မဟာမြို့ကြီးတွေက ကမ္ဘာမြေပုံကို ပြောင်လဲနေကြပုံ
-
0:01 - 0:06ကမ္ဘာကြီးမှာ သက်ရှိဘဝ စည်းရုံးထားပုံကို
ခင်ဗျားတို့ကို ပြန်စိတ်ကူးကြည့်စေပါတယ်။ -
0:07 - 0:11ကမ္ဘာကြီးကို ငါတို့နေထိုင်ကြတဲ့
ကိုယ့်ခန္ဓာလို စဉ်းစားကြည့်ပါ။ -
0:12 - 0:17အရိုးစုက ကျွန်ုပ်တို့ကို တိုက်ကြီးတွေကို
ဖြတ်ကျော်လျက် ရွှေ့ပြောင်းနိုင််စွမ်းကို -
0:17 - 0:20ဖန်တီးပေးကြတဲ့ လမ်းတွေနဲ့ မီရထား
လမ်းတွေ၊ တံတားတွေနဲ့ -
0:20 - 0:23ဥမင်လှိုင်ခေါင်းတွေပါတဲ့
ပို့ဆောင်ရေး စနစ်နဲ့ တူပါတယ်၊ -
0:23 - 0:26ဆီပိုက်လိုင်း နဲ့ စွမ်းအင်ကို ဖြန့်ဖြူး
ပေးကြတဲ့ -
0:26 - 0:29လျှပ်စစ်အားလိုင်းတွေ ကျတော့
ကိုယ်ခန္ဒာကို ထောက်ပံပေးတဲ့ -
0:29 - 0:30သွေးကြော စနစ်ကြီးပါပဲ။
-
0:31 - 0:34ပြီးတော့ ဆက်သွယ်ရေး
အာရုံကြောစနစ်ကို ပြပေးရရင်၊ -
0:34 - 0:37ကျွန်ုပ်တို့အား အချက်အလက်တွေကို ဝေမျှ
ပေးနိုင်လာစေကြတဲ့ -
0:37 - 0:41အင်တာနက်ကြိုးတွေ၊ ဂြိုဟ်တုတွေ၊
ဆဲလူလာ ကွန်ရက်များနဲ့ ဒေတာစင်တာတွေပါ။ -
0:41 - 0:46အမြဲတမ်း ချဲ့ထွင်နေရတဲ့ အဲဒီ အခြေခံ
အဆောက်အအုံကြီးထဲမှာ အခုဆို -
0:46 - 0:51လမ်းပေါင်း ကီလိုမီတာ ၆၄ သန်း၊
ရထားလမ်း ကီလိုမီတာ ၄ သန်း၊ -
0:51 - 0:54ရေနံပိုက်လိုင်းတွေ ၂ သန်းနဲ့
-
0:54 - 0:57ကီလိုမီတာ ၂ သန်းလောက်ရှိတဲ့
ပိုက်လိုင်းတွေနဲ့ -
0:57 - 1:00ကီလိုမီတာ ၁ သန်းရှိတဲ့
အင်တာနက်ကြိုးတွေ ပါဝင်နေပါပြီ။ -
1:01 - 1:04ဒါဆို နိုင်ငံတကာ နယ်ခြားမျဉ်းတွေကရော။
-
1:05 - 1:09ကျွန်ုပ်တို့ဆီမှာ နယ်ခြားမျဉ်းတွေဟာ
ကီလိုမီတာ ၅သိန်းထက် နည်းပါတယ်ဗျ။ -
1:10 - 1:12ကယ် ပိုကောင်းတဲ့ ကမ္ဘာမြေပုံကို
ဆွဲကြရအောင်ဗျာ။ -
1:13 - 1:16ရှေးခေတ်လာ ဒဏ္ဍာရီ ပုံပြင်တချို့ကို
ဖယ်ပြစ်ခြင်းဖြင့် စတင်နိုင်ကြတယ်။ -
1:17 - 1:20သမိုင်း မေဂျာ ကျောင်းသားတိုင်း
သိကြတဲ့ ပြောရိုးစကားရှိတယ်- -
1:21 - 1:24"ပထဝီဟာ ကံကြမ္မာပါ။"
-
1:24 - 1:25လေးနက်သလိုလို ခံစားရတယ် နော်။
-
1:26 - 1:28သိပ်ကို စိတ်ဓာတ်ကျစရာ ဆိုရိုးဗျ။
-
1:28 - 1:33ဆိုလိုတာက ကုန်းပိတ်နိုင်ငံတွေဆိုရင်
ဆင်းရဲမှုဒဏ်ကို ခံကြရမယ်၊ -
1:33 - 1:36နိုင်ငံသေးတွေ အမ်နီးချင်းနိုင်ငံကြီးတွေမှ
ထွက်ပြေးမရနိုင်ကြဘူး၊ -
1:36 - 1:39ကြီးမားတဲ့ အကွအဝေးတွေဆိုတာ
ကျော်လွှား မရနိုင်ဘူးပေါ့။ -
1:40 - 1:43နို့ပေမဲ့၊ ကမ္ဘာကို ပတ်ပြီး ကျွန်တော်
သွားခဲ့တဲ့ ခရီးတိုင်းမှာ ကျတော့ -
1:43 - 1:47ပိုပြီးကြီးကျယ်တဲ့ အားက ကမ္ဘာကြီးကို
လွှမ်းမိုးလာနေပါတယ်- -
1:48 - 1:49ဆက်သွယ်နိုင်မှုပါ။
-
1:50 - 1:54ကမ္ဘာကြိးကို ပြောင်းပြန်လှန်လိုက်တဲ့
တော်လှန်ရေးကြီး -
1:54 - 1:57ကူသန်းသွားလားရေး
စွမ်းအင် ဆက်သွယ်ရေး အပါအဝင် -
1:57 - 2:01လူတွေရဲ့ တနေရာက တနေရာ ရွေ့လျားမှုကို
တဟုန်းထိုး ပြောင်းလဲပေးလိုက်တာ -
2:01 - 2:04နောက် ကုန်ပစ္စည်း
အရင်းအမြစ် အသိပညာ စသဖြင့် -
2:04 - 2:08အခုဆိုရင် ပထဝီ ဆိုတာ
သူ့ဘာသာနေတာလို့တောင် မသိတော့ဘူး -
2:09 - 2:13အခုဆို အမြင်နှစ်ခုလုံး ပူးပေါင်းပြီး
-
2:13 - 2:15ဆက်သွယ်−ပထဝီလိုတောင် နာမည်သစ် ပေးချင်ပြီ။
-
2:16 - 2:20ဆက်သွယ် ပထဝီက အဟုန်မြင့် သစ်ဆန်းလာပြီး
-
2:20 - 2:24လူ အရင်းအမြစ် အသိပညာတွေကို ဆက်စပ်ပေးတာ
-
2:24 - 2:25ဒါဟာ ဆင့်ကဲဖြစ်ပွားမှုဘဲ
-
2:26 - 2:32ကမ္ဘာ့ နိုင်ငံရေးပထဝီကို
ပြောင်းလဲ ပစ်လိုက်တာ -
2:32 - 2:35လူတွေကို ဥပဒေတွေနဲ့ ခွဲခြားထားတာ ကနေ
-
2:36 - 2:38အသုံးဝင်မှု ပထဝီအနေအထားဖြစ်လာတာမျိုး
-
2:38 - 2:41အခု လက်ရှိ ကမ္ဘာဆိုပြီး သုံးနေသလိုပေါ့
-
2:41 - 2:45နိုင်ငံနဲ့ နယ်နိမိတ်တွေ အခြေခံ
အဆောက်အုံနဲ့ ဖြန့်ဖြူးရေး လမ်းကြောင်းတွေ။ -
2:46 - 2:48အခု ကမ္ဘာ့ရွာကြီးက ပြောင်းလဲနေပြီ
-
2:49 - 2:53၁၉ ရာစုနှစ်က ထက်အောက် စုစီးထားတဲ့
အင်ပါယာကြီး လိုမျိုးကနေ -
2:53 - 2:57၂၀ရာစု ရေပြင်ညီ
တနိုင်ငံနဲ့ တနိုင်ငံ မှီခိုနေရတဲ့ -
2:57 - 3:02၂၁ ရာစု ကမ္ဘာရွာ ယဉ်ကျေးမှု အသစ်ကို
စတင်လာပါပြီ။ -
