ဒီဆောင်းပါးကို New York Time
Modern Love ပင်တိုင်ဆောင်းပါးမှာ ဒီနှစ်
ဇန်နဝါရီက ပုံနှိပ်ထုတ်ဝေခဲ့တယ်။
"တစ်ယောက်ယောက်နဲ့ချစ်ကြိုက်ဖို့၊
ဒါလုပ်လိုက်ပါ"
ဆောင်းပါးက လက်တွေ့ခန်းမှာ
စိတ်ကူးယဉ်အချစ်ကို
ဖန်တီးဖို့ ပုံစံထုတ်ထားတဲ့ စိတ်ပညာ
ဆိုင်ရာ လေ့လာမှု အကြောင်းနဲ့
ပြီးခဲ့တဲ့ နွေဦးတစ်ညက ကိုယ်တိုင်
လေ့လာမှုကို စမ်းသပ်တဲ့
ကျွန်မရဲ့ ကိုယ်ပိုင် အတွေ့အကြုံပါ။
ဒီတော့ လုပ်နည်းစနစ်က အတော်
ရိုးရှင်းပါတယ်။
သူစိမ်း ၂ယောက်ဟာ တစ်ဦးကို
တစ်ဦး ကိုယ်ရေးကိုယ်တာ သဘော
တိုးတိုးလာဆန်လာတဲ့မေးခွန်း
၃၆ ခုကို တစ်လှည်စီမေးရင်း
စကားမပြောပဲ တစ်ဦးကိုတစ်ဦး စိုက်ကြည့်တာပါ။
ဟောဒီမှာ နမူနာမေးခွန်း တစ်ချို့ပါ။
နံပါတ် ၁၂၊ မနက်ဖြန်နိုးလို့ အရည်အသွေး
(သို့) အရည်အချင်း တစ်ခုရမယ်ဆို
အဲဒါ ဘာဖြစ်လိမ့်မလဲ။
နံပါတ် ၂၈၊ အခြားသူ တစ်ယောက်ရဲ့ရှေ့မှာ
နောက်ဆုံးငိုခဲ့တာက ဘယ်တုန်းကလဲ။
ကိုယ်တစ်ယောက်ထည်းပဲလား။
မြင်တဲ့အတိုင်းပဲ ဆက်သွားလေ မေးခွန်းတွေက
ပုဂ္ဂိုံလ်ရေး ပိုဆန်လာပါတယ်။
နံပါတ် ၃၀၊ ဒါတော့ တော်တော်လေး
ကြိုက်တယ်။
ကိုယ့် အဖော်ကို သူတို့နဲ့ပတ်သက်ပြီး
ဘာကြိုက်တယ်ဆိုတာ ပြောပါ။
ဒီတစ်ခါ ရိုသားရမယ်နော်။
အခုမှတွေ့တဲ့ သူတစ်ယောက်ကို
ပြောချင်မှပြောမယ့်ဟာတွေ ပြောရင်းပေါ့
ဒီတော့ အစောပိုင်း နှစ်အနည်းငယ်က
ဒီလေ့လာမှုကို ပထမဆုံး တွေ့မိတော့
အသေးစိတ်တစ်ခု ကျွန်မကို တကယ်ပဲ
ထိုးနှက်ခဲ့တာက
ဖြေဆိုသူတွေထဲက ၂ ယောက်ဟာ
၆ လကြာပြီး နောက်မှာ
လက်ထပ်သွားတယ်ဆိုတဲ့ ကောလာဟလပါ။
လက်တွေ့ခန်းတစ်ဖွဲ့လုံးကို အခမ်းအနားကို
ဖိတ်ခဲ့တယ်။
ဒီတော့ ကျွန်မ စိတ်ကူးယဉ်အချစ်
ထုတ်လုပ်တဲ့
ဖြစ်စဉ်ကို တကယ်ပဲ
အယုံအကြည် ကင်းမဲ့ခဲ့တာပေါ့။
ဒါပေမယ့် တကယ်တော့လည်း
စိတ်ဝင်စားခဲ့မိတယ်။
ပြီတော့ ဒါလေ့လာမှုကို ကိုယ်တိုင်
စမ်းသပ်ခွင့်ရတဲ့အခါ
ကိုယ်နဲ့ ကောင်းကောင်း မသိကျွမ်းတဲ့
လူတစ်ယောက်နဲ့ပါ၊
ချစ်မိသွားလိမ့်မယ်လို့ ထင်မထားမိခဲ့ဘူး။
ဒါပေမဲ့ ကျွန်မတို့ ချစ်ခဲ့ကြတယ်၊ ပြီး.....
