ရှေးခတ် ရောမရဲ့ နာမည်ဆိုးနဲ့ အကျော်ကြားဆုံး ဆရာဝန်- Ramon Glazov
-
0:07 - 0:09၁၆ ရာစု အလယ်တုန်းက
-
0:09 - 0:15ထက်မြက်တဲ့ ခန္ဓာဗေဒပညာရှင်လေး Andreas
Vesalius က တုန်လှုပ်စရာ ရှာဖွေမှုတစ်ခုလုပ်ခဲ့တယ် -
0:15 - 0:19ကမ္ဘာပေါ်က အထင်ရှားဆုံး လူသား ခန္ဓာဗေဒ
စာအုပ်တွေဟာ မှားယွင်းနေတယ်ဆိုတာကိုပေါ့ -
0:19 - 0:23သူတို့က လူသားခန္ဓာကိုယ်ရဲ့ အသေးစိတ်တွေကို
ဖော်ပြဖို့ ပျက်ကွက်ခဲ့ရုံသာမက -
0:23 - 0:27မျောက်ဝံနဲ့ အခြားနို့တိုက်သတ္တဝါတွေရဲ့
အင်္ဂါတွေကိုပါဖော်ပြခဲ့တယ် -
0:27 - 0:29Vesalius က သူမှန်တဲ့ဆိုတာသိခဲ့ချိန်မှာတော့
-
0:29 - 0:33ဒီအမှားတွေကို ထုတ်ဖော်ကြေငြာတာက
ဆေးပညာသမိုင်းမှာ သြဇာအကြီးမားဆုံးဖြစ်တဲ့ -
0:33 - 0:37Galen of Pergamon ကို
စိန်ခေါ်သလိုဖြစ်ခဲ့တယ် -
0:37 - 0:39ဒါပေမယ့် ဒီလူက ဘယ်သူလဲ
-
0:39 - 0:46နှစ်ပေါင်း ၁၃၀၀ ကြာပြီးမှ ပေါ်လာတဲ့ ဆရာဝန်
တွေက ဘာလို့ သူ့ကို ကြောက်ရွံ့လေးစားတာလဲ -
0:46 - 0:49၁၂၉ CE မှာ မွေးဖွားခဲ့တယ်
-
0:49 - 0:54Galen က ဆယ်ကျော်သက်တည်းက အိမ်ကထွက်ပြီး
ဆေးပညာ သင်ယူဖို့ မြေထဲပင်လယ်ကို သွားခဲ့တယ် -
0:54 - 0:57အိမ်ပြန်ချိန်မှာ ခန္ဓာဗေဒကို စိတ်ဝင်စားတဲ့
ထူးချွန်တဲ့ ခွဲစိတ်ဆရာဝန်ဖြစ်နေပြီ -
0:57 - 1:00လူတွေကို ဆွဲဆောင်ရတာကိုလည်း နှစ်သက်တယ်
-
1:00 - 1:03သူရဲ့ နောက်ပါ ဆေးပညာရှင်တွေကို ပြသဖို့
-
1:03 - 1:06တက်ကြွစွာနဲ့ပဲ ခန္ဓာဗေဒ
ပြိုင်ပွဲတွေကို ဝင်ပြိုင်ခဲ့တယ် -
1:06 - 1:07သရုပ်ပြမှုတစ်ခုမှာတော့
-
1:07 - 1:12ဝက်တစ်ကောင်ရဲ့ အာရုံကြောတွေထဲက တစ်ခုကို
ချည်ပြီး ဝက်ရဲ့အသံ ပျောက်အောင် လုပ်ခဲ့တယ် -
1:12 - 1:18နောက်တစ်ခုမှာ မျောက်ကို ဗိုက်ခွဲပြီး သူ့
လုပ်ဖော်ကိုင်ဖက်တွေကို ပြန်ချုပ်ဖို့ စိန်ခေါ်တယ် -
1:18 - 1:20သူတို့မလုပ်နိုင်တဲ့အခါ သူလုပ်ခဲ့တယ်
-
1:20 - 1:25ဒီမိုက်ရူးရဲ လုပ်ဆောင်ချက်တွေက မြို့တော်ရဲ့
သတ်ပွဲတွေမှာ ခွဲစိတ်ဆရာဝန်အဖြစ် နေရာရခဲ့တယ် -
1:25 - 1:29နောက်ဆုံးတော့ သူက သတ်ကွင်းထဲကထွက်ပြီး
ရောမအင်ပါယာလေးခုရဲ့ -
1:29 - 1:32မိသားစု ဆရာဝန် ဖြစ်လာခဲ့တယ်
-
