ဖဲထုပ်တစ်ထုပ်ကို နည်းလမ်းပေါင်း ဘယ်နှစ်နည်းလောက် ခင်ဗျား စီစဉ်နိုင်လဲ - Yannay Khaikin
-
0:07 - 0:09ကဒ်တစ်ကဒ် ဆွဲပါ၊ ဘယ် ကဒ်ဖြစ်ဖြစ်ပါ
-
0:09 - 0:12တကယ်တော့.. ကဒ်အကုန်လုံး
ဆွဲထုတ်ရုံထုတ်ပြီး တချက် ကြည့်ရုံပါ -
0:12 - 0:16ကဒ် ၅၂ ချပ်ပါတဲ့ ဒီ ဖဲထုပ်ကို ရာစုနှစ်ချီ
ကြာအောင် အသုံးပြုလာခဲ့ကြတာပါ။ -
0:16 - 0:18နေ့တိုင်း၊ ဒီလိုမျိုး အကြိမ်ပေါင်း
ထောင်ချီပြီး -
0:18 - 0:21ကမ္ဘာပေါ်က ကာစီနိုဝိုင်းအားလုံးမှာ
ဖဲထုပ်ကို မွှေနှောက်လျက် -
0:21 - 0:24ဖဲအစဉ်ကို တစ်ကြိမ်စီတစ်မျိုး ပြန်စီပါတယ်။
ဒါပေမဲ့လို့.. -
0:24 - 0:26သမအောင်မွှေထားတဲ့ ဖဲထုပ်ထဲက
ဆွဲထုတ်တိုင်းမှာ.. -
0:26 - 0:28ဥပမာ ဒါမျိုးပေါ့
-
0:28 - 0:29သမိုင်းတလျှောက်လုံး ယခင်က မရှိဖူးတဲ့
-
0:29 - 0:31ကဒ် အစီအစဉ်တရပ်ကို
-
0:31 - 0:34ကိုင်ထားမိမှာ သေချာပေါက် နီးပါးပါပဲ
-
0:34 - 0:36ဒါ ဘယ်လို ဖြစ်နိုင်ပါသလဲ
-
0:36 - 0:38၅၂ ကဒ် ဖြစ်စေ တခြားဟာဖြစ်စေ
မတူတဲ့အစဉ်ပေါင်း -
0:38 - 0:42ဘယ်လောက်များလဲ အပေါ်မူတည်ပြီး
အဖြေက ဖြစ်နိုင်ပါတယ် -
0:42 - 0:46ကဲ၊ ၅၂ ချပ်ဆိုတဲ့ အရေအတွက်က
ဒီလောက်ကြီးများမယ် မထင်ပါဘူး -
0:46 - 0:48ဒါပေမဲ့ ပိုနည်းတာ တစ်ခုနဲ့ စလိုက်စို့
-
0:48 - 0:50ကျုပ်တို့ နံပတ်တပ်ထားတဲ့ ခုံ ၄ လုံးမှာ
-
0:50 - 0:52လူ ၄ ဦး ထိုင်ကြ မယ်ဆိုရင်
-
0:52 - 0:54နေရာချနိုင်တဲ့ နည်းလမ်းပေါင်း
ဘယ်လောက်ရှိမလဲ -
0:54 - 0:57စစခြင်းမှာ လေးယောက်ထဲက ဘယ်သူမဆို
-
0:57 - 0:58ဒီပထမခုံပေါ် ထိုင်နိုင်တယ်
-
0:58 - 0:59တစ်ယောက်က ဒါကို ရွေးရင်
-
0:59 - 1:01လူ ၃ ဦးသာ ရပ်ပြီးကျန်နေမယ်
-
1:01 - 1:03ဒုတိယလူ ထိုင်ပြီးတဲ့အခါ
-
1:03 - 1:05တတိယခုေအတွက် လျာထားခံရသူ
-
1:05 - 1:07၂ ဦးပဲ ကျန်ပါတော့မယ်
-
1:07 - 1:09တတိယလူ ထိုင်ပြီးနောက်မှာ
-
1:09 - 1:10ရပ်ပြီး ကျန်နေတဲ့ လူဟာ စတုတ္ထခုံမှာ
-
1:10 - 1:12ထိုင်ရုံကလွဲပြီး ရွေးချယ်စရာတော့ မရှိပါ
-
1:12 - 1:15ဖြစ်နိုင်တဲ့ စီစဉ်မှုပေါင်း
သို့မဟုတ် ပတ်လည်အတွဲစဉ် တွေ -
1:15 - 1:17အားလုံးကို စနစ်တကျရေးသွင်းလိုက်ရင်
-
1:17 - 1:19ခုံ ၄ လုံးမှာ၊ လူ ၄ ဦးကို နေရာချတဲ့ နည်း-
-
1:19 - 1:22၂၄ နည်း ရှိကြောင်း အဖြေပေါ်လာမှာ
ဖြစ်ပေမဲ့.. -
1:22 - 1:24ပိုကြီးတဲ့ ကိန်းတွေကို ကိုင်တဲ့အခါတော့
-
1:24 - 1:26ဒါ တွက်ရတာ အတော် ကြာနိုင်ပါတယ်
-
1:26 - 1:28ဒီတော့ ပိုမြန်တဲ့ နည်းကို ကြည့်စို့
-
1:28 - 1:29အစပိုင်းကို ပြန်သွားရင်
-
1:29 - 1:31ပထမ ခုံအတွက် ကနဦး ရွေးချယ်မှုက
