လူတစ်ဦးချင်း အတွက် ကာကွယ်ဆေးတွေကို ထုတ်လုပ်ပေးမယ့် နည်းပညာသစ်
-
0:01 - 0:06ကာကွယ်ဆေးထိုးမှုရဲ့ သက်ရောက်မှု
အကျိုးကျေးဇူးတွေ သိပ်ကို အရေးပါကြတယ်။ -
0:07 - 0:10အမေရိကန် ရောဂါထိန်းချုပ်ရေးစင်တာက
-
0:10 - 0:14နောက်ဆုံး အနှစ် ၂၀ အတွင်း
မွေးခဲ့ကြတဲ့ အမေရိကန်ကလေးတွေကို -
0:14 - 0:19ကာကွယ်ဆေးတွေ ထိုးပေးခဲ့လို့
ရောဂါဖြစ်မှု ၃၂၂ သန်းကျော်၊ -
0:19 - 0:22ဆေးရုံတင် ကုသရမှု ၂၁ သန်းကျော်၊
-
0:22 - 0:26ပြီးတော့ သေဆုံးရမှု ၇၃၀,၀၀၀ ကျော်တို့မှ
-
0:26 - 0:31ကာကွယ်ပေးနိုင်လို့ လူမှုရေးစရိတ်စုစုပေါင်း
ဒေါ်လာ ၁.၄ ထရီလီယံနီးပါး ချွေတာခဲ့တယ်။ -
0:31 - 0:33ဧရာမ ကြီးမားတဲ့ ကိန်းဂဏန်းတွေပါ။
-
0:33 - 0:35ဒါပေမဲ့ ဥပမာတစ်ခုကို
အသေးစိတ် လေ့လာကြည့်ကြရအောင်။ -
0:35 - 0:38ကာကွယ်ဆေးရဲ့ ကျေးဇူးကြောင့်
-
0:38 - 0:41Haemophilus တုပ်ကွေးဆိုတဲ့ ဘက်တီးရီးယား
ကူးစက်ရောဂါ လုံးဝပျောက်သွားပါပြီ။ -
0:41 - 0:44အဲဒီဘက်တီးရီးယားက
ကလေးငယ်တွေကို ကူးစက်တတ်ခဲ့ပြီး -
0:44 - 0:46သွေးလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါတွေ၊
-
0:46 - 0:49အဆုတ်ရောင်၊
ဦးနှောက်အမြှေးရောင်မှု ဖြစ်စေခဲ့ပြီး -
0:49 - 0:52သေဆုံးမှု သို့မဟုတ်
အမြဲတမ်းမသန်စွမ်းမှုကို ဖြစ်စေခဲ့တယ်။ -
0:52 - 0:55ကလေးအထူးကုဆရာ၀န် အနေနဲ့ အဲဒီလို
ရောဂါတချို့ကို လေ့လာခဲ့ဘူးပါတယ်။ -
0:55 - 0:58ခင်ဗျားတို့က အဲဒီရောဂါအကြောင်း
ကြားချင်မှကြားခဲ့ကြမှာပါ၊ -
0:58 - 1:01ကာကွယ်ဆေးတွေ သိပ်ကိုထိရောက်ခဲ့လို့
မတွေ့နိုင်တော့ပါဘူး။ -
1:01 - 1:03ဒီဂရပ်ပုံရဲ့ ညာဘက်တွင် မြင်နိုင်သလို
-
1:03 - 1:05ကာကွယ်ဆေးကို စသုံးကတည်းက
-
1:05 - 1:08Haemophilus ဘက်တီးရီးယား
ကူးစက်တဲ့ ဖြစ်ရပ်တွေဟာ -
1:08 - 1:11ဇောက်ထိုးကျဆင်းသွားကာ
လုံးဝနီးပါး ပျောက်သွားခဲ့တယ်။ -
1:11 - 1:14ဒီတော့ ကာကွယ်ဆေးတွေဟာ အောင်မြင်မှု သာဓကပါ။
-
1:14 - 1:17တချိန်တည်းမှာ ကျုပ်တို့ဟာ
စိန်ခေါ်မှုတွေကိုပါ ရင်ဆိုင်ရပါတယ်။ -
1:17 - 1:21လိုအပ်တဲ့ ကာကွယ်မှုကို ပေဖို့ သို့မဟုတ်
ထိန်းသိမ်းထားဖို့ ကျုပ်တို့ဟာ -
1:21 - 1:24ကာကွယ်ဆေး အများစုကို
အကြိမ်ကြိမ် ပေးဖို့ လိုပါတယ်။ -
1:24 - 1:28သိပ္ပံပညာရှင်တို့ တစ်ကြိမ်တည်းထိုးရမယ့်
ကာကွယ်ဆေးတွေကို တီထွင်ဖို့ အားထုတ်နေကြတယ်။ -
1:28 - 1:32တစ်သက်မှာ တစ်ကြိမ်သာ
တုပ်ကွေး ကာကွယ်ဆေးထိုးလိုက်တဲ့နောက် -
1:32 - 1:35နောက်ထပ် ရာသီအလိုက် ဆေးထိုးဖို့
မလိုတာကို စိတ်ကူးကြည့်ကြပါ။ -
1:35 - 1:39တချို့ ပိုးမွှားတွေအတွက်
ကိုယ်ခံစွမ်းအားကို ဖန်တီးဖို့ မလွယ်ပါဘူး။ -
1:39 - 1:43အဲဒါ့အတွက် ထင်ရှားတဲ့ သာဓကမှာ HIV ခေါ်
