ပုံဆောင်ခဲတွေ အကြောင်း - Graham Baird
-
0:07 - 0:11Yellowstone Caldera ရှိ ရေပူစမ်းတွေရဲ့
အောက်ပိုင်း နက်ရှိုင်းတဲ့ နေရာမှာ -
0:11 - 0:16ကမ္ဘာ့ကြားလွှာထဲက ပူပြင်းတဲ့နေရာတွင်
ကျောက်ရည်ပူတွေ ရှိနေပါတယ်။ -
0:16 - 0:19ကျောက်ရည်ပူဟာ ကမ္ဘာမြေမျက်နှာပြင်ဆီသို့
ရွေ့လျားလာတာနဲ့ -
0:19 - 0:23၎င်းဟာ မီးသင့်ကျောက်များအဖြစ် ပြောင်းလဲ
သွားမယ့် ပုံဆောင်ခဲတွေကို ဖန်တီးပေးပါတယ်။ -
0:23 - 0:27အဲဒီကျောက်တွေထံမှ အပူဓာတ်က မြေအောက်ရေကို
မျက်နှာပြင်ဆီသို့ မောင်းနှင်ပေးပါတယ်။ -
0:27 - 0:33ရေဟာ အေးလာရင် အိုင်းယွန်းတွေဟာ ဓာတ်သတ္ထု
ပုံဆောင်ခဲများ အဖြစ် အံထုတ်ခံကြရလို့ -
0:33 - 0:37ဆီလီကွန်နဲ့ အောက်ဆီဂျင်တို့မှ
သလင်းကျောက် ပုံဆောင်ခဲများ၊ -
0:37 - 0:42ပိုတက်စီယမ်၊ လူမီနီယမ်၊ ဆီလီကွန်နဲ့
အောက်စီဂျင်တို့မှ မျောကျောက်၊ -
0:42 - 0:45ခဲနဲ့ ဆာလဖာမှ galena ကျောက်တို့
ပေါ်လာကြတာပါ။ -
0:45 - 0:48အဲဒီပုံဆောင်ခဲ အများအပြားတို့ဆီမှာ
ပင်ကိုယ် ပုံစံများ ရှိကြပါတယ်-- -
0:48 - 0:52ဒီလို ချွန်ထွက်နေကြတဲ့ သလင်းကျောက်
ဒါမှမဟုတ် galena ကုဗတုံးတွေကို ကြည့်ကြပါ။ -
0:52 - 0:56၎င်းတို့ အဲဒီလို ပုံစံမျိုးလို ထပ်တလဲလဲ
ပုံဆောင်လာရတဲ့ အကြောင်းရင်းက ဘာလဲ။ -
0:56 - 1:00သူတို့ရဲ့ အက်တမ်တွေထဲမှာ အဲဒါရဲ့ အဖြေ
တစ်စိတ်တစ်ပိုင်း ရနိုင်ပါတယ်။ -
1:00 - 1:05ပုံဆောင်ခဲတိုင်းရဲ့ အက်တမ်တွေကို ထပ်နေတဲ့
ပုံစံ အဆင့်မြင့်စွာဖြင့် စည်းရုံးထားပါတယ်။ -
1:05 - 1:09အဲဒီပုံသဏ္ဍာန်ကမှ ပုံဆောင်ခဲတစ်ခုကို
ပုံသွင်းဆုံးဖြတ်ပေးတာပါ၊ -
1:09 - 1:11ဓာတ်သတ္တုတွေနဲ့သာ ကန့်သတ်မထားဘဲ၊
-
1:11 - 1:16သဲ၊ ရေခဲ၊ သကြား၊ ချောကလက်၊
ကြွေထည်၊ သတ္တု၊ DNA နဲ့ -
1:16 - 1:20အရည်တချို့တောင် ပုံဆောင်ခဲလို
ပုံသဏ္ဍာန်တွေ ရှိကြပါတယ်။ -
1:20 - 1:22ပုံဆောင်ခဲပွင့် တစ်ခုစီရဲ့
အက်တမ် စီအဉ်ထားပုံဟာ -
1:22 - 1:26ကွဲပြားကြတဲ့ မိသားစုခြောက်ခုထဲ
အကျုံးဝင်ပါတယ်- -
1:26 - 1:32ကုဗ၊ tetragonal၊ orthorhombic၊
monoclinic၊ triclinic နဲ့ hexagonal ပါ။ -
1:32 - 1:34အခြေအနေတွေ သင့်တော်ကြမယ် ဆိုရင်၊
-
1:34 - 1:37ပုံဆောင်ခဲတွေဟာ ၎င်းတို့ရဲ့