၄ ခုစီရှိတာ -
1:31 - 1:33ခင်းဗျား တွေ့နိုင်တယ်
-
1:33 - 1:36ဒုတိယ ခုံအတွက်က နောက်ထပ် ဖြစ်နိုင်တဲ့
ရွေးချယ်မှု ၃ မျိုး ဖြစ်လာပြီး -
1:36 - 1:37ဒီရွေးချယ်မှု တစ်ခုစီက
-
1:37 - 1:40တတိယ ခုံအတွက် ၂ ခုထပ်ဖြစ်မယ်
-
1:40 - 1:43ဒီတော့ အပြီးသတ် ဖြစ်နိုင်ခြေတစ်ခုစီကို
သီးခြားရေတွက်မည့်အစား -
1:43 - 1:46ခုံတစ်လုံး စီအတွက် ရွေးချယ်နိုင်တဲ့
အရေအတွက်နဲ့ မြောက်နိုင်ပါတယ်၊ -
1:46 - 1:49၄ x ၃ x ၂ x ၁
-
1:49 - 1:52၂၄ ဆိုတဲ့ တူညီတဲ့ ရလဒ်ကို ရဖို့ပေါ့
-
1:52 - 1:54စိတ်ဝင်းစားစရာ ပုံစံ ပေါ်လာပြီ
-
1:54 - 1:57ခုကိစ္စမှာ စီစဉ်စရာ
အရေအတွက် ၄ ခု နဲ့ -
1:57 - 1:58ကျုပ်တို့ စတင်လိုက်ပြီးတော့
-
1:58 - 2:01ဒါကို တစ် ပိုငယ်တဲ့ ကိန်းပြည့်တွေနဲ့
ဆက် မြောက်လိုက်တာ -
2:01 - 2:03တစ်ကို ရောက်တဲ့ အထိပါပဲ
-
2:03 - 2:05ဒါ စိတ်လှုပ်ရှားစရာ တွေ့ရှိမှုပါ
-
2:05 - 2:06စိတ်လှုပ်ရှားလွန်းတော့
သင်္ချာပညာရှင်တွေက -
2:06 - 2:09မြှှောက်ဖော်ကိန်းလို့သိတဲ့
တွက်ချက်မှုမျိုးကို -
2:09 - 2:10သင်္ကေတသတ်မှတ်ဖို့ရာ ရွေးချယ်လိုက်တာက
-
2:10 - 2:12အာမေဋိတ်အမှတ်အသား ဖြစ်ပါတယ်
-
2:12 - 2:16ယေဘုယျ စည်းကမ်းအရ
အပေါင်းကိန်းပြည့်ရဲ့ မြှောက်ဖော်ကိန်းကို -
2:16 - 2:17အလားတူ ထိုကိန်းပြည့်နဲ့
တစ် ရောက်တဲ့အထိ -
2:17 - 2:19တစ် ပို ပိုငယ်သွားတဲ့
-
2:19 - 2:22ကိန်းပြည့်တွေရဲ့ မြောက်လဒ်အနေနဲ့ တွက်ပါတယ်
-
2:22 - 2:23ကျုပ်တို့ ဥပမာအရဆို
-
2:23 - 2:25လူ ၄ ဦးနဲ့ ခုံ ၄ လုံးအတွက်
-
2:25 - 2:26နည်းလမ်းရေတွက်ဖို့ စီစဉ်ရာမှာ
-
2:26 - 2:28၄ မြှောက်ဖော်ကိန်းအဖြစ် ရေးနိုင်ပါတယ်
-
2:28 - 2:30ဒါက ၂၄ နဲ့ ညီပါတယ်။
-
2:30 - 2:32ကျုပ်တို့ ဖဲထုပ်ဆီ ပြန်သွားစို့
-
2:32 - 2:34လူ ၄ ဦးကို စီစဉ်ရာမှာ
-
2:34 - 2:35နည်းပေါင်း ၄ မြှောက်ဖော်ကိန်းရှိသလို
-
2:35 - 2:38ဖဲ ၅၂ ချပ် စီစဉ်ရာမှာ
-
2:38 - 2:40နည်း ပေါင်း ၅၂ မြှောက်ဖော်ကိန်း ရှိပါတယ်
-
2:40 - 2:43ကံကောင်းတာက ဒါကို ကျုပ်တို့
လက်နဲ့ ချတွက်ဖို့မလိုဘူးဗျ။ -
2:43 - 2:45ဂဏန်းတွက်စက်က ဖန်ရှင် နှိပ်ရုံနဲ့
-
2:45 - 2:46ဒါက ဖြစ်နိုင်ခြေရှိတဲ့အစီအစဉ်
-
2:46 - 2:48အရေအတွက်ကို ဖော်ပြပါလိမ့်မယ်
-
2:48 - 2:52၈.၀၇ x ၁၀^၆၇
-
2:52 - 2:56သို့မဟုတ် ၈ နောက်မှာ သုည ၆၇ လုံးပါ။
-
2:56 - 2:57ဒီကိန်းက ဘယ်လောက်တောင် ကြီးမလဲဆို
-
2:57 - 3:00ကဒ် ၅၂ ချပ်ရဲ့ အစီအစဉ် အသစ်တစ်ခုချင်းကို
-
3:00 - 3:02တစ်စက္ကန့်စီမှာ ရေးချမယ်ဆိုရင်...
