စိတ်လှည့်စားရေး သိပ္ပံပညာ
-
0:01 - 0:04ပုံတစ်ပုံဟာ စကားလုံး တစ်ထောင်ထက်ကို ပိုပြီးတန်ပါတယ်။
-
0:04 - 0:07ကျွန်တော်ဟာ ကျွန်တော်ပြောချင်တာကို
-
0:07 - 0:09စကားနဲ့ပြောမယ့်အစား ပုံတချို့ကို ပြသခြင်းနဲ့စတင်ချင်ပါတယ်။
-
0:09 - 0:12မကြာသေးခင်တုန်းက ရိုက်ခဲ့တဲ့ ပုံတွေပါ။
-
0:31 - 0:35ဒီလောက် အကြာမှာ ကျွန်တော်ရဲ့ တင်ပြမှုဟာ စကားလုံး ၆.၀၀၀ လောက် တန်နေပါပြီ။
-
0:35 - 0:37ဒီတော့ ဒါကို ဒီမှာဘဲ ရပ်လို့ရပါပြီ။
-
0:37 - 0:39ရယ်မောသံများ)
-
0:39 - 0:41တစ်ချိန်တည်းမှာ၊ ခင်ဗျးတို့ အခုလေးတင် မြင်လိုက်ကြတဲ့
-
0:41 - 0:42ပုံတွေ အကြောင်းကို နည်းနည်းလေး
-
0:42 - 0:45ရှင်းပြဖို့တော့ လိုမယ်နဲ့တူပါတယ်။
-
0:45 - 0:48ကျွန်တော်ဟာ ဓါတ်ပုံဆရာ တစ်ယောက် အဖြစ်
-
0:48 - 0:50အနုပညာရှင် တစ်ယောက် အဖြစ် လုပ်လိုတာက
-
0:50 - 0:54အနုပညာ နဲ့ သိပ္ပံဆိုတဲ့ ကမ္ဘာနှစ်ခုကို ပေါင်းစပ်ပေးဖို့ပါပဲ။
-
0:54 - 0:56ကျွန်တော် ရိုက်ထားတာက ပေါက်ကွဲနေတဲ့ တစ်ခဏမှာ
-
0:56 - 0:59ရိုက်လိုက်တဲ့ ဆပ်ပြာအမြုပ်ရဲ့ ပုံလား
-
0:59 - 1:01ဒီမှာ အခုခင်ဗျားတို မြင်နေရတဲ့ဟာ
-
1:01 - 1:04ဒါမှမဟုတ် သေးနုပ်တဲ့ ဆီဆေးတွေရဲ့ သေးငယ်တဲ့
-
1:04 - 1:07ပုတီးလုံးများတွေနဲ့ ပြုလုပ်ထားတဲ့ ပုံများလား
-
1:07 - 1:11ဒါမှမဟုတ် သိပ်ကို ထူးဆန်းပြီး နားလည်မရအောင် ပြုမူနေကြတဲ့ အရည်များလား
-
1:11 - 1:15ဒါမှမဟုတ် ဗဟိုခွာအားရဲ့ တွန်းအားကြောင့် ပေါ်လာတဲ့ ပုံလား
-
1:15 - 1:19ကျွန်တော်ဟာ ခုနက ပြောခဲ့တဲ့ နယ်ပယ် နစ်ခုကို အတူတူ ချိတ်ဆက်ဖို့ ကြိုးစားနေတာပါ။
-
1:19 - 1:21အဲဒီ အရာနှစ်ခုနှင့် ပတ်သက်တဲ့ စိတ်ဝင်စားစရာ ကောင်းတာက
-
1:21 - 1:25၎င်းတို့ နှစ်ခုစလုံးဟာ အရာတစ်ခုတည်းကိုပဲ ကြည့်နေကြခြင်းပါပဲ
-
1:25 - 1:28၎င်းတို့ဟာ ပတ်ဝန်းကျင်ကို တုံ့ပြန်မှု သဘောပါပဲ။
-
1:28 - 1:31ဒါပေမဲ့၊ ဘယ်လိုပဲဖြစ်ဖြစ် သူတို့ဟာ အဲဒါကို လုပ်ပုံလုပ်နည်း မတူပါဘူး။
-
1:31 - 1:34ခင်ဗျားတို့ဟာ သိပ္ပံပညာကို ဘက်တစ်ဘက်မှ ကြည့်မယ်ဆိုရင်
