ချစ်ကြိုက်တာဟာ အလွယ်လေးပဲလား။
-
0:00 - 0:02ဒီဆောင်းပါးကို New York Time
-
0:02 - 0:07Modern Love ပင်တိုင်ဆောင်းပါးမှာ ဒီနှစ်
ဇန်နဝါရီက ပုံနှိပ်ထုတ်ဝေခဲ့တယ်။ -
0:07 - 0:09"တစ်ယောက်ယောက်နဲ့ချစ်ကြိုက်ဖို့၊
ဒါလုပ်လိုက်ပါ" -
0:09 - 0:11ဆောင်းပါးက လက်တွေ့ခန်းမှာ
စိတ်ကူးယဉ်အချစ်ကို -
0:12 - 0:15ဖန်တီးဖို့ ပုံစံထုတ်ထားတဲ့ စိတ်ပညာ
ဆိုင်ရာ လေ့လာမှု အကြောင်းနဲ့ -
0:15 - 0:18ပြီးခဲ့တဲ့ နွေဦးတစ်ညက ကိုယ်တိုင်
လေ့လာမှုကို စမ်းသပ်တဲ့ -
0:18 - 0:20ကျွန်မရဲ့ ကိုယ်ပိုင် အတွေ့အကြုံပါ။
-
0:20 - 0:22ဒီတော့ လုပ်နည်းစနစ်က အတော်
ရိုးရှင်းပါတယ်။ -
0:22 - 0:29သူစိမ်း ၂ယောက်ဟာ တစ်ဦးကို
တစ်ဦး ကိုယ်ရေးကိုယ်တာ သဘော -
0:29 - 0:32တိုးတိုးလာဆန်လာတဲ့မေးခွန်း
၃၆ ခုကို တစ်လှည်စီမေးရင်း -
0:32 - 0:35စကားမပြောပဲ တစ်ဦးကိုတစ်ဦး စိုက်ကြည့်တာပါ။
-
0:35 - 0:39ဟောဒီမှာ နမူနာမေးခွန်း တစ်ချို့ပါ။
-
0:39 - 0:44နံပါတ် ၁၂၊ မနက်ဖြန်နိုးလို့ အရည်အသွေး
(သို့) အရည်အချင်း တစ်ခုရမယ်ဆို -
0:44 - 0:45အဲဒါ ဘာဖြစ်လိမ့်မလဲ။
-
0:46 - 0:51နံပါတ် ၂၈၊ အခြားသူ တစ်ယောက်ရဲ့ရှေ့မှာ
နောက်ဆုံးငိုခဲ့တာက ဘယ်တုန်းကလဲ။ -
0:51 - 0:52ကိုယ်တစ်ယောက်ထည်းပဲလား။
-
0:52 - 0:56မြင်တဲ့အတိုင်းပဲ ဆက်သွားလေ မေးခွန်းတွေက
ပုဂ္ဂိုံလ်ရေး ပိုဆန်လာပါတယ်။ -
0:56 - 0:59နံပါတ် ၃၀၊ ဒါတော့ တော်တော်လေး
ကြိုက်တယ်။ -
0:59 - 1:02ကိုယ့် အဖော်ကို သူတို့နဲ့ပတ်သက်ပြီး
ဘာကြိုက်တယ်ဆိုတာ ပြောပါ။ -
1:02 - 1:04ဒီတစ်ခါ ရိုသားရမယ်နော်။
-
1:04 - 1:08အခုမှတွေ့တဲ့ သူတစ်ယောက်ကို
ပြောချင်မှပြောမယ့်ဟာတွေ ပြောရင်းပေါ့ -
1:09 - 1:13ဒီတော့ အစောပိုင်း နှစ်အနည်းငယ်က
ဒီလေ့လာမှုကို ပထမဆုံး တွေ့မိတော့ -
1:13 - 1:15အသေးစိတ်တစ်ခု ကျွန်မကို တကယ်ပဲ
ထိုးနှက်ခဲ့တာက -
1:16 - 1:19ဖြေဆိုသူတွေထဲက ၂ ယောက်ဟာ
၆ လကြာပြီး နောက်မှာ -
1:19 - 1:21လက်ထပ်သွားတယ်ဆိုတဲ့ ကောလာဟလပါ။
-
1:21 - 1:25လက်တွေ့ခန်းတစ်ဖွဲ့လုံးကို အခမ်းအနားကို
ဖိတ်ခဲ့တယ်။ -
1:25 - 1:28ဒီတော့ ကျွန်မ စိတ်ကူးယဉ်အချစ်
ထုတ်လုပ်တဲ့ -
1:28 - 1:32ဖြစ်စဉ်ကို တကယ်ပဲ
အယုံအကြည် ကင်းမဲ့ခဲ့တာပေါ့။ -
1:32 - 1:35ဒါပေမယ့် တကယ်တော့လည်း
စိတ်ဝင်စားခဲ့မိတယ်။ -
1:35 - 1:38ပြီတော့ ဒါလေ့လာမှုကို ကိုယ်တိုင်
စမ်းသပ်ခွင့်ရတဲ့အခါ -
1:38 - 1:41ကိုယ်နဲ့ ကောင်းကောင်း မသိကျွမ်းတဲ့
လူတစ်ယောက်နဲ့ပါ၊ -
1:41 - 1:44ချစ်မိသွားလိမ့်မယ်လို့ ထင်မထားမိခဲ့ဘူး။
-
1:45 - 1:47ဒါပေမဲ့ ကျွန်မတို့ ချစ်ခဲ့ကြတယ်၊ ပြီး.....
