-
ဟိုင်း။ ဂျွန် ဂရင်းပါ။
-
Crash Course World History အစီအစဉ်ကနေ ယနေ့
အစ္စလာမ် ဘာသာအကြောင်း ဆွေးနွေးမှာ ဖြစ်ပါတယ်။
-
အစ္စလာမ်ဟာ ခရစ်ယာန်နဲ့ ဂျူး တို့ နည်းတူ
-
မြေထဲပင်လယ် အရှေ့ပိုင်း ကမ်းရိုးတမ်းဒေသကနေ
စတင်ခဲ့တာဖြစ်ပါတယ်
-
ခရစ်ယာန်၊ ဂျူး ဘာသာတို့နဲ့ မတူတဲ့ အချက်ကတော့
-
အစ္စလာမ်ဘာသာကို အနောက်နိုင်ငံတွေမှာ
နားလည်မှု လွဲနေကြတာပဲဖြစ်ပါတယ်။
-
ဥပမာ.. ဒါဘာလဲဆိုတာ သိကောင်းသိမယ်
-
ဒါဘာလဲဆိုတာ သိချင်မှလဲသိမယ်။
Google မှာ ရှာကြည့်ပေါ့။
-
မစ္စတာ ဂရင်း ရေ။ အစ္စလာမ့် သမိုင်းနဲ့ပတ်သတ်ပြီး
-
လူတွေ သိပ် မသိကြတာ ဘာကြောင့်လို့ ထင်ပါသလဲ?
-
စိတ်ဝင်စားစရာကောင်းတဲ့ အတိတ်ကာလ အဖြစ်အပျက်တစ်ခု
အကြောင်းကို မေးလိုက်တာလား?
-
အစ္စလာမ့်သမိုင်းအကြောင်းကို လူတွေ သိပ်မသိကြဘူးလို့ထင်ပါတယ်
-
မသိတာဟာ မလေ့လာလို့ပဲပေါ့
-
ကျွန်တော့တို့အားလုံး သင်ယူခဲ့တာတွေက
ဥရောပ က ခရစ်ယာန်ဘာသာသမိုင်းကြောင်းတွေပဲ ဖြစ်နေလို့ပါ
-
တကယ်တော့ သမိုင်းဆိုတာ ကမ္ဘာပေါ်မှာ
နေထိုင်သမျှ လူတွေအားလုံးရဲ့ ဇာတ်လမ်းဖြစ်ပါတယ်။
-
ဒါကြောင့် ဒီနေ့ တခုခုလေ့လာကြစို့လား
-
(သာယာသော လေချွန်သံ)
-
အစ္စလာမ်ဘာသာဟာ နှစ်ပေါင်း ၂၀၀ လောက်အတွင်းမှာပဲ
-
ကမ္ဘာပေါ်မှာ အင်အားအကြီးမားဆုံး ဘာသာရေး၊နိုင်ငံရေးဆိုင်ရာ
-
အင်ပါယာတွေထဲက တစ်ခု ဖြစ်လာခဲ့ပါတယ်။
-
အစ္စလာမ့်သမိုင်းဟာ ခုနစ်ရာစုနှစ်လောက်မှာ စတင်ခဲ့တယ်။
-
ကောင်းကင်တမန် ဂါဘရီးလ် (ဂျစ်ဘရာအီလ်) ဟာ
မိုဟာမဒ် ထံရောက်လာချိန်ပေါ့။
-
မိုဟာမဒ်ဟာ အသက် ၄၀ အရွယ်ကုန်သည်တစ်ဦးဖြစ်ပါတယ်
-
ဂါဘရီးလ်ဟာ မိုဟာမဒ်ကို ဘုရားသခင်ရဲ့
မြွက်ကြားချက်များကို အလွတ်ရွတ်ဆိုစေတယ်။
-
ပထမပိုင်းမှာတော့ မိုဟာမဒ်ဟာ အံအားသင့်နေခဲ့တာပေါ့
-
နောက်တော့ သူ့ဇနီးနဲ့ လူတစ်ချို့က သူ့ကိုအားပေးတယ်
-
တဖြည်းဖြည်းနဲ့ မိုဟာမဒ်ဟာ သူ့ကိုယ်သူ
စေလွှတ်ခြင်းခံရတဲ့ တမန်တော် အဖြစ်လက်ခံနိုင်လာတယ်။
-
အစ္စလာမ် စတင်မွေးဖွားလာချိန်ကာလ အကြောင်းအရာ
တချို့ကိုလဲ သိထားဖို့လိုပါလိမ့်မယ်။
-
ပထမအချက်...မိုဟာမဒ်တို့ လူ့အဖွဲ့အစည်းဟာ
မျိုးနွယ်စုအစွဲ အလွန်ကြီးပါတယ်။
-
သူဟာ မက္ကာမြို့တော်မှာနေထိုင်တဲ့
ကိုရိုက်ရှ် မျိုးနွယ်ဖွားတစ်ဦးပါ။
-
မျိုးနွယ်စု စည်းကမ်းတွေဟာ အရမ်းအရေးပါတယ်။
-
အဲဒီအချိန် အာရေဘီယံကျွန်းစုမှာလည်း
