WEBVTT 00:00:00.786 --> 00:00:06.310 ကာကွယ်ဆေးထိုးမှုရဲ့ သက်ရောက်မှု အကျိုးကျေးဇူးတွေ သိပ်ကို အရေးပါကြတယ်။ 00:00:06.937 --> 00:00:10.156 အမေရိကန် ရောဂါထိန်းချုပ်ရေးစင်တာက 00:00:10.180 --> 00:00:13.696 နောက်ဆုံး အနှစ် ၂၀ အတွင်း မွေးခဲ့ကြတဲ့ အမေရိကန်ကလေးတွေကို 00:00:13.720 --> 00:00:19.236 ကာကွယ်ဆေးတွေ ထိုးပေးခဲ့လို့ ရောဂါဖြစ်မှု ၃၂၂ သန်းကျော်၊ 00:00:19.260 --> 00:00:22.164 ဆေးရုံတင် ကုသရမှု ၂၁ သန်းကျော်၊ 00:00:22.188 --> 00:00:25.839 ပြီးတော့ သေဆုံးရမှု ၇၃၀,၀၀၀ ကျော်တို့မှ 00:00:25.863 --> 00:00:30.807 ကာကွယ်ပေးနိုင်လို့ လူမှုရေးစရိတ်စုစုပေါင်း ဒေါ်လာ ၁.၄ ထရီလီယံနီးပါး ချွေတာခဲ့တယ်။ 00:00:30.842 --> 00:00:32.571 ဧရာမ ကြီးမားတဲ့ ကိန်းဂဏန်းတွေပါ။ 00:00:32.855 --> 00:00:35.406 ဒါပေမဲ့ ဥပမာတစ်ခုကို အသေးစိတ် လေ့လာကြည့်ကြရအောင်။ 00:00:35.406 --> 00:00:37.565 ကာကွယ်ဆေးရဲ့ ကျေးဇူးကြောင့် 00:00:37.565 --> 00:00:41.075 Haemophilus တုပ်ကွေးဆိုတဲ့ ဘက်တီးရီးယား ကူးစက်ရောဂါ လုံးဝပျောက်သွားပါပြီ။ 00:00:41.153 --> 00:00:44.416 အဲဒီဘက်တီးရီးယားက ကလေးငယ်တွေကို ကူးစက်တတ်ခဲ့ပြီး 00:00:44.430 --> 00:00:46.249 သွေးလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါတွေ၊ 00:00:46.249 --> 00:00:49.201 အဆုတ်ရောင်၊ ဦးနှောက်အမြှေးရောင်မှု ဖြစ်စေခဲ့ပြီး 00:00:49.201 --> 00:00:51.905 သေဆုံးမှု သို့မဟုတ် အမြဲတမ်းမသန်စွမ်းမှုကို ဖြစ်စေခဲ့တယ်။ 00:00:51.974 --> 00:00:55.085 ကလေးအထူးကုဆရာ၀န် အနေနဲ့ အဲဒီလို ရောဂါတချို့ကို လေ့လာခဲ့ဘူးပါတယ်။ 00:00:55.085 --> 00:00:58.045 ခင်ဗျားတို့က အဲဒီရောဂါအကြောင်း ကြားချင်မှကြားခဲ့ကြမှာပါ၊ 00:00:58.069 --> 00:01:00.712 ကာကွယ်ဆေးတွေ သိပ်ကိုထိရောက်ခဲ့လို့ မတွေ့နိုင်တော့ပါဘူး။ 00:01:00.736 --> 00:01:02.806 ဒီဂရပ်ပုံရဲ့ ညာဘက်တွင် မြင်နိုင်သလို 00:01:02.830 --> 00:01:04.997 ကာကွယ်ဆေးကို စသုံးကတည်းက 00:01:05.021 --> 00:01:07.926 Haemophilus ဘက်တီးရီးယား ကူးစက်တဲ့ ဖြစ်ရပ်တွေဟာ 00:01:07.950 --> 00:01:11.386 ဇောက်ထိုးကျဆင်းသွားကာ လုံးဝနီးပါး ပျောက်သွားခဲ့တယ်။ 00:01:11.390 --> 00:01:13.946 ဒီတော့ ကာကွယ်ဆေးတွေဟာ အောင်မြင်မှု သာဓကပါ။ 00:01:13.946 --> 00:01:16.797 တချိန်တည်းမှာ ကျုပ်တို့ဟာ စိန်ခေါ်မှုတွေကိုပါ ရင်ဆိုင်ရပါတယ်။ 00:01:17.069 --> 00:01:21.240 လိုအပ်တဲ့ ကာကွယ်မှုကို ပေဖို့ သို့မဟုတ် ထိန်းသိမ်းထားဖို့ ကျုပ်တို့ဟာ 00:01:21.264 --> 00:01:23.685 ကာကွယ်ဆေး အများစုကို အကြိမ်ကြိမ် ပေးဖို့ လိုပါတယ်။ 00:01:23.875 --> 00:01:28.200 သိပ္ပံပညာရှင်တို့ တစ်ကြိမ်တည်းထိုးရမယ့် ကာကွယ်ဆေးတွေကို တီထွင်ဖို့ အားထုတ်နေကြတယ်။ 00:01:28.224 --> 00:01:31.982 တစ်သက်မှာ တစ်ကြိမ်သာ တုပ်ကွေး ကာကွယ်ဆေးထိုးလိုက်တဲ့နောက် 00:01:32.326 --> 00:01:35.127 နောက်ထပ် ရာသီအလိုက် ဆေးထိုးဖို့ မလိုတာကို စိတ်ကူးကြည့်ကြပါ။ 