1 00:00:00,760 --> 00:00:02,160 "အမျိုးသား သားဆက်ခြားဆေး"ကို 2 00:00:02,200 --> 00:00:06,936 ကျွန်တော် တီထွင်တော့မယ်လို့ ပြောလိုက်တဲ့အခါမှာ 3 00:00:06,960 --> 00:00:10,680 လူတွေရဲ့တုံ့ပြန်မှုက ကျား/မအလိုက် ကွဲပြားသွားကြတယ်။ 4 00:00:11,200 --> 00:00:12,976 အမျိုးသမီးတွေကတော့ပြောပါတယ် 5 00:00:13,000 --> 00:00:16,296 "သိပ်ကောင်းတယ်။ အချိန်ကကော ဘယ်တော့ဖြစ်မလဲ"တဲ့ 6 00:00:16,320 --> 00:00:17,616 (ရယ်သံ) 7 00:00:17,640 --> 00:00:19,736 အမျိုးသားတွေကျတော့ နှစ်မျိုးကွဲသွားတယ်။ 8 00:00:19,760 --> 00:00:21,976 တချို့က ကြိုက်ကြတယ်။ 9 00:00:22,000 --> 00:00:24,056 တချို့ကတော့ မယုံသလိုနဲ့ ပြန်ကြည့်တယ်။ 10 00:00:24,080 --> 00:00:27,576 ဒါဆို သူတို့ဝှေးစေ့ထဲများ ဘာလာထည့်မှာလည်း ဆိုပြီး စူးစမ်းကြတယ် 11 00:00:27,600 --> 00:00:30,336 (ရယ်သံ) 12 00:00:30,360 --> 00:00:34,200 ဒါဆို အမျိုးသား သားဆက်ခြားနည်းက ဘာလို့လိုအပ်တာလဲ။ 13 00:00:35,320 --> 00:00:36,976 ဟုတ်ပြီ၊ အမေရိကန်ပြည်ထောင်စုမှာ 14 00:00:37,000 --> 00:00:41,416 နှစ်စဉ်နှစ်တိုင်း ကိုယ်ဝန်ဆောင် ၆သန်းမှာ ၃သန်းက 15 00:00:41,440 --> 00:00:44,336 မရည်ရွယ်ဘဲ ကိုယ်ဝန်ရခဲ့ကြတာဆိုရင်ရော၊ 16 00:00:44,360 --> 00:00:45,936 တစ်ဝက်နော်။ 17 00:00:45,960 --> 00:00:48,136 သိပ်အံ့ဩစရာကောင်းတဲ့ အရေအတွက်ပါ။ 18 00:00:48,160 --> 00:00:50,736 အဲဒီ မရည်ရွယ်ဘဲရခဲ့တဲ့ ကိုယ်ဝန်သုံးသန်းက 19 00:00:50,760 --> 00:00:54,016 အမေရိကန်မှာ ကိုယ်ဝန်ဖျက်ချမှု တစ်သန်းကျော်ရဲ့ 20 00:00:54,040 --> 00:00:56,320 အဓိက တရားခံပဲ။ 21 00:00:57,440 --> 00:01:01,856 ကံကောင်းစွာနဲ့ပဲ ဒီနှစ်ပိုင်းတွေမှာ မရည်ရွယ်ဘဲရတဲ့ ကိုယ်ဝန်ဆောင်နှုန်းက 22 00:01:01,880 --> 00:01:03,696 ၁၀ ရာခိုင်နှုန်းလောက် ကျဆင်းသွားတယ် 23 00:01:03,720 --> 00:01:06,656 အကြောင်းက အမျိုးသမီးတော်တော်များများက ထိရောက်ပြီး တာရှည်ခံတဲ့ 24 00:01:06,680 --> 00:01:08,600 ကိုယ်ဝန်ပြန်ယူနိုင်တဲ တားနည်းတွေသုံးလိုပါ 25 00:01:09,600 --> 00:01:11,840 ဒါပေမယ့်သွားရမယ့်လမ်းကတော့ အရှည်ကြီးရှိသေးတယ် 26 00:01:13,040 --> 00:01:16,216 လက်တွေ့မှာဖြစ်လာနိုင်ခြေရှိတဲ့ နောက်နည်းလမ်းတစ်ခုကတော့ 27 00:01:16,240 --> 00:01:19,360 အမျိုးသားတွေအတွက် ပိုကောင်းတဲ့ သားဆက်ခြားနည်းလမ်းကောင်းတွေပဲ 28 00:01:20,600 --> 00:01:21,816 စဉ်းစားကြည့်လိုက်ပါ။ 29 00:01:21,840 --> 00:01:25,496 အမျိုးသမီးတွေအတွက်တော့ သားဆက်ခြားနည်းတွေက အများကြီးပါ၊ 30 00:01:25,520 --> 00:01:31,360 ထိုးဆေး၊ စားဆေး၊ ကပ်ခွာ၊ သားအိမ်ထဲထည့်တဲ့၊ သားအိမ်ခေါင်းထဲထည့်တဲ့ စသည်ဖြင့် အစုံပဲ၊ 31 00:01:32,200 --> 00:01:36,136 အမျိုးသားတွေအတွက်ကျတော့ နှစ်တစ်ရာကျော်တဲ့အထိ 32 00:01:36,160 --> 00:01:37,616 ရွေးစရာ နှစ်မျိုးပဲရှိသေးတယ်။ 33 00:01:37,640 --> 00:01:39,240 ကွန်ဒုံးသုံးမလား သားကြောဖြတ်မလား 34 00:01:40,520 --> 00:01:42,656 အဲဒီ နှစ်ခုစလုံးကလည်း 35 00:01:42,680 --> 00:01:45,456 သိသာလှတဲ့ ဆိုးကျိုးတွေရှိတာပဲ။ 36 00:01:45,480 --> 00:01:50,056 ဒီသားဆက်ခြားနည်းတွေကိုသုံးတဲ့ အမျိုးသား ၃၀% ရှိတဲ့အထဲက 37 00:01:50,080 --> 00:01:52,736 စုံတွဲ ၁၀%က သားကြောဖြတ်ထားကြတယ်။ 38 00:01:52,760 --> 00:01:55,240 ကျန်တဲ့ ၂၀%ကတော့ ကွန်ဒုံးသုံးတယ်။ 39 00:01:56,640 --> 00:02:01,656 ဘာလို့ စုံတွဲ ၂၀%တောင် သားဆက်ခြားဖို့ကွန်ဒုံးကိုအားကိုးနေတာလဲ။ 40 00:02:01,680 --> 00:02:05,080 ကွန်ဒုံးက တစ်နှစ်မှာ မတော်တဆကိုယ်ဝန်ရ သွားနိုင်ခြေ ၁၅ % တောင်ရှိတာလေ။ 41 00:02:05,880 --> 00:02:09,056 ဘာဖြစ်လို့လဲဆိုတော့အမျိုးသမီးတွေက လက်ရှိရနိုင်တဲ့တားဆေးတွေကို 42 00:02:09,080 --> 00:02:12,816 သွေးခဲတတ်တာလိုမျိုး၊ဒါမှမဟုတ် ဘေးထွက်ဆိုး ကျိုးတွေကို မခံနိုင်တာကြောင့် 43 00:02:12,840 --> 00:02:15,200 စိတ်ချလက်ချမသောက်နိုင်ကြဘူး 44 00:02:16,280 --> 00:02:20,136 ဟုတ်ပြီ။ အမျိုးသား သားဆက်ခြားနည်းက အသုံးဝင်တယ်ထင်ရင် နောက်မေးခွန်းက 45 00:02:20,160 --> 00:02:22,200 ဘယ်လို တီထွင်ကြမလဲ။ 46 00:02:23,080 --> 00:02:24,920 ယေဘုယျ နည်းလမ်း(၂)ခုရှိတယ်။ 47 00:02:25,560 --> 00:02:27,616 ပထမနည်းလမ်းက သုက်ကောင်တွေကို 48 00:02:27,640 --> 00:02:31,120 မမျိုးဥဆီမရောက်အောင်၊ မပေါင်းနိုင်အောင်တားဖို့။ 