< Return to Video

လွန်ခဲ့တဲ့ နှစ်ပေါင်း ၄ ဘီလီယံ ခရီးစဉ် အကျဉ်းချုပ် (ဒိုင်နိုဆောတွေ မပါဘဲနဲ့)

  • 0:01 - 0:03
    ကျောက်ဖြစ်ရုပ်ကြွင်း၊
  • 0:03 - 0:06
    ကလေးငယ်တွေကို ရည်ရွယ်တဲ့
    သိပ္ပံပညာဖြစ်ပြီး၊
  • 0:06 - 0:09
    ဒိုင်နိုဆော ကောင်တွေ
    တူးဖော်မှုကို အာရုံစူးစိုက်ရင်း
  • 0:09 - 0:11
    "Jurassic Park" ဝတ်စုံနဲ့
    အားကစားမှု ဖြစ်ပါတယ်။
  • 0:11 - 0:13
    ဦးခေါင်းခွံတွေ မြေပေါ်မှာ
    ပြန့်ကြဲနေကြပြီး
  • 0:13 - 0:16
    အများပြည်သူတွေ ကြည့်ရှုအံ့အားသင့်ဖို့
    ခင်းကျင်းထားပါတယ်။
  • 0:16 - 0:21
    ကလစ်နှိပ်လိုက်တဲ့ နောက် ပေါ်လာကြတဲ့
    ရောင်စုံချယ် စာအုပ်တွေနဲ့ ကြောက်မက်စရာ
  • 0:21 - 0:23
    ရုပ်ရှင်တွေရဲ့ အရေးပါမှုကို မသိရပါ။
  • 0:23 - 0:24
    မဟုတ်ပါဘူး...
  • 0:24 - 0:26
    ခဏလေး။
  • 0:27 - 0:29
    အဲဒါဟာ ကျောက်ဖြစ်ရုပ်ကြွင်းပညာ
    လုံးဝ မဟုတ်ပါဘူး။
  • 0:30 - 0:34
    ကျောက်ဖြစ်ရုပ်ကြွင်းပညာဟာ
    အတိတ်ခေတ်က ဘဝကို လေ့လာမှုသက်သက်ပါ။
  • 0:34 - 0:36
    အတိတ်ဘဝ တစ်ရပ်လုံးကိုပါ။
  • 0:36 - 0:38
    ဘိုးဘေးများထံမှစလျက် ဂြိုလ်သား
    ပုံစံတွေအဆုံး အထိပါ။
  • 0:38 - 0:41
    ၎င်းဟာ “ကျွန်ုပ်တို့ ဘယ်သူတွေလဲ”လို့
    အခြေခံကျတဲ့ မေးခွန်းကို လေ့လာပါတယ်။
  • 0:41 - 0:44
    ပြီးတော့ "ကျွန်ုပ်တို့ ဒီမှာပေါ်လာခဲ့ကြတာ
    ဘယ်လိုနည်းနဲ့လဲ" ဆိုတာ
  • 0:44 - 0:47
    "ကျွန်ုပ်တို့"ကို အကျယ်ပြန့်ဆုံး
    အနက်အဓိပ္ပာယ်ဖြင့်
  • 0:47 - 0:49
    ဘဝကိုယ်နှိုက်ကို လေ့လာရန် ဖြစ်ပါတယ်။
  • 0:49 - 0:52
    ဒိုင်နိုဆောတွေ၊ ငှက်အမျိုးအစားများတို့ဟာ
  • 0:52 - 0:55
    ကျွန်ုပ်တို့ထဲက
    ရာခိုင်နှုန်း နည်းနည်းလေးပါ။
  • 0:55 - 0:56
    (ရယ်မောသံများ)
  • 0:56 - 0:59
    ဒါတောင် သူတို့ကိုမှ မီဒီယာတွေက
    အများဆုံး အလေးပေး ဖေါ်ပြနေကြတယ်။
  • 0:59 - 1:02
    [မယုံနိုင်အောင် မတူကွဲပြားတဲ့ ရှေး
    ခေတ်ဘဝ၊ ဒိုင်နိုဆော၊ ကျောက်ဖြစ်ရုပ်ကြွင်း]
  • 1:02 - 1:05
    အဲဒါဟာ တိကျတဲ့ ပြောရိုးစကားပါ၊
    ကျွန်မရဲ့ လုပ်ဆောင်ချက် မဟုတ်ဘူး။
  • 1:05 - 1:07
    တကယ် အမှန်တရားပါ။
  • 1:07 - 1:12