00:01:35.317 --> 00:01:39.063 တချို့ ပိုးမွှားတွေအတွက် ကိုယ်ခံစွမ်းအားကို ဖန်တီးဖို့ မလွယ်ပါဘူး။ 00:01:39.077 --> 00:01:43.301 အဲဒါ့အတွက် ထင်ရှားတဲ့ သာဓကမှာ HIV ခေါ် ကိုယ်ခံစွမ်းအား ချို့တဲ့စေတဲ့ ဗိုင်းရပ်ပါ။ 00:01:43.445 --> 00:01:46.602 အရေးတကြီး လိုအပ်ချက် ဖြစ်လို့ ကြိုးပမ်းနေရဆဲပါ၊ 00:01:47.216 --> 00:01:48.572 လိုတဲ့ ရလဒ် မရှိသေးပါဘူး။ 00:01:49.588 --> 00:01:53.069 ကာကွယ်ဆေး သုတေသနထဲတွင် နောက်အရေးကြီးတဲ့ အချက်က 00:01:53.093 --> 00:01:56.514 အထိခိုက်လွယ်ဆုံးသူများ၊ လူငယ်များနဲ့ သက်ကြီးများအတွက် 00:01:56.538 --> 00:01:58.783 အသင့်တော်ဆုံး ကာကွယ်ဆေးတွေကို ထုတ်လုပ်ပေးဖို့ပါ။ 00:01:59.147 --> 00:02:01.747 သုတေသနတွေ တက်ကြွစွ ပြုလုပ်နေကြတဲ့ နယ်ပယ်ပါ။ 00:02:01.982 --> 00:02:06.204 ကျုပ်တို့ ဒီနေ့ ရင်ဆိုင်နေရတဲ့ နောက်ဆုံး စိန်ခေါ်မှုကို ပြောရရင်၊ 00:02:06.228 --> 00:02:08.355 ကာကွယ်ဆေး ဆန့်ကျင်ရေး ခံယူချက်ပါ။ 00:02:08.355 --> 00:02:14.224 အမေရိကန် ပြည်ထောင်ထဲတွင် ကလေး ၁၀၀၀၀၀ ကျော်တို့ဟာ 00:02:14.224 --> 00:02:16.184 ကာကွယ်ဆေး အထိုးမခံခဲ့ကြဘဲ 00:02:16.212 --> 00:02:18.942 အဲဒီလိုသူတို့ရဲ့ ဦးရေတိုးလာနေခြင်းဟာ ကြောက်လန့်စရာကြီးပါ။ 00:02:18.942 --> 00:02:22.307 တကယ်တော့ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ တနည်း WHO က 00:02:22.307 --> 00:02:25.181 ဒီနေ့ လူသားရဲ့ ကျန်းမာရေးကို ကမ္ဘာပေါ်မှာ ခြိမ်းခြောက်နေကြတဲ့ 00:02:25.205 --> 00:02:29.403 အရေးကြီးဆုံး ၁၀ ချက်ထဲမှာ ကာကွယ်ဆေး ဆန့်ကျင်မှုကို 00:02:29.427 --> 00:02:31.022 ထည့်သွင်း ဖေါ်ပြထားပါတယ်။ 00:02:31.046 --> 00:02:34.670 ဒီဂရပ်ပုံက ကာလီဖိုနီးယား ပြည်နယ်မှာ ကာကွယ်ဆေး ဆန့်ကျင်ရေး 00:02:34.670 --> 00:02:36.966 သဘောထား ကျယ်ပြန့်လာမှုကို ဖော်ပြနေတယ်။ 00:02:36.990 --> 00:02:40.022 ၂၀၀၀ ပြည့်နှစ်မှ ၂၀၁၃ ခုနှစ် အတွင်းမှာ 00:02:40.046 --> 00:02:43.601 ကလေးထိန်းဌာနတွေမှာ ကာကွယ်ဆေး ထိုးမှုမှ ကင်းလွတ်ခွင့် 00:02:43.625 --> 00:02:47.940 တောင်းဆိုခဲ့ကြတဲ့ ရာခိုင်နှုန်းအရ ဒီလိုသိလာရတာပါ။ 00:02:47.940 --> 00:02:50.448 ကာကွယ်ဆေးကို ဆန့်ကျင်ရေး စိတ်ဓါတ်တွေ မြင့်တက်လာနေရာ 00:02:50.448 --> 00:02:52.436 တကယ့် အကျိုးဆက်တွေ ရင်ဆိုင်ကြရမှာပါ။ 00:02:52.436 --> 00:02:55.355 ကျုပ်တို့က လွန်ခဲ့တဲ့ နှစ်များစွာကတည်းက အောင်မြင်ခဲ့ကြပြီလို့ 00:02:55.379 --> 00:02:58.051 ကျုပ်တို့ ယူဆခဲ့ကြတဲ့ ကူးစက်ရောဂါတွေ ပြန်ဖြစ်ပွားလာနေတာ 00:02:58.051 --> 00:02:59.736 ခင်ဗျားတို့သတိထားမိကြမယ် ထင်တယ်။ 00:02:59.760 --> 00:03:03.363 ဝက်သက်ရောဂါ ဖြစ်ပွားမှုတွေကို အမေရိကန် ပြည်နယ် အများကြီးမှာ အစီရင်ခံနေကြတယ်။ 00:03:03.363 --> 00:03:05.517 ဝက်သက်ဟာ သိပ်ကို ကူးစက်လွယ်ပြီး အန္တရာယ်များတာ 00:03:05.517 --> 00:03:08.188 ကျုပ်တို့ မေ့တောင် မေ့နေကြပါပြီ။ 00:03:08.318 --> 