< Return to Video

အမျိုးသား သားဆက်ခြားဆေးအကြောင်း

  • 0:01 - 0:02
    "အမျိုးသား သားဆက်ခြားဆေး"ကို
  • 0:02 - 0:07
    ကျွန်တော်
    တီထွင်တော့မယ်လို့ ပြောလိုက်တဲ့အခါမှာ
  • 0:07 - 0:11
    လူတွေရဲ့တုံ့ပြန်မှုက ကျား/မအလိုက်
    ကွဲပြားသွားကြတယ်။
  • 0:11 - 0:13
    အမျိုးသမီးတွေကတော့ပြောပါတယ်
  • 0:13 - 0:16
    "သိပ်ကောင်းတယ်။ အချိန်ကကော
    ဘယ်တော့ဖြစ်မလဲ"တဲ့
  • 0:16 - 0:18
    (ရယ်သံ)
  • 0:18 - 0:20
    အမျိုးသားတွေကျတော့ နှစ်မျိုးကွဲသွားတယ်။
  • 0:20 - 0:22
    တချို့က ကြိုက်ကြတယ်။
  • 0:22 - 0:24
    တချို့ကတော့ မယုံသလိုနဲ့ ပြန်ကြည့်တယ်။
  • 0:24 - 0:28
    ဒါဆို သူတို့ဝှေးစေ့ထဲများ ဘာလာထည့်မှာလည်း
    ဆိုပြီး စူးစမ်းကြတယ်
  • 0:28 - 0:30
    (ရယ်သံ)
  • 0:30 - 0:34
    ဒါဆို အမျိုးသား သားဆက်ခြားနည်းက
    ဘာလို့လိုအပ်တာလဲ။
  • 0:35 - 0:37
    ဟုတ်ပြီ၊ အမေရိကန်ပြည်ထောင်စုမှာ
  • 0:37 - 0:41
    နှစ်စဉ်နှစ်တိုင်း ကိုယ်ဝန်ဆောင်
    ၆သန်းမှာ ၃သန်းက
  • 0:41 - 0:44
    မရည်ရွယ်ဘဲ ကိုယ်ဝန်ရခဲ့ကြတာဆိုရင်ရော၊
  • 0:44 - 0:46
    တစ်ဝက်နော်။
  • 0:46 - 0:48
    သိပ်အံ့ဩစရာကောင်းတဲ့ အရေအတွက်ပါ။
  • 0:48 - 0:51
    အဲဒီ မရည်ရွယ်ဘဲရခဲ့တဲ့ ကိုယ်ဝန်သုံးသန်းက
  • 0:51 - 0:54
    အမေရိကန်မှာ ကိုယ်ဝန်ဖျက်ချမှု
    တစ်သန်းကျော်ရဲ့
  • 0:54 - 0:56
    အဓိက တရားခံပဲ။
  • 0:57 - 1:02
    ကံကောင်းစွာနဲ့ပဲ ဒီနှစ်ပိုင်းတွေမှာ
    မရည်ရွယ်ဘဲရတဲ့ ကိုယ်ဝန်ဆောင်နှုန်းက
  • 1:02 - 1:04
    ၁၀ ရာခိုင်နှုန်းလောက် ကျဆင်းသွားတယ်
  • 1:04 - 1:07
    အကြောင်းက အမျိုးသမီးတော်တော်များများက
    ထိရောက်ပြီး တာရှည်ခံတဲ့
  • 1:07 - 1:09
    ကိုယ်ဝန်ပြန်ယူနိုင်တဲ
    တားနည်းတွေသုံးလိုပါ
  • 1:10 - 1:12
    ဒါပေမယ့်သွားရမယ့်လမ်းကတော့
    အရှည်ကြီးရှိသေးတယ်
  • 1:13 - 1:16
    လက်တွေ့မှာဖြစ်လာနိုင်ခြေရှိတဲ့
    နောက်နည်းလမ်းတစ်ခုကတော့
  • 1:16 - 1:19
