွင်းချက် သဘောဆောင်တဲ့ ပရိုဂရမ်တစ်ခုပါ။ ဒါက "A ဆိုရင် B ဖြစ်တယ်ဆိုတဲ့ ပုံစံရဲ အဆိုပြုချက်တစ်ခုပါ။ လုပ်ငန်းစဉ်ပြ ကားချပ်တွေဟာ ထူးကဲတဲ့ ရုပ်ပုံတွေပါ။ ဒီခြွင်းချက်ဆောင်တဲ့သောက A မှန်ရင် ညွန်ကြားချက် B ကို လုပ်လို့ ပြန်ဆိုတယ်။ ဖြစ်နိင်ခြေ အမျိုးမျိုးကို တင်ပြတဲ့ ခြွင်းချက်ဆောင်တဲ့ သဘောတွေလည်းရှိတယ်။ ဒါက ပြောတာက 'A မှန်ရင် ညွှန်ကြားချက် B ကို လုပ်ဆောင်ပါ၊ ဒါမှမဟုတ်ရင် ညွှန်ကြားချက် C ကို လုပ်ဆောင်ပါ။' ဒီတော့ တေယ်လှန်ရေးခေါင်းဆောင်ကို ရှာနိုင် ဖို့ Hedge ကို ဘယ်ညွန်ကြားချက်တွေပေးလဲ။ အခု ခဏလေး ရပ်ပြီး သင်ကိုယ်တိုင် မှန်းဆကြည့်လိုက်ပါ။ ဒီလိုမျိုး ပြဿနာတစ်ခုနဲ့အတူ ဒါက ပထမဆုံး ရှင်းလင်းကွယ်ကူအောင်လုပ်နိုင်ပါတယ်။ Hedge က ဒီလူတစ်ယောက်ကိုပဲ စစ်ဆေးဖို့ လိုတယ်ဆိုရင်ရော။ သူ့အကြောင်း ဘယ်သတင်းအချက်အလက်ကို သူ စုဆောင်းဖို့လိုလဲ။ သူ မေးလောက်တာက "သူ့မှာ မျက်လုံးစိမ်း ရှိလား။" တော်လှန်ရေး ခေါင်းဆောင်ကို ရှာတွေ့ဖို့ အခြား ဘယ်မေးခွန်းတွေ Hedge မေးသင့်လဲ။ ဒီအဖြေတွေကို ဘယ်လို သူ ခြေရာခံနိုင်သလဲ။ အခု ခဏလေး ရပ်ပြီး သင်ကိုယ်တိုင် မှန်းဆကြည့်လိုက်ပါ။ လူသားတစ်ဦးအနေနဲ့ ဒီပြဿနာကို သင် ချဉ်းကပ်မယ့်ပုံက အလိုလို သိနေပုံရလောက်တယ်။ ဒါပေမဲ့ Hedge က လူသား မဟုတ်ဘူးဆိုတော့ စိန်ခေါ်မှုက အနာဂတ် ဖြစ်နိုင်ခြေတိုင်းမှာ အလုပ်ဖြစ်မယ့်စနစ်ကျတဲ့ ညွှန်ကြားချက်တွေ သူ့ကို ပေးဖို့ လိုတာကနေ လာတယ်။ Hedge ဟာ တစ်ကြိမ်မှာ တစ်ခါ မှန်ကန်တဲ့လူ မတွေ့မချင်း အခြေချသူတွေကို စစ်ဆေးဖို့လိုတယ်။ တစ်နည်းဆိုရရင် အကျဉ်းခန်းက သော့ခလောက်လိုမျိုးပဲ ဒါက တူညီတဲ့ ညွှန်ကြားချက်တွေ ထပ်ကျော့နေတဲ့ ကျော့ကွင်းတစ်ခုပါ။ ဒီတစ်ကြိမ်ပဲ ကျော့ကွင်းဟာ ခြွင်းချက်ရှိတဲ့ သဘောတွေရဲ့ ပုံစံထဲမှာ မေးခွန်းအစဉ်တစ်ခု ပါဝင်ပြီး Hedge က သူ့ပစ်မှတ်ကို ရှာတွေ့တာနဲ့ အဆုံးသတ်သွားလိမ့်မယ်။ ဒါပေမဲ့ ပထမဆုံး သင့်ရဲ့ သတင်းအချက်အလက်ကို သင်စုစည်းချင်လိမ့်မယ်။ တစ်ဦးစီမှာ ပင်ကိုလက္ခဏာတစ်စုံရှိတယ်၊ မျက်လုံးအရောင်၊ဆံပင်အရောင်၊ မျက်မှန်၊အမည်။ ဒီလူမှာ မျက်လုံးစိမ်း ရှိလား။ ရှိတယ်ဆိုရင် 'မျက်လုံး အရောင်' နားမှာ အမှတ်တစ်ခု မှတ်သားပါ၊ မရှိရင် X လို့ မှတ်သားပါ။ ဆံပင် အနီရှိရင် သူတို့အမည်မှာ အက္ခရာနှစ်ထပ် တစ်ခုပါလား။ ပါတယ်ဆိုရင် 'ဆံပင် အရောင်' နားမှာ အမှတ်တစ်ခု မှတ်သားပါ။ အက္ခရာနှစ်ထပ် တစ်ခုမပါရင် 'ဆံပင် အရောင်' နားမှာ X လို့ မှတ်သားပါ။ ဆံပင် အနီနဲ့ အက္ခရာနှစ်ထပ် မရှိသူတိုင်းဟာ တော်လှန်ရေး ခေါင်းဆောင် မဖြစ်နိင်ဘူး။ ဒါပေမဲ့ ဆံပင် အပြာရှိလား ဆိုတာ သတိပြုပါ။ Hedge ဟာ ဒီမေးခွန်းကို ကျော်ပြီး နောက်တစ်ခုကို ဆက်သွားလိမ့်မယ်။ နောက်ဆုံး မေးခွန်းအတွက် ပြောနိုင်တာက "သူတို့တွေ မျက်မှန်တပ်ရင် သူတို့အမည်မှာ သရအက္ခရာနှစ်လုံး အတိအကျပါလား။ သူတို့မှာ မျက်မှန်မပါရင် သူတို့အမည်မှာ သရအက္ခရာ သုံးလုံး အတိအကျပါလား။ လူအုပ်ထဲမှာ မျက်မှန်နဲ့ သရအက္ခရာ တစ်လုံး (သို့) မျက်မှန်မပါဘဲ သရအက္ခရာ နှစ်လုံးနဲ့ လူတွေရှိလိမ့်မယ်။ ဒါပေမဲ့ သူတို့ဟာ ရှာနေတဲ့ လူတွေမဟုတ်ဘူး၊ ဒီတော့ သူတို့ဟာ X တွေ ရလိမ့်မယ်။ တော်လှန်ရေး ခေါင်းဆောင်ဟာ ခြစ်ထားတဲ့ အမှတ်တွေ ဒါမှမဟုတ် မေးခွန်းတိုင်းရဲ့ ဘေးမှာ ကွက်လပ်တွေနဲ့ တစ်ယောက်

 ဖြစ်ရမယ်။ ကွက်လပ်တွေက ရပါတယ်၊ ဘာလို့လဲဆိုတော့ တစ်ယောက်မှာ ဆံပင် အပြာရှိရင် ဆံပင် အနီ စည်းမျည်းက သူတို့ကို သက်ရောက်မှု မရှိလို့ပါ။ လူတစ်ဦးစီရဲ့အကြောင်း မေးခွန်းတိုင်းကို Hedge ကို မေးခိုင်းလို့ရတယ်၊ ဒီနောက် ခြစ်ထားတာနဲ့ ကွက်လပ်တွေ ပါတဲ့ သူကို ရွေးချယ်လိုက်ပါ။ ဒါပေမဲ့ အချိန်အများကြီး သက်သာတဲ့ နည်းတစ်ခု ရှိတယ်၊ Hedge က X တစ်ခု မှတ်ပြီးသွားတာနဲ့ နောက်တစ်ယောက်ဆီ သူတို့ ရွှေ့ခိုင်းလိုက်ပါ။ မေးခွန်းတိုင်းရဲ့ အဖြေကို သင်သိစရာ မလိုဘူး။ X တစ်ခုတည်းကကို သူတို့ဟာ သင်ရှာဖွေမှုရဲ့ ပစ်မှတ်မဟုတ်ဘူးလို့ ဆိုလိုတာပါ။ Hedge ဟာ လူအုပ်ကနေ တကျည်ကျည်မြည်ပြီး ငါးမိနစ်အတွင်းမှာ တော်လှန်ရေး ခေါင်းဆောင် Adila ကို ရှာတွေ့ကာ သူ့ကို Ethic ဆီ ခေါ်လာတယ်။ Adila က ပထမ ရှေးဟောင်းပစ္စည်း 'စွမ်းအား ရဲ့ ဆုံချက်'ကို ခိုးယူဖို့ သဘောတူတယ်။ ဒါပေမဲ့ သတ်မှတ်ချက်တစ်ခုတော့ ရှိတယ်၊ Ethic နဲ့ Hedge ဟာ မြို့ကို အကြမ်းဖက် ခြိမ်းခြောက်တဲ့ မီးပြင်းဖို ပိုးလောင်းတွေ ကို ပရိုဂရမ်ပြန် ချရင်းက တော်လှန်ရေးကို တွန်းနှိုးရတာပါ။ မှန်းတဲ့အတိုင်း ကွက်တိပဲ စက်ရုပ်တွေ ဆင်းလာတယ်။