00:03:12.119 ဗိုင်းရပ်စ် အမှုန်နည်းနည်းလေးကိုက လူတွေဆီ ကူးစက်နိုင်ကြတယ်။ 00:03:12.119 --> 00:03:14.191 အားကစားပွဲတွေမှာ၊ အိုလံပစ် အားကစားရုံကြီးမှာ 00:03:14.209 --> 00:03:16.969 ဗိုင်းရပ်စ်ဟာ လေနဲ့အတူ အတော့ကို ဝေးအောင် သွားနိုင်ပြီး 00:03:16.969 --> 00:03:19.659 ကျန်းမာရေး ချို့တဲ့သူ တစ်ဦးဦးကို ကူးစက်နိုင်ခဲ့တဲ့ 00:03:19.659 --> 00:03:22.642 အစီရင်ခံစာတွေ ရှိပါတယ်။ 00:03:22.678 --> 00:03:25.399 တကယ်ပြောရရင်၊ အခုကို ကျွန်တော့ဆီမှာ ဝက်သက်ရောဂါ ဖြစ်နေတယ်။ 00:03:25.423 --> 00:03:26.580 (ချောင်းဆိုးခြင်း) 00:03:26.604 --> 00:03:30.747 ဒီခန်းမထဲ နောက်ဆုံးတန်းမှာ ထိုင်နေသူ ကူးစက်နိုင်တယ်။ 00:03:30.903 --> 00:03:34.268 ကျုပ်တို့ ကမ္ဘာကြီးမှာ တကယ့်ကို အဲဒီလို ဖြစ်ခဲ့ဘူးတယ်။ 00:03:34.882 --> 00:03:36.482 လွန်ခဲ့တဲ့ လအနည်းငယ်တုန်းက 00:03:36.506 --> 00:03:40.169 လေယာဉ်မယ် တစ်ဦးဟာ ပျံသန်းနေခိုက်မှာကို 00:03:40.193 --> 00:03:43.264 ဝက်သက်ရောဂါ ကူးစက်ခံရလို့ ဦးနှောက်ရောင်ရောဂါဖြစ်ပြီး 00:03:43.288 --> 00:03:44.573 သေဆုံးသွားခဲ့တယ်။ 00:03:44.597 --> 00:03:48.145 ဒီတော့ လူတွေဟာ ကာကွယ်ဆေး ဆန့်ကျင်ရေး စိတ်ဓာတ်ကြောင့် သေနေကြရတယ်။ 00:03:48.328 --> 00:03:50.134 ကာကွယ်ဆေးကို မယုံကြည်ကြလို့ 00:03:50.178 --> 00:03:52.623 ကာကွယ်ဆေးကို မထိုးလိုကြသူတို့အတွက် 00:03:52.687 --> 00:03:54.996 ကျွန်တော် မိနစ်အနည်းငယ်ယူပြီး ရှင်းပြချင်တယ်။ 00:03:56.315 --> 00:04:01.220 ကလေးသုံးယောက် ရှိနေတဲ့ ကလေးဆရာဝန် တစ်ဦးအနေနဲ့၊ 00:04:01.244 --> 00:04:03.297 ကလေးတွေအားလုံးကို အကြံပြုထားတဲ့ 00:04:03.321 --> 00:04:07.612 အချိန်ဇယားနဲ့အညီ မှန်မှန် ကာကွယ်ဆေးတွေ အထိုးခံနေသူအဖြစ်၊ 00:04:07.636 --> 00:04:10.413 ပြီးတော့ ကလေးကူးစက်ရောဂါ အကြံပေးအဖြစ်၊ 00:04:10.437 --> 00:04:13.279 မိဘတွေကသာ ကာကွယ်ဆေးကို ထိုးပေးခဲ့ကြမယ်ဆိုရင် 00:04:13.303 --> 00:04:17.156 ဦးနှောက်အမြှေးရောင်ရောဂါ မဖြစ်ခဲ့ကြမယ့် ကလေးတွေကို ကုသပေးခဲ့ရသူ အဖြစ် 00:04:17.180 --> 00:04:19.221 ဒါဟာ ကျွန်တော့အတွက် သိပ်ကို အရေးကြီးပါတယ်။ 00:04:19.266 --> 00:04:22.059 ကျုပ်တို့ လူ့အဖွဲ့အစည်းအနေနဲ့ ကာကွယ်ဆေးအတွက် ပေးဆပ်ရတဲ့ 00:04:22.313 --> 00:04:26.336 တန်ဖိုးကို ကျုပ်တို့ နောက်ကိုပြန်ပြီး တွက်ကြည့်ကြပါစို့။ 00:04:26.686 --> 00:04:29.093 ဒီဂရပ်မှာ ဝင်ရိုး Y ဝင်ရိုးပေါ်တွင် 00:04:29.117 --> 00:04:32.561 ကူးစက်ရောဂါကြောင့် ကမ္ဘာမှာ သေဆုံးသွားသူ အရေအတွက်ပါ။ 00:04:32.585 --> 00:04:34.079 ဝင်ရိုး X မှာကျတော့၊ 00:04:34.103 --> 00:04:36.617 သေဆုံးသွားသူရဲ့ အသက်အရွယ်ပါ။ 00:04:36.641 --> 00:04:40.061 ဒါကို လေ့လာကြည့်ရင် U-ပုံစံမျိုး ဖြစ်နေတာ တွေ့ရပါမယ်။ 00:04:40.085 --> 00:04:43.291 ပြီးတော့ ငယ်ရွယ်တဲ့သူတွေ​​အကြားမှာ သိပ်ထင်ရှားပါတယ်။ 00:04:43.295 --> 00:04:47.341 ဒီတော့ ကာကွယ်ဆေးတွေက လူငယ်တွေကို