    ကျောက်ဖြစ်ရုပ်ကြွင်း ပညာရှင်တွေက
    ဒိုင်နိုဆောတွေဖြင့် စွဲဆောင်လိုကြတယ်။
  • 1:12 - 1:16
    ကျောက်ဖြစ်ရုပ်ကြွင်း မှတ်တမ်းတွေထဲမှာ
    အံ့အားသင့်စရာတွေ များစွာမှ ပိုပါတယ်။
  • 1:16 - 1:18
    ကျုပ်တို့က အဲဒါတွေအကြောင်း
    အများကြီး သိရှိကြပါတယ်။
  • 1:18 - 1:21
    ဒီတော့ နောက်ဆုံး နှစ်ပေါင်း လေးဘီလီယံကြာ
    သမိုင်းအကျဉ်းကို
  • 1:21 - 1:23
    ဒိုင်နိုဆောတွေ မပါရှိဘဲ
    လေ့လာကြည့်ကြရအောင်။
  • 1:24 - 1:25
    (ရယ်မောသံများ)
  • 1:25 - 1:27
    ပထမဦးစွာ မျိုးရိုးဗီဇ ပစ္စည်းတွေမှ စရမယ်။
  • 1:27 - 1:30
    အဓိအားဖြင့် ဗိုင်းရပ်စ်တွေဟာ
    ပရိုတင်းတွေကို စတင်ထုတ်လုပ်ပေးရင်း
  • 1:30 - 1:32
    သူတို့ရဲ့ ပတ်ဝန်းကျင်ကို
    ပြောင်းပစ်ခဲ့ကြတယ်။
  • 1:33 - 1:35
    ကမ္ဘာမြေကြီးကို အသက်ဖြင့်
    ကူးစက်ပေးခံခဲ့ရပါတယ်။
  • 1:36 - 1:40
    အဲဒီဘက်တီးရီးယားတွေထဲက တချို့တို့က နေရောင်
    ဘယ်လိုစုပ်ယူစားရမှာကို သိရှိလာပြီး
  • 1:40 - 1:41
    အောက်စီဂျင်ကို ထုတ်လုပ်လာကြတယ်၊
  • 1:41 - 1:43
    လေထဲကမှ ကာဗွန်ကို ခွဲထုတ်ယူပြီး
  • 1:43 - 1:47
    တခြားပိုးမွှားတွေရဲ့ အစားအစာ သံကို
    သံခ​ျေးတက်စေရင်း
  • 1:47 - 1:49
    ဖျက်ဆီးပစ်ခဲ့ကြတယ်။
  • 1:49 - 1:52
    အဲဒါဟာ ဘီလီယံနှစ်ချီ ကြာအောင်
    ဖြစ်ပျက်နေခဲ့တယ်။
  • 1:52 - 1:55
    တချို့ဘက်တီးရီးယားတွေက
    အခြား ဘက်တီးရီးယားတွေကို စားသုံးခဲ့ကြလို့
  • 1:55 - 1:58
    အောက်စီဂျင်ကို စွမ်းအင်အဖြစ်ပြောင်းရေး
    စွမ်းပကားကို ရရှိလာခဲ့ကပြီး
  • 1:58 - 2:02
    တိရိစ္ဆာန်များနှင့်အပင်များရဲ့
    ရှေ့ပြေးပုံစံတွေ ဖြစ်လာခဲ့ကြတယ်။
  • 2:02 - 2:04
    ဒါပေမဲ့ အဲဒါတွေရဲ့ ရလဒ်အဖြစ်
    ရာသီဥတု ဖောက်ပြန်မှုကြီးတွေ၊
  • 2:05 - 2:07
    ပူရာမှ အေးလာ၊ ပြန်ပြီး ပူလာ ဖြစ်ပျက်ရင်း
  • 2:07 - 2:11
    ကမ္ဘာဂြိုဟ်ဟာ ရေခဲတုံးကြီးများဖြင့် ဖုံး
    နေတဲ့ ဆီးနှင်းဘောလုံးကြီးနဲ့ တူလာခဲ့တယ်။
  • 2:12 - 2:15
    အဲဒီကာလကို “ဆီးနှင်းဘောလုံး ကမ္ဘာ” ဆိုတဲ့
    စက်မှုဝေါဟာရဖြင့် ဖေါ်ပြနိုင်ပါတယ်။
  • 2:15 - 2:18
    (ရယ်မောသံများ)
  • 2:18 - 2:21
    လွန်ခဲ့တဲ့နှစ် သန်းပေါင်း ခုနစ်ရာ၊
