1 00:00:06,886 --> 00:00:11,216 Yellowstone Caldera ရှိ ရေပူစမ်းတွေရဲ့ အောက်ပိုင်း နက်ရှိုင်းတဲ့ နေရာမှာ 2 00:00:11,216 --> 00:00:16,184 ကမ္ဘာ့ကြားလွှာထဲက ပူပြင်းတဲ့နေရာတွင် ကျောက်ရည်ပူတွေ ရှိနေပါတယ်။ 3 00:00:16,184 --> 00:00:19,077 ကျောက်ရည်ပူဟာ ကမ္ဘာမြေမျက်နှာပြင်ဆီသို့ ရွေ့လျားလာတာနဲ့ 4 00:00:19,077 --> 00:00:23,337 ၎င်းဟာ မီးသင့်ကျောက်များအဖြစ် ပြောင်းလဲ သွားမယ့် ပုံဆောင်ခဲတွေကို ဖန်တီးပေးပါတယ်။ 5 00:00:23,337 --> 00:00:27,392 အဲဒီကျောက်တွေထံမှ အပူဓာတ်က မြေအောက်ရေကို မျက်နှာပြင်ဆီသို့ မောင်းနှင်ပေးပါတယ်။ 6 00:00:27,392 --> 00:00:32,882 ရေဟာ အေးလာရင် အိုင်းယွန်းတွေဟာ ဓာတ်သတ္ထု ပုံဆောင်ခဲများ အဖြစ် အံထုတ်ခံကြရလို့ 7 00:00:32,882 --> 00:00:36,876 ဆီလီကွန်နဲ့ အောက်ဆီဂျင်တို့မှ သလင်းကျောက် ပုံဆောင်ခဲများ၊ 8 00:00:36,876 --> 00:00:41,886 ပိုတက်စီယမ်၊ လူမီနီယမ်၊ ဆီလီကွန်နဲ့ အောက်စီဂျင်တို့မှ ​မျောကျောက်၊ 9 00:00:41,886 --> 00:00:44,646 ခဲနဲ့ ဆာလဖာမှ galena ကျောက်တို့ ပေါ်လာကြတာပါ။ 10 00:00:44,646 --> 00:00:47,736 အဲဒီပုံဆောင်ခဲ အများအပြားတို့ဆီမှာ ပင်ကိုယ် ပုံစံများ ရှိကြပါတယ်-- 11 00:00:47,736 --> 00:00:51,736 ဒီလို ချွန်ထွက်နေကြတဲ့ သလင်းကျောက် ဒါမှမဟုတ် galena ကုဗတုံးတွေကို ကြည့်ကြပါ။ 12 00:00:51,736 --> 00:00:55,721 ၎င်းတို့ အဲဒီလို ပုံစံမျိုးလို ထပ်တလဲလဲ ပုံဆောင်လာရတဲ့ အကြောင်းရင်းက ဘာလဲ။ 13 00:00:55,721 --> 00:01:00,013 သူတို့ရဲ့ အက်တမ်တွေထဲမှာ အဲဒါရဲ့ အဖြေ တစ်စိတ်တစ်ပိုင်း ရနိုင်ပါတယ်။ 14 00:01:00,013 --> 00:01:04,933 ပုံဆောင်ခဲတိုင်းရဲ့ အက်တမ်တွေကို ထပ်နေတဲ့ ပုံစံ အဆင့်မြင့်စွာဖြင့် စည်းရုံးထားပါတယ်။ 15 00:01:04,933 --> 00:01:08,508 အဲဒီပုံသဏ္ဍာန်ကမှ ပုံဆောင်ခဲတစ်ခုကို ပုံသွင်းဆုံးဖြတ်ပေးတာပါ၊ 16 00:01:08,508 --> 00:01:10,518 ဓာတ်သတ္တုတွေနဲ့သာ ကန့်သတ်မထားဘဲ၊ 17 00:01:10,518 --> 00:01:15,758 သဲ၊ ရေခဲ၊ သကြား၊ ချောကလက်၊ ကြွေထည်၊ သတ္တု၊ DNA နဲ့ 18 00:01:15,758 --> 00:01:19,679 အရည်တချို့တောင် ပုံဆောင်ခဲလို