ကိုယ်ခံစွမ်းအား ချို့တဲ့စေတဲ့ ဗိုင်းရပ်ပါ။ -
1:43 - 1:47အရေးတကြီး လိုအပ်ချက်
ဖြစ်လို့ ကြိုးပမ်းနေရဆဲပါ၊ -
1:47 - 1:49လိုတဲ့ ရလဒ် မရှိသေးပါဘူး။
-
1:50 - 1:53ကာကွယ်ဆေး သုတေသနထဲတွင်
နောက်အရေးကြီးတဲ့ အချက်က -
1:53 - 1:57အထိခိုက်လွယ်ဆုံးသူများ၊
လူငယ်များနဲ့ သက်ကြီးများအတွက် -
1:57 - 1:59အသင့်တော်ဆုံး ကာကွယ်ဆေးတွေကို
ထုတ်လုပ်ပေးဖို့ပါ။ -
1:59 - 2:02သုတေသနတွေ တက်ကြွစွ
ပြုလုပ်နေကြတဲ့ နယ်ပယ်ပါ။ -
2:02 - 2:06ကျုပ်တို့ ဒီနေ့ ရင်ဆိုင်နေရတဲ့
နောက်ဆုံး စိန်ခေါ်မှုကို ပြောရရင်၊ -
2:06 - 2:08ကာကွယ်ဆေး ဆန့်ကျင်ရေး ခံယူချက်ပါ။
-
2:08 - 2:14အမေရိကန် ပြည်ထောင်ထဲတွင်
ကလေး ၁၀၀၀၀၀ ကျော်တို့ဟာ -
2:14 - 2:16ကာကွယ်ဆေး အထိုးမခံခဲ့ကြဘဲ
-
2:16 - 2:19အဲဒီလိုသူတို့ရဲ့ ဦးရေတိုးလာနေခြင်းဟာ
ကြောက်လန့်စရာကြီးပါ။ -
2:19 - 2:22တကယ်တော့ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ တနည်း WHO က
-
2:22 - 2:25ဒီနေ့ လူသားရဲ့ ကျန်းမာရေးကို
ကမ္ဘာပေါ်မှာ ခြိမ်းခြောက်နေကြတဲ့ -
2:25 - 2:29အရေးကြီးဆုံး ၁၀ ချက်ထဲမှာ
ကာကွယ်ဆေး ဆန့်ကျင်မှုကို -
2:29 - 2:31ထည့်သွင်း ဖေါ်ပြထားပါတယ်။
-
2:31 - 2:35ဒီဂရပ်ပုံက ကာလီဖိုနီးယား ပြည်နယ်မှာ
ကာကွယ်ဆေး ဆန့်ကျင်ရေး -
2:35 - 2:37သဘောထား ကျယ်ပြန့်လာမှုကို ဖော်ပြနေတယ်။
-
2:37 - 2:40၂၀၀၀ ပြည့်နှစ်မှ ၂၀၁၃ ခုနှစ် အတွင်းမှာ
-
2:40 - 2:44ကလေးထိန်းဌာနတွေမှာ
ကာကွယ်ဆေး ထိုးမှုမှ ကင်းလွတ်ခွင့် -
2:44 - 2:48တောင်းဆိုခဲ့ကြတဲ့ ရာခိုင်နှုန်းအရ
ဒီလိုသိလာရတာပါ။ -
2:48 - 2:50ကာကွယ်ဆေးကို ဆန့်ကျင်ရေး
စိတ်ဓါတ်တွေ မြင့်တက်လာနေရာ -
2:50 - 2:52တကယ့် အကျိုးဆက်တွေ ရင်ဆိုင်ကြရမှာပါ။
-
2:52 - 2:55ကျုပ်တို့က လွန်ခဲ့တဲ့ နှစ်များစွာကတည်းက
အောင်မြင်ခဲ့ကြပြီလို့ -
2:55 - 2:58ကျုပ်တို့ ယူဆခဲ့ကြတဲ့
ကူးစက်ရောဂါတွေ ပြန်ဖြစ်ပွားလာနေတာ -
2:58 - 3:00ခင်ဗျားတို့သတိထားမိကြမယ် ထင်တယ်။
-
3:00 - 3:03ဝက်သက်ရောဂါ ဖြစ်ပွားမှုတွေကို အမေရိကန်
ပြည်နယ် အများကြီးမှာ အစီရင်ခံနေကြတယ်။ -
3:03 - 3:06ဝက်သက်ဟာ သိပ်ကို
ကူးစက်လွယ်ပြီး အန္တရာယ်များတာ -
3:06 - 3:08ကျုပ်တို့ မေ့တောင် မေ့နေကြပါပြီ။
-
3:08 - 3:12ဗိုင်းရပ်စ် အမှုန်နည်းနည်းလေးကိုက
လူတွေဆီ ကူးစက်နိုင်ကြတယ်။ -
3:12 - 3:14အားကစားပွဲတွေမှာ၊
အိုလံပစ် အားကစားရုံကြီးမှာ -
3:14 - 3:17ဗိုင်းရပ်စ်ဟာ လေနဲ့အတူ
အတော့ကို ဝေးအောင် သွားနိုင်ပြီး -
3:17 - 3:20ကျန်းမာရေး ချို့တဲ့သူ တစ်ဦးဦးကို
ကူးစက်နိုင်ခဲ့တဲ့ -
3:20 - 3:23အစီရင်ခံစာတွေ ရှိပါတယ်။
-
3:23 - 3:25တကယ်ပြောရရင်၊ အခုကို ကျွန်တော့ဆီမှာ
ဝက်သက်ရောဂါ ဖြစ်နေတယ်။ -