အက်တမ်များ ဖွဲ့စည်းထားပုံကို -
1:37 - 1:40ထင်ဟပ်တဲ့ ဂျီ ဩမေတြီပုံစံအဖြစ်
ကြီးထွားလာတတ်တယ်။ -
1:40 - 1:45ခဲနှင့်ဆာလဖာ အက်တမ်တွေနဲ့ ဖွဲ့စည်းထားတဲ့
ကုဗပုံကို ဆောင်တဲ့ galena ကို ယူကြည့်ပါ။ -
1:45 - 1:47ပိုကြီးကြတဲ့ ခဲအက်တမ်တွေကို
-
1:47 - 1:51ရုပ်လုံးကြွပုံမျိုး၊ တစ်ခုနဲ့တစ်ခု
၉၀ ဒီ၈ရီ ကျနေအောင် ဖွဲ့စည်းထားပြီး -
1:51 - 1:56ပိုသေးကြတဲ့ ဆာလဖာအက်တမ်တွေကျတော့
၎င်းတို့ အကြားမှာ နေရာယူကြတယ်။ -
1:56 - 2:00ပုံဆောင်ခဲ ကြီးပြင်းလာရာတွင် ဒီလိုနေရာတွေက
ဆာလဖာ အက်တမ်တွေကို ဆွဲဆောင်ချိန်မှာ -
2:00 - 2:04ခဲဟာ အဲဒီနေရာတွေကို
ဝိုင်းပတ်ဖို့ ကြိုးစားလိမ့်မယ်။ -
2:04 - 2:07နောက်ဆုံးတွင် အက်တမ်တွေနဲ့
ပြည့်နေတဲ့ အရစ်ပေါ်လာမှာပါ။ -
2:07 - 2:11galena ပုံဆောင်ခဲရဲ့ ဖွဲ့စည်းပုံထဲက
၉၀ ဒီဂရီ ပုံစံကိုဆို -
2:11 - 2:15မြင်ရတဲ့ ပုံသဏ္ဍာန်ထဲမှာ
ရောင်ပြန်ဟပ်တာ အဲဒါကြောင့်ပါ။ -
2:15 - 2:18သလင်းကျောက်ကျတော့
hexagonal ပုံဆောင်ခဲမျိုးပါ။ -
2:18 - 2:22မျက်နှာပြင် တစ်ခုပေါ်တွင် အက်တမ်တွေ
hexagon ပုံစံမျိုး စီစဉ်ထားမယ် သဘောပါ။ -
2:22 - 2:28ဖက်သုံးဖက်မှ ကြည့်ပါက၊ အဲဒီ hexagon တွေဟာ
အချင်းချင်း ချိတ်ဆက်နေတဲ့ ပိရမစ်တွေ ပါပြီး -
2:28 - 2:32ဆီလီကွန်အက်တမ်တစ်ခုနဲ့ အောက်စီဂျင်အက်တမ်
လေးခုဖြင့် ဖွဲ့စည်းထားတာပါ။ -
2:32 - 2:34ဒီလိုနည်းဖြင့် သလင်းကျောက်ရဲ့
ပင်ကိုယ် ပုံသဏ္ဍာန်ဟာ -
2:34 - 2:40ဘက်ခြေက်ဘက်ပါတဲ့ တိုင်ဖြစ်ပြီး
ထိပ်ဟာ ချွန်နေတတ်ပါတယ်။ -
2:40 - 2:42ပတ်ဝန်းကျင် အခြေအနေကို လိုက်ပြီး
-
2:42 - 2:46ပုံဆောင်ခဲ အများစုတို့ဟာ များပြားတဲ့
ဂြီဩမေတြီ ပုံစံတွေကို ဆောင်ယူတတ်ကြတယ်။ -
2:46 - 2:50ဥပမာ၊ ကမ္ဘာဂြိုဟ်ရဲ့ နက်ရှိုင်းတဲ့ နေရာမှာ
ဖြစ်ပေါ်လာတတ်တဲ့ စိန်ပွင့်ဟာ -
2:50 - 2:56ကုဗပုံမျိုး ဆောင်ပြီး ကုဗတုံး ဒါမှမဟုတ်
octahedron အဖြစ် ပုံဆောင်နိုင်ပါတယ်။ -
2:56 - 2:58စိန်ပွင့်တစ်ပွင့်ဟာ ဘယ်လိုပုံမျိုး
ကြီးထွားလာမယ် ဆိုတာက -
2:58 - 3:01၎င်းပေါ်ပေါက်လာတဲ့ နေရာရဲ့
ဖိအား၊ အပူချိန်နဲ့ ဓာတုပတ်ဝန်းကျင်တို့ -
3:01 - 3:05အပါအဝင် အခြေအနေတွေ ပေါ်မှာ မူတည်ပါတယ်။