    ရှစ်ရာ တုန်းကပါ။
  • 2:21 - 2:23
    ဘယ်လိုဘဲဖြစ်ဖြစ်၊ ပိုးမွှားများဟာ
    ပူပေါင်းလာခဲ့ကြပြီး
  • 2:23 - 2:25
    ဆဲလ်များစွာပါတဲ့ ဘဝကို ဖန်တီးလာခဲ့ကြတယ်။
  • 2:25 - 2:28
    လွန်ခဲ့တဲ့ နှစ်ပေါင်း
    သန်းခြောက်ရာခန့် ကျတော့၊
  • 2:28 - 2:32
    ဂျီဩမေတြီ ကိုလိုနီများ ပေါ်လာခဲ့ကြပြီး
    ရေထဲက ပိုးမွှားတွေကို စုပ်ယူလာကြတယ်။
  • 2:32 - 2:36
    မကြာမီတွင် ၎င်းတို့ နေရာမှာ မျက်မှောက်ခေတ်
    တိရစ္ဆာန်တွေရဲ့ ဘိုးဘေးတွေ ပေါ်လာခဲ့ကြတယ်။
  • 2:36 - 2:38
    အဲဒါကို Cambrian ပေါက်ကွဲမှုလို့
    ခေါ်ကြပါတယ်။
  • 2:38 - 2:42
    ကျောက်ပုစွန်တွေရဲ့ ဆွေမျိုးတွေက
    အခြားအကောင်တွေကို အားကောင်းတဲ့ သူတို့
  • 2:42 - 2:44
    လက်မောင်းများဖြင့် ဖမ်းယူရင်း စားခဲ့ကြတယ်။
  • 2:45 - 2:49
    ခိုင်မာတဲ့ အကာပါခဲ့ကြတဲ့ ခုံးကောင်တွေဟာ
    ပင်လယ်ကြမ်းပြင်မှာ တွာသွားရင်း
  • 2:49 - 2:52
    ဂေဟစနစ်အသစ်ကို ဖန်တီးခဲ့ကြတယ်။
  • 2:52 - 2:56
    ဖားလောင်းနဲ့တူခဲ့တဲ့ ကျုပ်တို့ ဘိုးဘေးတွေ
    ရှေးခေတ် ကမ်းရိုးတန်းတွင် ကျက်စားလာချိန်
  • 2:56 - 3:00
    ငါးရှဉ့်နဲ့ တူကြပြီး လည်ချောင်းထဲ ကြိတ်
    ဝါးနိုင်တဲ့ သွားတွေ ရှိခဲ့တဲ့ အကောင်တွေဟာ
  • 3:00 - 3:04
    ပထမဆုံး ကျောက်တန်းတွေထဲက ရေခဲမုန့်ပုံစံ
    သန္တာကျောက် အထက်မှာ ရေကူးနေထိုင်ကြပါပြီ။
  • 3:04 - 3:06
    ကျောင်းဘတ်စ်ကားအရွယ်ရှိ kraken တွေနဲ့
  • 3:06 - 3:10
    ငတ်မွတ်နေကြတဲ့ ပင်လယ် ကင်းမြီးကောက်
    ကောင်တွေကို ရှောင်တိမ်းခဲ့ကြရတယ်။။
  • 3:10 - 3:12
    မှိုပင်တွေ မြေကြီးပေါ်မှာ ပေါ်လာကြတယ်။
  • 3:12 - 3:15
    အဲဒီနောက်မှာ ရေခဲတောင်ကြီးတွေ ပြန်ပေါ်လာ
    ခဲ့ကြလို့ အကောင်တွေ အများအပြား သေခဲ့ရတယ်။
  • 3:15 - 3:19
    ဒါပေမဲ့ အစုလိုက်အပြုံလိုက် မျိုးသုဉ်းမှုက
    အခွင့်အလမ်းတွေ ဖွင့်ထုတ်ပေးခဲ့တယ်။
  • 3:19 - 3:21
    မေးရိုးမဲ့ ငါးတွေ
    ပင်လယ်မှာ လွှမ်းမိုးခဲ့ကြပြီး၊
  • 3:21 - 3:25
    လှုပ်ကစားနိုင်တဲ့ အရာများ၊ ခက်ရင်းပုံစံ
    သွားများ၊ နောက်ဆုံး ဆူးတောင်များပေါ်လာတယ်။
  • 3:25 - 3:29
    ပင့်ကူတွေ၊ ကင်းမြီးကောက်တွေ၊ ခရုနဲ့
    တီကောင်တွေ မြေကြီးပေါ်မှာ ပေါ်လာကြတယ်။
