ကမ္ဘာ့ကူးစက်မြန်ရောဂါအတွက် တစ်ကမ္ဘာလုံးဆိုင်ရာ ဖြေရှင်းနည်းကို လိုအပ်နေခြင်း
-
0:00 - 0:02Helen Walters- ပထမဦးဆုံး
ပါဝင်မှာက ဘယ်သူလဲ။ -
0:03 - 0:06Chris Anderson - ဟုတ်ကဲ့၊ ကမ္ဘာ့ကူးစက်မြန်
ရောဂါကပ်ဘေးကို တစ်သက်လုံး -
0:06 - 0:08အတော်လေး စိုးရိမ်နေခဲ့သူ တစ်ဦးပါ။
-
0:08 - 0:12သူဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ ကျော်တုန်းက
အရေးကြီးဆုံး အခန်းမှ ပါဝင်ခဲ့ပြီး -
0:12 - 0:15ကျောက်ရောဂါရဲ့ ပြဿနာကို
ဖြေရှင်းဖို့ ကမ္ဘာကြီးအား ကူညီပေးခဲ့သူပါ။ -
0:16 - 0:17အဲဒီနောက် ၂၀၀၆ ခုနှစ်မှာ၊
-
0:17 - 0:21သူဟာ TED ဆီကို လာခဲ့ပြီး တစ်ကမ္ဘာလုံးအား
-
0:21 - 0:25ကမ္ဘာ့ကူးစက်မြန်ကပ်ရောဂါရဲ့
အန္တရာယ်ကြီးကို သတိပေးခဲ့ပြီး -
0:25 - 0:27ကျုပ်တို့ ဘာလုပ်သင့်ကြောင်း
ရှင်းပြခဲ့ပါတယ်။ -
0:27 - 0:29ဒီတော့ Dr. Larry Brilliant ကို
ကြိုဆိုပေးကြပါ။ -
0:29 - 0:31Larry ရေ၊ ခင်ဗျားတကို တွေ့ရတာ ကောင်းပါတယ်။
-
0:31 - 0:35Larry Brilliant- ကျေးဇူးတင်ပါတယ်၊
ကျနော်လည်း ခင်ဗျားကိုတွေ့ရတာ ဝမ်းသာပါတယ်။ -
0:35 - 0:37CA - ခင်ဗျားရဲ့ ဟောပြောခန်းထဲမှာ
-
0:37 - 0:40ကမ္ဘာ့ကူးစက်မြန်ကပ်ရောဂါဟာ
ဘယ်လိုပုံစံမျိုး ဖြစ်နိုင်တာကို -
0:40 - 0:43ဗီဒီယိုအခွေကို ရိုက်ကူး ပြသခဲ့ဘူးတာ
မှတ်မိတယ်။ -
0:43 - 0:46ကျနော်အဲဒါကို ဖွင့်ပြပါရစေ၊
တကယ့်ကို ကျောချမ်းစရာကြီးပါ။ -
0:46 - 0:50Larry Brilliant (TED2006) - ကျုပ်တို့
ကမ္ဘာကူးစက်မြန်ရောဂါဆိုတာကို -
0:50 - 0:52စိတ်ကူးရိုက်ထားတဲ့ ဗီဒီယိုကို ပြပေးပါရစေ။
-
0:53 - 0:55ကျုပ်တို့ ပြောတဲ့ အကြောင်း
ပိုပြီး နားလည်ဖို့ အတွက်ပါ။ -
0:55 - 0:59ပထမဦးဆုံး ရောဂါဖြစ်မှုဟာ
အာရှတောင်ပိုင်းမှာ ဖြစ်တယ် ဆိုပါစို့။ -
1:00 - 1:03အစပိုင်းမှာ ၎င်းဟာ
နှေးကွေးစွာ ပျံ့နှံ့လျက် -
1:03 - 1:05သီးခြားစီရှိကြတဲ့
နေရာ ၂ -၃ ခုမှာ ဖြစ်နိုင်တယ်။ -
1:07 - 1:09အဲဒီနောက်မှာ ဒုတိယအဆင့်
ပျံ့နှံ့မှု ရှိလာမယ်။ -
1:10 - 1:13ပြီးတော့ ရောဂါဟာ တစ်နိုင်ငံမှ
တစ်နိုင်ငံသို့ ကူးစက်တာ မြန်လွန်းလို့ -
1:13 - 1:16ကိုယ်က ကူးစက်မိတာကို သိမှာ မဟုတ်ပါဘူး။
-
1:16 - 1:19သုံးပတ်အတွင်းမှာ ရောဂါဟာ
ကမ္ဘာ့နေရာတိုင်းမှာ ဖြစ်ပွားလာပါမယ်။ -
1:19 - 1:23ကျုပ်တို့ဆီမှာ အဲဒါတွေကို ဖျက်သိမ်းပြီး
နောက်ကြောင်း ပြန်နိုင်မယ့် ခလုတ်သာ ရှိရင်၊ -
1:23 - 1:25ကျုပ်တို့ အတိတ်ဆီ ပြန်သွားနိုင်ကြရင်၊
-
1:25 - 1:28ရောဂါ စဖြစ်တဲ့ နေရာမှာ
ထိန်းချုပ်ပြီး ခွဲထားနိုင်ခဲ့ကြရင်၊ -
1:28 - 1:30ကျုပ်တို့ဆီမှာ စောစီးစွာ
တွေ့ရှိ ဖေါ်ထုတ်နိုင်ခဲ့ကြပြီး -
1:31 - 1:32စောစောစီးစီး အရေးယူတုံ့ပြန်တဲ့ အနေနဲ့
-
1:32 - 1:35အဲဒီဗိုင်းရပ်စ်ပိုးတွေ
တစ်ခုချင်းစီကို ချုပ်ထိန်းနိုင်မှုကသာ -
1:35 - 1:40ကမ္ဘာ့ကူးစက်မြန်ကပ်ရောဂါအတွက်
တစ်ခုတည်းသော ကိုင်တွယ်နည်းပါ။ -
1:41 - 1:43CA: Larry ခင်ဗျာ၊ အဲဒီမှာ
ခင်ဗျားသုံးနှုန်းသွားတဲ့ -
1:43 - 1:46"စောစီးစွာဖေါ်ထုတ်မှု"၊
"စောစီးစွာ တုံ့ပြန်မှု၊" -
1:46 - 1:48အဲဒီဟောပြောချက်ရဲ့
အဓိကအချက်တွေ ဖြစ်ခဲ့ပြီး၊ -
1:48 - 1:52ခင်ဗျားက ကျုပ်တို့အားလုံးကို
အကြိမ်ကြိမ် ဆိုခိုင်းခဲ့တယ်။ -
1:52 - 1:55ကမ္ဘာ့ကူးစက်မြန်ကပ်ရောဂါကို ကာကွယ်ဖို့
အဲဒီအချက်ဟာ အခုလည်း အရေးကြီးဆုံးပဲလား။ -
1:56 - 1:58LB: အို၊ သေချာပါတယ်။
-
1:58 - 2:00ကမ္ဘာ့ကူးစက်မြန်ကပ်ရောဂါ ရှိလာပြီဆိုရင်၊
-
2:00 - 2:04ထပ်ကိန်းအရှိန်နဲ့
ပျံ့နှံ့လာနေချိန်မျိုးမှာ၊ -
2:04 - 2:08ကျုပ်တို့က ပထမနှစ်ပတ်ကို လွတ်သွားရင်၊