-
3:02 - 3:04Big Bang ဖြစ်ပွားတယ်လို့ ယူဆရတဲ့
-
3:04 - 3:06လွန်ခဲ့တဲ့ နှစ် ၁၃.၈ ဘီလျံက စတင်တာတောင်
-
3:06 - 3:09ဒီနေ့အထိကို ဆက်ရေးနေတာမပြီးလို့
-
3:09 - 3:11နောင် နှစ် ၁ သန်းအထိကြာဦးမှာပါ။
-
3:12 - 3:14တကယ်တော့ ဒီ ရိုးရှင်းတဲ့
ဖဲချပ်ကို စီစဉ်ရတဲ့ -
3:14 - 3:16နည်းလမ်းက ကမ္ဘာပေါ်က အက်တမ်တွေထက်
-
3:16 - 3:19ပိုလို့ များပါတယ်
-
3:19 - 3:21ဒီတော့ နောက်တစ်ကြိမ်
ခင်ဗျား ဖဲမွှေ အလှည့်ဆို -
3:21 - 3:22ယခင် ဘယ်တုန်းကမှ
-
3:22 - 3:23မရှိခဲ့ဖူးလောက်တဲ့
-
3:23 - 3:25ဖဲအစဉ်ကို ကိုင်ထားတယ်ဆိုတာ
-
3:25 - 3:27သတိရဖို့ ခဏလောက် အချိန်ယူပါ
- Title:
- ဖဲထုပ်တစ်ထုပ်ကို နည်းလမ်းပေါင်း ဘယ်နှစ်နည်းလောက် ခင်ဗျား စီစဉ်နိုင်လဲ - Yannay Khaikin
- Speaker:
- Yannay Khaikin
- Description:
-
သင်ခန်းစာအပြည့်အစုံကြည့်ရန်: http://ed.ted.com/lessons/how-many-ways-can-you-arrange-a-deck-of-cards-yannay-khaikin
ဖဲတစ်ထုပ်။ ၅၂ ချပ်။ အစီအစဉ်တွေ ဘယ်လောက်များပါသလဲ။ ဖဲထုတ်ကို ဒီနည်းအတိုင်းထားမယ်ဆို၊ ကောင်းစွာ မွှေနှောက်ထားတဲ့ ဖဲထုပ်ကနေ ကဒ်တွေကို ခင်ဗျား ဆွဲယူလိုက်တိုင်း၊ ဘယ်တုန်းကမှ မရှိခဲ့ဖူးတဲ့ ဖဲအစဉ်တစ်မျိုးကို ခင်ဗျားကိုင်ထားမိမယ်၊ ပြီးတော့ ဒီဖဲအစဉ်က နောင်လည်း ထပ်ပြီး ရှိလာတော့မှာ မဟုတ်တာ သေချာလုနီးနီး ဖြစ်ပါတယ်။ ဖဲချပ် အရေအတွက် ပုံမှန် အတိုင်းပါတဲ့ ဖဲထုပ်တစ်ထုပ်က တိကျတဲ့ (အလွန်များပြားလှတဲ့) စီစဉ်နည်း အရေအတွက်ကို အတိအကျဖော်ထုတ်ဖို့ factorial လုပ်နည်းက ခွင့်ပြုသည်ကို Yannay Khaikin က ရှင်းပြပေးပါသည်။
သင်ခန်းစာတင်ဆက်သူ- Yannay Khaikin, ရုပ်သံလှုပ်ရှားမှု ပုံရိပ်- The Moving Company Animation Studio.
- Video Language:
- English
- Team:
closed TED
- Project:
- TED-Ed
- Duration:
- 03:42
![]() |
sann tint approved Burmese subtitles for How many ways can you arrange a deck of cards? | |
![]() |
sann tint edited Burmese subtitles for How many ways can you arrange a deck of cards? | |
![]() |
sann tint accepted Burmese subtitles for How many ways can you arrange a deck of cards? | |
![]() |
sann tint edited Burmese subtitles for How many ways can you arrange a deck of cards? | |
![]() |
sann tint edited Burmese subtitles for How many ways can you arrange a deck of cards? | |
![]() |
sann tint edited Burmese subtitles for How many ways can you arrange a deck of cards? | |
![]() |
Tun Lin Aung + 1 edited Burmese subtitles for How many ways can you arrange a deck of cards? | |
![]() |
Tun Lin Aung + 1 edited Burmese subtitles for How many ways can you arrange a deck of cards? |