"အမျိုးသား သားဆက်ခြားဆေး"ကို ကျွန်တော် တီထွင်တော့မယ်လို့ ပြောလိုက်တဲ့အခါမှာ လူတွေရဲ့တုံ့ပြန်မှုက ကျား/မအလိုက် ကွဲပြားသွားကြတယ်။ အမျိုးသမီးတွေကတော့ပြောပါတယ် "သိပ်ကောင်းတယ်။ အချိန်ကကော ဘယ်တော့ဖြစ်မလဲ"တဲ့ (ရယ်သံ) အမျိုးသားတွေကျတော့ နှစ်မျိုးကွဲသွားတယ်။ တချို့က ကြိုက်ကြတယ်။ တချို့ကတော့ မယုံသလိုနဲ့ ပြန်ကြည့်တယ်။ ဒါဆို သူတို့ဝှေးစေ့ထဲများ ဘာလာထည့်မှာလည်း ဆိုပြီး စူးစမ်းကြတယ် (ရယ်သံ) ဒါဆို အမျိုးသား သားဆက်ခြားနည်းက ဘာလို့လိုအပ်တာလဲ။ ဟုတ်ပြီ၊ အမေရိကန်ပြည်ထောင်စုမှာ နှစ်စဉ်နှစ်တိုင်း ကိုယ်ဝန်ဆောင် ၆သန်းမှာ ၃သန်းက မရည်ရွယ်ဘဲ ကိုယ်ဝန်ရခဲ့ကြတာဆိုရင်ရော၊ တစ်ဝက်နော်။ သိပ်အံ့ဩစရာကောင်းတဲ့ အရေအတွက်ပါ။ အဲဒီ မရည်ရွယ်ဘဲရခဲ့တဲ့ ကိုယ်ဝန်သုံးသန်းက အမေရိကန်မှာ ကိုယ်ဝန်ဖျက်ချမှု တစ်သန်းကျော်ရဲ့ အဓိက တရားခံပဲ။ ကံကောင်းစွာနဲ့ပဲ ဒီနှစ်ပိုင်းတွေမှာ မရည်ရွယ်ဘဲရတဲ့ ကိုယ်ဝန်ဆောင်နှုန်းက ၁၀ ရာခိုင်နှုန်းလောက် ကျဆင်းသွားတယ် အကြောင်းက အမျိုးသမီးတော်တော်များများက ထိရောက်ပြီး တာရှည်ခံတဲ့ ကိုယ်ဝန်ပြန်ယူနိုင်တဲ တားနည်းတွေသုံးလိုပါ ဒါပေမယ့်သွားရမယ့်လမ်းကတော့ အရှည်ကြီးရှိသေးတယ် လက်တွေ့မှာဖြစ်လာနိုင်ခြေရှိတဲ့ နောက်နည်းလမ်းတစ်ခုကတော့ အမျိုးသားတွေအတွက် ပိုကောင်းတဲ့ သားဆက်ခြားနည်းလမ်းကောင်းတွေပဲ စဉ်းစားကြည့်လိုက်ပါ။ အမျိုးသမီးတွေအတွက်တော့ သားဆက်ခြားနည်းတွေက အများကြီးပါ၊ ထိုးဆေး၊ စားဆေး၊ ကပ်ခွာ၊ သားအိမ်ထဲထည့်တဲ့၊ သားအိမ်ခေါင်းထဲထည့်တဲ့ စသည်ဖြင့် အစုံပဲ၊ အမျိုးသားတွေအတွက်ကျတော့ နှစ်တစ်ရာကျော်တဲ့အထိ ရွေးစရာ နှစ်မျိုးပဲရှိသေးတယ်။ ကွန်ဒုံးသုံးမလား သားကြောဖြတ်မလား အဲဒီ နှစ်ခုစလုံးကလည်း သိသာလှတဲ့ ဆိုးကျိုးတွေရှိတာပဲ။ ဒီသားဆက်ခြားနည်းတွေကိုသုံးတဲ့ အမျိုးသား ၃၀% ရှိတဲ့အထဲက စုံတွဲ ၁၀%က သားကြောဖြတ်ထားကြတယ်။ ကျန်တဲ့ ၂၀%ကတော့ ကွန်ဒုံးသုံးတယ်။ ဘာလို့ စုံတွဲ ၂၀%တောင် သားဆက်ခြားဖို့ကွန်ဒုံးကိုအားကိုးနေတာလဲ။ ကွန်ဒုံးက တစ်နှစ်မှာ မတော်တဆကိုယ်ဝန်ရ သွားနိုင်ခြေ ၁၅ % တောင်ရှိတာလေ။ ဘာဖြစ်လို့လဲဆိုတော့အမျိုးသမီးတွေက လက်ရှိရနိုင်တဲ့တားဆေးတွေကို သွေးခဲတတ်တာလိုမျိုး၊ဒါမှမဟုတ် ဘေးထွက်ဆိုး