-
3:05 - 3:09ကမ္ဘာကြားလွှာ အခြေအနေမျိုးထဲမှာ ကြီးထွား
လာမှုကို ကျွန်မတို့ ကြည့်မရဘူး ဆိုတော့ -
3:09 - 3:12ဓာတ်ခွဲခန်း စမ်းသပ်ချက်အချို့
ထောက်ပြနေကြတာက -
3:12 - 3:16အပူချိန် နိမ့်ရင် စိန်တွေဟာ
ကုဗပုံစံ ဆောင်နိုင်ပြီး -
3:16 - 3:19အပူချိန်မြင့်ရင် octahedron ပုံကို
ဆောင်ကြပါတယ်။ -
3:19 - 3:23ရေ၊ ဆီလီကွန်၊ ဂျာမေနီယမ်၊
မဂ္ဂနီစီယမ် ပါဝင်မှုကလည်း -
3:23 - 3:27စိန်ရဲ့ ပုံသဏ္ဍာန်အပေါ်
သက်ရောက်မှု ရှိနိုင်တယ်။ -
3:27 - 3:31စိန်ဟာ ဘယ်တော့မှာမှ ရတနာဆိုင်တွေမှာ မြင်ကြ
ရတဲ့ ပုံစံမျိုး ပေါ်ထွန်းမလာပါဘူး-- -
3:31 - 3:36ဆိုင်ထဲက စိန်ပွင့်တွေကို တောက်ပစေရန်နဲ့
ကြည်လင်ရန် ဖြတ်တောက် သွေးပေးကြရတယ်။ -
3:36 - 3:41ပုံဆောင်ခဲတွေ ပေါ်ထွန်းလာမလား မလာဘူးလားဟာ
ပတ်ဝန်းကျင် အခြေအနေနဲ့ ဆိုင်နိုင်ပါတယ်။ -
3:41 - 3:44ဖန်ကို သလင်းကျောက်ကို အရည်ဖျော် ရယူကြရတယ်၊
-
3:44 - 3:46ဒါပေမဲ့ ဖန်ဟာ ပုံဆောင်ခဲ မဟုတ်ပါဘူး။
-
3:46 - 3:49ဖန်ဟာ အတော်လေး အအေးမြန်တဲ့ အတွက်
-
3:49 - 3:52အက်တမ်တွေဟာ သလင်းကျောက် ပုံဆောင်ခဲမျိုး
-
3:52 - 3:54အဖြစ် စနစ်တကျ ဖွဲ့စည်းဖြစ်ဖို့
အချိန်မရလို့ပါ။ -
3:54 - 3:58အဲဒီအစား အရည်ပျော်နေခဲ့တဲ့ ဖန်ထဲက အက်တမ်
တွေ ဖွဲ့စည်းထားမှုဟာ ကျပန်းပုံစံဖြစ်ပြီး -
3:58 - 4:00အေးလာစဉ် ပိတ်မိလျက်သာ ဖြစ်သွားခဲ့တာပါ။
-
4:00 - 4:04ပုံဆောင်ခဲ အများအပြားဟာ ပုံဆောင်ခဲတွေနဲ့
ကျဉ်းကျပ်နေတဲ့ အခြေအနေထဲ ကြီးလာရလို့ -
4:04 - 4:08ဂြီဩေမေတြီ ပုံစံကို မဆောင်နိုင်ကြပါဘူး။
-
4:08 - 4:11နှမ်းဖတ်ကျောက်လို ကျောက်တွေဟာ
ပုံဆောင်ခဲတွေနဲ့ ပြည့်နေကြပေမဲ့ -
4:11 - 4:13သိမှတ်ဖို့လွယ်တဲ့ ပုံသဏ္ဍာတွေ မတွေ့ရပါ။
-
4:13 - 4:16ကျောက်ရည်ပူက အေးလာပြီး မာကျောလာချိန်မှာ
-
4:16 - 4:21ဓာတ်သတ္ထုတွေ အပြိုင်အဆိုင် လျင်မြန်စွာ
ပုံဆောင်ခဲ ဖြစ်လာလို့ နေရာလွတ် မကျန်ခဲ့ပါ။ -
4:21 - 4:24ပြီးတော့ စိမ်းပြာရောင်ကျောက်လို
ပုံဆောင်ခဲတွေကျတော့ -
4:24 - 4:29အခြေအနေ အများစုထဲမှာ နေရာရှိနေတောင်မှ
သိသာမြင်ရနိုင်တဲ့ ဂြီဩမေတြီ ပုံစံကို -
4:29 - 4:31မဆောင်တတ်ကြတာ တွေ့ရပါတယ်။