ကျုပ်တို့က ပထမနှစ်ပတ်မှာ နောက်ကျသားရင်၊ -
2:08 - 2:11ပထမနှစ်ပတ်ကြောင့် သေဆုံးရမှုတွေ၊ ဖျားနာမှု
တွေ တိုးလာမှာကို ပြောနေတာ မဟုတ်ဘူး၊ -
2:11 - 2:14အများဆုံးဖျားနာကြမဲ့ ထိပ်ဆုံးနေရာက
နှစ်ပတ်ကို ဆိုလိုတာပါ။ -
2:14 - 2:18စောစီးစွာ ဆောင်ရွက်နိုင်ခဲ့ရင်
အဲဒါတွေကို ဟန့်တားနိုင်မှာပါ။ -
2:18 - 2:20စောစီးစွာ တုံ့ပြန်ရေးဟာ သော့ချက်ပါ၊
-
2:20 - 2:23စောစီးစွာ ဖေါ်ထုတ်နိုင်ရေးဟာ
ကြိုတင် လိုအပ်ချက်ပါ။ -
2:23 - 2:26CA: ကိုဗစ်-၁၉ ကို ကမ္ဘာကြီးမှ
စောစီးစွာ ဖေါ်ထုတ်နိုင်ခဲ့ပုံနဲ့ -
2:26 - 2:30တုံ့ပြန်ခဲ့ပုံ အဆင့်အတန်းကို
ခင်ဗျား ဘယ်လို သတ်မှတ်ပေးမလဲ။ -
2:30 - 2:32LB: အဲဒီမေးခွန်းကို ခင်ဗျားက
အစောကတည်းက မေးခဲ့လို့ -
2:32 - 2:34အဲဒီအကြောင်းကို အတော်လေး စဉ်းစားခဲ့ရတယ်။
-
2:34 - 2:36ကျနော်ဟာ နိုင်ငံတွေအလိုက် ပြောပြချင်ပါတယ်၊
-
2:36 - 2:38တကယ်တော့ စာရင်းတစ်ခုကိုတောင်
ပြုလုပ်ခဲ့တယ်။ -
2:39 - 2:45ကျွန်းနိုင်ငံတွေ ဖြစ်ကြတဲ့ ထိုင်ဝမ်၊
အိုက်စလန်နဲ့ နယူးဇီလန်တို့ကို -
2:45 - 2:46အဆင့် A ပေးရပါမယ်။
-
2:46 - 2:49ကျွန်းနိုင်ငံဖြစ်တဲ့ ယူကေ၊ ကျွန်းမဟုတ်တဲ့
အမေရိကန် ပြည်ထောင်စုတို့ -
2:49 - 2:53ကျုပ်တို့က ကိုယ့်ကိုကိုယ် ဘယ်လိုပဲ ယူဆယူဆ၊
-
2:53 - 2:55စမ်းသပ်မှုမှာ ကျရှုံးခဲ့တဲ့ အဆင့်မျိုးပါ။
-
2:55 - 3:00ပြီးတော့ တောင်ကိုရီးယားနဲ့ ဂျာမနီနိုင်ငံ
တွေကို B အဆင့်ကို ပေးချင်ပါတယ်။ -
3:00 - 3:01အဲဒီ အုပ်စုတွေ အကြားမှာ ...
-
3:01 - 3:05တုံ့ပြန်ခဲ့ကြပုံ ရောနှောလျက်
မျိုးစုံပဲ ထင်မိပါတယ်။ -
3:05 - 3:08ကမ္ဘာကြီးတစ်ခုလုံးကို ခြုံပြောရရင်
အထစ်အငေါ့တွေနဲ့ ပြည့်နေတယ်။ -
3:08 - 3:12လက်ရှိ ဖြစ်ပျက်နေတာကို
ကျုပ်တို့ ဘယ်လိုမှ ဂုဏ်ယူမရနိုင်ပါဘူး။ -
3:12 - 3:16CA: ကျနော့်အထင် ရောဂါကို
အတော်လေး စောပြီး ဖေါ်ထုတ်နိုင်ခဲ့တယ်၊ -
3:16 - 3:20အနည်းဆုံးအားဖြင့် တရုတ်ဆရာဝန်တချို့က
စောစီးစွာ ဖေါ်ထုတ်နိုင်ခဲ့ကြတယ်။ -
3:20 - 3:24LB: ခြောက်လ အချိန်ကြာခဲ့တဲ့
၂၀၀၂ ခုနှစ် SARS နဲ့စာရင် စောခဲ့ပါတယ်။ -
3:24 - 3:26အခုဟာက ခြောက်ပတ်လောက်ကြာခဲ့တယ်။
-
3:26 - 3:29ဖေါ်ထုတ်မှု ဆိုတဲ့ထဲမှာ တွေ့ရှိမှုသာမက
-
3:29 - 3:31အဲဒါဘာလဲ ဆိုတာကို သိမှုလည်း
အကျုံးဝင်ပါတယ်။ -
3:31 - 3:34ကျနော် အဲဒီအချက်တွေကို
အမှတ်တွေနဲ့ အသေးစိတ် ပြောပြပါမယ်။ -
3:34 - 3:38ပွင့်လင်းမြင်သာမှု၊ ဆက်သွယ်ပြောပြမှုကလည်း
ထည့်တွက်ရမယ့် အချက်တွေပါ။ -
3:40 - 3:43CA: ဒီလိုဆိုရင် ရှုံးသူတွေလို့ ခင်ဗျားက
-
3:43 - 3:46အမှတ်ပေးလိုက်တဲ့ နိုင်ငံတွေရဲ့
အရေးကြီးဆုံး အမှားက ဘာလဲလို့ ယူဆပါသလဲ။ -
3:47 - 3:49LB: ကျနော်စိတ်ထင် ကြောက်ရွံ့မှု၊
-
3:49 - 3:53နိုင်ငံရေး အရည်အချင်းမပြည့်မှု၊
စွက်ဖက်ခဲ့မှုဟာ -
3:53 - 3:55အဲဒါကို လေးလေးနက်နက် ထည့်မတွက်ခဲ့မှုပါ၊
-
3:55 - 3:57အဲဒါဟာ လူသားရဲ့ သဘာဝပဲလေ။
-
3:57 - 3:59သမိုင်းတစ်လျှောက် လေ့လာကြည့်ရင်၊
-
3:59 - 4:03ကမ္ဘာ့ကူးစက်မြန်ရောဂါ ဖြစ်တိုင်း အစတွင်
ငြင်းကွယ်ခဲ့ကြပြီး သံသယ ဖြစ်ခဲ့ကြတယ်။ -
4:03 - 4:05ဒါပေမဲ့ လျင်မြန်စွာ
လုပ်ဆောင်ခဲ့ကြတဲ့ နိုင်ငံတွေ၊ -
4:06 - 4:08ပြီးတော့ တောင်ကိုရီးယားလို
အစနှေးခဲ့ကြတဲ့ နိုင်ငံတွေတောင် -
4:08 - 4:12အဲဒါကို ထိန်းချုပ်နိုင်ခဲ့ကြပြီး
တကယ့်ကို တော်ခဲ့ကြပါတယ်။ -
4:12 - 4:15ကျုပ်တို့ဟာ နှစ်လကာကို
ဆုံးရှုံးခဲ့ကြပါတယ်။ -
4:15 - 4:19ကျုပ်တို့ဆီမှာ ဆင့်ကဲဆင့်ကဲ
ကူးစက်မြန်တဲ့ ဗိုင်းရပ်စ် ရှိနေပြီး -
4:19 - 4:21စတင်တိုက်ပွဲဝင်တာက နှစ်လကြာမှဖြစ်ခဲ့တယ်။