49 00:02:32,200 --> 00:02:35,056 ဒီနည်းလမ်းက တကယ်တော့ ဒါက ခက်တယ်။ 50 00:02:35,080 --> 00:02:39,176 အကြောင်းက သုက်ရည်ပမာဏနည်းနည်းလေးထဲကို ဆေးအလုံအလောက်ရောက်ဖို့ ခက်ခဲပြီး 51 00:02:39,200 --> 00:02:42,520 အမျိုးသမီးရဲ့ အတွင်းအင်္ဂါလမ်းကြောင်းထဲမှာ ရှင်သန်နေနိုင်လို့ပဲ။ 52 00:02:43,680 --> 00:02:47,376 ဒါကြောင့် ဒုတိယနည်းလမ်းအပေါ်မှာ အများကြီးပိုလုပ်ထားတယ်။ 53 00:02:47,400 --> 00:02:50,520 သူက သုက်ကောင်ထုတ်လုပ်ကို လုံးဝ ပိတ်ချလိုက်တာပဲ။ 54 00:02:51,440 --> 00:02:53,136 ဒါလည်း စိန်ခေါ်မှုတစ်ခုပဲနော်။ 55 00:02:53,160 --> 00:02:57,256 ဘာလို့လဲ။ ယောကျ်ားတွေက သုက်ကောင်တွေအများကြီး ထုတ်နိုင်တယ်လေ။ 56 00:02:57,280 --> 00:02:58,696 (ရယ်သံ) 57 00:02:58,720 --> 00:03:02,320 တစ်စက္ကန့်ကို သုက်ကောင် ထောင်ဂဏန်းလောက် ထုတ်နိုင်တယ်။ 58 00:03:03,680 --> 00:03:05,576 သားခြားနည်းအောင်မြင်ဖို့ဆိုရင် 59 00:03:05,600 --> 00:03:07,776 အဲလောက်များတဲ့ ထုတ်လုပ်မှုကို ပုံမှန်ထက် 60 00:03:07,800 --> 00:03:10,000 တစ်ရာခိုင်နှုန်းအောက် လျှော့ချနိုင်ဖို့လိုမယ်။ 61 00:03:11,400 --> 00:03:14,336 သတင်းကောင်းကတော့ ဒါက ဖြစ်နိုင်ပါတယ် 62 00:03:14,360 --> 00:03:15,776 လုံးဝနီးပါးပါ။ 63 00:03:15,800 --> 00:03:20,800 အများဆုံးလေ့လာထားတဲ့နည်းက သုက်ကောင် ထိန်းချုပ်ဖို့ ဟော်မုန်းတွေကို သုံးထားတယ်။ 64 00:03:21,760 --> 00:03:25,136 ကျားဟော်မုန်းTestosterone နဲ့ မဟော်မုန်း Progesterone ကို တွဲပေးရင် 65 00:03:25,160 --> 00:03:29,336 ဦးနှောက်ကတစ်ဆင့်စေခိုင်းတဲ့ ဝှေးစေ့ရဲ့ သုက်ထုတ်လုပ်မှုကို ထိန်းချုပ်ပေးပြီး 66 00:03:29,360 --> 00:03:31,496 အမျိုးသား ကိုးဆယ်ရာခိုင်နှုန်းလောက်က 67 00:03:31,520 --> 00:03:34,880 သုံး၊ လေးလလောက်ကြာတဲ့အခါ သုက်ထုတ်လုပ်နှုန်းတွေ ရပ်သွားကြတယ်။ 68 00:03:35,680 --> 00:03:39,376 ကံဆိုးချင်တော့ကျား၁၀ %မှာတော့ နားမလည်နိုင်တဲ့ အကြောင်းတွေကြောင့် 69 00:03:39,400 --> 00:03:41,080 ဒီဟိုမုန်းဆေးညွှန်းကိုမတုံ့ပြန်ဘူး။ 70 00:03:42,800 --> 00:03:45,016 ဒီနှစ်ပိုင်းတွေမှာ ကျွန်တော်နဲ့ လုပ်ဖော်တွေက 