-
ဘာသာရေးနဲ့ပတ်သက်ပြီး အပြောင်းအလဲတွေ
စတင် ဖြစ်နေချိန်။
-
အာရပ်မျိုးနွယ်ဖွားတွေက နတ်ဘုရားတွေကို ကိုးကွယ်သလိုမျိုးပေါ့
-
အခန်းဆက် ၃ မှာတုန်းက ပြောခဲ့သလို
မက်ဆိုပိုတေးမီးယန်း နတ်ဘုရားတွေနဲ့ ဆင်တူပါတယ်။
-
တမန်တော် မိုဟာမဒ်လက်ထက်မှာတော့
အဲဒီနတ်ဘုရား ရုပ်တုတွေကို
-
ဇာတိမြို့ မက္ကာ မှာရှိတဲ့
-
ကာဗာကျောင်းတော်မှာ စုဆောင်းသိမ်းဆည်းထားလိုက်တယ်
-
ဒါပေမဲ့ အာရေးဗီးယားဟာ ဘုရားတစ်ဆူတည်းဝါဒဖြစ်တဲ့
ခရစ်ယာန်၊ ဂျူးတို့ရဲ့ မွေးဖွားရာလဲဖြစ်ပါတယ်။
-
အလင်းနဲ့ အမှောင် အားပြိုင်ကြတဲ့ ဇိုရိုအောစထီရန်နစ်ဇင်
နဲ့လည်း ဆက်နွယ်နေပါတယ်။
-
ကိုးကွယ်ရာ ဘုရားသခင်တစ်ပါးတည်းရှိတယ်ဆိုတဲ့အဆိုဟာ
-
တမန်တော်မိုဟာမဒ် အတွက်တော့ အံ့သြစရာမဟုတ်ခဲ့ပေမဲ့
-
အေဗရာဟင်အတွက်တော့ အံ့သြစရာဖြစ်ခဲ့ပါတယ်။
-
ဒီအချက်ဟာ အရမ်းအရေးကြီးပါတယ်။
-
အာရေးဗီးယား မြောက်ပိုင်းဟာ ဘစ်ဇန်းတိုင်း အင်ပါယာနဲ့
-
ပါရှန် လူမျိုးတွေရဲ့ ဆာဆေးနီးယန်း အင်ပါယာ
နှစ်ခုကြား ညှပ်ပိတ်ခံထားရပါတယ်။
-
အားလုံးသိတဲ့အတိုင်း အဲဒီ နှစ်အုပ်စုဟာ
အမြဲလိုလို တိုက်ခိုက်နေကြတာလေ။
-
နှင်းလျှောစီးသမားတွေနဲ့ စကိတ်သမားတွေလိုမျိုး၊
-
Westboro Baptist
Church နဲ့ ကျန်တဲ့လူတွေ အငြင်းပွားသလိုမျိုးပေါ့။
-
အဓိက ကတော့အစ္စလာမ်ကို အရင်းအမြစ်ပြောင်းလဲပုံသွင်းထားတဲ့
ဘာသာတစ်ခုအဖြစ် ကျွန်တော်တို့နာမည်တပ်ကြပါတယ်။
-
ဘုရားသခင်ယေရှု (Jesus) နဲ့ မောရှေ (Moses)တို့ဟာ
သူတို့ လမ်းလွဲသွေဖယ်နေမှန်းသိတဲ့အခါ
-
တစ်ဆူတည်းဘုရား ၀ါဒကို ရှာဖွေခဲ့သလိုမျိုး
တမန်တော်မိုဟာမဒ်လဲ လုပ်ဆောင်ခဲ့ပါတယ်။
-
ဘုရားသခင်က မိုဟာမဒ်ကိုနောက်ဆုံးတမန်တော် အဖြစ်
စေလွှတ်ကြောင်း မွတ်စ်လင်မ် လူမျိုးတွေကယုံကြည်ကြတယ်
-
အနန္တ တစ်ဆူတည်းသော ဘုရားသခင်ကိုသာ ကိုးကွယ်တဲ့
-
စစ်မှန်တဲ့ ဘာသာတရားတခု လူသားအားလုံးကို ပြဌာန်းဖို့ပေါ့။
-
ကိုရ်အာန်ကျမ်းမြတ်မှာလဲ အေဗရာဟမ်၊မောရှေ၊ ယေရှုသခင် တို့ကို
တမန်တော်တွေအဖြစ် အသိအမှတ်ပြု ပြဌာန်းထားတယ်။
-
ဒါပေမဲ့ ဟီဗရူးကျမ်းစာ၊ ခရစ်ယာန် သမ္မာကျမ်းစာတို့နဲ့တော့
အလွန်ကွာခြားပါတယ်၊
-
ဒါ့အပြင် ကိုရ်အာန်ကျမ်းကို ဇာတ်ကြောင်းပြောတဲ့ပုံစံ
ရေးထားတာမျိုးမဟုတ်ဘဲ
-
တမန်တော် မိုဟာမဒ် လက်ခံရရှိခဲ့တဲ့
အမိန့်တော်အတိုင်း ရေးသားထားတာပါ။
-