-
4:21 - 4:23အဲဒါ ကောင်းတဲ့ စိတ်ကူး မဟုတ်ဘူး၊ Chris။
-
4:23 - 4:25CA - ဟုတ်ပါတယ်၊ မကောင်းပါဘူး။
-
4:25 - 4:28ပြီးတော့ အခုထက်ထိကို ဒီဗိုင်းရပ်စ်နဲ့
ပတ်သက်ပြီး မရှင်းလင်း ရှုပ်ထွေးနေတာတွေ -
4:28 - 4:30အများကြီး ရှိနေတုန်းပါ။
-
4:30 - 4:33သိပ္ပံပညာရှင်တွေဟာ
အရေးကြီးဆုံး ကိန်းဂဏန်း နှစ်ခုဖြစ်တဲ့ -
4:33 - 4:36ကူးစက်နှိုင်စွမ်းနဲ့
သေဆုံးမှုနှုန်းနဲ့ ပတ်သက်ပြီး -
4:36 - 4:40ဘယ်လိုများ ကောက်ချက်ချမယ် ထင်ပါသလဲ။
-
4:41 - 4:44LB: ကျုပ်တို့ ဦးနှောက်ထဲမှာ
ညီမျှခြင်း တစ်ခုလို စဉ်းစားရာတွင် -
4:44 - 4:48ဗိုင်းရပ်စ်ဟာ အဓိကအကြောင်းရင်း သုံးခုကို
လိုက်ပြီး လှုပ်ရှားတာကို ထည့်တွက်ရမယ်။ -
4:48 - 4:50တစ်ခုက R0 ပါ၊
-
4:50 - 4:55ဗိုင်းရပ်စ်ပိုး စပေါ်လာချိန်မှာ
တဆင့်ကူးလိုက်တဲ့ ပထမဦးဆုံး အရေအတွက်ပါ။ -
4:55 - 4:57ဒီကိစ္စထဲမှာ၊
-
4:57 - 5:00လုတွေဟာ ၂.၂၊ ၂.၄ ကို ထောက်ပြနေကြတယ်။
-
5:00 - 5:03ဒါပေမဲ့ လွန်ခဲ့တဲ့ သုံးပတ်တုန်းက
တကယ့်ကို အရေးပါတဲ့ စာတမ်းတစ်ခု -
5:03 - 5:07"Emerging Infectious Diseases"
ဂျာနယ်မှာ ဖေါ်ပြခဲ့ရာ -
5:07 - 5:09Wuhan ဒေတာကို ပြန်ဆန်းစစ်ကြည့်လိုက်တော့
-
5:09 - 5:11လက်တွေ့မှာ ၅.၇ ရှိကြောင်း ရေးထားတယ်။
-
5:11 - 5:12ဒီတော့ သိပ်ငြင်းခုံမနေကြဘဲ၊
-
5:13 - 5:16ဗိုင်းရပ်စ်ဟာ ၂.၂ နဲ့ ၅.၇ အကြားရှိ
ထပ်ကိန်းနှုန်းနဲ့ -
5:16 - 5:20ကူးစက်ပျံ့နှံ့နေတယ်လို့ လက်ခံကြပါစို့။
-
5:21 - 5:22နောက် အရေးပါတဲ့ အချက်နှစ်ချက်တို့က
-
5:22 - 5:25ရောဂါပျိုးချိန် ဒါမှမဟုတ်
မျိုးဆက်ပေါက်ဖွားမှုကာလပါ။ -
5:25 - 5:26အဲဒီအချိန်ဟာ ကြာလေလေ
-
5:26 - 5:29ကျုပ်တို့အကြားမှာ ကူးစက်မြန်ကပ်ရောဂါ
ပျံ့နှံ့မှု နှေးလေလေပါ။ -
5:29 - 5:33အဲဒီကာလဟာ သိပ်တိုရင်၊ ဥပမာ ခြောက်ရက်
ဆိုရင်၊ လျှပ်တပြက်အတွင်း ပျံ့နှံ့လာမှာပါ။ -
5:33 - 5:35ပြီးတော့ နောက်ဆုံးနဲ့အရေးကြီးဆုံး အချက်က-
-
5:35 - 5:37မကြာခဏဆိုသလို မျက်စိလျှံမိကြတာက-
-
5:37 - 5:39ကူးစက်လွယ်သူတို့ရဲ့ ထူထပ်စွာ နေထိုင်မှုပါ။
-
5:39 - 5:40ဒီဗိုင်းရပ်စ်ဟာ အသစ်တစ်ခုပါ၊
-
5:40 - 5:44ဒီတော့ ဘယ်လောက်များတဲ့ လူတွေ အဲဒါ
ကူးနိုင်ခြေရှိတာ ကျုပ်တို့ သိချင်ကြတယ်။ -
5:44 - 5:47ပိုးသစ်ဆိုတော့ ကျုပ်တို့ ရှစ်ဘီလီယံစလုံး
အကျုံးဝင်ကြပါတယ်။ -
5:47 - 5:49ကမ္ဘာကြီးမှာ အခုပေါ်လာတဲ့ ဗိုင်းရပ်စ်ဟာ
-
5:49 - 5:52ကျုပ်တို့ အားလုံးကို
ကူးစက်လွယ်သူအဖြစ် ခံယူပါတယ်။ -
5:52 - 5:54ကျုပ်တို့ရဲ့ အသားအရောင်၊
ကျုပ်တို့ရဲ့ လူမျိုး၊ -
5:54 - 5:57ကျုပ်တို့ရဲ့ ချမ်းသာကြွယ်ဝမှု၊
ဘာမှ အရေးမပါပါဘူး။ -
5:57 - 6:00CA- ခင်ဗျား အခုအထိ ပြောပြခဲ့တဲ့
ကိန်းဂဏန်း တစ်ခုမှာမှ -
6:00 - 6:05ကြည့်ကြည့်ရင် မကြာသေးတဲ့ နှစ်များတုန်းက
အခြားကူးစက်မှုတွေနဲ့ သိပ်မခြားနားကြပါဘူး။ -
6:05 - 6:08ဒါပေမဲ့ ဒီကူးစက်ရောဂါကို ဒီလို ကြောက်စရာ
ဖြစ်လာစေခဲ့တဲ့ အကြောင်းတွေက ဘာတွေများလဲ။ -
6:08 - 6:11LB- ဟုတ်ကဲ့၊ အခုကိစ္စထဲမှာ ပေါင်းစပ်မိတာက
-
6:11 - 6:15ရောဂါပျိုးချိန် တိုခြင်းနဲ့
ကူးစက်နှုန်း မြင့်မားလှမှုပါ။ -
6:16 - 6:21ဒီအခမ်းအနားကို တက်လာတဲ့ လူတိုင်းဟာ
ဒီရောဂါ ဖြစ်နေသူ တစ်ဦးဦးကို သိရှိကြပါတယ်။ -
6:21 - 6:25တော်တော်များများတို့ဟာ ကိုယ့်ချစ်ခင်သူကို
ဆုံးရှုံးခဲ့ရတာ ဝမ်းနည်းစရာပါ။ -
6:25 - 6:29ဒီရောဂါဟာ ပြင်းထန်ရင် ကြောက်မက်စရာကြီးပါ။
-
6:29 - 6:32အရေးပေါ် ဆေးခန်းများမှ
ပြီးတော့ တစ်ကမ္ဘာလုံးရှိ -
6:32 - 6:36ICU ယူနစ်များတွင် ကုသပေးနေကြရတဲ့
ဆရာဝန်များထံမှ -