-
1:47 - 1:49(ရယ်သံများ)
-
1:49 - 1:54ဒါက ဇာတ်လမ်းကောင်း တစ်ပုဒ်ဖြစ်တယ်
ထင်လို့ Modern Love ဆောင်းပါးကဏ္ဍကို -
1:54 - 1:55လအတန်ကြာမှာ ပို့လိုက်တယ်။
-
1:55 - 1:59ကဲ ဒါကို ဇန်နဝါရီမှာ
ပုံနှိပ်ထုတ်ဝေခဲ့ပြီး -
2:00 - 2:02အခု ဩဂုတ်လပါ၊
-
2:02 - 2:05ဒီတော့ မှန်းဆနေမိတာက ရှင်တို့ထဲက
တစ်ချို့ဟာ ကျွန်မတို့ အတူတူ -
2:05 - 2:08ရှိတုန်းပဲလား ဆိုတာ
သိချင်နေမလားပဲပေါ့။ -
2:08 - 2:10ဒါကို ရှင်တို့သိချင်နေမလားလို့
ကျွန်မထင်မိတဲ့ -
2:10 - 2:13အကြောင်းက ဒီမေးခွန်းကို
လွန်ခဲ့တဲ့ ၇ လလုံးလုံး -
2:13 - 2:17အထပ်ထပ်ကို အမေးခံထားရလို့ပါ။
-
2:17 - 2:20ဒီမေးခွန်းက ကျွန်မ ဒီနေ့ တကယ်ကို
ပြောချင်တဲ့ အကြောင်းပါ။ -
2:20 - 2:22ဒါပေမဲ့ နောက်မှ ပြန်ပြောရအောင်
-
2:22 - 2:25(ရယ်သံများ)
-
2:25 - 2:27ဒါနဲ့ ဆောင်းပါးမထွက်ခင် သီတင်းပတ်က
-
2:27 - 2:30ရင်ထိတ်နေခဲ့တာပေါ့။
-
2:30 - 2:32လွန်ခဲ့တဲ့ အနည်းငယ်လုံးလုံး
အချစ်ဝတ္ထုတွေ အကြောင်း -
2:32 - 2:34စာအုပ်တစ်အုပ် ရေးနေခဲ့တာလေ။
-
2:34 - 2:37ဒီတော့ ကျွန်မရဲ့ ဘလောဂ်မှာ
စိတ်ကူးယဉ်အချစ်နဲ့ ပတ်သက်တဲ့ -
2:37 - 2:40ကိုယ်ပိုင်အတွေ့အကြုံတွေ
ရေးတာ အသားကျနေခဲ့တာပေါ့။ -
2:40 - 2:44ဒါပေမဲ့ ဘလော့ဂ်တစ်ခုက အများဆုံး
တစ်ရာ၊ နှစ်ရာလောက်ပဲ ကြည့်မှာဖြစ်ပြီး -
2:45 - 2:48ဒီလူတွေဟာ အများအားဖြင့်တော့
Facebook က သူငယ်ချင်းတွေပါပဲ။ -
2:48 - 2:50တွက်ဆမိတာက New York Times က
ကျွန်မ ဆောင်းပါးဟာ -
2:50 - 2:53ကြည့်သူ ထောင် အနည်းငယ်
လောက်တော့ ရှိလောက်မယ်ပေါ့။ -
2:54 - 2:57တော်တော်လေး အသစ်ဖြစ်တဲ့
ချစ်သံယောဇဉ်တစ်ခု အပေါ် -
2:57 - 3:00အာရုံစိုက်မှုအများကြီး
ရသလိုမျိုးပေါ့။ -
3:00 - 3:03ဒါပေမဲ့ ဖြစ်သွားတာက ကျွန်မ မသိခဲ့ဘူး။
-
3:04 - 3:06ဒီလိုနဲ့ ဆောင်းပါးကို
သောကြာနေ့ ညနေခင်း -
3:06 - 3:08အွန်လိုင်းမှာ တင်လိုက်ပြီး
-
3:08 - 3:14စနေနေ့ မတိုင်ခင် ကျွန်မရဲ့
ဘလော့ဂ်မှာ သတင်းရောက်နေပြီလေ။ -
3:14 - 3:19ပြီးတော့ စနေနေ့မတိုင်ခင် Today Show နဲ့
Good Morning America က ဖုန်းခေါ်ပြီးပြီ။ -
3:21 - 3:25တစ်လအအတွင်းမှာ ဆောင်းပါးကို
ကြည့်ရှုမှုဟာ ၈ သန်းကျော်ခဲ့ပြီး -
3:25 - 3:28ပြောရမယ်ဆိုရင် ဒီလိုမျိုး
အာရုံစိုက်မှုအတွက် -
3:28 - 3:31အဆင်သင့် မဖြစ်ခဲ့ဘူးပေါ့။
-
3:32 - 3:34ဒါက အချစ်နဲ့ပတ်သက်ပြီး ကိုယ့်အတွေ့
အကြုံတွေကို အမှန်အတိုင်း -
3:35 - 3:37ရေးဖို့ ယုံကြည်မှုကို
မီးထိုးပေးရတာလေ။ -
3:37 - 3:39ဒါပေမဲ့ နောက်တစ်ခု တွေ့ရှိရတာက
-