ဆိုလိုတာက လူသားတွေရဲ့ ရှုထောင့်ကနေ ရေးထားတာ မဟုတ်ဘဲ
-
ဘုရားသခင်ရဲ့ မြွက်ကြားချက်ဗျာဒိတ်တော်အတိုင်း
ရေးသားထားတာပါ။
-
ကိုရ်အာန် ကျမ်းတော်ဟာ ရှည်လျားပေမဲ့
-
အဓိက ဆိုလိုရင်း အချက်အနည်းငယ်ကိုပဲ အခြေခံထားပါတယ်။
-
ပထမတစ်ခုကတော့ တစ်ပါးတည်းသော အရှင်ကို ကိုးကွယ်ခြင်းပါ
-
နောက်တစ်ခုက ကိုယ့်လောက်အကြောင်းမလှသူတွေကို
စောင့်ရှောက် ကူညီခြင်းပဲဖြစ်ပါတယ်။
-
ကိုရ်အာန်ကျမ်းတော်အရ သူတော်ကောင်းကို "မိမိပစ္စည်းပေးလှုသူ
-
ဆွေမျိုးညာတိများ၊ မိဘမဲ့များ၊ သူဖုန်းစားများနှင့် လိုအပ်သူများကို
-
မိမိကိုယ်ကဲ့သို့ စောင့်ရှောက်သူ
-
ကျွန်များကို လွတ်လပ်ခွင့်ပေးသူ" လို့ လာရှိပါတယ်။
-
ဗျာဒိတ်တော်တွေမှာ အမျိုးသမီးထုနဲ့ မိဘမဲ့များရဲ့ အခွင့်အရေး
နဲ့ ပတ်သတ်ပြီး ပိုသာစွာ ပြဌာန်းထားပါတယ်။
-
ဒါ့ကြောင့်လဲ မျိုးနွယ်စု ခေါင်းဆောင်တွေဟာ
-
ဗျာဒိတ်တော်တွေကို အပြင်းအထန်ကန့်ကွက်ခဲ့ကြတာပါ။
-
အစ္စလာမ့် ယုံကြည်မှုနဲ့ ကျင့်စဉ်တွေအကြောင်းပြောရမယ်ဆိုရင်တော့
-
အစ္စလာမ်တွေအတွက် မလုပ်မနေရ တာဝန်အဖြစ် သတ်မှတ်ထားတဲ့
-
အဓိက မဏ္ဍိုင် ၅ ရပ်ရှိပါတယ်။
-
စွန္နီ မွတ်စလင်မ်တွေအတွက်ဆို ပိုမှန်မှာပေါ့။
-
ပထမအချက်.. ရှဟာဒသ် ခေါ်တဲ့ ယုံကြည်သက်ဝင်ခြင်းပါ။
-
"ဘုရားသခင်ကလွဲပြီး အခြားကိုးကွယ်ထိုက်သူမရှိ
မိုဟာမဒ်ဟာ စေလွှတ်ခြင်းခံရတဲ့ တမန်တော်ဖြစ်တယ်။"
-
"အလ္လာဟ်ရှင်က လွဲပြီး ခ၀ပ်ထိုက်သူမရှိ" လို့လဲ
အဓိပာယ်ဖွင့်ဆိုလေ့ရှိတယ်။
-
အလ္လာဟ်ဆိုတဲ့ ဝေါဟာရဟာအခြားဘာသာတွေခေါ်တဲ့
ဘုရားသခင်(GOD) နဲ့ သီခြားစီဖြစ်သွားစေတယ်
-
အာရဗီ စကားမှာ ဘယ်ဘာသာဝင်အတွက်ပဲဖြစ်ဖြစ်
-
ဘုရားသခင်ကို အလ္လာဟ်လို့ ခေါ်ပါတယ်။
-
ဒုတိယ... ဆွလာသ် လို့ခေါ်တဲ့ တစ်နေ့ ၅ ကြိမ် ၀တ်ပြုခြင်းပါ။
-
မိုးသောက်ယံ၊ မွန်းတည့်၊ နေမ၀င်မီ၊ နေ၀င်ပြီး နဲ့ ည ဦးယံ
အချိန် တွေမှာ ၀တ်ပြုရတာပါ။
-
ဝတ်ပြုခြင်းဟာ အရွယ်ရောက်မရောက်သေးသူတွေ
-
လူမမာတွေနဲ့ ရာသီဓမ္မတာလာနေသူတွေကလွဲပြီး
ကျန်သူများအတွက် မပြုမနေရတာဝန်ဖြစ်ပါတယ်။
-
အခြားချွင်းချက်လဲ ရှိဦးမှာပါ။
-
တတိယ.. ရမဒွာန် လမြတ်မှာ ဥပုသ်သီလ စောင့်ရတာပါ။
ဆောမ်လို့ခေါ်ပါတယ်။
-
အဲဒီလမှာ မွတ်စ်လင်မ်တွေဟာ တစ်နေ့လုံး
အစားအသောက်နဲ့ ဆေးလိပ်ကိုရှောင်ကျဉ်ရပါတယ်။
-
လပြည့်လကွယ်ကို အခြေခံတဲ့ ပြက္ခဒိန်ဖြစ်တာကြောင့်