  • 3:29 - 3:32
    တရုတ်နိုင်ငံတစ်ဝိုက်မှာ ငါးထံတွင်
    မေးရိုး ပေါ်ထွန်းလာခဲ့လို့
  • 3:32 - 3:35
    ၎င်းမှ ဆင်းသက်လာကြတဲ့ ငါးတွေဟာ
    မေးရိုးမဲ့ငါးတွေ၊ ကင်းမြီးကောက်တွေ၊
  • 3:35 - 3:38
    ပင်လယ်ကင်းမြီးကောက်နှင့် မျောလှေးတွေကို
    မောင်းထုတ်ပစ်လျက်
  • 3:38 - 3:39
    မျိုးသုဉ်းသွးစေခဲ့ပါတယ်။
  • 3:39 - 3:41
    အဲဒီငါးတွေထဲက သူတို့ဆူးတောင်ထဲမှာ
  • 3:41 - 3:43
    အရိုးပါတဲ့ အကောင်တွေဆီမှာ
  • 3:43 - 3:44
    လက်ချောင်းတွေ ပေါ်ထွန်းလာခဲ့ရာ
  • 3:44 - 3:47
    ရေယက်ပြား တစ်ခုစီမှာ
    ခုနစ် (သို့) ရှစ်ခုဖြစ်ခဲ့ပါတယ်။
  • 3:47 - 3:49
    မြေပေါ်က အပင်တွေဟာ သစ်ပင်ကြီးတွေအဖြစ်
  • 3:49 - 3:51
    ကြီးမားကြီးထွားလာခဲ့ကြတယ်၊
  • 3:51 - 3:54
    ဒါမှမဟုတ် မသေဆုံးမီ တစ်ကြိမ်သာလျှင်
    မျိုးမှုန်ကို ဖြန့်ပေးခဲ့ကြတယ်။
  • 3:54 - 3:57
    ဒါပေမဲ့ အဲဒီနောက်မှာ ရေခဲတောင်ကြီးတွေ
    ပြန်ပေါ်လာခဲ့ကြရာ၊
  • 3:57 - 4:00
    အဲဒါဟာ အစုလိုက်အပြုံလိုက် သေကြေမှု
    ဒုတိယအကြိမ် ဖြစ်လာခဲ့တယ်။
  • 4:00 - 4:03
    အဲဒါဟာ ထူးဆန်းတဲ့ငါးတွေနဲ့ ပင်လယ်
    နှင်းပန်းတွေရဲ့ ခေတ်ပါ။
  • 4:03 - 4:04
    အတောင်ပါတဲ့ ငါးမန်းတွေရဲ့ ခေတ်ပါ။
  • 4:04 - 4:07
    ကြောက်မက်ဖွယ် မေးရိုးတွေနဲ့
    ငါးမန်းတောင်တွေရဲ့ ခေတ်။
  • 4:07 - 4:10
    သွားသေးသေးလေးတွေ ဖုံးလွှမ်းနေခဲ့တဲ့
    ဆူးတောင်ပါတဲ့ ငါးမန်းတွေရဲ့ ခေတ်။
  • 4:10 - 4:13
    ကြိတ်ချေနိုင်တဲ့ သွားပြားချပ်တွေနဲ့
    ငါးမန်းတွေရဲ့ ခေတ်။
  • 4:13 - 4:15
    မျက်မှောက်ခေတ် angelfish ငါးတွေနဲ့
    ငါးရှဉ့်တွေ
  • 4:15 - 4:16
    စပြီး ပေါ်လာခဲ့ကြတယ်။
  • 4:16 - 4:18
    စိမ့်မြေတွေ ဖွံ့ဖြိုးလာခဲ့လို့
  • 4:18 - 4:22
    ဆယ်ပေရှည်တဲ့ ကင်းနားသန်တွေနဲ့
    နဂါးယင်ကောင်တွေ ပေါ်လာခဲ့ကြတယ်။
  • 4:22 - 4:25
    သူတို့ဟာ Pangea ခေါ် စူပါတိုက်ကြီးတဝမ်းမှာ
    နေထိုင်ခဲ့ကြပြီး သေဆုံးသွားကြခဲ့လို့
  • 4:25 - 4:27
    ကျောက်မီးသွေး ဖြစ်လာကြတယ်၊
  • 4:27 - 4:30
    ပြီးတော့ နှစ်ပေါင်း သန်း ၁၀၀ ကြာတဲ့
    ရေခဲခေတ် ရောက်လာခဲ့တယ်။
  • 4:30 - 4:34
    နောက်ဆုံးမှာတော့ ကျောရိုးမဲ့အကောင်တွေ