    အမျိုးသားတွေအတွက် ပိုကောင်းတဲ့
    သားဆက်ခြားနည်းလမ်းကောင်းတွေပဲ
  • 1:21 - 1:22
    စဉ်းစားကြည့်လိုက်ပါ။
  • 1:22 - 1:25
    အမျိုးသမီးတွေအတွက်တော့
    သားဆက်ခြားနည်းတွေက အများကြီးပါ၊
  • 1:26 - 1:31
    ထိုးဆေး၊ စားဆေး၊ ကပ်ခွာ၊ သားအိမ်ထဲထည့်တဲ့၊
    သားအိမ်ခေါင်းထဲထည့်တဲ့ စသည်ဖြင့် အစုံပဲ၊
  • 1:32 - 1:36
    အမျိုးသားတွေအတွက်ကျတော့
    နှစ်တစ်ရာကျော်တဲ့အထိ
  • 1:36 - 1:38
    ရွေးစရာ နှစ်မျိုးပဲရှိသေးတယ်။
  • 1:38 - 1:39
    ကွန်ဒုံးသုံးမလား
    သားကြောဖြတ်မလား
  • 1:41 - 1:43
    အဲဒီ နှစ်ခုစလုံးကလည်း
  • 1:43 - 1:45
    သိသာလှတဲ့ ဆိုးကျိုးတွေရှိတာပဲ။
  • 1:45 - 1:50
    ဒီသားဆက်ခြားနည်းတွေကိုသုံးတဲ့
    အမျိုးသား ၃၀% ရှိတဲ့အထဲက
  • 1:50 - 1:53
    စုံတွဲ ၁၀%က
    သားကြောဖြတ်ထားကြတယ်။
  • 1:53 - 1:55
    ကျန်တဲ့ ၂၀%ကတော့
    ကွန်ဒုံးသုံးတယ်။
  • 1:57 - 2:02
    ဘာလို့ စုံတွဲ ၂၀%တောင်
    သားဆက်ခြားဖို့ကွန်ဒုံးကိုအားကိုးနေတာလဲ။
  • 2:02 - 2:05
    ကွန်ဒုံးက တစ်နှစ်မှာ မတော်တဆကိုယ်ဝန်ရ
    သွားနိုင်ခြေ ၁၅ % တောင်ရှိတာလေ။
  • 2:06 - 2:09
    ဘာဖြစ်လို့လဲဆိုတော့အမျိုးသမီးတွေက
    လက်ရှိရနိုင်တဲ့တားဆေးတွေကို
  • 2:09 - 2:13
    သွေးခဲတတ်တာလိုမျိုး၊ဒါမှမဟုတ် ဘေးထွက်ဆိုး
    ကျိုးတွေကို မခံနိုင်တာကြောင့်
  • 2:13 - 2:15
    စိတ်ချလက်ချမသောက်နိုင်ကြဘူး
  • 2:16 - 2:20
    ဟုတ်ပြီ။ အမျိုးသား သားဆက်ခြားနည်းက
    အသုံးဝင်တယ်ထင်ရင် နောက်မေးခွန်းက
  • 2:20 - 2:22
    ဘယ်လို တီထွင်ကြမလဲ။
  • 2:23 - 2:25
    ယေဘုယျ နည်းလမ်း(၂)ခုရှိတယ်။
  • 2:26 - 2:28
    ပထမနည်းလမ်းက
    သုက်ကောင်တွေကို
  • 2:28 - 2:31
    မမျိုးဥဆီမရောက်အောင်၊
    မပေါင်းနိုင်အောင်တားဖို့။
  • 2:32 - 2:35
    ဒီနည်းလမ်းက တကယ်တော့ ဒါက ခက်တယ်။
  • 2:35 - 2:39
    အကြောင်းက သုက်ရည်ပမာဏနည်းနည်းလေးထဲကို
    ဆေးအလုံအလောက်ရောက်ဖို့ ခက်ခဲပြီး
  • 2:39 - 2:43
    အမျိုးသမီးရဲ့ အတွင်းအင်္ဂါလမ်းကြောင်းထဲမှာ