ရမဒွာန်လဟာလည်း ရာသီခွင်အရ လည်ပတ်နေပါတယ်။
-
ဥပုသ်စောင့်တာဟာ နေ့တာတိုတဲ့ ဆောင်းရာသီမှာ မသိသာပေမဲ့
-
ပူအိုက်ပြီးနေ့တာရှည်တဲ့ နွေရာသီမှာ ကျရောက်ခဲ့ရင်တော့
သိပ်ပျော်စရာမကောင်းလှပါဘူး
-
စတုတ္ထကတော့.. ဇကာသ်လို့ ခေါ်တဲ့ ပေးလှုခြင်းပါ။
-
ချောင်လည်တဲ့ ဘာသာဝင်တွေဟာ ၀င်ငွေရဲ့ ရာခိုင်နှုန်းအနည်းငယ်ကို
နွမ်းပါးသူတွေအတွက် ပေးကမ်းရပါတယ်။
-
နောက်ဆုံးတစ်ခုကတော့.. ဟာ့ဂ်ျ ပါ။
-
ကျန်းမာပြီး ငွေကြေးပြည့်စုံခဲ့ရင်
-
တစ်သက်မှာ အနည်းဆုံးတစ်ကြိမ် မက္ကာမြို့ကို ဘုရားဖူးသွားရောက်ရမဲ့ တာဝန်ဖြစ်ပါတယ်။
-
အစ္စလာမ်ဘာသာအကြောင်း သေချာ နားလည်ဖို့ ကုရ်အာန်ကျမ်းမြတ်ကို
သိရုံလောက်နဲ့ မရပါဘူး။
-
ဂျူးနဲ့ ခရစ်ယာန်ဘာသာတွေမှာ ဘုန်းတော်ကြီးတွေရဲ့
-
မြွက်ကြားရေးသားချက်တွေက အရေးကြီးသလိုပဲ
-
အစ္စလာမ်မှာလဲ အထွတ်အမြတ်ထားရတဲ့ အမိန့်တော်တွေ စာပေတွေရှိပါတယ်။
-
အရေးအပါဆုံးကတော့ တမန်တော်ရဲ့ ဇာတ်ကြောင်းနဲ့
-
ဟဒီးဆ်လို့ခေါ်တဲ့ ၄င်း ရဲ့ မိန့်ကြားချက်တွေပဲဖြစ်ပါတယ်။
-
အိုး .. ပေးစာဖတ်ဖို့ အချိန်ရောက်လာပြီပဲ
-
(စောင်းသံ)
မျက်လှည့်
-
အပျိုစင် ၇၂ ဦးအတွက် အိတ်ဖွင့်ပေးစာပါ။
-
ပထမဆုံး လျို့ဝှက်ခန်းထဲမှာ ဘာရှိလဲ ကြည့်ရအောင်
-
အိုး... ဘီလူး အန်ဒရီ ပဲ..
-
ဘီလူးအန်ဒရီဟာ အပျိုစင်ဘ၀နဲ့ သေဆုံးခဲ့ကြောင်း
ကျွန်တော် ဇာတ်လမ်းဆင်ပြောခဲ့တာ သိတယ်မလား
-
ချစ်လှစွာသော အပျိုစင် ၇၂ ဦးခင်ဗျာ..
ကျွန်တော်က ဂျွန် ဂရင်းဖြစ်ပါတယ်။
-
ဟဒီးဆ်အားလုံးဟာ တူညီစွာဖြစ်ပေါ်လာတာ မဟုတ်ပါ
-
တမန်တော်ရဲ့ မြွက်ကြားချက်တစ်ချို့ဟာ
ခိုင်လုံတဲ့ အထောက်အထားရှိပါတယ်။
-
ဥပမာ... တမန်တော်ရဲ့ မိတ်ဆွေ (သို့) ဆွေမျိုးတစ်ဦးက
-
ဆင့်ပြန်ခဲ့တဲ့ ဟဒီးဆ် သြ၀ါဒမျိုးပေါ့...
-
ဒါပေမဲ့ တချို့ဟဒီးဆ်တွေကတော့ အထောက်အထား
ခိုင်လုံခြင်းမရှိဘူးလို့ ဆိုပါတယ်။
-
အလယ်တန်းကျောင်းသူတွေ အတင်းပြောသလို
-
ဘယ်သူရဲ့ ညီမ ကို ဘယ်သူ့ အစ်ကိုရဲ့ သူငယ်ချင်းက
-
ဘာလုပ်လိုက်တယ်ဆိုတာမျိုးပေါ့
-
မွတ်စ်လင်မ် အများစုကတော့ အထောက်အထားမခိုင်လုံတဲ့
-
သြ၀ါဒတွေကို လက်မခံပါဘူး
-
ဥပမာ..ကောင်းကင်ဘုံရောက်ရင် အပျိုစင် ၇၂ဦး ဆက်သခံရမယ်ဆိုတာ
-
ကုရ်အာန်ကျမ်းမှာလဲ မပါသလို အထောက်အထားခိုင်လုံတဲ့ သြ၀ါဒလဲ မဟုတ်ပါဘူး
-
ဒါ့ကြောင့် အပျိုစင် ၇၂ ဦးခင်ဗျာ..