71 00:03:45,040 --> 00:03:48,576 အမျိုးသားသားဆက်ခြားဆေး ဖန်တီးမှုဖို့ တခြာနည်းလမ်းတစ်ခုကိုစမ်းသပ်နေတယ်။ 72 00:03:48,600 --> 00:03:51,320 ဟော်မုန်းဆေးပေးတာ မပါဘဲနဲ့ပေါ့။ 73 00:03:52,240 --> 00:03:56,520 တိတိကျကျဆို ဝှေးစေ့ထဲက ဗီတာမင်အေရဲ့ လုပ်ဆောင်ချက်တွေ ပိတ်ဖို့ နည်းလမ်းရှာနေတယ် 74 00:03:57,360 --> 00:04:00,896 ဘာလို့လဲ ဗီတာမင်အေက သုတ်ထုတ်လုပ်ဖို့ အတွက်လိုအပ်တာကို သိခဲ့တာ 75 00:04:00,920 --> 00:04:03,280 နှစ်ပေါင်း(၉၀)ကျော်ပြီ။ 76 00:04:03,960 --> 00:04:06,976 အစာထဲမှာ ဗီတာမင်အေ မရတဲ့ သတ္တဝါတွေက 77 00:04:07,000 --> 00:04:08,896 သုက်ပိုးထုတ်တာ ရပ်သွားတယ်။ 78 00:04:08,920 --> 00:04:12,600 ဗီတာမင်အေ ပြန်ပေးလိုက်ရင် သုတ်ပိုး ပြန်ပြီးထုတ်နိုင်တယ်။ 79 00:04:13,720 --> 00:04:16,255 ကျွန်တော်တို့စားလိုက်တဲ့ ဗီတာမင်အေက 80 00:04:16,279 --> 00:04:20,360 ဒြပ်ပေါင်းတချို့ကို Retinoic acid အဖြစ် ပြောင်းလိုက်တယ်။ 81 00:04:21,959 --> 00:04:25,056 အဲထဲက ဒြပ်ပေါင်းတစ်ခုက ဝှေးစေ့မှာပဲ တွေ့ရတယ်။ 82 00:04:25,080 --> 00:04:28,176 အဲဒီဒြပ်ပေါင်းကိုပိတ်လိုက်ဖို့ ကျွန်တော်တို့ ကြိုးစားနေတာပါ။ 83 00:04:28,200 --> 00:04:32,616 ဒီဒြပ်ပေါင်းကိုပိတ်တာက ဝှေးစေ့မှာ Retinoic acid ကိုပိတ်စေပြီး 84 00:04:32,640 --> 00:04:34,576 ကိုယ်တွင်း တခြားနေရာကဗီတာမင်အေ 85 00:04:34,600 --> 00:04:37,800 လုပ်ဆောင်ချက်တွေကို မထိခိုက်ဘဲနဲ့ သုတ်ထုတ်လုပ်မှုကို တားပေးလိမ့်မယ်၊ 86 00:04:38,720 --> 00:04:40,616 ဒီနည်းကို တိရိစ္ဆာန်တွေမှာ စမ်းသပ်နေတာ 87 00:04:40,640 --> 00:04:43,800 မကြာခင် လူတွေကို စမ်းသပ်ခြင်းဆီ ပြောင်းဖို့ မျှော်လင့်ပါတယ်။ 88 00:04:45,000 --> 00:04:48,376 ရှင်းနေတာက အခုလို အမျိုးသား သားဆက်ခြားနည်းရဲ့ သက်ရောက်မှုဟာ 89 00:04:48,400 --> 00:04:50,800 မျိုးပွားမှု ဇီဝဗေဒကို ကောင်းကောင်း ကျော်သွားမယ်။ 90 00:04:51,440 --> 00:04:54,496 အမျိုးသားနဲ့အမျိုးသမီးဆက်ဆံရေးအပေါ်မှာ ရလာမယ့် အကျိုးကျေးဇူးကို 91 00:04:54,520 --> 00:04:56,400 ဆင်ခြင် သုံးသပ်ဖို့ စိတ်ဝင်စားစရာပါ။ 92 00:04:57,320 --> 00:04:58,776 