3:25 - 3:27(ချောင်းဆိုးခြင်း)
-
3:27 - 3:31ဒီခန်းမထဲ နောက်ဆုံးတန်းမှာ
ထိုင်နေသူ ကူးစက်နိုင်တယ်။ -
3:31 - 3:34ကျုပ်တို့ ကမ္ဘာကြီးမှာ
တကယ့်ကို အဲဒီလို ဖြစ်ခဲ့ဘူးတယ်။ -
3:35 - 3:36လွန်ခဲ့တဲ့ လအနည်းငယ်တုန်းက
-
3:37 - 3:40လေယာဉ်မယ် တစ်ဦးဟာ ပျံသန်းနေခိုက်မှာကို
-
3:40 - 3:43ဝက်သက်ရောဂါ ကူးစက်ခံရလို့
ဦးနှောက်ရောင်ရောဂါဖြစ်ပြီး -
3:43 - 3:45သေဆုံးသွားခဲ့တယ်။
-
3:45 - 3:48ဒီတော့ လူတွေဟာ ကာကွယ်ဆေး
ဆန့်ကျင်ရေး စိတ်ဓာတ်ကြောင့် သေနေကြရတယ်။ -
3:48 - 3:50ကာကွယ်ဆေးကို မယုံကြည်ကြလို့
-
3:50 - 3:53ကာကွယ်ဆေးကို မထိုးလိုကြသူတို့အတွက်
-
3:53 - 3:55ကျွန်တော် မိနစ်အနည်းငယ်ယူပြီး
ရှင်းပြချင်တယ်။ -
3:56 - 4:01ကလေးသုံးယောက် ရှိနေတဲ့
ကလေးဆရာဝန် တစ်ဦးအနေနဲ့၊ -
4:01 - 4:03ကလေးတွေအားလုံးကို အကြံပြုထားတဲ့
-
4:03 - 4:08အချိန်ဇယားနဲ့အညီ မှန်မှန်
ကာကွယ်ဆေးတွေ အထိုးခံနေသူအဖြစ်၊ -
4:08 - 4:10ပြီးတော့ ကလေးကူးစက်ရောဂါ အကြံပေးအဖြစ်၊
-
4:10 - 4:13မိဘတွေကသာ ကာကွယ်ဆေးကို
ထိုးပေးခဲ့ကြမယ်ဆိုရင် -
4:13 - 4:17ဦးနှောက်အမြှေးရောင်ရောဂါ မဖြစ်ခဲ့ကြမယ့်
ကလေးတွေကို ကုသပေးခဲ့ရသူ အဖြစ် -
4:17 - 4:19ဒါဟာ ကျွန်တော့အတွက် သိပ်ကို အရေးကြီးပါတယ်။
-
4:19 - 4:22ကျုပ်တို့ လူ့အဖွဲ့အစည်းအနေနဲ့
ကာကွယ်ဆေးအတွက် ပေးဆပ်ရတဲ့ -
4:22 - 4:26တန်ဖိုးကို ကျုပ်တို့ နောက်ကိုပြန်ပြီး
တွက်ကြည့်ကြပါစို့။ -
4:27 - 4:29ဒီဂရပ်မှာ ဝင်ရိုး Y ဝင်ရိုးပေါ်တွင်
-
4:29 - 4:33ကူးစက်ရောဂါကြောင့် ကမ္ဘာမှာ
သေဆုံးသွားသူ အရေအတွက်ပါ။ -
4:33 - 4:34ဝင်ရိုး X မှာကျတော့၊
-
4:34 - 4:37သေဆုံးသွားသူရဲ့ အသက်အရွယ်ပါ။
-
4:37 - 4:40ဒါကို လေ့လာကြည့်ရင် U-ပုံစံမျိုး
ဖြစ်နေတာ တွေ့ရပါမယ်။ -
4:40 - 4:43ပြီးတော့ ငယ်ရွယ်တဲ့သူတွေအကြားမှာ
သိပ်ထင်ရှားပါတယ်။ -
4:43 - 4:47ဒီတော့ ကာကွယ်ဆေးတွေက လူငယ်တွေကို
ကူးစက်မှုမှ ကာကွယ်ပေးပါတယ်။ -
4:47 - 4:51ဒီတော့ မိတ်ဆွေတို့က ကာကွယ်ဆေးရဲ့
သက်ရောက်မှု အကြောင်းကို ပြောချင်ကြရင် -
4:51 - 4:53အဲဒါနဲ့ ပတ်သက်ပြီး ယုန်ထင်ကြောင်ထင်
ပြောနေကြတာတွေ -
4:53 - 4:57အင်တာနက်ပေါ်မှာ အကျိုးမဲ့အကြောင်းမဲ့
ကာကွယ်တွေကြောင့် -
4:57 - 5:00ဖြစ်လာနိုင်တယ်ဆိုပြီး ရေးနေကြလို့ပါ။
-
5:00 - 5:02ကာကွယ်ဆေးရဲ့ သက်ရောက်မှုက ဒီလိုပါ။
-
5:02 - 5:06နောက်တစ်ခုက ၎င်းတို့ဟာ ရွယ်အိုများရဲ့
အသက်ကို ပိုရှည်လာစေပါတယ်။ -
5:06 - 5:09ရွယ်အိုတွေကို သတ်ပစ်နိုင်တဲ့ တုပ်ကွေးနဲ့
အခြားရောဂါတွေမှ -
5:09 - 5:11ထိုးဆေးတွေက ကာကွယ်ပေးနေကြလို့ပါ။
-
5:12 - 5:13ဆက်ပြီး ကာကွယ်ဆေးတွေကို
-
5:13 - 5:16ပိုလို့ကို ကောင်းလာအောင်