ဝမ်းနည်းပါတယ်။
-
မွတ်စ်လင်မ်အများစုက ခင်ဗျားတို့ရှိတယ်ဆိုတာ မယုံကြပါဘူး။
-
ဆုမွန်ကောင်းတောင်းပေးလျက်... ဂျွန် ဂရင်း
-
အစ္စလာမ်နဲ့ပတ်သတ်ပြီး ဂျူး၊ ခရစ်ယာန်ဘာသာနဲ့ ဆင်တူတဲ့
နောက်တစ်ခုက ဘာသာရေး ဥပဒေစီရင်ထုံးတွေ သတ်သတ်ရှိတာပဲဖြစ်ပါတယ်။
-
ကြားဖူးရင်လဲ ကြားဖူးကြမှာပါ။ ရှရီအသ် လို့ခေါ်ပါတယ်။
-
ရှရီအသ်တရားတော်နဲ့ အညီ မွတ်စ်လင်အားလုံးနေထိုင်ကြတယ်လို့
-
ထင်ရင်တော့ သိပ်မမှန်ပါဘူး။
-
ရှရီအသ် တရားတော်နဲ့ပတ်သတ်ပြီး အငြင်းပွားမှုတွေရှိပါတယ်
-
အတိုချူပ်ရရင် လူသားအချင်းချင်း စာနာသူတွေကို မွတ်စ်လင်မ်လို့ခေါ်ပါတယ်။
-
ဘုရားသခင်ရဲ့ အလိုအတိုင်း ပြုမူနေထိုင်တဲ့
-
အစ္စလာမ် ယုံကြည်သက်ဝင်သူအပေါင်းကို အွမ္မသ် လို့ခေါ်ပါတယ်။
-
ခုအချိန်ဟာ Uma Therman အကြောင်း ဟာသပြောသင့်တဲ့အချိန်ပါ
-
သူမ အောင်မြင်မှုနဲ့ဝေးကွာသွားခဲ့တာကတော့ စိတ်မကောင်းစရာပေါ့
-
Uma Therman ရေ.. ဒီဗီဒီယိုကိုကြည့်နေတယ်ဆိုရင်တော့ ဆောရီးပါ
-
မျိုးနွယ်စွဲတွေရှိနေသူတစ်ယောက်ဟာ အွမ္မသ်တစ်ယောက်ဖြစ်ရတာမလွယ်ပါဘူး
-
တမန်တော်မိုဟာမဒ်ဟာ လဲ မျိုးနွယ်စွဲရှိတဲ့ အုပ်စုကနေ
-
ဆင်းသက်လာတာကြောင့် အတော်လေး ဒုက္ခခံပြီး သာသနာအတွက်
ကြိုးပမ်းခဲ့ရပါတယ်။
-
တမန်တော်ရဲ့ နောက်လိုက်တွေများလာတာနဲ့အမျှ
-
မက္ကာမှာအင်အားအကြီးဆုံးဖြစ်တဲ့ ကိုရိုက်ရှ် မျိုးနွယ်စုရဲ့
-
သံသယတွေကလည်း ကြီးထွားလာပါတယ်။
-
တမန်တော်မိုဟာမဒ်အတွက်တော့ ကိုရိုက်ရှ်မျိုးနွယ်ဝင်ဖြစ်ခြင်းက အရေးမပါလှပါဘူး
-
ဘာပဲဖြစ်နေနေ ဘုရားသခင်တစ်ပါးတည်း ရှိကြောင်း မြွက်ကြားမှာဖြစ်ပါတယ်။
-
ကိုရိုက်ရှ်မျိုးနွယ်တွေအတွက်တော့ သတင်းဆိုးတစ်ခုပေါ့လေ။
-
အကြောင်းက မက္ကာဟ်မှာနတ်ရုပ်တု ကုန်သွယ်ရေးလုပ်ငန်းကို
စီမံအုပ်ချုပ်နေတာက သူတို့ကိုး၊
-
နတ်ရုပ်ကိုးကွယ်ခြင်းဟာ အယူမှားတစ်ခုလို့ လူတွေလက်ခံသွားရင်
သူတို့ဟာ စီးပွားပျက်ကပ်ဆိုက်ကိန်းရှိတယ်လေ။
-
ဒါပေမဲ့ မက္ကာမြို့ နတ်ရုပ်တု လုပ်ငန်းကတော့
-
နောက်ဆုံးထိ အဆင်ပြေနေခဲ့ပါတယ်။
-
ဒါကြောင့် သက္ကရာဇ် ၆၂၂ မှာ ကိုရိုက်ရှ်တွေဟာ တမန်တော်နဲ့
နောက်လိုက်တွေကို မက္ကာကနေ ထွက်သွားအောင် အမျိုးမျိုးတွန်းအားပေးခဲ့ကြတယ်။
-
နောက်ဆုံးမှာ တမန်တော်မိုဟာမဒ်နဲ့ နောက်လိုက်တွေဟာ မဒီနာမြို့တော်ကို
ထွက်ခွာခဲ့ကြတယ်။
-
အဲဒီခရီးစဉ်ကို ဟစ်ဂ်ျရသ် လို့ခေါ်ပြီး
-
အစ္စလာမ့် ပြက္ခဒိန်ရဲ့အစ ဖြစ်မှတ်ယူခဲ့တာကြောင့် အစ္စလာမ့်သမိုင်းမှာ
အလွန်အရေးပါတဲ့ ကဏ္ဍတစ်ခုဖြစ်ပါတယ်။
-
မဒီနာမှာ တမန်တော်မိုဟာမဒ်ဟာ ဂျူးဝါဒနဲ့ ဆက်နွယ်နေတဲ့
ဘာသာရေးအစွဲတွေကို ဖယ်ရှားခဲ့တယ်။
-
ဦးချဝတ်ပြုရာအရပ်ကိုလည်း ဂျေရုစလာမ်ကနေ မဒီနာ ဖက်ကို လှည့်စေခဲ့တယ်။
-
မဒီနာမြို့မှာ အစ္စလာမ်ဘာသာဝင်အုပ်စုဟာ
-
အင်ပါယာအသေးစားတစ်ခု ဖြစ်လာတယ်။
-
ယေရှုခရစ်တော်ဟာ နိုင်ငံအုပ်ချူပ်သူမဟုတ်ခဲ့ပေမဲ့
-
တမန်တော်မိုဟာမဒ်ကတော့ ကနဦးတည်းက