    ရှင်သန်နေနိုင်လို့ပဲ။
  • 2:44 - 2:47
    ဒါကြောင့် ဒုတိယနည်းလမ်းအပေါ်မှာ
    အများကြီးပိုလုပ်ထားတယ်။
  • 2:47 - 2:51
    သူက သုက်ကောင်ထုတ်လုပ်ကို
    လုံးဝ ပိတ်ချလိုက်တာပဲ။
  • 2:51 - 2:53
    ဒါလည်း စိန်ခေါ်မှုတစ်ခုပဲနော်။
  • 2:53 - 2:57
    ဘာလို့လဲ။ ယောကျ်ားတွေက
    သုက်ကောင်တွေအများကြီး ထုတ်နိုင်တယ်လေ။
  • 2:57 - 2:59
    (ရယ်သံ)
  • 2:59 - 3:02
    တစ်စက္ကန့်ကို သုက်ကောင် ထောင်ဂဏန်းလောက်
    ထုတ်နိုင်တယ်။
  • 3:04 - 3:06
    သားခြားနည်းအောင်မြင်ဖို့ဆိုရင်
  • 3:06 - 3:08
    အဲလောက်များတဲ့ ထုတ်လုပ်မှုကို ပုံမှန်ထက်
  • 3:08 - 3:10
    တစ်ရာခိုင်နှုန်းအောက်
    လျှော့ချနိုင်ဖို့လိုမယ်။
  • 3:11 - 3:14
    သတင်းကောင်းကတော့ ဒါက ဖြစ်နိုင်ပါတယ်
  • 3:14 - 3:16
    လုံးဝနီးပါးပါ။
  • 3:16 - 3:21
    အများဆုံးလေ့လာထားတဲ့နည်းက သုက်ကောင်
    ထိန်းချုပ်ဖို့ ဟော်မုန်းတွေကို သုံးထားတယ်။
  • 3:22 - 3:25
    ကျားဟော်မုန်းTestosterone နဲ့ မဟော်မုန်း
    Progesterone ကို တွဲပေးရင်
  • 3:25 - 3:29
    ဦးနှောက်ကတစ်ဆင့်စေခိုင်းတဲ့ ဝှေးစေ့ရဲ့
    သုက်ထုတ်လုပ်မှုကို ထိန်းချုပ်ပေးပြီး
  • 3:29 - 3:31
    အမျိုးသား ကိုးဆယ်ရာခိုင်နှုန်းလောက်က
  • 3:32 - 3:35
    သုံး၊ လေးလလောက်ကြာတဲ့အခါ
    သုက်ထုတ်လုပ်နှုန်းတွေ ရပ်သွားကြတယ်။
  • 3:36 - 3:39
    ကံဆိုးချင်တော့ကျား၁၀ %မှာတော့
    နားမလည်နိုင်တဲ့ အကြောင်းတွေကြောင့်
  • 3:39 - 3:41
    ဒီဟိုမုန်းဆေးညွှန်းကိုမတုံ့ပြန်ဘူး။
  • 3:43 - 3:45
    ဒီနှစ်ပိုင်းတွေမှာ
    ကျွန်တော်နဲ့ လုပ်ဖော်တွေက
  • 3:45 - 3:49
    အမျိုးသားသားဆက်ခြားဆေး ဖန်တီးမှုဖို့
    တခြာနည်းလမ်းတစ်ခုကိုစမ်းသပ်နေတယ်။
  • 3:49 - 3:51
    ဟော်မုန်းဆေးပေးတာ မပါဘဲနဲ့ပေါ့။
  • 3:52 - 3:57
    တိတိကျကျဆို ဝှေးစေ့ထဲက ဗီတာမင်အေရဲ့
    လုပ်ဆောင်ချက်တွေ ပိတ်ဖို့ နည်းလမ်းရှာနေတယ်
  • 3:57 - 4:01
    ဘာလို့လဲ ဗီတာမင်အေက သုတ်ထုတ်လုပ်ဖို့