-
4:31 - 4:34ပုံဆောင်ခဲတိုင်းရဲ့ အက်တမ် ဖွဲ့စည်းထားမှုက
တမူထူးခြားတဲ့ ဂုဏ်သတ္တိတွေ ရှိပြီး -
4:34 - 4:39အဲဒီဂုဏ်သတ္တိတွေ လူသားရဲ့ စိတ်ပိုင်း
လိုအပ်ချက်နဲ့ မဆက်စပ်ဘူးလို့ ထင်ရပေမဲ့၊ -
4:39 - 4:44ပစ္စည်းများဆိုင်ရာ သိပ္ပံပညာနဲ့ ဆေးပညာထဲ
၎င်းတို့ကို များစွာမှ အသုံးပြုနေကြရပါတယ်။
- Title:
- ပုံဆောင်ခဲတွေ အကြောင်း - Graham Baird
- Speaker:
- Graham Baird
- Description:
-
သင်ခန်းစာ အပြည့်ကို ကြည့်ရှုရန်- https://ed.ted.com/lessons/how-do-crystals-work-graham-baird
ပုံဆောင်ခဲ အတော်များများတို့ဆီမှာ ပင်ကိုယ် ပုံစံများ ရှိကြပါတယ်— သလင်းကျောက်တွေ ဆိုရင် ထပ်ဆင့်နေကြလျက် ချွန်ထွက်နေတတ်ပြီး galena ကျတော့ ကုဗတုံးအပုံးကြီးနဲ့ တူတယ်။ ပုံဆောင်ခဲတိုင်းရဲ့ အက်တမ်များဟာ ထူးခြားတဲ့ လက္ခဏာများ ရှိကြပါတယ် - ၎င်းတို့ရဲ့ ပုံပမ်းဟာ စည်းစည်းရုံးရုံးရှိပြီး ထပ်နေတဲ့ ပုံစတွေပါ။ ပုံဆောင်ခဲတွေသာ အဲဒီလို ကိုယ်ပိုင် ပုံပမ်းရှိကြတာ မကပါဘူး၊ သဲ၊ ရေခဲ၊ သတ္ထုများနဲ့ DNA တို့ပါ ပုံဆောင်ခဲ ပုံမမ်းတွေ ရှိကြပါတယ်။ ပုံဆောင်ခဲတွေ ကြီးထွားလာရာတွင် ဘာကြောင့် မိမိတို့ရဲ့ ပုံစံကိုပဲ ထပ်တလဲလဲ ဆောင်ယူကြတာလဲ။ Graham Baird က ပုံဆောင်ခဲတွေဟာ သူမတူ ထူးခြားတဲ့ အဲဒီ လက္ခဏာတွေကို ကျုပ်တို့အတွက် အတွင်းကျကျ လေ့လာပြီး မျှဝေထားပါတယ်။
Graham Baird ရဲ့ သင်ခန်းစာကို Franz Palomares မှ ညွှန်ကြား ရိုက်ကူးပေးထားပါတယ်။
- Video Language:
- English
- Team:
- closed TED
- Project:
- TED-Ed
- Duration:
- 04:45
Myo Aung approved Burmese subtitles for How do crystals work? | ||
Myo Aung edited Burmese subtitles for How do crystals work? | ||
Myo Aung accepted Burmese subtitles for How do crystals work? | ||
Myo Aung edited Burmese subtitles for How do crystals work? | ||
Sanda Aung edited Burmese subtitles for How do crystals work? | ||
Sanda Aung edited Burmese subtitles for How do crystals work? | ||
Sanda Aung edited Burmese subtitles for How do crystals work? |