3:03 - 3:07ဆက်သွယ်ပူးပေါင်းမှုက အဓိက
အချုပ်အခြာအာဏာက သာမည -
3:07 - 3:11သူကဘဲ လူသားတွေရဲ့ နေထိုင်စုစည်းမှုကို
အားပေးခဲ့တာ -
3:11 - 3:14(လက်ခုပ်သံ)
-
3:15 - 3:19ကျွန်တော်တို့ဟာ ကမ္ဘာရွာ ဆက်သွယ်မှု
ယဉ်ကျေးမှုသစ် ဖြစ်လာနေကြပြီ -
3:19 - 3:21လူသားတွေ နေ့စဉ် ဒါကိုဘဲ ကြိုးစား
တည်ဆောက်နေကြလို့ပါ။ -
3:22 - 3:25စစ်ရေး အတွက်သုံးတာဆိုလို့
ကာကွယ်ရေး သုံးငွေအားလုံးက -
3:25 - 3:28တနှစ်ကို ၂ ထရီလီယံ လောက်သုံးတဲ့အချိန်
-
3:28 - 3:31တစ်ကမ္ဘာလုံး ဆက်သွယ်ရေးအတွက်သုံးတာက
-
3:31 - 3:34နောက် ၁၀ နှစ်အတွင်း
၉ ထရီလီယံလောက် တနှစ်ကို -
3:34 - 3:36သုံးမယ်လို့ မှန်းရတယ်။
-
3:36 - 3:37ဖြစ်သင့်တာဘဲ မဟုတ်လားဗျ။
-
3:37 - 3:40ကိုယ်တွေက လူ ၃ ဘီလီယံစာလောက်
အတွက် ထွင်ထားတဲ့ -
3:40 - 3:43အခြေခံအဆောက်အအုံမှာ နေနေကြရတာ
-
3:44 - 3:47အခုက လူ ၇ − ၈ ဘီလီယံလောက်ရှိပြီး
ညှပ်နေကြပြီ၊ -
3:47 - 3:49နောက်ဆို ၉ သန်းအထက်ထိ ရောက်လာမယ်။
-
3:49 - 3:54ဖြစ်နကျအတိုင်း တွက်ကြည့်မယ်ဆိုရင်၊
-
3:54 - 3:58လူ ဘီလီယံတိုင်းအတွက်
တစ်၁ ထရီလီယံလောက် သုံးရလိမ့်မယ်။ -
3:59 - 4:02အာရှကတော့ အများဆုံးသုံးရမှာကို
ပြောစရာမလိုပါဘူး။ -
4:03 - 4:06၂၀၁၅ တုန်းက တရုတ်က၊
-
4:06 - 4:09အာရှ အခြေခံအဆောက်အအုံး ဖွံ့ဖြိုးရေးဘဏ်
ကို တည်ထောင်လိုက်ပြီး -
4:10 - 4:13သူ့အပြင် သူနဲ့ ကွန်ယက် ချိတ်ဆက်ထားတဲ
အဖွဲ့တွေအပြင် -
4:13 - 4:16အားလုံးက သံတွေ ပိုးတွေနဲ့ ဆက်ထားတဲ့
ကွန်ယက်ကို ချိတ်ဆက်လိုက်လို့ -
4:17 - 4:19ပေါ်တူဂီမြို့ လစ်စ်ဘွန်းအထိ
ကျယ်ဝန်းပါမယ်။ -
4:20 - 4:24အဲ့ဒီလိုနဲ့ဘဲ မြေပုံဆွဲတဲ့ အင်ဂျင်နီယာ
တွေလဲ နေရာရလာ၊ -
4:24 - 4:29နောက် နှစ် ၄၀ မှာတော့ အခြေခံအဆောက်
အအုံမှာ ပိုက်ဆံပိုသုံးနေကြရမှာဘဲ၊ -
4:29 - 4:33နောက် အနှစ် ၄၀ ကတော့ အခြေခံ
အဆောက်အအုံတွေ ထပ်ဆောက်နေမှာဘဲ၊ -
4:33 - 4:35အဲ့ဒါဟာ လွန်ခဲ့တဲ့ နှစ် ၄၀၀၀ မှာ
သုံးခဲတာထက် ပိုများလာမယ်။ -
4:37 - 4:39ခဏလောက် ရပ်ပြီးတော့ တွေးကြည့်ရအောင်။
-
4:40 - 4:44ကမ္ဘာ့လူ့အဖွဲ့အစည်းအတွက်
တည်ဆောက်နေတာက ပိုများများလာပြီး -
4:44 - 4:47ဖျက်ဆီးတဲ့ လက်နက်ထက်ပိုသုံးလာတာဟာ
အရမ်းကို -
4:47 - 4:48စွမ်းထက်တဲ့ ရလဒ်ရှိလာမယ်။
-
4:50 - 4:53ဒီလို ချိတ်ဆက်ခြင်းအားဖြင့်
လူနဲ့ အရင်းအမြစ်တွေကို -
4:53 - 4:55ပိုပြီး ဖြန့်ဖြူးလာနိုင်မယ်။
-
4:55 - 5:00လူဆိုတာ အပိုင်းအစတွေ စုပေါင်းနေတာထက်
ပိုပြီးတော့ တန်ဖိုး အဓိပ္ပါယ်ရှိလာတယ်။ -
5:01 - 5:03အခုဖြစ်ပျက်နေတာကို အဲလိုခံယူတယ်။
-
5:05 - 5:09ဆက်သွယ်စီးဆင်းမှုထဲမှာ ၂၁ ရာစုတွင်
မဟာဦးတည်ချက် နှစ်ခုရှိတယ်- -
5:09 - 5:11တစ်ကမ္ဘာလုံး မြို့ပြဖြစ်လာခြင်းပါ။
-
5:11 - 5:14မြို့ကြီးဆိုတာ ကျွန်ုပ်တို့ကို
ဆုံးဖြတ်ပေးတဲ့ အဆောက်အအုံတွေပါ။ -
5:15 - 5:17၂၀၃၀ ခုနှစ်မှာ ကမ္ဘာ့လူဦးရေ ၃ ပုံ ၂ပုံ ဟာ
-
5:19 - 5:20မြို့တွေမှာ နေကြမယ်။
-
5:21 - 5:23အဲဒါတွေဟာ မြေပုံပေါ်က
အစက်လေးတွေ မဟုတ်ကြတော့ဘူး၊ -
5:23 - 5:27မိုင်ပေါင်းများစွာ ရှည်ဆန့်နေကြတဲ့
ဧရာမ ကျွန်းစုကြီးတွေပါ။ -
5:27 - 5:29အခု ကျွန်ုပ်တို့ Vancouve ဗန်ကူးဗားမှာ၊
-
5:29 - 5:31Cascadia Corridor ဆိုရင်
-
5:31 - 5:34အမေရိကား နယ်ခြားမျဉ်းကို ကျော်လျက်
Seattle အထိ ရှည်တယ်။ -
5:35 - 5:37Silicon Valley ရဲ့ အချက်အချာအကျဆုံး
ဒေသကြီးဟာ -
5:37 - 5:40မြောက်ဘက်တွင် ဆန်ဖရန်စစ္စကိုမှ စပြီး
San Jose အထိဆင်းလျက် -
5:40 - 5:42Oakland ပင်လယ်အော်ကို ဖြတ်ထားတယ်။
-
5:42 - 5:45လော့အိန်ဂျယ်လိစ်ရဲ့ အဆက်ဟာ
San Diego ကို ဖြတ်လျက် -
5:45 - 5:47မက်ဆီကို နယ်စပ် Tijuana အထိ
ကျယ်ပြန့်လာတယ်။ -
5:47 - 5:50San Diego နဲ့ Tijuana က
လေယဉ်ကွင်း တစ်ခုတည်းကို သုံးနိုင်ပြီး -
5:50 - 5:52ကိုယ်သွားချင်တဲ့
နိုင်ငံကို ထွက်လို့ ရနေပြီ။ -
5:52 - 5:56နောက်ဆုံးမှာ အမြန်နှုံးမြင့်ရထား ကွန်ရက်က
ပစိဖိတ်တခုလုံးကို ဆက်သွယ်ပေးလိမ့်မယ်။ -