(ရယ်သံများ)
ဒါက ဇာတ်လမ်းကောင်း တစ်ပုဒ်ဖြစ်တယ်
ထင်လို့ Modern Love ဆောင်းပါးကဏ္ဍကို
လအတန်ကြာမှာ ပို့လိုက်တယ်။
ကဲ ဒါကို ဇန်နဝါရီမှာ
ပုံနှိပ်ထုတ်ဝေခဲ့ပြီး
အခု ဩဂုတ်လပါ၊
ဒီတော့ မှန်းဆနေမိတာက ရှင်တို့ထဲက
တစ်ချို့ဟာ ကျွန်မတို့ အတူတူ
ရှိတုန်းပဲလား ဆိုတာ
သိချင်နေမလားပဲပေါ့။
ဒါကို ရှင်တို့သိချင်နေမလားလို့
ကျွန်မထင်မိတဲ့
အကြောင်းက ဒီမေးခွန်းကို
လွန်ခဲ့တဲ့ ၇ လလုံးလုံး
အထပ်ထပ်ကို အမေးခံထားရလို့ပါ။
ဒီမေးခွန်းက ကျွန်မ ဒီနေ့ တကယ်ကို
ပြောချင်တဲ့ အကြောင်းပါ။
ဒါပေမဲ့ နောက်မှ ပြန်ပြောရအောင်
(ရယ်သံများ)
ဒါနဲ့ ဆောင်းပါးမထွက်ခင် သီတင်းပတ်က
ရင်ထိတ်နေခဲ့တာပေါ့။
လွန်ခဲ့တဲ့ အနည်းငယ်လုံးလုံး
အချစ်ဝတ္ထုတွေ အကြောင်း
စာအုပ်တစ်အုပ် ရေးနေခဲ့တာလေ။
ဒီတော့ ကျွန်မရဲ့ ဘလောဂ်မှာ
စိတ်ကူးယဉ်အချစ်နဲ့ ပတ်သက်တဲ့
ကိုယ်ပိုင်အတွေ့အကြုံတွေ
ရေးတာ အသားကျနေခဲ့တာပေါ့။
ဒါပေမဲ့ ဘလော့ဂ်တစ်ခုက အများဆုံး
တစ်ရာ၊ နှစ်ရာလောက်ပဲ ကြည့်မှာဖြစ်ပြီး
ဒီလူတွေဟာ အများအားဖြင့်တော့
Facebook က သူငယ်ချင်းတွေပါပဲ။
တွက်ဆမိတာက New York Times က
ကျွန်မ ဆောင်းပါးဟာ
ကြည့်သူ ထောင် အနည်းငယ်
လောက်တော့ ရှိလောက်မယ်ပေါ့။
တော်တော်လေး အသစ်ဖြစ်တဲ့
ချစ်သံယောဇဉ်တစ်ခု အပေါ်
အာရုံစိုက်မှုအများကြီး
ရသလိုမျိုးပေါ့။
ဒါပေမဲ့ ဖြစ်သွားတာက ကျွန်မ မသိခဲ့ဘူး။
ဒီလိုနဲ့ ဆောင်းပါးကို
သောကြာနေ့ ညနေခင်း
အွန်လိုင်းမှာ တင်လိုက်ပြီး
စနေနေ့ မတိုင်ခင် ကျွန်မရဲ့
ဘလော့ဂ်မှာ သတင်းရောက်နေပြီလေ။
ပြီးတော့ စနေနေ့မတိုင်ခင် Today Show နဲ့
Good Morning America က ဖုန်းခေါ်ပြီးပြီ။
တစ်လအအတွင်းမှာ ဆောင်းပါးကို
ကြည့်ရှုမှုဟာ ၈ သန်းကျော်ခဲ့ပြီး
ပြောရမယ်ဆိုရင် ဒီလိုမျိုး
အာရုံစိုက်မှုအတွက်
အဆင်သင့် မဖြစ်ခဲ့ဘူးပေါ့။
ဒါက အချစ်နဲ့ပတ်သက်ပြီး ကိုယ့်အတွေ့