လုပ်ပေးနိုင်ပုံကို ဆွေးနွေးကြပါစို့။ -
5:16 - 5:21ကျုပ်တို့အကြားက ထိခိုက်လွယ်သူတွေကို
ကာကွယ်ပေးမယ့် ကာကွယ်ဆေးတွေကို -
5:21 - 5:24ကျုပ်တို့ဖန်တီးနိုင်ကြပြီး တစ်ခါထိုးပေး
ရုံနဲ့ ကာကွယ်ပေးနိုင်ဖွယ်ရာ ရှိပါတယ်။ -
5:24 - 5:27ကိုယ်ခံစွမ်းအား အကြောင်း
နည်းနည်းလေး ပြောပါရစေ။ -
5:27 - 5:30ဟောဒီ ထိပ်မှာ ခင်ဗျားတို့ မြင်ရတာက
ရိုးရိုးကာကွယ်ဆေးပါ။ -
5:30 - 5:33ကာကွယ်ဆေး အားလုံးတို့ထဲမှာ
ပဋိဇာတ် ဆိုတာ ပါပါတယ်။ -
5:33 - 5:36အဲဒီပဋိဇာတ်ဟာ
ပိုးမွှား အပိုင်းအစမျိုး ဖြစ်ပြီး -
5:37 - 5:38ကျုပ်တို့ ခန္ဓာကိုယ်က မှတ်မိတဲ့ အရာပါ။
-
5:38 - 5:42အဲဒါက ပဋိပစ္စည်းတွေကို ဖန်တီးပေးလို့
ကျုပ်တို့ ခန္ဓာကိုယ်ကို ကာကွယ်ပေးတယ်။ -
5:42 - 5:45ဒီလိုနည်းဖြင့် အဲဒီလို ကာကွယ်ဆေးတွေက
ကိုယ်ခံစနစ်ကို တုံ့ပြန်စေပါတယ်။ -
5:45 - 5:47ဒါပေမဲ့ ဒီမှာ မြင်ကြရတဲ့အတိုင်း၊
-
5:47 - 5:49အဲဒီ ကိုယ်ခံစွမ်းအား တုံ့ပြန်မှုဟာ
အတက်အကျရှိတယ်၊ -
5:49 - 5:52အဲဒါကြောင့်မို့လို့ ကျုပ်တို့ဟာ
ကာကွယ်နိုင်စွမ်း ရှိနေဖို့အတွက် -
5:52 - 5:54ကာကွယ်ဆေးကို
ထိုးပြီးရင် ထပ်ထိုးဖို့ လိုတယ်။ -
5:54 - 5:56ကျုပ်တို့ ဘယ်လိုများ လုပ်နိုင်ကြမလဲ။
-
5:56 - 5:59ကျုပ်တို့နဲ့ ကမ္ဘာတဝမ်းရှိ
အခြားသိပ္ပံပညာရှင်တွေက -
5:59 - 6:02ကာကွယ်ဆေး တုံ့ပြန်မှုကို တိုးမြှင့်ဖို့
မော်လီကျူးတွေကို ရှာကြံနေကြတယ်။ -
6:02 - 6:04အဲဒါတွေကို adjuvant လို့ ခေါ်တယ်၊
-
6:04 - 6:07ကူပေးရန် ဆိုတဲ့ လက်တင် စကားလုံး
"adjuvare" မှ လာတဲ့ ကစားလုံးပါ။ -
6:07 - 6:09Adjuvant တွေဟာ မော်လီကျူးတွေ
ဖြစ်ကြပြီး ကာကွယ်ဆေးထဲကို -
6:09 - 6:12ထည့်ပေးခြင်းဖြင့် ပိုအားကောင်းတဲ့
တုံ့ပြန်မှုကို ရနိုင်တယ်။ -
6:12 - 6:14ဒီမှာ အနီရောင်နဲ့
ပြထားတဲ့ adjuvant ရှိနေရင်၊ -
6:14 - 6:17ခင်ဗျားတို့ရဲ့ ကိုယ်ခံစနစ်ထဲက
သွေးဖြူဆဲလ်တွေ ပိုကောင်းမွန်စွာ -
6:17 - 6:19လှုပ်ရှားနိုင်စွမ်း ရှိလာလို့၊
-
6:19 - 6:22ပိုအားကောင်းတဲ့ ကိုယ်ခံစွမ်းအား
တုံ့ပြန်မှုကို ထုတ်လွတ်ပေးနိုင်ပြီး -
6:22 - 6:25ပဋိပစ္စည်းတွေ ပိုများပြားစွာနဲ့
ပိုမြန်ဆန်စွာ ပေါ်လာစေလျက် -
6:25 - 6:28ပိုပြီးရေရှည်ခံနိုင်မယ့် ကိုယ်ခံစွမ်းအား
ဖန်တီးပေးနိုင်မှာပါ။ -
6:28 - 6:31အဲဒီ adjuvant တွေရဲ့
သက်ရောက်မှုဟာ အသက်အရွယ် -
6:32 - 6:35သို့မဟုတ် ပုဂ္ဂိုလ်ရဲ့ အခြားအချက်တွေကို
လိုက်ပြီး ကွဲပြားနိုင်တာ စိတ်ဝင်စားစရာပါ။ -
6:35 - 6:39အဲဒါကြောင့်မို့လို့ ကာကွယ်ဆေးတွေ တိကျ
မှန်ကန်ဖို့ လိုအပ်တာ ထောက်ပြချင်ပါတယ်။ -
6:39 - 6:43ကျုပ်တို့ဟာ တိကျမှုမြင့်
ဆေးပညာ ယူဆချက်ကို ယူမယ် -- -
