1 00:00:01,024 --> 00:00:02,754 ကျောက်ဖြစ်ရုပ်ကြွင်း၊ 2 00:00:02,778 --> 00:00:05,619 ကလေးငယ်တွေကို ရည်ရွယ်တဲ့ သိပ္ပံပညာဖြစ်ပြီး၊ 3 00:00:05,643 --> 00:00:08,532 ဒိုင်နိုဆော ကောင်တွေ တူးဖော်မှုကို အာရုံစူးစိုက်ရင်း 4 00:00:08,556 --> 00:00:10,905 "Jurassic Park" ဝတ်စုံနဲ့ အားကစားမှု ဖြစ်ပါတယ်။ 5 00:00:11,188 --> 00:00:13,236 ဦးခေါင်းခွံတွေ မြေပေါ်မှာ ပြန့်ကြဲနေကြပြီး 6 00:00:13,260 --> 00:00:15,896 အများပြည်သူတွေ ကြည့်ရှုအံ့အားသင့်ဖို့ ခင်းကျင်းထားပါတယ်။ 7 00:00:16,204 --> 00:00:20,951 ကလစ်နှိပ်လိုက်တဲ့ နောက် ပေါ်လာကြတဲ့ ရောင်စုံချယ် စာအုပ်တွေနဲ့ ကြောက်မက်စရာ 8 00:00:20,975 --> 00:00:22,675 ရုပ်ရှင်တွေရဲ့ အရေးပါမှုကို မသိရပါ။ 9 00:00:22,792 --> 00:00:23,942 မဟုတ်ပါဘူး... 10 00:00:24,357 --> 00:00:25,507 ခဏလေး။ 11 00:00:26,801 --> 00:00:29,221 အဲဒါဟာ ကျောက်ဖြစ်ရုပ်ကြွင်းပညာ လုံးဝ မဟုတ်ပါဘူး။ 12 00:00:29,815 --> 00:00:33,965 ကျောက်ဖြစ်ရုပ်ကြွင်းပညာဟာ အတိတ်ခေတ်က ဘဝကို လေ့လာမှုသက်သက်ပါ။ 13 00:00:33,989 --> 00:00:35,545 အတိတ်ဘဝ တစ်ရပ်လုံးကိုပါ။ 14 00:00:35,569 --> 00:00:37,954 ဘိုးဘေးများထံမှစလျက် ဂြိုလ်သား ပုံစံတွေအဆုံး အထိပါ။ 15 00:00:37,954 --> 00:00:41,346 ၎င်းဟာ “ကျွန်ုပ်တို့ ဘယ်သူတွေလဲ”လို့ အခြေခံကျတဲ့ မေးခွန်းကို လေ့လာပါတယ်။ 16 00:00:41,346 --> 00:00:44,456 ပြီးတော့ "ကျွန်ုပ်တို့ ဒီမှာပေါ်လာခဲ့ကြတာ ဘယ်လိုနည်းနဲ့လဲ" ဆိုတာ 17 00:00:44,456 --> 00:00:46,956 "ကျွန်ုပ်တို့"ကို အကျယ်ပြန့်ဆုံး အနက်အဓိပ္ပာယ်ဖြင့် 18 00:00:47,058 --> 00:00:48,796 ဘဝကိုယ်နှိုက်ကို လေ့လာရန် ဖြစ်ပါတယ်။ 19 00:00:48,954 --> 00:00:52,069 ဒိုင်နိုဆောတွေ၊ ငှက်အမျိုးအစားများတို့ဟာ 20 00:00:52,069 --> 00:00:54,960 ကျွန်ုပ်တို့ထဲက ရာခိုင်နှုန်း နည်းနည်းလေးပါ။ 21 00:00:54,984 --> 00:00:55,822 (ရယ်မောသံများ) 22 00:00:55,822 --> 00:00:58,822 ဒါတောင် သူတို့ကိုမှ မီဒီယာတွေက အများဆုံး အလေးပေး ဖေါ်ပြနေကြတယ်။ 23 00:00:58,822 --> 00:01:02,433 [မယုံနိုင်အောင် မတူကွဲပြားတဲ့ ရှေး ခေတ်ဘဝ၊ ဒိုင်နိုဆော၊ ကျောက်ဖြစ်ရုပ်ကြွင်း] 24 00:01:02,433 --> 00:01:05,475 အဲဒါဟာ တိကျတဲ့ ပြောရိုးစကားပါ၊ ကျွန်မရဲ့ လုပ်ဆောင်ချက် မဟုတ်ဘူး။ 25 