ကျောက်ဖြစ်ရုပ်ကြွင်း၊ ကလေးငယ်တွေကို ရည်ရွယ်တဲ့ သိပ္ပံပညာဖြစ်ပြီး၊ ဒိုင်နိုဆော ကောင်တွေ တူးဖော်မှုကို အာရုံစူးစိုက်ရင်း "Jurassic Park" ဝတ်စုံနဲ့ အားကစားမှု ဖြစ်ပါတယ်။ ဦးခေါင်းခွံတွေ မြေပေါ်မှာ ပြန့်ကြဲနေကြပြီး အများပြည်သူတွေ ကြည့်ရှုအံ့အားသင့်ဖို့ ခင်းကျင်းထားပါတယ်။ ကလစ်နှိပ်လိုက်တဲ့ နောက် ပေါ်လာကြတဲ့ ရောင်စုံချယ် စာအုပ်တွေနဲ့ ကြောက်မက်စရာ ရုပ်ရှင်တွေရဲ့ အရေးပါမှုကို မသိရပါ။ မဟုတ်ပါဘူး... ခဏလေး။ အဲဒါဟာ ကျောက်ဖြစ်ရုပ်ကြွင်းပညာ လုံးဝ မဟုတ်ပါဘူး။ ကျောက်ဖြစ်ရုပ်ကြွင်းပညာဟာ အတိတ်ခေတ်က ဘဝကို လေ့လာမှုသက်သက်ပါ။ အတိတ်ဘဝ တစ်ရပ်လုံးကိုပါ။ ဘိုးဘေးများထံမှစလျက် ဂြိုလ်သား ပုံစံတွေအဆုံး အထိပါ။ ၎င်းဟာ “ကျွန်ုပ်တို့ ဘယ်သူတွေလဲ”လို့ အခြေခံကျတဲ့ မေးခွန်းကို လေ့လာပါတယ်။ ပြီးတော့ "ကျွန်ုပ်တို့ ဒီမှာပေါ်လာခဲ့ကြတာ ဘယ်လိုနည်းနဲ့လဲ" ဆိုတာ "ကျွန်ုပ်တို့"ကို အကျယ်ပြန့်ဆုံး အနက်အဓိပ္ပာယ်ဖြင့် ဘဝကိုယ်နှိုက်ကို လေ့လာရန် ဖြစ်ပါတယ်။ ဒိုင်နိုဆောတွေ၊ ငှက်အမျိုးအစားများတို့ဟာ ကျွန်ုပ်တို့ထဲက ရာခိုင်နှုန်း နည်းနည်းလေးပါ။ (ရယ်မောသံများ) ဒါတောင် သူတို့ကိုမှ မီဒီယာတွေက အများဆုံး အလေးပေး ဖေါ်ပြနေကြတယ်။ [မယုံနိုင်အောင် မတူကွဲပြားတဲ့ ရှေး ခေတ်ဘဝ၊ ဒိုင်နိုဆော၊ ကျောက်ဖြစ်ရုပ်ကြွင်း] အဲဒါဟာ တိကျတဲ့ ပြောရိုးစကားပါ၊ ကျွန်မရဲ့ လုပ်ဆောင်ချက် မဟုတ်ဘူး။ တကယ် အမှန်တရားပါ။ ကျောက်ဖြစ်ရုပ်ကြွင်း ပညာရှင်တွေက ဒိုင်နိုဆောတွေဖြင့် စွဲဆောင်လိုကြတယ်။ ကျောက်ဖြစ်ရုပ်ကြွင်း မှတ်တမ်းတွေထဲမှာ အံ့အားသင့်စရာတွေ များစွာမှ ပိုပါတယ်။ ကျုပ်တို့က အဲဒါတွေအကြောင်း အများကြီး သိရှိကြပါတယ်။ ဒီတော့ နောက်ဆုံး နှစ်ပေါင်း လေးဘီလီယံကြာ သမိုင်းအကျဉ်းကို ဒိုင်နိုဆောတွေ မပါရှိဘဲ လေ့လာကြည့်ကြရအောင်။ (ရယ်မောသံများ) ပထမဦးစွာ မျိုးရိုးဗီဇ ပစ္စည်းတွေမှ စရမယ်။ အဓိအားဖြင့် ဗိုင်းရပ်စ်တွေဟာ ပရိုတင်းတွေကို