6:43 - 6:45တိကျမှုမြင့်မားတဲ့ ဆေးပညာ ဆိုတာက
-
6:45 - 6:48ဆေးတစ်ခုခုဆိုင်ရာ လူတွေရဲ့ တုံ့ပြန်မှုဟာ
-
6:48 - 6:50တစ်ဦးနဲ့တစ်ဦး မတူကွဲပြားနိုင်ကြောင်း
ယူဆချက်ကို -
6:50 - 6:52ကာကွယ်ဆေးတွေ အတွက်ပါ ကျင့်သုံးဖို့ပါပဲ။
-
6:53 - 6:54ဟုတ်ပြီနော်။
-
6:54 - 6:56ဒီ Boston Children's Hospital မှာ
-
6:56 - 6:59ကျွန်တော် ဦးဆောင်တဲ့
Precision Vaccines Program မှာ -
6:59 - 7:02ကျွန်တော်တို့ဟာ ကျန်းမာရေး
ချို့တဲ့ကြသူတို့နဲ့ အံဝင်ခွင်ကျရှိအောင် -
7:02 - 7:04တိကျကိုက်ညီတဲ့ ကာကွယ်ဆေးတွေကို
-
7:04 - 7:06ဖန်တီးထုတ်လုပ်ဖို့ ချဉ်းကပ်နည်း ငါးခု
ချမှတ်ထားကြတယ်။ -
7:06 - 7:08နံပတ်တစ်က၊
-
7:08 - 7:11သက်ဆိုင်ရာ လူတွေရဲ့
ကာကွယ်ဆေးဆိုင်ရာ သဘောထားက -
7:11 - 7:12ဘယ်လိုမျိုးလဲ။
-
7:12 - 7:15ကိုယ်က ကမ္ဘာ့ အကောင်းမွန်ဆုံး
ကာကွယ်ဆေးကို ဖန်တီးပေးနိုင်တောင် -
7:15 - 7:18ဘယ်သူကမှ အထိုးမခံချင်ကြဘူးဆိုရင်
ဘာမှအကျိုးထူးမှာ မဟုတ်လို့ပါ။ -
7:18 - 7:19နံပါတ်နှစ်က၊
-
7:19 - 7:21ကာကွယ်ဆေးထိုးရေး လမ်းကြောင်းကို
စဉ်းစားထားဖို့ လိုတယ်။ -
7:21 - 7:24ကာကွယ်ဆေးအများစုက
ကြွက်သားထိုးဆေး၊ တနည်း IM တွေပါ၊ -
7:24 - 7:27ဒါပေမဲ့၊ နှာခေါင်းမှ၊ ပါးစပ်မှ စတဲ့
အခြားပုံစံလည်း ရှိကြတယ်။ -
7:28 - 7:31အဲဒီနောက်မှာ ပြောပြခဲ့သလို ကာကွယ်ဆေးတွေမှာ
ပါဝင်တဲ့အရာတွေ ရှိပါသေးတယ်။ -
7:31 - 7:33ကာကွယ်ဆေးအားလုံးမှာ ပဋိပစ္စည်း ပါရှိတယ်၊
-
7:33 - 7:36ကျုပ်တို့ ခန္ဓာကိုယ်က မှတ်မိနေတဲ့
ပိုးမွှားရဲ့အစိတ်အပိုင်း ဖြစ်ပြီး -
7:36 - 7:40ပဋိပစ္စည်းတွေ သို့မဟုတ် ဆဲလ်အခြေခံ ကိုယ်ခံ
အားကို ပြန်ပြီး ထုတ်လုပ်ပေးနိုင်မှာပါ။ -
7:40 - 7:42ခုနက ပြောခဲ့သလို adjuvant ကိုလည်း
ထည့်ပေးနိုင်တယ်၊ -
7:42 - 7:44ကိုယ်ခံတုံ့ပြန်မှုကို မြှင့်တင်ပေးဖို့ပါ။
-
7:44 - 7:46ဆက်စဉ်းစားစရာ ရှိပါသေးတယ်။
-
7:46 - 7:47ရွေးစရာ ပဋိပစ္စည်းတွေ အများကြီး၊
-
7:47 - 7:50ပြီးတော့ adjuvant အမျိုးမျိုး
ရှိကြလို့ ရွေးဖို့ လိုပါမယ်။ -
7:50 - 7:52အဲဒါ ကျုပ်တို့ ဘယ်လို ဆုံးဖြတ်ရွေးကြမှာလဲ။
-
7:52 - 7:54အဲဒါတွေရဲ့ မီနူးစာရင်းဟာ နေ့စဉ်
တိုးတိုးလာနေသေးတယ်။ -
7:54 - 7:56ကျုပ်တို့ အဖွဲ့ထဲမှာကျတော့၊
-
7:56 - 7:59ကာကွယ်ဆေးတွေကို ခန္ဓာကိုယ်ပြင်ပမှာ
စမ်းသပ်နည်းတွေကို ပြုစုထားကြတယ် -- -
7:59 - 8:00လက်တင်လို "in vitro" ခေါ်ပါတယ် --
-
8:00 - 8:02တစ်ရှူးပွားယူတဲ့ ပန်းကန်လုံးထဲမှာပါ။
-
8:02 - 8:05သွေးဆဲလ်တွေနဲ့
တစ်ရှူး အင်ဂျင်နီယာနည်းကို သုံးပြီး -
8:05 - 8:07ကိုယ်ခန္ဓာ အပြင်မှာ
ကာကွယ်ဆေးကို ထိုးပေးကာ -
8:07 - 8:08အဲဒီ ကာကွယ်ဆေးကနေပြီး၊ ဥပမာ၊ ကလေးအား
-