အုပ်စုခေါင်းဆောင် ဖြစ်လာခဲ့တယ်။
-
သူဟာမွန်မြတ်တဲ့ တမန်တော်ဖြစ်တဲ့အပြင် စစ်သူကြီးကောင်းတစ်ယောက်လဲဖြစ်တယ်။
-
သက္ကရာဇ် ၆၃၀ မှာ အစ္စလာမ်များဟာ မက္ကာမြို့ကို အောင်နိုင်ခဲ့တယ်။
-
ကာဗာကျောင်းတော်ထဲက နတ်ရုပ်တုတွေကို ဖယ်ရှားခဲ့တယ်။
-
မကြာမီမှာပဲ အစ္စလာမ်တွေဟာ ဘာသာရေးမှာတင်မကပဲ
-
အုပ်ချုပ်မှုပိုင်းမှာပါ အင်အားကြီးမားလာခဲ့တယ်။
-
အစတည်းက ဘာသာရေးနဲ့ အုပ်ချူပ်ရေးဟာ ယှဉ်တွဲနေခဲ့တာကြောင့်
-
ခရစ်ယာန်နဲ့ ဂျူးဘာသာတွေမှာ လို
-
နိုင်ငံသားဥပဒေ နဲ့ ဘာသာရေး ဥပဒေကို သီးခြားခွဲထုတ်မထားဘူး
-
တမန်တော်မိုဟာမဒ် ကွယ်လွန်ခဲ့တဲ့ သက္ကရာဇ် ၆၃၂မှာ
-
ဘာသာရေးနဲ့ ပတ်သတ်ပြီး လစ်ဟာမှုတွေ မရှိနေခဲ့ဘူး
-
မိုဟာမဒ်ဟာ နောက်ဆုံးတမန်တော်ဖြစ်ပြီး အွမ္မသ်(အစ္စလာမ်ဘာသာဝင်များ)ဟာ
-
ကုရ်အာန်ကျမ်းတော်ရဲ့ လမ်းညွှန်မှုတွေအတိုင်း ကျင့်သုံးနေထိုင်ကြတယ်။
-
ဒါပေမဲ့ အုပ်စုတစ်ခုလုံးကို အုပ်ချူပ်ဖို့ ခလီဖာဟ် ခေါ် ခေါင်းဆောင်တစ်ဦးလိုအပ်တယ်လေ။
-
ပထမဆုံးခေါင်းဆောင်တင်မြောက်ခံရသူဟာ တမန်တော်ရဲ့ ယောက္ခထီးတော် အဘူဗကရ်ဖြစ်တယ်
-
အဘူဗကရ်ကို ဆန့်ကျင်သူတွေဟာ
-
တမန်တော်ရဲ့ သားမက်တော်စပ်သူ အလီ ကို အုပ်စုခေါင်းဆောင်အဖြစ်တင်မြောက်လိုကြတယ်။
-
အငြင်းပွားမှုတွေ ရှိခဲ့ပေမဲ့ နောက်ဆုံးမှာ အလီဟာ
စတုတ္ထမြောက် အုပ်စု ခေါင်းဆောင်ဖြစ်လာခဲ့တယ်။
-
အချိန် ၁၀ မိနစ်လောက်ပဲ ရတာမို့ အတိုချုပ်ပဲ ပြောပါရစေ။
-
အဲဒီအငြင်းပွားမှုဟာ မွတ်စ်လင်မ်အုပ်စုကို စွန္နီ နဲ့ ရှီယာ ဆိုပြီး
နှစ်ပိုင်းကွဲစေခဲ့တယ်။
-
ယနေ့အထိ စွန္နီ မွတ်စ်လင်မ်တွေဟာ
-
အဘူဗကရ်ကို ပထမဆုံး ခေါင်းဆောင်အဖြစ် ယုံကြည်လက်ခံကြပြီး
-
ရှီယာ မွတ်စ်လင်မ်တွေကတော့ အလီသာ ခေါင်းဆောင်ဖြစ်သင့်ကြောင်း
ယုံကြည်ကြဆဲဖြစ်ပါတယ်။
-
စွန္နီ တွေအတွက်တော့ အဘူဗကရ်၊ အူမရ်၊ အွစ်မာန်း နဲ့ အလီ တို့ဟာ
-
မှန်ကန်စွာ ဦးဆောင်ခဲ့တဲ့ သခင်လေးပါးဖြစ်ပါတယ်။
-
ယနေ့ခေတ်မှာလဲ ရှေးရိုးစွဲ အစ္စလာမ် အုပ်စုတချို့ဟာ
-
၎င်းတို့ရဲ့ ယခင်ရွှေရောင်နေ့ရက်တွေ ကို
-
ပြန်လည်ရယူဖို့ ကြိုးစားနေဆဲပါ။
-
အဘူဗကရ်ဟာ တမန်တော်လွန်ပြီးနောက် လူမျိုးစုတစ်ခုလုံးကို တည်ငြိမ်နေအာင် အုပ်ချုပ်ခဲ့တယ်။
-
နောက်တော့ ဗျာဒိတ်တော်တွေကို ကိုရ်အာန်ကျမ်းအဖြစ်
ရေးသား မှတ်တမ်းတင်ခဲ့တယ်။
-
ဘစ်ဇန်းတိုင်း၊ ဆာဆေးနီးယန်းအင်ပါယာ တို့နဲ့
တိုက်ပွဲများ စတင်ခဲ့တယ်။
-
၁၁၆ နှစ်အတွင်းမှာ အောင်မြင်တဲ့
-
အစ္စလာမ့် အင်ပါယာကို ထူထောင်ခဲ့တယ်။
-
သူ့နေရာကို ဆက်ခံသူ အူမရ်သခင်ဟာ လဲ ပြောင်မြောက် ထူးချွန်တဲ့ စစ်သူကြီးတစ်ဦးဖြစ်တဲ့အပြင်
-
ထက်မြက်တဲ့ အုပ်စုခေါင်းဆောင်လဲဖြစ်ခဲ့တယ်။
-
ဒါပေမဲ့ သူဟာလဲ အခြားခေါင်းဆောင်ကောင်းတွေလိုပဲ
လုပ်ကြံသတ်ဖြတ်ခြင်းခံခဲ့ရပါတယ်။
-
သူ့နေရာကို ကိုရ်အာန်ကျမ်း ဥပဒေအတိုင်း စံထားအုပ်ချူပ်တဲ့
-