စိတ်ဝင်စားစရာ ဖြစ်နိုင်ခြေက 93 00:04:58,800 --> 00:05:03,040 အမျိုးသားတွေက သူတို့ရဲ့သားဆက်ခြားနိုင်မှု အချက်အလက်ကိုကိုယ်တိုင်တိုင်းတာနိုင်မှာပဲ။ 94 00:05:03,720 --> 00:05:05,296 ပြီးခဲ့တဲ့ နှစ်ပိုင်းတွေမှာ 95 00:05:05,320 --> 00:05:09,576 အိမ်သုံး သုက်ကောင်ရည်တိုင်းစက်တွေကို အုပ်စုနှစ်စုကို မိတ်ဆက်ထားပါတယ် 96 00:05:09,600 --> 00:05:11,096 iPhone ကိုသုံးပြီးတော့ပေါ့ 97 00:05:11,120 --> 00:05:12,760 သုံးရလည်းလွယ်တယ်။ 98 00:05:13,680 --> 00:05:17,936 အမျိုးသားဟာသုက်ကောင်အရေအတွက်ကိုကိုယ်တိုင် တိုင်းကာသူ့အဖော်နဲ့လည်းshareနိုင်တယ် 99 00:05:17,960 --> 00:05:19,776 သုတ်ကောင်ရည်ပမာဏ သုညဖြစ်ပြီဆိုရင် 100 00:05:19,800 --> 00:05:22,616 သားဆက်ခြားပြီဖြစ်လို့ 101 00:05:22,640 --> 00:05:25,496 အမျိုးသားနဲ့အဖော်ဟာ စိတ်မပူရတော့ဘူးလေ။ 102 00:05:25,520 --> 00:05:28,696 ဒီကိရိယာလေးရယ်၊ အမျိုးသားသားဆက်ခြားနည်းရယ်က 103 00:05:28,720 --> 00:05:33,040 မမျှော်လင့်ဘဲရတဲ့ကိုယ်ဝန်ဆောင်ကာကွယ်ရေးမှာ အမျိုးသားတွေရဲ့ ကဏ္ဍကို မြှင့်တင်ပေးမှာပါ။ 104 00:05:34,840 --> 00:05:37,616 အမျိုးသား သားဆက်ခြားနည်းအတွက် လုပ်ဆောင်နေတဲ့သုတေသီတွေဟာ 105 00:05:37,640 --> 00:05:40,456 မောင်နှံတွေအတွက်အနာဂတ်ကောင်းတခုကို ကြိုးစားဖန်တီးနေပါတယ် 106 00:05:40,480 --> 00:05:45,016 သားဆက်ခြားတာဟာ "အမျိုးသမီးအလုပ်"ပဲဆိုတာထက် 107 00:05:45,040 --> 00:05:47,960 မောင်နှံနှစ်ယောက်လုံးရဲ့ အတူတကွ ဆုံးဖြတ်စရာတစ်ခုဖြစ်လာတော့မယ်။ 108 00:05:49,320 --> 00:05:51,760 ဒါဆိုကမ္ဘာကြီးကဘာလို့ အမျိုးသားအတွက်ဆေးကို လိုတာလဲ 109 00:05:52,520 --> 00:05:54,256 အမျိုးသား ကိုယ်ဝန်တားဆေးတွေက 110 00:05:54,280 --> 00:06:00,096 မမျှော်လင့်ဘဲကိုယ်ဝန်ရခြင်းနဲ့ဖျက်ချမှု တွေမြင့်တက်နေတာကိုလျော့ကျစေမယ်လို့ယုံတယ် 111 00:06:00,120 --> 00:06:03,016 ပြီးတော့သားဆက်ခြားတဲ့နေရာမှာ အမျိုးသားတွေက တန်းတူ 112 00:06:03,040 --> 00:06:04,240 ပါဝင်လာနိင်ပါလိမ့်မယ် 113 00:06:05,040 --> 00:06:06,256 ကျေးဇူးတင်ပါတယ်။ 114 00:06:06,280 --> 00:06:10,520 (လက်ခုပ်တီးသံ)