8:08 - 8:12သို့မဟုတ် သက်ကြီးရွယ်အိုတို့အား
သက်ရောက်မှုကို လေ့လာကြပါတယ်။ -
8:12 - 8:16ဒီအကြောင်းကို ကျုပ်တို့ စဉ်းစားကြည့်ရင်၊
သိပ်ကို အရေးကြီးပါတယ်၊ -
8:16 - 8:19ကျုပ်တို့က ကာကွယ်ဆေး ထုတ်လုပ်ပေးချင်ကြတဲ့
ကူးစက်ရောဂါ အားလုံးကို၊ -
8:19 - 8:23Zika ဗိုင်းရပ်စ်၊ Ebola ဗိုင်းရပ်စ်၊
HIV နဲ့ အခြားရောဂါတွေ အတွက် -
8:23 - 8:25တွဲသုံးရနိုင်မယ့် ပဋိပစ္စည်းတွေ၊
-
8:25 - 8:27သင့်တော်မယ့် adjuvant တွေ၊
-
8:27 - 8:30အမျိုးမျိုးသော လူတွေ အတွက်
ရွေးစမ်းကြည့်ရမယ် ဆိုတော့ -
8:30 - 8:32လူဦးရေ အများကြီးနဲ့ လုပ်ရမယ့်
တတိယအဆင့် စမ်းသပ်မှုကို -
8:32 - 8:34ခုနက အတွဲတိုင်းအတွက်
လုပ်ဖို့ မဖြစ်နိုင်ပါဘူး။ -
8:34 - 8:39ဒီနေရာမှာ ခန္ဓာကိုယ်ပြင်ပတွင်
ကာကွယ်ဆေးတွေကို စမ်းသပ်နိုင်မှုက -
8:39 - 8:43ကာကွယ်ဆေး ပြုစုရေးလုပ်ငန်း မြန်ဆန်ရေးကို
များစွာမှ ကူပေးနိုင်မယ်လို့ ယုံကြည်ရပါတယ်။ -
8:43 - 8:45နောက်ဆုံးမှာတော့၊
ဒီလိုအားထုတ်မှု အားလုံးက -
8:45 - 8:49တိကျတဲ့ ရောဂါပိုးမှာမှ
ကာကွယ်ပေးဖို့ ဖြစ်ပြီး -
8:49 - 8:52ခန္ဓာကိုယ်ကို ခုခံကာကွယ်ဖို့ ပဋိပစ္စည်း
တွေနဲ့ အခြားဆဲလ်တွေ ပေါ်လာဖို့ အတွက်ပါ။ -
8:52 - 8:56ကျုပ်တို့ဟာ နောက်ဆုံးပေါ် သိပ္ပံနည်းပညာတွေ
ကို ကာကွယ်ဆေး ထုတ်လုပ်ရေးထဲမှာ -
8:56 - 8:59အသုံးချနိုင်ဖို့ ဆန်းသစ်တဲ့
ချဉ်းကပ်မှုတွေကိုပါ သုံးနေကြပါတယ်။ -
8:59 - 9:03လက်ရှိ ကာကွယ်ဆေးတွေ ကာကွယ်ပေးကြပုံကို
ကျုပ်တို့ဟာ နက်ရှိုင်းစွာ လေ့လာခဲ့ကြတယ်။ -
9:03 - 9:06မွေးကင်းစ ကလေးတွေ
အသည်းရောင်ရောဂါ B မကူးစက်ဖို့ -
9:06 - 9:09အသည်းရောင်ရောဂါ B ကာကွယ်ဆေးက
ကာကွယ်ပေးပုံကို လေ့လာဖို့ -
9:09 - 9:11ကျုပ်တို့ဟာ
နိုင်ငံတကာအဖွဲ့ကို ဖွဲ့စည်းခဲ့ကြတယ်။ -
9:11 - 9:13အဲဒီလို လေ့လာနိုင်ဖို့အေတွက်
-
9:13 - 9:17ကျုပ်တို့ဟာ သေးငယ်တဲ့ နမူနာ၊ ကြီးမားတဲ့
ဒေတာလို့ ခေါ်တဲ့ နည်းပညာ တီထွင်ခဲ့ကြတယ်။ -
9:17 - 9:20ကျုပ်တို့ဟာ ကာကွယ်ဆေးမထိုးမီ
ကလေးဆီကနေပြီး သွေးတစ်စက် ယူပြီး -
9:20 - 9:23ကာကွယ်ဆေးထိုးပြီးတဲ့ နောက်မှာ
ထပ်ပြီး တစ်စက်ကို ယူကြတယ်၊ -
9:23 - 9:26ပြီးရင် ကျုပ်တို့ဟာ ဆဲလ်တွေအားလုံးကို
တိုင်းတာ ရေတွက်နိုင်တယ်၊ -
9:26 - 9:30သွေးစက်ထဲက ဗီဇတွေ၊ မော်လီကျူးတွေ
အားလုံးကို တိုင်းနိုင်ကြတယ်၊ -
9:30 - 9:32အဲဒီ ကလေးရဲ့ ကာကွယ်ဆေးထိုးပြီးနောက်နဲ့
-
9:32 - 9:34ကာကွယ်ဆေးမထိုးမီ အခြေအနေကို
ယှဉ်ကြည့်နိုင်လို့ -
9:34 - 9:36ကာကွယ်ဆေးဟာ ဘယ်လောက်
ထိရောက်စွာ ကာကွယ်ပေးပုံကို -
9:36 - 9:39နက်ရှိုင်းစွာ သိရှိနားလည်နိုင်စွမ်း
ရှိလာကြမှာပါ။ -
9:40 - 9:45သိလာရတဲ့ အချက်တွေကို ကျုပ်တို့ဟာ အနာဂတ်
ကာကွယ်ဆေး ထုတ်လု့ပ်ဖို့ သုံးနိုင်ကြမယ်။ -
9:45 - 9:48ဒီဇယားပုံက လက်တွေ့မှာ
သွေးတစ်စက်နဲ့ အဲဒီကနေပြီး -
9:48 - 9:50ရယူနိုင်ခဲ့တဲ့ များပြားလှတဲ့ အချက်အလက်တွေ
-
9:50 - 9:53ဆန်းစစ်စရာ အချက်တွေ
သောင်းချီကို ဖေါ်ပြနေပြီး -
9:53 - 9:57ဆံမျှင်အထုံးကြီးလို မြင်နေရတာက
ပွင့်နေကြတဲ့ ဗီဇ လမ်းကြောင်းတွေနဲ့ -
9:57 - 9:59ပွင့်နေကြတဲ့ မော်လီကျူးလမ်းကြောင်းတွေပါ။
-
9:59 - 10:02ရှေ့ဆက် ပေါ်လာမှာတွေ အမျးကြီးမို့လို့
အရမ်းစိတ်လှုပ်ရှားစရာ သိပ္ပံပညာပါ။ -
10:02 - 10:06ကျုပ်တို့ဟာ ကမ္ဘာတဝမ်း သိပ္ပံပညာရှင်တွေနဲ့
လက်တွဲ လုပ်ကိုင်နေကြပြီး -
10:06 - 10:09နည်းပညာသစ်တွေကို
ကာကွယ်ဆေး ပြုစုမှုထဲ ထည့်သုံးပြီး -
10:09 - 10:11တိကျမှန်ကန်တဲ့ ကာကွယ်ဆေးများရဲ့
ကွန်ရက်ကို ဖေါ်ထုတ်ကြမှာပါ။ -
10:11 - 10:14ကျုပ်တို့ဟာ တစ်ကမ္ဘာလုံးရှိ
ကျန်းမာရေး အားနည်းကြတဲ့ လူတွေအတွက် -
10:14 - 10:18လူတိုင်းအတွက် ထုတ်လုပ်ပေးမယ့်
ကာကွယ်ဆေးကို ထုတ်လုပ်ပေးလိုပါတယ်။ -
10:18 - 10:21ကျုပ်တို့အဖွဲ့မှာ သိပ္ပံပညာရှင်တွေ၊ နည်း
ပညာ ကျွမ်းကျင်သူတွေနဲ့ ဆရာဝန်တွေ ပါကြတယ်။ -
10:21 - 10:24ကျုပ်တို့ဟာ ကူးစက်ရောဂါတွေ အတွက်
ကာကွယ်ဆေးတွေကို ပြုစုနေကြရာ -
10:24 - 10:26ကြက်ညှာချောင်းဆိုးလို ရောဂါ ပါပါတယ်။
-
10:26 - 10:29ကြက်ညှာချောင်းဆိုး ရောဂါ
ကာကွယ်ဆေး ကျုပ်တို့မှာ ရှိနေပေမဲ့ -
10:29 - 10:31အကြိမ်ကြိမ် ထိုးပေးဖို့ လိုတဲ့ ဆေးမျိုးပါ၊
-
10:31 - 10:33ပြီးတော့ ကိုယ်ခံစွမ်းအားဟာ
ကျဆင်းလာတတ်တယ်။ -
10:33 - 10:37တစ်ကြိမ်ပဲ ထိုးဖို့လိုမယ့် ကြက်ညှာချောင်း
ဆိုးရောဂါ ကာကွယ်ဆေး တီထွင်ချင်တယ်။ -
10:37 - 10:40အသက်ရှူလမ်းကြောင်း syncytial ဗိုင်းရပ်စ်
ကာကွယ်ဆေးထွင်ဖို့ ကျုပ်တို့ ကြိုးစားနေတယ်၊ -
10:40 - 10:44အမေရိကန်ပြည်ထောင်စုမှာ မွေးစကလေးတွေ ဆေးရုံ
တင်ရတာ နံပါတ်တစ် အကြောင်းရင်း ဖြစ်လို့ပါ။ -
10:44 - 10:46တုပ်ကွေး ကာကွယ်ဆေး ပိုကောင်းတာ လိုနေသလို
-
10:46 - 10:49HIV အတွက်လဲ လိုအပ်တာ အမှန်ပါပဲ။
-
10:49 - 10:51ပြီးတော့ ကင်ဆာ၊ ဓာတ်မတည့်မှု အတွက်နဲ့
-
10:51 - 10:55မူးယစ်ဆေး အလွန်အကျွံသုံးစွဲမှု အတွက်တောင်
ကာကွယ်ဆေးကို ကျုပ်တို့ ရှာကြံနေကြတယ်။ -
10:55 - 10:58ဒီတော့ ကျွန်တော် ခင်ဗျားတို့ကို
မှာချင်တဲ့ နောက်ဆုံး အချက်က -
10:58 - 11:01ကာကွယ်ဆေးတွေဟာ ခင်ဗျားတို့ကို၊
ခင်ဗျားတို့ ချစ်တဲ့ သူတွေကို -
11:01 - 11:03ခင်ဗျားတို့ ဝန်းကျင်က လူတွေကို
ကာကွယ်ပေးပါတယ်။ -
11:03 - 11:06၎င်းတို့ဟာ ခင်ဗျားတို့ကို
ကူးစက်ရောဂါမှ ကာကွယ်ပေးရုံသာမကပဲ -
11:06 - 11:09အဲဒီရောဂါတွေ ခင်ဗျားတို့က သူများဆီ