    ထာဝရ နေထိုင်ရာ ဖြစ်လာခဲ့ပြီး
  • 4:34 - 4:37
    မိကျောင်းလို ကုန်းတစ်ပိုင်း
    ရေတစ်ပိုင်းနေ အကောင်များ
  • 4:37 - 4:40
    ဒါးချွန်ပုံစံသွား ရှိခဲ့ကြတဲ့ ရှေးဦးနို့
    တိုက် အကောင်တွေ ပေါ်လာခဲ့ကြတယ်။
  • 4:40 - 4:44
    အဲဒီနောက်မှာ ဆိုက်ဘေးရီးယား တဝမ်းမှာ
    မီးတောင်တွေ ပေါက်ကွဲလာခဲ့ကြလို့
  • 4:44 - 4:45
    အရာအားလုံးနီးပါး သေကြေခဲ့ကြရပြီး
  • 4:45 - 4:48
    အစုလိုက်အပြုံလိုက် မျိုးသုဉ်းမှု
    တတိယအကြိမ် ဖြစ်လာခဲ့တယ်။
  • 4:48 - 4:49
    (ရယ်မောသံများ)
  • 4:49 - 4:51
    နေ့ခင်း ဘဝဆိုတာ လုံးဝလောက်
    ချုပ်ငြိမ်းသွားခဲ့တယ်။
  • 4:51 - 4:56
    အစွယ်တစ်ခုတည်းပါခဲ့တဲ့ နို့တိုက်သတ္တဝါ
    တစ်မျိုးတည်း အသက်ရှင်ကျန်ရစ်ခဲ့တယ်။
  • 4:56 - 5:00
    ဒါပေမဲ့ မကြာမီတွင် ၎င်းကို ခုန်ဆွသွားတဲ့
    မိကျောင်းတွေ အစားထိုး နေရာယူလာတယ်။
  • 5:00 - 5:02
    သမုဒ္ဒရာမှာပင်လယ်ငါး၊
  • 5:02 - 5:07
    ပင်လယ်နေ သံပခြုပ်ကောင်နဲ့ မျိုးတော်စပ်တဲ့
    အကောင်များရဲ့ ဧရာမဖောင်တွေနဲ့
  • 5:07 - 5:12
    အကာအရံများ ပြည်ကြီးငါးတွေ၊ ammonoid တွေ
    ပုံစံအမျိုးမျိုး ရှိခဲ့ကြတယ်။
  • 5:12 - 5:15
    ဒါပေမဲ့ အဲဒီနောက်မှာ Pangea ဟာ
    တကွဲတပြား ဖြစ်လာပြီး
  • 5:15 - 5:16
    ချော်ရည်တွေ ပင်လယ်ပြင်လို ဖြစ်လာရာ
  • 5:17 - 5:19
    အနာဂတ်တွင် အတ္တလန္တိတ်
    သမုဒ္ဒရာ ဖြစ်လာမှာပါ၊
  • 5:19 - 5:21
    လေထုထဲသို့ အဆိပ်ဓာတ်ငွေ့တွေ
    ထုတ်လွှင့်ပေးခဲ့လို့
  • 5:21 - 5:24
    စတုတ္ထအကြိမ် အစုလိုက်အပြုံလိုက်
    မျိုးသုဉ်းမှု ဖြစ်လာခဲ့တယ်။
  • 5:24 - 5:25
    (ရယ်မောသံများ)
  • 5:25 - 5:28
    တကယ်ပါ၊ လက်တွေ့မှာ ငါးကြိမ်ထက်
    များစွာ ပိုခဲ့တာပါ၊
  • 5:28 - 5:29
    အခုပြောနေတာက အကြီးစားတွေကိုပါ။
  • 5:29 - 5:32
    (ရယ်မောသံများ)
  • 5:33 - 5:37
    နောက်ဆုံးတွင် ဝေလငါးအရွယ်ရှိတဲ့ ငါးတွေနဲ့
  • 5:37 - 5:39
    မျက်မှောက်ခေတ် ငါးတွေနေထိုင်ရာ
    သန္တာကျောက်တွေ၊
  • 5:39 - 5:44
    နေရောင်ခြည်ကို သုံးစွဲနိုင်ကြလို့
    ဧရာမ အကြီးကြီး ဖြစ်လာကြတယ်။
  • 5:44 - 5:49
    ကဏန်းကောင်တွေ၊ ငါးလက်ထုံတွေနဲ့
    ကြိတ်ခွဲနိုင်တဲ့ သွားပါ တခြားငါးတွေဟာ