-
1:34 - 1:37သိပ္ပံပညာ ဆိုတာ ပတ်ဝန်းကျင်မှာ ရှိတာတွေကို
-
1:37 - 1:38စနစ်တစ်ကျ ချဉ်းကပ်မှုပါ။
-
1:38 - 1:41ဒါပေမဲ့ အနုပညာကျတော့ လုံးဝမတူတော့ပဲ
-
1:41 - 1:45၎င်းရဲ့ ပတ်ဝန်းကျင်မှာ ရှိတာကို လှုပ်ရှားနေတဲ့ စိတ်ဖြင့် ကြည့်ရှုမှုပါ။
-
1:45 - 1:47ကျွန်တော် ကြိုးစားနေတာက အဲဒီလို မြင်ကွင်း နှစ်ခုကို
-
1:47 - 1:49တစ်ခုဖြစ်အောင် လုပ်ပေးလိုက်ခြင်းဖြင့်
-
1:49 - 1:53ပုံတွေက ကြည့်ရှုသူရဲ့ နှလုံးသားကိုရော
-
1:53 - 1:57ဦးနှောက်ကိုပါ တစ်စုံတစ်ခု ပြပေးဖို့ကိုပါပဲ။
-
1:57 - 2:01အဲဒီ အကြောင်းကို ပရိုဂျက် သုံခုကို အခြေံခံပြီး ပြပေးပါရစေ။
-
2:01 - 2:06ပထမ တစ်ခုက အသံကို မြင်အောင်လုပ်ပေးမှုနဲ့ ဆက်စပ်ပါတယ်။
-
2:06 - 2:07ခင်ဗျားတို့ အားလုံး သိကြသလို
-
2:07 - 2:10အသံဟာ လှိုင်းပုံစံနဲ့ ရွေ့ရှားတာပါ
-
2:10 - 2:12ဒီတော့ ကျွန်တော်တို့ဆီမှာ စပီကာ ရှိတယ်ဆိုရင်
-
2:12 - 2:14တကယ်တော့ စပီကာ ဆိုတာဟာ
-
2:14 - 2:16အသံရဲ့ အချက်ပေးမှုကို ယူလိုက်ကာ
-
2:16 - 2:20တုန်ခါမှု အဖြစ်ကို ပြောင်းလဲပေးလိုက်တာပါ
-
2:20 - 2:23တဖန် အဲဒါကို လေမှတစ်ဆင့် နားဆီကို ရောက်အောင် ပို့လိုက်တဲ့ အခါမှာ
-
2:23 - 2:24ကျွန်တော်တို့ရဲ့ နားမှာ ကြားလာရခြင်းဖြစ်ပြီး
-
2:24 - 2:28အဲဒါကို ထပ်ပြိးတော့ အသံရဲ့ အချက်ပေးမှုအဖြစ် ပြောင်းလဲ ပေးလိုက်ပြန်တာပါပဲ။
-
2:28 - 2:30အဲဒါနဲ့ ကျွန်တော် စဉ်းစားလာခဲ့တာက
-
2:30 - 2:34အဲဒီလို အသံလှိုင်းတွေကို မြင်ရအောင်ဘယ်လို လုပ်ပေးနိုင်မလဲ။
-
2:34 - 2:36အဲဒါနဲ့ ကျွန်တော်ဟာ ဒီလို စမ်းသပ်မှုကို ကြံဆလိုက်ပါတယ်။
-
2:36 - 2:40ကျွန်တော်ဟာ စပီကာ တစ်ခုကို ယူလိုက်တယ်၊ ပလပ်စတစ် အပါးလေးကို
-
2:40 - 2:42အဲဒီ စပီကာရဲ့ အပေါ်မှာ တင်လိုက်ပါတယ်
-
2:42 - 2:45အဲဒီနောက်မှာ ကျွန်တော်ဟာ ရောင်စုံ ဓါတ်ဆားပွင့်တွေကို
-
2:45 - 2:47စပီကာရဲ့ အပေါ်မှာ ထည့်ပေးလိုက်ပါတယ်။
-
2:47 - 2:50အဲဒီနောက်မှာ၊ ကျွန်တော်က အဲဒီစပီကာမှ တစ်ဆင့် အသံကို ဖွင့်လိုက်မယ်ဆိုရင်
-