5:58 - 6:02အမေရိကရဲ့ အရှေ့မြောက် မဟာမြို့တော်ကြီးက
ဘော့စ်တန်မှ နယူးယောက်အထိ၊ ပြီးတော့ -
6:02 - 6:04ဖီလာဒယ်ဖီးလီယားမှ ဝါရှင်တန်အထိပါ။
-
6:04 - 6:06အဲဒီမှာ လူသန်း ၅၀ လောက် နေထိုင်နေကြပြီး
-
6:06 - 6:09မြန်နှုံးမြင့် ရထားနဲ့ ဆက်သွယ်ဖို့
စီမံကိန်းတွေ ရှိပါတယ်။ -
6:09 - 6:13တကယ်တော့ အာရှ တိုက်ထဲမှာ
မြို့ကြီးတွေ ပေါင်းလာနေတာ တကယ်ပါ။ -
6:13 - 6:18အခုမြင်နေရတဲ့ ဆက်တိုက်လင်းနေတာက
တိုကျိုကနေ နာဂိုယာကို ဖြတ်ပြီး အိုဆာကာအထိ -
6:18 - 6:20လူ သန်း ၈၀ ကျော် နေကြတဲ့ ဒေသဖြစ်သလို
-
6:20 - 6:21ဂျပန်ရဲ့ လုပ်ငန်းတွေ အများစုပါ။
-
6:22 - 6:25အဲဒါဟာ ကမ္ဘာ့အကြီးဆုံး မဟာမြို့တော်ပါ။
-
6:25 - 6:26လောလောဆယ် အတွက်ပေါ့။
-
6:27 - 6:29မဟာမြို့ကြီးတွေ ပေါင်းဆက်မိလျက်
-
6:29 - 6:32လူ သန်း ၁၀၀ နားကို ကပ်လာနေပြီ။
-
6:32 - 6:34ပေကျင်း တဝိုက်က ဘိုဟိုင် ခါးပတ်၊
-
6:34 - 6:36ရှန်ဟိုင်း တဝိုက်က ရန်ဇီ မြစ်ဝှမ်းဒေသ၊
-
6:36 - 6:38ပြီးတော့ ပုလဲမြစ်ဝှမ်း ဒေသ၊
-
6:38 - 6:41ဟောင်ကောင်ကနေ ဂွမ်ဂျိုးအထိကို
ရှည်ဆန့်လျက်ပါ။ -
6:41 - 6:42အလယ်မှာကျတော့၊
-
6:42 - 6:45ချောင်ရင် ချန်ဒူး
မဟာမြို့ကြီးများရဲ့ နယ်မြေ၊ -
6:45 - 6:48ပထဝီ အနေအထားအရ
အော်စတြီးယားနိုင်ငံနဲ့ -
6:48 - 6:49တူညီသလိုလိုပါပဲ။
-
6:51 - 6:53ပြီးတော့ အဲဒီမဟာမြို့ကြီးတွေ
တစ်ခုချင်းစီရဲ့ -
6:53 - 6:56GDP ဟာဆိုရင် ဒေါ်လာ
၂ ထရီလီယံနီးနီး ရှိတယ်- -
6:56 - 6:59အဲဒါဟာ အိန္ဒိယ တစ်နိုင်ငံလုံးရဲ့
ဝင်ငွေ နီးပါးပါပဲ။ -
7:00 - 7:05ကောင်းပါပြီ၊ G20 လို နိုင်ငံတကာ
အဖွဲ့အစည်းတွေမှာ -
7:05 - 7:09သူတို့ရဲ့ အဖွဲ့ဝင်နိုင်ငံတွေကို
နိုင်ငံများ အလိုက် ပါဝင်စေမှုအစား -
7:09 - 7:11စီးပွားရေး ပမာဏ အလိုက် ပါဝင်ကြမှာကို
စိတ်ကူးကြည့်ပါ။ -
7:11 - 7:15တရုတ်နိုင်ငံထဲကက မဟာမြို့ကြီးတွေ
ပါဝင်လာနိုင်ပြီး မဲပေးခွင့်ရှိလာချိန်မှာ၊ -
7:15 - 7:19အာဂျင်တီးနား၊ အင်ဒိုနီးရှားလို နိုင်ငံတွေ
စာပွဲမှာ ဝင်ထိုင်ခွင့်မရ ထွက်သွားကြရမယ်။ -
7:20 - 7:24တရုတ်ကို လူဦးရေအရ ကျော်တက်တော့မယ့်
အိန္ဒိယကို ကြည့်ရအောင်၊ -
7:24 - 7:26အဲဒီမှာလဲ မဟာမြို့ကြီးတွေ တသီကြီးရှိနေပြီ၊
-
7:26 - 7:29ဒေလီ မြိုတော် ဒေသကြီးမျိုး၊
-
7:29 - 7:30ဘုံဘေ ဒေသကြီး။
-
7:30 - 7:31ကမ္ဘာ့ အရှေ့အလယ်ပိုင်းမှာ၊
-
7:31 - 7:34တီဟီရန်မြို့ကြီးဆိုရင်
အီရန် လူဦးရေ ၃ပုံ ၁ပုံကို စုပ်ယူထားတယ်။ -
7:34 - 7:36အီဂျစ်ရဲ့ လူဦးရေ သန်း ၈၀ ထဲက အများစုဟာ
-
7:36 - 7:39ကိုင်ရိုနဲ့ အလက်ဇန်ဒရီးယား
အကြားမှာနေကြတယ်။ -
7:39 - 7:43ကမ်းမြှောင်ဒေသမှာတော့
မြို့ပြည်နယ်တွေရဲ့ လည်စွဲ ပေါ်လာနေတယ်၊ -
7:43 - 7:45ဘာရိန်းနဲ့ ကာတာမှအစ
-
7:45 - 7:48ယူအေအီး ကိုဖြတ်ကျော်ရင်း
အိုမန်ထဲက Muscat အထိပါပဲ။ -
7:49 - 7:50ပြီးတော့ လာဂိုးစ် ဆိုရင်၊
-
7:51 - 7:55အာဖရိက အကြီးဆုံး မြို့နဲ့ နိုင်ဂျီရီးယား
အတွက် ကုန်သွယ်ရေး မြို့တော်ကြီးပါ။ -
7:55 - 7:57၎င်းဟာ ရထားလမ်းတွေ ဆက်ဖောက်လျက်
-
7:57 - 8:01အတ္တလန်တိတ် ကျယ်ဝန်းလှတဲ့
ကမ်းခြေစင်္ကြရဲ့ ဗဟိုချက် ပြုလုပ်ပြီး၊ -
8:01 - 8:04ဘေနင်၊ တိုဂိုနဲ့ ဂါနာကို ကျော်ဖြတ်ရင်း၊
-
8:04 - 8:08အိုင်ဗရီကို့စ်မြို့တော် အဘီဂျန်ထိ
ရှည်လျား ကျယ်ဝန်းမှာပါ။ -
8:08 - 8:11ဒီနိုင်ငံလေးတွေဟာ
လာဂို့စ်ရဲ့ ဆင်ခြေဖုံးဒေသတွေပါ။ -
8:12 - 8:14မဟာမြို့ကြီးတွေရဲ့ ကမ္ဘာမှာ
နိုင်ငံတွေဟာ -
8:14 - 8:17မြို့ကြီးတွေရဲ့
ဆင်ခြေဖုံးဒေသတွေ ဖြစ်လာနိုင်တယ်။ -
8:19 - 8:25၂၀၃၀ အရောက်တွင်၊ မဟာမြို့ကြီးပေါင်း
၅၀ လောက် ကမ္ဘာပေါ်တွင် ရှိလာနိုင်ကြတယ်။ -
8:26 - 8:27ဘယ်မြေပုံက ပိုအဓိပ္ပါယ်ရှိလဲ။
-
8:27 - 8:30သီးခြား ရပ်တည်နေကြတဲ့
နိုင်ငံ ၂၀၀ ပါတဲ့ သုံးနေကျ မြေပုံလား၊ -
8:30 - 8:32အိမ်မှာ အခုချိတ်ထားတဲ့ဟာလား၊
-
8:32 - 8:35ဒါမှမဟုတ် မဟာမြို့ကြီး ၅၀ တို့ရဲ့
လက်ရှိမြေပုံလား။ -
8:36 - 8:39ဒီမြေပုံက မပြည့်စုံသေးတာတောင်၊
-
8:39 - 8:43မဟာမြို့ကြီးတွေ တခုချင်းစီကို နားလည်ရန်