  • 5:49 - 5:50
    အခွံတွေကို ခ​ျေမွရင်း
  • 5:50 - 5:53
    သားရဲတိရိစ္ဆာန်နဲ့ သားကောင်တွေ
    ပြိုင်ဆိုင်လာခဲ့ကြရပါတယ်။
  • 5:53 - 5:56
    အဏ္ဏဝါဇီဝမျိုးကွဲတွေ မတူကွဲပြားစွာ
    ပေါ်ထွန်းလာခဲ့ကြပါတယ်။
  • 5:56 - 5:59
    နို့တိုက်သတ္တဝါတွေက သစ်ပင်တွေပေါ်ကို
    တက်သူတက်၊ ပျံသန်းသူပျံသန်း၊
  • 5:59 - 6:04
    ပြီးတော့ တခြားအရာတွေ တသီကြီး
    ပေါ်လာခဲ့ကြရာ မျက်မှောက်ခေတ်လိုမျိုးပါပဲ။
  • 6:04 - 6:08
    သူတို့ဟာ ပထမဦးဆုံး ပျားတွေ ဝတ်မှုန်ကူးပေး
    လိုက်တဲ့ ပထမဆုံးပန်းတွေကို စားသုံးခဲ့ရတယ်။
  • 6:08 - 6:12
    ကုန်းတွင်းပိုင်းနဲ့ ပင်လယ်ထဲမှာ
    ဂေဟစနစ်ဟာ ဆင့်ကဲဖြစ်ထွန်းလာခဲ့လို့
  • 6:12 - 6:14
    ခေတ်သစ်ကမ္ဘာဆီသို့ ဦးတည်နိုင်ခဲ့တယ်။
  • 6:14 - 6:17
    မက္ကစီကို ဂြိုဟ်သိမ်း တစ်ခု ဝင်တိုက်ခဲ့တာက
    တစ်ခုတည်းသော ခြွင်းချက်ပါ၊
  • 6:18 - 6:22
    အဲဒါက ကမ္ဘာကြီးရဲ့ အခြားတစ်ဖက်ခြမ်းတွင်
    မီးတောင်တွေကို ပေါ်ထွန်းလာစေခဲ့လို့၊
  • 6:22 - 6:24
    အရာခပ်သိမ်းတို့ဟာ
    ထပ်မံပြီး သေဆုံးခဲ့ကြရပြန်တယ်။
  • 6:24 - 6:26
    (ရယ်မောသံများ)
  • 6:26 - 6:30
    အစဉ်ဆိုသလိုပဲ ဒါပေမဲ့ ဆိုတာ ရှိခဲ့လို့
    ကျန်ုပ်တို့ အားလုံး ဒီမှာ ရှိနေကြတာပါ--
  • 6:30 - 6:32
    နို့တိုက်သတ္တဝါတွေဟာ ပြာများထဲမှ
    ထွက်ပေါ်လာခဲ့ကြတယ်၊
  • 6:32 - 6:36
    လွန်စွာမှ ပူပြင်းခဲ့လို့ သူတို့ဟာ သေးငယ်လာ
    ကြတယ်၊ နောက်မှာ ပိုကြီးမားလာခဲ့ကြတယ်။
  • 6:36 - 6:39
    အာတိတ်မှာ အဲဒီတုန်းက
    စွန်ပလွံပင်တွေနဲ့ မြွေတွေ ရှိခဲ့ကြတယ်။
  • 6:39 - 6:43
    ရှေးခေတ်မြစ်တွေ တစ်လျှောက်တွင်
    သားရဲကောင် သမင်ခွေးတွေ ကျက်စားနေခဲ့ကြပြီး
  • 6:43 - 6:45
    သူတို့ရဲ့ဆွေမျိုးရင်းတွေက ပင်လယ်ထဲ
    ပြန်လာကြလို့
  • 6:45 - 6:48
    ဖျံကောင်နဲ့ ဆင်တူတဲ့
    ဝေလငါးတွေ ဖြစ်လာကြပါတယ်။
  • 6:48 - 6:52
    ဟိုင်အီးနားမဟုတ်ကြတဲ့ အခြား
    အသားစားကောင်တွေကို
  • 6:52 - 6:55
    ဧရာမကြီးမားပြီး လည်ပင်းရှည်ခဲ့ကြတဲ့
    ကြံ့ကောင်တွေ အမဲလိုက်ခဲ့ကြတယ်။
  • 6:55 - 6:58
    အဲဒီအချိန်မှာ အားလုံးလိုလိုဟာ
    အကျွမ်းတဝင်ဖြစ်ပုံရပေမဲ့
  • 6:58 - 6:59