2:50 - 2:53အသံဟာ ခုနကဓါတ်ဆားပွင်တွေကို အပေါ်အောက် လှုပ်ခါစေပါမယ်။
-
2:53 - 2:56ဒါပေမဲ့၊ အဲဒါဟာ
-
2:56 - 2:58မျက်တောင် တစ်ခတ်ကာလ အတွင်းမှာ ဖြစ်ပျက်တာကို
-
2:58 - 3:01ကျွန်တော်တို့ဟာ LG နဲ့အတူ အဲဒီလို လှုပ်ခါမှုကို
-
3:01 - 3:03တစ်စက္ကန့်မှာ ပုံ ၃.၀၀၀ ကို ရိုက်ကူးနိုင်စွမ်း ရှိတဲ့
-
3:03 - 3:07ကင်မရာနဲ့ ရိုက်ကူးယူခဲ့ကြပါတယ်။
-
3:07 - 3:10အဲဒါနဲ့ ဘာနဲ့ တူတယ်ဆိုတာကို အခု ပြပေးချင်ပါတယ်။
-
3:10 - 3:15(ဂီတ: Massive Attack အဖွဲ့ရဲ့ "Teardrop" တေး)
-
3:51 - 3:57(လက်ခုပ်တီးသံများ)
-
3:57 - 3:58ကျေးဇူးတင်ပါတယ်။
-
3:58 - 4:01အတော်လေးကို အံ့အားသင့်စရာ ကောင်းတာကို ကျွန်တော် သဘောတူပါတယ်။
-
4:01 - 4:04ကျွန်တော် ရယ်စရာကောင်းတဲ့ အဖြစ်ကိုပြောပြရဦးမယ်။
-
4:04 - 4:06ဒါကို လုပ်ကိုင်နေစဉ် ကျွန်တော်ဟာ အခန်းထဲမှာကို နေလောင်မိပါတယ်
-
4:06 - 4:08လော့အိန်းဂျလီးစ်မြို့မှာ အဲဒီပုံတွေကို ရိုက်နေတုန်းကပါ။
-
4:08 - 4:10အခုအချိန်မှာတော့ ခင်ဗျားတို့ဟာ လော့အိန်းဂျလီးစ်မြို့မှာ
-
4:10 - 4:12ဘယ် ပင်လယ်ကမ်းခြေမှာ မဆို နေလောင်နိုင်ပါတယ်
-
4:12 - 4:14ဒါပေမဲ့ ကျွန်တော်ကျတော့ အခန်းထဲမှာနေထိုင်ရင်းနဲ့ လောင်လာတာပါ
-
4:14 - 4:16ဖြစ်ပုံက ဒီလိုလေ။
-
4:16 - 4:19ခင်ဗျားဟာ တစ်စက္ကန့်ကို ပုံ ၃.၀၀၀ နှုန်းနဲ့ ရိုက်နေရင်
-
4:19 - 4:23ခင်ဗျားဟာ အလင်းရောင် အများကြီး၊ အရမ်းကိုများတဲ့ အလင်းရောင်ကို လိုအပ်ပါတယ်။
-
4:23 - 4:26ကျွန်တေ်တို့ဟာ စပီကာကို ခုနက ပြောခဲ့သလို စီမံလိုက်ပါတယ်
-
4:26 - 4:27အဲဒီနောက်မှာ အဲဒီဖက်ကို မျက်နှာမူထားတဲ့ ကင်မရာ ရှိခဲ့ပါတယ်
-
4:27 - 4:31ပြီးတော့ စပီကာဖက်ကို ထိုးပေးထားတဲ့ အလင်းရောင်က အများကြီးပဲ။
-
4:31 - 4:32ကျွန်တော်က စပီကာကို လိုသလို ထားပေးတယ်။
-
4:32 - 4:35သေးနုပ်တဲ့ ဓါတ်ဆားပွင့်တွေကို စပီကာ အပေါ်မှာ တင်ပေးတယ်
-
4:35 - 4:38အဲဒါကို ကျွန်တော်တို့ဟာ ထပ်တလဲလဲ အကြိမ်ပေါင်းများစွာ လုပ်ခဲ့ရတယ်။
-
4:38 - 4:41နေ့လယ်လောက်ကျမှ ကျွန်တော် သိနားလည်လိုက်တာက
