ကမ္ဘာကြီးမှာ သက်ရှိဘဝ စည်းရုံးထားပုံကို ခင်ဗျားတို့ကို ပြန်စိတ်ကူးကြည့်စေပါတယ်။ ကမ္ဘာကြီးကို ငါတို့နေထိုင်ကြတဲ့ ကိုယ့်ခန္ဓာလို စဉ်းစားကြည့်ပါ။ အရိုးစုက ကျွန်ုပ်တို့ကို တိုက်ကြီးတွေကို ဖြတ်ကျော်လျက် ရွှေ့ပြောင်းနိုင််စွမ်းကို ဖန်တီးပေးကြတဲ့ လမ်းတွေနဲ့ မီရထား လမ်းတွေ၊ တံတားတွေနဲ့ ဥမင်လှိုင်ခေါင်းတွေပါတဲ့ ပို့ဆောင်ရေး စနစ်နဲ့ တူပါတယ်၊ ဆီပိုက်လိုင်း နဲ့ စွမ်းအင်ကို ဖြန့်ဖြူး ပေးကြတဲ့ လျှပ်စစ်အားလိုင်းတွေ ကျတော့ ကိုယ်ခန္ဒာကို ထောက်ပံပေးတဲ့ သွေးကြော စနစ်ကြီးပါပဲ။ ပြီးတော့ ဆက်သွယ်ရေး အာရုံကြောစနစ်ကို ပြပေးရရင်၊ ကျွန်ုပ်တို့အား အချက်အလက်တွေကို ဝေမျှ ပေးနိုင်လာစေကြတဲ့ အင်တာနက်ကြိုးတွေ၊ ဂြိုဟ်တုတွေ၊ ဆဲလူလာ ကွန်ရက်များနဲ့ ဒေတာစင်တာတွေပါ။ အမြဲတမ်း ချဲ့ထွင်နေရတဲ့ အဲဒီ အခြေခံ အဆောက်အအုံကြီးထဲမှာ အခုဆို လမ်းပေါင်း ကီလိုမီတာ ၆၄ သန်း၊ ရထားလမ်း ကီလိုမီတာ ၄ သန်း၊ ရေနံပိုက်လိုင်းတွေ ၂ သန်းနဲ့ ကီလိုမီတာ ၂ သန်းလောက်ရှိတဲ့ ပိုက်လိုင်းတွေနဲ့ ကီလိုမီတာ ၁ သန်းရှိတဲ့ အင်တာနက်ကြိုးတွေ ပါဝင်နေပါပြီ။ ဒါဆို နိုင်ငံတကာ နယ်ခြားမျဉ်းတွေကရော။ ကျွန်ုပ်တို့ဆီမှာ နယ်ခြားမျဉ်းတွေဟာ ကီလိုမီတာ ၅သိန်းထက် နည်းပါတယ်ဗျ။ ကယ် ပိုကောင်းတဲ့ ကမ္ဘာမြေပုံကို ဆွဲကြရအောင်ဗျာ။ ရှေးခေတ်လာ ဒဏ္ဍာရီ ပုံပြင်တချို့ကို ဖယ်ပြစ်ခြင်းဖြင့် စတင်နိုင်ကြတယ်။ သမိုင်း မေဂျာ ကျောင်းသားတိုင်း သိကြတဲ့ ပြောရိုးစကားရှိတယ်- "ပထဝီဟာ ကံကြမ္မာပါ။" လေးနက်သလိုလို ခံစားရတယ် နော်။ သိပ်ကို စိတ်ဓာတ်ကျစရာ ဆိုရိုးဗျ။ ဆိုလိုတာက ကုန်းပိတ်နိုင်ငံတွေဆိုရင် ဆင်းရဲမှုဒဏ်ကို ခံကြရမယ်၊ နိုင်ငံသေးတွေ အမ်နီးချင်းနိုင်ငံကြီးတွေမှ ထွက်ပြေးမရနိုင်ကြဘူး၊ ကြီးမားတဲ့ အကွအဝေးတွေဆိုတာ ကျော်လွှား မရနိုင်ဘူးပေါ့။ နို့ပေမဲ့၊ ကမ္ဘာကို ပတ်ပြီး ကျွန်တော် သွားခဲ့တဲ့ ခရီးတိုင်းမှာ ကျတော့ ပိုပြီးကြီးကျယ်တဲ့ အားက ကမ္ဘာကြီးကို လွှမ်းမိုးလာနေပါတယ်- ဆက်သွယ်နိုင်မှုပါ။ ကမ္ဘာကြိးကို ပြောင်းပြန်လှန်လိုက်တဲ့ တော်လှန်ရေးကြီး ကူသန်းသွားလားရေး စွမ်းအင် ဆက်သွယ်ရေး အပါအဝင် လူတွေရဲ့ တနေရာက တနေရာ ရွေ့လျားမှုကို တဟုန်းထိုး ပြောင်းလဲပေးလိုက်တာ နောက် ကုန်ပစ္စည်း အရင်းအမြစ် အသိပညာ စသဖြင့် အခုဆိုရင် ပထဝီ ဆိုတာ သူ့ဘာသာနေတာလို့တောင် မသိတော့ဘူး အခုဆို အမြင်နှစ်ခုလုံး ပူးပေါင်းပြီး ဆက်သွယ်−ပထဝီလိုတောင် နာမည်သစ် ပေးချင်ပြီ။ ဆက်သွယ် ပထဝီက အဟုန်မြင့် သစ်ဆန်းလာပြီး လူ အရင်းအမြစ် အသိပညာတွေကို ဆက်စပ်ပေးတာ ဒါဟာ ဆင့်ကဲဖြစ်ပွားမှုဘဲ ကမ္ဘာ့ နိုင်ငံရေးပထဝီကို ပြောင်းလဲ ပစ်လိုက်တာ လူတွေကို ဥပဒေတွေနဲ့ ခွဲခြားထားတာ ကနေ အသုံးဝင်မှု ပထဝီအနေအထားဖြစ်လာတာမျိုး အခု လက်ရှိ ကမ္ဘာဆိုပြီး သုံးနေသလိုပေါ့ နိုင်ငံနဲ့ နယ်နိမိတ်တွေ အခြေခံ အဆောက်အုံနဲ့ ဖြန့်ဖြူးရေး လမ်းကြောင်းတွေ။ အခု