    တကယ်တော့ မဟုတ်သေးပါဘူး။
  • 6:59 - 7:03
    အန္တာတိတ်တိုက်မှာ ရေခဲခေတ် စတင်လာခဲ့ပြီး
  • 7:03 - 7:07
    နှစ်ပေါင်းသန်းနှစ်ရာအတွင်းမှာ ဝင်ရိုး
    စွန်းမှာ ရေခဲဖုံးအုပ်လိုက်တယ်။
  • 7:07 - 7:10
    အဒါက ကျန်တဲ့ ကမ္ဘာ့ဒေသတွေကို
    ခြောက်သွေ့သွားစေခဲ့ပေမဲ့၊
  • 7:10 - 7:14
    မြက်ခင်းတွေ၊ ကိုက်ဖြတ်သတ္တဝါတွေ
    ကြောင်တွေကို ပေါ်ထွန်းခွင့် ပြုခဲ့တယ်။
  • 7:14 - 7:16
    အာဖရိက တိုက်ထဲက တစ်နေရာရာမှာ
  • 7:16 - 7:19
    မျောက်မျိုးဝင် အကောင်ဟာ ဆာဗားနား
    အသစ်ကို ဖြတ်ပြီး လမ်းလျှောက်ခဲ့တယ်။
  • 7:19 - 7:22
    အို၊ ဓားချွန်လို သွားတွေပါခဲ့တဲ့
    ဆာမွန်ငါးတွေ ရှိလာကြပြီ၊
  • 7:22 - 7:23
    ကျွန်မ ပြောပြဖို့ လိုအပ်ခဲ့တယ်။
  • 7:23 - 7:26
    (ရယ်မောသံများ)
  • 7:26 - 7:29
    ဒီတော့ ဖြစ်ပျက်ခဲ့တာတွေ အားလုံးကို
    ကျုပ်တို့ သိလာကြပြီ၊
  • 7:29 - 7:31
    အဲဒီထက် ပိုချင်ပိုခဲ့မှာပါ။
  • 7:31 - 7:32
    ဘာကြောင့်လဲ?
  • 7:32 - 7:33
    ဘာ​ကြောင့်များလဲ?
  • 7:33 - 7:36
    ကျောက်ဖြစ်ရုပ်ကြွင်းပညာဟာ
    အံ့အားသင့်ဖွယ် ပညာပါ၊
  • 7:36 - 7:40
    နယ်ပယ်အမျိုးမျိုးနဲ့ နည်းပညာမျိုးစုံ
    ဆုံကြတဲ့ နေရာပါ။
  • 7:40 - 7:43
    ကျောက်ဖြစ်ရုပ်ကြွင်း မှတ်တမ်းထက်
    ပိုကြီးမားတဲ့ ဒေတာရယ်လို့ မရှိပါဘူး၊
  • 7:43 - 7:45
    တစ်ခုစီကို ကျုပ်တို့ ဂရုစိုက် လေ့လာကြတယ်။
  • 7:45 - 7:46
    CAT စကန်တွေကို သုံးကြတယ်၊
  • 7:46 - 7:48
    အိုင်ဆိုတုပ်တွေကို သုံးကြတယ်၊
  • 7:48 - 7:50
    မျိုးရိုးဗီဇ genome တွေကို သုံးတယ်၊
  • 7:50 - 7:51
    စက်ရုပ်တွေကို သုံးကြတယ်၊
  • 7:51 - 7:53
    သင်္ချာပညာသုံးပြီး ဖြစ်နိုင်တာကို
    တွက်ချက်ကြည့်ကြတယ်၊
  • 7:53 - 7:55
    ပြီးတော့ ဆန်းစစ်ရေး နည်းမျိုးစုံ ပါပါတယ်။
  • 7:55 - 7:59
    အဲဒါတွေ အားလုံးကို အများဆုံး အသုံးချရင်း
    အတိတ်ကိုနားလည်ရန်နဲ့
  • 7:59 - 8:01
    ဆင့်ကဲဖြစ်စဉ် အလုပ်လုပ်ခဲ့ပုံကို
    နားလည်လိုပါတယ်။
  • 8:01 - 8:04
    အဲဒါတွေက အနာဂတ်ဆိုင်ရာ ဟောကိန်းကို
    ထုတ်ခွင့် ပြုပါသေးတယ်။
  • 8:04 - 8:07
    နောက်တစ်ကြိမ် အစုလိုက်အပြုံလိုက်
    မျိုးသုဉ်းရင် ဘာတွေ ဖြစ်လာမလဲ?