    အတွက်လိုအပ်တာကို သိခဲ့တာ
  • 4:01 - 4:03
    နှစ်ပေါင်း(၉၀)ကျော်ပြီ။
  • 4:04 - 4:07
    အစာထဲမှာ ဗီတာမင်အေ မရတဲ့
    သတ္တဝါတွေက
  • 4:07 - 4:09
    သုက်ပိုးထုတ်တာ ရပ်သွားတယ်။
  • 4:09 - 4:13
    ဗီတာမင်အေ ပြန်ပေးလိုက်ရင် သုတ်ပိုး
    ပြန်ပြီးထုတ်နိုင်တယ်။
  • 4:14 - 4:16
    ကျွန်တော်တို့စားလိုက်တဲ့ ဗီတာမင်အေက
  • 4:16 - 4:20
    ဒြပ်ပေါင်းတချို့ကို Retinoic acid အဖြစ်
    ပြောင်းလိုက်တယ်။
  • 4:22 - 4:25
    အဲထဲက ဒြပ်ပေါင်းတစ်ခုက
    ဝှေးစေ့မှာပဲ တွေ့ရတယ်။
  • 4:25 - 4:28
    အဲဒီဒြပ်ပေါင်းကိုပိတ်လိုက်ဖို့
    ကျွန်တော်တို့ ကြိုးစားနေတာပါ။
  • 4:28 - 4:33
    ဒီဒြပ်ပေါင်းကိုပိတ်တာက ဝှေးစေ့မှာ
    Retinoic acid ကိုပိတ်စေပြီး
  • 4:33 - 4:35
    ကိုယ်တွင်း တခြားနေရာကဗီတာမင်အေ
  • 4:35 - 4:38
    လုပ်ဆောင်ချက်တွေကို မထိခိုက်ဘဲနဲ့
    သုတ်ထုတ်လုပ်မှုကို တားပေးလိမ့်မယ်၊
  • 4:39 - 4:41
    ဒီနည်းကို တိရိစ္ဆာန်တွေမှာ စမ်းသပ်နေတာ
  • 4:41 - 4:44
    မကြာခင် လူတွေကို စမ်းသပ်ခြင်းဆီ
    ပြောင်းဖို့ မျှော်လင့်ပါတယ်။
  • 4:45 - 4:48
    ရှင်းနေတာက အခုလို အမျိုးသား
    သားဆက်ခြားနည်းရဲ့ သက်ရောက်မှုဟာ
  • 4:48 - 4:51
    မျိုးပွားမှု ဇီဝဗေဒကို
    ကောင်းကောင်း ကျော်သွားမယ်။
  • 4:51 - 4:54
    အမျိုးသားနဲ့အမျိုးသမီးဆက်ဆံရေးအပေါ်မှာ
    ရလာမယ့် အကျိုးကျေးဇူးကို
  • 4:55 - 4:56
    ဆင်ခြင် သုံးသပ်ဖို့ စိတ်ဝင်စားစရာပါ။
  • 4:57 - 4:59
    စိတ်ဝင်စားစရာ ဖြစ်နိုင်ခြေက
  • 4:59 - 5:03
    အမျိုးသားတွေက သူတို့ရဲ့သားဆက်ခြားနိုင်မှု
    အချက်အလက်ကိုကိုယ်တိုင်တိုင်းတာနိုင်မှာပဲ။
  • 5:04 - 5:05
    ပြီးခဲ့တဲ့ နှစ်ပိုင်းတွေမှာ
  • 5:05 - 5:10
    အိမ်သုံး သုက်ကောင်ရည်တိုင်းစက်တွေကို
    အုပ်စုနှစ်စုကို မိတ်ဆက်ထားပါတယ်
  • 5:10 - 5:11
    iPhone ကိုသုံးပြီးတော့ပေါ့
  • 5:11 - 5:13
    သုံးရလည်းလွယ်တယ်။
  • 5:14 - 5:18