1:32 - 1:35သူ့ မိတ်ဆွေတွေက ရောဂါလက္ခဏာတွေနဲ့
ရင်းမြစ်တွေကို ငြင်းခုန်နေစဉ်မှာ -
1:35 - 1:38Galen က ခန္ဓာဗေဒကို သဲသဲမဲမဲလေ့လာခဲ့တယ်
-
1:38 - 1:42သူက အင်္ဂါတစ်ခုစီမှာ အထူးပြုတဲ့
လုပ်ဆောင်ချက်တွေရှိတယ်လို့ယုံကြည်ခဲ့တယ် -
1:42 - 1:46ရောမ အစိုးရက လူသားအလောင်းတွေနဲ့
စမ်းသပ်ဖို့ အဓိကထားကာ တားမြစ်တာကြောင့် -
1:46 - 1:50Galenက တိရစ္ဆာန်တွေနဲဲ့ ခွဲစိတ်စမ်းသပ်မှု
တွေ မရေမတွက်နိုင် အောင်ပြုလုပ်ခဲ့တယ် -
1:50 - 1:51ဒီလို အကန့်အသတ်တွေရှိပေမည့်လို့
-
1:51 - 1:57သူ့ရဲ့ မောပန်းဖွယ် လေ့လာမှုတွေက တိကျတဲ့
ကောက်ချက်ချမှုတချို့ကို ဖော်ထုတ်နိုင်ခဲ့တယ် -
1:57 - 2:00Galenရဲ့ အရေးပါဆုံး
ဖြန့်ဝေမှုတွေထဲကတစ်ခုကတော့ -
2:00 - 2:04ခန္ဓာကိုယ်ကို ထိန်းချုပ်တာဟာ
နှလုံးမဟုတ်ပဲ ဦးနှောက်ဆိုတာပါပဲ -
2:04 - 2:08သူက ဒီသီအိုရီကို နွားတကောင်ရဲ့
ခေါင်းကိုဖွင့်ပြီး အတည်ပြုပြခဲ့တယ် -
2:08 - 2:11နွားရဲ့ဦးနှောက် နေရာစုံကို ဖိကြည့်ရင်းကနေ
-
2:11 - 2:15အစိတ်အပိုင်းမျိုးစုံကို သီးခြား
လုပ်ဆောင်ချက်တွေနဲ့ ချိတ်ဆက်နိုင်ခဲ့တယ် -
2:15 - 2:19အခြား စမ်းသပ်ချက်တွေကတော့ အာရုံခံ နာ့ဗ်နဲ့
ကြွက်သား နာဗ့်တွေကို ခွဲခြားတတ်စေခဲ့တယ် -
2:19 - 2:22ဆီးကို ကျောက်ကပ်ထဲမှာ ပြုလုပ်တယ်ဆိုတာ
-
2:22 - 2:26အသက်ရှူတာကို ကြွက်သားနဲ့ နာဗ့်ကြောတွေက
ပြုလုပ်တယ်လို့ ကောက်ချက်ချခဲ့တယ် -
2:26 - 2:31ဒါပေမဲ့ ဒီဖြစ်ကတတ်ဆန်း စမ်းသပ်ချက်တွေက
အယူအဆမှား များစွာကို လည်း ဖြစ်ပေါ်စေခဲ့တယ် -
2:31 - 2:36Galen က သွေးတွေက ခန္ဓာကိုယ်ထဲမှာ အဆက်မပြတ်
စီးဆင်းနေတယ်ဆိုတာ သဘောမပေါက်ခဲ့ဘူး -
2:36 - 2:41သူယုံကြည်တာက အသည်းက မကုန်မခမ်းနိုင်တဲ့
သွေးတွေကို အဆက်မပြတ်ထုတ်ပေးပြီး -
2:41 - 2:46နောက်ဆုံးတော့ အခြားအင်္ဂါတွေကို သွားရင်း
ကုန်ဆုံးသွားတယ်လို့ထင်ခဲ့တယ် -
2:46 - 2:52Galen ကို ဟစ်ပိုခရေးတီးက ရာစုနှစ်များစွာ
စောပြီးမိတ်ဆက်ပေးခဲ့တဲ့လူသိများတဲ့ -
2:52 - 2:55ဓာတ်ကြီးလေးပါးသီအိုရီကို ပေါင်းစည်း
ပေးခဲ့လို့ပါ အသိအမှတ်ပြုကြတယ် -
2:55 - 2:59ဒါက ဆေးပညာဆိုင်ရာ ပြဿနာအများစုဟာ
-
2:59 - 3:03ခန္ဓာကိုယ်ထဲက အရည်လေးမျိုး မညီမျှလို့
ဆိုပြီးမှား ယွင်း လမ်းပြခဲ့တယ် -
3:03 - 3:07ဒီမညီမျှမှုကို ပြင်ဆင်ဖို့၊ ဆရာဝန်တွေက
အန္တရာယ်များတဲ့ ကုသမှုတွေဖြစ်တဲ့ -
3:07 - 3:10သွေးဖောက်ထုတ်တာမျိုးတွေလုပ်ခဲ့ကြတယ်
-
3:10 - 3:13တခါတလေမှာ သေနိုင်လောက်တဲ့
နောက်ဆက်တွဲတွေရှိပေမဲ့လို့ -
3:13 - 3:16Galen ရဲ့ သွေးလည်ပတ်စနစ်ပုံ
နားလည်မှုအားနည်းခြင်းဟာ -
3:16 - 3:19ဒီကုသနည်းတွေရဲ့ အမာခံ
ထောက်ခံအားပေးသူဖြစ်စေခဲ့တယ် -
3:19 - 3:23ကံမကောင်းစွာနဲ့ပဲ၊ Galen ရဲ့ အတ္တဟာ
သူ့ရဲ့ ရှာဖွေတွေ့ရှိချက်တွေက -
3:23 - 3:26အလွန်အရေးပါတယ်လို့ ယုံကြည်စေခဲ့တယ်
-
3:26 - 3:31ခန္ဓာဗေဒကစလို့ ၊ အာဟာရ နဲ့
လူနာကုတင်ဘေး အပြုအမှု စတာတွေအားလုံးကို -
3:31 - 3:36အသေးစိတ် အုပ်စုခွဲပြီး ကြာရှည်ခံအောင်
ကျမ်းပြုစုထားခဲ့တယ် -
3:36 - 3:37နောက်ထပ် ၁၃ ရာစုကျော်ကြာ
-
3:37 - 3:42Galenရဲ့ စုဆောင်းမှုတွေက ဆေးဘက်ဆိုင်ရာ
အမြင်တူတဲ့အဖွဲ့အားလုံးကို လွှမ်းမိုးခဲ့တယ် -
3:42 - 3:47မျိုးဆက်သစ်ဆရာဝန်တွေအတွက်
သူ့စာအုပ်တွေက စံပြုစရာတွေဖြစ်လာတယ် -
3:47 - 3:52သူတို့က ပြန်ပြီး Galen ရဲ့စိတ်ကူးတွေကို
အမွှမ်းတင်တဲ့ စာတမ်းတွေ ရေးခဲ့ကြတယ် -
3:52 - 3:55လူသားအလောင်းတွေကို တကယ်ခွဲစိတ်ခဲ့တဲ့
ဆရာဝန်တွေကတောင် -
3:55 - 3:59ခြားနားမှုရဲ့ ထင်ရှားတဲ့သက်သေတွေကို
မြင်နေရပေမဲ့လို့ -
3:59 - 4:02စိတ်ရှုပ်စွာနဲ့ပဲ Galen ရဲ့ အမှားတွေကို
ထပ်လုပ်မိကြတယ် -
4:02 - 4:06ထိုအချိန်မှာ ၊ ဆန့်ကျင်တဲ့ အယူအဆတွေကို
ထုတ်ဖော်တဲ့ ပညာရှင်တွေဟာ -
4:06 - 4:09လျစ်လျူရှခံရ လှောင်ပြောင်ခံကြရတယ်
-
4:09 - 4:14ပြန်လည်ဆန်းသစ်ရေးခေတ် ခန္ဓာဗေဒပညာရှင်
Vesalius က သူ့ကို ဆန့်ကျင်ထုတ်ဖော်မပြောခင် -
4:14 - 4:18နှစ်ပေါင်း ၁၃၀၀ လောက်ကြာအောင် Galenရဲ့
အမွေအနှစ်တွေကို တို့ထိလို့မရနိုင်ခဲ့ဘူး -
4:18 - 4:21ထင်ရှားတဲ့ သိပ္ပံပညာရှင်နဲ့
ကထိက တစ်ယောက်ဖြစ်တဲ့ -
4:21 - 4:24Vesaliusရဲ့သြဇာဟာ သူ့ခေတ်က
လူငယ် ဆရာဝန်တွေပေါ် လွှမ်းမိုးနိုင်ခဲ့တယ် -
4:24 - 4:27ဒါတောင်မှ၊ မှန်ကန်တဲ့
သွေးလည်ပတ်မှုအကြောင်း ဖော်ထုတ်ဖို့ -