3:39 - 3:42ကိုယ့်ဘဝဟာ နိုင်ငံတကာ
သတင်းဖြစ်သွားပြီ -
3:42 - 3:43(ရယ်သံများ)
-
3:43 - 3:47ကမ္ဘာတလွှားက လူတွေဟာ ကိုယ့်ရဲ့
သံယောဇာဉ် အသစ်ရဲ့ အခြေအနေကို -
3:47 - 3:52တကယ်ကိုပဲ စိတ်ဝင်စားကြတာကို
သိလိုက်ရတာပဲပေါ့။ -
3:52 - 3:54(ရယ်သံများ)
-
3:54 - 3:59လူတွေက ဖုန်းဆက်၊ မေးလ်ပို့တော့၊ ဒါက
နေ့တိုင်းချီပြီး နေ့တိုင်းလုပ်ကြတာလေ၊ -
3:59 - 4:03အရင်ဆုံး ဒီမေးခွန်းကိုပဲ အမြဲမေးကြတယ်။
-
4:03 - 4:05"မင်းတို့ အတူတူရှိတုန်းလား"
-
4:05 - 4:08တကယ်တော့ ဒီဟောပြောချက်ကို
ပြင်ဆင်နေတုန်းမှာ -
4:08 - 4:10အီးမေးလ်တွေထဲ "မင်းတို့ အတူတူရှိတုန်းလား"
-
4:10 - 4:12ဆိုတဲ့ စကားစုကို ပြေးအလွှားရှာခဲ့ပြီး
-
4:12 - 4:15စာတိုတွေအများကြီး ချက်ချင်းပဲ
ပေါ်လာခဲ့တယ်။ -
4:15 - 4:17ဒါတွေဟာ ကျောင်းသားတွေ၊
သတင်းစာဆရာတွေ နဲ့ -
4:17 - 4:20ဒီလိုမျိုး ရင်းနှီးတဲ့ သူစိမ်းတွေဆီကပါ။
-
4:20 - 4:23ရေဒီယိုတွေ့ဆုံခန်းတွေလုပ်တော့
သူတို့မေးကြတယ်။ -
4:23 - 4:27ဟောပြောပွဲ တစ်ခုတောင်လုပ်ခဲ့တာ အမျိုးသမီး
တစ်ယောက်က စင်ပေါ်ကို အော်ပြောတာက -
4:27 - 4:30"ဟေး Mandy နင့်ရည်းစားက ဘယ်မှာလဲ"တဲ့
-
4:30 - 4:33ဒီတော့ ကျွန်မ ချက်ချင်းကြီး
မွှန်ထူသွားတာပေါ့။ -
4:33 - 4:36ဒါဟာ အပေးအယူရဲ့ အပိုင်းဆိုတာ
နားလည်လိုက်တယ်။ -
4:36 - 4:40ကိုယ့်ရဲ့ ချစ်သံယောဇဉ်အကြောင်း
နိုင်ငံတကာ သတင်းစာမှာ ရေးရင် -
4:40 - 4:43ဒီအကြောင်း လူတွေမေးရင် သက်တောင့်
သက်သာဖြစ်ဖို့ မျှော်လင့်သင့်တာပေါ့။ -
4:44 - 4:48ဒါပေမဲ့ အဖြေရဲ့ အတိုင်းအတာအတွက်
အဆင်သင့်မှ မဖြစ်ခဲ့တာ။ -
4:48 - 4:52မေးခွန်း ၃၆ ခွန်းက သူတို့ကိုယ်ပိုင်
ဘဝလို့မှတ်ယူပုံရတယ်။ -
4:52 - 4:56တကယ်က New York Times ဟာ
Valentine နေ့အတွက် နောက်ဆက်တဲ့ -
4:56 - 4:57ဆောင်းပါး ထုတ်ခဲ့တယ်။
-
4:57 - 5:02ဒီမှာ စာဖတ်သူတွေကိုယ်တိုင် လေ့လာမှုကို
စမ်းကြည့်တာရဲ့ အတွေ့အကြုံတွေကို -
5:02 - 5:04အောင်မြင်မှု အဆင့်ဆင့်နဲ့ အသားပေးထားတယ်။
-
5:05 - 5:09ဒီတော့ ဒီအာရုံစိုက်မှု အားလုံးကို
ရင်ဆိုင်တဲ့ ကျွန်မရဲ့ ပထမဆုံး စေ့ဆော်မှုက -
5:09 - 5:13ကျွန်မရဲ့ ကိုယ်ပိုင် ဆက်ဆံမှုကို
အရမ်း ကာကွယ်လိုက်တာ ဖြစ်ဖို့ပါ။ -
5:14 - 5:17ကျွန်မတို့ ၂ ဦးအတွက် အတူတကွ
မီဒီယာမှာ ထုတ်လွင့်တာလုပ်ဖို့ -
5:17 - 5:19ပန်ကြားချက်တိုင်းကို ငြင်းခဲ့ပါတယ်။
-
5:19 - 5:21တီဗီ တွေ့ဆုံခန်းတွေကို ပယ်ချခဲ့ပြီး
-
5:21 - 5:25ကျွန်မတို့ ၂ဦးရဲ့ ဓါတ်ပုံတွေကို
တောင်းခံတာတိုင်းကို ငြင်းခဲ့တယ်။ -
5:25 - 5:28ချစ်ကြိုက်ခြင်းရဲ့ ဖြစ်စဉ်အတွက်