6:36 - 6:37ကျနော့ကို ဖုန်းခေါ်ပြီး-
-
6:37 - 6:41"ကျနော် ဘယ်သူကို အသက်ကယ်တင်ရမလဲ၊
ဘယ်သူ့ကို သေစေရမှာလဲ၊ -
6:41 - 6:45ကုသဖို့ ကျနော့ဆီမှာ ရှိတဲ့ ကိရိယာတွေ
သိပ်ကို နည်းလှပါတယ်" လို့ မေးကြတယ်။ -
6:45 - 6:47တကယ့်ကို ကြောက်လန့်စရာ ရောဂါပါ၊
-
6:47 - 6:50လေမှုတ်စက် အဆုတ်ထဲ တပ်ထားရင်း သေဆုံးရတယ်၊
-
6:50 - 6:53ပြီးတော့ ဒီရောဂါဟာ ခန္ဓာကိုယ်
အစိတ်အပိုင်းအားလုံးကို ထိခိုက်စေနိုင်တယ်။ -
6:53 - 6:55အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလို့
-
6:55 - 6:57ယူဆမှုဟာ အထင်လွဲမှားစေနိုင်တယ်။
-
6:57 - 6:58တုပ်ကွေးပါလို့ ထင်စရာ ရှိပါတယ်။
-
6:58 - 7:01ဒီကြားထဲ ကျောက်ကပ် ရောဂါရှိလို့
ဆီးထဲတွင် သွေးပါသူတွေ၊ -
7:01 - 7:02အူရောင်ရမ်းနာရောဂါ ရှိသူတွေ၊
-
7:02 - 7:04မကြာခဏ နှလုံး ပြဿနာရှိခဲ့သူတွေလည်း
-
7:04 - 7:07အများအပြား ရှိနေကြပြီး၊
-
7:07 - 7:11အဲဒီရောဂါဟာ အရသာနဲ့ အနံ့ခံမှုကို၊
ဂန္ဓာရုံ အာရု့ကြောတွေကို ထိခိုက်စေတာကို -
7:11 - 7:13အဆုတ်ကို ဒုက္ခပေးတာ ကျုပ်တို့ သိကြတယ်။
-
7:13 - 7:15ကျနော် မေးမိတဲ့မေးခွန်းက-
-
7:15 - 7:18ထိခိုက်မခံရတဲ့
အင်္ဂါအစိတ်အပိုင်း ရှိသေးလား။ -
7:18 - 7:19ဒါတွေကို ထည့်စဉ်းစားလိုက်တော့
-
7:19 - 7:22ကျနော်ဟာ ကျောက်ရောဂါကို
သိပ်ကို သတိရမိပါတယ်။ -
7:22 - 7:25CA- ဒီတော့ ကျုပ်တို့ဟာ
ဘာလုပ်ရမှန်း မသိဖြစ်နေတယ်။ -
7:26 - 7:29ဒီလို အခြေအနေထဲကနေပြီး
ရှေ့ဆက်ဖို့ လမ်းက ဘာလဲ။ -
7:30 - 7:32LB: ရှေ့ဆက်ရမယ့် လမ်းက အရင်အတိုင်းပါပဲ။
-
7:32 - 7:33အလျင်အမြန် ဖေါ်ထုတ်ဖို့၊
-
7:33 - 7:35အလျင်အမြန် တုံ့ပြန်ဖို့ပါ။
-
7:35 - 7:36ရောဂါဖြစ်မှုတိုင်းကို ရှာပြီး
-
7:36 - 7:39ထိတွေ့ခဲ့မှုအားလုံးကို
ဖေါ်ထုတ်ဖို့ လိုတယ်။ -
7:39 - 7:42ထိတွေ့ခဲ့သူတွေကို ခြေရာခံပေးတဲ့
အံ့ဖွယ် နည်းပညာတွေ ကျုပ်တို့မှာ ရှိတယ်၊ -
7:42 - 7:45စမ်းသပ်ရေး ပစ္စည်းအစုံ၊
ဗိုင်းရပ်စ် တိုက်ဖျက်ရေး ဆေးတွေ၊ -
7:45 - 7:49ကာကွယ်ဆေးတွေ ရှာကြံတီထွင်ဖို့ မြန်ဆန်စွာ
အားထုတ်နေကြတဲ့ သိပ္ပံပညာရှင် ရှိကြတယ်။ -
7:49 - 7:52ကျုပ်တို့ဟာ ဗုဒ္ဓဘာသာဝင်တွေ ပြောဆိုကြသလို
-
7:52 - 7:54အချိန်ကို နှေးလာစေဖို့ ကြိုးပမ်းကြရပါမယ်၊
-
7:54 - 7:58အဲဒါမှ ဒီကိစ္စမှာ ကျုပ်တို့က ကျုပ်တို့ရဲ့
အသည်းနှလုံးကိုနှစ်မြှုပ်ပေးနိုင်ကြမှာပါ။ -
7:58 - 8:01ကျုပ်တို့ဟာ ဗိုင်းရပ်စ်ရဲ့ အရှိန်အဟုန်ကို
လျှော့ချပစ်ရန် လိုပါတယ်၊ -
8:01 - 8:04ကျုပ်တို့က လူမှုအလှမ်းခွာမှုကို
လုပ်လာရတာ အဲဒါကြောင့်ပါ။ -
8:04 - 8:05အားလုံး ရှင်းရှင်းလင်းလင်း ဖြစ်ဖို့
-
8:05 - 8:08မျဉ်းကွေးပြေလျော့မှု၊
လူမှုအလှမ်းခွာမှုတို့က -
8:08 - 8:11ရောဂါဖြစ်ပွားမှုရဲ့ ပကတိအရေအတွက်ကို
မပြောင်းလဲစေနိုင်ပါဘူး၊ -
8:11 - 8:15ဒါပေမဲ့ အဲဒါတွေက ထိပ်ဟာ တစ်ခဏအတွင်းမှာ
Mount Fuji လို -
8:15 - 8:16ထိုးထက်မသွားဖို့ အတွက်ပါ၊
-
8:16 - 8:21ပြီးတော့ ဆေးရုံခုတင်နေရာကို လူတွေ အလုအယက်
ရှာကြရမှာကို ကျုပ်တို့ ရှောင်ချင်ကြတယ်၊ -
8:21 - 8:25နှလုံးရောဂါရှိသူတွေ၊ ဓာတုကုထုံး လိုအပ်သူ၊
ကလေးမွေးရာမှာ အခက်အခဲရှိသူတွေ၊ -
8:25 - 8:26ဆေးရုံတက် ကုသခွင့် ရှိစေလိုကြတယ်၊
-
8:26 - 8:30အဲဒါတွေအတွက် ကျုပ်တို့ဟာ ရှိစုမဲ့စု
ရင်းမြစ်တွေကို သုံးဖို့ လိုပါတယ်၊ -
8:30 - 8:32အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ
ကုသပေးဖို့ -
8:32 - 8:33အခက်အခဲတွေ အများကြီး ရှိပါတယ်။
-
8:33 - 8:35ဒီတော့ အရှိန်အဟုန်ကို လျှော့ချကြပါစို့၊
-