အွစ်မာန်သခင် ဆက်ခံခဲ့ပြီး အရင် ခေါင်းဆောင်မျာနည်းတူ
အောင်မြင်မှုများ ရရှိခဲ့ပေမဲ့
-
အရင်ခေါင်းဆောင်များနည်းတူပဲ လုပ်ကြံခံခဲ့ရပါတယ်။
-
နောက်ဆုံးမှာတော့ အလီသခင်ခေါင်းဆောင်ဖြစ်လာပါတယ်။
-
ဒါပေမဲ့ ၄င်းရဲ့ ဆက်ခံမှုနဲ့ ပတ်သတ်ပြီး အချင်းချင်း အငြင်းပွားကြရာ
ပြည်တွင်းစစ်ဖြစ်တဲ့အထိ ဦးတည်ခဲ့တယ်။
-
အွတ်စ်မာန်း သခင်ရဲ့ အူမေရာဒ် မျိုးနွယ်ပေါ်ထွန်းလာပြီး
-
၎င်းမင်းဆက် ရဲ့ ခေါင်းဆောင် အုပ်ချုပ်ခဲ့မှုကြောင့်
-
နှစ်ပေါင်းတစ်ရာကျော်အတွင်းမှာ ကြီးမားကျယ်ပြန့်လာတဲ့
အစ္စလာမ့် အင်ပါယာကြီးကို တည်ထောင်နိုင်ခဲ့တယ်။
-
ဟိုးအရင်နှစ်တွေမှာ အစ္စလာမ်တွေဟာ ဓားမိုးဝါဒဖြန့်မှုတွေလုပ်တယ်ဆိုတာ
-
သိပ်မမှန်လှပါဘူး။ မွန်ဂိုတွေကလွဲရင်ပေါ့။
-
နောက်လာပါမယ်။ မွန်ဂိုလူမျိုးတွေအကြောင်း..၊
-
(ဂန္တ၀င် ဂီတသံ)
-
ထုံးစံအတိုင်းပဲ အမှန်တရားဆိုတာ နဲနဲပို ရှုပ်ထွေးတယ်လေ၊
-
မွန်ဂို လူမျိုးတွေ၊ အာရှ အရှေ့ပိုင်းနဲ့ အလယ်ပိုင်း အပါအ၀င်
-
လူတော်တော်များများ ဟာ ဘာစစ်ပွဲမှ မဆင်နွှဲရပဲ
-
အစ္စလာမ်ကို လက်ခံခဲ့ကြတယ်။
-
တကယ်တော့ ကိုရ်အာန်ကျမ်းမှာ ဘာသာရေးကို အတင်းအဓ္ဓမ
လုပ်ယူခွင့်မရှိကြောင်း အတိအလင်းဖော်ပြထားတယ်။
-
ဒါပေမဲ့လဲ ရှေးဦးအစ္စလာမ့် အင်ပါယာဟာ စစ်ပွဲတွေ
အောင်နိုင်ရာမှာ အလွန်သတင်းမွှေးခဲ့တယ်။
-
အစ္စလာမ့်အင်ပါယာဟာ ကြွယ်ဝတဲ့ ဘစ်ဇင်တိုင်းနဲ့ ဆာဆေးနီးယန်း အင်ပါယာ
-
နှစ်ခုကြားတည်ရှိတဲ့အတွက် စစ်ပွဲတွေ မကြာခဏဖြစ်လေ့ရှိတယ်။
-
ပထမဆုံး အနေနဲ့ ပါရှန်အင်ပါယာထဲက
-
ဆာဆေးနီးယန်း အုပ်စုကို အောင်နိုင်ခဲ့တယ်။
-
ဆာဆေးနီးယန်းတွေဟာ ဘစ်ဇစ်တိုင်းနဲ့ နှစ်ပေါင်း ၃၀၀ ကျော်လောက်စစ်ဖြစ်နေခဲ့တာကြောင့်
-
စစ်ပမ်းနေတဲ့အပြင် ပလိပ်ကပ်ဆိုးရဲ့ ညင်းပမ်းမှုကိုလည်းခံထားရချိန်လဲဖြစ်ပါတယ်။
-
ပလိပ်ရောဂါနော်...။ သမိုင်းမှာ အခိုင်အမာနေရာရခဲ့တဲ့ ကပ်ဆိုးကြီးပါ။
-
(ဖြည်းညင်းစွာ လေချွန်သံ)
-
အစောပိုင်းနှစ်တွေမှာ အီဂျစ် အစရှိတဲ့ အဖိုးတန်နယ်မြေတွေကို
-
အောင်နိုင်ခဲ့ပြီး နောက်ဆုံးမှာ စပိန်ဖက်ကိုရောက်လာခဲ့တယ်။
-
စပိန်မှာ မွတ်စ်လင်မ် မင်းဆက်တွေ ကြာညောင်းစွာ အခြေချခဲ့ပေမဲ့
-
၁၄၉၂ ခုနှစ်မှာတော့ တိုက်ထုတ်ခံခဲ့ရပါတယ်။
-
စစ်တိုက်ရာမှာ ကျွမ်းကျင်လှတဲ့ အစ္စလာမ့်အင်ပါယာဟာ
-
အာရပ် ကိုအောင်နိုင်ပြီး
-
ဘုရားသခင်အလိုကျပုံစံ အုပ်ချူပ်ဖို့ ကြိုစားခဲ့ပါတယ်။
-
၎င်းတို့အောင်နိုင်ခဲ့တဲ့ လူတိုင်းလဲ အဲလိုပဲ ခံစားခဲ့ရပါတယ်။
-
အဲဒီကာလမှာဖြစ်တဲ့ စစ်ပွဲတွေဟာ လူသားအချင်းချင်း ပြိုင်ဆိုင်ရုံမျှမက
-
ကိုးကွယ်ရာဘုရားတွေအချင်းချင်းကိုပါ ပြိုင်ဆိုင်ကြပါတယ်။
-
ဒါ့ကြောင့် အစ္စလာမ့် အင်ပါယာဟာ ဘာသာပြောင်းဖို့ ဆွဲဆောင်စရာမလိုပဲ
-
၎င်းတို့ရဲ့ သြချလောက်တဲ့ အောင်နိုင်မှုတွေက တစ်ပါးတည်းသော အသျှင်သာ
-
ကိုးကွယ်ရာဖြစ်ကြောင်း လူတွေကိုယုံကြည်လက်ခံစေခဲ့ပါတယ်။
-
ရှိသေးတယ်.. ဂျွန်ဂရင်းရေ..
