1 00:00:00,000 --> 00:00:02,416 ဒီဆောင်းပါးကို New York Time 2 00:00:02,440 --> 00:00:06,816 Modern Love ပင်တိုင်ဆောင်းပါးမှာ ဒီနှစ် ဇန်နဝါရီက ပုံနှိပ်ထုတ်ဝေခဲ့တယ်။ 3 00:00:06,840 --> 00:00:09,176 "တစ်ယောက်ယောက်နဲ့ချစ်ကြိုက်ဖို့၊ ဒါလုပ်လိုက်ပါ" 4 00:00:09,200 --> 00:00:11,496 ဆောင်းပါးက လက်တွေ့ခန်းမှာ စိတ်ကူးယဉ်အချစ်ကို 5 00:00:11,520 --> 00:00:14,936 ဖန်တီးဖို့ ပုံစံထုတ်ထားတဲ့ စိတ်ပညာ ဆိုင်ရာ လေ့လာမှု အကြောင်းနဲ့ 6 00:00:14,960 --> 00:00:17,696 ပြီးခဲ့တဲ့ နွေဦးတစ်ညက ကိုယ်တိုင် လေ့လာမှုကို စမ်းသပ်တဲ့ 7 00:00:17,720 --> 00:00:19,576 ကျွန်မရဲ့ ကိုယ်ပိုင် အတွေ့အကြုံပါ။ 8 00:00:19,600 --> 00:00:22,336 ဒီတော့ လုပ်နည်းစနစ်က အတော် ရိုးရှင်းပါတယ်။ 9 00:00:22,360 --> 00:00:29,216 သူစိမ်း ၂ယောက်ဟာ တစ်ဦးကို တစ်ဦး ကိုယ်ရေးကိုယ်တာ သဘော 10 00:00:29,240 --> 00:00:32,136 တိုးတိုးလာဆန်လာတဲ့မေးခွန်း ၃၆ ခုကို တစ်လှည်စီမေးရင်း 11 00:00:32,159 --> 00:00:34,720 စကားမပြောပဲ တစ်ဦးကိုတစ်ဦး စိုက်ကြည့်တာပါ။ 12 00:00:35,360 --> 00:00:38,736 ဟောဒီမှာ နမူနာမေးခွန်း တစ်ချို့ပါ။ 13 00:00:38,760 --> 00:00:44,016 နံပါတ် ၁၂၊ မနက်ဖြန်နိုးလို့ အရည်အသွေး (သို့) အရည်အချင်း တစ်ခုရမယ်ဆို 14 00:00:44,040 --> 00:00:45,240 အဲဒါ ဘာဖြစ်လိမ့်မလဲ။ 15 00:00:46,240 --> 00:00:50,936 နံပါတ် ၂၈၊ အခြားသူ တစ်ယောက်ရဲ့ရှေ့မှာ နောက်ဆုံးငိုခဲ့တာက ဘယ်တုန်းကလဲ။ 16 00:00:50,960 --> 00:00:52,176 ကိုယ်တစ်ယောက်ထည်းပဲလား။ 17 00:00:52,200 --> 00:00:56,456 မြင်တဲ့အတိုင်းပဲ ဆက်သွားလေ မေးခွန်းတွေက ပုဂ္ဂိုံလ်ရေး ပိုဆန်လာပါတယ်။ 18 00:00:56,480 --> 00:00:58,856 နံပါတ် ၃၀၊ ဒါတော့ တော်တော်လေး ကြိုက်တယ်။ 19 00:00:58,880 --> 00:01:01,736 ကိုယ့် အဖော်ကို သူတို့နဲ့ပတ်သက်ပြီး ဘာကြိုက်တယ်ဆိုတာ ပြောပါ။ 20 00:01:01,760 --> 00:01:03,616 ဒီတစ်ခါ ရိုသားရမယ်နော်။ 21 00:01:03,640 --> 00:01:08,000 အခုမှတွေ့တဲ့ သူတစ်ယောက်ကို ပြောချင်မှပြောမယ့်ဟာတွေ ပြောရင်းပေါ့ 22 00:01:08,840 --> 00:01:13,376 ဒီတော့ အစောပိုင်း နှစ်အနည်းငယ်က ဒီလေ့လာမှုကို ပထမဆုံး တွေ့မိတော့ 23 00:01:13,400 --> 00:01:15,496 အသေးစိတ်တစ်ခု ကျွန်မကို တကယ်ပဲ ထိုးနှက်ခဲ့တာက 24 00:01:15,520 --> 00:01:18,576 ဖြေဆိုသူတွေထဲက ၂ ယောက်ဟာ ၆ လကြာပြီး နောက်မှာ 25 00:01:18,600 --> 00:01:21,096 လက်ထပ်သွားတယ်ဆိုတဲ့ ကောလာဟလပါ။ 26 00:01:21,120 --> 00:01:25,296 လက်တွေ့ခန်းတစ်ဖွဲ့လုံးကို အခမ်းအနားကို ဖိတ်ခဲ့တယ်။ 27 00:01:25,320 --> 00:01:28,176 ဒီတော့ ကျွန်မ စိတ်ကူးယဉ်အချစ် ထုတ်လုပ်တဲ့ 28 00:01:28,200 --> 00:01:31,856 ဖြစ်စဉ်ကို တကယ်ပဲ အယုံအကြည် ကင်းမဲ့ခဲ့တာပေါ့။ 29 00:01:31,880 --> 00:01:34,736 ဒါပေမယ့် တကယ်တော့လည်း စိတ်ဝင်စားခဲ့မိတယ်။ 30 00:01:34,760 --> 00:01:38,176 ပြီတော့ ဒါလေ့လာမှုကို ကိုယ်တိုင် စမ်းသပ်ခွင့်ရတဲ့အခါ 31 00:01:38,200 --> 00:01:41,336 ကိုယ်နဲ့ ကောင်းကောင်း မသိကျွမ်းတဲ့ လူတစ်ယောက်နဲ့ပါ၊ 32 00:01:41,360 --> 00:01:44,496 ချစ်မိသွားလိမ့်မယ်လို့ ထင်မထားမိခဲ့ဘူး။ 33 00:01:44,520 --> 00:01:47,216 ဒါပေမဲ့ ကျွန်မတို့ ချစ်ခဲ့ကြတယ်၊ ပြီး..... 