ကူးစက်မှုမှ ကာကွယ်ပေးပါတယ်။ 00:04:47.341 --> 00:04:50.654 ဒီတော့ မိတ်ဆွေတို့က ကာကွယ်ဆေးရဲ့ သက်ရောက်မှု အကြောင်းကို ပြောချင်ကြရင် 00:04:50.695 --> 00:04:53.205 အဲဒါနဲ့ ပတ်သက်ပြီး ယုန်ထင်ကြောင်ထင် ပြောနေကြတာတွေ 00:04:53.229 --> 00:04:56.834 အင်တာနက်ပေါ်မှာ အကျိုးမဲ့အကြောင်းမဲ့ ကာကွယ်တွေကြောင့် 00:04:56.834 --> 00:05:00.059 ဖြစ်လာနိုင်တယ်ဆိုပြီး ရေးနေကြလို့ပါ။ 00:05:00.059 --> 00:05:01.783 ကာကွယ်ဆေးရဲ့ သက်ရောက်မှုက ဒီလိုပါ။ 00:05:01.807 --> 00:05:06.363 နောက်တစ်ခုက ၎င်းတို့ဟာ ရွယ်အိုများရဲ့ အသက်ကို ပိုရှည်လာစေပါတယ်။ 00:05:06.437 --> 00:05:09.137 ရွယ်အိုတွေကို သတ်ပစ်နိုင်တဲ့ တုပ်ကွေးနဲ့ အခြားရောဂါတွေမှ 00:05:09.191 --> 00:05:11.391 ထိုးဆေးတွေက ကာကွယ်ပေးနေကြလို့ပါ။ 00:05:11.560 --> 00:05:12.949 ဆက်ပြီး ကာကွယ်ဆေးတွေကို 00:05:13.073 --> 00:05:16.074 ပိုလို့ကို ကောင်းလာအောင် လုပ်ပေးနိုင်ပုံကို ဆွေးနွေးကြပါစို့။ 00:05:16.228 --> 00:05:20.656 ကျုပ်တို့အကြားက ထိခိုက်လွယ်သူတွေကို ကာကွယ်ပေးမယ့် ကာကွယ်ဆေးတွေကို 00:05:20.680 --> 00:05:24.325 ကျုပ်တို့ဖန်တီးနိုင်ကြပြီး တစ်ခါထိုးပေး ရုံနဲ့ ကာကွယ်ပေးနိုင်ဖွယ်ရာ ရှိပါတယ်။ 00:05:24.363 --> 00:05:26.879 ကိုယ်ခံစွမ်းအား အကြောင်း နည်းနည်းလေး ပြောပါရစေ။ 00:05:26.903 --> 00:05:30.315 ဟောဒီ ထိပ်မှာ ခင်ဗျားတို့ မြင်ရတာက ရိုးရိုးကာကွယ်ဆေးပါ။ 00:05:30.339 --> 00:05:33.237 ကာကွယ်ဆေး အားလုံးတို့ထဲမှာ ပဋိဇာတ် ဆိုတာ ပါပါတယ်။ 00:05:33.261 --> 00:05:36.499 အဲဒီပဋိဇာတ်ဟာ ပိုးမွှား အပိုင်းအစမျိုး ဖြစ်ပြီး 00:05:36.523 --> 00:05:38.382 ကျုပ်တို့ ခန္ဓာကိုယ်က မှတ်မိတဲ့ အရာပါ။ 00:05:38.382 --> 00:05:41.862 အဲဒါက ပဋိပစ္စည်းတွေကို ဖန်တီးပေးလို့ ကျုပ်တို့ ခန္ဓာကိုယ်ကို ကာကွယ်ပေးတယ်။ 00:05:41.862 --> 00:05:45.107 ဒီလိုနည်းဖြင့် အဲဒီလို ကာကွယ်ဆေးတွေက ကိုယ်ခံစနစ်ကို တုံ့ပြန်စေပါတယ်။ 00:05:45.107 --> 00:05:46.664 ဒါပေမဲ့ ဒီမှာ မြင်ကြရတဲ့အတိုင်း၊ 00:05:46.688 --> 00:05:49.288 အဲဒီ ကိုယ်ခံစွမ်းအား တုံ့ပြန်မှုဟာ အတက်အကျရှိတယ်၊ 00:05:49.288 --> 00:05:52.339 အဲဒါကြောင့်မို့လို့ ကျုပ်တို့ဟာ ကာကွယ်နိုင်စွမ်း ရှိနေဖို့အတွက် 00:05:52.363 --> 00:05:54.492 ကာကွယ်ဆေးကို ထိုးပြီးရင် ထပ်ထိုးဖို့ လိုတယ်။ 00:05:54.492 --> 00:05:56.306 ကျုပ်တို့ ဘယ်လိုများ လုပ်နိုင်ကြမလဲ။ 00:05:56.306 --> 00:05:58.625 ကျုပ်တို့နဲ့ ကမ္ဘာတဝမ်းရှိ အခြားသိပ္ပံပညာရှင်တွေက 00:05:58.625 --> 00:06:02.050 ကာကွယ်ဆေး တုံ့ပြန်မှုကို တိုးမြှင့်ဖို့ မော်လီကျူးတ​ွေကို ရှာကြံနေကြတယ်။ 00:06:02.050 --> 00:06:03.670 အဲဒါတွေကို adjuvant လို့ ခေါ်တယ်၊ 00:06:03.670 --> 00:06:06.646 ကူပေးရန် ဆိုတဲ့ လက်တင် စကားလုံး "adjuvare" မှ လာတဲ့ ကစားလုံးပါ။ 00:06:06.646 --> 00:06:09.203 Adjuvant တွေဟာ မော်လီကျူးတွေ ဖြစ်ကြပြီး ကာကွယ်ဆေးထဲကို 