ဟိုင်း။ ဂျွန် ဂရင်းပါ။ Crash Course World History အစီအစဉ်ကနေ ယနေ့ အစ္စလာမ် ဘာသာအကြောင်း ဆွေးနွေးမှာ ဖြစ်ပါတယ်။ အစ္စလာမ်ဟာ ခရစ်ယာန်နဲ့ ဂျူး တို့ နည်းတူ မြေထဲပင်လယ် အရှေ့ပိုင်း ကမ်းရိုးတမ်းဒေသကနေ စတင်ခဲ့တာဖြစ်ပါတယ် ခရစ်ယာန်၊ ဂျူး ဘာသာတို့နဲ့ မတူတဲ့ အချက်ကတော့ အစ္စလာမ်ဘာသာကို အနောက်နိုင်ငံတွေမှာ နားလည်မှု လွဲနေကြတာပဲဖြစ်ပါတယ်။ ဥပမာ.. ဒါဘာလဲဆိုတာ သိကောင်းသိမယ် ဒါဘာလဲဆိုတာ သိချင်မှလဲသိမယ်။ Google မှာ ရှာကြည့်ပေါ့။ မစ္စတာ ဂရင်း ရေ။ အစ္စလာမ့် သမိုင်းနဲ့ပတ်သတ်ပြီး လူတွေ သိပ် မသိကြတာ ဘာကြောင့်လို့ ထင်ပါသလဲ? စိတ်ဝင်စားစရာကောင်းတဲ့ အတိတ်ကာလ အဖြစ်အပျက်တစ်ခု အကြောင်းကို မေးလိုက်တာလား? အစ္စလာမ့်သမိုင်းအကြောင်းကို လူတွေ သိပ်မသိကြဘူးလို့ထင်ပါတယ် မသိတာဟာ မလေ့လာလို့ပဲပေါ့ ကျွန်တော့တို့အားလုံး သင်ယူခဲ့တာတွေက ဥရောပ က ခရစ်ယာန်ဘာသာသမိုင်းကြောင်းတွေပဲ ဖြစ်နေလို့ပါ တကယ်တော့ သမိုင်းဆိုတာ ကမ္ဘာပေါ်မှာ နေထိုင်သမျှ လူတွေအားလုံးရဲ့ ဇာတ်လမ်းဖြစ်ပါတယ်။ ဒါကြောင့် ဒီနေ့ တခုခုလေ့လာကြစို့လား (သာယာသော လေချွန်သံ) အစ္စလာမ်ဘာသာဟာ နှစ်ပေါင်း ၂၀၀ လောက်အတွင်းမှာပဲ ကမ္ဘာပေါ်မှာ အင်အားအကြီးမားဆုံး ဘာသာရေး၊နိုင်ငံရေးဆိုင်ရာ အင်ပါယာတွေထဲက တစ်ခု ဖြစ်လာခဲ့ပါတယ်။ အစ္စလာမ့်သမိုင်းဟာ ခုနစ်ရာစုနှစ်လောက်မှာ စတင်ခဲ့တယ်။ ကောင်းကင်တမန် ဂါဘရီးလ် (ဂျစ်ဘရာအီလ်) ဟာ မိုဟာမဒ် ထံရောက်လာချိန်ပေါ့။ မိုဟာမဒ်ဟာ အသက် ၄၀ အရွယ်ကုန်သည်တစ်ဦးဖြစ်ပါတယ် ဂါဘရီးလ်ဟာ မိုဟာမဒ်ကို ဘုရားသခင်ရဲ့ မြွက်ကြားချက်များကို အလွတ်ရွတ်ဆိုစေတယ်။ ပထမပိုင်းမှာတော့ မိုဟာမဒ်ဟာ အံအားသင့်နေခဲ့တာပေါ့ နောက်တော့ သူ့ဇနီးနဲ့ လူတစ်ချို့က သူ့ကိုအားပေးတယ် တဖြည်းဖြည်းနဲ့ မိုဟာမဒ်ဟာ သူ့ကိုယ်သူ စေလွှတ်ခြင်းခံရတဲ့ တမန်တော် အဖြစ်လက်ခံနိုင်လာတယ်။ အစ္စလာမ် စတင်မွေးဖွားလာချိန်ကာလ အကြောင်းအရာ တချို့ကိုလဲ သိထားဖို့လိုပါလိမ့်မယ်။ ပထမအချက်...မိုဟာမဒ်တို့ လူ့အဖွဲ့အစည်းဟာ မျိုးနွယ်စုအစွဲ အလွန်ကြီးပါတယ်။ သူဟာ မက္ကာမြို့တော်မှာနေထိုင်တဲ့ ကိုရိုက်ရှ် မျိုးနွယ်ဖွားတစ်ဦးပါ။ မျိုးနွယ်စု စည်းကမ်းတွေဟာ အရမ်းအရေးပါတယ်။ အဲဒီအချိန် အာရေဘီယံကျွန်းစုမှာလည်း ဘာသာရေးနဲ့ပတ်သက်ပြီး အပြောင်းအလဲတွေ စတင် ဖြစ်နေချိန်။ အာရပ်မျိုးနွယ်ဖွားတွေက နတ်ဘုရားတွေကို ကိုးကွယ်သလိုမျိုးပေါ့ အခန်းဆက် ၃ မှာတုန်းက ပြောခဲ့သလို မက်ဆိုပိုတေးမီးယန်း နတ်ဘုရားတွေနဲ့ ဆင်တူပါတယ်။ တမန်တော် မိုဟာမဒ်လက်ထက်မှာတော့ အဲဒီနတ်ဘုရား ရုပ်တုတွေကို ဇာတိမြို့ မက္ကာ မှာရှိတဲ့ ကာဗာကျောင်းတော်မှာ စုဆောင်းသိမ်းဆည်းထားလိုက်တယ် ဒါပေမဲ့ အာရေးဗီးယားဟာ ဘုရားတစ်ဆူတည်းဝါဒဖြစ်တဲ့ ခရစ်ယာန်၊ ဂျူးတို့ရဲ့ မွေးဖွားရာလဲဖြစ်ပါတယ်။ အလင်းနဲ့ အမှောင် အားပြိုင်ကြတဲ့ ဇိုရိုအောစထီရန်နစ်ဇင် နဲ့လည်း ဆက်နွယ်နေပါတယ်။ ကိုးကွယ်ရာ ဘုရားသခင်တစ်ပါးတည်းရှိတယ်ဆိုတဲ့အဆိုဟာ တမန်တော်မိုဟာမဒ် အတွက်တော့ အံ့သြစရာမဟုတ်ခဲ့ပေမဲ့ အေဗရာဟင်အတွက်တော့ အံ့သြစရာဖြစ်ခဲ့ပါတယ်။ ဒီအချက်ဟာ အရမ်းအရေးကြီးပါတယ်။ အာရေးဗီးယား မြောက်ပိုင်းဟာ ဘစ်ဇန်းတိုင်း အင်ပါယာနဲ့ ပါရှန် လူမျိုးတွေရဲ့ ဆာဆေးနီးယန်း အင်ပါယာ နှစ်ခုကြား ညှပ်ပိတ်ခံထားရပါတယ်။ အားလုံးသိတဲ့အတိုင်း အဲဒီ နှစ်အုပ်စုဟာ အမြဲလိုလို တိုက်ခိုက်နေကြတာလေ။ နှင်းလျှောစီးသမားတွေနဲ့ စကိတ်သမားတွေလိုမျိုး၊ Westboro Baptist Church နဲ့ ကျန်တဲ့လူတွေ အငြင်းပွားသလိုမျိုးပေါ့။ အဓိက ကတော့အစ္စလာမ်ကို အရင်းအမြစ်ပြောင်းလဲပုံသွင်းထားတဲ့ ဘာသာတစ်ခုအဖြစ် ကျွန်တော်တို့နာမည်တပ်ကြပါတယ်။ ဘုရားသခင်ယေရှု (Jesus) နဲ့ မောရှေ (Moses)တို့ဟာ သူတို့ လမ်းလွဲသွေဖယ်နေမှန်းသိတဲ့အခါ တစ်ဆူတည်းဘုရား ၀ါဒကို ရှာဖွေခဲ့သလိုမျိုး တမန်တော်မိုဟာမဒ်လဲ လုပ်ဆောင်ခဲ့ပါတယ်။ ဘုရားသခင်က မိုဟာမဒ်ကိုနောက်ဆုံးတမန်တော် အဖြစ် စေလွှတ်ကြောင်း မွတ်စ်လင်မ် လူမျိုးတွေကယုံကြည်ကြတယ် အနန္တ တစ်ဆူတည်းသော ဘုရားသခင်ကိုသာ ကိုးကွယ်တဲ့ စစ်မှန်တဲ့ ဘာသာတရားတခု လူသားအားလုံးကို ပြဌာန်းဖို့ပေါ့။ ကိုရ်အာန်ကျမ်းမြတ်မှာလဲ အေဗရာဟမ်၊မောရှေ၊ ယေရှုသခင် တို့ကို တမန်တော်တွေအဖြစ် အသိအမှတ်ပြု ပြဌာန်းထားတယ်။ ဒါပေမဲ့ ဟီဗရူးကျမ်းစာ၊ ခရစ်ယာန် သမ္မာကျမ်းစာတို့နဲ့တော့ အလွန်ကွာခြားပါတယ်၊ ဒါ့အပြင် ကိုရ်အာန်ကျမ်းကို ဇာတ်ကြောင်းပြောတဲ့ပုံစံ ရေးထားတာမျိုးမဟုတ်ဘဲ တမန်တော် မိုဟာမဒ် လက်ခံရရှိခဲ့တဲ့ အမိန့်တော်အတိုင်း ရေးသားထားတာပါ။ ဆိုလိုတာက လူသားတွေရဲ့ ရှုထောင့်ကနေ ရေးထားတာ မဟုတ်ဘဲ ဘုရားသခင်ရဲ့ မြွက်ကြားချက်ဗျာဒိတ်တော်အတိုင်း ရေးသားထားတာပါ။ ကိုရ်အာန် ကျမ်းတော်ဟာ ရှည်လျားပေမဲ့ အဓိက ဆိုလိုရင်း အချက်အနည်းငယ်ကိုပဲ အခြေခံထားပါတယ်။ ပထမတစ်ခုကတော့ တစ်ပါးတည်းသော အရှင်ကို