34 00:01:47,240 --> 00:01:49,136 (ရယ်သံများ) 35 00:01:49,160 --> 00:01:53,536 ဒါက ဇာတ်လမ်းကောင်း တစ်ပုဒ်ဖြစ်တယ် ထင်လို့ Modern Love ဆောင်းပါးကဏ္ဍကို 36 00:01:53,560 --> 00:01:55,376 လအတန်ကြာမှာ ပို့လိုက်တယ်။ 37 00:01:55,400 --> 00:01:59,120 ကဲ ဒါကို ဇန်နဝါရီမှာ ပုံနှိပ်ထုတ်ဝေခဲ့ပြီး 38 00:01:59,880 --> 00:02:01,576 အခု ဩဂုတ်လပါ၊ 39 00:02:01,600 --> 00:02:05,216 ဒီတော့ မှန်းဆနေမိတာက ရှင်တို့ထဲက တစ်ချို့ဟာ ကျွန်မတို့ အတူတူ 40 00:02:05,240 --> 00:02:07,616 ရှိတုန်းပဲလား ဆိုတာ သိချင်နေမလားပဲပေါ့။ 41 00:02:07,640 --> 00:02:10,015 ဒါကို ရှင်တို့သိချင်နေမလားလို့ ကျွန်မထင်မိတဲ့ 42 00:02:10,039 --> 00:02:12,696 အကြောင်းက ဒီမေးခွန်းကို လွန်ခဲ့တဲ့ ၇ လလုံးလုံး 43 00:02:12,720 --> 00:02:16,656 အထပ်ထပ်ကို အမေးခံထားရလို့ပါ။ 44 00:02:16,680 --> 00:02:20,376 ဒီမေးခွန်းက ကျွန်မ ဒီနေ့ တကယ်ကို ပြောချင်တဲ့ အကြောင်းပါ။ 45 00:02:20,400 --> 00:02:21,856 ဒါပေမဲ့ နောက်မှ ပြန်ပြောရအောင် 46 00:02:21,880 --> 00:02:24,856 (ရယ်သံများ) 47 00:02:24,880 --> 00:02:26,856 ဒါနဲ့ ဆောင်းပါးမထွက်ခင် သီတင်းပတ်က 48 00:02:26,880 --> 00:02:29,576 ရင်ထိတ်နေခဲ့တာပေါ့။ 49 00:02:29,600 --> 00:02:32,176 လွန်ခဲ့တဲ့ အနည်းငယ်လုံးလုံး အချစ်ဝတ္ထုတွေ အကြောင်း 50 00:02:32,200 --> 00:02:34,016 စာအုပ်တစ်အုပ် ရေးနေခဲ့တာလေ။ 51 00:02:34,040 --> 00:02:36,856 ဒီတော့ ကျွန်မရဲ့ ဘလောဂ်မှာ စိတ်ကူးယဉ်အချစ်နဲ့ ပတ်သက်တဲ့ 52 00:02:36,880 --> 00:02:39,896 ကိုယ်ပိုင်အတွေ့အကြုံတွေ ရေးတာ အသားကျနေခဲ့တာပေါ့။ 53 00:02:39,920 --> 00:02:44,496 ဒါပေမဲ့ ဘလော့ဂ်တစ်ခုက အများဆုံး တစ်ရာ၊ နှစ်ရာလောက်ပဲ ကြည့်မှာဖြစ်ပြီး 54 00:02:44,520 --> 00:02:47,616 ဒီလူတွေဟာ အများအားဖြင့်တော့ Facebook က သူငယ်ချင်းတွေပါပဲ။ 55 00:02:47,640 --> 00:02:50,216 တွက်ဆမိတာက New York Times က ကျွန်မ ဆောင်းပါးဟာ 56 00:02:50,240 --> 00:02:53,040 ကြည့်သူ ထောင် အနည်းငယ် လောက်တော့ ရှိလောက်မယ်ပေါ့။ 57 00:02:54,080 --> 00:02:56,856 တော်တော်လေး အသစ်ဖြစ်တဲ့ ချစ်သံယောဇဉ်တစ်ခု အပေါ် 58 00:02:56,880 --> 00:03:00,056 အာရုံစိုက်မှုအများကြီး ရသလိုမျိုးပေါ့။ 59 00:03:00,080 --> 00:03:03,360 ဒါပေမဲ့ ဖြစ်သွားတာက ကျွန်မ မသိခဲ့ဘူး။ 60 00:03:04,240 --> 00:03:06,136 ဒီလိုနဲ့ ဆောင်းပါးကို သောကြာနေ့ ညနေခင်း 61 00:03:06,160 --> 00:03:08,216 အွန်လိုင်းမှာ တင်လိုက်ပြီး 62 00:03:08,240 --> 00:03:14,376 စနေနေ့ မတိုင်ခင် ကျွန်မရဲ့ ဘလော့ဂ်မှာ သတင်းရောက်နေပြီလေ။ 63 00:03:14,400 --> 00:03:19,280 ပြီးတော့ စနေနေ့မတိုင်ခင် Today Show နဲ့ Good Morning America က ဖုန်းခေါ်ပြီးပြီ။ 64 00:03:20,720 --> 00:03:25,256 တစ်လအအတွင်းမှာ ဆောင်းပါးကို ကြည့်ရှုမှုဟာ ၈ သန်းကျော်ခဲ့ပြီး 65 00:03:25,280 --> 00:03:27,576 ပြောရမယ်ဆိုရင် ဒီလိုမျိုး အာရုံစိုက်မှုအတွက် 66 00:03:27,600 --> 00:03:31,496 အဆင်သင့် မဖြစ်ခဲ့ဘူးပေါ့။ 67 00:03:31,520 --> 00:03:34,496 ဒါက အချစ်နဲ့ပတ်သက်ပြီး ကိုယ့်အတွေ့ အကြုံတွေကို အမှန်အတိုင်း 68 00:03:34,520 --> 00:03:36,616 ရေးဖို့ ယုံကြည်မှုကို မီးထိုးပေးရတာလေ။ 69 00:03:36,640 --> 00:03:39,096 ဒါပေမဲ့ နောက်တစ်ခု တွေ့ရှိရတာက 70 00:03:39,120 --> 00:03:42,096 ကိုယ့်ဘဝဟာ နိုင်ငံတကာ သတင်းဖြစ်သွားပြီ 71 00:03:42,120 --> 00:03:43,336 (ရယ်သံများ) 72 00:03:43,360 --> 00:03:47,176 ကမ္ဘာတလွှားက လူတွေဟာ ကိုယ့်ရဲ့ သံယောဇာဉ် အသစ်ရဲ့ အခြေအနေကို 73 00:03:47,200 --> 00:03:52,176 တကယ်ကိုပဲ စိတ်ဝင်စားကြတာကို သိလိုက်ရတာပဲပေါ့။ 74 00:03:52,200 --> 00:03:54,376 (ရယ်သံများ) 75 00:03:54,400 --> 00:03:59,216 လူတွေက ဖုန်းဆက်၊ မေးလ်ပို့တော့၊ ဒါက နေ့တိုင်းချီပြီး နေ့တိုင်းလုပ်ကြတာလေ၊ 76 00:03:59,240 --> 00:04:02,576 အရင်ဆုံး ဒီမေးခွန်းကိုပဲ အမြဲမေးကြတယ်။ 77 00:04:02,600 --> 00:04:05,256 "မင်းတို့ အတူတူရှိတုန်းလား" 78 00:04:05,280 --> 00:04:07,616 တကယ်တော့ ဒီဟောပြောချက်ကို ပြင်ဆင်နေတုန်းမှာ 79 00:04:07,640 --> 00:04:09,896 အီးမေးလ်တွေထဲ "မင်းတို့ အတူတူရှိတုန်းလား" 80 00:04:09,920 --> 00:04:11,856 ဆိုတဲ့ စကားစုကို ပြေးအလွှားရှာခဲ့ပြီး 81 00:04:11,880 --> 00:04:14,576 စာတိုတွေအများကြီး ချက်ချင်းပဲ ပေါ်လာခဲ့တယ်။ 82 00:04:14,600 --> 00:04:17,255 ဒါတွေဟာ ကျောင်းသားတွေ၊ သတင်းစာဆရာတွေ နဲ့ 83 00:04:17,279 --> 00:04:20,296 ဒီလိုမျိုး ရင်းနှီးတဲ့ သူစိမ်းတွေဆီကပါ။ 84 00:04:20,320 --> 00:04:22,776 ရေဒီယိုတွေ့ဆုံခန်းတွေလုပ်တော့ သူတို့မေးကြတယ်။ 85 00:04:22,800 --> 00:04:26,736 ဟောပြောပွဲ တစ်ခုတောင်လုပ်ခဲ့တာ အမျိုးသမီး တစ်ယောက်က စင်ပေါ်ကို အော်ပြောတာက 86 00:04:26,760 --> 00:04:30,096 "ဟေး Mandy နင့်ရည်းစားက ဘယ်မှာလဲ"တဲ့ 87 00:04:30,120 --> 00:04:33,416 ဒီတော့ ကျွန်မ ချက်ချင်းကြီး မွှန်ထူသွားတာပေါ့။ 88 00:04:33,440 --> 00:04:36,256 ဒါဟာ အပေးအယူရဲ့ အပိုင်းဆိုတာ နားလည်လိုက်တယ်။ 89 00:04:36,280 --> 00:04:39,816 ကိုယ့်ရဲ့ ချစ်သံယောဇဉ်အကြောင်း နိုင်ငံတကာ သတင်းစာမှာ ရေးရင် 90 00:04:39,840 --> 00:04:43,496 ဒီအကြောင်း လူတွေမေးရင် သက်တောင့် သက်သာဖြစ်ဖို့ မျှော်လင့်သင့်တာပေါ့။ 91 00:04:43,520 --> 00:04:48,456 ဒါပေမဲ့ အဖြေရဲ့ အတိုင်းအတာအတွက် အဆင်သင့်မှ မဖြစ်ခဲ့တာ။ 92 00:04:48,480 --> 00:04:52,336 မေးခွန်း ၃၆ ခွန်းက သူတို့ကိုယ်ပိုင် ဘဝလို့မှတ်ယူပုံရတယ်။ 93 00:04:52,360 --> 00:04:55,776 တကယ်က New York Times ဟာ Valentine နေ့အတွက် နောက်ဆက်တဲ့ 94 00:04:55,800 --> 00:04:57,016 ဆောင်းပါး ထုတ်ခဲ့တယ်။ 95 00:04:57,040 --> 00:05:01,536 ဒီမှာ စာဖတ်သူတွေကိုယ်တိုင် လေ့လာမှုကို စမ်းကြည့်တာရဲ့ အတွေ့အကြုံတွေကို 96 00:05:01,560 --> 