ပုံသဏ္ဍာန်တွေ ရှိကြပါတယ်။ 19 00:01:19,679 --> 00:01:22,459 ပုံဆောင်ခဲပွင့် တစ်ခုစီရဲ့ အက်တမ် စီအဉ်ထားပုံဟာ 20 00:01:22,459 --> 00:01:25,699 ကွဲပြားကြတဲ့ မိသားစုခြောက်ခုထဲ အကျုံးဝင်ပါတယ်- 21 00:01:25,699 --> 00:01:32,319 ကုဗ၊ tetragonal၊ orthorhombic၊ monoclinic၊ triclinic နဲ့ hexagonal ပါ။ 22 00:01:32,319 --> 00:01:34,359 အခြေအနေတွေ သင့်တော်ကြမယ် ဆိုရင်၊ 23 00:01:34,359 --> 00:01:37,009 ပုံဆောင်ခဲတွေဟာ ၎င်းတို့ရဲ့ အက်တမ်များ ဖွဲ့စည်းထားပုံကို 24 00:01:37,009 --> 00:01:39,699 ထင်ဟပ်တဲ့ ဂျီ ဩမေတြီပုံစံအဖြစ် ကြီးထွားလာတတ်တယ်။ 25 00:01:39,699 --> 00:01:44,579 ခဲနှင့်ဆာလဖာ အက်တမ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ကုဗပုံကို ဆောင်တဲ့ galena ကို ယူကြည့်ပါ။ 26 00:01:44,579 --> 00:01:46,622 ပိုကြီးကြတဲ့ ခဲအက်တမ်တွေကို 27 00:01:46,622 --> 00:01:50,932 ရုပ်လုံးကြွပုံမျိုး၊ တစ်ခုနဲ့တစ်ခု ၉၀ ဒီ၈ရီ ကျနေအောင် ဖွဲ့စည်းထားပြီး 28 00:01:50,932 --> 00:01:55,662 ပိုသေးကြတဲ့ ဆာလဖာအက်တမ်တွေကျတော့ ၎င်းတို့ အကြားမှာ နေရာယူကြတယ်။ 29 00:01:55,662 --> 00:02:00,174 ပုံဆောင်ခဲ ကြီးပြင်းလာရာတွင် ဒီလိုနေရာတွေက ဆာလဖာ အက်တမ်တွေကို ဆွဲဆောင်ချိန်မှာ 30 00:02:00,174 --> 00:02:03,656 ခဲဟာ အဲဒီနေရာတွေကို ဝိုင်းပတ်ဖို့ ကြိုးစားလိမ့်မယ်။ 31 00:02:03,656 --> 00:02:07,096 နောက်ဆုံးတွင် အက်တမ်တွေနဲ့ ပြည့်နေတဲ့ အရစ်ပေါ်လာမှာပါ။ 32 00:02:07,096 --> 00:02:11,236 galena ပုံဆောင်ခဲရဲ့ ဖွဲ့စည်းပုံထဲက ၉၀ ဒီဂရီ ပုံစံကိုဆို 33 00:02:11,236 --> 00:02:14,593 မြင်ရတဲ့ ပုံသဏ္ဍာန်ထဲမှာ ရောင်ပြန်ဟပ်တာ အဲဒါကြောင့်ပါ။ 34 00:02:14,593 --> 00:02:17,973 သလင်းကျောက်ကျတော့ hexagonal ပုံဆောင်ခဲမျိုးပါ။ 35 00:02:17,973 --> 00:02:22,103 မျက်နှာပြင် တစ်ခုပေါ်တွင် အက်တမ်တွေ hexagon ပုံစံမျိုး စီစဉ်ထားမယ် သဘောပါ။ 36 00:02:22,103 --> 00:02:27,564 ဖက်သုံးဖက်မှ ကြည့်ပါက၊ အဲဒီ hexagon တွေဟာ အချင်းချင်း ချိတ်ဆက်နေတဲ့ ပိရမစ်တွေ ပါပြီး 37 00:02:27,564 --> 00:02:31,794 ဆီလီကွန်အက်တမ်တစ်ခုနဲ့ အောက်စီဂျင်အက်တမ် လေးခုဖြင့် ဖွဲ့စည်းထားတာပါ။ 38 00:02:31,794 --> 00:02:34,171 ဒီလိုနည်းဖြင့် သလင်းကျောက်ရဲ့ ပင်ကိုယ် ပုံသဏ္ဍာန်ဟာ 39 00:02:34,171 --> 00:02:39,571 ဘက်ခြေက်ဘက်ပါတဲ့ တိုင်ဖြစ်ပြီး ထိပ်ဟာ ချွန်နေတတ်ပါတယ်။ 40 00:02:39,571 --> 00:02:41,691 ပတ်ဝန်းကျင် အခြေအနေကို လိုက်ပြီး 41 00:02:41,691 --> 00:02:46,111 ပုံဆောင်ခဲ အများစုတို့ဟာ များပြားတဲ့ ဂြီဩမေတြီ ပုံစံတွေကို ဆောင်ယူတတ်ကြတယ်။ 42 00:02:46,111 --> 00:02:50,041 ဥပမာ၊ ကမ္ဘာဂြိုဟ်ရဲ့ နက်ရှိုင်းတဲ့ နေရာမှာ ဖြစ်ပေါ်လာတတ်တဲ့ စိန်ပွင့်ဟာ 43 00:02:50,041 --> 00:02:55,701 ကုဗပုံမျိုး ဆ​ောင်ပြီး ကုဗတုံး ဒါမှမဟုတ် octahedron အဖြစ် ပုံဆောင်နိုင်ပါတယ်။ 44 00:02:55,701 --> 00:02:58,301 စိန်ပွင့်တစ်ပွင့်ဟာ ဘယ်လိုပုံမျိုး ကြီးထွားလာမယ် ဆိုတာက 45 00:02:58,301 --> 00:03:01,491 ၎င်းပေါ်ပေါက်လာတဲ့ နေရာရဲ့ ဖိအား၊ အပူချိန်နဲ့ ဓာတုပတ်ဝန်းကျင်တို့ 46 00:03:01,491 --> 00:03:05,121 အပါအဝင် အခြေအနေတွေ ပေါ်မှာ မူတည်ပါတယ်။ 47 00:03:05,121 --> 00:03:09,128 ကမ္ဘာကြားလွှာ အခြေအနေမျိုးထဲမှာ ကြီးထွား လာမှုကို ကျွန်မတို့ ကြည့်မရဘူး ဆိုတော့ 48 00:03:09,128 --> 00:03:11,868 ဓာတ်ခွဲခန်း စမ်းသပ်ချက်အချို့ ထောက်ပြနေကြတာက 49 00:03:11,868 --> 00:03:15,838 အပူချိန် နိမ့်ရင် စိန်တွေဟာ ကုဗပုံစံ ဆောင်နိုင်ပြီး 50 00:03:15,838 --> 00:03:19,026 အပူချိန်မြင့်ရင် octahedron ပုံကို ဆောင်ကြပါတယ်။ 51 00:03:19,026 --> 00:03:23,496 ရေ၊ ဆီလီကွန်၊ ဂျာမေနီယမ်၊ မဂ္ဂနီစီယမ် ပါဝင်မှုကလည်း 52 00:03:23,496 --> 00:03:26,646 စိန်ရဲ့ ပုံသဏ္ဍာန်အပေါ် သက်ရောက်မှု ရှိနိုင်တယ်။ 53 00:03:26,646 --> 00:03:31,256 စိန်ဟာ ဘယ်တော့မှာမှ ရတနာဆိုင်တွေမှာ မြင်ကြ ရတဲ့ ပုံစံမျိုး ပေါ်ထွန်းမလာပါဘူး-- 54 00:03:31,256 --> 00:03:36,474 ဆိုင်ထဲက စိန်ပွင့်တွေကို တောက်ပစေရန်နဲ့ ကြည်လင်ရန် ဖြတ်တောက် သွေးပေးကြရတယ်။ 55 00:03:36,474 --> 00:03:41,251 ပုံဆောင်ခဲတွေ ပေါ်ထွန်းလာမလား