ကမ္ဘာ့ရွာကြီးက ပြောင်းလဲနေပြီ ၁၉ ရာစုနှစ်က ထက်အောက် စုစီးထားတဲ့ အင်ပါယာကြီး လိုမျိုးကနေ ၂၀ရာစု ရေပြင်ညီ တနိုင်ငံနဲ့ တနိုင်ငံ မှီခိုနေရတဲ့ ၂၁ ရာစု ကမ္ဘာရွာ ယဉ်ကျေးမှု အသစ်ကို စတင်လာပါပြီ။ ဆက်သွယ်ပူးပေါင်းမှုက အဓိက အချုပ်အခြာအာဏာက သာမည သူကဘဲ လူသားတွေရဲ့ နေထိုင်စုစည်းမှုကို အားပေးခဲ့တာ (လက်ခုပ်သံ) ကျွန်တော်တို့ဟာ ကမ္ဘာရွာ ဆက်သွယ်မှု ယဉ်ကျေးမှုသစ် ဖြစ်လာနေကြပြီ လူသားတွေ နေ့စဉ် ဒါကိုဘဲ ကြိုးစား တည်ဆောက်နေကြလို့ပါ။ စစ်ရေး အတွက်သုံးတာဆိုလို့ ကာကွယ်ရေး သုံးငွေအားလုံးက တနှစ်ကို ၂ ထရီလီယံ လောက်သုံးတဲ့အချိန် တစ်ကမ္ဘာလုံး ဆက်သွယ်ရေးအတွက်သုံးတာက နောက် ၁၀ နှစ်အတွင်း ၉ ထရီလီယံလောက် တနှစ်ကို သုံးမယ်လို့ မှန်းရတယ်။ ဖြစ်သင့်တာဘဲ မဟုတ်လားဗျ။ ကိုယ်တွေက လူ ၃ ဘီလီယံစာလောက် အတွက် ထွင်ထားတဲ့ အခြေခံအဆောက်အအုံမှာ နေနေကြရတာ အခုက လူ ၇ − ၈ ဘီလီယံလောက်ရှိပြီး ညှပ်နေကြပြီ၊ နောက်ဆို ၉ သန်းအထက်ထိ ရောက်လာမယ်။ ဖြစ်နကျအတိုင်း တွက်ကြည့်မယ်ဆိုရင်၊ လူ ဘီလီယံတိုင်းအတွက် တစ်၁ ထရီလီယံလောက် သုံးရလိမ့်မယ်။ အာရှကတော့ အများဆုံးသုံးရမှာကို ပြောစရာမလိုပါဘူး။ ၂၀၁၅ တုန်းက တရုတ်က၊ အာရှ အခြေခံအဆောက်အအုံး ဖွံ့ဖြိုးရေးဘဏ် ကို တည်ထောင်လိုက်ပြီး သူ့အပြင် သူနဲ့ ကွန်ယက် ချိတ်ဆက်ထားတဲ အဖွဲ့တွေအပြင် အားလုံးက သံတွေ ပိုးတွေနဲ့ ဆက်ထားတဲ့ ကွန်ယက်ကို ချိတ်ဆက်လိုက်လို့ ပေါ်တူဂီမြို့ လစ်စ်ဘွန်းအထိ ကျယ်ဝန်းပါမယ်။ အဲ့ဒီလိုနဲ့ဘဲ မြေပုံဆွဲတဲ့ အင်ဂျင်နီယာ တွေလဲ နေရာရလာ၊ နောက် နှစ် ၄၀ မှာတော့ အခြေခံအဆောက် အအုံမှာ ပိုက်ဆံပိုသုံးနေကြရမှာဘဲ၊ နောက် အနှစ် ၄၀ ကတော့ အခြေခံ အဆောက်အအုံတွေ ထပ်ဆောက်နေမှာဘဲ၊ အဲ့ဒါဟာ လွန်ခဲ့တဲ့ နှစ် ၄၀၀၀ မှာ သုံးခဲတာထက် ပိုများလာမယ်။ ခဏလောက် ရပ်ပြီးတော့ တွေးကြည့်ရအောင်။ ကမ္ဘာ့လူ့အဖွဲ့အစည်းအတွက် တည်ဆောက်နေတာက ပိုများများလာပြီး ဖျက်ဆီးတဲ့ လက်နက်ထက်ပိုသုံးလာတာဟာ အရမ်းကို စွမ်းထက်တဲ့ ရလဒ်ရှိလာမယ်။ ဒီလို ချိတ်ဆက်ခြင်းအားဖြင့် လူနဲ့ အရင်းအမြစ်တွေကို ပိုပြီး ဖြန့်ဖြူးလာနိုင်မယ်။ လူဆိုတာ အပိုင်းအစတွေ စုပေါင်းနေတာထက် ပိုပြီးတော့ တန်ဖိုး အဓိပ္ပါယ်ရှိလာတယ်။ အခုဖြစ်ပျက်နေတာကို အဲလိုခံယူတယ်။ ဆက်သွယ်စီးဆင်းမှုထဲမှာ ၂၁ ရာစုတွင် မဟာဦးတည်ချက် နှစ်ခုရှိတယ်- တစ်ကမ္ဘာလုံး မြို့ပြဖြစ်လာခြင်းပါ။ မြို့ကြီးဆိုတာ ကျွန်ုပ်တို့ကို ဆုံးဖြတ်ပေးတဲ့ အဆောက်အအုံတွေပါ။ ၂၀၃၀ ခုနှစ်မှာ ကမ္ဘာ့လူဦးရေ ၃ ပုံ ၂ပုံ ဟာ မြို့တွေမှာ နေကြမယ်။ အဲဒါတွေဟာ မြေပုံပေါ်က အစက်လေးတွေ မဟုတ်ကြတော့ဘူး၊ မိုင်ပေါင်းများစွာ ရှည်ဆန့်နေကြတဲ့ ဧရာမ ကျွန်းစုကြီးတွေပါ။ အခု ကျွန်ုပ်တို့ Vancouve ဗန်ကူးဗားမှာ၊ Cascadia Corridor ဆိုရင် အမေရိကား နယ်ခြားမျဉ်းကို ကျော်လျက် Seattle အထိ ရှည်တယ်။ Silicon Valley ရဲ့ အချက်အချာအကျဆုံး ဒေသကြီးဟာ မြောက်ဘက်တွင် ဆန်ဖရန်စစ္စကိုမှ စပြီး San Jose အထိဆင်းလျက် Oakland ပင်လယ်အော်ကို ဖြတ်ထားတယ်။ လော့အိန်ဂျယ်လိစ်ရဲ့ အဆက်ဟာ San Diego ကို ဖြတ်လျက် မက်ဆီကို နယ်စပ် Tijuana အထိ ကျယ်ပြန့်လာတယ်။ San Diego နဲ့ Tijuana က လေယဉ်ကွင်း တစ်ခုတည်းကို သုံးနိုင်ပြီး ကိုယ်သွားချင်တဲ့ နိုင်ငံကို ထွက်လို့ ရနေပြီ။ နောက်ဆုံးမှာ အမြန်နှုံးမြင့်ရထား ကွန်ရက်က ပစိဖိတ်တခုလုံးကို ဆက်သွယ်ပေးလိမ့်မယ်။ အမေရိကရဲ့ အရှေ့မြောက် မဟာမြို့တော်ကြီးက ဘော့စ်တန်မှ နယူးယောက်အထိ၊ ပြီးတော့ ဖီလာဒယ်ဖီးလီယားမှ ဝါရှင်တန်အထိပါ။ အဲဒီမှာ လူသန်း ၅၀ လောက် နေထိုင်နေကြပြီး မြန်နှုံးမြင့် ရထားနဲ့ ဆက်သွယ်ဖို့ စီမံကိန်းတွေ ရှိပါတယ်။ တကယ်တော့ အာရှ တိုက်ထဲမှာ မြို့ကြီးတွေ ပေါင်းလာနေတာ တကယ်ပါ။ အခုမြင်နေရတဲ့ ဆက်တိုက်လင်းနေတာက တိုကျိုကနေ နာဂိုယာကို ဖြတ်ပြီး အိုဆာကာအထိ လူ သန်း ၈၀ ကျော် နေကြတဲ့ ဒေသဖြစ်သလို ဂျပန်ရဲ့ လုပ်ငန်းတွေ အများစုပါ။ အဲဒါဟာ ကမ္ဘာ့အကြီးဆုံး မဟာမြို့တော်ပါ။ လောလောဆယ် အတွက်ပေါ့။ မဟာမြို့ကြီးတွေ ပေါင်းဆက်မိလျက် လူ သန်း ၁၀၀ နားကို ကပ်လာနေပြီ။ ပေကျင်း တဝိုက်က ဘိုဟိုင် ခါးပတ်၊ ရှန်ဟိုင်း တဝိုက်က ရန်ဇီ မြစ်ဝှမ်းဒေသ၊ ပြီးတော့ ပုလဲမြစ်ဝှမ်း ဒေသ၊ ဟောင်ကောင်ကနေ ဂွမ်ဂျိုးအထိကို ရှည်ဆန့်လျက်ပါ။ အလယ်မှာကျတော့၊ ချောင်ရင် ချန်ဒူး မဟာမြို့ကြီးများရဲ့ နယ်မြေ၊ ပထဝီ အနေအထားအရ အော်စတြီးယားနိုင်ငံနဲ့ တူညီသလိုလိုပါပဲ။ ပြီးတော့ အဲဒီမဟာမြို့ကြီးတွေ တစ်ခုချင်းစီရဲ့ GDP ဟာဆိုရင် ဒေါ်လာ ၂ ထရီလီယံနီးနီး ရှိတယ်- အဲဒါဟာ အိန္ဒိယ တစ်နိုင်ငံလုံးရဲ့ ဝင်ငွေ နီးပါးပါပဲ။ ကောင်းပါပြီ၊ G20 လို နိုင်ငံတကာ အဖွဲ့အစည်းတွေမှာ သူတို့ရဲ့ အဖွဲ့ဝင်နိုင်ငံတွေကို နိုင်ငံများ အလိုက် ပါဝင်စေမှုအစား စီးပွားရေး ပမာဏ အလိုက် ပါဝင်ကြမှာကို စိတ်ကူးကြည့်ပါ။ တရုတ်နိုင်ငံထဲကက မဟာမြို့ကြီးတွေ ပါဝင်လာနိုင်ပြီး မဲပေးခွင့်ရှိလာချိန်မှာ၊ အာဂျင်တီးနား၊ အင်ဒိုနီးရှားလို နိုင်ငံတွေ စာပွဲမှာ ဝင်ထိုင်ခွင့်မရ ထွက်သွားကြရမယ်။ တရုတ်ကို လူဦးရေအရ ကျော်တက်တော့မယ့် အိန္ဒိယကို ကြည့်ရအောင်၊ အဲဒီမှာလဲ မဟာမြို့ကြီးတွေ တသီကြီးရှိနေပြီ၊ ဒေလီ မြိုတော် ဒေသကြီးမျိုး၊ ဘုံဘေ ဒေသကြီး။ ကမ္ဘာ့ အရှေ့အလယ်ပိုင်းမှာ၊ တီဟီရန်မြို့ကြီးဆိုရင် အီရန် လူဦးရေ ၃ပုံ ၁ပုံကို စုပ်ယူထားတယ်။ အီဂျစ်ရဲ့ လူဦးရေ သန်း ၈၀ ထဲက အများစုဟာ ကိုင်ရိုနဲ့ အလက်ဇန်ဒရီးယား အကြားမှာနေကြတယ်။ ကမ်းမြှောင်ဒေသမှာတော့ မြို့ပြည်နယ်တွေရဲ့ လည်စွဲ ပေါ်လာနေတယ်၊ ဘာရိန်းနဲ့ ကာတာမှအစ ယူအေအီး ကိုဖြတ်ကျော်ရင်း အိုမန်ထဲက Muscat အထိပါပဲ။ ပြီးတော့ လာဂိုးစ် ဆိုရင်၊ အာဖရိက အကြီးဆုံး မြို့နဲ့ နိုင်ဂျီရီးယား အတွက် ကုန်သွယ်ရေး မြို့တော်ကြီးပါ။ ၎င်းဟာ ရထားလမ်းတွေ ဆက်ဖောက်လျက် အတ္တလန်တိတ် ကျယ်ဝန်းလှတဲ့ ကမ်းခြေစင်္ကြရဲ့ ဗဟိုချက် ပြုလုပ်ပြီး၊ ဘေနင်၊ တိုဂိုနဲ့ ဂါနာကို ကျော်ဖြတ်ရင်း၊ အိုင်ဗရီကို့စ်မြို့တော် အဘီဂျန်ထိ ရှည်လျား ကျယ်ဝန်းမှာပါ။ ဒီနိုင်ငံလေးတွေဟာ လာဂို့စ်ရဲ့ ဆင်ခြေဖုံးဒေသတွေပါ။ မဟာမြို့ကြီးတွေရဲ့ ကမ္ဘာမှာ နိုင်ငံတွေဟာ မြို့ကြီးတွေရဲ့ ဆင်ခြေဖုံးဒေသတွေ ဖြစ်လာနိုင်တယ်။ ၂၀၃၀ အရောက်တွင်၊ မဟာမြို့ကြီးပေါင်း ၅၀ လောက် ကမ္ဘာပေါ်တွင် ရှိလာနိုင်ကြတယ်။ ဘယ်မြေပုံက ပိုအဓိပ္ပါယ်ရှိလဲ။ သီးခြား ရပ်တည်နေကြတဲ့ နိုင်ငံ ၂၀၀ ပါတဲ့ သုံးနေကျ မြေပုံလား၊ အိမ်မှာ အခုချိတ်ထားတဲ့ဟာလား၊ ဒါမှမဟုတ် မဟာမြို့ကြီး ၅၀ တို့ရဲ့ လက်ရှိမြေပုံလား။ ဒီမြေပုံက မပြည့်စုံသေးတာတောင်၊ မဟာမြို့ကြီးတွေ တခုချင်းစီကို နားလည်ရန် ၎င်းတို့ တစ်ခုနဲ့တစ်ခု ချိတ်ဆက်နေကြပုံကို သိရန် လိုအပ်လို့ပါ။ လူတွေ ဆက်သွယ်မှုကောင်းတဲ့ မြို့တွေဆီကို ရွေ့ရှားနေကြပြီး အဲဒီ ဆက်သွယ်နိုင်စွမ်းကြောင့် မဟာမြို့ကြီးတွေ ရှင်သန်နိုင်ကြတာပါ။ Sao Paulo၊ အစ္စတန်ဘူး ဒါမှမဟုတ် မော်စကို အထဲက တစ်ခုချင်းစီရဲ့ GDP ဟာ တစ်နိုင်ငံလုံး GDP ရဲ့ တစ်ဝက် ဒါမှမဟုတ် ၃ပုံ ၁ပုံ နားကို ချဉ်းကပ်လာနေကြပြီဗျ။ နောက်ပြီးတော့ ထပ်တူ အရေးတဲ့ အချက်က လူတွေ၊ ဘဏ္ဍာငွေတွေ၊ နည်းပညာတွေ အဲဒီ ဒေသတွေဆီကို စီးဝင်လာနေကြပြီး အဲဒီဒေသကြီးတွေ ရှင်သန်နိုင်အောင် လုပ်နိုင်တာ နားလည်ရန် အရေးကြီးတယ်။ တောင်အာဖရိကထဲက Johannesburg နဲ့ မြို့တော် Pretoria ကို ချိတ်ဆက်ပေးထားတဲ့ Gauteng ပြည်နယ်အကြောင်း ကြည့်ရအောင်။ ၄င်းဟာလည်း တောင်အာဖရိကရဲ့ GDP ၃ပုံ ၁ပုံကျော်ကို ကိုယ်စားပြုပါတယ်။ နောက်အရေးကြီးတာက ရှိသမျှ ရုံးတွေအားလုံး အခြေစိုက်ကြတယ် အလားတူပဲ အရေးကြီးတဲ့ အချက်က တောင်အာဖရိကထဲ၊ ပြီးတော့ အာဖရိက တတိုက်လုံးမှာ တိုက်ရိုက် ရင်းနှီးမြုပ်နှံကြတဲ့ နိုင်ငံတကာ ကုမ္ပဏီ အားလုံးလိုလို အဲဒီမှာ ရုံးတွေကို ဖွင့်ထားခြင်းပါပဲ။ မြို့တွေဟာ ကမ္ဘာ့တန်ဖိုးကွန်ယက်ထဲမှာ ပါဝင်လိုကြပါတယ်- ၎င်းတို့ဟာ ကမ္ဘာလုံးဆိုင်ရာ လုပ်အား ခွဲဝေမှုထဲမှာ ပါဝင်လိုကြပါတယ်။ မြို့တွေရဲ့ ချိတ်ဆက်မှုက အဲဒီလိုပါ။ "ငါ့မြို့ကို အားလုံးနဲ့ အဆင် ဖြတ်ထားချင်လိုက်တာ"လို့ ပြောတဲ့ မြိုတော်ဝန်မျိုး ကျွန်တော် မကြားခဲ့ဘူးပါ။ သူတို့ရဲ့ မြိုတွေဟာ နိုင်ငံတကာ ကွန်ယက်ထဲ ပါဝင်နေကြသလို သူတို့ရဲ့ နိုင်ငံထဲမှာလည်း ပါဝင်နေကြတာ သူတို့ သိပါတယ်။ အခုဆို လူများက မြို့ပြကြီးတွေ ပေါ်ပေါက် လာနေခြင်းကို သိပ်ကို ကြောက်နေကြတယ်။ မြိုကြီးတွေကြောင့် ကမ္ဘာကြီး ကွဲအက် လာနေတယ်လို့ ထင်ကြတယ်။ ဒါပေမဲ့၊ အခုတော့၊ မြိုများအချင်းချင်း ချိတ်ဆက်ရေးကို အားထုတ်နေတဲ့ မြို့ တွေ ၂၀၀ လောက်ရှိနေပြီ။ အဲဒါဟာ ကုလသမ္မဂလို အစိုးရအချင်းချင်း ပါတဲ့ အဖွဲ့တွေရဲ့ အရေအတွက်နဲ့ တူညီပါတယ်။ အဲဒီ အချင်းချင်း ချိတ်ဆက်နေကြတဲ့ မြို့တွေအားလုံးရဲ့ အရေးကြီးဆုံး ဦးတည်ချက်က ၂၁ ရာစု လူသားတွေအတွက် အရေးအကြီးဆုံး ဖြစ်တဲ့ ရေရှည်တည်တံ ခိုင်မြဲ့တဲ့ မြိုပြတည်ထောင်ရေးပါ။ အလုပ်ဖြစ်ရဲ့လား။ သဘာဝ ပတ်ဝန်းကျင် ပြောင်းလဲခြင်းကို ကြည့်ရအောင်။ နယူးယောက်၊ ပါရီ၊ စတဲ့ စည်းဝေးတွေ အလုပ်မဖြစ်တာ ငါတို့သိပြီးပြီ၊ မှန်လုံအိမ် ဓါတ်ငွေ့ကို မလျော့ချနိုင်သေးဘူး ဒါပေမဲ့၊ နည်းပညာတွေ ဖလှယ်နေတာ တွေ့လေရဲ့ အသိဉာဏ်နဲ့ ပေါ်လစီတွေ မြို့တွေအကြား ဒီနည်းနဲ့ ကာဗွန် လျော့ချနိုင်ဖို့ ကြိုးစားနေကြတာ မြို့တွေက အချင်းချင်း သင်ယူနေကြတာ ကာဗွန်စွန့်ထုတ်မှုမရှိတဲ့ အဆောက်အအုံတွေ ဆောက်ဖို့ လျှပ်စစ်ကား အငှားစနစ်ကို တည်ဆောက်နိုင်ဖို့ တရုတ်မြို့ကြီးတွေမှာ လမ်းပေါ်မှာ မောင်းနိုင်တဲ့ ကားပမာဏ ကန့်သတ်တဲ့စနစ် သုံးနေတယ်။ အနောက်နိုင်ငံ မြို့တွေမှာ၊ လူငယ်တွေ ကားမမောင်းချင်းကြတော့ဘူး။ မြိုတွေဟာ ပြဿနာ တစ်ပိုင်း ဖြစ်ခဲ့ကြပေမဲ့၊ အခုတော့ အဖြေရှာသူတွေ ဖြစ်လာကြပြီ။ မညီမျှကြခြင်းက ရေရှည်တည်တံ့တဲ့ မြို့တွေ ဖြစ်ဖို့အတွက် စိန်ခေါ်မှု ဖြစ်လာနေတယ်။ ကျွန်တော် မဟာမြို့ကြီးတွေကို အစအဆုံး ဖြတ်သွားကြည့်ရင်၊ နာရီတွေ ရက်တွေထိ ကြာနိုင်တယ်-- ပထဝီ တနေရာတည်းမှာကိုပဲ အရမ်းကို ကွာခြားတဲ့ အခြေအနေတွေကို တွေ့ရတယ်။ ဒါပေမဲ့၊ တကမ္ဘာလုံးရဲ့ ပိုင်ဆိုင်မှု ပစ္စည်းတွေ ကျတော့၊ မကြုံစဖူး ကြီးမားလှပါတယ်၊ ဒေါ်လာ ထရီလီယံ ၃၀၀ နားနီးလာပြီ။ တကမ္ဘာလုံးဝင်ငွေရဲ့ ၄ ဆနီးပါလို့ မှန်းရတယ်။ ကမ္ဘာစီးပွားရေး ကပ်ကြီးနောက်မှာ ယူခဲ့ကြတဲ့ ချေးငွေတွေ များလှပေမဲ့၊ အဲဒါတွေကို အားလုံး ဖွဲ့ဖြိုးစေဖို့ ရင်းနှီးခဲ့ကြသလား။ မရှိသေးပါဘူးလို့ ဖြေရမယ်။ သက်သာတဲ့ အိမ်းယာလေးတွေကို လုံလောက်စွာ ဆောက်ပေးမှသာ၊ ချောမွေ့တဲ့ လမ်းပန်းဆက်သွယ်ရေး ကွန်ယက်ထဲ ရင်းနှီးလျက်၊ လူတွေကို ရုပ်ပိုင်းအရရော၊ ဒီဂျစ်တယ်နည်း အရပါ၊ ဆက်သွယ်ခွင့်ကို ပေးနိုင်ရင်၊ တသီးတခြားဖြစ်နေကြတဲ့ တို့ မြို့တွေဟာ ပြန်ပြီး တစုတလုံးတည်းလို့ ပြန်ခံစားလာရမယ်။ (လက်ခုပ်သံများ) ဒါကြောင့် ကုလသမဂ္ဂရဲ့ နောက်ဆုံး ရည်မှန်းချက်ထဲတွင် အခြေခံအဆောက်အအုံ ဖွံဖြိုး တိုးတက်ရေးကို ထည့်လာရတာ၊ အားလုံးကို ပါဝင်လာစေမှာမို့လို့ပါ။ တို့ နိုင်ငံရေးနဲ့ စီးပွားရေး ခေါင်းဆောင်တွေက ချိတ်ဆက်နိုင်စွမ်းဟာ လှုဒါန်းမှု မဟုတ်ဘဲ အခွင့်ကောင်းဖြစ်တာ သိလာနေကြပြီ။ ဒါကြောင့် တို့ရဲ့ စီးပွားရေး အသိုင်းအဝိုင် ကလဲ ပိုသိထာသင့်တာက ချိတ်ဆက်မှုဆိုတာ ၂၁ ရာစုရဲ့ အရေး အပါဆုံးသော အရင်းအမြစ်ဖြစ်ခြင်းကိုပါ။ အခုဆိုရင် မြို့တွေက ကမ္ဘာကြီး ပိုမို တည်မြဲလာအောင် လုပ်ပေးပြီး ပိုပြီးတော မျှတလာအောင် လုပ်ပေးနိုင်တယ်ဆိုတော့၊ ကျွန်တော်ကတော့ မြိုချင်း ဆက်သွယ်ရေးကနေ လူတွေကို ပိုငြိမ်းချမ်းလာနိုင်မယ်လို့ ယုံကြည်တယ်။ အခု လူနေထူထပ်တဲ့ ကမ္ဘာ့နေရာတွေကို ကြည့်ကြည့်ရင်၊ တိုးတိုးပြီး ကူးလူးဆက်ဆံ စီးပွား ကူးသန်းနေတာဟာ၊ ပိုတည်ငြိမ်တဲ့ ဆက်ဆံရေးကို ဖြစ်စေတေယ်။ ဥရောပရဲ့ ကမ္ဘာစစ်အပြီး သမိုင်းကို