00:05:03,840 အောင်မြင်မှု အဆင့်ဆင့်နဲ့ အသားပေးထားတယ်။ 97 00:05:04,960 --> 00:05:09,176 ဒီတော့ ဒီအာရုံစိုက်မှု အားလုံးကို ရင်ဆိုင်တဲ့ ကျွန်မရဲ့ ပထမဆုံး စေ့ဆော်မှုက 98 00:05:09,200 --> 00:05:12,640 ကျွန်မရဲ့ ကိုယ်ပိုင် ဆက်ဆံမှုကို အရမ်း ကာကွယ်လိုက်တာ ဖြစ်ဖို့ပါ။ 99 00:05:13,920 --> 00:05:16,936 ကျွန်မတို့ ၂ ဦးအတွက် အတူတကွ မီဒီယာမှာ ထုတ်လွင့်တာလုပ်ဖို့ 100 00:05:16,960 --> 00:05:19,296 ပန်ကြားချက်တိုင်းကို ငြင်းခဲ့ပါတယ်။ 101 00:05:19,320 --> 00:05:21,016 တီဗီ တွေ့ဆုံခန်းတွေကို ပယ်ချခဲ့ပြီး 102 00:05:21,040 --> 00:05:25,176 ကျွန်မတို့ ၂ဦးရဲ့ ဓါတ်ပုံတွေကို တောင်းခံတာတိုင်းကို ငြင်းခဲ့တယ်။ 103 00:05:25,200 --> 00:05:27,776 ချစ်ကြိုက်ခြင်းရဲ့ ဖြစ်စဉ်အတွက် ကျွန်မတို့တွေ မတော်တဆ 104 00:05:27,800 --> 00:05:31,936 အမွှမ်းတင်ခံရသူဖြစ်လာမှာ ကြောက်လို့ ထင်ပါတယ်။ 105 00:05:31,960 --> 00:05:35,680 သင့်တော်တယ်လို့ ကျွန်မလုံးဝခံစားလို့ မရတဲ့ နေရာပါ။ 106 00:05:36,760 --> 00:05:39,216 ပြီး ဒါကိုရခဲ့တယ်။ 107 00:05:39,240 --> 00:05:42,016 လူတွေက လေ့လာမှုက အလုပ်ဖြစ်၊ မဖြစ် သိချင်တာပဲ မဟုတ်ဘူး၊ 108 00:05:42,040 --> 00:05:44,976 ဒါက အလုပ်ဖြစ်ခဲ့လားဆိုတာ သိချင်ခဲ့တာလေ။ 109 00:05:45,000 --> 00:05:49,696 ဆိုလိုတာက ဒါက ရည်ရှည်တဲ့ အချစ်ကို ထုတ်ပေး နိုင်စွမ်းရှိရဲ့လား၊ 110 00:05:49,720 --> 00:05:55,096 ခဏပန်း မဟုတ်ပဲ တည်တံ့တဲ့ အချစ်စစ်် ဆိုတာပေါ့။ 111 00:05:55,120 --> 00:05:59,216 ဒါပေမဲ့ ဒါက ကျွန်မ ဖြေနိုင်စွမ်းရှိတယ်လို့ မခံစားမိသေးတဲ့ မေးခွန်းပါ။ 112 00:05:59,240 --> 00:06:01,936 ကျွန်မကိုယ်ပိုင် ဆက်ဆံရေးက လအနည်းငယ်ပဲ ကြာခဲ့ပြီး 113 00:06:01,960 --> 00:06:06,720 လူတွေဟာ မေးခွန်းမှားကို ဦးစားပေး မေးနေတယ်လို့ ခံစားမိတယ်။ 114 00:06:08,040 --> 00:06:12,176 ကျွန်မတို့ အတူတူရှိတုန်းလား ဆိုတာကို သူတို့ကိုပြောဖို့ ဘာကသိမှာတုန်း။ 115 00:06:12,200 --> 00:06:13,856 အဖြေက မဟုတ်ဘူး ဆိုရင် 116 00:06:13,880 --> 00:06:17,856 ဒါက ဒီမေးခွန်း ၃၆ ခွန်း လုပ်တာရဲ့ အတွေ့အကြုံကို 117 00:06:17,880 --> 00:06:20,080 အကျိုးနည်း စေတော့မှာလား။ 118 00:06:20,800 --> 00:06:23,576 Dr. Arthur Aron က ဒီမေးခွန်းတွေကို ၁၉၉၇ က သူ့လေ့လာမှုမှာ 119 00:06:23,600 --> 00:06:27,976 ပထမဆုံးရေးခဲ့တာပါ။ 120 00:06:28,000 --> 00:06:32,736 ဒီမှာ သုသေသီရဲ့ ရည်မှန်းချက်ကစိတ်ကူး ယဉ်အချစ် ထုတ်ဖော်ဖို့ မဟုတ်ဘူး။ 121 00:06:32,760 --> 00:06:34,696 အဲဒါအစား ကောလိပ် ကျောင်းသားတွေ ကြားက 122 00:06:34,720 --> 00:06:38,176 လူလူချင်းဆက်ဆံရေး ရင်းနှီးမှုကို မြှင့်တင်ဖို့ပါ။ 123 00:06:38,200 --> 00:06:40,936 Aron ရဲ့ အခေါ် "တည်တံ့၊ မြင့်တက်၊ 124 00:06:40,960 --> 00:06:45,856 တုံ့လှယ်၊ ပုဂ္ဂိုံလ်ရေး ကိုယ်တိုင် ဖွင့်ဟချက်" သုံးပြီးတော့ပေါ့။ 125 00:06:45,880 --> 00:06:48,360 စိတ်ကူးယဉ်ဆန်ပုံပေါက်တယ် မဟုတ်လား။ 126 00:06:49,600 --> 00:06:51,256 ဒါပေမဲ့ လေ့လာမှုက အလုပ်မဖြစ်ခဲ့ဘူး 127 00:06:51,280 --> 00:06:54,336 ပါဝင်သူတွေဟာ ဒါလုပ်ပြီးတဲ့နောက် နီးစပ်တယ်လို့ တကယ်ပဲ ခံစားရပြီး 128 00:06:54,360 --> 00:06:59,656 နောက်ပိုင်း လေ့လာမှု အများအပြားမှာ Aron ရဲ့ အမြန်မိတ်ဆွေ လုပ်ထုံး ပါသေးတယ် 129 00:06:59,680 --> 00:07:03,816 သူစိမ်း ၂ဦးကြား ယုံကြည်မှုနဲ့ ရင်းနှီးမှု မြန်မြန်ဖန်တီးဖို့ နည်းတစ်နည်း အဖြစ်ပါ။ 130 00:07:03,840 --> 00:07:07,269 ဒါကို ရဲအဖွဲ့ဝင်တွေကြား နဲ့ လူအဖွဲ့ကြားမှာ သုံးပြီး 131 00:07:07,293 --> 00:07:10,853 နိုင်ငံရေး သဘောထားအမြင် ဆန့်ကျင်ဘက် ရှိသူတွေကြားမှာ သုံးတယ်။ 132 00:07:11,800 --> 00:07:13,576 ဇာတ်လမ်းရဲ့ မူလအဆို 133 00:07:13,600 --> 00:07:16,096 ကျွန်မ မနှစ်က နွေမှာ စမ်းခဲ့တဲ့ 134 00:07:16,120 --> 00:07:20,336 ၄ မိိနစ် မျက်လုံးခြင်းဆုံတာနဲ့ ကိုယ်ရေး ကိုယ်တာ မေးခွန်းတွေ တွဲထားတာက 135 00:07:20,360 --> 00:07:22,456 ဒီဆောင်းပါးမှာ ရည်ညွှန်းခဲ့ပါတယ်၊ 136 00:07:22,480 --> 00:07:25,080 ဒါပေမဲ့ ကံဆိုးစွာပဲ ဒါက ဘယ်တုန်းကမှ မထုတ်ဝေဖြစ်ခဲ့ဘူး။ 137 00:07:26,640 --> 00:07:29,656 ဒီတော့ လွန်ခဲ့တဲ့ လအနည်းငယ်က လွတ်လပ်သော အနုပညာကောလိပ်မှာ 138 00:07:29,680 --> 00:07:31,976 ဟောပြောပွဲတစ်ခု လုပ်နေခဲ့တုန်း 139 00:07:32,000 --> 00:07:34,696 ဒါပြီးတော့ ကျောင်းသားတစ်ယောက် ပေါက်ချလာပြီး 140 00:07:34,720 --> 00:07:36,640 ရှက်တဲ့ ပုံစံမျိုးနဲ့ ပြောတာက 141 00:07:37,360 --> 00:07:42,376 " ဒီလိုဗျ၊ ခင်ဗျားရဲ့ လေ့လာမှုကို စမ်းကြည့်တယ်၊ အလုပ်မဖြစ်ဘူးဗျ"တဲ့။ 142 00:07:42,400 --> 00:07:45,656 သူဟာ ဒါနဲ့ပတ်သက်ပြီး နဝေတိမ်တောင် ဖြစ်နေပုံပါ။ 143 00:07:45,680 --> 00:07:50,456 "မင်း ဆိုလိုတာက မင်းနဲ့ စမ်းခဲ့တဲ့သူနဲ့ မချစ်မိဘူးပေါ့" လို့ မေးလိုက်တယ်။ 144 00:07:50,480 --> 00:07:52,896 အင်း ...သူက ခဏရပ်လိုက်ပြီး 145 00:07:52,920 --> 00:07:55,400 "သူက မိတ်ဆွေပဲဖြစ်ချင်တာလို့ ကျွန်တော်ထင်တယ်" 146 00:07:57,480 --> 00:08:01,216 "ဒါပေမဲ့ မင်းတို့ ပိုကောင်းတဲ့မိတ်ဆွေတွေ ဖြစ်ခဲ့တယ်မို့လား" ကျွန်မ မေးလိုက်တယ်။ 147 00:08:01,240 --> 00:08:04,896 "မင်းတို့ တစ်ယောက်ကိုတစ်ယောက် အရမ်းသိလာတယ်လို့ ခံစားမိတယ်မို့လား။" 148 00:08:04,920 --> 00:08:06,216 သူခေါင်းညိတ်တယ်။ 149 00:08:06,240 --> 00:08:09,176 "ဒါဆို အလုပ်ဖြစ်တာပေါ့ကွ" လို့ ပြောလိုက်တယ်။ 150 00:08:09,200 --> 00:08:13,416 သူရှာနေတဲ့ အဖြေက ဒါမဟုတ်ဘူးထင်တယ်၊ 151 00:08:13,440 --> 00:08:17,776 တကယ်က အချစ်ဆိုတာ ဖြစ်လာရင် ဒါဟာ ကျွန်မတို့တွေ 152 00:08:17,800 --> 00:08:20,056 ရှာနေတဲ့ အဖြေမဟုတ်ဘူးထင်တာပဲ။ 153 00:08:20,080 --> 00:08:21,816 ဒီလေ့လာမှုကို ကျွန်မ ၂၉ နှစ်မှာ 154 00:08:21,840 --> 00:08:23,296 သိရှိလိုက်တာ ဖြစ်ပြီး 155 00:08:23,320 --> 00:08:26,736 တကယ်ကို ခက်ခဲတဲ့ ပြိုကွဲခြင်း တစ်ခုကို ကျော်ဖြတ်နေတုန်းပါ။ 156 00:08:26,760 --> 00:08:29,376 အသက် ၂၀ တည်းက ချစ်သံယောဇဉ် ထားတာဖြစိပြီး 