  • 8:07 - 8:09
    ဘယ်လို ထူးဆန်းတဲ့အရာတွေ
    ပေါ်ထွန်းလာနိုင်ကြလဲ?
  • 8:09 - 8:11
    နို့တိုက်သတ္တဝါတွေ ပြန်ပြီး ငယ်သွားကြမလား?
  • 8:12 - 8:14
    နို့တိုက်သတ္တဝါတွေ ရှိကော ရှိကြဦးမှာလား?
  • 8:14 - 8:16
    အတိုချုပ်ပြောရရင်၊
  • 8:16 - 8:19
    ကျုပ်တို့ဟာ ဒိုင်နိုဆောတွေ အကြောင်းကို
    အများကြီး သိထားကြပါပြီ။
  • 8:20 - 8:22
    ဒါပေမဲ့ နေထိုင်ခဲ့ဘူးကြသမျှ
    အခြားအကောင်တွေထံမှ
  • 8:22 - 8:26
    ၉၉.၉ ရာခိုင်နှုန်းကို ဆက်ပြီး
    လေ့လာဖို့ လိုပါသေးတယ်။
  • 8:26 - 8:29
    အဲဒါကမှ ကျောက်ဖြစ်ရုပ်ကြွင်းပညာပါ။
  • 8:29 - 8:30
    ကျေးဇူးတင်ပါတယ်။
  • 8:30 - 8:35
    (လက်ခုပ်သံများနှင့် အားပေးသံများ)
Title:
လွန်ခဲ့တဲ့ နှစ်ပေါင်း ၄ ဘီလီယံ ခရီးစဉ် အကျဉ်းချုပ် (ဒိုင်နိုဆောတွေ မပါဘဲနဲ့)
Speaker:
Lauren Sallan
Description:

ပျော်ရွှင်ဖွယ်ကောင်းပြီး လျှပ်တပြစ်လို မြန်ဆန်တဲ့ ဟောပြောခန်းထဲမှာ ကြောက်ဖြစ်ရုပ်ကြွင်း ပညာရှင်လည်းဖြစ် ကျုပ်တို့ TED ဖက်တော်သားလည်း ဖြစ်တဲ့ Lauren Sallan က ကျုပ်တို့ရဲ့ ကမ္ဘာဂြိုဟ်ကြီးပေါ်မှာ ရှေးဦးခေတ် နှစ်များတုန်းက နေထိုင် ကျက်စားခဲ့ဘူးကြတဲ့ သားရဲတိရိစ္ဆာန်တွေ (အတောင်ပံရှိခဲ့ကြတဲ့ ငါးမန်းကောင်တွေမှအစ ခုန်ဆွသွားခဲ့ကြတဲ့ မိကျောင်းတွေနဲ့ လည်ပင်းရှည် ကြံ့ကောင်တွေအဆုံး) အကြောင်းကို ပြောပြထားပြီး ကျောက်ဖြစ် ရုပ်ကြွင်းပညာဟာ ဒိုင်နိုဆောကောင်တွေ အပြင် လေ့လာစူးစမ်းတဲ့ အရာတွေ အများကြီး ပါဝင်ကြောင်းကိုပါ ရှင်းပြထားပါတယ်။

more » « less
Video Language:
English
Team:
closed TED
Project:
TEDTalks
Duration:
08:48

Burmese subtitles

Revisions