-
4:41 - 4:43ကျွန်တော့် မျက်နှာဟာ လုံးဝကို နီရဲနေခဲ့တယ်
-
4:43 - 4:46စပီကာဆီကို ထိုးပေးထားတဲ့ အလင်းရောင်ကြောင့်ပါ။
-
4:46 - 4:48အဲဒီ ဖြစ်ရပ်ထဲမျာ နောက် တစ်ခု ရယ်စရာ ကောင်းလိုက်သေးတာက
-
4:48 - 4:51အလင်းရောင်ဟာ ညာဖက်ကနေပြီးတော့သာ လာနေခဲ့တာ၊
-
4:51 - 4:55အဲဒါကြောင့် ကျွန်တော့်မျက်နှာ ညာဖက်ဟာ လုံးဝကို နီနေခဲ့ပါတယ်
-
4:55 - 4:56ကျွန်တော်ဟာ Phantom of the Opera ထဲက အတိုင်းပါပဲ၊
-
4:56 - 4:59တပတ်လုံး အဲဒီလို မျက်နှာ နီရဲရဲနဲ့ နေခဲ့ရပါတယ်။
-
4:59 - 5:01အခုတော့ ကျွန်တော်ဟာ နောက် ပရိုဂျက် တစ်ခုဆီကို ဦးလှည့်လိုပါတယ်။
-
5:01 - 5:05အဲဒီထဲမှာ ပါဝင်ကြတဲ့ အရာတွေဟာ ခုနကလောက် အန္တရာယ် မများပါဘူး။
-
5:08 - 5:11ခင်ဗျားတို့ထဲမှာ ဖဲရိုအရည် ဆိုတာကို ကြားဘူးခဲ့သူ ရှိလား။
-
5:11 - 5:14အော်ဟုတ်လား၊ တချို့တို့ဆီမှာ ရှိတယ်တဲ့။ သိပ်ကောင်းပါတယ်။
-
5:14 - 5:16ဒီလိုဆို ဒီအပိုင်းကို ကျွန်တော်တို့ ကျော်လိုက်ရမလား။
-
5:16 - 5:17(ရယ်မောသံများ)
-
5:17 - 5:21အဲဒီ ဖဲရိုအရည်တွေ ပြုမူပုံဟာ သိပ်ကို ဆန်းပါတယ်။
-
5:21 - 5:23အပြင်ပမ်းအားဖြင့် အဲဒါဟာ လုံးဝ မည်းနက်နေတဲ့ အရည်ပါ။
-
5:23 - 5:25ဆီလို အနေအထားပါ။
-
5:25 - 5:29၎င်းထဲမှာ သေးနုပ်တဲ့ သတ္ထုစလေးတွေ ရှိပါတယ်
-
5:29 - 5:31၎င်းတို့ကြောင့် အဲဒီအရည်ဟာ သံလိုက်ကို ခံစားနိုင်ပါတယ်။
-
5:31 - 5:35အဲဒီတော့ အဲဒီလို အရည်ကို သံလိုက်စက်ကွင်းထဲကို ထည့်လိုက်ရင်
-
5:35 - 5:37၎င်းရဲ့ အသွင်အပြင်ဟာ ပြောင်းလဲလာပါမယ်။
-
5:37 - 5:41ကျွန်တော်ဟာ အဲဒါကို ခင်ဗျားတို့ကို ပြပေးဖို့
-
5:41 - 5:44ဟိုဖက်မှာ စီစဉ်ထားပါတယ်။
-
5:48 - 5:50ဒီတော့ ကျွန်တော်ရဲ့ ကင်မရာဟာ ဒီပန်းကန်ဖက်ကို မျက်နှာမူထားပါတယ်
-
5:50 - 5:54အဲဒီ ပန်းကန်ရဲ့ အောက်ဖက်မှာ ကျတော့ သံလိုက်ရှိပါတယ်။
-
5:54 - 5:57အခုတော့ ကျွန်တော်ဟာ ခုနက ပြောပြခဲ့တဲ့
-
5:57 - 6:00အရည် နည်းနည်းလေးကို အဲဒီကို ထည့်ပေးပါမယ်။
-
6:06 - 6:10ဒီတစ်ခုလုံးကို ညာဖက်ကို မသိမသာ ရွှေ့လိုက်မယ်