ကျိုးတွေကို မခံနိုင်တာကြောင့် စိတ်ချလက်ချမသောက်နိုင်ကြဘူး ဟုတ်ပြီ။ အမျိုးသား သားဆက်ခြားနည်းက အသုံးဝင်တယ်ထင်ရင် နောက်မေးခွန်းက ဘယ်လို တီထွင်ကြမလဲ။ ယေဘုယျ နည်းလမ်း(၂)ခုရှိတယ်။ ပထမနည်းလမ်းက သုက်ကောင်တွေကို မမျိုးဥဆီမရောက်အောင်၊ မပေါင်းနိုင်အောင်တားဖို့။ ဒီနည်းလမ်းက တကယ်တော့ ဒါက ခက်တယ်။ အကြောင်းက သုက်ရည်ပမာဏနည်းနည်းလေးထဲကို ဆေးအလုံအလောက်ရောက်ဖို့ ခက်ခဲပြီး အမျိုးသမီးရဲ့ အတွင်းအင်္ဂါလမ်းကြောင်းထဲမှာ ရှင်သန်နေနိုင်လို့ပဲ။ ဒါကြောင့် ဒုတိယနည်းလမ်းအပေါ်မှာ အများကြီးပိုလုပ်ထားတယ်။ သူက သုက်ကောင်ထုတ်လုပ်ကို လုံးဝ ပိတ်ချလိုက်တာပဲ။ ဒါလည်း စိန်ခေါ်မှုတစ်ခုပဲနော်။ ဘာလို့လဲ။ ယောကျ်ားတွေက သုက်ကောင်တွေအများကြီး ထုတ်နိုင်တယ်လေ။ (ရယ်သံ) တစ်စက္ကန့်ကို သုက်ကောင် ထောင်ဂဏန်းလောက် ထုတ်နိုင်တယ်။ သားခြားနည်းအောင်မြင်ဖို့ဆိုရင် အဲလောက်များတဲ့ ထုတ်လုပ်မှုကို ပုံမှန်ထက် တစ်ရာခိုင်နှုန်းအောက် လျှော့ချနိုင်ဖို့လိုမယ်။ သတင်းကောင်းကတော့ ဒါက ဖြစ်နိုင်ပါတယ် လုံးဝနီးပါးပါ။ အများဆုံးလေ့လာထားတဲ့နည်းက သုက်ကောင် ထိန်းချုပ်ဖို့ ဟော်မုန်းတွေကို သုံးထားတယ်။ ကျားဟော်မုန်းTestosterone နဲ့ မဟော်မုန်း Progesterone ကို တွဲပေးရင် ဦးနှောက်ကတစ်ဆင့်စေခိုင်းတဲ့ ဝှေးစေ့ရဲ့ သုက်ထုတ်လုပ်မှုကို ထိန်းချုပ်ပေးပြီး အမျိုးသား ကိုးဆယ်ရာခိုင်နှုန်းလောက်က သုံး၊ လေးလလောက်ကြာတဲ့အခါ သုက်ထုတ်လုပ်နှုန်းတွေ ရပ်သွားကြတယ်။ ကံဆိုးချင်တော့ကျား၁၀ %မှာတော့ နားမလည်နိုင်တဲ့ အကြောင်းတွေကြောင့် ဒီဟိုမုန်းဆေးညွှန်းကိုမတုံ့ပြန်ဘူး။ ဒီနှစ်ပိုင်းတွေမှာ ကျွန်တော်နဲ့ လုပ်ဖော်တွေက အမျိုးသားသားဆက်ခြားဆေး ဖန်တီးမှုဖို့ တခြာနည်းလမ်းတစ်ခုကိုစမ်းသပ်နေတယ်။ ဟော်မုန်းဆေးပေးတာ မပါဘဲနဲ့ပေါ့။ တိတိကျကျဆို ဝှေးစေ့ထဲက ဗီတာမင်အေရဲ့ လုပ်ဆောင်ချက်တွေ ပိတ်ဖို့ နည်းလမ်းရှာနေတယ် ဘာလို့လဲ ဗီတာမင်အေက သုတ်ထုတ်လုပ်ဖို့ အတွက်လိုအပ်တာကို သိခဲ့တာ နှစ်ပေါင်း(၉၀)ကျော်ပြီ။ အစာထဲမှာ ဗီတာမင်အေ မရတဲ့ သတ္တဝါတွေက သုက်ပိုးထုတ်တာ ရပ်သွားတယ်။ ဗီတာမင်အေ ပြန်ပေးလိုက်ရင် သုတ်ပိုး ပြန်ပြီးထုတ်နိုင်တယ်။ ကျွန်တော်တို့စားလိုက်တဲ့ ဗီတာမင်အေက ဒြပ်ပေါင်းတချို့ကို Retinoic acid အဖြစ် ပြောင်းလိုက်တယ်။ အဲထဲက ဒြပ်ပေါင်းတစ်ခုက ဝှေးစေ့မှာပဲ တွေ့ရတယ်။ အဲဒီဒြပ်ပေါင်းကိုပိတ်လိုက်ဖို့ ကျွန်တော်တို့ ကြိုးစားနေတာပါ။ ဒီဒြပ်ပေါင်းကိုပိတ်တာက ဝှေးစေ့မှာ Retinoic acid ကိုပိတ်စေပြီး ကိုယ်တွင်း တခြားနေရာကဗီတာမင်အေ လုပ်ဆောင်ချက်တွေကို မထိခိုက်ဘဲနဲ့ သုတ်ထုတ်လုပ်မှုကို တားပေးလိမ့်မယ်၊ ဒီနည်းကို တိရိစ္ဆာန်တွေမှာ စမ်းသပ်နေတာ မကြာခင် လူတွေကို စမ်းသပ်ခြင်းဆီ ပြောင်းဖို့ မျှော်လင့်ပါတယ်။ ရှင်းနေတာက အခုလို အမျိုးသား သားဆက်ခြားနည်းရဲ့ သက်ရောက်မှုဟာ မျိုးပွားမှု ဇီဝဗေဒကို ကောင်းကောင်း ကျော်သွားမယ်။ အမျိုးသားနဲ့အမျိုးသမီးဆက်ဆံရေးအပေါ်မှာ ရလာမယ့် အကျိုးကျေးဇူးကို ဆင်ခြင် သုံးသပ်ဖို့ စိတ်ဝင်စားစရာပါ။ စိတ်ဝင်စားစရာ ဖြစ်နိုင်ခြေက အမျိုးသားတွေက သူတို့ရဲ့သားဆက်ခြားနိုင်မှု အချက်အလက်ကိုကိုယ်တိုင်တိုင်းတာနိုင်မှာပဲ။ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေမှာ အိမ်သုံး သုက်ကောင်ရည်တိုင်းစက်တွေကို အုပ်စုနှစ်စုကို မိတ်ဆက်ထားပါတယ် iPhone ကိုသုံးပြီးတော့ပေါ့ သုံးရလည်းလွယ်တယ်။ အမျိုးသားဟာသုက်ကောင်အရေအတွက်ကိုကိုယ်တိုင် တိုင်းကာသူ့အဖော်နဲ့လည်းshareနိုင်တယ် သုတ်ကောင်ရည်ပမာဏ သုညဖြစ်ပြီဆိုရင် သားဆက်ခြားပြီဖြစ်လို့ အမျိုးသားနဲ့အဖော်ဟာ စိတ်မပူရတော့ဘူးလေ။ ဒီကိရိယာလေးရယ်၊ အမျိုးသားသားဆက်ခြားနည်းရယ်က မမျှော်လင့်ဘဲရတဲ့ကိုယ်ဝန်ဆောင်ကာကွယ်ရေးမှာ အမျိုးသားတွေရဲ့ ကဏ္ဍကို မြှင့်တင်ပေးမှာပါ။ အမျိုးသား သားဆက်ခြားနည်းအတွက် လုပ်ဆောင်နေတဲ့သုတေသီတွေဟာ မောင်နှံတွေအတွက်အနာဂတ်ကောင်းတခုကို ကြိုးစားဖန်တီးနေပါတယ် သားဆက်ခြားတာဟာ "အမျိုးသမီးအလုပ်"ပဲဆိုတာထက် မောင်နှံနှစ်ယောက်လုံးရဲ့ အတူတကွ ဆုံးဖြတ်စရာတစ်ခုဖြစ်လာတော့မယ်။ ဒါဆိုကမ္ဘာကြီးကဘာလို့ အမျိုးသားအတွက်ဆေးကို လိုတာလဲ အမျိုးသား ကိုယ်ဝန်တားဆေးတွေက မမျှော်လင့်ဘဲကိုယ်ဝန်ရခြင်းနဲ့ဖျက်ချမှု တွေမြင့်တက်နေတာကိုလျော့ကျစေမယ်လို့ယုံတယ် ပြီးတော့သားဆက်ခြားတဲ့နေရာမှာ အမျိုးသားတွေက တန်းတူ ပါဝင်လာနိင်ပါလိမ့်မယ် ကျေးဇူးတင်ပါတယ်။ (လက်ခုပ်တီးသံ)