-
8:43 - 8:46၎င်းတို့ တစ်ခုနဲ့တစ်ခု
ချိတ်ဆက်နေကြပုံကို သိရန် လိုအပ်လို့ပါ။ -
8:46 - 8:49လူတွေ ဆက်သွယ်မှုကောင်းတဲ့
မြို့တွေဆီကို ရွေ့ရှားနေကြပြီး -
8:49 - 8:52အဲဒီ ဆက်သွယ်နိုင်စွမ်းကြောင့်
မဟာမြို့ကြီးတွေ ရှင်သန်နိုင်ကြတာပါ။ -
8:53 - 8:57Sao Paulo၊ အစ္စတန်ဘူး ဒါမှမဟုတ် မော်စကို
အထဲက တစ်ခုချင်းစီရဲ့ -
8:57 - 9:01GDP ဟာ တစ်နိုင်ငံလုံး GDP ရဲ့
တစ်ဝက် ဒါမှမဟုတ် -
9:01 - 9:03၃ပုံ ၁ပုံ နားကို ချဉ်းကပ်လာနေကြပြီဗျ။
-
9:04 - 9:06နောက်ပြီးတော့ ထပ်တူ အရေးတဲ့ အချက်က
-
9:06 - 9:09လူတွေ၊ ဘဏ္ဍာငွေတွေ၊ နည်းပညာတွေ
-
9:09 - 9:12အဲဒီ ဒေသတွေဆီကို စီးဝင်လာနေကြပြီး
-
9:12 - 9:14အဲဒီဒေသကြီးတွေ ရှင်သန်နိုင်အောင်
-
9:14 - 9:16လုပ်နိုင်တာ နားလည်ရန် အရေးကြီးတယ်။
-
9:17 - 9:19တောင်အာဖရိကထဲက Johannesburg နဲ့
မြို့တော် Pretoria ကို -
9:19 - 9:23ချိတ်ဆက်ပေးထားတဲ့ Gauteng
ပြည်နယ်အကြောင်း ကြည့်ရအောင်။ -
9:23 - 9:26၄င်းဟာလည်း တောင်အာဖရိကရဲ့ GDP
၃ပုံ ၁ပုံကျော်ကို ကိုယ်စားပြုပါတယ်။ -
9:27 - 9:30နောက်အရေးကြီးတာက ရှိသမျှ
ရုံးတွေအားလုံး အခြေစိုက်ကြတယ် -
9:30 - 9:33အလားတူပဲ အရေးကြီးတဲ့ အချက်က
တောင်အာဖရိကထဲ၊ ပြီးတော့ -
9:33 - 9:35အာဖရိက တတိုက်လုံးမှာ တိုက်ရိုက်
ရင်းနှီးမြုပ်နှံကြတဲ့ -
9:35 - 9:39နိုင်ငံတကာ ကုမ္ပဏီ အားလုံးလိုလို
အဲဒီမှာ ရုံးတွေကို ဖွင့်ထားခြင်းပါပဲ။ -
9:39 - 9:42မြို့တွေဟာ ကမ္ဘာ့တန်ဖိုးကွန်ယက်ထဲမှာ
ပါဝင်လိုကြပါတယ်- -
9:42 - 9:46၎င်းတို့ဟာ ကမ္ဘာလုံးဆိုင်ရာ လုပ်အား
ခွဲဝေမှုထဲမှာ ပါဝင်လိုကြပါတယ်။ -
9:46 - 9:48မြို့တွေရဲ့ ချိတ်ဆက်မှုက အဲဒီလိုပါ။
-
9:48 - 9:50"ငါ့မြို့ကို အားလုံးနဲ့ အဆင်
ဖြတ်ထားချင်လိုက်တာ"လို့ -
9:50 - 9:53ပြောတဲ့ မြိုတော်ဝန်မျိုး ကျွန်တော်
မကြားခဲ့ဘူးပါ။ -
9:53 - 9:56သူတို့ရဲ့ မြိုတွေဟာ နိုင်ငံတကာ ကွန်ယက်ထဲ
ပါဝင်နေကြသလို သူတို့ရဲ့ -
9:56 - 10:01နိုင်ငံထဲမှာလည်း ပါဝင်နေကြတာ
သူတို့ သိပါတယ်။ -
10:03 - 10:06အခုဆို လူများက မြို့ပြကြီးတွေ ပေါ်ပေါက်
လာနေခြင်းကို သိပ်ကို ကြောက်နေကြတယ်။ -
10:07 - 10:09မြိုကြီးတွေကြောင့် ကမ္ဘာကြီး ကွဲအက်
လာနေတယ်လို့ ထင်ကြတယ်။ -
10:10 - 10:11ဒါပေမဲ့၊ အခုတော့၊
-
10:11 - 10:15မြိုများအချင်းချင်း ချိတ်ဆက်ရေးကို
အားထုတ်နေတဲ့ မြို့ တွေ ၂၀၀ လောက်ရှိနေပြီ။ -
10:15 - 10:19အဲဒါဟာ ကုလသမ္မဂလို
အစိုးရအချင်းချင်း ပါတဲ့ အဖွဲ့တွေရဲ့ -
10:19 - 10:20အရေအတွက်နဲ့ တူညီပါတယ်။
-
10:20 - 10:24အဲဒီ အချင်းချင်း ချိတ်ဆက်နေကြတဲ့
မြို့တွေအားလုံးရဲ့ အရေးကြီးဆုံး ဦးတည်ချက်က -
10:24 - 10:29၂၁ ရာစု လူသားတွေအတွက်
အရေးအကြီးဆုံး ဖြစ်တဲ့ -
10:29 - 10:32ရေရှည်တည်တံ ခိုင်မြဲ့တဲ့
မြိုပြတည်ထောင်ရေးပါ။ -
10:33 - 10:34အလုပ်ဖြစ်ရဲ့လား။
-
10:34 - 10:36သဘာဝ ပတ်ဝန်းကျင်
ပြောင်းလဲခြင်းကို ကြည့်ရအောင်။ -
10:36 - 10:39နယူးယောက်၊ ပါရီ၊ စတဲ့ စည်းဝေးတွေ
အလုပ်မဖြစ်တာ ငါတို့သိပြီးပြီ၊ -
10:39 - 10:42မှန်လုံအိမ် ဓါတ်ငွေ့ကို
မလျော့ချနိုင်သေးဘူး -
10:43 - 10:46ဒါပေမဲ့၊ နည်းပညာတွေ ဖလှယ်နေတာ တွေ့လေရဲ့
-
10:46 - 10:48အသိဉာဏ်နဲ့ ပေါ်လစီတွေ မြို့တွေအကြား
-
10:49 - 10:53ဒီနည်းနဲ့ ကာဗွန်
လျော့ချနိုင်ဖို့ ကြိုးစားနေကြတာ -
10:53 - 10:55မြို့တွေက အချင်းချင်း သင်ယူနေကြတာ
-
10:55 - 10:58ကာဗွန်စွန့်ထုတ်မှုမရှိတဲ့
အဆောက်အအုံတွေ ဆောက်ဖို့ -
10:58 - 11:01လျှပ်စစ်ကား အငှားစနစ်ကို တည်ဆောက်နိုင်ဖို့
-
11:01 - 11:02တရုတ်မြို့ကြီးတွေမှာ
-
11:02 - 11:05လမ်းပေါ်မှာ မောင်းနိုင်တဲ့
ကားပမာဏ ကန့်သတ်တဲ့စနစ် သုံးနေတယ်။ -
11:05 - 11:07အနောက်နိုင်ငံ မြို့တွေမှာ၊
-
11:07 - 11:09လူငယ်တွေ ကားမမောင်းချင်းကြတော့ဘူး။
-
11:10 - 11:12မြိုတွေဟာ ပြဿနာ တစ်ပိုင်း ဖြစ်ခဲ့ကြပေမဲ့၊
-
11:12 - 11:14အခုတော့ အဖြေရှာသူတွေ ဖြစ်လာကြပြီ။
-