4:27 - 4:31နောက်ထပ် နှစ်တွေရာနဲ့ချီကြာခဲ့တယ်
-
4:31 - 4:36ဓာတ်ကြီးလေးပါး အယူအဆ ပျောက်ဖို့ကလည်း
နောက်နှစ်ပေါင်း နှစ်ရာလောက်ကြာခဲ့တယ် -
4:36 - 4:39ယနေ့မှာတော့ Galenရဲ့ စမ်းသပ်ချက်တွေကနေ
အကျိုးကျေးဇူးတွေရပြီး -
4:39 - 4:44သူ့ရဲ့ မတိကျတဲ့ စိတ်ကူးတွေကိုတော့
တူညီစွာ မယုံကြည်မိစေဖို့ မျှော်လင့်ရပါမယ် -
4:44 - 4:46တန်ဖိုးရှိတာကတော့
-
4:46 - 4:50သိပ္ပံပညာဆိုတာ အမြဲ ပြောင်းလဲနေတဲ့
ဖြစ်စဉ်တစ်ခုဖြစ်ပြီး -
4:50 - 4:54အတ္တထက် သက်သေကို ဦးစားပေးသင့်ကြောင်း
သတိပေးချက်လေးပါပဲ
- Title:
- ရှေးခတ် ရောမရဲ့ နာမည်ဆိုးနဲ့ အကျော်ကြားဆုံး ဆရာဝန်- Ramon Glazov
- Speaker:
- Ramon Glazov
- Description:
-
၁၆ ရာစု အလယ်တုန်းက ထက်မြက်တဲ့ လူငယ် ခန္ဓာဗေဒပညာရှင် Andreas Vesalius က
တုန်လှုပ်ဖို့ကောင်းတဲ့ တွေ့ရှိချက်တစ်ခုကိုလပြုလုပ်ခဲ့တယ်။ ကမ္ဘာပေါ်က အထင်ရှားဆုံး လူသား
ခန္ဓာဗေဒစာအုပ်တွေဟာ မှားယွင်းနေတယ်ဆိုတာကိုပေါ့။ Vesalius က သူမှန်တဲ့ဆိုတာသိခဲ့ချိန်မှာတော့ ဒီအမှားတွေကို ထုတ်ဖော်ကြေငြာတာက ဆေးပညာသမိုင်းမှာ
သြဇာအကြီးမားဆုံးဖြစ်တဲ့ Galen of Pergamon ကို စိန်ခေါ်သလိုဖြစ်ခဲ့တယ်။Ramon Glazov ရဲ့ သင်ခန်းစာ၊Anton Bogaty မှ ရိုက်ကူးသည်
- Video Language:
- English
- Team:
- closed TED
- Project:
- TED-Ed
- Duration:
- 04:54
sann tint approved Burmese subtitles for Ancient Rome's most notorious doctor | ||
sann tint edited Burmese subtitles for Ancient Rome's most notorious doctor | ||
sann tint accepted Burmese subtitles for Ancient Rome's most notorious doctor | ||
sann tint edited Burmese subtitles for Ancient Rome's most notorious doctor | ||
sann tint edited Burmese subtitles for Ancient Rome's most notorious doctor | ||
Nyein Chan Ko Ko edited Burmese subtitles for Ancient Rome's most notorious doctor | ||
Nyein Chan Ko Ko edited Burmese subtitles for Ancient Rome's most notorious doctor |