အကြုံတွေကို အမှန်အတိုင်း
ရေးဖို့ ယုံကြည်မှုကို
မီးထိုးပေးရတာလေ။
ဒါပေမဲ့ နောက်တစ်ခု တွေ့ရှိရတာက
ကိုယ့်ဘဝဟာ နိုင်ငံတကာ
သတင်းဖြစ်သွားပြီ
(ရယ်သံများ)
ကမ္ဘာတလွှားက လူတွေဟာ ကိုယ့်ရဲ့
သံယောဇာဉ် အသစ်ရဲ့ အခြေအနေကို
တကယ်ကိုပဲ စိတ်ဝင်စားကြတာကို
သိလိုက်ရတာပဲပေါ့။
(ရယ်သံများ)
လူတွေက ဖုန်းဆက်၊ မေးလ်ပို့တော့၊ ဒါက
နေ့တိုင်းချီပြီး နေ့တိုင်းလုပ်ကြတာလေ၊
အရင်ဆုံး ဒီမေးခွန်းကိုပဲ အမြဲမေးကြတယ်။
"မင်းတို့ အတူတူရှိတုန်းလား"
တကယ်တော့ ဒီဟောပြောချက်ကို
ပြင်ဆင်နေတုန်းမှာ
အီးမေးလ်တွေထဲ "မင်းတို့ အတူတူရှိတုန်းလား"
ဆိုတဲ့ စကားစုကို ပြေးအလွှားရှာခဲ့ပြီး
စာတိုတွေအများကြီး ချက်ချင်းပဲ
ပေါ်လာခဲ့တယ်။
ဒါတွေဟာ ကျောင်းသားတွေ၊
သတင်းစာဆရာတွေ နဲ့
ဒီလိုမျိုး ရင်းနှီးတဲ့ သူစိမ်းတွေဆီကပါ။
ရေဒီယိုတွေ့ဆုံခန်းတွေလုပ်တော့
သူတို့မေးကြတယ်။
ဟောပြောပွဲ တစ်ခုတောင်လုပ်ခဲ့တာ အမျိုးသမီး
တစ်ယောက်က စင်ပေါ်ကို အော်ပြောတာက
"ဟေး Mandy နင့်ရည်းစားက ဘယ်မှာလဲ"တဲ့
ဒီတော့ ကျွန်မ ချက်ချင်းကြီး
မွှန်ထူသွားတာပေါ့။
ဒါဟာ အပေးအယူရဲ့ အပိုင်းဆိုတာ
နားလည်လိုက်တယ်။
ကိုယ့်ရဲ့ ချစ်သံယောဇဉ်အကြောင်း
နိုင်ငံတကာ သတင်းစာမှာ ရေးရင်
ဒီအကြောင်း လူတွေမေးရင် သက်တောင့်
သက်သာဖြစ်ဖို့ မျှော်လင့်သင့်တာပေါ့။
ဒါပေမဲ့ အဖြေရဲ့ အတိုင်းအတာအတွက်
အဆင်သင့်မှ မဖြစ်ခဲ့တာ။
မေးခွန်း ၃၆ ခွန်းက သူတို့ကိုယ်ပိုင်
ဘဝလို့မှတ်ယူပုံရတယ်။
တကယ်က New York Times ဟာ
Valentine နေ့အတွက် နောက်ဆက်တဲ့
ဆောင်းပါး ထုတ်ခဲ့တယ်။
ဒီမှာ စာဖတ်သူတွေကိုယ်တိုင် လေ့လာမှုကို
စမ်းကြည့်တာရဲ့ အတွေ့အကြုံတွေကို
အောင်မြင်မှု အဆင့်ဆင့်နဲ့ အသားပေးထားတယ်။
ဒီတော့ ဒီအာရုံစိုက်မှု အားလုံးကို
ရင်ဆိုင်တဲ့ ကျွန်မရဲ့ ပထမဆုံး စေ့ဆော်မှုက
ကျွန်မရဲ့ ကိုယ်ပိုင် ဆက်ဆံမှုကို