00:06:09.203 --> 00:06:12.009 ထည့်ပေးခြင်းဖြင့် ပိုအားကောင်းတဲ့ တုံ့ပြန်မှုကို ရနိုင်တယ်။ 00:06:12.009 --> 00:06:14.364 ဒီမှာ အနီရောင်နဲ့ ပြထားတဲ့ adjuvant ရှိနေရင်၊ 00:06:14.388 --> 00:06:17.284 ခင်ဗျားတို့ရဲ့ ကိုယ်ခံစနစ်ထဲက သွေးဖြူဆဲလ်တွေ ပိုကောင်းမွန်စွာ 00:06:17.284 --> 00:06:18.747 လှုပ်ရှားနိုင်စွမ်း ရှိလာလို့၊ 00:06:18.747 --> 00:06:21.950 ပိုအားကောင်းတဲ့ ကိုယ်ခံစွမ်းအား တုံ့ပြန်မှုကို ထုတ်လွတ်ပေးနိုင်ပြီး 00:06:21.974 --> 00:06:24.735 ပဋိပစ္စည်းတွေ ပိုများပြားစွာနဲ့ ပိုမြန်ဆန်စွာ ပေါ်လာစေလျက် 00:06:24.759 --> 00:06:27.775 ပိုပြီးရေရှည်ခံနိုင်မယ့် ကိုယ်ခံစွမ်းအား ဖန်တီးပေးနိုင်မှာပါ။ 00:06:27.793 --> 00:06:31.261 အဲဒီ adjuvant တွေရဲ့ သက်ရောက်မှုဟာ အသက်အရွယ် 00:06:31.585 --> 00:06:35.432 သို့မဟုတ် ပုဂ္ဂိုလ်ရဲ့ အခြားအချက်တွေကို လိုက်ပြီး ကွဲပြားနိုင်တာ စိတ်ဝင်စားစရာပါ။ 00:06:35.485 --> 00:06:39.171 အဲဒါကြောင့်မို့လို့ ကာကွယ်ဆေးတွေ တိကျ မှန်ကန်ဖို့ လိုအပ်တာ ထောက်ပြချင်ပါတယ်။ 00:06:39.211 --> 00:06:43.187 ကျုပ်တို့ဟာ တိကျမှုမြင့် ဆေးပညာ ယူဆချက်ကို ယူမယ် -- 00:06:43.211 --> 00:06:45.227 တိကျမှုမြင့်မားတဲ့ ဆေးပညာ ဆိုတာက 00:06:45.251 --> 00:06:47.775 ဆေးတစ်ခုခုဆိုင်ရာ လူတွေရဲ့ တုံ့ပြန်မှုဟာ 00:06:47.799 --> 00:06:50.244 တစ်ဦးနဲ့တစ်ဦး မတူကွဲပြားနိုင်ကြောင်း ယူဆချက်ကို 00:06:50.268 --> 00:06:52.370 ကာကွယ်ဆေးတွေ အတွက်ပါ ကျင့်သုံးဖို့ပါပဲ။ 00:06:52.784 --> 00:06:53.934 ဟုတ်ပြီနော်။ 00:06:53.958 --> 00:06:56.142 ဒီ Boston Children's Hospital မှာ 00:06:56.166 --> 00:06:58.775 ကျွန်တော် ဦးဆောင်တဲ့ Precision Vaccines Program မှာ 00:06:58.799 --> 00:07:02.061 ကျွန်တော်တို့ဟာ ကျန်းမာရေး ချို့တဲ့ကြသူတို့နဲ့ အံဝင်ခွင်ကျရှိအောင် 00:07:02.085 --> 00:07:03.594 တိကျကိုက်ညီတဲ့ ကာကွယ်ဆေးတွေကို 00:07:03.618 --> 00:07:06.466 ဖန်တီးထုတ်လုပ်ဖို့ ချဉ်းကပ်နည်း ငါးခု ချမှတ်ထားကြတယ်။ 00:07:06.490 --> 00:07:07.727 နံပတ်တစ်က၊ 00:07:07.751 --> 00:07:10.589 သက်ဆိုင်ရာ လူတွေရဲ့ ကာကွယ်ဆေးဆိုင်ရာ သဘောထားက 00:07:10.589 --> 00:07:11.629 ဘယ်လိုမျိုးလဲ။ 00:07:11.629 --> 00:07:14.602 ကိုယ်က ကမ္ဘာ့ အကောင်းမွန်ဆုံး ကာကွယ်ဆေးကို ဖန်တီးပေးနိုင်တောင် 00:07:14.602 --> 00:07:17.512 ဘယ်သူကမှ အထိုးမခံချင်ကြဘူးဆိုရင် ဘာမှအကျိုးထူးမှာ မဟုတ်လို့ပါ။ 00:07:17.512 --> 00:07:18.633 နံပါတ်နှစ်က၊ 00:07:18.633 --> 00:07:21.214 ကာကွယ်ဆေးထိုးရေး လမ်းကြောင်းကို စဉ်းစားထားဖို့ လိုတယ်။ 00:07:21.238 --> 00:07:24.349 ကာကွယ်ဆေးအများစုက ကြွက်သားထိုးဆေး၊ တနည်း IM တွေပါ၊ 00:07:24.373 --> 00:07:27.483 ဒါပေမဲ့၊ နှာခေါင်းမှ၊ ပါးစပ်မှ စတဲ့ အခြားပုံစံလည်း ရှိကြတယ်။ 00:07:27.542 --> 00:07:31.003 အဲဒီနောက်မှာ ပြောပြခဲ့သလို ကာကွယ်ဆေးတွေမှာ ပါဝင်တဲ့အရာတွေ ရှိပါသေးတယ်။ 00:07:31.003 --> 00:07:32.915 ကာကွယ်ဆေးအားလုံးမှာ ပဋိပစ္စည်း ပါရှိတယ်၊ 00:07:32.915 --> 00:07:36.077 ကျုပ်တို့ ခန္ဓာကိုယ်က မှတ်မိနေတဲ့ ပိုးမွှားရဲ့အစိတ်အပိုင်း ဖြစ်ပြီး 00:07:36.101 --> 00:07:39.990 ပဋိပစ္စည်းတွေ သို့မဟုတ် ဆဲလ်အခြေခံ ကိုယ်ခံ အားကို ပြန်ပြီး ထုတ်လုပ်ပေးနိုင်မှာပါ။ 00:07:40.014 --> 00:07:42.344 ခုနက ပြောခဲ့သလို adjuvant ကိုလည်း ထည့်ပေးနိုင်တယ်၊ 00:07:42.344 --> 00:07:44.292 ကိုယ်ခံတုံ့ပြန်မှုကို မြှင့်တင်ပေးဖို့ပါ။ 00:07:44.292 --> 00:07:45.544 ဆက်စဉ်းစားစရာ ရှိပါသေးတယ်။ 00:07:45.544 --> 00:07:47.075 ရွေးစရာ ပဋိပစ္စည်းတွေ အများကြီး၊ 00:07:47.075 --> 00:07:49.863 ပြီးတော့ adjuvant အမျိုးမျိုး ရှိကြလို့ ရွေးဖို့ လိုပါမယ်။ 00:07:49.863 --> 00:07:51.880 အဲဒါ ကျုပ်တို့ ဘယ်လို ဆုံးဖြတ်ရွေးကြမှာလဲ။ 00:07:51.880 --> 00:07:54.261 အဲဒါတွေရဲ့ မီနူးစာရင်းဟာ နေ့စဉ် တိုးတိုးလာနေသေးတယ်။ 00:07:54.261 --> 00:07:55.630 ကျုပ်တို့ အဖွဲ့ထဲမှာကျတော့၊ 00:07:55.630 --> 00:07:58.886 ကာကွယ်ဆေးတွေကို ခန္ဓာကိုယ်ပြင်ပမှာ စမ်းသပ်နည်းတွေကို ပြုစုထားကြတယ် -- 00:07:58.886 --> 00:08:00.488 လက်တင်လို "in vitro" ခေါ်ပါတယ် -- 00:08:00.488 --> 00:08:02.207 တစ်ရှူးပွားယူတဲ့ ပန်းကန်လုံးထဲမှာပါ။ 00:08:02.207 --> 00:08:04.659 သွေးဆဲလ်တွေနဲ့ တစ်ရှူး အင်ဂျင်နီယာနည်းကို သုံးပြီး 00:08:04.659 --> 00:08:06.626 ကိုယ်ခန္ဓာ အပြင်မှာ ကာကွယ်ဆေးကို ထိုးပေးကာ 00:08:06.626 --> 00:08:08.356 အဲဒီ ကာကွယ်ဆေးကနေပြီး၊ ဥပမာ၊ ကလေးအား 00:08:08.356 --> 00:08:12.366 သို့မဟုတ် သက်ကြီးရွယ်အိုတို့အား သက်ရောက်မှုကို လေ့လာကြပါတယ်။ 00:08:12.477 --> 00:08:15.564 ဒီအကြောင်းကို ကျုပ်တို့ စဉ်းစားကြည့်ရင်၊ သိပ်ကို အရေးကြီးပါတယ်၊ 00:08:15.588 --> 00:08:19.185 ကျုပ်တို့က ကာကွယ်ဆေး ထုတ်လုပ်ပေးချင်ကြတဲ့ ကူးစက်ရောဂါ အားလုံးကို၊ 00:08:19.209 --> 00:08:23.170 Zika ဗိုင်းရပ်စ်၊ Ebola ဗိုင်းရပ်စ်၊ HIV နဲ့ အခြားရောဂါတွေ အတွက် 00:08:23.194 --> 00:08:24.988 တွဲသုံးရနိုင်မယ့် ပဋိပစ္စည်းတွေ၊ 00:08:25.012 --> 00:08:27.115 သင့်တော်မယ့် adjuvant တွေ၊ 00:08:27.115 --> 00:08:29.619 အမျိုးမျိုးသော လူတွေ အတွက် ရွေးစမ်းကြည့်ရမယ် ဆိုတော့ 00:08:29.619 --> 00:08:32.289 လူဦးရေ အများကြီးနဲ့ လုပ်ရမယ့် တတိယအဆင့် စမ်းသပ်မှုကို 00:08:32.289 --> 00:08:34.466 ခုနက အတွဲတိုင်းအတွက် လုပ်ဖို့ မဖြစ်နိုင်ပါဘူး။ 00:08:34.490 --> 00:08:38.712 ဒီနေရာမှာ ခန္ဓာကိုယ်ပြင်ပတွင် ကာကွယ်ဆေးတွေကို စမ်းသပ်နိုင်မှုက 00:08:38.736 --> 00:08:42.657 ကာကွယ်ဆေး ပြုစုရေးလုပ်ငန်း မြန်ဆန်ရေးကို များစွာမှ ကူပေးနိုင်မယ်လို့ ယုံကြည်ရပါတယ်။ 00:08:42.657 --> 00:08:45.394 နောက်ဆုံးမှာတော့၊ ဒီလိုအားထုတ်မှု အားလုံးက 00:08:45.418 --> 00:08:48.671 တိကျတဲ့ ရောဂါပိုးမှာမှ ကာကွယ်ပေးဖို့ ဖြစ်ပြီး 