ကူးစက်စေမှုမှပါ ဟန့်တားပေးကြပါတယ်။ -
11:09 - 11:11ကာကွယ်ဆေး ထိုးယူကြပါ။
-
11:11 - 11:14သိပ္ပံပညာရဲ့ တိုးတက်မှုဟာ
ထိရှလွယ်လို့ ဆုံးရှုံးသွားနိုင်ပါတယ်။ -
11:14 - 11:18ကျုပ်တို့ မှန်ကန်ပြီး လေးစားမှုရှိတဲ့
ပြည်သူ့ ဆွေးနွေးတွေ အားပေး လုပ်ကြရပါမယ်။ -
11:18 - 11:21နောက်ဆုံးအနေနဲ့ ကျုပ်တို့ဟာ ဧရာမ
အောင်မြင်မှုတွေ ရှေ့ကို ရောက်နေကြပါပြီ၊ -
11:21 - 11:23ကာကွယ်ဆေးတွေရဲ့ ခေတ်သစ်ပါ။
-
11:23 - 11:26ကျုပ်တို့ဟာ လက်တွေ့လုပ်လို့ ရနိုင်တဲ့
မျက်နှာစာကို ဖွင့်ဟလိုက်ရုံပဲ ရှိပါသေးတယ်။ -
11:26 - 11:28ဒီလေ့လာမှုတွေကို ပါဝင်အားပေးကြပါ။
-
11:28 - 11:29ကျေးဇူးတင်ပါတယ်။
-
11:29 - 11:31(လက်ခုပ်သံများ)
- Title:
- လူတစ်ဦးချင်း အတွက် ကာကွယ်ဆေးတွေကို ထုတ်လုပ်ပေးမယ့် နည်းပညာသစ်
- Speaker:
- Ofer Levy
- Description:
-
တိကျမှုမြင့် ဆေးပညာနဲ့ ကာကွယ်ဆေးပညာတို့ ဆုံမိတဲ့ နေရာမှာ တော်လှန်ရေး အသွင်ကို ဆောင်နေတဲ့ သိပ္ပံနည်းကျ ထိုးဖောက်မှုကြီးရဲ့ အလားအလာ ရှိနေပါတယ် - လူတစ်ဦးချင်း အတွက် ထုတ်လုပ်ပေးမယ့် ကာကွယ်ဆေးတွေးပါပဲ။ ကူးစက်ရောဂါ ပါရဂူဖြစ်သူ Ofer Levy ကနေပြီး အားတက်ဖွယ်ရာ ဆေးပညာ ချဉ်းကပ်နည်းအကြောင်းကို မိတ်ဆက်ပေးထားရာ၊ လူတစ်ဦးချင်းနဲ့ အံဝင်ခွင်ကျ ဖြစ်အောင် ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးမှုက ကြောက်မက်ဖွယ် ရောဂါတွေကို တန်ပြန်တုံ့ပြန် ကုသပေးနိုင်မှာ ဖြစ်ကြောင်း ပြောပြထားပြီး ကျုပ်တို့အားလုံး ဒီနေ့တွင် လူသားရဲ့ အသက်ကို ရေရှည် ပံ့ပိုးကူညီပေးနိုင်မယ့် ခေတ်သစ်ထဲကို ခြေချ ဝင်လာနေကြတာကို မျှဝေ တင်ပြထားပါတယ်။
- Video Language:
- English
- Team:
closed TED
- Project:
- TEDTalks
- Duration:
- 11:44
![]() |
Myo Aung approved Burmese subtitles for The new science of personalized vaccines | |
![]() |
Myo Aung edited Burmese subtitles for The new science of personalized vaccines | |
![]() |
Sanda Aung accepted Burmese subtitles for The new science of personalized vaccines | |
![]() |
Sanda Aung edited Burmese subtitles for The new science of personalized vaccines | |
![]() |
Myo Aung edited Burmese subtitles for The new science of personalized vaccines | |
![]() |
Myo Aung edited Burmese subtitles for The new science of personalized vaccines | |
![]() |
Myo Aung edited Burmese subtitles for The new science of personalized vaccines | |
![]() |
Myo Aung edited Burmese subtitles for The new science of personalized vaccines |