157 00:08:29,400 --> 00:08:32,176 ဒါဟာ အဓိကအားဖြင့် ကျွန်မရဲ့ လူကြီးဘဝ တစ်ခုလုံးဖြစ်ပြီး 158 00:08:32,200 --> 00:08:34,296 သူက ကျွန်မရဲ့ တကယ့် အချစ်ဦးပါ။ 159 00:08:34,320 --> 00:08:39,416 သူမပါပဲ ဘဝကို ဘယ်ပုံ၊ဘယ်နည်း ဖန်တီးရမလဲ ဆိုတာ မသိခဲ့ပါဘူး။ 160 00:08:39,440 --> 00:08:41,816 ဒီတော့ သိပ္ပံပညာဘက်ကို ဦးလှည့်လိုက်တယ်။ 161 00:08:41,840 --> 00:08:46,416 စိတ်ကူးယဉ် အချစ်ရဲ့သိပ္ပံနဲ့ဆိုင်တဲ့ ရှာရနိုင်သမျှကို သုသေသနပြုခဲ့တယ်၊ 162 00:08:46,440 --> 00:08:51,536 ဒါက တနည်းနည်းနဲ့ ပူဆွေးတာကနေ ကာကွယ် ပေးနိုင်လိမ့်မယ်ပေါ့လေ။ 163 00:08:51,560 --> 00:08:54,200 အဲဒီတုန်းက ကိုယ်ဒါကို သိခဲ့မှန်း မသိပါဘူး။ 164 00:08:55,120 --> 00:08:58,416 ကိုယ်ရေးနေတဲ့ ဒီစာအုပ်အတွက် သုသေသန လုပ်နေတယ်ပဲ ထင်မိတာ။ 165 00:08:58,440 --> 00:09:01,856 ဒါပေမဲ့ ပြန်ပြောင်းကြည့်တော့ အရမ်းသိသာနေပုံပါ။ 166 00:09:01,880 --> 00:09:06,296 မျှော်လင့်ခဲ့တာက ကိုယ့်ကိုယ်ကို စိတ်ကူး ယဉ်အချစ် အသိပညာနဲ့တပ်ဆင်ထားရင် 167 00:09:06,320 --> 00:09:10,960 အဲဒီအချိန်ကလို ဆိုးရွား၊ အထီးကျန်တာမျိုး ဘယ်တော့မှ ဖြစ်တော့မှာ မဟုတ်ဘူးပေါ့။ 168 00:09:12,320 --> 00:09:16,616 ဒီအသိပညာ အားလုံးဟာတစ်ချို့ အနေအထားတွေမှာ အသုံးဝင်ပါတယ်။ 169 00:09:16,640 --> 00:09:19,936 အချစ်မှာ ပိုပြီး သည်းခံပါတယ်၊ ပိုပြီး စိတ်ပြေလျှော့ပါတယ်။ 170 00:09:19,960 --> 00:09:23,536 လိုချင်တာမေးဖို့ ပိုပြီး ယုံကြည်မှုရှိပါတယ်။ 171 00:09:23,560 --> 00:09:27,296 ဒါပေမဲ့ ကိုယ့်ကိုယ်ကို ပိုပြီး ကြည်ကြည် လင်လင်လည်း မြင်တတ်ပြီး 172 00:09:27,320 --> 00:09:31,576 တစ်ခါတစ်ရံမှာ ကိုယ်လိုချင်တာက အတောင်း ခံရနိုင်တာထက် 173 00:09:31,600 --> 00:09:34,656 တော်တော်ပိုတယ်ဆိုတာ တွေ့နိုင်တာပေါ့။ 174 00:09:34,680 --> 00:09:38,136 အချစ်ကနေ ကိုယ်လိုချင်တာက အာမခံချက် တစ်ခုပါ။ 175 00:09:38,160 --> 00:09:40,376 ဒီနေ့ မှာ ကိုယ်အချစ်ခံရတာနဲ့ 176 00:09:40,400 --> 00:09:42,816 မနက်ဖြန် ကိုယ်အချစ်ခံရတာ ပဲမဟုတ်ပါ။ 177 00:09:42,840 --> 00:09:48,040 ဒါပေမဲ့ အကန့်အသတ်မရှိ ကိုယ်ချစ်တဲ့သူ ရဲ့ ဆက်ပြီးအချစ်ခံမှာပါ။ 178 00:09:49,240 --> 00:09:52,736 ဒါဟာ အာမခံချက် တစ်ခုရဲ့ ဖြစ်နိုင်ခြေ ဖြစ်ချင်ဖြစ်မှာပေါ့။ 179 00:09:52,760 --> 00:09:54,736 လူတွေ တကယ်ကို မေးနေတဲ့ ကျွန်မတို့တွေ 180 00:09:54,760 --> 00:09:57,480 သိချင်လို့ မေးတဲ့အခါနဲ့ ပတ်သက်လို့ပေါ့။ 181 00:09:58,800 --> 00:10:02,736 ဒီတော့ မီဒီယာတွေပြောတဲ့ မေးခွန်း ၃၆ ခွန်း နဲ့ပတ်သက်တဲ့ ဇာတ်လမ်းက 182 00:10:02,760 --> 00:10:06,056 ချစ်ကြိုက်သွားဖို့ ဖြတ်လမ်းတစ်ခု ဖြစ်ချင်ဖြစ်လိမ့်မပေါ့။ 183 00:10:06,080 --> 00:10:09,816 စွှန့်စားမှုပါဝင်တာကို လျော့ပါးစေတဲ့ နည်းလမ်းတစ်ခု ဖြစ်ချင်ဖြစ်မယ်၊ 184 00:10:09,840 --> 00:10:12,456 ဒါဟာ စိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်လမ်းတစ်ခုပါ။ 185 00:10:12,480 --> 00:10:15,656 ဘာလို့ဆို