စတင်ထုတ်လုပ်ပေးရင်း သူတို့ရဲ့ ပတ်ဝန်းကျင်ကို ပြောင်းပစ်ခဲ့ကြတယ်။ ကမ္ဘာမြေကြီးကို အသက်ဖြင့် ကူးစက်ပေးခံခဲ့ရပါတယ်။ အဲဒီဘက်တီးရီးယားတွေထဲက တချို့တို့က နေရောင် ဘယ်လိုစုပ်ယူစားရမှာကို သိရှိလာပြီး အောက်စီဂျင်ကို ထုတ်လုပ်လာကြတယ်၊ လေထဲကမှ ကာဗွန်ကို ခွဲထုတ်ယူပြီး တခြားပိုးမွှားတွေရဲ့ အစားအစာ သံကို သံခ​ျေးတက်စေရင်း ဖျက်ဆီးပစ်ခဲ့ကြတယ်။ အဲဒါဟာ ဘီလီယံနှစ်ချီ ကြာအောင် ဖြစ်ပျက်နေခဲ့တယ်။ တချို့ဘက်တီးရီးယားတွေက အခြား ဘက်တီးရီးယားတွေကို စားသုံးခဲ့ကြလို့ အောက်စီဂျင်ကို စွမ်းအင်အဖြစ်ပြောင်းရေး စွမ်းပကားကို ရရှိလာခဲ့ကပြီး တိရိစ္ဆာန်များနှင့်အပင်များရဲ့ ရှေ့ပြေးပုံစံတွေ ဖြစ်လာခဲ့ကြတယ်။ ဒါပေမဲ့ အဲဒါတွေရဲ့ ရလဒ်အဖြစ် ရာသီဥတု ဖောက်ပြန်မှုကြီးတွေ၊ ပူရာမှ အေးလာ၊ ပြန်ပြီး ပူလာ ဖြစ်ပျက်ရင်း ကမ္ဘာဂြိုဟ်ဟာ ရေခဲတုံးကြီးများဖြင့် ဖုံး နေတဲ့ ဆီးနှင်းဘောလုံးကြီးနဲ့ တူလာခဲ့တယ်။ အဲဒီကာလကို “ဆီးနှင်းဘောလုံး ကမ္ဘာ” ဆိုတဲ့ စက်မှုဝေါဟာရဖြင့် ဖေါ်ပြနိုင်ပါတယ်။ (ရယ်မောသံများ) လွန်ခဲ့တဲ့နှစ် သန်းပေါင်း ခုနစ်ရာ၊ ရှစ်ရာ တုန်းကပါ။ ဘယ်လိုဘဲဖြစ်ဖြစ်၊ ပိုးမွှားများဟာ ပူပေါင်းလာခဲ့ကြပြီး ဆဲလ်များစွာပါတဲ့ ဘဝကို ဖန်တီးလာခဲ့ကြတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း သန်းခြောက်ရာခန့် ကျတော့၊ ဂျီဩမေတြီ ကိုလိုနီများ ပေါ်လာခဲ့ကြပြီး ရေထဲက ပိုးမွှားတွေကို စုပ်ယူလာကြတယ်။ မကြာမီတွင် ၎င်းတို့ နေရာမှာ မျက်မှောက်ခေတ် တိရစ္ဆာန်တွေရဲ့ ဘိုးဘေးတွေ ပေါ်လာခဲ့ကြတယ်။ အဲဒါကို Cambrian ပေါက်ကွဲမှုလို့ ခေါ်ကြပါတယ်။ ကျောက်ပုစွန်တွေရဲ့ ဆွေမျိုးတွေက အခြားအကောင်တွေကို အားကောင်းတဲ့ သူတို့ လက်မောင်းများဖြင့် ဖမ်းယူရင်း စားခဲ့ကြတယ်။ ခိုင်မာတဲ့ အကာပါခဲ့ကြတဲ့ ခုံးကောင်တွေဟာ ပင်လယ်ကြမ်းပြင်မှာ တွာသွားရင်း ဂေဟစနစ်အသစ်ကို ဖန်တီးခဲ့ကြတယ်။ ဖားလောင်းနဲ့တူခဲ့တဲ့ ကျုပ်တို့ ဘိုးဘေးတွေ ရှေးခေတ် ကမ်းရိုးတန်းတွင် ကျက်စားလာချိန် ငါးရှဉ့်နဲ့ တူကြပြီး လည်ချောင်းထဲ ကြိတ် ဝါးနိုင်တဲ့ သွားတွေ ရှိခဲ့တဲ့ အကောင်တွေဟာ ပထမဆုံး ကျောက်တန်းတွေထဲက ရေခဲမုန့်ပုံစံ သန္တာကျောက် အထက်မှာ ရေကူးနေထိုင်ကြပါပြီ။ ကျောင်းဘတ်စ်ကားအရွယ်ရှိ kraken တွေနဲ့ ငတ်မွတ်နေကြတဲ့ ပင်လယ် ကင်းမြီးကောက် ကောင်တွေကို ရှောင်တိမ်းခဲ့ကြရတယ်။။ မှိုပင်တွေ မြေကြီးပေါ်မှာ ပေါ်လာကြတယ်။ အဲဒီနောက်မှာ ရေခဲတောင်ကြီးတွေ ပြန်ပေါ်လာ ခဲ့ကြလို့ အကောင်တွေ အများအပြား သေခဲ့ရတယ်။ ဒါပေမဲ့ အစုလိုက်အပြုံလိုက် မျိုးသုဉ်းမှုက အခွင့်အလမ်းတွေ ဖွင့်ထုတ်ပေးခဲ့တယ်။ မေးရိုးမဲ့ ငါးတွေ ပင်လယ်မှာ လွှမ်းမိုးခဲ့ကြပြီး၊ လှုပ်ကစားနိုင်တဲ့ အရာများ၊ ခက်ရင်းပုံစံ သွားများ၊ နောက်ဆုံး ဆူးတောင်များပေါ်လာတယ်။ ပင့်ကူတွေ၊ ကင်းမြီးကောက်တွေ၊ ခရုနဲ့ တီကောင်တွေ မြေကြီးပေါ်မှာ ပေါ်လာကြတယ်။ တရုတ်နိုင်ငံတစ်ဝိုက်မှာ ငါးထံတွင် မေးရိုး ပေါ်ထွန်းလာခဲ့လို့ ၎င်းမှ ဆင်းသက်လာကြတဲ့ ငါးတွေဟာ မေးရိုးမဲ့ငါးတွေ၊ ကင်းမြီးကောက်တွေ၊ ပင်လယ်ကင်းမြီးကောက်နှင့် မျောလှေးတွေကို မောင်းထုတ်ပစ်လျက် မျိုးသုဉ်းသွးစေခဲ့ပါတယ်။ အဲဒီငါးတွေထဲက သူတို့ဆူးတောင်ထဲမှာ အရိုးပါတဲ့ အကောင်တွေဆီမှာ လက်ချောင်းတွေ ပေါ်ထွန်းလာခဲ့ရာ ရေယက်ပြား တစ်ခုစီမှာ ခုနစ် (သို့) ရှစ်ခုဖြစ်ခဲ့ပါတယ်။ မြေပေါ်က အပင်တွေဟာ သစ်ပင်ကြီးတွေအဖြစ် ကြီးမားကြီးထွားလာခဲ့ကြတယ်၊ ဒါမှမဟုတ် မသေဆုံးမီ တစ်ကြိမ်သာလျှင် မျိုးမှုန်ကို ဖြန့်ပေးခဲ့ကြတယ်။ ဒါပေမဲ့ အဲဒီနောက်မှာ ရေခဲတောင်ကြီးတွေ ပြန်ပေါ်လာခဲ့ကြရာ၊ အဲဒါဟာ အစုလိုက်အပြုံလိုက် သေကြေမှု ဒုတိယအကြိမ် ဖြစ်လာခဲ့တယ်။ အဲဒါဟာ ထူးဆန်းတဲ့ငါးတွေနဲ့ ပင်လယ် နှင်းပန်းတွေရဲ့ ခေတ်ပါ။ အတောင်ပါတဲ့ ငါးမန်းတွေရဲ့ ခေတ်ပါ။ ကြောက်မက်ဖွယ် မေးရိုးတွေနဲ့ ငါးမန်းတောင်တွေရဲ့ ခေတ်။ သွားသေးသေးလေးတွေ ဖုံးလွှမ်းနေခဲ့တဲ့ ဆူးတောင်ပါတဲ့ ငါးမန်းတွေရဲ့ ခေတ်။ ကြိတ်ချေနိုင်တဲ့ သွားပြားချပ်တွေနဲ့ ငါးမန်းတွေရဲ့ ခေတ်။ မျက်မှောက်ခေတ် angelfish ငါးတွေနဲ့ ငါးရှဉ့်တွေ စပြီး ပေါ်လာခဲ့ကြတယ်။ စိမ့်မြေတွေ ဖွံ့ဖြိုးလာခဲ့လို့ ဆယ်ပေရှည်တဲ့ ကင်းနားသန်တွေနဲ့ နဂါးယင်ကောင်တွေ ပေါ်လာခဲ့ကြတယ်။ သူတို့ဟာ Pangea ခေါ် စူပါတိုက်ကြီးတဝမ်းမှာ နေထိုင်ခဲ့ကြပြီး သေဆုံးသွားကြခဲ့လို့ ကျောက်မီးသွေး ဖြစ်လာကြတယ်၊ ပြီးတော့ နှစ်ပေါင်း သန်း ၁၀၀ ကြာတဲ့ ရေခဲခေတ် ရောက်လာခဲ့တယ်။ နောက်ဆုံးမှာတော့ ကျောရိုးမဲ့အကောင်တွေ ထာဝရ နေထိုင်ရာ ဖြစ်လာခဲ့ပြီး မိကျောင်းလို ကုန်းတစ်ပိုင်း ရေတစ်ပိုင်းနေ အကောင်များ ဒါးချွန်ပုံစံသွား ရှိခဲ့ကြတဲ့ ရှေးဦးနို့ တိုက် အကောင်တွေ ပေါ်လာခဲ့ကြတယ်။ အဲဒီနောက်မှာ ဆိုက်ဘေးရီးယား တဝမ်းမှာ မီးတောင်တွေ ပေါက်ကွဲလာခဲ့ကြလို့ အရာအားလုံးနီးပါး သေကြေခဲ့ကြရပြီး အစုလိုက်အပြုံလိုက် မျိုးသုဉ်းမှု တတိယအကြိမ် ဖြစ်လာခဲ့တယ်။ (ရယ်မောသံများ) နေ့ခင်း ဘဝဆိုတာ လုံးဝလောက် ချုပ်ငြိမ်းသွားခဲ့တယ်။ အစွယ်တစ်ခုတည်းပါခဲ့တဲ့ နို့တိုက်သတ္တဝါ တစ်မျိုးတည်း အသက်ရှင်ကျန်ရစ်ခဲ့တယ်။ ဒါပေမဲ့ မကြာမီတွင် ၎င်းကို ခုန်ဆွသွားတဲ့ မိကျောင်းတွေ အစားထိုး နေရာယူလာတယ်။ သမုဒ္ဒရာမှာပင်လယ်ငါး၊ ပင်လယ်နေ သံပခြုပ်ကောင်နဲ့ မျိုးတော်စပ်တဲ့ အကောင်များရဲ့ ဧရာမဖောင်တွေနဲ့ အကာအရံများ ပြည်ကြီးငါးတွေ၊ ammonoid တွေ ပုံစံအမျိုးမျိုး ရှိခဲ့ကြတယ်။ ဒါပေမဲ့ အဲဒီနောက်မှာ Pangea ဟာ တကွဲတပြား ဖြစ်လာပြီး ချော်ရည်တွေ ပင်လယ်ပြင်လို ဖြစ်လာရာ အနာဂတ်တွင် အတ္တလန္တိတ် သမုဒ္ဒရာ ဖြစ်လာမှာပါ၊ လေထုထဲသို့ အဆိပ်ဓာတ်ငွေ့တွေ ထုတ်လွှင့်ပေးခဲ့လို့ စတုတ္ထအကြိမ် အစုလိုက်အပြုံလိုက် မျိုးသုဉ်းမှု ဖြစ်လာခဲ့တယ်။ (ရယ်မောသံများ) တကယ်ပါ၊ လက်တွေ့မှာ ငါးကြိမ်ထက် များစွာ ပိုခဲ့တာပါ၊ အခုပြောနေတာက အကြီးစားတွေကိုပါ။ (ရယ်မောသံများ) နောက်ဆုံးတွင် ဝေလငါးအရွယ်ရှိတဲ့ ငါးတွေနဲ့ မျက်မှောက်ခေတ် ငါးတွေနေထိုင်ရာ သန္တာကျောက်တွေ၊ နေရောင်ခြည်ကို သုံးစွဲနိုင်ကြလို့ ဧရာမ အကြီးကြီး ဖြစ်လာကြတယ်။ ကဏန်းကောင်တွေ၊ ငါးလက်ထုံတွေနဲ့ ကြိတ်ခွဲနိုင်တဲ့ သွားပါ တခြားငါးတွေဟာ အခွံတွေကို ခ​ျေမွရင်း သားရဲတိရိစ္ဆာန်နဲ့ သားကောင်တွေ ပြိုင်ဆိုင်လာခဲ့ကြရပါတယ်။ အဏ္ဏဝါဇီဝမျိုးကွဲတွေ မတူကွဲပြားစွာ ပေါ်ထွန်းလာခဲ့ကြပါတယ်။ နို့တိုက်သတ္တဝါတွေက သစ်ပင်တွေပေါ်ကို တက်သူတက်၊ ပျံသန်းသူပျံသန်း၊ ပြီးတော့ တခြားအရာတွေ တသီကြီး ပေါ်လာခဲ့ကြရာ မျက်မှောက်ခေတ်လိုမျိုးပါပဲ။ သူတို့ဟာ ပထမဦးဆုံး ပျားတွေ ဝတ်မှုန်ကူးပေး လိုက်တဲ့ ပထမဆုံးပန်းတွေကို စားသုံးခဲ့ရတယ်။ ကုန်းတွင်းပိုင်းနဲ့ ပင်လယ်ထဲမှာ ဂေဟစနစ်ဟာ ဆင့်ကဲဖြစ်ထွန်းလာခဲ့လို့ ခေတ်သစ်ကမ္ဘာဆီသို့ ဦးတည်နိုင်ခဲ့တယ်။ မက္ကစီကို ဂြိုဟ်သိမ်း တစ်ခု ဝင်တိုက်ခဲ့တာက တစ်ခုတည်းသော ခြွင်းချက်ပါ၊ အဲဒါက ကမ္ဘာကြီးရဲ့ အခြားတစ်ဖက်ခြမ်းတွင် မီးတောင်တွေကို ပေါ်ထွန်းလာစေခဲ့လို့၊ အရာခပ်သိမ်းတို့ဟာ ထပ်မံပြီး သေဆုံးခဲ့ကြရပြန်တယ်။ (ရယ်မောသံများ) အစဉ်ဆိုသလိုပဲ ဒါပေမဲ့ ဆိုတာ ရှိခဲ့လို့ ကျန်ုပ်တို့ အားလုံး ဒီမှာ ရှိနေကြတာပါ-- နို့တိုက်သတ္တဝါတွေဟာ ပြာများထဲမှ ထွက်ပေါ်လာခဲ့ကြတယ်၊ လွန်စွာမှ ပူပြင်းခဲ့လို့ သူတို့ဟာ သေးငယ်လာ ကြတယ်၊ နောက်မှာ ပိုကြီးမားလာခဲ့ကြတယ်။ အာတိတ်မှာ အဲဒီတုန်းက စွန်ပလွံပင်တွေနဲ့ မြွေတွေ ရှိခဲ့ကြတယ်။ ရှေးခေတ်မြစ်တွေ တစ်လျှောက်တွင် သားရဲကောင် သမင်ခွေးတွေ ကျက်စားနေခဲ့ကြပြီး သူတို့ရဲ့ဆွေမျိုးရင်းတွေက ပင်လယ်ထဲ ပြန်လာကြလို့ ဖျံကောင်နဲ့ ဆင်တူတဲ့ ဝေလငါးတွေ ဖြစ်လာကြပါတယ်။ ဟိုင်အီးနားမဟုတ်ကြတဲ့ အခြား အသားစားကောင်တွေကို ဧရာမကြီးမားပြီး လည်ပင်းရှည်ခဲ့ကြတဲ့ ကြံ့ကောင်တွေ အမဲလိုက်ခဲ့ကြတယ်။ အဲဒီအချိန်မှာ အားလုံးလိုလိုဟာ အကျွမ်းတဝင်ဖြစ်ပုံရပေမဲ့ တကယ်တော့ မဟုတ်သေးပါဘူး။ အန္တာတိတ်တိုက်မှာ ရေခဲခေတ် စတင်လာခဲ့ပြီး နှစ်ပေါင်းသန်းနှစ်ရာအတွင်းမှာ ဝင်ရိုး စွန်းမှာ ရေခဲဖုံးအုပ်လိုက်တယ်။ အဒါက ကျန်တဲ့ ကမ္ဘာ့ဒေသတွေကို ခြောက်သွေ့သွားစေခဲ့ပေမဲ့၊ မြက်ခင်းတွေ၊ ကိုက်ဖြတ်သတ္တဝါတွေ ကြောင်တွေကို ပေါ်ထွန်းခွင့် ပြုခဲ့တယ်။ အာဖရိက တိုက်ထဲက တစ်နေရာရာမှာ မျောက်မျိုးဝင် အကောင်ဟာ ဆာဗားနား အသစ်ကို ဖြတ်ပြီး လမ်းလျှောက်ခဲ့တယ်။ အို၊ ဓားချွန်လို သွားတွေပါခဲ့တဲ့ ဆာမွန်ငါးတွေ ရှိလာကြပြီ၊ ကျွန်မ ပြောပြဖို့ လိုအပ်ခဲ့တယ်။ (ရယ်မောသံများ) ဒီတော့ ဖြစ်ပျက်ခဲ့တာတွေ အားလုံးကို ကျုပ်တို့ သိလာကြပြီ၊ အဲဒီထက် ပိုချင်ပိုခဲ့မှာပါ။ ဘာကြောင့်လဲ? ဘာ​ကြောင့်များလဲ? ကျောက်ဖြစ်ရုပ်ကြွင်းပညာဟာ အံ့အားသင့်ဖွယ် ပညာပါ၊ နယ်ပယ်အမျိုးမျိုးနဲ့ နည်းပညာမျိုးစုံ ဆုံကြတဲ့ နေရာပါ။ ကျောက်ဖြစ်ရုပ်ကြွင်း မှတ်တမ်းထက် ပိုကြီးမားတဲ့ ဒေတာရယ်လို့ မရှိပါဘူး၊ တစ်ခုစီကို ကျုပ်တို့ ဂရုစိုက် လေ့လာကြတယ်။ CAT စကန်တွေကို သုံးကြတယ်၊ အိုင်ဆိုတုပ်တွေကို သုံးကြတယ်၊ မျိုးရိုးဗီဇ genome တွေကို သုံးတယ်၊ စက်ရုပ်တွေကို သုံးကြတယ်၊ သင်္ချာပညာသုံးပြီး ဖြစ်နိုင်တာကို တွက်ချက်ကြည့်ကြတယ်၊ ပြီးတော့ ဆန်းစစ်ရေး နည်းမျိုးစုံ ပါပါတယ်။ အဲဒါတွေ အားလုံးကို အများဆုံး အသုံးချရင်း အတိတ်ကိုနားလည်ရန်နဲ့ ဆင့်ကဲဖြစ်စဉ် အလုပ်လုပ်ခဲ့ပုံကို နားလည်လိုပါတယ်။ အဲဒါတွေက အနာဂတ်ဆိုင်ရာ ဟောကိန်းကို ထုတ်ခွင့် ပြုပါသေးတယ်။ နောက်တစ်ကြိမ် အစုလိုက်အပြုံလိုက် မျိုးသုဉ်းရင် ဘာတွေ ဖြစ်လာမလဲ? ဘယ်လို ထူးဆန်းတဲ့အရာတွေ ပေါ်ထွန်းလာနိုင်ကြလဲ? နို့တိုက်သတ္တဝါတွေ ပြန်ပြီး ငယ်သွားကြမလား? နို့တိုက်သတ္တဝါတွေ ရှိကော ရှိကြဦးမှာလား? အတိုချုပ်ပြောရရင်၊ ကျုပ်တို့ဟာ ဒိုင်နိုဆောတွေ အကြောင်းကို အများကြီး သိထားကြပါပြီ။ ဒါပေမဲ့ နေထိုင်ခဲ့ဘူးကြသမျှ အခြားအကောင်တွေထံမှ ၉၉.၉ ရာခိုင်နှုန်းကို ဆက်ပြီး လေ့လာဖို့ လိုပါသေးတယ်။ အဲဒါကမှ ကျောက်ဖြစ်ရုပ်ကြွင်းပညာပါ။ ကျေးဇူးတင်ပါတယ်။ (လက်ခုပ်သံများနှင့် အားပေးသံများ)