8:35 - 8:37ကူးစက်ရောဂါရဲ့
အရှိန်ကို နှိမ့်ချပစ်ကြပါစို့၊ -
8:37 - 8:41ပြီးရင် ဆူးငြောင့်တွေကို ကျော်လွှားရင်း၊
လှိုင်းတွေအကြားမှာ၊ -
8:41 - 8:43အားအင်နှစ်ဆနှစ်ပြန်ဖြင့်
ခုန်အုပ် ထိန်းချုပ်လိုက်ပြီး -
8:43 - 8:45ကိစ္စတစ်ခုချင်းစီကို လိုက်ရှာပါ၊
-
8:45 - 8:47ထိတွေ့မှု တစ်ခုချင်းစီကို ခြေရာခံပါ၊
-
8:47 - 8:48ကိစ္စတိုင်းကို စစ်ဆေးပါ၊
-
8:48 - 8:52အဲဒီနောက်မှာ ခွဲခြားကန့်သတ်ထားဖို့
လိုအပ်သူကိုသာ ခွဲခြားကန့်သတ်ပါ၊ -
8:52 - 8:55ကျုပ်တို့ဆီမှာ ကာကွယ်ဆေး ပေါ်မလာတဲ့အထိ
အဲဒီလို လုပ်သွားဖို့ လိုပါတယ်။ -
8:55 - 8:59CA: ဒီအတိုင်းဆိုရင်၊ ကပ်ဘေး လျှော့ချရေး
အဆင့်ကို ကျုပ်တို့ ကျော်လွှားဖို့ လိုတယ်၊ -
9:00 - 9:03အဲဒီအဆင့်မှာ ကျုပ်တို့ဟာ အားလုံးကို
လော့ဒေါင်း လုပ်ဖို့ လိုတယ်၊ -
9:03 - 9:07ကိစ္စတစ်ခုချင်းစီကို ကျုပ်တို့ စပြီး
ကိုင်တွယ်နိုင်မယ့် အဆင့်ကို ရောက်တာနဲ့ -
9:07 - 9:09၎င်းတို့အတွက် ထိတွေ့မှုတွေကို ခြေရာခံပြီး
-
9:09 - 9:11တွေ့သူတွေကို သီးခြားစီ ကုသပေးကြရမယ်ပေါ့။
-
9:11 - 9:12ဒါပေမဲ့ အဲဒီလို လုပ်နိုင်ဖို့
-
9:12 - 9:16ကျုပ်တို့ဟာ ညှိနှိုင်းဆောင်ရွက်ဖို့၊
အစီအစဉ်တွေ ချမှှတ်ဖို့၊ -
9:16 - 9:19စည်းရုံးနိုင်ဖို့၊ ရင်းနှီးမြှုပ်နှံဖို့
လိုအပ်မယ် ထင်ပါတယ်၊ -
9:19 - 9:23ဒါပေမဲ့ အဲဒီလို လက္ခဏာတွေကို တချို့နိုင်ငံ
တွေမှာ ကျုပ်တို့ မမြင်ရသေးပါဘူး။ -
9:23 - 9:26ကျုပ်တို့ အဲဒါကို လုပ်နိုင်ပါ့မလား၊
ဘယ်လိုများ လုပ်နိုင်ကြမလဲ။ -
9:26 - 9:28LB: အို၊ ကျုပ်တို့ လုပ်နိုင်ကြပါတယ်ဗျာ။
-
9:28 - 9:31ထိုင်ဝမ်ဆိုရင် လုပ်နိုင်ခဲ့တာ
အားကျစရာကြီးပါ၊ -
9:31 - 9:33အိုက်စလန်လည်း သိပ်တော်ခဲ့တယ်၊
-
9:33 - 9:35ဂျာမနီ စသဖြင့် မတူတဲ့
မဟာဗျူဟာတွေ ကိုယ်စီနဲ့ -
9:35 - 9:36တောင်ကိုရီးယား အပါအဝင်ပေါ့လေ။
-
9:36 - 9:40အဲဒီလို အားထုတ်ရာတွင်၊
အရည်အချင်းရှိတဲ့ စီမံအုပ်ချုပ်မှု၊ -
9:40 - 9:42လေးလေးနက်ကန် ချဉ်းကပ်မှု၊
-
9:42 - 9:46ဗိုင်းရပ်စ်အကြောင်း နားထောင်ရမှာက နိုင်ငံ
ရေးသမားတွေ မဟုတ်ဘဲ သိပ္ပံပညာရှင်တွေပါ။ -
9:46 - 9:48ကျုပ်တို့ ဒါကို လုပ်နိုင်ကြတာ သေချာပါတယ်။
-
9:48 - 9:50လူတိုင်းကို ကျနော် သတိပေးချင်တာက-
-
9:50 - 9:53ဒါဟာ မကောင်းဆိုးဝါးတွေကြောင့်
ကမ္ဘာ့ပျက်ကိန်းမျိုး မဟုတ်ပါဘူး၊ -
9:53 - 9:56လူတွေ အစုလိုက်အပြုံလိုက်
သေကြေရမယ့် အဖြစ်လည်း မဟုတ်ပါဘူး။ -
9:56 - 10:00ကျုပ်တို့ထဲက ၉၈ - ၉၉ ရာခိုင်နှုန်းဟာ
အသက်ရှင် ကျန်ရစ်ခဲ့ကြမှာပါ။ -
10:00 - 10:03ကျုပ်တို့ဟာ ကျုပ်တို့ သိရှိထားသလို
ကိုင်တွယ် လုပ်ကိုင်ဖို့ လိုအပ်ပါတယ်၊ -
10:03 - 10:07ဒီလို လုပ်ဆောင်ရာတွင် ကျုပ်တို့ အကောင်း
ဆုံးပုံစံနဲ့ ကြိုးပမ်းဖို့ လိုပါတယ်။ -
10:07 - 10:09အိမ်မှာ ထိုင်နေဖို့ လိုအပ်သလို၊
-
10:09 - 10:13သိပ္ပံပညာရဲ့ ပါဝင်မှုနဲ့ ခေါင်းဆောင်ပိုင်း
တို့လည်း ပါဝင်ဖို့ လိုအပ်တယ်။ -
10:13 - 10:16CA- အနာဂတ်မှာ ဒီ့ထက်
ပိုပြီး ကြောက်မက်စရာ ကောင်းမယ့် -
10:16 - 10:17ရောဂါပိုးတွေ ပေါ်လာနိုင်ကြသေလား။
-
10:17 - 10:20ခင်ဗျားပြောပြခဲ့တဲ့ ကိန်းဂဏန်းတွေရဲ့
ပေါင်းစပ် သက်ရောက်မှုက -
10:20 - 10:23ပိုလို့ကို ဆိုးဝါးတဲ့
ပုံစံမျိုး ဖြစ်လာနိုင်လို့ -
10:23 - 10:26ကျုပ်တို့အနေနဲ့ အခုကို
ပြင်ဆင်ထားဖို့ လိုအပ်ပါသလား။ -
10:27 - 10:31LB: ဟုတ်ကဲ့၊ ကျောက်ရောဂါတုန်းက
R0 ဟာ ၃.၅ မှ ၄.၅ အထိ ရှိခဲ့တယ်၊ -
10:31 - 10:35အဲဒါဟာ လက်ရှိ COVID ရဲ့
ဖြစ်နိုင်ခြေပုံမျိုးလို့ ထင်ပါတယ်။ -
10:35 - 10:38ဒါပေမဲ့ ကျောက်ရောဂါဟာ