အရမ်း ကာကွယ်လိုက်တာ ဖြစ်ဖို့ပါ။
ကျွန်မတို့ ၂ ဦးအတွက် အတူတကွ
မီဒီယာမှာ ထုတ်လွင့်တာလုပ်ဖို့
ပန်ကြားချက်တိုင်းကို ငြင်းခဲ့ပါတယ်။
တီဗီ တွေ့ဆုံခန်းတွေကို ပယ်ချခဲ့ပြီး
ကျွန်မတို့ ၂ဦးရဲ့ ဓါတ်ပုံတွေကို
တောင်းခံတာတိုင်းကို ငြင်းခဲ့တယ်။
ချစ်ကြိုက်ခြင်းရဲ့ ဖြစ်စဉ်အတွက်
ကျွန်မတို့တွေ မတော်တဆ
အမွှမ်းတင်ခံရသူဖြစ်လာမှာ
ကြောက်လို့ ထင်ပါတယ်။
သင့်တော်တယ်လို့ ကျွန်မလုံးဝခံစားလို့
မရတဲ့ နေရာပါ။
ပြီး ဒါကိုရခဲ့တယ်။
လူတွေက လေ့လာမှုက အလုပ်ဖြစ်၊ မဖြစ်
သိချင်တာပဲ မဟုတ်ဘူး၊
ဒါက အလုပ်ဖြစ်ခဲ့လားဆိုတာ သိချင်ခဲ့တာလေ။
ဆိုလိုတာက ဒါက ရည်ရှည်တဲ့ အချစ်ကို
ထုတ်ပေး နိုင်စွမ်းရှိရဲ့လား၊
ခဏပန်း မဟုတ်ပဲ တည်တံ့တဲ့
အချစ်စစ်် ဆိုတာပေါ့။
ဒါပေမဲ့ ဒါက ကျွန်မ ဖြေနိုင်စွမ်းရှိတယ်လို့
မခံစားမိသေးတဲ့ မေးခွန်းပါ။
ကျွန်မကိုယ်ပိုင် ဆက်ဆံရေးက
လအနည်းငယ်ပဲ ကြာခဲ့ပြီး
လူတွေဟာ မေးခွန်းမှားကို ဦးစားပေး
မေးနေတယ်လို့ ခံစားမိတယ်။
ကျွန်မတို့ အတူတူရှိတုန်းလား ဆိုတာကို
သူတို့ကိုပြောဖို့ ဘာကသိမှာတုန်း။
အဖြေက မဟုတ်ဘူး ဆိုရင်
ဒါက ဒီမေးခွန်း ၃၆ ခွန်း လုပ်တာရဲ့
အတွေ့အကြုံကို
အကျိုးနည်း စေတော့မှာလား။
Dr. Arthur Aron က ဒီမေးခွန်းတွေကို
၁၉၉၇ က သူ့လေ့လာမှုမှာ
ပထမဆုံးရေးခဲ့တာပါ။
ဒီမှာ သုသေသီရဲ့ ရည်မှန်းချက်ကစိတ်ကူး
ယဉ်အချစ် ထုတ်ဖော်ဖို့ မဟုတ်ဘူး။
အဲဒါအစား ကောလိပ်
ကျောင်းသားတွေ ကြားက
လူလူချင်းဆက်ဆံရေး
ရင်းနှီးမှုကို မြှင့်တင်ဖို့ပါ။
Aron ရဲ့ အခေါ် "တည်တံ့၊ မြင့်တက်၊
တုံ့လှယ်၊ ပုဂ္ဂိုံလ်ရေး
ကိုယ်တိုင် ဖွင့်ဟချက်" သုံးပြီးတော့ပေါ့။
စိတ်ကူးယဉ်ဆန်ပုံပေါက်တယ်
မဟုတ်လား။
ဒါပေမဲ့ လေ့လာမှုက
အလုပ်မဖြစ်ခဲ့ဘူး
ပါဝင်သူတွေဟာ ဒါလုပ်ပြီးတဲ့နောက်
နီးစပ်တယ်လို့ တကယ်ပဲ ခံစားရပြီး
နောက်ပိုင်း လေ့လာမှု အများအပြားမှာ Aron