ကျွန်မတို့တွေ မတော်တဆ -
5:28 - 5:32အမွှမ်းတင်ခံရသူဖြစ်လာမှာ
ကြောက်လို့ ထင်ပါတယ်။ -
5:32 - 5:36သင့်တော်တယ်လို့ ကျွန်မလုံးဝခံစားလို့
မရတဲ့ နေရာပါ။ -
5:37 - 5:39ပြီး ဒါကိုရခဲ့တယ်။
-
5:39 - 5:42လူတွေက လေ့လာမှုက အလုပ်ဖြစ်၊ မဖြစ်
သိချင်တာပဲ မဟုတ်ဘူး၊ -
5:42 - 5:45ဒါက အလုပ်ဖြစ်ခဲ့လားဆိုတာ သိချင်ခဲ့တာလေ။
-
5:45 - 5:50ဆိုလိုတာက ဒါက ရည်ရှည်တဲ့ အချစ်ကို
ထုတ်ပေး နိုင်စွမ်းရှိရဲ့လား၊ -
5:50 - 5:55ခဏပန်း မဟုတ်ပဲ တည်တံ့တဲ့
အချစ်စစ်် ဆိုတာပေါ့။ -
5:55 - 5:59ဒါပေမဲ့ ဒါက ကျွန်မ ဖြေနိုင်စွမ်းရှိတယ်လို့
မခံစားမိသေးတဲ့ မေးခွန်းပါ။ -
5:59 - 6:02ကျွန်မကိုယ်ပိုင် ဆက်ဆံရေးက
လအနည်းငယ်ပဲ ကြာခဲ့ပြီး -
6:02 - 6:07လူတွေဟာ မေးခွန်းမှားကို ဦးစားပေး
မေးနေတယ်လို့ ခံစားမိတယ်။ -
6:08 - 6:12ကျွန်မတို့ အတူတူရှိတုန်းလား ဆိုတာကို
သူတို့ကိုပြောဖို့ ဘာကသိမှာတုန်း။ -
6:12 - 6:14အဖြေက မဟုတ်ဘူး ဆိုရင်
-
6:14 - 6:18ဒါက ဒီမေးခွန်း ၃၆ ခွန်း လုပ်တာရဲ့
အတွေ့အကြုံကို -
6:18 - 6:20အကျိုးနည်း စေတော့မှာလား။
-
6:21 - 6:24Dr. Arthur Aron က ဒီမေးခွန်းတွေကို
၁၉၉၇ က သူ့လေ့လာမှုမှာ -
6:24 - 6:28ပထမဆုံးရေးခဲ့တာပါ။
-
6:28 - 6:33ဒီမှာ သုသေသီရဲ့ ရည်မှန်းချက်ကစိတ်ကူး
ယဉ်အချစ် ထုတ်ဖော်ဖို့ မဟုတ်ဘူး။ -
6:33 - 6:35အဲဒါအစား ကောလိပ်
ကျောင်းသားတွေ ကြားက -
6:35 - 6:38လူလူချင်းဆက်ဆံရေး
ရင်းနှီးမှုကို မြှင့်တင်ဖို့ပါ။ -
6:38 - 6:41Aron ရဲ့ အခေါ် "တည်တံ့၊ မြင့်တက်၊
-
6:41 - 6:46တုံ့လှယ်၊ ပုဂ္ဂိုံလ်ရေး
ကိုယ်တိုင် ဖွင့်ဟချက်" သုံးပြီးတော့ပေါ့။ -
6:46 - 6:48စိတ်ကူးယဉ်ဆန်ပုံပေါက်တယ်
မဟုတ်လား။ -
6:50 - 6:51ဒါပေမဲ့ လေ့လာမှုက
အလုပ်မဖြစ်ခဲ့ဘူး -
6:51 - 6:54ပါဝင်သူတွေဟာ ဒါလုပ်ပြီးတဲ့နောက်
နီးစပ်တယ်လို့ တကယ်ပဲ ခံစားရပြီး -
6:54 - 7:00နောက်ပိုင်း လေ့လာမှု အများအပြားမှာ Aron
ရဲ့ အမြန်မိတ်ဆွေ လုပ်ထုံး ပါသေးတယ် -
7:00 - 7:04သူစိမ်း ၂ဦးကြား ယုံကြည်မှုနဲ့ ရင်းနှီးမှု
မြန်မြန်ဖန်တီးဖို့ နည်းတစ်နည်း အဖြစ်ပါ။ -
7:04 - 7:07ဒါကို ရဲအဖွဲ့ဝင်တွေကြား နဲ့
လူအဖွဲ့ကြားမှာ သုံးပြီး -
7:07 - 7:11နိုင်ငံရေး သဘောထားအမြင်
ဆန့်ကျင်ဘက် ရှိသူတွေကြားမှာ သုံးတယ်။ -
7:12 - 7:14ဇာတ်လမ်းရဲ့ မူလအဆို
-
7:14 - 7:16ကျွန်မ မနှစ်က နွေမှာ စမ်းခဲ့တဲ့
-
7:16 - 7:20၄ မိိနစ် မျက်လုံးခြင်းဆုံတာနဲ့ ကိုယ်ရေး
ကိုယ်တာ မေးခွန်းတွေ တွဲထားတာက -
7:20 - 7:22ဒီဆောင်းပါးမှာ ရည်ညွှန်းခဲ့ပါတယ်၊
-
7:22 - 7:25ဒါပေမဲ့ ကံဆိုးစွာပဲ ဒါက
ဘယ်တုန်းကမှ မထုတ်ဝေဖြစ်ခဲ့ဘူး။ -
7:27 - 7:30ဒီတော့ လွန်ခဲ့တဲ့ လအနည်းငယ်က
လွတ်လပ်သော အနုပညာကောလိပ်မှာ -
7:30 - 7:32ဟောပြောပွဲတစ်ခု လုပ်နေခဲ့တုန်း
-
7:32 - 7:35ဒါပြီးတော့ ကျောင်းသားတစ်ယောက်
ပေါက်ချလာပြီး -
7:35 - 7:37ရှက်တဲ့ ပုံစံမျိုးနဲ့ ပြောတာက
-
7:37 - 7:42" ဒီလိုဗျ၊ ခင်ဗျားရဲ့ လေ့လာမှုကို
စမ်းကြည့်တယ်၊ အလုပ်မဖြစ်ဘူးဗျ"တဲ့။ -
7:42 - 7:46သူဟာ ဒါနဲ့ပတ်သက်ပြီး
နဝေတိမ်တောင် ဖြစ်နေပုံပါ။ -
7:46 - 7:50"မင်း ဆိုလိုတာက မင်းနဲ့ စမ်းခဲ့တဲ့သူနဲ့
မချစ်မိဘူးပေါ့" လို့ မေးလိုက်တယ်။ -
7:50 - 7:53အင်း ...သူက ခဏရပ်လိုက်ပြီး
-
7:53 - 7:55"သူက မိတ်ဆွေပဲဖြစ်ချင်တာလို့
ကျွန်တော်ထင်တယ်" -
7:57 - 8:01"ဒါပေမဲ့ မင်းတို့ ပိုကောင်းတဲ့မိတ်ဆွေတွေ
ဖြစ်ခဲ့တယ်မို့လား" ကျွန်မ မေးလိုက်တယ်။ -
8:01 - 8:05"မင်းတို့ တစ်ယောက်ကိုတစ်ယောက်
အရမ်းသိလာတယ်လို့ ခံစားမိတယ်မို့လား။" -
8:05 - 8:06သူခေါင်းညိတ်တယ်။
-
8:06 - 8:09"ဒါဆို အလုပ်ဖြစ်တာပေါ့ကွ" လို့
ပြောလိုက်တယ်။ -
8:09 - 8:13သူရှာနေတဲ့ အဖြေက
ဒါမဟုတ်ဘူးထင်တယ်၊ -
8:13 - 8:18တကယ်က အချစ်ဆိုတာ ဖြစ်လာရင်
ဒါဟာ ကျွန်မတို့တွေ -
8:18 - 8:20ရှာနေတဲ့ အဖြေမဟုတ်ဘူးထင်တာပဲ။
-
8:20 - 8:22ဒီလေ့လာမှုကို ကျွန်မ ၂၉ နှစ်မှာ
-
8:22 - 8:23သိရှိလိုက်တာ ဖြစ်ပြီး
-
8:23 - 8:27တကယ်ကို ခက်ခဲတဲ့ ပြိုကွဲခြင်း
တစ်ခုကို ကျော်ဖြတ်နေတုန်းပါ။ -
8:27 - 8:29အသက် ၂၀ တည်းက ချစ်သံယောဇဉ်
ထားတာဖြစိပြီး -
8:29 - 8:32ဒါဟာ အဓိကအားဖြင့် ကျွန်မရဲ့
လူကြီးဘဝ တစ်ခုလုံးဖြစ်ပြီး -
8:32 - 8:34သူက ကျွန်မရဲ့ တကယ့် အချစ်ဦးပါ။
-
8:34 - 8:39သူမပါပဲ ဘဝကို ဘယ်ပုံ၊ဘယ်နည်း
ဖန်တီးရမလဲ ဆိုတာ မသိခဲ့ပါဘူး။ -
8:39 - 8:42ဒီတော့ သိပ္ပံပညာဘက်ကို
ဦးလှည့်လိုက်တယ်။ -
8:42 - 8:46စိတ်ကူးယဉ် အချစ်ရဲ့သိပ္ပံနဲ့ဆိုင်တဲ့
ရှာရနိုင်သမျှကို သုသေသနပြုခဲ့တယ်၊ -
8:46 - 8:52ဒါက တနည်းနည်းနဲ့ ပူဆွေးတာကနေ
ကာကွယ် ပေးနိုင်လိမ့်မယ်ပေါ့လေ။ -
8:52 - 8:54အဲဒီတုန်းက ကိုယ်ဒါကို သိခဲ့မှန်း
မသိပါဘူး။ -
8:55 - 8:58ကိုယ်ရေးနေတဲ့ ဒီစာအုပ်အတွက်
သုသေသန လုပ်နေတယ်ပဲ ထင်မိတာ။ -
8:58 - 9:02ဒါပေမဲ့ ပြန်ပြောင်းကြည့်တော့
အရမ်းသိသာနေပုံပါ။ -
9:02 - 9:06မျှော်လင့်ခဲ့တာက ကိုယ့်ကိုယ်ကို စိတ်ကူး
ယဉ်အချစ် အသိပညာနဲ့တပ်ဆင်ထားရင် -
9:06 - 9:11အဲဒီအချိန်ကလို ဆိုးရွား၊ အထီးကျန်တာမျိုး
ဘယ်တော့မှ ဖြစ်တော့မှာ မဟုတ်ဘူးပေါ့။ -
9:12 - 9:17ဒီအသိပညာ အားလုံးဟာတစ်ချို့
အနေအထားတွေမှာ အသုံးဝင်ပါတယ်။ -