လူဦးရေ သုံးပုံတစ်ပုံကို သေစေခဲ့တယ်။ -
10:38 - 10:39ကျုပ်တို့ဆီမှာ ကာကွယ်ဆေး ရှိနေပြီ။
-
10:39 - 10:43ဒီတော့ ကျုပ်တို့ တွေ့မြင်နိုင်တဲ့
ပုံစံတွေက အမျိုးမျိုး ရှိနိုင်ပါတယ်။ -
10:43 - 10:45တကယ်တမ်း ကျနော် အစိုးရိမ်ဆုံး အချက်နဲ့
-
10:45 - 10:48"Contagion" ရုပ်ရှင်ကို ကျုပ်တို့
ရိုက်ကူးခဲ့တာ အကြောင်းရင်းက -
10:48 - 10:50စိတ်ကူးယဉ်ဗိုင်းရပ်စ် ရုပ်ရှင်
ရိုက်ခဲ့တာက -- -
10:50 - 10:52အဲဒါကို ကြည့်ခဲ့သူတို့ကို ထပ်ပြောချင်တာက၊
-
10:52 - 10:53အဲဒါဟာ စိတ်ကူးယဉ်ဇာတ်လမ်းပါ။
-
10:53 - 10:57လက်ရှိ ဗိုင်းရပ်စ်ထက် များစွာပိုသေစေတဲ့
ဗိုင်းရပ်စ်ကို ကျုပ်တို့ ဖန်တီးခဲ့တယ်။ -
10:57 - 10:59CA: အခုပြောနေတာက Netflix ပြပေးနေတဲ့
-
10:59 - 11:01"Contagion" ရုပ်ရှင် အကြောင်းပါ။
-
11:01 - 11:03အဲဒီမှာ ခင်ဗျားက အကြံပေး တစ်ဦးနော်။
-
11:03 - 11:04LB: ဟုတ်ကဲ့၊ မှန်ပါတယ်။
-
11:04 - 11:06ဒါပေမဲ့ ကျုပ်တို့ဟာ တကယ့်
ကမ္ဘာ့ကူးစက်မြန်ကပ်ရောဂါ ဆိုတာ -
11:06 - 11:09ဘယ်လို ပုံစံလဲဆိုတာ ပြပေးချင်လို့
-
11:09 - 11:12တော်တော့ကို ကြောက်မက်စရာ
ဗိုင်းရပ်စ်ကို တမင်ကို ရွေးခဲ့ကြတာပါ။ -
11:12 - 11:14အဲဒီရုပ်ရှင်ထဲ ကျုပ်တို့က
အဲဒီလို ပြသခဲ့ကြတဲ့ အကြောင်းရင်းက၊ -
11:14 - 11:17လင်းနို့ကနေ ပန်းသီးဆီ၊
-
11:17 - 11:19ဝက်ဆီ၊ ထမင်းချက် Gwyneth Paltrow ဆီကို
-
11:20 - 11:24ကူးစက်ပြသခဲ့တာက ကျုပ်တို့ရဲ့
သဘာဝထဲမှာ ကြုံတွေ့ရတဲ့ ခုန်ကူးမှုကို၊ -
11:24 - 11:26တိရိစ္ဆာန်ထံမှ ရတဲ့ ရောဂါတွေ၊
-
11:26 - 11:29တိရိစ္ဆာန်တွေရဲ့ ရောဂါတွေ လူတွေဆီကို
ခုန်ကူးမှုကို ပြချင်လို့ပါ။ -
11:29 - 11:32ကျနော်ဟာ ဆယ်စုနှစ် သုံးစု
နောက်ကို ပြန်ကြည့်ရင်၊ -
11:32 - 11:34ဒါမှမဟုတ် ဆယ်စုနှစ်သုံးစု
အနာဂတ်ဆီ ကြည့်ရင်၊ -
11:34 - 11:38လွန်ခဲ့တဲ့ နှစ်သုံးဆယ်ကို
ကြည့်ကြည့်ရင် Ebola၊ SARS၊ Zika၊ -
11:38 - 11:39ဝက်တုပ်ကွေး၊ ငှက်တုပ်ကွေး၊ West Nile၊
-
11:39 - 11:42စသဖြင့် ကျုပ်တို့ စာရင်းရှည်ကြီးကို
ပြုစုနိုင်မှာ ဖြစ်ပြီး -
11:42 - 11:46အသံမျိုးစုံနဲ့ နာမည်တွေကို
ကြားနိုင်ကြမှာပါ။ -
11:46 - 11:50ဒါပေမဲ့၊ လူသားတွေဆီ ခုန်ကူးစက်နိုင်ခဲ့တဲ့
ဗိုင်းရပ်စ် အသစ်တွေ ၃၀ မှ ၅၀ အထိရှိခဲ့တယ်။ -
11:50 - 11:53အနာဂတ်ဆီကို မျှော်ကြည့်မယ်ဆိုရင်၊
ကျနော် စိုးရိမ်မိတာက -
11:53 - 11:56ကျုပ်တို့ဟာ ကူးစက်မြန်ကပ်ရောဂါတွေရဲ့
ခေတ်ထဲမှာ နေထိုင်နေကြရတယ်၊ -
11:56 - 11:58အဲဒါနဲ့ ကိုက်ညီအောင်
ကျုပ်တို့ ပြုမူဖို့ လိုအပ်တယ်၊ -
11:58 - 12:01တစ်ခုတည်းသော ကျန်းမာရေးကို
ကျင့်ကြံဖို့ လိုပါတယ်၊ -
12:01 - 12:03ကျုပ်တို့ လူသားတွေဟာ
တစ်ခုတည်းသော ကမ္ဘာကြီးပေါ်တွင် -
12:03 - 12:06သတ္တဝါတွေအဖြစ် ဘုံပတ်ဝန်းကျင်ထဲမှာ
နေထိုင်နေကြရတာကို သိနားလည်ရန်၊ -
12:06 - 12:10ကျုပ်တို့ဟာ အထူးမျိုးစိတ်တွေပါ ဆိုတဲ့
စိတ်ကူးတွေကို စွန့်လွှတ်ပစ်အပ်ပါတယ်။ -
12:10 - 12:13ဗိုင်းရပ်စ်အတွက် ကျုပ်တို့ဟာ
ဘယ်လိုမှ မထူးကြပါဘူး။ -
12:13 - 12:14CA: အင်း။
-
12:14 - 12:16ခင်ဗျား ပြောတဲ့ထဲမှာ
ကာကွယ်ဆေး ပါခဲ့တယ်နော်။ -
12:16 - 12:20ကာကွယ်ဆေး ဖေါ်ထုတ်ဖို့ အရှိန်မြှင့်
လုပ်ကိုင်နေတာ ခင်ဗျား သတိထားမိသလား။ -
12:20 - 12:21LB: ဟုတ်ကဲ့၊ ရှိပါတယ်။
-
12:21 - 12:24ကျနော် တကယ့်ကို
စိတ်လှုပ်စားစရာ အချက်တချို့က -
12:24 - 12:27ကွန်ပျူတာသိပ္ပံပညာထဲမှာသာ
စဉ်းစားလို့ ရနိုင်ခဲ့တာတွေပါ၊ -
12:27 - 12:30အဲဒီနည်းဖြင့် ကျုပ်တို့ အမြဲတမ်း
လုပ်ကိုင်ခဲ့ကြတာကို ပြောင်းလဲနေကြတယ်၊ -