ချစ်ကြိုက်ခြင်းက အံ့အားသင့်ခြင်း ကိုခံစားရပြီး 186 00:10:15,680 --> 00:10:18,416 ထိတ်လန့်စရာလည်း ကောင်းတာကိုး။ 187 00:10:18,440 --> 00:10:21,016 တစ်စုံတစ်ယောက်ကို ချစ်နေတာ ဝန်ခံလိုက်တဲ့ အခိုက်အတန့်ဟာ 188 00:10:21,040 --> 00:10:23,680 ဆုံးရှုံးစရာ အများကြီးရှိတယ်ဆိုတာ ဝန်ခံလိုက်တာဖြစ်ပြီး 189 00:10:24,640 --> 00:10:28,856 ဒီမေးခွန်းတွေက လူတစ်ယောက်ကို အမြန်သိကျွမ်းစေဖို့ 190 00:10:28,880 --> 00:10:31,176 အထောက်အပံ့ပြုတဲ့ ယန္တရားတစ်ခုဖြစ်ပြီး 191 00:10:31,200 --> 00:10:33,736 ကိုယ့်ကိုသိကျွမ်းစေတဲ့ ယန္တရားဆိုတာလည်း အမှန်ပါပဲ။ 192 00:10:33,760 --> 00:10:38,216 ဒါက ချစ်ခြင်းကနေ ကျွန်မတို့အားလုံးနီးပါး လိုချင်တဲ့ဟာလို့ ကျွန်မထင်တယ်။ 193 00:10:38,240 --> 00:10:42,320 သိစေဖို့၊ မြင်စေဖို့၊ နားလည်စေဖို့လေ။ 194 00:10:43,200 --> 00:10:45,136 ဒါပေမဲ့ အချစ်ဆိုတာ ဖြစ်လာရင် 195 00:10:45,160 --> 00:10:49,656 ကျွန်မတို့ဟာ ဇာတ်လမ်းရဲ့ အတိုချုပ်အဆိုကို လက်ခံဖို့ အရမ်း လိုလားကြပါတယ်။ 196 00:10:49,680 --> 00:10:53,256 ဒီဇာတ်လမ်းရဲ့ အဆိုမှာမေးတာက "မင်းတို့ အတူတူရှိတုန်းလား" ဖြစိပြီး 197 00:10:53,280 --> 00:10:56,400 ဒါက "ဟုတ်တယ်"၊ "မဟုတ်ဘူး" အဖြေနဲ့ လုံလောက်ပါတယ်။ 198 00:10:57,560 --> 00:10:59,496 ဒီတော့ ဒီမေးခွန်း ဆိုတာထက် 199 00:10:59,520 --> 00:11:03,176 ပိုခက်တဲ့ မေးခွန်းတွေမေးတာကို အဆိုပြုချင်ပါတယ်။ 200 00:11:03,200 --> 00:11:04,400 မေးခွန်းတွေက ဒီလိုပါ။ 201 00:11:05,080 --> 00:11:08,096 ကိုယ့်အချစ်နဲ့ ထိုက်တန်သူ နဲ့ မထို်က်တန်သူ 202 00:11:08,120 --> 00:11:09,360 ဆိုတာ ဘယ်လိုဆုံးဖြတ်လဲ။ 203 00:11:10,840 --> 00:11:14,096 အခက်အခဲတွေ့လာချိန်မှာ ဘယ်လိုဆက်ပြီး အချစ်မြဲ နေကြလဲ၊ 204 00:11:14,120 --> 00:11:16,640 ဘယ်အချိန် ဖြတ်ပြီး၊ ပြေးဖို့ ဘယ်လိုသိမလဲ၊ 205 00:11:17,880 --> 00:11:19,776 ဆက်ဆံမှုတိုင်းမှာ မလွှဲမရှောင်သာ 206 00:11:19,800 --> 00:11:22,816 ချွတ်နင်းဝင်လာတဲ့ သံသယနဲ့ ဘယ်လိုနေထိုင်မလဲ၊ 207 00:11:22,840 --> 00:11:24,456 ဒါမှမဟုတ် ပိုပြီးခက်တာက 208 00:11:24,480 --> 00:11:26,840 ကိုယ့်အဖော်ရဲ့ သံသယနဲ့ ဘယ်လိုနေထိုင်မလဲ။ 209 00:11:27,800 --> 00:11:31,416 ဒီမေးခွန်းတွေရဲ့ အဖြေတွေကို သေချာပေါက် ကျွန်မ မသိပါဘူး။ 210 00:11:31,440 --> 00:11:36,576 ဒါပေမဲ့ ဒါတွေဟာ တစ်စုံတစ်ယောက်ကို ချစ်ဖို့ ရည်ရွယ်တဲ့အကြောင်း ပိုပြီး အလေးအနက် 211 00:11:36,600 --> 00:11:38,760 ပြောဆိုရာမှာတော့ အရေးပါ တဲ့ အစပျိုးမှုတွေပါ။ 212 00:11:40,080 --> 00:11:42,416 ဒီတော့ ရှင်တို့လိုချင်ရင် 213 00:11:42,440 --> 00:11:46,736 ကျွန်မရဲ့ဆက်ဆံရေး ဇာတ်လမ်းရဲ့ အတိုချုပ်မူကတော့ ဒါပါပဲ။ 214 00:11:46,760 --> 00:11:49,856 လွန်ခဲ့တဲ့နှစ်က ကျွန်မနဲ့ အသိအကျွမ်း တစ်ယောက် စိတ်ကူးယဉ်အချစ် 215 00:11:49,880 --> 00:11:52,576 ဖန်တီးဖို့ ရေးဆွဲထားတဲ့ လေ့လာမှု တစ်ခုလုပ်ခဲ့တယ်၊ 216 00:11:52,600 --> 00:11:54,296 ပြီးတော့ ကျွန်မတို့ ချစ်သွားကြပြီး 217 00:11:54,320 --> 00:11:56,176 ကျွန်မတို့ အတူတူရှိတုန်းပါ၊ 218 00:11:56,200 --> 00:11:58,360 ကျွန်မ အရမ်းပျော်ပါတယ်။ 219 00:11:59,040 --> 00:12:03,800 ဒါပေမဲ့ ချစ်ကြိုက်ခြင်းဟာ ဆက်ချစ်နေခြင်း နဲ့တော့ မတူပါဘူး။ 220 00:12:04,440 --> 00:12:06,840 ချစ်ကြိုက်ခြင်းဟာ လွယ်ကူတဲ့အပိုင်းပါ။ 221 00:12:08,360 --> 00:12:12,736 ဒီတော့ ဆောင်းပါးအဆုံးမှာ ရေးခဲ့တာက "အချစ်ဟာ ကိုယ်တို့အတွက် ဖြစ်မလာခဲ့ဘူး၊ 222 00:12:12,760 --> 00:12:16,056 ကိုယ်တို့ ချစ်ခဲ့တာက တစ်ဦးချင်းစီက ဒီလိုဖြစ်ဖို့ ရွေးခဲ့လို့ပါ" 223 00:12:16,080 --> 00:12:20,256 အခု ကျွန်မဒါကိုဖတ်မိတော့ နည်းနည်း တွန့်နေမိတယ်၊ 224 00:12:20,280 --> 00:12:22,576 ဒါက မမှန်လို့တော့ မဟုတ်ပါဘူး၊ 225 00:12:22,600 --> 00:12:25,816 ဒါပေမဲ့ အဲဒီအချိန်က အဲဒီ ရွေးချယ်မှု ထဲမှာပါတာတိုင်းကို 226 00:12:25,840 --> 00:12:29,456 တကယ်ကို ထည့်သွင်းမစဉ်းစားခဲ့လို့ပါ။ 227 00:12:29,480 --> 00:12:34,696 ဒီရွေးချယ်မှုကို ကိုယ်စီ ဘယ်နှစ်ခါ လုပ်ဖို့လိုမလဲ 228 00:12:34,720 --> 00:12:38,296 သူ ကျွန်မကို အမြဲရွေးမလား၊ မရွေးဘူးလား ဆိုတာကို မသိရဘဲ 229 00:12:38,320 --> 00:12:42,136 ဒီရွေးချယ်မှုကို ဘယ်နှစ်ခါ ဆက်လုပ်ဖို့ လိုမယ်ဆိုတာ မစဉ်းစားမိခဲ့ဘူး၊ 230 00:12:42,160 --> 00:12:47,656 မေးခွန်း ၃၆ခွန်း မေးပြီး၊ဖြေပြီး ဖို့လောက်နဲ့ ကျေနပ်ချင်ခဲ့ပြီး 231 00:12:47,680 --> 00:12:52,896 ရက်ရော၊ ကြင်နာပြီး ပျော်စရာကောင်း တဲ့တစ်ယောက်ကို ချစ်ဖို့ ရွေးရဖို့နဲ့ 232 00:12:52,920 --> 00:12:57,920 ဒီရွေးချယ်မှုကို အမေရိကားက အကြီးဆုံး သတင်းစာမှာ ထုတ်လွှင့်ဖို့ ဆိုရုံပါပဲ။ 233 00:12:58,880 --> 00:13:01,976 ဒါပေမဲ့ ကျွန်မလုပ်ခဲ့တာက အဲဒါအစား ကျွန်မ ဆက်ဆံရေးက 234 00:13:02,000 --> 00:13:06,176 ကျွန်မ လုံးဝကို မယုံနိုင်တဲ့ ဒဏ္ဍာရီ တစ်ခုလို ပြောင်းသွားခဲ့တယ်။ 235 00:13:06,200 --> 00:13:10,456 ဒီတော့ ကျွန်မဖြစ်ချင်တာက ၊ကျွန်မဘဝမှာ တောင့်တရင်း ကုန်ဆုံးဖြစ်မှာက 236 00:13:10,480 --> 00:13:13,176 ဒီဒဏ္ဍာရီကို တကယ်ဖြစ်ဖို့ အတွက်ဖြစ်ချင်ဖြစ်မှာပါ။ 237 00:13:13,200 --> 00:13:17,976 ကျွန်မ ဆောင်းပါး ခေါင်းစဉ်နဲ့ သွယ်ဝိုက် ပြောတဲ့ ပျော်စရာအဆုံးသတ် လိုချင်တယ်။ 238 00:13:18,000 --> 00:13:19,496 ဒါက အမှတ်မထင်ပါ။ 239 00:13:19,520 --> 00:13:23,176 ကျွန်မ တကယ် မရေးခဲ့တဲ့ ဆောင်းပါးရဲ့ အပိုင်းပါပဲ။ 240 00:13:23,200 --> 00:13:26,496 (ရယ်သံများ) 241 00:13:26,520 --> 00:13:31,216 ဒါပေမဲ့ အဲ့ဒါအစား ကျွန်မမှာရှိတာက တစ်စုံတစ်ယောက်ကို ချစ်ဖို့ ရွေးချယ်ခွင့် 242 00:13:31,240 --> 00:13:34,696 ပြီးတော့ သူက ကိုယ်ကို ပြန်ချစ်ဖို့ရွေး လိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်ပါ။ 243 00:13:34,720 --> 00:13:37,416 ဒါက လန့်စရာကောင်းပေမည့်လည်း 244 00:13:37,440 --> 00:13:39,176 အချစ်နဲ့ ပတ်သက်နေတယ်လေ။ 245 00:13:39,200 --> 00:13:40,440 ကျေးဇူးတင်ပါတယ် ရှင်။