9:17 - 9:20အချစ်မှာ ပိုပြီး သည်းခံပါတယ်၊
ပိုပြီး စိတ်ပြေလျှော့ပါတယ်။ -
9:20 - 9:24လိုချင်တာမေးဖို့ ပိုပြီး
ယုံကြည်မှုရှိပါတယ်။ -
9:24 - 9:27ဒါပေမဲ့ ကိုယ့်ကိုယ်ကို ပိုပြီး ကြည်ကြည်
လင်လင်လည်း မြင်တတ်ပြီး -
9:27 - 9:32တစ်ခါတစ်ရံမှာ ကိုယ်လိုချင်တာက အတောင်း
ခံရနိုင်တာထက် -
9:32 - 9:35တော်တော်ပိုတယ်ဆိုတာ တွေ့နိုင်တာပေါ့။
-
9:35 - 9:38အချစ်ကနေ ကိုယ်လိုချင်တာက
အာမခံချက် တစ်ခုပါ။ -
9:38 - 9:40ဒီနေ့ မှာ ကိုယ်အချစ်ခံရတာနဲ့
-
9:40 - 9:43မနက်ဖြန် ကိုယ်အချစ်ခံရတာ
ပဲမဟုတ်ပါ။ -
9:43 - 9:48ဒါပေမဲ့ အကန့်အသတ်မရှိ ကိုယ်ချစ်တဲ့သူ
ရဲ့ ဆက်ပြီးအချစ်ခံမှာပါ။ -
9:49 - 9:53ဒါဟာ အာမခံချက် တစ်ခုရဲ့
ဖြစ်နိုင်ခြေ ဖြစ်ချင်ဖြစ်မှာပေါ့။ -
9:53 - 9:55လူတွေ တကယ်ကို မေးနေတဲ့ ကျွန်မတို့တွေ
-
9:55 - 9:57သိချင်လို့ မေးတဲ့အခါနဲ့ ပတ်သက်လို့ပေါ့။
-
9:59 - 10:03ဒီတော့ မီဒီယာတွေပြောတဲ့ မေးခွန်း ၃၆ ခွန်း
နဲ့ပတ်သက်တဲ့ ဇာတ်လမ်းက -
10:03 - 10:06ချစ်ကြိုက်သွားဖို့ ဖြတ်လမ်းတစ်ခု
ဖြစ်ချင်ဖြစ်လိမ့်မပေါ့။ -
10:06 - 10:10စွှန့်စားမှုပါဝင်တာကို လျော့ပါးစေတဲ့
နည်းလမ်းတစ်ခု ဖြစ်ချင်ဖြစ်မယ်၊ -
10:10 - 10:12ဒါဟာ စိတ်ဝင်စားစရာကောင်းတဲ့
ဇာတ်လမ်းတစ်ခုပါ။ -
10:12 - 10:16ဘာလို့ဆို ချစ်ကြိုက်ခြင်းက အံ့အားသင့်ခြင်း
ကိုခံစားရပြီး -
10:16 - 10:18ထိတ်လန့်စရာလည်း ကောင်းတာကိုး။
-
10:18 - 10:21တစ်စုံတစ်ယောက်ကို ချစ်နေတာ
ဝန်ခံလိုက်တဲ့ အခိုက်အတန့်ဟာ -
10:21 - 10:24ဆုံးရှုံးစရာ အများကြီးရှိတယ်ဆိုတာ
ဝန်ခံလိုက်တာဖြစ်ပြီး -
10:25 - 10:29ဒီမေးခွန်းတွေက လူတစ်ယောက်ကို
အမြန်သိကျွမ်းစေဖို့ -
10:29 - 10:31အထောက်အပံ့ပြုတဲ့ ယန္တရားတစ်ခုဖြစ်ပြီး
-
10:31 - 10:34ကိုယ့်ကိုသိကျွမ်းစေတဲ့
ယန္တရားဆိုတာလည်း အမှန်ပါပဲ။ -
10:34 - 10:38ဒါက ချစ်ခြင်းကနေ ကျွန်မတို့အားလုံးနီးပါး
လိုချင်တဲ့ဟာလို့ ကျွန်မထင်တယ်။ -
10:38 - 10:42သိစေဖို့၊ မြင်စေဖို့၊ နားလည်စေဖို့လေ။
-
10:43 - 10:45ဒါပေမဲ့ အချစ်ဆိုတာ ဖြစ်လာရင်
-
10:45 - 10:50ကျွန်မတို့ဟာ ဇာတ်လမ်းရဲ့ အတိုချုပ်အဆိုကို
လက်ခံဖို့ အရမ်း လိုလားကြပါတယ်။ -
10:50 - 10:53ဒီဇာတ်လမ်းရဲ့ အဆိုမှာမေးတာက
"မင်းတို့ အတူတူရှိတုန်းလား" ဖြစိပြီး -
10:53 - 10:56ဒါက "ဟုတ်တယ်"၊ "မဟုတ်ဘူး"
အဖြေနဲ့ လုံလောက်ပါတယ်။ -
10:58 - 10:59ဒီတော့ ဒီမေးခွန်း ဆိုတာထက်
-
11:00 - 11:03ပိုခက်တဲ့ မေးခွန်းတွေမေးတာကို
အဆိုပြုချင်ပါတယ်။ -
11:03 - 11:04မေးခွန်းတွေက ဒီလိုပါ။
-