12:30 - 12:32အမြဲတမ်းဆိုသလို ကာကွယ်ဆေး တီထွင်ရာတွင်
-
12:32 - 12:35ဆင့်ကဲဆင့်ကဲ လုပ်ခဲ့ရတာတွေ အများကြီးပါပဲ။
-
12:35 - 12:39ဘေးကင်းမှုဆိုင်ရာ စမ်းသပ်ခဲ့ရတယ်၊
ပြီးရင် ထိရောက်မှုကို စမ်းသပ်ခဲ့ရတယ်၊ -
12:39 - 12:41အဲဒီနောက် စွမ်းထက်မှုကို စမ်းသပ်ခဲ့ရတယ်။
-
12:41 - 12:43အဲဒါတွေပြီးမှ ထုတ်လုပ်နိုင်ခဲ့တယ်။
-
12:43 - 12:45အခုတော့ ခုနက အဆင့်တွေ သုံးလေးခုစလုံးကို
-
12:45 - 12:48တစ်ဆင့်ပြီး တစ်ဆင့် လုပ်မယ့်အစား
တပြိုင်နက်တည်း လုပ်နေကြတယ်။ -
12:48 - 12:51Bill Gate ပြောပြခဲ့တာက နောက်ဆုံး ထုတ်လုပ်
ဖြစ်မယ့် ကာကွယ်ဆေးကို အခုမသိရသေးပေမဲ့ -
12:51 - 12:54ကာကွယ်ဆေးပေါ်လာတာနဲ့ စတင် ထုတ်လုပ်ဖို့
အမေရိကန် ပြည်ထောင်စုတွင် -
12:54 - 12:57ကာကွယ်ဆေးကို ပြင်ဆင်
ထုတ်လုပ်ကြမယ့် စက်ရုံလိုင်း -
12:57 - 13:00ခုနစ်ခုကို အသင့်စီစဉ်ထားပြီးပါပြီ။
-
13:00 - 13:04တပြိုင်နက်တည်း ဘေးကင်းမှု စမ်းသပ်မှုကိုရော
စွမ်းထက်မှု စမ်းသပ်မှုကိုပါ လုပ်နေကြပါပြီ။ -
13:04 - 13:06NIH လည်း ထကူညီလာနေပြီလို့ ထင်ပါတယ်။
-
13:06 - 13:09ဒါတွေကို မြင်ရတော့
ကျနော် သိပ်ကို ဝမ်းသာကျေနပ်မိပါတယ်။ -
13:09 - 13:13CA- ခင်ဗျား ပြောပြတာတွေရဲ့ အချိန်ကာလ
ဘောင်တွေ ဘယ်လိုများ ရှိမယ် ထင်ပါသလဲ။ -
13:13 - 13:16တစ်နှစ်၊ ၁၈ လ အတွင်း ဖြစ်နိုင်ခြေရှိလား။
-
13:16 - 13:19LB: ခင်ဗျားသိတဲ့ အတိုင်း၊ ဒီကိစ္စထဲမှာ
Tony Fauci ဟာ ထိပ်ဆုံး ပါရဂူပါ။ -
13:19 - 13:21သူအဆိုအရ ၁၂ လမှ ၁၈ လ အတွင်းမှာပါ။
-
13:21 - 13:25တကယ်တမ်းကျတော့ ကနဦးပေါ်လာမယ့်
ကာကွယ်ဆေးဟာ အဲဒီထက် စောမယ် ထင်တယ်။ -
13:25 - 13:28ဒါပေမဲ့ ဒီဗိုင်းရပ်စ်ဟာ ကျုပ်တို့အား
-
13:28 - 13:31ကျောက်ရောဂါအတွက် ရရှိနိုင်ခဲ့သလို
ရေရှည် ကိုယ်ခံစွမ်းအား ရရှိခွင့်ကို -
13:31 - 13:33ပေးမှာမဟုတ်ဘူးလို့ ပြောဆိုနေကြပါတယ်။
-
13:33 - 13:37အဲဒါကြောင့်မို့လို့ ကာကွယ်ဆေးကို တီထွင်စဉ်
ဖြည့်စွက်ပစ္စည်း တချို့ကို ထည့်ပေးလျက် -
13:37 - 13:41ကာကွယ်ဆေးအနေနဲ့
ရောဂါကိုယ်၌ထက် ပိုကောင်းတဲ့ -
13:41 - 13:44ကိုယ်ခံစွမ်းအားကို ဖန်တီးပေးနိုင်မှာမို့၊
-
13:44 - 13:47နှစ်ပေါင်းများစွာကြာ ခံနိုင်မယ့်
ကိုယ်ခံစွမ်းအားကို ပေးနိုင်ကြမယ်။ -
13:47 - 13:49အဲဒါဟာ နည်းနည်းလေး အချိန်ပိုကြာပါမယ်။
-
13:49 - 13:51CA: နောက်ဆုံး မေးခွန်းပါရစေ၊ Larry။
-
13:51 - 13:54၂၀၀၆ ခုနှစ်တုန်းက TED ဆုကို
ရရှိခဲ့သူ တစ်ဦးအနေဲ့ -
13:54 - 13:57လိုချင်တာတစ်ခုကို ဆုတောင်းခွင့် ရရှိခဲ့ရာ၊
-
13:57 - 14:00ခင်ဗျားက အခုဖြစ်ပျက်နေတဲ့ ကူးစက်မြန်
ရောဂါမျိုးကို ဟန့်တားနိုင်မယ့် -
14:00 - 14:03အသင့်ဖြစ်ရေး စနစ်ကို ကမ္ဘာကြီး ဖန်တီး
နိုင်ပါစေလို့ ခင်ဗျား ဆုတောင်းခဲ့တယ်။ -
14:03 - 14:06ကမ္ဘာကြီးဟာ ဆုတောင်းခဲ့သလို
မလုပ်ဆောင်နိုင်ခဲ့ဘူး ထင်ပါတယ်။ -
14:06 - 14:09ဒီနေ့တွင် ထပ်ပြီး ဆုတောင်းလို့ ရမယ်ဆိုရင်
-
14:09 - 14:10ဘာကိုများ ဆုတောင်းမလဲ။
-
14:10 - 14:13LB: ဖေါ်ထုတ်မှု နှုန်းအရ ကျုပ်တို့
ကျရှုံးခဲ့တယ်လို့ ကျနော် မထင်ပါဘူး။ -
14:13 - 14:15တကယ်တော့ ကျနော်ဟာ အတော်လေး ကျေနပ်မိပါတယ်။
-
14:15 - 14:18ကျုပ်ုတိ့ ၂၀၀၆ ခုနှစ်မှာ
တွေ့ဆုံခဲ့စဉ်တုန်းက၊ -
14:18 - 14:21တိရစ္ဆာန်မှ လူဆီကို ခုန်ကူးကြတဲ့
ဗိုင်းရပ်စ်တွေကို ဖေါ်ထုတ်ဖို့ -
14:21 - 14:23ပျမ်းမျှအားဖြင့် အချိန်
ခြောက်လ ကြာခဲ့တယ် -- -
14:23 - 14:25Ebola ရဲ့ သာဓကထဲမှာ ဆိုပါစို့။
-
14:25 - 14:28အခုကျတော့ ကျုပ်တို့ဟာ ပထမဦးဆုံး ဖြစ်မှုကို