11:15 - 11:19မညီမျှကြခြင်းက ရေရှည်တည်တံ့တဲ့ မြို့တွေ
ဖြစ်ဖို့အတွက် စိန်ခေါ်မှု ဖြစ်လာနေတယ်။ -
11:20 - 11:23ကျွန်တော် မဟာမြို့ကြီးတွေကို
အစအဆုံး ဖြတ်သွားကြည့်ရင်၊ -
11:23 - 11:25နာရီတွေ ရက်တွေထိ ကြာနိုင်တယ်--
-
11:26 - 11:29ပထဝီ တနေရာတည်းမှာကိုပဲ
အရမ်းကို ကွာခြားတဲ့ -
11:29 - 11:31အခြေအနေတွေကို တွေ့ရတယ်။
-
11:32 - 11:35ဒါပေမဲ့၊ တကမ္ဘာလုံးရဲ့ ပိုင်ဆိုင်မှု
ပစ္စည်းတွေ ကျတော့၊ -
11:35 - 11:37မကြုံစဖူး ကြီးမားလှပါတယ်၊
-
11:37 - 11:40ဒေါ်လာ ထရီလီယံ ၃၀၀ နားနီးလာပြီ။
-
11:40 - 11:44တကမ္ဘာလုံးဝင်ငွေရဲ့
၄ ဆနီးပါလို့ မှန်းရတယ်။ -
11:45 - 11:49ကမ္ဘာစီးပွားရေး ကပ်ကြီးနောက်မှာ
ယူခဲ့ကြတဲ့ ချေးငွေတွေ များလှပေမဲ့၊ -
11:49 - 11:52အဲဒါတွေကို အားလုံး ဖွဲ့ဖြိုးစေဖို့
ရင်းနှီးခဲ့ကြသလား။ -
11:53 - 11:55မရှိသေးပါဘူးလို့ ဖြေရမယ်။
-
11:56 - 12:00သက်သာတဲ့ အိမ်းယာလေးတွေကို
လုံလောက်စွာ ဆောက်ပေးမှသာ၊ -
12:00 - 12:03ချောမွေ့တဲ့ လမ်းပန်းဆက်သွယ်ရေး
ကွန်ယက်ထဲ ရင်းနှီးလျက်၊ -
12:03 - 12:07လူတွေကို ရုပ်ပိုင်းအရရော၊ ဒီဂျစ်တယ်နည်း
အရပါ၊ ဆက်သွယ်ခွင့်ကို ပေးနိုင်ရင်၊ -
12:07 - 12:10တသီးတခြားဖြစ်နေကြတဲ့
တို့ မြို့တွေဟာ -
12:10 - 12:12ပြန်ပြီး တစုတလုံးတည်းလို့
ပြန်ခံစားလာရမယ်။ -
12:12 - 12:14(လက်ခုပ်သံများ)
-
12:16 - 12:19ဒါကြောင့် ကုလသမဂ္ဂရဲ့
နောက်ဆုံး ရည်မှန်းချက်ထဲတွင် -
12:19 - 12:21အခြေခံအဆောက်အအုံ ဖွံဖြိုး
တိုးတက်ရေးကို ထည့်လာရတာ၊ -
12:21 - 12:24အားလုံးကို ပါဝင်လာစေမှာမို့လို့ပါ။
-
12:24 - 12:26တို့ နိုင်ငံရေးနဲ့ စီးပွားရေး
ခေါင်းဆောင်တွေက -
12:26 - 12:29ချိတ်ဆက်နိုင်စွမ်းဟာ လှုဒါန်းမှု မဟုတ်ဘဲ
-
12:29 - 12:31အခွင့်ကောင်းဖြစ်တာ သိလာနေကြပြီ။
-
12:31 - 12:34ဒါကြောင့် တို့ရဲ့ စီးပွားရေး အသိုင်းအဝိုင်
ကလဲ ပိုသိထာသင့်တာက -
12:34 - 12:39ချိတ်ဆက်မှုဆိုတာ ၂၁ ရာစုရဲ့ အရေး
အပါဆုံးသော အရင်းအမြစ်ဖြစ်ခြင်းကိုပါ။ -
12:40 - 12:44အခုဆိုရင် မြို့တွေက ကမ္ဘာကြီး ပိုမို
တည်မြဲလာအောင် လုပ်ပေးပြီး -
12:45 - 12:47ပိုပြီးတော မျှတလာအောင်
လုပ်ပေးနိုင်တယ်ဆိုတော့၊ -
12:47 - 12:50ကျွန်တော်ကတော့ မြိုချင်း ဆက်သွယ်ရေးကနေ
-
12:50 - 12:52လူတွေကို ပိုငြိမ်းချမ်းလာနိုင်မယ်လို့
ယုံကြည်တယ်။ -
12:52 - 12:56အခု လူနေထူထပ်တဲ့
ကမ္ဘာ့နေရာတွေကို ကြည့်ကြည့်ရင်၊ -
12:56 - 12:59တိုးတိုးပြီး ကူးလူးဆက်ဆံ
စီးပွား ကူးသန်းနေတာဟာ၊ -
12:59 - 13:01ပိုတည်ငြိမ်တဲ့ ဆက်ဆံရေးကို ဖြစ်စေတေယ်။
-
13:01 - 13:03ဥရောပရဲ့ ကမ္ဘာစစ်အပြီး သမိုင်းကို
တို့သိကြတယ်၊ -
13:03 - 13:06အဲဒီမှာ စက်မှု ပေါင်းစည်းရေး
ဖြစ်စဉ် စတင်ခဲ့လို့ -
13:06 - 13:08ဒီနေ့ ငြိမ်းချမ်းနေတဲ့
ဥရောပ သမဂ္ဂဆိုတာ ပေါ်လာခဲ့တယ်။ -
13:09 - 13:12စကားကြုံလာလို့၊ ရုရှားကိုပါ ယူကြည့်ရင်၊
-
13:12 - 13:16နိုင်ငံတကာ စနစ်ကြီးထဲက ဆက်သွယ်မှု
အနည်းဆုံး အင်အားကြီးနိုင်ငံပါ။ -
13:16 - 13:20ဒီနေ့တွင် ရှိနေတြ့ တင်းမာမှုတွေကို
ရှင်းပြချင်ရင် အချိန်အတော်လေး ယူရမယ်။ -
13:20 - 13:23စနစ်ကြီးထဲမှာ ပါဝင်မှု နည်းတဲ့
နိုင်ငံတွေဟာ -
13:23 - 13:26အဲဒီစနစ် ကမောက်ကမဖြစ်လာရင်
ဆုံးရှုံးမှုလည်း နည်းကြပါမယ်။ -
13:27 - 13:30မြောက်အမေရိကရဲ့ အရေးပါတဲ့
မြေပုံပေါ်က လိုင်းတွေကတော့ -
13:30 - 13:33အမေရကန် ကနေဒါ နယ်ခြားလိုင်း
အမေရိကန် မက်စီကန် နယ်ခြားလိုင်း မဟုတ်ဘဲ -
13:33 - 13:37ရှုပ်ထွေးနေတဲ့ ကားလမ်း ရထားလမ်းနဲ့
ပိုက်လိုင်းတွေဘဲ ဖြစ်တယ်၊ -
13:37 - 13:40ပြီးတော့ ဓါတ်အားလိုင်းနဲ့
တူးမြောင်းတွေကနေပြီး -
13:40 - 13:44စုပေါင်းနေတဲ့ မြောက်အမေရိကကို
ဖေါ်ပေးလိုက်ကြတယ်။ -
13:44 - 13:48မြောက်အမေရိက လိုအပ်နေတာက နယ်ခြား
တံတိုင်းတွေမဟုတ်ဘဲ ချိတ်ဆက်မှုတွေပါ။ -
13:48 - 13:51(လက်ခုပ်သံများ)
-
13:56 - 14:00ကိုလိုနီခေတ် အလွန်မှာ လိုအပ်တာက
တိုးပြီး ချိတ်ဆက်ကြရန်ပါ။ -
14:00 - 14:05နယ်ခြား တံတိုင်းတွေ ရှိခဲ့ကြတဲ့ ဒေသ