11:05 - 11:08ကိုယ့်အချစ်နဲ့ ထိုက်တန်သူ နဲ့
မထို်က်တန်သူ -
11:08 - 11:09ဆိုတာ ဘယ်လိုဆုံးဖြတ်လဲ။
-
11:11 - 11:14အခက်အခဲတွေ့လာချိန်မှာ ဘယ်လိုဆက်ပြီး
အချစ်မြဲ နေကြလဲ၊ -
11:14 - 11:17ဘယ်အချိန် ဖြတ်ပြီး၊ ပြေးဖို့
ဘယ်လိုသိမလဲ၊ -
11:18 - 11:20ဆက်ဆံမှုတိုင်းမှာ မလွှဲမရှောင်သာ
-
11:20 - 11:23ချွတ်နင်းဝင်လာတဲ့
သံသယနဲ့ ဘယ်လိုနေထိုင်မလဲ၊ -
11:23 - 11:24ဒါမှမဟုတ် ပိုပြီးခက်တာက
-
11:24 - 11:27ကိုယ့်အဖော်ရဲ့ သံသယနဲ့
ဘယ်လိုနေထိုင်မလဲ။ -
11:28 - 11:31ဒီမေးခွန်းတွေရဲ့ အဖြေတွေကို
သေချာပေါက် ကျွန်မ မသိပါဘူး။ -
11:31 - 11:37ဒါပေမဲ့ ဒါတွေဟာ တစ်စုံတစ်ယောက်ကို ချစ်ဖို့
ရည်ရွယ်တဲ့အကြောင်း ပိုပြီး အလေးအနက် -
11:37 - 11:39ပြောဆိုရာမှာတော့ အရေးပါ
တဲ့ အစပျိုးမှုတွေပါ။ -
11:40 - 11:42ဒီတော့ ရှင်တို့လိုချင်ရင်
-
11:42 - 11:47ကျွန်မရဲ့ဆက်ဆံရေး ဇာတ်လမ်းရဲ့
အတိုချုပ်မူကတော့ ဒါပါပဲ။ -
11:47 - 11:50လွန်ခဲ့တဲ့နှစ်က ကျွန်မနဲ့ အသိအကျွမ်း
တစ်ယောက် စိတ်ကူးယဉ်အချစ် -
11:50 - 11:53ဖန်တီးဖို့ ရေးဆွဲထားတဲ့
လေ့လာမှု တစ်ခုလုပ်ခဲ့တယ်၊ -
11:53 - 11:54ပြီးတော့ ကျွန်မတို့ ချစ်သွားကြပြီး
-
11:54 - 11:56ကျွန်မတို့ အတူတူရှိတုန်းပါ၊
-
11:56 - 11:58ကျွန်မ အရမ်းပျော်ပါတယ်။
-
11:59 - 12:04ဒါပေမဲ့ ချစ်ကြိုက်ခြင်းဟာ ဆက်ချစ်နေခြင်း
နဲ့တော့ မတူပါဘူး။ -
12:04 - 12:07ချစ်ကြိုက်ခြင်းဟာ
လွယ်ကူတဲ့အပိုင်းပါ။ -
12:08 - 12:13ဒီတော့ ဆောင်းပါးအဆုံးမှာ ရေးခဲ့တာက
"အချစ်ဟာ ကိုယ်တို့အတွက် ဖြစ်မလာခဲ့ဘူး၊ -
12:13 - 12:16ကိုယ်တို့ ချစ်ခဲ့တာက တစ်ဦးချင်းစီက
ဒီလိုဖြစ်ဖို့ ရွေးခဲ့လို့ပါ" -
12:16 - 12:20အခု ကျွန်မဒါကိုဖတ်မိတော့
နည်းနည်း တွန့်နေမိတယ်၊ -
12:20 - 12:23ဒါက မမှန်လို့တော့ မဟုတ်ပါဘူး၊
-
12:23 - 12:26ဒါပေမဲ့ အဲဒီအချိန်က အဲဒီ ရွေးချယ်မှု
ထဲမှာပါတာတိုင်းကို -
12:26 - 12:29တကယ်ကို ထည့်သွင်းမစဉ်းစားခဲ့လို့ပါ။
-
12:29 - 12:35ဒီရွေးချယ်မှုကို ကိုယ်စီ
ဘယ်နှစ်ခါ လုပ်ဖို့လိုမလဲ -
12:35 - 12:38သူ ကျွန်မကို အမြဲရွေးမလား၊ မရွေးဘူးလား
ဆိုတာကို မသိရဘဲ -
12:38 - 12:42ဒီရွေးချယ်မှုကို ဘယ်နှစ်ခါ ဆက်လုပ်ဖို့
လိုမယ်ဆိုတာ မစဉ်းစားမိခဲ့ဘူး၊ -
12:42 - 12:48မေးခွန်း ၃၆ခွန်း မေးပြီး၊ဖြေပြီး
ဖို့လောက်နဲ့ ကျေနပ်ချင်ခဲ့ပြီး -
12:48 - 12:53ရက်ရော၊ ကြင်နာပြီး ပျော်စရာကောင်း
တဲ့တစ်ယောက်ကို ချစ်ဖို့ ရွေးရဖို့နဲ့ -
12:53 - 12:58ဒီရွေးချယ်မှုကို အမေရိကားက အကြီးဆုံး
သတင်းစာမှာ ထုတ်လွှင့်ဖို့ ဆိုရုံပါပဲ။ -