-
ဘာသာကူးပြောင်းလာသူတွေဟာ အခွန်အနည်းငယ်ပဲ ပေးဆောင်ရသတဲ့
-
ဆေးလိပ်ခွန်ပေးဆောင်ရတဲ့အတွက် လူတွေ ဆေးလိပ်သိပ်မသောက်တော့သလိုပဲပေါ့
-
နတ်ဘုရားတွေကိုးကွယ်ဖို့ အခွန်ပေးဆောင်ရတဲ့အခါ
-
နတ်ကိုးကွယ်သူတွေ လျော့နည်းလာတယ်။
-
သမိုင်းမှတ်တမ်းများအရ
-
အလွန်နည်းပါးလှတဲ့ လူတစ်စုဟာ
-
တိုတောင်းတဲ့အချိန်ကာလတစ်ခုအတွင်းမှာ
-
သဘာဝအရင်းအမြစ်လည်းမရှိပါပဲနဲ့ ကမ္ဘာ့ အကြီးမားဆုံး အင်ပါယာတစ်ခု
တည်ထောင်နိုင်ခဲ့တယ်။
-
အစ္စလာမ်ဟာလဲ ဘာသာကြီးများထဲကတစ်ခု ဖြစ်လာခဲ့တယ်။
-
ဒါ့ကြောင့်လဲ အနောက်ဥရောပသားတွေဟာ
-
ဒီသမိုင်းဝင်ကာလတွေကို လျစ်လျူရှုနေတာဖြစ်ပါတယ်။
-
မွတ်စ်လင်မ်များဟာ အောင်နိုင်သူတွေဖြစ်ခဲ့ကြတဲ့ပြင်
-
ကုန်သွယ်စီးပွားလုပ်ငန်းကိုလဲ နှစ်ရာပေါင်းများစွာတည်တံ့စေခဲ့ပါတယ်။
-
ဥရောပသားတွေ လျစ်လျူရှုထားခဲ့တဲ့ Western Canon ခေါ်
-
အခြေခံ ဂန္တ၀င် စာပေ တော်တ်ာများများကိုလဲ ထိန်းသိမ်းခဲ့တယ်။
-
မွတ်စ်လင်မ်တွေဟာ ဂရိယဉ်ကျေးမှု တစ်ခောတ်ဆန်းခဲ့တဲ့
The Renaissance ကာလကို စတင်ခဲ့သူတွေလည်းဖြစ်တယ်။
-
စပိန်နဲ့ အိန္ဒု မြစ် ကြားက ဒေသတွေကို
-
အာရပ်ယဉ်ကျေးမှု မလွှမ်းမိုးခဲ့ပေမဲ့
-
တော်တော်များများအစ္စလာမ်ဘာသာဝင်တွေဖြစ်လာတာကြောင့်
-
ယနေ့ခေတ်မှာ အရှေ့အလယ်ပိုင်းလို့ ပြောလိုက်တာနဲ့
အစ္စလာမ်ဘာသာအကြောင်းအလိုလို ပါလာမှာပါ။
-
အီဂျစ်မှာ အစ္စလာမ့်အင်အားကို ပိုပြီးကြီးမားစေတဲ့ အရာက
-
လူသန်းပေါင်းများစွာဟာ သူတို့ရဲ့ ပိရမစ်တွေဆီကနေ
-
မက္ကဟ်ကိုလာပြီး တစ်နေ့ ၅ ကြိမ်
-
စုဝေး ၀တ်ပြု ရလို့လဲဖြစ်နိုင်ပါတယ်
-
ယဉ်ကျေးမှုအစဉ်အလာကြီးမာတဲ့ အီဂျစ်နိုင်ငံဟာ
-
အခုဆိုရင် ကမ္ဘာ့အကြီးမားဆုံး အာရပ်နိုင်ငံ ဖြစ်နေပါပြီ။
-
နောက်အပတ်မှာ အမှောင်ခေတ်အကြောင်း ဆွေးနွေးပါမယ်။
-
အချက်ပေးသံ:
-
ညနေခင်းမှာ အမှောင်ဆုံးဖြစ်ပါတယ်။
-
ခုလိုကြည့်ရှုတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ပြန်လည်ဆုံတွေ့ပါဦးမယ်။