အများစုတို့ဟာ သမိုင်းထဲမှာ မတည်ငြိမ်လျက် -
14:05 - 14:07အဲဒီက ခေတ်အဆက်ဆက် ခေါင်းဆောင်တွေဟာလည်း
-
14:07 - 14:09တယောက်နဲ့ တယောက်
ရန်လို အငြိုးထားခဲ့လာကြတဲ့ သူတွေပါ။ -
14:09 - 14:12ဒါပေမဲ့ အခုတော့ အုပ်စုသစ်
ခေါင်းဆောင်တွေ အာဏာရလာလျက် -
14:12 - 14:13ပုဆိန်တွေကို မေ့ပစ်လိုက်ကြပါပြီ။
-
14:14 - 14:17အရှေ့တောင် အာရှကိုဘဲ ကြည့်ကြမယ်ဆိုရင်၊
ဘန်ကောက်မှ စင်ကာပူကို -
14:17 - 14:19ချိတ်ဆက်ပေးမယ့်
နှုန်းမြင့်ရထား ကွန်ရက်တွေ၊ -
14:19 - 14:23ဗီယက်နမ်မှ မြန်မာနိုင်ငံထိ စီးပွားရေး
ဇုန်တွေနဲ့ ချိတ်ါဆက်ရန် စီမံနေကြတယ်။ -
14:23 - 14:27လူ သန်း ၆၀၀ အတွက် စိုက်ပျိုးရေး ဇုန်ကြီး၊
-
14:27 - 14:29နောက် တဆင့် စက်မှုဇုန်ကြီး ပေါ်လာမယ်။
-
14:30 - 14:34အခုဆိုရင် Pax Asiana လိုခေါ်တဲ့
-
14:34 - 14:37အရှေ့တောင်အာရှ နိုင်ငံများ အကြားမှာ
ငြိမ်းချမ်းတဲ့ ဇုန်ပါ။ -
14:38 - 14:41ဒီလိုပုံစံမျိုး အရှေ့
အာဖရိကမှာလဲ ပေါ်လာနေတယ်၊ -
14:41 - 14:43နိုင်ငံ ဒါဇင်ဝက်လောက် ပေါင်းပြီး၊
-
14:43 - 14:46ရထားလမ်းနဲ့ ကူးသန်းရေး
ဇုန်တွေ တည်ထောင်လာကြပြီး -
14:46 - 14:49ကုန်းတွင်းပိတ်နိုင်ငံတွေအတွက်
ဈေးကွက် ပွင့်လာတယ် -
14:49 - 14:52အခုတော့ သူတို့ အသုံးဆောင်တွေကိုရော
သူတို့ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို -
14:52 - 14:54ညှိနှိုင်းလုပ်ကိုင်လာကြတယ်။
-
14:54 - 14:58သူတို့လဲ Pax Africana ဖြစ်လာကြပါပြီ။
-
14:59 - 15:02ဒီလိုဘဲ ဆက်ပြီးကျင့်သုံးသင့်တာက တော့
-
15:02 - 15:03အရှေ့အလယ်ပိုင်းဒေသပါပဲ။
-
15:04 - 15:06အရပ်နိုင်ငံများ အကြောင်မလှစွာ
ကွယ်ပျောက်သွားကြတယ်၊ -
15:06 - 15:09ရှေးမြို့တွေဘဲ ကျန်ရစ်ခဲ့ကြတယ်။
-
15:09 - 15:12ကိုင်ရို၊ ဘေရုတ်နဲ့ ဘက်ဂဒတ် တွေလိုပေါ့။
-
15:12 - 15:17တကယ်တော့ အာရပ်ကမ္ဘာထဲက
လူသန်း ၄၀၀ လောက်ဟာ -
15:17 - 15:19မြိုကြီးပြကြီးသားတွေ ဖြစ်ကုန်လာကြပါပြီ။
-
15:19 - 15:21လူ့အဖွဲ့အစည်းနဲ့ မြို့ကြီးတွေအနေနဲ့ပါ၊
-
15:21 - 15:24သူတို့ဆီမှာ ရေဟာ များချင် များတယ်၊
ဒါမဟုတ် ရေဟာ ရှားပါးတယ်။ -
15:24 - 15:26လောင်စာ များတယ်၊ ဒါမှဟုတ် ရှားပါးတယ်၊
-
15:26 - 15:29အဲ့လို မမျှတာမှုတွေကို ပြင်ပေးဖို့က
-
15:29 - 15:32စစ်မက်တွေ၊ တံတိုင်းတွေနဲ့ မဟုတ်ဘဲ၊
-
15:32 - 15:35ရေနံပိုက်လိုင်းတွေနဲ့ တူးမြောင်းများဖြင့်
ချိတ်ဆက်ပေးမှုဖြင့်ပါ။ -
15:36 - 15:40ဒါပေမဲ့ အရှေ့အလည်ပိုင်းမှာ
အဲဒီလို မမြင်ရတာ ဝမ်းနည်းစရာကြီးပါ။ -
15:40 - 15:41တကယ်တော့ ဖြစ်သင့်တယ်၊
-
15:43 - 15:46ဆက်သွယ်မိနေတဲ့ Pax Arabia မျိုး၊
-
15:47 - 15:48အချင်းချင်း ပေါင်းစည်းနေပြီး
-
15:48 - 15:52အနီးရှိ ဥရောပ၊ အာရှနဲ့ အာဖရိကတို့နဲ့
အကျိုးဖြစ်ထွန်းစွာ ချိတ်ဆက်နေခဲ့ရမှာပါ။ -
15:52 - 15:56ကမ္ဘာပေါ်က မတည်ငြိမ်ဆုံး ဒေသတွေကို
ကြည့်လိုက်ကြရင်၊ ချိတ်ဆက်နိုင်စွမ်းဟာ -
15:56 - 15:58ကျွန်ုပ်တို့ ဒီနေ့ လိုအပ်နေတာ
ဟုတ်ချင်မှ ဟုတ်ပါ့မယ်။ -
15:59 - 16:02ဒါပေမဲ့ သမိုင်း အတွေ့အကြုံအရ
ရေရှည် တည်ငြိမ်မှုအတွက် အဲဒါဟာ -
16:02 - 16:05တစ်ခုတည်းသော လမ်းကြောင်ဆိုတာ သိကြတယ်။
-
16:05 - 16:07ဒေသတွေဟာ တခုပြီးရင် နောက်တခုက
-
16:07 - 16:10ချိတ်ဆက်လာနေကြခြင်းဟာ အရှိတရား အသစ်ပါ။
-
16:10 - 16:14မြို့ကြီးနဲ့ နိုင်ငံတွေဟာ စုပေါင်းချိတ်ဆက်ဖို့
အားထုတ်နေကြပြီး -
16:14 - 16:16ပိုပြီး ငြိမ်းချမ်းလျက် ကြွယ်ဝလာနေကြတယ်။
-
16:18 - 16:20တကယ့် စမ်းသပ်မှုကြီး
ဖြစ်လာမှာက အာရှုတိုက်ကြီးပါ။ -
16:21 - 16:24အရှေ့အာရှက အင်အားကြီး နိုင်ငံတွေ
အတွက် အားစမ်းမှုတွေကို -
16:24 - 16:27ချိတ်ဆက်နိုင်စွမ်းက ကျော်လွှားနိုင်မလား။
-
16:27 - 16:31နောက်ဆုံးမှာတော့၊ အဲဒီဒေသထဲမှာမှ
တတိယကမ္ဘာစစ် ပေါက်ထွက်လာမှာပါ။ -
16:32 - 16:35လွန်ခဲ့တဲ့ နှစ်ဆယ့်ငါးနှစ်တုန်းက
စစ်အေးပြီးဆုံးသွားခဲ့လို့၊ -
16:35 - 16:38အကြီးစား စစ်ကြီးတွေ အဲဒီ ဒေသထဲ