00:01:05,475 --> 00:01:06,886 တကယ် အမှန်တရားပါ။ 26 00:01:06,910 --> 00:01:12,290 ကျောက်ဖြစ်ရုပ်ကြွင်း ပညာရှင်တွေက ဒိုင်နိုဆောတွေဖြင့် စွဲဆောင်လိုကြတယ်။ 27 00:01:12,290 --> 00:01:15,855 ကျောက်ဖြစ်ရုပ်ကြွင်း မှတ်တမ်းတွေထဲမှာ အံ့အားသင့်စရာတွေ များစွာမှ ပိုပါတယ်။ 28 00:01:15,879 --> 00:01:18,227 ကျုပ်တို့က အဲဒါတွေအကြောင်း အများကြီး သိရှိကြပါတယ်။ 29 00:01:18,251 --> 00:01:21,244 ဒီတော့ နောက်ဆုံး နှစ်ပေါင်း လေးဘီလီယံကြာ သမိုင်းအကျဉ်းကို 30 00:01:21,268 --> 00:01:23,482 ဒိုင်နိုဆောတွေ မပါရှိဘဲ လေ့လာကြည့်ကြရအောင်။ 31 00:01:23,506 --> 00:01:24,733 (ရယ်မောသံများ) 32 00:01:24,733 --> 00:01:26,720 ပထမဦးစွာ မျိုးရိုးဗီဇ ပစ္စည်းတွေမှ စရမယ်။ 33 00:01:26,744 --> 00:01:29,886 အဓိအားဖြင့် ဗိုင်းရပ်စ်တွေဟာ ပရိုတင်းတွေကို စတင်ထုတ်လုပ်ပေးရင်း 34 00:01:29,910 --> 00:01:32,102 သူတို့ရဲ့ ပတ်ဝန်းကျင်ကို ပြောင်းပစ်ခဲ့ကြတယ်။ 35 00:01:32,514 --> 00:01:35,243 ကမ္ဘာမြေကြီးကို အသက်ဖြင့် ကူးစက်ပေးခံခဲ့ရပါတယ်။ 36 00:01:35,826 --> 00:01:39,723 အဲဒီဘက်တီးရီးယားတွေထဲက တချို့တို့က နေရောင် ဘယ်လိုစုပ်ယူစားရမှာကို သိရှိလာပြီး 37 00:01:39,747 --> 00:01:41,255 အောက်စီဂျင်ကို ထုတ်လုပ်လာကြတယ်၊ 38 00:01:41,279 --> 00:01:43,247 လေထဲကမှ ကာဗွန်ကို ခွဲထုတ်ယူပြီး 39 00:01:43,271 --> 00:01:47,075 တခြားပိုးမွှားတွေရဲ့ အစားအစာ သံကို သံခ​ျေးတက်စေရင်း 40 00:01:47,099 --> 00:01:48,764 ဖျက်ဆီးပစ်ခဲ့ကြတယ်။ 41 00:01:48,788 --> 00:01:51,557 အဲဒါဟာ ဘီလီယံနှစ်ချီ ကြာအောင် ဖြစ်ပျက်နေခဲ့တယ်။ 42 00:01:51,581 --> 00:01:54,724 တချို့ဘက်တီးရီးယားတွေက အခြား ဘက်တီးရီးယားတွေကို စားသုံးခဲ့ကြလို့ 43 00:01:54,748 --> 00:01:58,423 အောက်စီဂျင်ကို စွမ်းအင်အဖြစ်ပြောင်းရေး စွမ်းပကားကို ရရှိလာခဲ့ကပြီး 44 00:01:58,447 --> 00:02:01,685 တိရိစ္ဆာန်များနှင့်အပင်များရဲ့ ရှေ့ပြေးပုံစံတွေ ဖြစ်လာခဲ့ကြတယ်။ 45 00:02:01,709 --> 00:02:04,494 ဒါပေမဲ့ အဲဒါတွေရဲ့ ရလဒ်အဖြစ် ရာသီဥတု ဖောက်ပြန်မှုကြီးတွေ၊ 46 00:02:04,518 --> 00:02:07,005 ပူရာမှ အေးလာ၊ ပြန်ပြီး ပူလာ ဖြစ်ပျက်ရင်း 47 00:02:07,029 --> 00:02:11,091 ကမ္ဘာဂြိုဟ်ဟာ ရေခဲတုံးကြီးများဖြင့် ဖုံး နေတဲ့ ဆီးနှင်းဘောလုံးကြီးနဲ့ တူလာခဲ့တယ်။ 48 00:02:11,538 --> 00:02:15,264 အဲဒီကာလကို “ဆီးနှင်းဘောလုံး ကမ္ဘာ” ဆိုတဲ့ စက်မှုဝေါဟာရဖြင့် ဖေါ်ပြနိုင်ပါတယ်။ 49 00:02:15,434 --> 00:02:18,283 (ရယ်မောသံများ) 50 00:02:18,307 --> 00:02:20,728 လွန်ခဲ့တဲ့နှစ် သန်းပေါင်း ခုနစ်ရာ၊ ရှစ်ရာ တုန်းကပါ။ 51 00:02:20,752 --> 00:02:23,337 ဘယ်လိုဘဲဖြစ်ဖြစ်၊ ပိုးမွှားများဟာ ပူပေါင်းလာခဲ့ကြပြီး 52 00:02:23,361 --> 00:02:25,422 ဆဲလ်များစွာပါတဲ့ ဘဝကို ဖန်တီးလာခဲ့ကြတယ်။ 53 00:02:25,422 --> 00:02:27,617 လွန်ခဲ့တဲ့ နှစ်ပေါင်း သန်းခြောက်ရာခန့် ကျတော့၊ 54 00:02:27,641 --> 00:02:31,720 ဂျီဩမေတြီ ကိုလိုနီများ ပေါ်လာခဲ့ကြပြီး ရေထဲက ပိုးမွှားတွေကို စုပ်ယူလာကြတယ်။ 55 00:02:31,744 --> 00:02:35,736 မကြာမီတွင် ၎င်းတို့ နေရာမှာ မျက်မှောက်ခေတ် တိရစ္ဆာန်တွေရဲ့ ဘိုးဘေးတွေ ပေါ်လာခဲ့ကြတယ်။ 56 00:02:36,077 --> 00:02:38,362 အဲဒါကို Cambrian ပေါက်ကွဲမှုလို့ ခေါ်ကြပါတယ်။ 57 00:02:38,362 --> 00:02:41,633 ကျောက်ပုစွန်တွေရဲ့ ဆွေမျိုးတွေက အခြားအကောင်တွေကို အားကောင်းတဲ့ သူတို့ 58 00:02:41,657 --> 00:02:44,390 လက်မောင်းများဖြင့် ဖမ်းယူရင်း စားခဲ့ကြတယ်။ 59 00:02:44,749 --> 00:02:49,455 ခိုင်မာတဲ့ အကာပါခဲ့ကြတဲ့ ခုံးကောင်တွေဟာ ပင်လယ်ကြမ်းပြင်မှာ တွာသွားရင်း 60 00:02:49,479 --> 00:02:51,518 ဂေဟစနစ်အသစ်ကို ဖန်တီးခဲ့ကြတယ်။ 61 00:02:51,727 --> 00:02:55,743 ဖားလောင်းနဲ့တူခဲ့တဲ့ ကျုပ်တို့ ဘိုးဘေးတွေ ရှေးခေတ် ကမ်းရိုးတန်းတွင် ကျက်စားလာချိန် 62 00:02:55,743 --> 00:02:59,998 ငါးရှဉ့်နဲ့ တူကြပြီး လည်ချောင်းထဲ ကြိတ် ဝါးနိုင်တဲ့ သွားတွေ ရှိခဲ့တဲ့ အကောင်တွေဟာ 63 00:03:00,022 --> 00:03:04,401 ပထမဆုံး ကျောက်တန်းတွေထဲက ရေခဲမုန့်ပုံစံ သန္တာကျောက် အထက်မှာ ရေကူးနေထိုင်ကြပါပြီ။ 64 00:03:04,425 --> 00:03:06,227 ကျောင်းဘတ်စ်ကားအရွယ်ရှိ kraken တွေနဲ့ 65 00:03:06,227 --> 00:03:09,569 ငတ်မွတ်နေကြတဲ့ ပင်လယ် ကင်းမြီးကောက် ကောင်တွေကို ရှောင်တိမ်းခဲ့ကြရတယ်။။ 66 00:03:09,569 --> 00:03:11,553 မှိုပင်တွေ မြေကြီးပေါ်မှာ ပေါ်လာကြတယ်။ 67 00:03:11,583 --> 00:03:15,459 အဲဒီနောက်မှာ ရေခဲတောင်ကြီးတွေ ပြန်ပေါ်လာ ခဲ့ကြလို့ အကောင်တွေ အများအပြား သေခဲ့ရတယ်။ 68 00:03:15,459 --> 00:03:19,054 ဒါပေမဲ့ အစုလိုက်အပြုံလိုက် မျိုးသုဉ်းမှုက အခွင့်အလမ်းတွေ ဖွင့်ထုတ်ပေးခဲ့တယ်။ 69 00:03:19,054 --> 00:03:21,334 မေးရိုးမဲ့ ငါးတွေ ပင်လယ်မှာ လွှမ်းမိုးခဲ့ကြပြီး၊ 70 00:03:21,334 --> 00:03:25,296 လှုပ်ကစားနိုင်တဲ့ အရာများ၊ ခက်ရင်းပုံစံ သွားများ၊ နောက်ဆုံး ဆူးတောင်များပေါ်လာတယ်။ 71 00:03:25,296 --> 00:03:29,172 ပင့်ကူတွေ၊ ကင်းမြီးကောက်တွေ၊ ခရုနဲ့ တီကောင်တွေ မြေကြီးပေါ်မှာ ပေါ်လာကြတယ်။ 72 00:03:29,209 --> 00:03:32,057 တရုတ်နိုင်ငံတစ်ဝိုက်မှာ ငါးထံတွင် မေးရိုး ပေါ်ထွန်းလာခဲ့လို့ 73 00:03:32,057 --> 00:03:35,178 ၎င်းမှ ဆင်းသက်လာကြတဲ့ ငါးတွေဟာ မေးရိုးမဲ့ငါးတွေ၊ ကင်းမြီးကောက်တွေ၊ 74 00:03:35,178 --> 00:03:37,855 ပင်လယ်ကင်းမြီးကောက်နှင့် မျောလှေးတွေကို မောင်းထုတ်ပစ်လျက် 75 00:03:37,855 --> 00:03:39,107 မျိုးသုဉ်းသွးစေခဲ့ပါတယ်။ 76 00:03:39,107 --> 00:03:40,752 အဲဒီငါးတွေထဲက သူတို့ဆူးတောင်ထဲမှာ 77 00:03:40,776 --> 00:03:42,672 အရိုးပါတဲ့ အကောင်တွေဆီမှာ 78 00:03:42,696 --> 00:03:44,141 လက်ချောင်းတွေ ပေါ်ထွန်းလာခဲ့ရာ 79 00:03:44,165 --> 00:03:46,794 ရေယက်ပြား တစ်ခုစီမှာ ခုနစ် (သို့) ရှစ်ခုဖြစ်ခဲ့ပါတယ်။ 80 00:03:47,007 --> 00:03:49,252 မြေပေါ်က အပင်တွေဟာ သစ်ပင်ကြီးတွေအဖြစ် 81 00:03:49,276 --> 00:03:50,656 ကြီးမားကြီးထွားလာခဲ့ကြတယ်၊ 82 00:03:50,680 --> 00:03:54,014 ဒါမှမဟုတ် မသေဆုံးမီ တစ်ကြိမ်သာလျှင် မျိုးမှုန်ကို ဖြန့်ပေးခဲ့ကြတယ်။ 83 00:03:54,177 --> 00:03:56,958 ဒါပေမဲ့ အဲဒီနောက်မှာ ရေခဲတောင်ကြီးတွေ ပြန်ပေါ်လာခဲ့ကြရာ၊ 84 00:03:56,982 --> 00:03:59,861 အဲဒါဟာ အစုလိုက်အပြုံလိုက် သေကြေမှု ဒုတိယအကြိမ် ဖြစ်လာခဲ့တယ်။ 85 00:03:59,861 --> 00:04:02,558 အဲဒါဟာ ထူးဆန်းတဲ့ငါးတွေနဲ့ ပင်လယ် နှင်းပန်းတွေရဲ့ ခေတ်ပါ။ 86 00:04:02,558 --> 00:04:04,180 အတောင်ပါတဲ့ ငါးမန်းတွေရဲ့ ခေတ်ပါ။ 87 00:04:04,180 --> 00:04:06,633 ကြောက်မက်ဖွယ် မေးရိုးတွေနဲ့ ငါးမန်းတောင်တွေရဲ့ ခေတ်။ 88 00:04:06,633 --> 00:04:09,903 သွားသေးသေးလေးတွေ ဖုံးလွှမ်းနေခဲ့တဲ့ ဆူးတောင်ပါတဲ့ ငါးမန်းတွေရဲ့ ခေတ်။ 89 00:04:09,903 --> 00:04:12,523 ကြိတ်ချေနိုင်တဲ့ သွားပြားချပ်တွေနဲ့ ငါးမန်းတွေရဲ့ ခေတ်။ 90 00:04:12,523 --> 00:04:14,871 မျက်မှောက်ခေတ် angelfish ငါးတွေနဲ့ ငါးရှဉ့်တွေ 91 00:04:14,895 --> 00:04:16,274 စပြီး ပေါ်လာခဲ့ကြတယ်။ 92 00:04:16,399 --> 00:04:18,014 စိမ့်မြေတွေ ဖွံ့ဖြိုးလာခဲ့လို့ 93 00:04:18,038 --> 00:04:21,607 ဆယ်ပေရှည်တဲ့ ကင်းနားသန်တွေနဲ့ နဂါးယင်ကောင်တွေ ပေါ်လာခဲ့ကြတယ်။ 94 00:04:21,607 --> 00:04:25,474 သူတို့ဟာ Pangea ခေါ် စူပါတိုက်ကြီးတဝမ်းမှာ နေထိုင်ခဲ့ကြပြီး သေဆုံးသွားကြခဲ့လို့ 95 00:04:25,498 --> 00:04:27,006 ကျောက်မီးသွေး ဖြစ်လာကြတယ်၊ 96 00:04:27,030 --> 00:04:30,259 ပြီးတော့ နှစ်ပေါင်း သန်း ၁၀၀ ကြာတဲ့ ရေခဲခေတ် ရောက်လာခဲ့တယ်။ 97 00:04:30,386 --> 00:04:34,292 နောက်ဆုံးမှာတော့ ကျောရိုးမဲ့အကောင်တွေ ထာဝရ နေထိုင်ရာ ဖြစ်လာခဲ့ပြီး 98 00:04:34,292 --> 00:04:36,789 မိကျောင်းလို ကုန်းတစ်ပိုင်း ရေတစ်ပိုင်းနေ အကောင်များ 99 00:04:36,789 --> 00:04:40,343 ဒါးချွန်ပုံစံသွား ရှိခဲ့ကြတဲ့ ရှေးဦးနို့ တိုက် အကောင်တွေ ပေါ်လာခဲ့ကြတယ်။ 100 00:04:40,343 --> 00:04:43,537 အဲဒီနောက်မှာ ဆိုက်ဘေးရီးယား တဝမ်းမှာ မီးတောင်တွေ ပေါက်ကွဲလာခဲ့ကြလို့ 101 00:04:43,537 --> 00:04:45,251 အရာအားလုံးနီးပါး သေကြေခဲ့ကြရပြီး 102 00:04:45,251 --> 00:04:47,921 အစုလိုက်အပြုံလိုက် မျိုးသုဉ်းမှု တတိယအကြိမ် ဖြစ်လာခဲ့တယ်။ 103 00:04:47,957 --> 00:04:49,087 (ရယ်မောသံများ) 104 00:04:49,111 --> 00:04:51,467 နေ့ခင်း ဘဝဆိုတာ လုံးဝလောက် ချုပ်ငြိမ်းသွားခဲ့တယ်။ 105 00:04:51,467 --> 00:04:55,970 အစွယ်တစ်ခုတည်းပါခဲ့တဲ့ နို့တိုက်သတ္တဝါ တစ်မျိုးတည်း အသက်ရှင်ကျန်ရစ်ခဲ့တယ်။ 106 00:04:55,977 --> 00:04:59,591 ဒါပေမဲ့ မကြာမီတွင် ၎င်းကို ခုန်ဆွသွားတဲ့ မိကျောင်းတွေ အစားထိုး နေရာယူလာတယ်။ 107 00:04:59,615 --> 00:05:02,353 သမုဒ္ဒရာမှာပင်လယ်ငါး၊ 108 00:05:02,377 --> 00:05:06,551 ပင်လယ်နေ သံပခြုပ်ကောင်နဲ့ မျိုးတော်စပ်တဲ့ အကောင်များရဲ့ ဧရာမဖောင်တွေနဲ့ 109 00:05:06,853 --> 00:05:11,759 အကာအရံများ ပြည်ကြီးငါးတွေ၊ ammonoid တွေ ပုံစံအမျိုးမျိုး ရှိခဲ့ကြတယ်။ 110 00:05:12,347 --> 00:05:14,760 ဒါပေမဲ့ အဲဒီနောက်မှာ Pangea ဟာ တကွဲတပြား ဖြစ်လာပြီး 111 00:05:14,784 --> 00:05:16,481 ချော်ရည်တွေ ပင်လယ်ပြင်လို ဖြစ်လာရာ 112 00:05:16,505 --> 00:05:19,080 အနာဂတ်တွင် အတ္တလန္တိတ် သမုဒ္ဒရာ ဖြစ်လာမှာပါ၊ 113 00:05:19,080 --> 00:05:21,376 လေထုထဲသို့ အဆိပ်ဓာတ်ငွေ့တွေ ထုတ်လွှင့်ပေးခဲ့လို့ 114 00:05:21,376 --> 00:05:24,195 စတုတ္ထအကြိမ် အစုလိုက်အပြုံလိုက် မျိုးသုဉ်းမှု ဖြစ်လာခဲ့တယ်။ 115 00:05:24,195 --> 00:05:25,426 (ရယ်မောသံများ) 116 00:05:25,450 --> 00:05:27,798 တကယ်ပါ၊ လက်တွေ့မှာ ငါးကြိမ်ထက် များစွာ ပိုခဲ့တာပါ၊ 117 00:05:27,822 --> 00:05:29,353 အခုပြောနေတာက အကြီးစားတွေကိုပါ။ 118 00:05:29,353 --> 00:05:31,920 (ရယ်မောသံများ) 119 00:05:32,662 --> 00:05:36,600 နောက်ဆုံးတွင် ဝေလငါးအရွယ်ရှိတဲ့ ငါးတွေနဲ့ 120 00:05:36,644 --> 00:05:38,901 မျက်မှောက်ခေတ် ငါးတွေနေထိုင်ရာ သန္တာကျောက်တွေ၊ 121 00:05:38,901 --> 00:05:44,245 နေရောင်ခြည်ကို သုံးစွဲနိုင်ကြလို့ ဧရာမ အကြီးကြီး ဖြစ်လာကြတယ်။ 122 00:05:44,269 --> 00:05:48,697 ကဏန်းကောင်တွေ၊ ငါးလက်ထုံတွေနဲ့ ကြိတ်ခွဲနိုင်တဲ့ သွားပါ တခြားငါးတွေဟာ 123 00:05:48,721 --> 00:05:49,936 အခွံတွေကို ခ​ျေမွရင်း 124 00:05:49,960 --> 00:05:53,466 သားရဲတိရိစ္ဆာန်နဲ့ သားကောင်တွေ ပြိုင်ဆိုင်လာခဲ့ကြရပါတယ်။ 125 00:05:53,490 --> 00:05:56,379 အဏ္ဏဝါဇီဝမျိုးကွဲတွေ မတူကွဲပြားစွာ ပေါ်ထွန်းလာခဲ့ကြပါတယ်။ 126 00:05:56,379 --> 00:05:59,434 နို့တိုက်သတ္တဝါတွေက သစ်ပင်တွေပေါ်ကို တက်သူတက်၊ ပျံသန်းသူပျံသန်း၊ 127 00:05:59,458 --> 00:06:03,693 ပြီးတော့ တခြားအရာတွေ တသီကြီး ပေါ်လာခဲ့ကြရာ မျက်မှောက်ခေတ်လိုမျိုးပါပဲ။ 128 00:06:04,238 --> 00:06:08,389 သူတို့ဟာ ပထမဦးဆုံး ပျားတွေ ဝတ်မှုန်ကူးပေး လိုက်တဲ့ ပထမဆုံးပန်းတွေကို စားသုံးခဲ့ရတယ်။ 129 00:06:08,413 --> 00:06:12,214 ကုန်းတွင်းပိုင်းနဲ့ ပင်လယ်ထဲမှာ ဂေဟစနစ်ဟာ ဆင့်ကဲဖြစ်ထွန်းလာခဲ့လို့ 130 00:06:12,238 --> 00:06:14,105 ခေတ်သစ်ကမ္ဘာဆီသို့ ဦးတည်နိုင်ခဲ့တယ်။ 131 00:06:14,164 --> 00:06:17,490 မက္ကစီကို ဂြိုဟ်သိမ်း တစ်ခု ဝင်တိုက်ခဲ့တာက တစ်ခုတည်းသော ခြွင်းချက်ပါ၊ 132 00:06:17,514 --> 00:06:21,704 အဲဒါက ကမ္ဘာကြီးရဲ့ အခြားတစ်ဖက်ခြမ်းတွင် မီးတောင်တွေကို ပေါ်ထွန်းလာစေခဲ့လို့၊ 133 00:06:21,728 --> 00:06:24,100 အရာခပ်သိမ်းတို့ဟာ ထပ်မံပြီး သေဆုံးခဲ့ကြရပြန်တယ်။ 134 00:06:24,124 --> 00:06:25,586 (ရယ်မောသံများ) 135 00:06:25,610 --> 00:06:29,784 အစဉ်ဆိုသလိုပဲ ဒါပေမဲ့ ဆိုတာ ရှိခဲ့လို့ ကျန်ုပ်တို့ အားလုံး ဒီမှာ ရှိနေကြတာပါ-- 136 00:06:29,784 --> 00:06:32,419 နို့တိုက်သတ္တဝါတွေဟာ ပြာများထဲမှ ထွက်ပေါ်လာခဲ့ကြတယ်၊ 137 00:06:32,443 --> 00:06:36,212 လွန်စွာမှ ပူပြင်းခဲ့လို့ သူတို့ဟာ သေးငယ်လာ ကြတယ်၊ နောက်မှာ ပိုကြီးမားလာခဲ့ကြတယ်။ 138 00:06:36,236 --> 00:06:39,050 အာတိတ်မှာ အဲဒီတုန်းက စွန်ပလွံပင်တွေနဲ့ မြွေတွေ ရှိခဲ့ကြတယ်။ 139 00:06:39,050 --> 00:06:42,569 ရှေးခေတ်မြစ်တွေ တစ်လျှောက်တွင် သားရဲကောင် သမင်ခွေးတွေ ကျက်စားနေခဲ့ကြပြီး 140 00:06:42,593 --> 00:06:45,048 သူတို့ရဲ့ဆွေမျိုးရင်းတွေက ပင်လယ်ထဲ ပြန်လာကြလို့ 141 00:06:45,072 --> 00:06:48,246 ဖျံကောင်နဲ့ ဆင်တူတဲ့ ဝေလငါးတွေ ဖြစ်လာကြပါတယ်။ 142 00:06:48,270 --> 00:06:51,730 ဟိုင်အီးနားမဟုတ်ကြတဲ့ အခြား အသားစားကောင်တွေကို 143 00:06:51,730 --> 00:06:54,839 ဧရာမကြီးမားပြီး လည်ပင်းရှည်ခဲ့ကြတဲ့ ကြံ့ကောင်တွေ အမဲလိုက်ခဲ့ကြတယ်။ 144 00:06:54,863 --> 00:06:57,672 အဲဒီအချိန်မှာ အားလုံးလိုလိုဟာ အကျွမ်းတဝင်ဖြစ်ပုံရပေမဲ့ 145 00:06:57,696 --> 00:06:58,846 တကယ်တော့ မဟုတ်သေးပါဘူး။ 146 00:06:59,268 --> 00:07:02,545 အန္တာတိတ်တိုက်မှာ ရေခဲခေတ် စတင်လာခဲ့ပြီး 147 00:07:02,569 --> 00:07:06,799 နှစ်ပေါင်းသန်းနှစ်ရာအတွင်းမှာ ဝင်ရိုး စွန်းမှာ ရေခဲဖုံးအုပ်လိုက်တယ်။ 148 00:07:06,838 --> 00:07:09,553 အဒါက ကျန်တဲ့ ကမ္ဘာ့ဒေသတွေကို ခြောက်သွေ့သွားစေခဲ့ပေမဲ့၊ 149 00:07:09,577 --> 00:07:13,632 မြက်ခင်းတွေ၊ ကိုက်ဖြတ်သတ္တဝါတွေ ကြောင်တွေကို ပေါ်ထွန်းခွင့် ပြုခဲ့တယ်။ 150 00:07:13,998 --> 00:07:15,506 အာဖရိက တိုက်ထဲက တစ်နေရာရာမှာ 151 00:07:15,530 --> 00:07:18,761 မျောက်မျိုးဝင် အကောင်ဟာ ဆာဗားနား အသစ်ကို ဖြတ်ပြီး လမ်းလျှောက်ခဲ့တယ်။ 152 00:07:18,867 --> 00:07:21,661 အို၊ ဓားချွန်လို သွားတွေပါခဲ့တဲ့ ဆာမွန်ငါးတွေ ရှိလာကြပြီ၊ 153 00:07:21,685 --> 00:07:23,177 ကျွန်မ ပြောပြဖို့ လိုအပ်ခဲ့တယ်။ 154 00:07:23,177 --> 00:07:25,849 (ရယ်မောသံများ) 155 00:07:26,225 --> 00:07:29,307 ဒီတော့ ဖြစ်ပျက်ခဲ့တာတွေ အားလုံးကို ကျုပ်တို့ သိလာကြပြီ၊ 156 00:07:29,331 --> 00:07:30,736 အဲဒီထက် ပိုချင်ပိုခဲ့မှာပါ။ 157 00:07:30,760 --> 00:07:31,911 ဘာကြောင့်လဲ? 