ရဲ့ အမြန်မိတ်ဆွေ လုပ်ထုံး ပါသေးတယ်
သူစိမ်း ၂ဦးကြား ယုံကြည်မှုနဲ့ ရင်းနှီးမှု
မြန်မြန်ဖန်တီးဖို့ နည်းတစ်နည်း အဖြစ်ပါ။
ဒါကို ရဲအဖွဲ့ဝင်တွေကြား နဲ့
လူအဖွဲ့ကြားမှာ သုံးပြီး
နိုင်ငံရေး သဘောထားအမြင်
ဆန့်ကျင်ဘက် ရှိသူတွေကြားမှာ သုံးတယ်။
ဇာတ်လမ်းရဲ့ မူလအဆို
ကျွန်မ မနှစ်က နွေမှာ စမ်းခဲ့တဲ့
၄ မိိနစ် မျက်လုံးခြင်းဆုံတာနဲ့ ကိုယ်ရေး
ကိုယ်တာ မေးခွန်းတွေ တွဲထားတာက
ဒီဆောင်းပါးမှာ ရည်ညွှန်းခဲ့ပါတယ်၊
ဒါပေမဲ့ ကံဆိုးစွာပဲ ဒါက
ဘယ်တုန်းကမှ မထုတ်ဝေဖြစ်ခဲ့ဘူး။
ဒီတော့ လွန်ခဲ့တဲ့ လအနည်းငယ်က
လွတ်လပ်သော အနုပညာကောလိပ်မှာ
ဟောပြောပွဲတစ်ခု လုပ်နေခဲ့တုန်း
ဒါပြီးတော့ ကျောင်းသားတစ်ယောက်
ပေါက်ချလာပြီး
ရှက်တဲ့ ပုံစံမျိုးနဲ့ ပြောတာက
" ဒီလိုဗျ၊ ခင်ဗျားရဲ့ လေ့လာမှုကို
စမ်းကြည့်တယ်၊ အလုပ်မဖြစ်ဘူးဗျ"တဲ့။
သူဟာ ဒါနဲ့ပတ်သက်ပြီး
နဝေတိမ်တောင် ဖြစ်နေပုံပါ။
"မင်း ဆိုလိုတာက မင်းနဲ့ စမ်းခဲ့တဲ့သူနဲ့
မချစ်မိဘူးပေါ့" လို့ မေးလိုက်တယ်။
အင်း ...သူက ခဏရပ်လိုက်ပြီး
"သူက မိတ်ဆွေပဲဖြစ်ချင်တာလို့
ကျွန်တော်ထင်တယ်"
"ဒါပေမဲ့ မင်းတို့ ပိုကောင်းတဲ့မိတ်ဆွေတွေ
ဖြစ်ခဲ့တယ်မို့လား" ကျွန်မ မေးလိုက်တယ်။
"မင်းတို့ တစ်ယောက်ကိုတစ်ယောက်
အရမ်းသိလာတယ်လို့ ခံစားမိတယ်မို့လား။"
သူခေါင်းညိတ်တယ်။
"ဒါဆို အလုပ်ဖြစ်တာပေါ့ကွ" လို့
ပြောလိုက်တယ်။
သူရှာနေတဲ့ အဖြေက
ဒါမဟုတ်ဘူးထင်တယ်၊
တကယ်က အချစ်ဆိုတာ ဖြစ်လာရင်
ဒါဟာ ကျွန်မတို့တွေ
ရှာနေတဲ့ အဖြေမဟုတ်ဘူးထင်တာပဲ။
ဒီလေ့လာမှုကို ကျွန်မ ၂၉ နှစ်မှာ
သိရှိလိုက်တာ ဖြစ်ပြီး
တကယ်ကို ခက်ခဲတဲ့ ပြိုကွဲခြင်း
တစ်ခုကို ကျော်ဖြတ်နေတုန်းပါ။
အသက် ၂၀ တည်းက ချစ်သံယောဇဉ်
ထားတာဖြစိပြီး
ဒါဟာ အဓိကအားဖြင့် ကျွန်မရဲ့
လူကြီးဘဝ တစ်ခုလုံးဖြစ်ပြီး
သူက ကျွန်မရဲ့ တကယ့် အချစ်ဦးပါ။