-
6:13 - 6:18ပြီးတော့ ဆုံချက်ကို နည်းနည်းလေး ညှိပေးမယ်။ သိပ်ကောင်း။
-
6:18 - 6:20ဒီတော့ ခင်ဗျားတို့ အားလုံး မြင်နိုင်ကကြသလို
-
6:20 - 6:23ဖဲရိုအရည်ဟာ စုစည်းလျက် ဆူးချွန်ပုံစံမျိုးနဲ့ ထိုးထွက်နေပါတယ်။
-
6:23 - 6:26အဲဒါကတော့ အရည်ထဲက အပိုင်းအစလေး တစ်ခုချင်းစီရဲ့
-
6:26 - 6:30ဆွဲဆောင်မှု နဲ့ ကန်ထုတ်မှု အားတွေကြောင့်ပါ။
-
6:30 - 6:32အခု ကျွန်တော်တို့ မြင်လာရတာဟာ အတော်ကလေး စိတ်ဝင်စားစရာပါပဲ
-
6:32 - 6:36ဒါပေမဲ့ ကျွန်တော်ဟာ အဲဒီထဲကို ရေဆေးကို နည်းနည်းလေး ထည့်ပေးပါဦးမယ်။
-
6:36 - 6:38ဒါတွေဟာ သာမန် ရေဆးတွေပါ။
-
6:38 - 6:40ပုံဆွဲဖို့ ခင်ဗျားတို့ သုံးကြတာမျိုးပါ။
-
6:40 - 6:41ခင်ဗျားတို့ကတော့ ဆေးထိုးအပ်သုံးပြီး ပုံဆွဲမှာ မဟုတ်ပေမဲ့
-
6:41 - 6:46ရလာတဲ့ ရလဒ်ကတော့ အတူတူပါပဲ။
-
6:59 - 7:01ဒီတော့ အခု ဘယ်လို ဖြစ်လာသလဲဆိုတော့
-
7:01 - 7:04ရေဆေးက ကျွန်တော်တို့ရဲ့ စနစ်ထဲကို စီးဝင်လာရာတွင်
-
7:04 - 7:08အဲဒီ ရေဆေးဟာ ဖဲရိုအရည်တွေနဲ့ မရောနှောနိုင်ပါဘူး။
-
7:08 - 7:10အဲဒါက ဖဲရိုအရည် ကိုယ်တိုင်ကိုက
-
7:10 - 7:12ရေနဲ့ မရောစပ်နိုင်လို့ပါ။
-
7:12 - 7:14၎င်းဟာ ရေနဲ့ ရောနှောမှု မရှိုနိုင်လို့ ဖြစ်ရပါတယ်။
-
7:14 - 7:17အဲဒီ တစ်ချိန်တည်းဟာ ၎င်းဟာ
-
7:17 - 7:19သံလိုက် အထက်မှာ အခြေအနေကိုတော့ ထိန်းထားချင်ပါတယ်
-
7:19 - 7:22အဲဒါကြောင့်မို့လို့ ဒီလို အံ့အားသင့်ဖွယ်
-
7:22 - 7:25မြောင်းလိုင်းတွေ နဲ့ သေးငယ်တဲ့ အိုင်တွေကို
-
7:25 - 7:28ရေဆေးဖြင့် ရေးချယ်ထားတာကို မြင်နေရပါတယ်။
-
7:28 - 7:30အဲဒါကတော့ ဒုတိယမြောက် ပရိုဂျက်ပဲ ဖြစ်ခဲ့ပါတယ်။
-
7:30 - 7:32အခုတော့ နောက်ဆုံး ပရိုဂျက်ဆီကို သွားကြရအောင်
-
7:32 - 7:37အဲဒီမှာပါဝင်တာက
-
7:37 - 7:39စကော့လန်ရဲ့ နာမည်ကြီး အမျိုးသား ယမကာပဲ ဖြစ်ပါတယ်။
-
7:39 - 7:41(ရယ်မောသံများ)
-
7:41 - 7:45ဟောဒီပုံကို၊ ပြီးတော့ ဒီပုံကို
-
7:45 - 7:48ဝီစကီကို အသုံးပြုပြီး ရယူခဲ့ပါတယ်။
-