158 00:07:31,935 --> 00:07:33,141 ဘာ​ကြောင့်များလဲ? 159 00:07:33,165 --> 00:07:35,816 ကျောက်ဖြစ်ရုပ်ကြွင်းပညာဟာ အံ့အားသင့်ဖွယ် ပညာပါ၊ 160 00:07:35,840 --> 00:07:39,554 နယ်ပယ်အမျိုးမျိုးနဲ့ နည်းပညာမျိုးစုံ ဆုံကြတဲ့ နေရာပါ။ 161 00:07:39,554 --> 00:07:42,828 ကျောက်ဖြစ်ရုပ်ကြွင်း မှတ်တမ်းထက် ပိုကြီးမားတဲ့ ဒေတာရယ်လို့ မရှိပါဘူး၊ 162 00:07:42,828 --> 00:07:45,112 တစ်ခုစီကို ကျုပ်တို့ ဂရုစိုက် လေ့လာကြတယ်။ 163 00:07:45,112 --> 00:07:46,379 CAT စကန်တွေကို သုံးကြတယ်၊ 164 00:07:46,379 --> 00:07:47,802 အိုင်ဆိုတုပ်တွေကို သုံးကြတယ်၊ 165 00:07:47,826 --> 00:07:49,554 မျိုးရိုးဗီဇ genome တွေကို သုံးတယ်၊ 166 00:07:49,554 --> 00:07:50,696 စက်ရုပ်တွေကို သုံးကြတယ်၊ 167 00:07:50,720 --> 00:07:53,227 သင်္ချာပညာသုံးပြီး ဖြစ်နိုင်တာကို တွက်ချက်ကြည့်ကြတယ်၊ 168 00:07:53,227 --> 00:07:55,303 ပြီးတော့ ဆန်းစစ်ရေး နည်းမျိုးစုံ ပါပါတယ်။ 169 00:07:55,303 --> 00:07:58,970 အဲဒါတွေ အားလုံးကို အများဆုံး အသုံးချရင်း အတိတ်ကိုနားလည်ရန်နဲ့ 170 00:07:58,994 --> 00:08:01,259 ဆင့်ကဲဖြစ်စဉ် အလုပ်လုပ်ခဲ့ပုံကို နားလည်လိုပါတယ်။ 171 00:08:01,259 --> 00:08:03,959 အဲဒါတွေက အနာဂတ်ဆိုင်ရာ ဟောကိန်းကို ထုတ်ခွင့် ပြုပါသေးတယ်။ 172 00:08:03,959 --> 00:08:06,941 နောက်တစ်ကြိမ် အစုလိုက်အပြုံလိုက် မျိုးသုဉ်းရင် ဘာတွေ ဖြစ်လာမလဲ? 173 00:08:06,941 --> 00:08:09,148 ဘယ်လို ထူးဆန်းတဲ့အရာတွေ ပေါ်ထွန်းလာနိုင်ကြလဲ? 174 00:08:09,307 --> 00:08:11,374 နို့တိုက်သတ္တဝါတွေ ပြန်ပြီး ငယ်သွားကြမလား? 175 00:08:11,712 --> 00:08:13,767 နို့တိုက်သတ္တဝါတွေ ရှိကော ရှိကြဦးမှာလား? 176 00:08:14,041 --> 00:08:15,925 အတိုချုပ်ပြောရရင်၊ 177 00:08:15,925 --> 00:08:19,377 ကျုပ်တို့ဟာ ဒိုင်နိုဆောတွေ အကြောင်းကို အများကြီး သိထားကြပါပြီ။ 178 00:08:19,576 --> 00:08:21,838 ဒါပေမဲ့ နေထိုင်ခဲ့ဘူးကြသမျှ အခြားအကောင်တွေထံမှ 179 00:08:21,862 --> 00:08:26,013 ၉၉.၉ ရာခိုင်နှုန်းကို ဆက်ပြီး လေ့လာဖို့ လိုပါသေးတယ်။ 180 00:08:26,434 --> 00:08:28,545 အဲဒါကမှ ကျောက်ဖြစ်ရုပ်ကြွင်းပညာပါ။ 181 00:08:28,990 --> 00:08:30,188 ကျေးဇူးတင်ပါတယ်။ 182 00:08:30,212 --> 00:08:35,219 (လက်ခုပ်သံများနှင့် အားပေးသံများ)