သူမပါပဲ ဘဝကို ဘယ်ပုံ၊ဘယ်နည်း
ဖန်တီးရမလဲ ဆိုတာ မသိခဲ့ပါဘူး။
ဒီတော့ သိပ္ပံပညာဘက်ကို
ဦးလှည့်လိုက်တယ်။
စိတ်ကူးယဉ် အချစ်ရဲ့သိပ္ပံနဲ့ဆိုင်တဲ့
ရှာရနိုင်သမျှကို သုသေသနပြုခဲ့တယ်၊
ဒါက တနည်းနည်းနဲ့ ပူဆွေးတာကနေ
ကာကွယ် ပေးနိုင်လိမ့်မယ်ပေါ့လေ။
အဲဒီတုန်းက ကိုယ်ဒါကို သိခဲ့မှန်း
မသိပါဘူး။
ကိုယ်ရေးနေတဲ့ ဒီစာအုပ်အတွက်
သုသေသန လုပ်နေတယ်ပဲ ထင်မိတာ။
ဒါပေမဲ့ ပြန်ပြောင်းကြည့်တော့
အရမ်းသိသာနေပုံပါ။
မျှော်လင့်ခဲ့တာက ကိုယ့်ကိုယ်ကို စိတ်ကူး
ယဉ်အချစ် အသိပညာနဲ့တပ်ဆင်ထားရင်
အဲဒီအချိန်ကလို ဆိုးရွား၊ အထီးကျန်တာမျိုး
ဘယ်တော့မှ ဖြစ်တော့မှာ မဟုတ်ဘူးပေါ့။
ဒီအသိပညာ အားလုံးဟာတစ်ချို့
အနေအထားတွေမှာ အသုံးဝင်ပါတယ်။
အချစ်မှာ ပိုပြီး သည်းခံပါတယ်၊
ပိုပြီး စိတ်ပြေလျှော့ပါတယ်။
လိုချင်တာမေးဖို့ ပိုပြီး
ယုံကြည်မှုရှိပါတယ်။
ဒါပေမဲ့ ကိုယ့်ကိုယ်ကို ပိုပြီး ကြည်ကြည်
လင်လင်လည်း မြင်တတ်ပြီး
တစ်ခါတစ်ရံမှာ ကိုယ်လိုချင်တာက အတောင်း
ခံရနိုင်တာထက်
တော်တော်ပိုတယ်ဆိုတာ တွေ့နိုင်တာပေါ့။
အချစ်ကနေ ကိုယ်လိုချင်တာက
အာမခံချက် တစ်ခုပါ။
ဒီနေ့ မှာ ကိုယ်အချစ်ခံရတာနဲ့
မနက်ဖြန် ကိုယ်အချစ်ခံရတာ
ပဲမဟုတ်ပါ။
ဒါပေမဲ့ အကန့်အသတ်မရှိ ကိုယ်ချစ်တဲ့သူ
ရဲ့ ဆက်ပြီးအချစ်ခံမှာပါ။
ဒါဟာ အာမခံချက် တစ်ခုရဲ့
ဖြစ်နိုင်ခြေ ဖြစ်ချင်ဖြစ်မှာပေါ့။
လူတွေ တကယ်ကို မေးနေတဲ့ ကျွန်မတို့တွေ
သိချင်လို့ မေးတဲ့အခါနဲ့ ပတ်သက်လို့ပေါ့။
ဒီတော့ မီဒီယာတွေပြောတဲ့ မေးခွန်း ၃၆ ခွန်း
နဲ့ပတ်သက်တဲ့ ဇာတ်လမ်းက
ချစ်ကြိုက်သွားဖို့ ဖြတ်လမ်းတစ်ခု
ဖြစ်ချင်ဖြစ်လိမ့်မပေါ့။
စွှန့်စားမှုပါဝင်တာကို လျော့ပါးစေတဲ့
နည်းလမ်းတစ်ခု ဖြစ်ချင်ဖြစ်မယ်၊
ဒါဟာ စိတ်ဝင်စားစရာကောင်းတဲ့
ဇာတ်လမ်းတစ်ခုပါ။
ဘာလို့ဆို ချစ်ကြိုက်ခြင်းက အံ့အားသင့်ခြင်း
ကိုခံစားရပြီး