12:59 - 13:02ဒါပေမဲ့ ကျွန်မလုပ်ခဲ့တာက အဲဒါအစား
ကျွန်မ ဆက်ဆံရေးက -
13:02 - 13:06ကျွန်မ လုံးဝကို မယုံနိုင်တဲ့ ဒဏ္ဍာရီ
တစ်ခုလို ပြောင်းသွားခဲ့တယ်။ -
13:06 - 13:10ဒီတော့ ကျွန်မဖြစ်ချင်တာက ၊ကျွန်မဘဝမှာ
တောင့်တရင်း ကုန်ဆုံးဖြစ်မှာက -
13:10 - 13:13ဒီဒဏ္ဍာရီကို တကယ်ဖြစ်ဖို့
အတွက်ဖြစ်ချင်ဖြစ်မှာပါ။ -
13:13 - 13:18ကျွန်မ ဆောင်းပါး ခေါင်းစဉ်နဲ့ သွယ်ဝိုက်
ပြောတဲ့ ပျော်စရာအဆုံးသတ် လိုချင်တယ်။ -
13:18 - 13:19ဒါက အမှတ်မထင်ပါ။
-
13:20 - 13:23ကျွန်မ တကယ် မရေးခဲ့တဲ့
ဆောင်းပါးရဲ့ အပိုင်းပါပဲ။ -
13:23 - 13:26(ရယ်သံများ)
-
13:27 - 13:31ဒါပေမဲ့ အဲ့ဒါအစား ကျွန်မမှာရှိတာက
တစ်စုံတစ်ယောက်ကို ချစ်ဖို့ ရွေးချယ်ခွင့် -
13:31 - 13:35ပြီးတော့ သူက ကိုယ်ကို ပြန်ချစ်ဖို့ရွေး
လိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်ပါ။ -
13:35 - 13:37ဒါက လန့်စရာကောင်းပေမည့်လည်း
-
13:37 - 13:39အချစ်နဲ့ ပတ်သက်နေတယ်လေ။
-
13:39 - 13:40ကျေးဇူးတင်ပါတယ် ရှင်။
- Title:
- ချစ်ကြိုက်တာဟာ အလွယ်လေးပဲလား။
- Speaker:
- Mandy Len Catron
- Description:
-
မေးခွန်း ၃၆ ခွန်းမေးတာနဲ့ သင်ဟာ တစ်ယောက်ယောက်ကို ချစ်သွားနိုင်တယ်ဆိုတာ သိပါရဲ့လား။ Mandy Len Catron ကတော့ ဒီစမ်းသပ်မှုကို စမ်းကြည့်ခဲ့ပါတယ်။ ဒါက အလုပ်ဖြစ်သွားတယ်။ ပြီးတော့ သူမက ဒီအကြောင်း တမဟုတ်ချင်း ပျံ့နှံ့ လူသိများသွားစေတဲ့ ဆောင်းပါးတစ်ပုဒ် ရေးလိုက်တယ် (သင့် အမေက သင့်ကို ပိုကောင်းပို့ပေးခဲ့မယ်)။ ဒါပေမဲ့...ဒါက တကယ့်အချစ်လား။ ရည်ရှည်ရောခံမလား။ ပြီးတော့ ချစ်ကြိုက်ခြင်းနဲ့ အချစ်မှာ မြဲခြင်းရဲ့ ခြားနားချက်က ဘာများပါလိမ့်။
- Video Language:
- English
- Team:
- closed TED
- Project:
- TEDTalks
- Duration:
- 13:53
Myo Aung approved Burmese subtitles for Falling in love is the easy part | ||
Myo Aung edited Burmese subtitles for Falling in love is the easy part | ||
Myo Aung edited Burmese subtitles for Falling in love is the easy part | ||
Myo Aung edited Burmese subtitles for Falling in love is the easy part | ||
Myo Aung accepted Burmese subtitles for Falling in love is the easy part | ||
Myo Aung edited Burmese subtitles for Falling in love is the easy part | ||
Myo Aung edited Burmese subtitles for Falling in love is the easy part | ||
sann tint edited Burmese subtitles for Falling in love is the easy part |