ဖြစ်လာမယ်လို့ ဟောကိန်းတွေ ရှိခဲ့တယ်။ -
16:38 - 16:40ဒါပေမဲ့ တခုမှ ဖြစ်မလာခဲ့ကြပါ။
-
16:41 - 16:43တရုတ်နဲ့ထိုင်ဝမ်ကို ကြည့်ကြပါစို့။
-
16:44 - 16:48၁၉၉၀ ပြည့် နှစ်များထဲမှာ အဲဒါဟာ
တတိယ ကမ္ဘာစစ် ဇာတ်လမ်းရဲ့ နေရာပါ။ -
16:48 - 16:50ဒါပေမဲ့၊ အဲဒီအချိန်နောက်မှာ၊
-
16:50 - 16:53ရေလက်ကြားကို ကူးဖြတ်လျက် ကူးသန်း
ရောင်းဝယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ -
16:53 - 16:55သိပ်ကို များလာခဲ့လို့
လွန်ခဲ့တဲ့ နိုဝင်ဘာလမှာ -
16:55 - 16:58နှစ်ဖက်ခေါင်းဆောင်တွေ သမိုင်းဝင်
အစည်းအဝေးကြီး လုပ်ခဲ့ကြပြီး -
16:58 - 17:02နောက်ဆုံးမှာ ငြိမ်းချမ်းစွား ပေါင်းစည်းရေး
ကိုတောင် ဆွေးနွေးခဲ့ကြတယ်။ -
17:02 - 17:05ထိုင်ဝမ်ရဲ့ အမျိုးသားရေးပါတီကတောင်
-
17:05 - 17:08လွန်ခဲ့တဲ့နှစ်အထိ ခွဲထွက်ဖို့ပြောနေခဲတာ၊
-
17:08 - 17:10အရေးပါလှတဲ့ အဲဒီလို ပြောင်းလဲမှုတွေကို
လက်ခံလာရတယ်။ -
17:11 - 17:14တရုတ်နဲ့ ဂျပန်ဆိုရင် သမိုင်းထဲ
ပြိုင်ဘက်တွေ ဖြစ်ခဲ့တာကြာပါပြီ -
17:14 - 17:17ကျွန်းများဆိုင်ရာ အငြင်းပွားနေကြပြီး
ဝေဟင်မှာရော -
17:17 - 17:19ပင်လယ်မှာပါ အင်အားပြနေကြတာ
မြင်နိုင်ကြပါတယ်။ -
17:19 - 17:21ဒါပေမဲ့၊ နောက်ဆုံး နှစ်များမှာ
-
17:21 - 17:25ဂျပန်က တရုတ်မှာ
အကြီးဆုံး ရင်းနှီးမြုပ်နှံသူ ဖြစ်လာပြီး -
17:25 - 17:28ဂျပန်ကားတွေက ရောင်းအား
အလွန်ကောင်းလာနေတယ်၊ -
17:28 - 17:31ပြီးတော့၊ ဂျပန်မှာ
နိုင်ငံခြားသား အများဆုံးက -
17:31 - 17:34ဘယ်က လာကြတယ် ထင်ပါသလဲ။
-
17:34 - 17:36ခင်ဗျားတို့ ထင်တာ မှန်တယ်- တရုတ်ပါ။
-
17:38 - 17:39တရုတ်နဲ့ အိန္ဒိယလဲ စစ်တိုက်ခဲ့ဘူးကြတယ်၊
-
17:39 - 17:41နယ်ခြားအငြင်းပွားမှု သုံးခုရှိနေတုန်း၊
-
17:41 - 17:45ဒါပေမဲ့၊ ဒီနေ့ အိန္ဒိယဟာ တရုတ်ပိုင်
အာရှ အခြေခံအဆောက်အအုံ ဖွံဖြိုးရေးဘဏ်မှာ -
17:45 - 17:46ဒုတိယ ရှယ်ယာအများဆုံးပိုင်သူပါ။
-
17:46 - 17:50နှစ်နိုင်ငံပေါင်းပြီးတော့
မြောက် အိန္ဒိယကနေပြီး -
17:50 - 17:54မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်ကို ဖြတ်ပြီး
ကူသန်းရေး စင်္ကြံကို ဆောက်နေကြတယ်။ -
17:54 - 17:58သူတို့ရဲ့ ကူသန်းရောင်းဝယ်မှုဟာ လွန်ခဲ့တဲ့
၁၀ နှစ်တုန်းက ဒေါ်လာ ၂၀ ဘီလီယံ ရှိရာမှ -
17:58 - 18:00အခုဆို ၈၀ ဘီလီယံဆီ တိုးလာတယ်။
-
18:00 - 18:04နယူကလီးယား လက်နက်ပိုင် အိန္ဒိယနဲ့
ပါကင်စတန် စစ်ပွဲ ၃ကြိမ်ဖြစ်ခဲ့ပြီး -
18:04 - 18:06ကက်ရှမီးယားမှာလည်း အခုထိ ငြင်းခုန်နေတုန်း၊
-
18:06 - 18:09ဒါပေမဲ့၊ သူတို့ဟာ ကူးသန်းရေး သဘော
တူညီချက်ကိုပါ ညှိနှိုင်းနေကြပြီး၊ -
18:09 - 18:12အီရန်ကနေ ပါကင်စတန်ကို ဖြတ်ပြီး
အိန္ဒိယဆီ ရောက်မယ့် -
18:12 - 18:15ပိုက်လိုက်ကြီး သွယ်ဖိုကိုလဲ
လက်တွဲ လုပ်ကိုင်လိုကြပါတယ်။ -
18:15 - 18:17အီရန်အကြောင်း ဆွေနွေးကြရအောင်။
-
18:18 - 18:21အီရန်နဲ့ စစ်ဖြစ်မှာ ရှောင်မရနိုင်ဘူးလို့
ထင်ခဲ့ကြတာ ၂ နှစ်ပဲ ရှိသေးတယ်။ -
18:22 - 18:26ဒါနဲ့ အင်အားကြီးနိုင်ငံတိုင်းက အဲဒီမှာ
စီးပွားရေလုပ်ဖို့ ကြိုးပမ်းနေကြတာလဲ။ -
18:29 - 18:30လူကြီးမင်းတို့ ခင်ဗျာ၊
-
18:30 - 18:34တတိယကမ္ဘာစစ် မဖြစ်ပါဘူးလို့
ကျွန်တော် အာမမခံနိုင်တာ အမှန်ပဲ။ -
18:35 - 18:38ဒါပေမဲ့၊ ကမ္ဘာစစ် ဖြစ်မလာခဲ့တာ
ဘာကြောင့်လဲ ဆိုတာ သေချာ မြင်နိုင်ပါတယ်။ -
18:39 - 18:42အာရှဟာ တဟုန်တိုး စစ်အင်အားတိုးလာနေတဲ့
ဒေသ ဖြစ်တာ မှန်ပေမဲ့၊ -
18:42 - 18:46ဒီနိုင်ငံတွေကဘဲ ဘီလီယံပေါင်းများစွာကို
တနိုင်ငံရဲ့ အခြေခံအဆောက်အအုံနဲ့ -
18:46 - 18:49ကုန်စည် စီးဆင်းမှုထဲကို ရင်းနှီးမြှုပ်
နေကြတာကိုပါ မြင်နိုင်ကြပါတယ်။ -
18:49 - 18:53သူတို့ဟာ နိုင်ငံရေး ပထဝီထက်ကို
လုပ်ငန်းတွေနဲ့ ဖွံ့ဖြိုးနေတဲ့ ပထဝီကို -
18:53 - 18:55ပိုပြီး လိုလား စိတ်ဝင်စားကြတယ်။
-
18:55 - 19:00အဲဒါကြောင့်မို့လို့၊ သူတို့ရဲ့
ခေါင်းဆောင်တွေဟာ နှစ်ကြိမ် စဉ်းစားပြီး -
19:00 - 19:05နယ်မြေ တင်းမာမှုတွေ အစား စီးပွားရေး