    အမျိုးသားဟာသုက်ကောင်အရေအတွက်ကိုကိုယ်တိုင်
    တိုင်းကာသူ့အဖော်နဲ့လည်းshareနိုင်တယ်
  • 5:18 - 5:20
    သုတ်ကောင်ရည်ပမာဏ သုညဖြစ်ပြီဆိုရင်
  • 5:20 - 5:23
    သားဆက်ခြားပြီဖြစ်လို့
  • 5:23 - 5:25
    အမျိုးသားနဲ့အဖော်ဟာ စိတ်မပူရတော့ဘူးလေ။
  • 5:26 - 5:29
    ဒီကိရိယာလေးရယ်၊
    အမျိုးသားသားဆက်ခြားနည်းရယ်က
  • 5:29 - 5:33
    မမျှော်လင့်ဘဲရတဲ့ကိုယ်ဝန်ဆောင်ကာကွယ်ရေးမှာ
    အမျိုးသားတွေရဲ့ ကဏ္ဍကို မြှင့်တင်ပေးမှာပါ။
  • 5:35 - 5:38
    အမျိုးသား သားဆက်ခြားနည်းအတွက်
    လုပ်ဆောင်နေတဲ့သုတေသီတွေဟာ
  • 5:38 - 5:40
    မောင်နှံတွေအတွက်အနာဂတ်ကောင်းတခုကို
    ကြိုးစားဖန်တီးနေပါတယ်
  • 5:40 - 5:45
    သားဆက်ခြားတာဟာ
    "အမျိုးသမီးအလုပ်"ပဲဆိုတာထက်
  • 5:45 - 5:48
    မောင်နှံနှစ်ယောက်လုံးရဲ့ အတူတကွ
    ဆုံးဖြတ်စရာတစ်ခုဖြစ်လာတော့မယ်။
  • 5:49 - 5:52
    ဒါဆိုကမ္ဘာကြီးကဘာလို့
    အမျိုးသားအတွက်ဆေးကို လိုတာလဲ
  • 5:53 - 5:54
    အမျိုးသား ကိုယ်ဝန်တားဆေးတွေက
  • 5:54 - 6:00
    မမျှော်လင့်ဘဲကိုယ်ဝန်ရခြင်းနဲ့ဖျက်ချမှု
    တွေမြင့်တက်နေတာကိုလျော့ကျစေမယ်လို့ယုံတယ်
  • 6:00 - 6:03
    ပြီးတော့သားဆက်ခြားတဲ့နေရာမှာ
    အမျိုးသားတွေက တန်းတူ
  • 6:03 - 6:04
    ပါဝင်လာနိင်ပါလိမ့်မယ်
  • 6:05 - 6:06
    ကျေးဇူးတင်ပါတယ်။
  • 6:06 - 6:11
    (လက်ခုပ်တီးသံ)
Title:
အမျိုးသား သားဆက်ခြားဆေးအကြောင်း
Speaker:
ဂျွန် အန်မိုရီ
Description:

အမျိုးသားဟော်မုန်းသုတေသီပညာရှင် ဂျွန်အန်မိုရီက မလိုလားအပ်တဲ့ ကိုယ်ဝန်ဆောင်မှုတွေကို လျှော့ချတဲ့နေရာမှာ အမျိုးသားတွေရဲ့ အခန်းကဏဏ္ဍ၊ တာဝန်ယူမှုတွေ မြှင့်တင်ဖို့ အမျိုးသား သားဆက်ခြားနည်းကို တီထွင်ဖန်တီးနေပါတယ်။ ဒီသားဆက်ခြားနည်းတီထွင်ပုံနဲ့ ကျွန်တော်တို့ ဘာလို့ အမျိုးသား သားဆက်ခြားနည်းကို လိုအပ်နေပြီဆိုတာ အသေးစိတ်ပြောပြထားပါတယ်။

more » « less
Video Language:
English
Team:
closed TED
Project:
TEDTalks
Duration:
06:23

Burmese subtitles

Revisions