တို့သိကြတယ်၊ အဲဒီမှာ စက်မှု ပေါင်းစည်းရေး ဖြစ်စဉ် စတင်ခဲ့လို့ ဒီနေ့ ငြိမ်းချမ်းနေတဲ့ ဥရောပ သမဂ္ဂဆိုတာ ပေါ်လာခဲ့တယ်။ စကားကြုံလာလို့၊ ရုရှားကိုပါ ယူကြည့်ရင်၊ နိုင်ငံတကာ စနစ်ကြီးထဲက ဆက်သွယ်မှု အနည်းဆုံး အင်အားကြီးနိုင်ငံပါ။ ဒီနေ့တွင် ရှိနေတြ့ တင်းမာမှုတွေကို ရှင်းပြချင်ရင် အချိန်အတော်လေး ယူရမယ်။ စနစ်ကြီးထဲမှာ ပါဝင်မှု နည်းတဲ့ နိုင်ငံတွေဟာ အဲဒီစနစ် ကမောက်ကမဖြစ်လာရင် ဆုံးရှုံးမှုလည်း နည်းကြပါမယ်။ မြောက်အမေရိကရဲ့ အရေးပါတဲ့ မြေပုံပေါ်က လိုင်းတွေကတော့ အမေရကန် ကနေဒါ နယ်ခြားလိုင်း အမေရိကန် မက်စီကန် နယ်ခြားလိုင်း မဟုတ်ဘဲ ရှုပ်ထွေးနေတဲ့ ကားလမ်း ရထားလမ်းနဲ့ ပိုက်လိုင်းတွေဘဲ ဖြစ်တယ်၊ ပြီးတော့ ဓါတ်အားလိုင်းနဲ့ တူးမြောင်းတွေကနေပြီး စုပေါင်းနေတဲ့ မြောက်အမေရိကကို ဖေါ်ပေးလိုက်ကြတယ်။ မြောက်အမေရိက လိုအပ်နေတာက နယ်ခြား တံတိုင်းတွေမဟုတ်ဘဲ ချိတ်ဆက်မှုတွေပါ။ (လက်ခုပ်သံများ) ကိုလိုနီခေတ် အလွန်မှာ လိုအပ်တာက တိုးပြီး ချိတ်ဆက်ကြရန်ပါ။ နယ်ခြား တံတိုင်းတွေ ရှိခဲ့ကြတဲ့ ဒေသ အများစုတို့ဟာ သမိုင်းထဲမှာ မတည်ငြိမ်လျက် အဲဒီက ခေတ်အဆက်ဆက် ခေါင်းဆောင်တွေဟာလည်း တယောက်နဲ့ တယောက် ရန်လို အငြိုးထားခဲ့လာကြတဲ့ သူတွေပါ။ ဒါပေမဲ့ အခုတော့ အုပ်စုသစ် ခေါင်းဆောင်တွေ အာဏာရလာလျက် ပုဆိန်တွေကို မေ့ပစ်လိုက်ကြပါပြီ။ အရှေ့တောင် အာရှကိုဘဲ ကြည့်ကြမယ်ဆိုရင်၊ ဘန်ကောက်မှ စင်ကာပူကို ချိတ်ဆက်ပေးမယ့် နှုန်းမြင့်ရထား ကွန်ရက်တွေ၊ ဗီယက်နမ်မှ မြန်မာနိုင်ငံထိ စီးပွားရေး ဇုန်တွေနဲ့ ချိတ်ါဆက်ရန် စီမံနေကြတယ်။ လူ သန်း ၆၀၀ အတွက် စိုက်ပျိုးရေး ဇုန်ကြီး၊ နောက် တဆင့် စက်မှုဇုန်ကြီး ပေါ်လာမယ်။ အခုဆိုရင် Pax Asiana လိုခေါ်တဲ့ အရှေ့တောင်အာရှ နိုင်ငံများ အကြားမှာ ငြိမ်းချမ်းတဲ့ ဇုန်ပါ။ ဒီလိုပုံစံမျိုး အရှေ့ အာဖရိကမှာလဲ ပေါ်လာနေတယ်၊ နိုင်ငံ ဒါဇင်ဝက်လောက် ပေါင်းပြီး၊ ရထားလမ်းနဲ့ ကူးသန်းရေး ဇုန်တွေ တည်ထောင်လာကြပြီး ကုန်းတွင်းပိတ်နိုင်ငံတွေအတွက် ဈေးကွက် ပွင့်လာတယ် အခုတော့ သူတို့ အသုံးဆောင်တွေကိုရော သူတို့ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ညှိနှိုင်းလုပ်ကိုင်လာကြတယ်။ သူတို့လဲ Pax Africana ဖြစ်လာကြပါပြီ။ ဒီလိုဘဲ ဆက်ပြီးကျင့်သုံးသင့်တာက တော့ အရှေ့အလယ်ပိုင်းဒေသပါပဲ။ အရပ်နိုင်ငံများ အကြောင်မလှစွာ ကွယ်ပျောက်သွားကြတယ်၊ ရှေးမြို့တွေဘဲ ကျန်ရစ်ခဲ့ကြတယ်။ ကိုင်ရို၊ ဘေရုတ်နဲ့ ဘက်ဂဒတ် တွေလိုပေါ့။ တကယ်တော့ အာရပ်ကမ္ဘာထဲက လူသန်း ၄၀၀ လောက်ဟာ မြိုကြီးပြကြီးသားတွေ ဖြစ်ကုန်လာကြပါပြီ။ လူ့အဖွဲ့အစည်းနဲ့ မြို့ကြီးတွေအနေနဲ့ပါ၊ သူတို့ဆီမှာ ရေဟာ များချင် များတယ်၊ ဒါမဟုတ် ရေဟာ ရှားပါးတယ်။ လောင်စာ များတယ်၊ ဒါမှဟုတ် ရှားပါးတယ်၊ အဲ့လို မမျှတာမှုတွေကို ပြင်ပေးဖို့က စစ်မက်တွေ၊ တံတိုင်းတွေနဲ့ မဟုတ်ဘဲ၊ ရေနံပိုက်လိုင်းတွေနဲ့ တူးမြောင်းများဖြင့် ချိတ်ဆက်ပေးမှုဖြင့်ပါ။ ဒါပေမဲ့ အရှေ့အလည်ပိုင်းမှာ အဲဒီလို မမြင်ရတာ ဝမ်းနည်းစရာကြီးပါ။ တကယ်တော့ ဖြစ်သင့်တယ်၊ ဆက်သွယ်မိနေတဲ့ Pax Arabia မျိုး၊ အချင်းချင်း ပေါင်းစည်းနေပြီး အနီးရှိ ဥရောပ၊ အာရှနဲ့ အာဖရိကတို့နဲ့ အကျိုးဖြစ်ထွန်းစွာ ချိတ်ဆက်နေခဲ့ရမှာပါ။ ကမ္ဘာပေါ်က မတည်ငြိမ်ဆုံး ဒေသတွေကို ကြည့်လိုက်ကြရင်၊ ချိတ်ဆက်နိုင်စွမ်းဟာ ကျွန်ုပ်တို့ ဒီနေ့ လိုအပ်နေတာ ဟုတ်ချင်မှ ဟုတ်ပါ့မယ်။ ဒါပေမဲ့ သမိုင်း အတွေ့အကြုံအရ ရေရှည် တည်ငြိမ်မှုအတွက် အဲဒါဟာ တစ်ခုတည်းသော လမ်းကြောင်ဆိုတာ သိကြတယ်။ ဒေသတွေဟာ တခုပြီးရင် နောက်တခုက ချိတ်ဆက်လာနေကြခြင်းဟာ အရှိတရား အသစ်ပါ။ မြို့ကြီးနဲ့ နိုင်ငံတွေဟာ စုပေါင်းချိတ်ဆက်ဖို့ အားထုတ်နေကြပြီး ပိုပြီး ငြိမ်းချမ်းလျက် ကြွယ်ဝလာနေကြတယ်။ တကယ့် စမ်းသပ်မှုကြီး ဖြစ်လာမှာက အာရှုတိုက်ကြီးပါ။ အရှေ့အာရှက အင်အားကြီး နိုင်ငံတွေ အတွက် အားစမ်းမှုတွေကို ချိတ်ဆက်နိုင်စွမ်းက ကျော်လွှားနိုင်မလား။ နောက်ဆုံးမှာတော့၊ အဲဒီဒေသထဲမှာမှ တတိယကမ္ဘာစစ် ပေါက်ထွက်လာမှာပါ။ လွန်ခဲ့တဲ့ နှစ်ဆယ့်ငါးနှစ်တုန်းက စစ်အေးပြီးဆုံးသွားခဲ့လို့၊ အကြီးစား စစ်ကြီးတွေ အဲဒီ ဒေသထဲ ဖြစ်လာမယ်လို့ ဟောကိန်းတွေ ရှိခဲ့တယ်။ ဒါပေမဲ့ တခုမှ ဖြစ်မလာခဲ့ကြပါ။ တရုတ်နဲ့ထိုင်ဝမ်ကို ကြည့်ကြပါစို့။ ၁၉၉၀ ပြည့် နှစ်များထဲမှာ အဲဒါဟာ တတိယ ကမ္ဘာစစ် ဇာတ်လမ်းရဲ့ နေရာပါ။ ဒါပေမဲ့၊ အဲဒီအချိန်နောက်မှာ၊ ရေလက်ကြားကို ကူးဖြတ်လျက် ကူးသန်း ရောင်းဝယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ သိပ်ကို များလာခဲ့လို့ လွန်ခဲ့တဲ့ နိုဝင်ဘာလမှာ နှစ်ဖက်ခေါင်းဆောင်တွေ သမိုင်းဝင် အစည်းအဝေးကြီး လုပ်ခဲ့ကြပြီး နောက်ဆုံးမှာ ငြိမ်းချမ်းစွား ပေါင်းစည်းရေး ကိုတောင် ဆွေးနွေးခဲ့ကြတယ်။ ထိုင်ဝမ်ရဲ့ အမျိုးသားရေးပါတီကတောင် လွန်ခဲ့တဲ့နှစ်အထိ ခွဲထွက်ဖို့ပြောနေခဲတာ၊ အရေးပါလှတဲ့ အဲဒီလို ပြောင်းလဲမှုတွေကို လက်ခံလာရတယ်။ တရုတ်နဲ့ ဂျပန်ဆိုရင် သမိုင်းထဲ ပြိုင်ဘက်တွေ ဖြစ်ခဲ့တာကြာပါပြီ ကျွန်းများဆိုင်ရာ အငြင်းပွားနေကြပြီး ဝေဟင်မှာရော ပင်လယ်မှာပါ အင်အားပြနေကြတာ မြင်နိုင်ကြပါတယ်။ ဒါပေမဲ့၊ နောက်ဆုံး နှစ်များမှာ ဂျပန်က တရုတ်မှာ အကြီးဆုံး ရင်းနှီးမြုပ်နှံသူ ဖြစ်လာပြီး ဂျပန်ကားတွေက ရောင်းအား အလွန်ကောင်းလာနေတယ်၊ ပြီးတော့၊ ဂျပန်မှာ နိုင်ငံခြားသား အများဆုံးက ဘယ်က လာကြတယ် ထင်ပါသလဲ။ ခင်ဗျားတို့ ထင်တာ မှန်တယ်- တရုတ်ပါ။ တရုတ်နဲ့ အိန္ဒိယလဲ စစ်တိုက်ခဲ့ဘူးကြတယ်၊ နယ်ခြားအငြင်းပွားမှု သုံးခုရှိနေတုန်း၊ ဒါပေမဲ့၊ ဒီနေ့ အိန္ဒိယဟာ တရုတ်ပိုင် အာရှ အခြေခံအဆောက်အအုံ ဖွံဖြိုးရေးဘဏ်မှာ ဒုတိယ ရှယ်ယာအများဆုံးပိုင်သူပါ။ နှစ်နိုင်ငံပေါင်းပြီးတော့ မြောက် အိန္ဒိယကနေပြီး မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်ကို ဖြတ်ပြီး ကူသန်းရေး စင်္ကြံကို