အဆက်အသွယ်များဆီကို ဦးလှည့်ခဲ့ကြတာပါ။ -
19:06 - 19:09ဒီတော့၊ မကြာခဏဆိုလသို ကမ္ဘာကြီးဟာ
ပြိုကွဲသွားတော့မလို ထင်ရပေမဲ့၊ -
19:10 - 19:12ချိတ်ဆက်မှုတွေကို တိုးထူထောင်ပေးခြင်းက
-
19:12 - 19:15မျှော်လင့်ချက် မရှိနိုင်တဲ့ အခြေအနေကို
ပြန်ပေးနိုင်ပြီး -
19:15 - 19:17အရင်ကထက် ပိုပြီးကောင်းလာစေနိုင်တယ်။
-
19:17 - 19:19ကမ္ဘာကြီးကို ဒီလို ရုပ်ပိုင်းနဲ့
-
19:19 - 19:23ဒီဂျီတယ်နည်းဖြင့် အဆက်မပြတ်
ရစ်ပတ်ပေးခြင်းဖြင့် ကျွန်ုပ်တို့ဟာ -
19:23 - 19:25လူသားတွေဟာ ပထဝီ အနေအထားရဲ့
ကန့်သတ်ချက်တွေကို -
19:25 - 19:28ကျော်လွှားပြီး တက်လှမ်းနိုင်အောင်
ကူပေးနိုင်မှာပါ။ -
19:29 - 19:32ကျွန်ုပ်တို့ဟာ အဲဒီလို ကမ္ဘာ့ချိတ်ဆက်ရေး
-
19:32 - 19:35ကွန်ရက်တွေကို မောင်းနှင်ပေးနေကြတဲ့
ကလပ်စည်းတွေနဲ့ သွေေးကြောတွေပါ။ -
19:35 - 19:39နေတိုင်း သန်းနဲ့ချီတဲ့ လူသားတွေဟာ
အင်တာနက်သုံးနေကြပြီး -
19:39 - 19:42တခါမှ မမြင်ဘူးတဲ့ လူတွေနဲ့ လက်တွဲ
လုပ်ကိုင်နေကြတယ်။ -
19:42 - 19:45နှစ်တိုင်း လူ တစ်ဘီလီယံကျော်တို့က
အခြားနိုင်ငံများသို့ ကူးလူးသွားလာနေရာ၊ -
19:45 - 19:49နောက် ဆယ်နှစ်အကြာတွင်
သုံးဘီလီယံ အထိရှိလာမယ် မျှော်လင့်ရတယ်။ -
19:50 - 19:53ကျွန်ုပ်တို့ဟာ ချိတ်ဆက်မှုကို
ထူထောင်ပေးလိုက်ရုံသာမက၊ -
19:53 - 19:54အနှစ်သာရတွေ ထည့်ပေးခဲ့တယ်။
-
19:55 - 19:58ကျွန်ုပ်တို့ဟာ
ကမ္ဘာ့ ကွန်ယက် ယဉ်ကျေးမှုကြီးပါ၊ -
19:58 - 20:00ကျွန်ုပ်တို့ရဲ့ မြေပုံက ဒါပ။
-
20:01 - 20:06ပထဝီက ကံကြမ္မာကို ဆုံးဖြတ်
မပေးနိုင်တော့တဲ့ ကမ္ဘာကြီးမျိုးပါ။ -
20:07 - 20:11အဲဒါ့တင်မက၊ အနာဂတ်ရဲ့
ဆောင်ပုဒ်ဟာ ပိုမျှော်လင့်စရာကြီးပါ- -
20:11 - 20:13ချိတ်ဆက်မှုကသာ ကံကြမ္မာပါ။
-
20:14 - 20:15ကျေးဇူးတင်ပါတယ်
-
20:15 - 20:22(လက်ခုပ်သံများ)
- Title:
- မဟာမြို့ကြီးတွေက ကမ္ဘာမြေပုံကို ပြောင်လဲနေကြပုံ
- Speaker:
- Parag Khanna
- Description:
-
"ကျွန်တော်ဟာ ကမ္ဘာကြီးပေါ်မှာ သက်ရှိဘဝ စည်းရုံးထားပုံကို ခင်ဗျားတို့ကို ပြန်စိတ်ကူးကြည့်စေချင်တယ်" လို့ နိုင်ငံတကာ မဟာဗျူဟာပညာရှင် Parag Khanna က ဆိုပါတယ်။ မြို့တွေဟာ ပို့ဆောင်ရေး၊ စွမ်းအင်နဲ့ ဆက်သွယ်ရေး ကွန်ရက်များဖြင့် ပိုလို့ကို ချိတ်ဆက် ကြီးထွားလာနေကြလို့ အခုဆိုရင် ကျွန်ုပ်တို့ဟာ ပထဝီအဖြစ်မှနေပြီး "ဆက်သွယ်မှုပထဝီ" ဆိုတာမျိုးဆီကို ဆင့်ကဲဖွုံ့ဖြိုးလာခဲ့ကြပါပြီ။ အဲဒီ ထွန်းသစ်စ နိုင်ငံတကာ ကွန်ရက် ယဉ်ကျေးမှုက ညစ်ညမ်းမှုနဲ့ ကွာခြားမှုတွေကို လျှော့နည်းလာစေလျက် နိုင်ငံတကာ နိုင်ငံရေး ပြိုင်ဆိုင်မှုတွေကိုတောင် ကျော်လွှားနိုင်မယ်လို့ ဆိုကြပါတယ်။ ဒီစကားဝိုင်းမှာ Parag Khanna က ကျွန်ုပ်တို့ အားလုံးကို အနာဂတ်မှာ “ချိတ်ဆက်မှုဟာ ကံကြမ္မာပါ” ဆိုတဲ့ နီတီအသစ်ကို ကျင့်သုံးကြပါလို့ Khanna က ဆော်ဪထားပါတယ်။
- Video Language:
- English
- Team:
closed TED
- Project:
- TEDTalks
- Duration:
- 20:34
![]() |
sann tint approved Burmese subtitles for How megacities are changing the map of the world | |
![]() |
Myo Aung accepted Burmese subtitles for How megacities are changing the map of the world | |
![]() |
Myo Aung edited Burmese subtitles for How megacities are changing the map of the world | |
![]() |
Myo Aung edited Burmese subtitles for How megacities are changing the map of the world | |
![]() |
Myo Aung declined Burmese subtitles for How megacities are changing the map of the world | |
![]() |
Myo Aung edited Burmese subtitles for How megacities are changing the map of the world | |
![]() |
Myo Aung edited Burmese subtitles for How megacities are changing the map of the world | |
![]() |
Myo Aung edited Burmese subtitles for How megacities are changing the map of the world |