7:48 - 7:50ဒီလိုပြောလိုက်လို့
-
7:50 - 7:51ဘယ်လိုလုပ်ပြီး ရယူနိုင်ခဲ့တာလဲလို့ မေးနိုင်ကြပါတယ်။
-
7:51 - 7:53ဒီလူ ဝီစကီ ပုလင်းဝက်လောက်ကို သောက်ပြီးတဲ့နောက်မှာ
-
7:53 - 7:55စိတ်ချောက်ချားနေတုန်း အာရုံထဲ ပေါ်လာတာတွေကို
-
7:55 - 7:59စက္ကူပေါ်ကို ရေးဆွဲလိုက်တာများလား။
-
7:59 - 8:01ကျွန်တော်ဟာ ခုနက ပုံတွေကို ရိုက်နေစဉ်
-
8:01 - 8:04လုံးဝကို သတိရလျက် ရှိနေခဲ့တာကို အာမခံနိုင်ပါတယ်။
-
8:04 - 8:08ကောင်းပြီ၊ ကျွန်တော်တို့ သိကြသလို ဝီစကီထဲမှာ အရက်ပျံ (၄၀) ရာခိုင်နှုန်း ပါရှိပါတယ်၊
-
8:08 - 8:13ပြီးတော့ အရက်ပျံနဲ့ ပတ်သက်တဲ့ အရည်အချင်း အချို့ဟာ စိတ်ဝင်စားစရာ ကောင်းလှပါတယ်။
-
8:13 - 8:14ခင်ဗျားတို့ကလည်း ခုနက ကျွန်တော်တို့ ပြောမိခဲ့ကြတဲ့
-
8:14 - 8:17အရည်အချင်းတွေကို အရင်တုန်းက ခံစားချင်ခံစားခဲ့ဘူးကြမှာပါ
-
8:17 - 8:19ဒါပေမဲ့ ကျွန်တော် အခု ပြောပြချင်တာက ရုပ်ပိုင်းဆိုင်ရာ အရည်အချင်းတွေကိုပါ
-
8:19 - 8:22ခုနကဟာမျိုးကို မဟုတ်ပါဘူး။
-
8:22 - 8:26ကျွန်တော်က ပုလင်းကို ဖွင့်လိုက်တဲ့ အခါမှာ
-
8:26 - 8:27အရက်ပျံ မော်လီကြူးတွေဟာ လေထဲကို ပျံ့နှံ့လာကြပါမယ်
-
8:27 - 8:31အရက်ပျံဟာ သိပ်ကိုပေါ့ပါးပြီး လျင်မြန်စွာ ရွေ့ရှားနိုင်လို့ပါ
-
8:31 - 8:36တစ်ချိန်တည်းမှာ အရက်ပျံဟာ သိပ်ကို မီးလောင်လွယ်တဲ့ အရာပါ။
-
8:36 - 8:38အဲဒီ အရည်အချင်း နှစ်ခုကို အသုံးချပြီး
-
8:38 - 8:41ကျွန်တော်ဟာ ခင်ဗျားတို့ အခု မြင်နေကြရတဲ့ ပုံတွေကို
-
8:41 - 8:43ဖန်တီးနိုင်ခဲ့တာပါ။
-
8:43 - 8:46အဲဒါကို ဒီမှာကို လက်တွေ့ လုပ်ပြပါရစေ။
-
8:53 - 8:56ဒီတော့ ဒါက ဖန်ပုလင်းကြီးပါ။
-
8:56 - 8:57၎င်းရဲ့ အထဲမှာ ဘာမှ မရှိပါဘူး။
-
8:57 - 9:01အခုတော့ ကျွန်တော်ဟာ အဲဒီထဲကို အောင်စီဂျင်ကို မှုတ်သွင်းပါမယ်
-
9:01 - 9:04အဲဒီနောက်မှာဝီစကီကိုလည်း
-
9:20 - 9:23အနည်းငယ် ထည့်ပေးဦးမယ်။
-
9:26 - 9:28အခုတော့ ကျွန်တော်တို့ဟာ စက္ကန့်အနည်းငယ်ကြာ စောင့်ပါမယ်။
-
9:28 - 9:31မော်လီကြူးတွေ ပုလင်းထဲမှာ ပျံ့နှံ့လာဖို့အတွက်ပါ။