ထိတ်လန့်စရာလည်း ကောင်းတာကိုး။
တစ်စုံတစ်ယောက်ကို ချစ်နေတာ
ဝန်ခံလိုက်တဲ့ အခိုက်အတန့်ဟာ
ဆုံးရှုံးစရာ အများကြီးရှိတယ်ဆိုတာ
ဝန်ခံလိုက်တာဖြစ်ပြီး
ဒီမေးခွန်းတွေက လူတစ်ယောက်ကို
အမြန်သိကျွမ်းစေဖို့
အထောက်အပံ့ပြုတဲ့ ယန္တရားတစ်ခုဖြစ်ပြီး
ကိုယ့်ကိုသိကျွမ်းစေတဲ့
ယန္တရားဆိုတာလည်း အမှန်ပါပဲ။
ဒါက ချစ်ခြင်းကနေ ကျွန်မတို့အားလုံးနီးပါး
လိုချင်တဲ့ဟာလို့ ကျွန်မထင်တယ်။
သိစေဖို့၊ မြင်စေဖို့၊ နားလည်စေဖို့လေ။
ဒါပေမဲ့ အချစ်ဆိုတာ ဖြစ်လာရင်
ကျွန်မတို့ဟာ ဇာတ်လမ်းရဲ့ အတိုချုပ်အဆိုကို
လက်ခံဖို့ အရမ်း လိုလားကြပါတယ်။
ဒီဇာတ်လမ်းရဲ့ အဆိုမှာမေးတာက
"မင်းတို့ အတူတူရှိတုန်းလား" ဖြစိပြီး
ဒါက "ဟုတ်တယ်"၊ "မဟုတ်ဘူး"
အဖြေနဲ့ လုံလောက်ပါတယ်။
ဒီတော့ ဒီမေးခွန်း ဆိုတာထက်
ပိုခက်တဲ့ မေးခွန်းတွေမေးတာကို
အဆိုပြုချင်ပါတယ်။
မေးခွန်းတွေက ဒီလိုပါ။
ကိုယ့်အချစ်နဲ့ ထိုက်တန်သူ နဲ့
မထို်က်တန်သူ
ဆိုတာ ဘယ်လိုဆုံးဖြတ်လဲ။
အခက်အခဲတွေ့လာချိန်မှာ ဘယ်လိုဆက်ပြီး
အချစ်မြဲ နေကြလဲ၊
ဘယ်အချိန် ဖြတ်ပြီး၊ ပြေးဖို့
ဘယ်လိုသိမလဲ၊
ဆက်ဆံမှုတိုင်းမှာ မလွှဲမရှောင်သာ
ချွတ်နင်းဝင်လာတဲ့
သံသယနဲ့ ဘယ်လိုနေထိုင်မလဲ၊
ဒါမှမဟုတ် ပိုပြီးခက်တာက
ကိုယ့်အဖော်ရဲ့ သံသယနဲ့
ဘယ်လိုနေထိုင်မလဲ။
ဒီမေးခွန်းတွေရဲ့ အဖြေတွေကို
သေချာပေါက် ကျွန်မ မသိပါဘူး။
ဒါပေမဲ့ ဒါတွေဟာ တစ်စုံတစ်ယောက်ကို ချစ်ဖို့
ရည်ရွယ်တဲ့အကြောင်း ပိုပြီး အလေးအနက်
ပြောဆိုရာမှာတော့ အရေးပါ
တဲ့ အစပျိုးမှုတွေပါ။
ဒီတော့ ရှင်တို့လိုချင်ရင်
ကျွန်မရဲ့ဆက်ဆံရေး ဇာတ်လမ်းရဲ့
အတိုချုပ်မူကတော့ ဒါပါပဲ။
လွန်ခဲ့တဲ့နှစ်က ကျွန်မနဲ့ အသိအကျွမ်း
တစ်ယောက် စိတ်ကူးယဉ်အချစ်
ဖန်တီးဖို့ ရေးဆွဲထားတဲ့
လေ့လာမှု တစ်ခုလုပ်ခဲ့တယ်၊
ပြီးတော့ ကျွန်မတို့ ချစ်သွားကြပြီး
ကျွန်မတို့ အတူတူရှိတုန်းပါ၊