မလာဘူးလားဟာ ပတ်ဝန်းကျင် အခြေအနေနဲ့ ဆိုင်နိုင်ပါတယ်။ 56 00:03:41,251 --> 00:03:43,846 ဖန်ကို သလင်းကျောက်ကို အရည်ဖျော် ရယူကြရတယ်၊ 57 00:03:43,846 --> 00:03:45,686 ဒါပေမဲ့ ဖန်ဟာ ပုံဆောင်ခဲ မဟုတ်ပါဘူး။ 58 00:03:45,686 --> 00:03:48,706 ဖန်ဟာ အတော်လေး အအေးမြန်တဲ့ အတွက် 59 00:03:48,706 --> 00:03:51,646 အက်တမ်တွေဟာ သလင်းကျောက် ပုံဆောင်ခဲမျိုး 60 00:03:51,646 --> 00:03:54,456 အဖြစ် စနစ်တကျ ဖွဲ့စည်းဖြစ်ဖို့ အချိန်မရလို့ပါ။ 61 00:03:54,456 --> 00:03:58,286 အဲဒီအစား အရည်ပျော်နေခဲ့တဲ့ ဖန်ထဲက အက်တမ် တွေ ဖွဲ့စည်းထားမှုဟာ ကျပန်းပုံစံဖြစ်ပြီး 62 00:03:58,286 --> 00:04:00,116 အေးလာစဉ် ပိတ်မိလျက်သာ ဖြစ်သွားခဲ့တာပါ။ 63 00:04:00,116 --> 00:04:03,746 ပုံဆောင်ခဲ အများအပြားဟာ ပုံဆောင်ခဲတွေနဲ့ ကျဉ်းကျပ်နေတဲ့ အခြေအနေထဲ ကြီးလာရလို့ 64 00:04:03,746 --> 00:04:07,856 ဂြီဩ​ေမေတြီ ပုံစံကို မဆောင်နိုင်ကြပါဘူး။ 65 00:04:07,856 --> 00:04:10,809 နှမ်းဖတ်ကျောက်လို ကျောက်တွေဟာ ပုံဆောင်ခဲတွေနဲ့ ပြည့်နေကြပေမဲ့ 66 00:04:10,809 --> 00:04:13,379 သိမှတ်ဖို့လွယ်တဲ့ ပုံသဏ္ဍာတွေ မတွေ့ရပါ။ 67 00:04:13,379 --> 00:04:15,539 ကျောက်ရည်ပူက အေးလာပြီး မာကျောလာချိန်မှာ 68 00:04:15,539 --> 00:04:21,249 ဓာတ်သတ္ထုတွေ အပြိုင်အဆိုင် လျင်မြန်စွာ ပုံဆောင်ခဲ ဖြစ်လာလို့ နေရာလွတ် မကျန်ခဲ့ပါ။ 69 00:04:21,249 --> 00:04:23,881 ပြီးတော့ စိမ်းပြာရောင်ကျောက်လို ပုံဆောင်ခဲတွေကျတော့ 70 00:04:23,881 --> 00:04:28,891 အခြေအနေ အများစုထဲမှာ နေရာရှိနေတောင်မှ သိသာမြင်ရနိုင်တဲ့ ဂြီဩမေတြီ ပုံစံကို 71 00:04:28,891 --> 00:04:30,534 မဆောင်တတ်ကြတာ တွေ့ရပါတယ်။ 72 00:04:30,534 --> 00:04:34,204 ပုံဆောင်ခဲတိုင်းရဲ့ အက်တမ် ဖွဲ့စည်းထားမှုက တမူထူးခြားတဲ့ ဂုဏ်သတ္တိတွေ ရှိပြီး 73 00:04:34,204 --> 00:04:39,134 အဲဒီဂုဏ်သတ္တိတွေ လူသားရဲ့ စိတ်ပိုင်း လိုအပ်ချက်နဲ့ မဆက်စပ်ဘူးလို့ ထင်ရပေမဲ့၊ 74 00:04:39,134 --> 00:04:44,204 ပစ္စည်းများဆိုင်ရာ သိပ္ပံပညာနဲ့ ဆေးပညာထဲ ၎င်းတို့ကို များစွာမှ အသုံးပြုနေကြရပါတယ်။