00:08:48.695 --> 00:08:52.405 ခန္ဓာကိုယ်ကို ခုခံကာကွယ်ဖို့ ပဋိပစ္စည်း တွေနဲ့ အခြားဆဲလ်တွေ ပေါ်လာဖို့ အတွက်ပါ။ 00:08:52.405 --> 00:08:55.900 ကျုပ်တို့ဟာ နောက်ဆုံးပေါ် သိပ္ပံနည်းပညာတွေ ကို ကာကွယ်ဆေး ထုတ်လုပ်ရေးထဲမှာ 00:08:55.924 --> 00:08:59.329 အသုံးချနိုင်ဖို့ ဆန်းသစ်တဲ့ ချဉ်းကပ်မှုတွေကိုပါ သုံးနေကြပါတယ်။ 00:08:59.353 --> 00:09:03.450 လက်ရှိ ကာကွယ်ဆေးတွေ ကာကွယ်ပေးကြပုံကို ကျုပ်တို့ဟာ နက်ရှိုင်းစွာ လေ့လာခဲ့ကြတယ်။ 00:09:03.474 --> 00:09:05.823 မွေးကင်းစ ကလေးတွေ အသည်းရောင်ရောဂါ B မကူးစက်ဖို့ 00:09:05.847 --> 00:09:08.756 အသည်းရောင်ရောဂါ B ကာကွယ်ဆေးက ကာကွယ်ပေးပုံကို လေ့လာဖို့ 00:09:08.756 --> 00:09:11.090 ကျုပ်တို့ဟာ နိုင်ငံတကာအဖွဲ့ကို ဖွဲ့စည်းခဲ့ကြတယ်။ 00:09:11.090 --> 00:09:12.675 အဲဒီလို လေ့လာနိုင်ဖို့အေတွက် 00:09:12.699 --> 00:09:16.517 ကျုပ်တို့ဟာ သေးငယ်တဲ့ နမူနာ၊ ကြီးမားတဲ့ ဒေတာလို့ ခေါ်တဲ့ နည်းပညာ တီထွင်ခဲ့ကြတယ်။ 00:09:16.517 --> 00:09:20.191 ကျုပ်တို့ဟာ ကာကွယ်ဆေးမထိုးမီ ကလေးဆီကနေပြီး သွေးတစ်စက် ယူပြီး 00:09:20.215 --> 00:09:23.313 ကာကွယ်ဆေးထိုးပြီးတဲ့ နောက်မှာ ထပ်ပြီး တစ်စက်ကို ယူကြတယ်၊ 00:09:23.313 --> 00:09:26.225 ပြီးရင် ကျုပ်တို့ဟာ ဆဲလ်တွေအားလုံးကို တိုင်းတာ ရေတွက်နိုင်တယ်၊ 00:09:26.249 --> 00:09:29.615 သွေးစက်ထဲက ဗီဇတွေ၊ မော်လီကျူးတွေ အားလုံးကို တိုင်းနိုင်ကြတယ်၊ 00:09:29.639 --> 00:09:31.861 အဲဒီ ကလေးရဲ့ ကာကွယ်ဆေးထိုးပြီးနောက်နဲ့ 00:09:31.885 --> 00:09:34.023 ကာကွယ်ဆေးမထိုးမီ အခြေအနေကို ယှဉ်ကြည့်နိုင်လို့ 00:09:34.023 --> 00:09:36.276 ကာကွယ်ဆေးဟာ ဘယ်လောက် ထိရ​ောက်စွာ ကာကွယ်ပေးပုံကို 00:09:36.276 --> 00:09:39.355 နက်ရှိုင်းစွာ သိရှိနားလည်နိုင်စွမ်း ရှိလာကြမှာပါ။ 00:09:39.745 --> 00:09:44.537 သိလာရတဲ့ အချက်တွေကို ကျုပ်တို့ဟာ အနာဂတ် ကာကွယ်ဆေး ထုတ်လု့ပ်ဖို့ သုံးနိုင်ကြမယ်။ 00:09:44.561 --> 00:09:47.966 ဒီဇယားပုံက လက်တွေ့မှာ သွေးတစ်စက်နဲ့ အဲဒီကနေပြီး 00:09:47.990 --> 00:09:50.307 ရယူနိုင်ခဲ့တဲ့ များပြားလှတဲ့ အချက်အလက်တွေ 00:09:50.331 --> 00:09:52.551 ဆန်းစစ်စရာ အချက်တွေ သောင်းချီကို ဖေါ်ပြနေပြီး 00:09:52.551 --> 00:09:56.708 ဆံမျှင်အထုံးကြီးလို မြင်နေရတာက ပွင့်နေကြတဲ့ ဗီဇ လမ်းကြောင်းတွေနဲ့ 00:09:56.732 --> 00:09:59.002 ပွင့်နေကြတဲ့ မော်လီကျူးလမ်းကြောင်း​တွေပါ။ 00:09:59.002 --> 00:10:02.435 ရှေ့ဆက် ပေါ်လာမှာတွေ အမျးကြီးမို့လို့ အရမ်းစိတ်လှုပ်ရှားစရာ သိပ္ပံပညာပါ။ 00:10:02.435 --> 00:10:05.700 ကျုပ်တို့ဟာ ကမ္ဘာတဝမ်း သိပ္ပံပညာရှင်တွေနဲ့ လက်တွဲ လုပ်ကိုင်နေကြပြီး 00:10:05.724 --> 00:10:08.562 နည်းပညာသစ်တွေကို ကာကွယ်ဆေး ပြုစုမှုထဲ ထည့်သုံးပြီး 00:10:08.562 --> 00:10:11.431 တိကျမှန်ကန်တဲ့ ကာကွယ်ဆေးများရဲ့ ကွန်ရက်ကို ဖေါ်ထုတ်ကြမှာပါ။ 00:10:11.431 --> 00:10:14.441 ကျုပ်တို့ဟာ တစ်ကမ္ဘာလုံးရှိ ကျန်းမာရေး အားနည်းကြတဲ့ လူတွေအတွက် 00:10:14.465 --> 00:10:17.501 လူတိုင်းအတွက် ထုတ်လုပ်ပေးမယ့် ကာကွယ်ဆေးကို ထုတ်လုပ်ပေးလိုပါတယ်။ 00:10:17.501 --> 00:10:21.453 ကျုပ်တို့အဖွဲ့မှာ သိပ္ပံပညာရှင်တွေ၊ နည်း ပညာ ကျွမ်းကျင်သူတွေနဲ့ ဆရာဝန်တွေ ပါကြတယ်။ 00:10:21.453 --> 00:10:24.359 ကျုပ်တို့ဟာ ကူးစက်ရောဂါတွေ အတွက် ကာကွယ်ဆေးတွေကို ပြုစုနေကြရာ 00:10:24.359 --> 00:10:26.107 ကြက်ညှာချောင်းဆိုးလို ရောဂါ ပါပါတယ်။ 00:10:26.107 --> 00:10:28.878 ကြက်ညှာချောင်းဆိုး ရောဂါ ကာကွယ်ဆေး ကျုပ်တို့မှာ ရှိနေပေမဲ့ 00:10:28.878 --> 00:10:30.896 အကြိမ်ကြိမ် ထိုးပေးဖို့ လိုတဲ့ ဆေးမျိုးပါ၊ 00:10:30.896 --> 00:10:32.915 ပြီးတော့ ကိုယ်ခံစွမ်းအားဟာ ကျဆင်းလာတတ်တယ်။ 00:10:32.915 --> 00:10:36.521 တစ်ကြိမ်ပဲ ထိုးဖို့လိုမယ့် ကြက်ညှာချောင်း ဆိုးရောဂါ ကာကွယ်ဆေး တီထွင်ချင်တယ်။ 00:10:36.521 --> 00:10:40.439 အသက်ရှူလမ်းကြောင်း syncytial ဗိုင်းရပ်စ် ကာကွယ်ဆေးထွင်ဖို့ ကျုပ်တို့ ကြိုးစားနေတယ်၊ 00:10:40.439 --> 00:10:44.395 အမေရိကန်ပြည်ထောင်စုမှာ မွေးစကလေးတွေ ဆေးရုံ တင်ရတာ နံပါတ်တစ် အကြောင်းရင်း ဖြစ်လို့ပါ။ 00:10:44.395 --> 00:10:46.385 တုပ်ကွေး ကာကွယ်ဆေး ပိုကောင်းတာ လိုနေသလို 00:10:46.425 --> 00:10:48.800 HIV အတွက်လဲ လိုအပ်တာ အမှန်ပါပဲ။ 00:10:48.800 --> 00:10:51.371 ပြီးတော့ ကင်ဆာ၊ ဓာတ်မတည့်မှု အတွက်နဲ့ 00:10:51.395 --> 00:10:55.113 မူးယစ်ဆေး အလွန်အကျွံသုံးစွဲမှု အတွက်တောင် ကာကွယ်ဆေးကို ကျုပ်တို့ ရှာကြံနေကြတယ်။ 00:10:55.395 --> 00:10:58.189 ဒီတော့ ကျွန်တော် ခင်ဗျားတို့ကို မှာချင်တဲ့ နောက်ဆုံး အချက်က 00:10:58.299 --> 00:11:01.196 ကာကွယ်ဆေးတွေဟာ ခင်ဗျားတို့ကို၊ ခင်ဗျားတို့ ချစ်တဲ့ သူတွေကို 00:11:01.196 --> 00:11:03.338 ခင်ဗျားတို့ ဝန်းကျင်က လူတွေကို ကာကွယ်ပေးပါတယ်။ 00:11:03.338 --> 00:11:06.156 ၎င်းတို့ဟာ ခင်ဗျားတို့ကို ကူးစက်ရောဂါမှ ကာကွယ်ပေးရုံသာမကပဲ 00:11:06.156 --> 00:11:09.389 အဲဒီရောဂါတွေ ခင်ဗျားတို့က သူများဆီ ကူးစက်စေမှုမှပါ ဟန့်တားပေးကြပါတယ်။ 00:11:09.463 --> 00:11:10.859 ကာကွယ်ဆေး ထိုးယူကြပါ။ 00:11:10.859 --> 00:11:13.857 သိပ္ပံပညာရဲ့ တိုးတက်မှုဟာ ထိရှလွယ်လို့ ဆုံးရှုံးသွားနိုင်ပါတယ်။ 00:11:13.857 --> 00:11:17.877 ကျုပ်တို့ မှန်ကန်ပြီး လေးစားမှုရှိတဲ့ ​ပြည်သူ့ ဆွေးနွေးတွေ အားပေး လုပ်ကြရပါမယ်။ 00:11:17.877 --> 00:11:21.262 နောက်ဆုံးအနေနဲ့ ကျုပ်တို့ဟာ ဧရာမ အောင်မြင်မှုတွေ ရှေ့ကို ရောက်နေကြပါပြီ၊ 00:11:21.262 --> 00:11:22.705 ကာကွယ်ဆေးတွေရဲ့ ခေတ်သစ်ပါ။ 00:11:22.705 --> 00:11:26.469 ကျုပ်တို့ဟာ လက်တွေ့လုပ်လို့ ရနိုင်တဲ့ မျက်နှာစာကို ဖွင့်ဟလိုက်ရုံပဲ ရှိပါသေးတယ်။ 00:11:26.469 --> 00:11:28.093 ဒီလေ့လာမှုတွေကို ပါဝင်အားပေးကြပါ။ 00:11:28.093 --> 00:11:29.404 ကျေးဇူးတင်ပါတယ်။ 00:11:29.404 --> 00:11:31.002 (လက်ခုပ်သံများ)