ကျွန်မ အရမ်းပျော်ပါတယ်။
ဒါပေမဲ့ ချစ်ကြိုက်ခြင်းဟာ ဆက်ချစ်နေခြင်း
နဲ့တော့ မတူပါဘူး။
ချစ်ကြိုက်ခြင်းဟာ
လွယ်ကူတဲ့အပိုင်းပါ။
ဒီတော့ ဆောင်းပါးအဆုံးမှာ ရေးခဲ့တာက
"အချစ်ဟာ ကိုယ်တို့အတွက် ဖြစ်မလာခဲ့ဘူး၊
ကိုယ်တို့ ချစ်ခဲ့တာက တစ်ဦးချင်းစီက
ဒီလိုဖြစ်ဖို့ ရွေးခဲ့လို့ပါ"
အခု ကျွန်မဒါကိုဖတ်မိတော့
နည်းနည်း တွန့်နေမိတယ်၊
ဒါက မမှန်လို့တော့ မဟုတ်ပါဘူး၊
ဒါပေမဲ့ အဲဒီအချိန်က အဲဒီ ရွေးချယ်မှု
ထဲမှာပါတာတိုင်းကို
တကယ်ကို ထည့်သွင်းမစဉ်းစားခဲ့လို့ပါ။
ဒီရွေးချယ်မှုကို ကိုယ်စီ
ဘယ်နှစ်ခါ လုပ်ဖို့လိုမလဲ
သူ ကျွန်မကို အမြဲရွေးမလား၊ မရွေးဘူးလား
ဆိုတာကို မသိရဘဲ
ဒီရွေးချယ်မှုကို ဘယ်နှစ်ခါ ဆက်လုပ်ဖို့
လိုမယ်ဆိုတာ မစဉ်းစားမိခဲ့ဘူး၊
မေးခွန်း ၃၆ခွန်း မေးပြီး၊ဖြေပြီး
ဖို့လောက်နဲ့ ကျေနပ်ချင်ခဲ့ပြီး
ရက်ရော၊ ကြင်နာပြီး ပျော်စရာကောင်း
တဲ့တစ်ယောက်ကို ချစ်ဖို့ ရွေးရဖို့နဲ့
ဒီရွေးချယ်မှုကို အမေရိကားက အကြီးဆုံး
သတင်းစာမှာ ထုတ်လွှင့်ဖို့ ဆိုရုံပါပဲ။
ဒါပေမဲ့ ကျွန်မလုပ်ခဲ့တာက အဲဒါအစား
ကျွန်မ ဆက်ဆံရေးက
ကျွန်မ လုံးဝကို မယုံနိုင်တဲ့ ဒဏ္ဍာရီ
တစ်ခုလို ပြောင်းသွားခဲ့တယ်။
ဒီတော့ ကျွန်မဖြစ်ချင်တာက ၊ကျွန်မဘဝမှာ
တောင့်တရင်း ကုန်ဆုံးဖြစ်မှာက
ဒီဒဏ္ဍာရီကို တကယ်ဖြစ်ဖို့
အတွက်ဖြစ်ချင်ဖြစ်မှာပါ။
ကျွန်မ ဆောင်းပါး ခေါင်းစဉ်နဲ့ သွယ်ဝိုက်
ပြောတဲ့ ပျော်စရာအဆုံးသတ် လိုချင်တယ်။
ဒါက အမှတ်မထင်ပါ။
ကျွန်မ တကယ် မရေးခဲ့တဲ့
ဆောင်းပါးရဲ့ အပိုင်းပါပဲ။
(ရယ်သံများ)
ဒါပေမဲ့ အဲ့ဒါအစား ကျွန်မမှာရှိတာက
တစ်စုံတစ်ယောက်ကို ချစ်ဖို့ ရွေးချယ်ခွင့်
ပြီးတော့ သူက ကိုယ်ကို ပြန်ချစ်ဖို့ရွေး
လိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်ပါ။
ဒါက လန့်စရာကောင်းပေမည့်လည်း
အချစ်နဲ့ ပတ်သက်နေတယ်လေ။
ကျေးဇူးတင်ပါတယ် ရှင်။