ဆောက်နေကြတယ်။ သူတို့ရဲ့ ကူသန်းရောင်းဝယ်မှုဟာ လွန်ခဲ့တဲ့ ၁၀ နှစ်တုန်းက ဒေါ်လာ ၂၀ ဘီလီယံ ရှိရာမှ အခုဆို ၈၀ ဘီလီယံဆီ တိုးလာတယ်။ နယူကလီးယား လက်နက်ပိုင် အိန္ဒိယနဲ့ ပါကင်စတန် စစ်ပွဲ ၃ကြိမ်ဖြစ်ခဲ့ပြီး ကက်ရှမီးယားမှာလည်း အခုထိ ငြင်းခုန်နေတုန်း၊ ဒါပေမဲ့၊ သူတို့ဟာ ကူးသန်းရေး သဘော တူညီချက်ကိုပါ ညှိနှိုင်းနေကြပြီး၊ အီရန်ကနေ ပါကင်စတန်ကို ဖြတ်ပြီး အိန္ဒိယဆီ ရောက်မယ့် ပိုက်လိုက်ကြီး သွယ်ဖိုကိုလဲ လက်တွဲ လုပ်ကိုင်လိုကြပါတယ်။ အီရန်အကြောင်း ဆွေနွေးကြရအောင်။ အီရန်နဲ့ စစ်ဖြစ်မှာ ရှောင်မရနိုင်ဘူးလို့ ထင်ခဲ့ကြတာ ၂ နှစ်ပဲ ရှိသေးတယ်။ ဒါနဲ့ အင်အားကြီးနိုင်ငံတိုင်းက အဲဒီမှာ စီးပွားရေလုပ်ဖို့ ကြိုးပမ်းနေကြတာလဲ။ လူကြီးမင်းတို့ ခင်ဗျာ၊ တတိယကမ္ဘာစစ် မဖြစ်ပါဘူးလို့ ကျွန်တော် အာမမခံနိုင်တာ အမှန်ပဲ။ ဒါပေမဲ့၊ ကမ္ဘာစစ် ဖြစ်မလာခဲ့တာ ဘာကြောင့်လဲ ဆိုတာ သေချာ မြင်နိုင်ပါတယ်။ အာရှဟာ တဟုန်တိုး စစ်အင်အားတိုးလာနေတဲ့ ဒေသ ဖြစ်တာ မှန်ပေမဲ့၊ ဒီနိုင်ငံတွေကဘဲ ဘီလီယံပေါင်းများစွာကို တနိုင်ငံရဲ့ အခြေခံအဆောက်အအုံနဲ့ ကုန်စည် စီးဆင်းမှုထဲကို ရင်းနှီးမြှုပ် နေကြတာကိုပါ မြင်နိုင်ကြပါတယ်။ သူတို့ဟာ နိုင်ငံရေး ပထဝီထက်ကို လုပ်ငန်းတွေနဲ့ ဖွံ့ဖြိုးနေတဲ့ ပထဝီကို ပိုပြီး လိုလား စိတ်ဝင်စားကြတယ်။ အဲဒါကြောင့်မို့လို့၊ သူတို့ရဲ့ ခေါင်းဆောင်တွေဟာ နှစ်ကြိမ် စဉ်းစားပြီး နယ်မြေ တင်းမာမှုတွေ အစား စီးပွားရေး အဆက်အသွယ်များဆီကို ဦးလှည့်ခဲ့ကြတာပါ။ ဒီတော့၊ မကြာခဏဆိုလသို ကမ္ဘာကြီးဟာ ပြိုကွဲသွားတော့မလို ထင်ရပေမဲ့၊ ချိတ်ဆက်မှုတွေကို တိုးထူထောင်ပေးခြင်းက မျှော်လင့်ချက် မရှိနိုင်တဲ့ အခြေအနေကို ပြန်ပေးနိုင်ပြီး အရင်ကထက် ပိုပြီးကောင်းလာစေနိုင်တယ်။ ကမ္ဘာကြီးကို ဒီလို ရုပ်ပိုင်းနဲ့ ဒီဂျီတယ်နည်းဖြင့် အဆက်မပြတ် ရစ်ပတ်ပေးခြင်းဖြင့် ကျွန်ုပ်တို့ဟာ လူသားတွေဟာ ပထဝီ အနေအထားရဲ့ ကန့်သတ်ချက်တွေကို ကျော်လွှားပြီး တက်လှမ်းနိုင်အောင် ကူပေးနိုင်မှာပါ။ ကျွန်ုပ်တို့ဟာ အဲဒီလို ကမ္ဘာ့ချိတ်ဆက်ရေး ကွန်ရက်တွေကို မောင်းနှင်ပေးနေကြတဲ့ ကလပ်စည်းတွေနဲ့ သွေေးကြောတွေပါ။ နေတိုင်း သန်းနဲ့ချီတဲ့ လူသားတွေဟာ အင်တာနက်သုံးနေကြပြီး တခါမှ မမြင်ဘူးတဲ့ လူတွေနဲ့ လက်တွဲ လုပ်ကိုင်နေကြတယ်။ နှစ်တိုင်း လူ တစ်ဘီလီယံကျော်တို့က အခြားနိုင်ငံများသို့ ကူးလူးသွားလာနေရာ၊ နောက် ဆယ်နှစ်အကြာတွင် သုံးဘီလီယံ အထိရှိလာမယ် မျှော်လင့်ရတယ်။ ကျွန်ုပ်တို့ဟာ ချိတ်ဆက်မှုကို ထူထောင်ပေးလိုက်ရုံသာမက၊ အနှစ်သာရတွေ ထည့်ပေးခဲ့တယ်။ ကျွန်ုပ်တို့ဟာ ကမ္ဘာ့ ကွန်ယက် ယဉ်ကျေးမှုကြီးပါ၊ ကျွန်ုပ်တို့ရဲ့ မြေပုံက ဒါပ။ ပထဝီက ကံကြမ္မာကို ဆုံးဖြတ် မပေးနိုင်တော့တဲ့ ကမ္ဘာကြီးမျိုးပါ။ အဲဒါ့တင်မက၊ အနာဂတ်ရဲ့ ဆောင်ပုဒ်ဟာ ပိုမျှော်လင့်စရာကြီးပါ- ချိတ်ဆက်မှုကသာ ကံကြမ္မာပါ။ ကျေးဇူးတင်ပါတယ် (လက်ခုပ်သံများ)