-
9:31 - 9:34ကောင်းပြီ ဒါကို မီးရှိုကြည့်ကြပါစို့။
-
9:34 - 9:38(ရယ်မောသံများ)
-
9:52 - 9:53အဲဒီမှာ ဖြစ်ပျက်တာတွေက အဲဒါအားလုံးပါပဲ။
-
9:53 - 9:56သိပ်ကို မြန်လှပါတယ်၊ သိပ်အထင်ကြီးစရာ မဟုတ်သလိုပါပဲ။
-
9:56 - 9:59ကျွန်တောဟာအဲဒါကို နောက်တစ်ကြိမ် ထပ်ပြီး လုပ်ပြလို ရပါသေးတယ်
-
9:59 - 10:02ဒါပေမဲ့ အဲဒါဟာ ဝီစကီကို လုံး၀ အဓိပ္ပါယ်မဲ့စွာ ဖြုန်းမှု ဖြစ်တယ်
-
10:02 - 10:06အဒါ့အစား ၎င်းကို သောက်ဖို့ လိုတယ်လို့ ခင်ဗျားတို့ထဲက တချို့တို့က ဆိုကြပါမယ်။
-
10:06 - 10:08ဒါပေမဲ့ ကျွန်တော်ဟာ ခုနက ဖြစ်ပျက်ခဲ့တာကို အနှေးရုပ်ရှင် ပြပါရစေ
-
10:08 - 10:09လုံးဝကို မှောင်နေတဲ့ အခန်းထဲမှာ ပြဖို့ လိုပါတယ်
-
10:09 - 10:15ခုနက ကျွန်တော် လုပ်ပြခဲ့တာကိုပဲ ခင်ဗျားတို့ ပြန်မြင်ကြရမှာပါ။
-
10:22 - 10:24အဲဒီတော့ ဖြစ်လာခဲ့တာက မီးလျှံဟာ
-
10:24 - 10:28ဖန်ပုလင်းထဲကို ထိပ်မှအောက်အထိကို ကျဆင်းသွားစဉ်
-
10:28 - 10:31လေထဲမှာ ရှိနေခဲ့ကြတဲ့ မော်လီကြူးတွေကို မီးရှိုပေးလိုက်ပါတယ်။
-
10:31 - 10:33၎င်းတို့နဲ့အတူ အရက်ပျံလည်း မီးလောင်လာပါတယ်။
-
10:33 - 10:36ဒါကြောင့်မို့လို့ အစပိုင်းမှာ ခင်ဗျားတို့ မြင်လိုက်ရတဲ့ ပုံတွေဟာ
-
10:36 - 10:40တကယ်တော့ အဲဒါတွေဟာ အချိန်ပိုင်းအရ ရပ်ပစ်ခံလိုက်ရတဲ့ မီးလျှံပါပဲ
-
10:40 - 10:43ပုလင်း တစ်လျှောက် သွားနေတဲ့ ပုံပါ။
-
10:43 - 10:44ပြီးတော့ အဲဒီလို ပုံကိုယူပြီး စိတ်ကူးဖြင့်
-
10:44 - 10:48၁၈၀ ဒီဂရီ လှည့်ပေးလိုက်ရင် ဒီလိုပုံကို ရလာမှာပါ။
-
10:48 - 10:50ဒီတော့ ဟိုဖက်က ပုံတွေ ရရှိခဲ့တာက အဲဒီလိုနည်းနဲ့ပါ။
-
10:50 - 10:54(လက်ခုပ်တီးသံများ)
-
10:54 - 10:57ကျေးဇူးတင်ပါတယ်။
-
10:57 - 11:00ဒီတော့ ကျွန်တော်ဟာ ခင်ဗျားတို့ကို ပရိုဂျက် သုံးခုကို ပြခဲ့ပါတယ်
-
11:00 - 11:03ဒါနဲ့ ဒါတွေဟာ ကောင်းတာ ဘာများ ရှိပါသလဲ ဆိုပြီး ခင်ဗျားတို့မေးနိုင်ကြပါတယ်။
-
11:03 - 11:04ဒါတွေရဲ့ နောက်ကွယ် အတွေးအခေါ်က ဘာများလဲ?
-
11:04 - 11:06အဲဒါဟာ ဝီစကီကို အလကား ဖြုန်းမှုများလား။
-
11:06 - 11:10ထူးဆန်းတဲ့ အရာတွေကို ပြလိုတာများလား။
-
11:10 - 11:13ခုနက ပရိုဂျက် သုံးခစလုံးတို့ဟာ သိပ်ကို ရိူးရှင်းနေတဲ့
-
11:13 - 11:14သိပ္ပံပညာဆိုင်ရာ အချင်းအရာတွေကို အခြေခံထားပါတယ်၊
-
11:14 - 11:17သံလိုက်ဓါတ်၊ အသံလှိုင်းများ
-
11:17 - 11:21ဒါမှမဟုတ် ဒီကိစ္စထဲမှာဆိုရင်၊ အရာဝတထ္ထု တစ်ခုရဲ့ ရုပ်ပိုင်း လက္ခဏာ တစ်ခုကို သုံးထားတယ်
-
11:21 - 11:23တကယ်တမ်းတော့ ကျွန်တော် ကြိုးစားနေတာက
-
11:23 - 11:26အဲဒီလို အချင်းအရာတွေကို အသုံးပြုပြီး
-
11:26 - 11:29အဲဒါတွေကို ကဗျာဆန်ပြီး ဘယ်သူတွေ+မှ မမြင်ဘူးတဲ့ ပုံစံမျိုးဖြင့် ပြသပေးလိုတာပါ
-
11:29 - 11:32အဲဒီလိုနည်းနဲ့ ဒါတွေကို ကြည့်ရှုကြသူတို့ကို
-
11:32 - 11:34ခဏလေး ရပ်လိုက်ကြပါ
-
11:34 - 11:36ကျွန်တော်တို့ရဲ့ ပတ်ဝန်းကျင်မှာ တစ်ချိန်လုံး ဝန်းရံလျက်ပြီး ရှိနေတဲ့
-
11:36 - 11:40အလှတရားကို စောင့်မျှော် ကြည့်လာကြဖို့ အတွက်ပါပဲ။
-
11:40 - 11:42သိပ်ကို ကျေးဇူးတင်ပါတယ်။
-
11:42 - 11:46(လက်ခုပ်တီးသံများ)
- Title:
- စိတ်လှည့်စားရေး သိပ္ပံပညာ
- Speaker:
- ဖာဘီယန် အိုဖ်နား
- Description:
-
more » « less
ဆွစ်ဇာလန် နိုင်ငံမှ အနပညာရှင် နဲ့ ဓါတ်ပုံဆရာ ဖြစ်သူ ဖာဘီယန် အိုဖ်နားဟာ နေ့စဉ်ဘဝဆိုင်ရာ သိပ္ပံပညာကို အံ့သြစရာ မြင်ကွင်းပုံများ အဖြစ် ပြသဖို့ အားထုတ်နေသူပါပဲ။ ဒီ စိတ်ဝင်စားဖွယ် ဆွေးနွေးမှုထဲမှာ သူဟာ မကြာမီတုန်းက သူရိုက်ယူခဲ့တဲ့ စိတ်လှည့်စားရေး ပုံတွေကို ပြသပေးထားရာ အသံလှိုင်းနဲ့ အပြန်အလှန်တုံ့ပြန်လှုပ်ရှားနေကြတဲ့ ဓါတ်ဆားပွင့်ကလေးရဲ့ ပုံတွေလည်း ပါပါတယ်။ ပြီးတော့ သံလိုက် အရည်ကို ရေဆေးနဲ့ ရောလိုက်ရင် ဒါမှမဟုတ် ဝိစကီကို မီးရှိ့ပေးလိုက်ရင် ဘယ်လို ဖြစ်လာနိုင်ကြောင်းကို လက်တွေ့ လုပ်ပြသွားပါတယ်။
- Video Language:
- English
- Team:
closed TED
- Project:
- TEDTalks
- Duration:
- 12:05
|
Myo Aung edited Burmese subtitles for Psychedelic science | |
|
Myo Aung edited Burmese subtitles for Psychedelic science | |
|
Myo Aung approved Burmese subtitles for Psychedelic science | |
|
sann tint accepted Burmese subtitles for Psychedelic science | |
|
Myo Aung edited Burmese subtitles for Psychedelic science | |
|
Myo Aung edited Burmese subtitles for Psychedelic science | |
|
Myo Aung edited Burmese subtitles for Psychedelic science | |
|
sann tint edited Burmese subtitles for Psychedelic science |