ကိုးကွယ်ခြင်းပါ နောက်တစ်ခုက ကိုယ့်လောက်အကြောင်းမလှသူတွေကို စောင့်ရှောက် ကူညီခြင်းပဲဖြစ်ပါတယ်။ ကိုရ်အာန်ကျမ်းတော်အရ သူတော်ကောင်းကို "မိမိပစ္စည်းပေးလှုသူ ဆွေမျိုးညာတိများ၊ မိဘမဲ့များ၊ သူဖုန်းစားများနှင့် လိုအပ်သူများကို မိမိကိုယ်ကဲ့သို့ စောင့်ရှောက်သူ ကျွန်များကို လွတ်လပ်ခွင့်ပေးသူ" လို့ လာရှိပါတယ်။ ဗျာဒိတ်တော်တွေမှာ အမျိုးသမီးထုနဲ့ မိဘမဲ့များရဲ့ အခွင့်အရေး နဲ့ ပတ်သတ်ပြီး ပိုသာစွာ ပြဌာန်းထားပါတယ်။ ဒါ့ကြောင့်လဲ မျိုးနွယ်စု ခေါင်းဆောင်တွေဟာ ဗျာဒိတ်တော်တွေကို အပြင်းအထန်ကန့်ကွက်ခဲ့ကြတာပါ။ အစ္စလာမ့် ယုံကြည်မှုနဲ့ ကျင့်စဉ်တွေအကြောင်းပြောရမယ်ဆိုရင်တော့ အစ္စလာမ်တွေအတွက် မလုပ်မနေရ တာဝန်အဖြစ် သတ်မှတ်ထားတဲ့ အဓိက မဏ္ဍိုင် ၅ ရပ်ရှိပါတယ်။ စွန္နီ မွတ်စလင်မ်တွေအတွက်ဆို ပိုမှန်မှာပေါ့။ ပထမအချက်.. ရှဟာဒသ် ခေါ်တဲ့ ယုံကြည်သက်ဝင်ခြင်းပါ။ "ဘုရားသခင်ကလွဲပြီး အခြားကိုးကွယ်ထိုက်သူမရှိ မိုဟာမဒ်ဟာ စေလွှတ်ခြင်းခံရတဲ့ တမန်တော်ဖြစ်တယ်။" "အလ္လာဟ်ရှင်က လွဲပြီး ခ၀ပ်ထိုက်သူမရှိ" လို့လဲ အဓိပာယ်ဖွင့်ဆိုလေ့ရှိတယ်။ အလ္လာဟ်ဆိုတဲ့ ဝေါဟာရဟာအခြားဘာသာတွေခေါ်တဲ့ ဘုရားသခင်(GOD) နဲ့ သီခြားစီဖြစ်သွားစေတယ် အာရဗီ စကားမှာ ဘယ်ဘာသာဝင်အတွက်ပဲဖြစ်ဖြစ် ဘုရားသခင်ကို အလ္လာဟ်လို့ ခေါ်ပါတယ်။ ဒုတိယ... ဆွလာသ် လို့ခေါ်တဲ့ တစ်နေ့ ၅ ကြိမ် ၀တ်ပြုခြင်းပါ။ မိုးသောက်ယံ၊ မွန်းတည့်၊ နေမ၀င်မီ၊ နေ၀င်ပြီး နဲ့ ည ဦးယံ အချိန် တွေမှာ ၀တ်ပြုရတာပါ။ ၀တ်ပြုခြင်းဟာ အရွယ်ရောက်မရောက်သေးသူတွေ လူမမာတွေနဲ့ ရာသီဓမ္မတာလာနေသူတွေကလွဲပြီး ကျန်သူများအတွက် မပြုမနေရတာဝန်ဖြစ်ပါတယ်။ အခြားချွင်းချက်လဲ ရှိဦးမှာပါ။ တတိယ.. ရမဒွာန် လမြတ်မှာ ဥပုသ်သီလ စောင့်ရတာပါ။ ဆောမ်လို့ခေါ်ပါတယ်။ အဲဒီလမှာ မွတ်စ်လင်မ်တွေဟာ တစ်နေ့လုံး အစားအသောက်နဲ့ ဆေးလိပ်ကိုရှောင်ကျဉ်ရပါတယ်။ လပြည့်လကွယ်ကို အခြေခံတဲ့ ပြက္ခဒိန်ဖြစ်တာကြောင့် ရမဒွာန်လဟာလည်း ရာသီခွင်အရ လည်ပတ်နေပါတယ်။ ဥပုသ်စောင့်တာဟာ နေ့တာတိုတဲ့ ဆောင်းရာသီမှာ မသိသာပေမဲ့ ပူအိုက်ပြီးနေ့တာရှည်တဲ့ နွေရာသီမှာ ကျရောက်ခဲ့ရင်တော့ သိပ်ပျော်စရာမကောင်းလှပါဘူး စတုတ္ထကတော့.. ဇကာသ်လို့ ခေါ်တဲ့ ပေးလှုခြင်းပါ။ ချောင်လည်တဲ့ ဘာသာဝင်တွေဟာ ၀င်ငွေရဲ့ ရာခိုင်နှုန်းအနည်းငယ်ကို နွမ်းပါးသူတွေအတွက် ပေးကမ်းရပါတယ်။ နောက်ဆုံးတစ်ခုကတော့.. ဟာ့ဂ်ျ ပါ။ ကျန်းမာပြီး ငွေကြေးပြည့်စုံခဲ့ရင် တစ်သက်မှာ အနည်းဆုံးတစ်ကြိမ် မက္ကာမြို့ကို ဘုရားဖူးသွားရောက်ရမဲ့ တာဝန်ဖြစ်ပါတယ်။ အစ္စလာမ်ဘာသာအကြောင်း သေချာ နားလည်ဖို့ ကုရ်အာန်ကျမ်းမြတ်ကို သိရုံလောက်နဲ့ မရပါဘူး။ ဂျူးနဲ့ ခရစ်ယာန်ဘာသာတွေမှာ ဘုန်းတော်ကြီးတွေရဲ့ မြွက်ကြားရေးသားချက်တွေက အရေးကြီးသလိုပဲ အစ္စလာမ်မှာလဲ အထွတ်အမြတ်ထားရတဲ့ အမိန့်တော်တွေ စာပေတွေရှိပါတယ်။ အရေးအပါဆုံးကတော့ တမန်တော်ရဲ့ ဇာတ်ကြောင်းနဲ့ ဟဒီးဆ်လို့ခေါ်တဲ့ ၄င်း ရဲ့ မိန့်ကြားချက်တွေပဲဖြစ်ပါတယ်။ အိုး .. ပေးစာဖတ်ဖို့ အချိန်ရောက်လာပြီပဲ (စောင်းသံ) မျက်လှည့် အပျိုစင် ၇၂ ဦးအတွက် အိတ်ဖွင့်ပေးစာပါ။ ပထမဆုံး လျို့ဝှက်ခန်းထဲမှာ ဘာရှိလဲ ကြည့်ရအောင် အိုး... ဘီလူး အန်ဒရီ ပဲ.. ဘီလူးအန်ဒရီဟာ အပျိုစင်ဘ၀နဲ့ သေဆုံးခဲ့ကြောင်း ကျွန်တော် ဇာတ်လမ်းဆင်ပြောခဲ့တာ သိတယ်မလား ချစ်လှစွာသော အပျိုစင် ၇၂ ဦးခင်ဗျာ.. ကျွန်တော်က ဂျွန် ဂရင်းဖြစ်ပါတယ်။ ဟဒီးဆ်အားလုံးဟာ တူညီစွာဖြစ်ပေါ်လာတာ မဟုတ်ပါ တမန်တော်ရဲ့ မြွက်ကြားချက်တစ်ချို့ဟာ ခိုင်လုံတဲ့ အထောက်အထားရှိပါတယ်။ ဥပမာ... တမန်တော်ရဲ့ မိတ်ဆွေ (သို့) ဆွေမျိုးတစ်ဦးက ဆင့်ပြန်ခဲ့တဲ့ ဟဒီးဆ် သြ၀ါဒမျိုးပေါ့... ဒါပေမဲ့ တချို့ဟဒီးဆ်တွေကတော့ အထောက်အထား ခိုင်လုံခြင်းမရှိဘူးလို့ ဆိုပါတယ်။ အလယ်တန်းကျောင်းသူတွေ အတင်းပြောသလို ဘယ်သူရဲ့ ညီမ ကို ဘယ်သူ့ အစ်ကိုရဲ့ သူငယ်ချင်းက ဘာလုပ်လိုက်တယ်ဆိုတာမျိုးပေါ့ မွတ်စ်လင်မ် အများစုကတော့ အထောက်အထားမခိုင်လုံတဲ့ သြ၀ါဒတွေကို လက်မခံပါဘူး ဥပမာ..ကောင်းကင်ဘုံရောက်ရင် အပျိုစင် ၇၂ဦး ဆက်သခံရမယ်ဆိုတာ ကုရ်အာန်ကျမ်းမှာလဲ မပါသလို အထောက်အထားခိုင်လုံတဲ့ သြ၀ါဒလဲ မဟုတ်ပါဘူး ဒါ့ကြောင့် အပျိုစင် ၇၂ ဦးခင်ဗျာ.. ၀မ်းနည်းပါတယ်။ မွတ်စ်လင်မ်အများစုက ခင်ဗျားတို့ရှိတယ်ဆိုတာ မယုံကြပါဘူး။ ဆုမွန်ကောင်းတောင်းပေးလျက်... ဂျွန် ဂရင်း အစ္စလာမ်နဲ့ပတ်သတ်ပြီး ဂျူး၊ ခရစ်ယာန်ဘာသာနဲ့ ဆင်တူတဲ့ နောက်တစ်ခုက ဘာသာရေး ဥပဒေစီရင်ထုံးတွေ သတ်သတ်ရှိတာပဲဖြစ်ပါတယ်။ ကြားဖူးရင်လဲ ကြားဖူးကြမှာပါ။ ရှရီအသ် လို့ခေါ်ပါတယ်။ ရှရီအသ်တရားတော်နဲ့ အညီ မွတ်စ်လင်အားလုံးနေထိုင်ကြတယ်လို့ ထင်ရင်တော့ သိပ်မမှန်ပါဘူး။ ရှရီအသ် တရားတော်နဲ့ပတ်သတ်ပြီး အငြင်းပွားမှုတွေရှိပါတယ် အတိုချူပ်ရရင် လူသားအချင်းချင်း စာနာသူတွေကို မွတ်စ်လင်မ်လို့ခေါ်ပါတယ်။ ဘုရားသခင်ရဲ့ အလိုအတိုင်း ပြုမူနေထိုင်တဲ့ အစ္စလာမ် ယုံကြည်သက်ဝင်သူအပေါင်းကို အွမ္မသ် လို့ခေါ်ပါတယ်။ ခုအချိန်ဟာ Uma Therman အကြောင်း ဟာသပြောသင့်တဲ့အချိန်ပါ သူမ အောင်မြင်မှုနဲ့ဝေးကွာသွားခဲ့တာကတော့ စိတ်မကောင်းစရာပေါ့ Uma Therman ရေ.. ဒီဗီဒီယိုကိုကြည့်နေတယ်ဆိုရင်တော့ ဆောရီးပါ မျိုးနွယ်စွဲတွေရှိနေသူတစ်ယောက်ဟာ အွမ္မသ်တစ်ယောက်ဖြစ်ရတာမလွယ်ပါဘူး တမန်တော်မိုဟာမဒ်ဟာ လဲ မျိုးနွယ်စွဲရှိတဲ့ အုပ်စုကနေ ဆင်းသက်လာတာကြောင့် အတော်လေး ဒုက္ခခံပြီး သာသနာအတွက် ကြိုးပမ်းခဲ့ရပါတယ်။ တမန်တော်ရဲ့ နောက်လိုက်တွေများလာတာနဲ့အမျှ မက္ကာမှာအင်အားအကြီးဆုံးဖြစ်တဲ့ ကိုရိုက်ရှ် မျိုးနွယ်စုရဲ့ သံသယတွေကလည်း ကြီးထွားလာပါတယ်။ တမန်တော်မိုဟာမဒ်အတွက်တော့ ကိုရိုက်ရှ်မျိုးနွယ်ဝင်ဖြစ်ခြင်းက အရေးမပါလှပါဘူး ဘာပဲဖြစ်နေနေ ဘုရားသခင်တစ်ပါးတည်း ရှိကြောင်း မြွက်ကြားမှာဖြစ်ပါတယ်။ ကိုရိုက်ရှ်မျိုးနွယ်တွေအတွက်တော့ သတင်းဆိုးတစ်ခုပေါ့လေ။ အကြောင်းက မက္ကာဟ်မှာနတ်ရုပ်တု ကုန်သွယ်ရေးလုပ်ငန်းကို စီမံအုပ်ချုပ်နေတာက သူတို့ကိုး၊ နတ်ရုပ်ကိုးကွယ်ခြင်းဟာ အယူမှားတစ်ခုလို့ လူတွေလက်ခံသွားရင် သူတို့ဟာ စီးပွားပျက်ကပ်ဆိုက်ကိန်းရှိတယ်လေ။ ဒါပေမဲ့ မက္ကာမြို့ နတ်ရုပ်တု လုပ်ငန်းကတော့ နောက်ဆုံးထိ အဆင်ပြေနေခဲ့ပါတယ်။ ဒါကြောင့် သက္ကရာဇ် ၆၂၂ မှာ ကိုရိုက်ရှ်တွေဟာ တမန်တော်နဲ့ နောက်လိုက်တွေကို မက္ကာကနေ ထွက်သွားအောင် အမျိုးမျိုးတွန်းအားပေးခဲ့ကြတယ်။ နောက်ဆုံးမှာ တမန်တော်မိုဟာမဒ်နဲ့ နောက်လိုက်တွေဟာ မဒီနာမြို့တော်ကို ထွက်ခွာခဲ့ကြတယ်။ အဲဒီခရီးစဉ်ကို ဟစ်ဂ်ျရသ် လို့ခေါ်ပြီး အစ္စလာမ့် ပြက္ခဒိန်ရဲ့အစ ဖြစ်မှတ်ယူခဲ့တာကြောင့် အစ္စလာမ့်သမိုင်းမှာ အလွန်အရေးပါတဲ့ ကဏ္ဍတစ်ခုဖြစ်ပါတယ်။ မဒီနာမှာ တမန်တော်မိုဟာမဒ်ဟာ ဂျူးဝါဒနဲ့ ဆက်နွယ်နေတဲ့ ဘာသာရေးအစွဲတွေကို ဖယ်ရှားခဲ့တယ်။ ဦးချဝတ်ပြုရာအရပ်ကိုလည်း ဂျေရုစလာမ်ကနေ မဒီနာ ဖက်ကို လှည့်စေခဲ့တယ်။ မဒီနာမြို့မှာ အစ္စလာမ်ဘာသာဝင်အုပ်စုဟာ အင်ပါယာအသေးစားတစ်ခု ဖြစ်လာတယ်။ ယေရှုခရစ်တော်ဟာ နိုင်ငံအုပ်ချူပ်သူမဟုတ်ခဲ့ပေမဲ့ တမန်တော်မိုဟာမဒ်ကတော့ ကနဦးတည်းက အုပ်စုခေါင်းဆောင် ဖြစ်လာခဲ့တယ်။ သူဟာမွန်မြတ်တဲ့ တမန်တော်ဖြစ်တဲ့အပြင် စစ်သူကြီးကောင်းတစ်ယောက်လဲဖြစ်တယ်။ သက္ကရာဇ် ၆၃၀ မှာ အစ္စလာမ်များဟာ မက္ကာမြို့ကို အောင်နိုင်ခဲ့တယ်။ ကာဗာကျောင်းတော်ထဲက