နှစ်ပတ်အတွင်း ရှာတွေ့ခဲ့ကြတယ်။ -
14:29 - 14:30ဒါဟာ သိပ်ကျေနပ်စရာ မကောင်းပါဘူး၊
-
14:30 - 14:34ဖြစ်နိုင်ရင် အဲဒါကို ကျနော်ဟာ
ရောဂါပျိုးချိန်အထိ လျှော့ချချင်တယ်။ -
14:34 - 14:36တကယ်တော့ ဒါဟာ
ပိုလို့ကို ကြီးကျယ်တဲ့ ပြဿနာပါ။ -
14:36 - 14:39ကျောက်ရောဂါတိုက်ဖျက်ရေးအစီအစဉ်ထဲမှာ
ကျနော် သတိထားမိတာက -
14:39 - 14:42အသားအရောင်မျိုးစုံ၊
ဘာသာအားလုံး၊ လူမျိုးအားလုံး၊ -
14:42 - 14:44နိုင်ငံပေါင်းများစွာမှ
-
14:44 - 14:45လက်တွဲပါဝင်ခဲ့ကြတယ်။
-
14:45 - 14:48အဲဒါဟာ ကမ္ဘာလုံးဆိုင်ရာ
ကူးစက်မြန်ကပ်ရောဂါကို -
14:48 - 14:51ကမ္ဘာ့အသိုင်းအဝိုင်းတွေ အားလုံး ပါဝင်ပြီး
ဖြေရှင်းလိုက်ကြတာပါ။ -
14:51 - 14:57ဒီနေ့တွင် ကျုပ်တို့ဟာ ဗဟိုခွာအင်အားတွေရဲ့
သားကောင်တွေဖြစ်လာတယ်လို့ ခံစားမိတယ်။ -
14:57 - 15:02ကျုပ်တို့ဟာ ကိုယ့်နိုင်ငံအလိုက်
ဘောင်တွေ ခတ်လာကြပါတယ်။ -
15:02 - 15:04ကျုပ်တို့အားလုံး လက်တွဲပါဝင်သင့်တာကို
မခံယူသရွေ့ -
15:04 - 15:08ကျုပ်တို့ဟာ ကူးစက်မြန်ကပ်ရောဂါကို
အောင်ပွဲခံ မရနိုင်ဘူးလို့ ယုံကြည်တယ်။ -
15:08 - 15:12ကုံရာသီခေတ်မို့လို့ ဒါမှမဟုတ် Kumbaya
ကြေညာစာတမ်းမို့လို့ မဟုတ်ပါဘူး၊ -
15:12 - 15:15ကမ္ဘာ့ကူးစက်မြန်ကပ်ရောဂါကြောင့်
ကျုပ်တို့ နားလည်ကြရမယ့် အချက်ပါ။ -
15:15 - 15:17ကျုပ်တို့ အားလုံးဟာ
အဲဒီထဲမှာ ပါဝင်နေကြရတယ်၊ -
15:17 - 15:20ကမ္ဘာလုံးဆိုင်ရာ ပြဿနာအတွက်
ကမ္ဘာလုံးဆိုင်ရာ အဖြေလိုအပ်ပါတယ်။ -
15:20 - 15:23အဲဒီလို မဟုတ်တဲ့ ဘယ်အရာကိုမှ
ကျုပ်တို့ မစဉ်းစားအပ်ပါဘူး။ -
15:24 - 15:26CA: Larry Brilliant ကို ကျေးဇူးတင်ပါတယ်။
-
15:26 - 15:29LB: ခင်ဗျားကိုလည်း
ကျေးဇူးတင်ပါတယ်၊ Chris ။
- Title:
- ကမ္ဘာ့ကူးစက်မြန်ရောဂါအတွက် တစ်ကမ္ဘာလုံးဆိုင်ရာ ဖြေရှင်းနည်းကို လိုအပ်နေခြင်း
- Speaker:
- Larry Brilliant
- Description:
-
ကပ်ရောဂါပါရဂူဖြစ်တဲ့ Larry Brilliant က TED မှ Chris Andersonနဲ့ သိပ်ကို အရေးပါတဲ့ တွေဆုံမေးမြန်းခန်းမှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါ ကူးစက်ပျံ့နှံ့မှု အချက်အလက်များနဲ့ ကိန်းဂဏန်းတွေကို ဆန်းစစ် ဆွေးနွေးထားပါတယ်။ Brilliant က ကမ္ဘာ့ကူးစက်မြန်ရောဂါကို အဆုံးသတ်ရေး ပြတ်သားတဲ့ အစီအစဉ်ကို ချမှတ်ပေးလျက် အဲဒါကို လက်လှမ်းမီ အောင်မြင်ဖို့အတွက် ပထဝီအရ၊ နိုင်ငံရေးအရ ကွဲပြားနေကြတဲ့ အင်အားတွေ အားလုံးတို့က လက်တွဲ လုပ်ကိုင်ကြဖို့ လိုအပ်တာကို ထောက်ပြထားပါတယ်။ "ဒါဟာ မကောင်းဆိုးဝါးတွေကြောင့် ကမ္ဘာ့ပျက်ကိန်းမျိုး မဟုတ်ပါဘူး၊" "ကျုပ်တို့ဟာ အကောင်းဆုံးပုံစံနဲ့ ကြိုးပမ်းဖို့ လိုပါတယ်။" သူက လှုံ့ဆော်ထားပါတယ်။ (၂၀၂၀ ခုနှစ် ဧပြီလ ၂၂ ရက်တွင် ရိုက်ကူးခဲ့တယ်)
- Video Language:
- English
- Team:
closed TED
- Project:
- TEDTalks
- Duration:
- 15:41
![]() |
Myo Aung approved Burmese subtitles for A global pandemic calls for global solutions | |
![]() |
Myo Aung edited Burmese subtitles for A global pandemic calls for global solutions | |
![]() |
Sanda Aung accepted Burmese subtitles for A global pandemic calls for global solutions | |
![]() |
Sanda Aung edited Burmese subtitles for A global pandemic calls for global solutions | |
![]() |
Myo Aung edited Burmese subtitles for A global pandemic calls for global solutions | |
![]() |
Myo Aung edited Burmese subtitles for A global pandemic calls for global solutions |