နတ်ရုပ်တုတွေကို ဖယ်ရှားခဲ့တယ်။ မကြာမီမှာပဲ အစ္စလာမ်တွေဟာ ဘာသာရေးမှာတင်မကပဲ အုပ်ချုပ်မှုပိုင်းမှာပါ အင်အားကြီးမားလာခဲ့တယ်။ အစတည်းက ဘာသာရေးနဲ့ အုပ်ချူပ်ရေးဟာ ယှဉ်တွဲနေခဲ့တာကြောင့် ခရစ်ယာန်နဲ့ ဂျူးဘာသာတွေမှာ လို နိုင်ငံသားဥပဒေ နဲ့ ဘာသာရေး ဥပဒေကို သီးခြားခွဲထုတ်မထားဘူး တမန်တော်မိုဟာမဒ် ကွယ်လွန်ခဲ့တဲ့ သက္ကရာဇ် ၆၃၂မှာ ဘာသာရေးနဲ့ ပတ်သတ်ပြီး လစ်ဟာမှုတွေ မရှိနေခဲ့ဘူး မိုဟာမဒ်ဟာ နောက်ဆုံးတမန်တော်ဖြစ်ပြီး အွမ္မသ်(အစ္စလာမ်ဘာသာဝင်များ)ဟာ ကုရ်အာန်ကျမ်းတော်ရဲ့ လမ်းညွှန်မှုတွေအတိုင်း ကျင့်သုံးနေထိုင်ကြတယ်။ ဒါပေမဲ့ အုပ်စုတစ်ခုလုံးကို အုပ်ချူပ်ဖို့ ခလီဖာဟ် ခေါ် ခေါင်းဆောင်တစ်ဦးလိုအပ်တယ်လေ။ ပထမဆုံးခေါင်းဆောင်တင်မြောက်ခံရသူဟာ တမန်တော်ရဲ့ ယောက္ခထီးတော် အဘူဗကရ်ဖြစ်တယ် အဘူဗကရ်ကို ဆန့်ကျင်သူတွေဟာ တမန်တော်ရဲ့ သားမက်တော်စပ်သူ အလီ ကို အုပ်စုခေါင်းဆောင်အဖြစ်တင်မြောက်လိုကြတယ်။ အငြင်းပွားမှုတွေ ရှိခဲ့ပေမဲ့ နောက်ဆုံးမှာ အလီဟာ စတုတ္ထမြောက် အုပ်စု ခေါင်းဆောင်ဖြစ်လာခဲ့တယ်။ အချိန် ၁၀ မိနစ်လောက်ပဲ ရတာမို့ အတိုချုပ်ပဲ ပြောပါရစေ။ အဲဒီအငြင်းပွားမှုဟာ မွတ်စ်လင်မ်အုပ်စုကို စွန္နီ နဲ့ ရှီယာ ဆိုပြီး နှစ်ပိုင်းကွဲစေခဲ့တယ်။ ယနေ့အထိ စွန္နီ မွတ်စ်လင်မ်တွေဟာ အဘူဗကရ်ကို ပထမဆုံး ခေါင်းဆောင်အဖြစ် ယုံကြည်လက်ခံကြပြီး ရှီယာ မွတ်စ်လင်မ်တွေကတော့ အလီသာ ခေါင်းဆောင်ဖြစ်သင့်ကြောင်း ယုံကြည်ကြဆဲဖြစ်ပါတယ်။ စွန္နီ တွေအတွက်တော့ အဘူဗကရ်၊ အူမရ်၊ အွစ်မာန်း နဲ့ အလီ တို့ဟာ မှန်ကန်စွာ ဦးဆောင်ခဲ့တဲ့ သခင်လေးပါးဖြစ်ပါတယ်။ ယနေ့ခေတ်မှာလဲ ရှေးရိုးစွဲ အစ္စလာမ် အုပ်စုတချို့ဟာ ၄င်းတို့ရဲ့ ယခင်ရွှေရောင်နေ့ရက်တွေ ကို ပြန်လည်ရယူဖို့ ကြိုးစားနေဆဲပါ။ အဘူဗကရ်ဟာ တမန်တော်လွန်ပြီးနောက် လူမျိုးစုတစ်ခုလုံးကို တည်ငြိမ်နေအာင် အုပ်ချုပ်ခဲ့တယ်။ နောက်တော့ ဗျာဒိတ်တော်တွေကို ကိုရ်အာန်ကျမ်းအဖြစ် ရေးသား မှတ်တမ်းတင်ခဲ့တယ်။ ဘစ်ဇန်းတိုင်း၊ ဆာဆေးနီးယန်းအင်ပါယာ တို့နဲ့ တိုက်ပွဲများ စတင်ခဲ့တယ်။ ၁၁၆ နှစ်အတွင်းမှာ အောင်မြင်တဲ့ အစ္စလာမ့် အင်ပါယာကို ထူထောင်ခဲ့တယ်။ သူ့နေရာကို ဆက်ခံသူ အူမရ်သခင်ဟာ လဲ ပြောင်မြောက် ထူးချွန်တဲ့ စစ်သူကြီးတစ်ဦးဖြစ်တဲ့အပြင် ထက်မြက်တဲ့ အုပ်စုခေါင်းဆောင်လဲဖြစ်ခဲ့တယ်။ ဒါပေမဲ့ သူဟာလဲ အခြားခေါင်းဆောင်ကောင်းတွေလိုပဲ လုပ်ကြံသတ်ဖြတ်ခြင်းခံခဲ့ရပါတယ်။ သူ့နေရာကို ကိုရ်အာန်ကျမ်း ဥပဒေအတိုင်း စံထားအုပ်ချူပ်တဲ့ အွစ်မာန်သခင် ဆက်ခံခဲ့ပြီး အရင် ခေါင်းဆောင်မျာနည်းတူ အောင်မြင်မှုများ ရရှိခဲ့ပေမဲ့ အရင်ခေါင်းဆောင်များနည်းတူပဲ လုပ်ကြံခံခဲ့ရပါတယ်။ နောက်ဆုံးမှာတော့ အလီသခင်ခေါင်းဆောင်ဖြစ်လာပါတယ်။ ဒါပေမဲ့ ၄င်းရဲ့ ဆက်ခံမှုနဲ့ ပတ်သတ်ပြီး အချင်းချင်း အငြင်းပွားကြရာ ပြည်တွင်းစစ်ဖြစ်တဲ့အထိ ဦးတည်ခဲ့တယ်။ အွတ်စ်မာန်း သခင်ရဲ့ အူမေရာဒ် မျိုးနွယ်ပေါ်ထွန်းလာပြီး ၄င်းမင်းဆက် ရဲ့ ခေါင်းဆောင် အုပ်ချုပ်ခဲ့မှုကြောင့် နှစ်ပေါင်းတစ်ရာကျော်အတွင်းမှာ ကြီးမားကျယ်ပြန့်လာတဲ့ အစ္စလာမ့် အင်ပါယာကြီးကို တည်ထောင်နိုင်ခဲ့တယ်။ ဟိုးအရင်နှစ်တွေမှာ အစ္စလာမ်တွေဟာ ဓားမိုးဝါဒဖြန့်မှုတွေလုပ်တယ်ဆိုတာ သိပ်မမှန်လှပါဘူး။ မွန်ဂိုတွေကလွဲရင်ပေါ့။ နောက်လာပါမယ်။ မွန်ဂိုလူမျိုးတွေအကြောင်း..၊ (ဂန္တ၀င် ဂီတသံ) ထုံးစံအတိုင်းပဲ အမှန်တရားဆိုတာ နဲနဲပို ရှုပ်ထွေးတယ်လေ၊ မွန်ဂို လူမျိုးတွေ၊ အာရှ အရှေ့ပိုင်းနဲ့ အလယ်ပိုင်း အပါအ၀င် လူတော်တော်များများ ဟာ ဘာစစ်ပွဲမှ မဆင်နွှဲရပဲ အစ္စလာမ်ကို လက်ခံခဲ့ကြတယ်။ တကယ်တော့ ကိုရ်အာန်ကျမ်းမှာ ဘာသာရေးကို အတင်းအဓ္ဓမ လုပ်ယူခွင့်မရှိကြောင်း အတိအလင်းဖော်ပြထားတယ်။ ဒါပေမဲ့လဲ ရှေးဦးအစ္စလာမ့် အင်ပါယာဟာ စစ်ပွဲတွေ အောင်နိုင်ရာမှာ အလွန်သတင်းမွှေးခဲ့တယ်။ အစ္စလာမ့်အင်ပါယာဟာ ကြွယ်ဝတဲ့ ဘစ်ဇင်တိုင်းနဲ့ ဆာဆေးနီးယန်း အင်ပါယာ နှစ်ခုကြားတည်ရှိတဲ့အတွက် စစ်ပွဲတွေ မကြာခဏဖြစ်လေ့ရှိတယ်။ ပထမဆုံး အနေနဲ့ ပါရှန်အင်ပါယာထဲက ဆာဆေးနီးယန်း အုပ်စုကို အောင်နိုင်ခဲ့တယ်။ ဆာဆေးနီးယန်းတွေဟာ ဘစ်ဇစ်တိုင်းနဲ့ နှစ်ပေါင်း ၃၀၀ ကျော်လောက်စစ်ဖြစ်နေခဲ့တာကြောင့် စစ်ပမ်းနေတဲ့အပြင် ပလိပ်ကပ်ဆိုးရဲ့ ညင်းပမ်းမှုကိုလည်းခံထားရချိန်လဲဖြစ်ပါတယ်။ ပလိပ်ရောဂါနော်...။ သမိုင်းမှာ အခိုင်အမာနေရာရခဲ့တဲ့ ကပ်ဆိုးကြီးပါ။ (ဖြည်းညင်းစွာ လေချွန်သံ) အစောပိုင်းနှစ်တွေမှာ အီဂျစ် အစရှိတဲ့ အဖိုးတန်နယ်မြေတွေကို အောင်နိုင်ခဲ့ပြီး နောက်ဆုံးမှာ စပိန်ဖက်ကိုရောက်လာခဲ့တယ်။ စပိန်မှာ မွတ်စ်လင်မ် မင်းဆက်တွေ ကြာညောင်းစွာ အခြေချခဲ့ပေမဲ့ ၁၄၉၂ ခုနှစ်မှာတော့ တိုက်ထုတ်ခံခဲ့ရပါတယ်။ စစ်တိုက်ရာမှာ ကျွမ်းကျင်လှတဲ့ အစ္စလာမ့်အင်ပါယာဟာ အာရပ် ကိုအောင်နိုင်ပြီး ဘုရားသခင်အလိုကျပုံစံ အုပ်ချူပ်ဖို့ ကြိုစားခဲ့ပါတယ်။ ၄င်းတို့အောင်နိုင်ခဲ့တဲ့ လူတိုင်းလဲ အဲလိုပဲ ခံစားခဲ့ရပါတယ်။ အဲဒီကာလမှာဖြစ်တဲ့ စစ်ပွဲတွေဟာ လူသားအချင်းချင်း ပြိုင်ဆိုင်ရုံမျှမက ကိုးကွယ်ရာဘုရားတွေအချင်းချင်းကိုပါ ပြိုင်ဆိုင်ကြပါတယ်။ ဒါ့ကြောင့် အစ္စလာမ့် အင်ပါယာဟာ ဘာသာပြောင်းဖို့ ဆွဲဆောင်စရာမလိုပဲ ၄င်းတို့ရဲ့ သြချလောက်တဲ့ အောင်နိုင်မှုတွေက တစ်ပါးတည်းသော အသျှင်သာ ကိုးကွယ်ရာဖြစ်ကြောင်း လူတွေကိုယုံကြည်လက်ခံစေခဲ့ပါတယ်။ ရှိသေးတယ်.. ဂျွန်ဂရင်းရေ.. ဘာသာကူးပြောင်းလာသူတွေဟာ အခွန်အနည်းငယ်ပဲ ပေးဆောင်ရသတဲ့ ဆေးလိပ်ခွန်ပေးဆောင်ရတဲ့အတွက် လူတွေ ဆေးလိပ်သိပ်မသောက်တော့သလိုပဲပေါ့ နတ်ဘုရားတွေကိုးကွယ်ဖို့ အခွန်ပေးဆောင်ရတဲ့အခါ နတ်ကိုးကွယ်သူတွေ လျော့နည်းလာတယ်။ သမိုင်းမှတ်တမ်းများအရ အလွန်နည်းပါးလှတဲ့ လူတစ်စုဟာ တိုတောင်းတဲ့အချိန်ကာလတစ်ခုအတွင်းမှာ သဘာဝအရင်းအမြစ်လည်းမရှိပါပဲနဲ့ ကမ္ဘာ့ အကြီးမားဆုံး အင်ပါယာတစ်ခု တည်ထောင်နိုင်ခဲ့တယ်။ အစ္စလာမ်ဟာလဲ ဘာသာကြီးများထဲကတစ်ခု ဖြစ်လာခဲ့တယ်။ ဒါ့ကြောင့်လဲ အနောက်ဥရောပသားတွေဟာ ဒီသမိုင်းဝင်ကာလတွေကို လျစ်လျူရှုနေတာဖြစ်ပါတယ်။ မွတ်စ်လင်မ်များဟာ အောင်နိုင်သူတွေဖြစ်ခဲ့ကြတဲ့ပြင် ကုန်သွယ်စီးပွားလုပ်ငန်းကိုလဲ နှစ်ရာပေါင်းများစွာတည်တံ့စေခဲ့ပါတယ်။ ဥရောပသားတွေ လျစ်လျူရှုထားခဲ့တဲ့ Western Canon ခေါ် အခြေခံ ဂန္တ၀င် စာပေ တော်တ်ာများများကိုလဲ ထိန်းသိမ်းခဲ့တယ်။ မွတ်စ်လင်မ်တွေဟာ ဂရိယဉ်ကျေးမှု တစ်ခောတ်ဆန်းခဲ့တဲ့ The Renaissance ကာလကို စတင်ခဲ့သူတွေလည်းဖြစ်တယ်။ စပိန်နဲ့ အိန္ဒု မြစ် ကြားက ဒေသတွေကို အာရပ်ယဉ်ကျေးမှု မလွှမ်းမိုးခဲ့ပေမဲ့ တော်တော်များများအစ္စလာမ်ဘာသာဝင်တွေဖြစ်လာတာကြောင့် ယနေ့ခေတ်မှာ အရှေ့အလယ်ပိုင်းလို့ ပြောလိုက်တာနဲ့ အစ္စလာမ်ဘာသာအကြောင်းအလိုလို ပါလာမှာပါ။ အီဂျစ်မှာ အစ္စလာမ့်အင်အားကို ပိုပြီးကြီးမားစေတဲ့ အရာက လူသန်းပေါင်းများစွာဟာ သူတို့ရဲ့ ပိရမစ်တွေဆီကနေ မက္ကဟ်ကိုလာပြီး တစ်နေ့ ၅ ကြိမ် စုဝေး ၀တ်ပြု ရလို့လဲဖြစ်နိုင်ပါတယ် ယဉ်ကျေးမှုအစဉ်အလာကြီးမာတဲ့ အီဂျစ်နိုင်ငံဟာ အခုဆိုရင် ကမ္ဘာ့အကြီးမားဆုံး အာရပ်နိုင်ငံ ဖြစ်နေပါပြီ။ နောက်အပတ်မှာ အမှောင်ခေတ်အကြောင်း ဆွေးနွေးပါမယ်။ အချက်ပေးသံ: ညနေခင်းမှာ အမှောင်ဆုံးဖြစ်ပါတယ်။ ခုလိုကြည့်ရှုတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ပြန်လည်ဆုံတွေ့ပါဦးမယ်။