Return to Video

ရှေးခတ် ရောမရဲ့ နာမည်ဆိုးနဲ့ အကျော်ကြားဆုံး ဆရာဝန်- Ramon Glazov

  • 0:07 - 0:09
    ၁၆ ရာစု အလယ်တုန်းက
  • 0:09 - 0:15
    ထက်မြက်တဲ့ ခန္ဓာဗေဒပညာရှင်လေး Andreas
    Vesalius က တုန်လှုပ်စရာ ရှာဖွေမှုတစ်ခုလုပ်ခဲ့တယ်
  • 0:15 - 0:19
    ကမ္ဘာပေါ်က အထင်ရှားဆုံး လူသား ခန္ဓာဗေဒ
    စာအုပ်တွေဟာ မှားယွင်းနေတယ်ဆိုတာကိုပေါ့
  • 0:19 - 0:23
    သူတို့က လူသားခန္ဓာကိုယ်ရဲ့ အသေးစိတ်တွေကို
    ဖော်ပြဖို့ ပျက်ကွက်ခဲ့ရုံသာမက
  • 0:23 - 0:27
    မျောက်ဝံနဲ့ အခြားနို့တိုက်သတ္တဝါတွေရဲ့
    အင်္ဂါတွေကိုပါဖော်ပြခဲ့တယ်
  • 0:27 - 0:29
    Vesalius က သူမှန်တဲ့ဆိုတာသိခဲ့ချိန်မှာတော့
  • 0:29 - 0:33
    ဒီအမှားတွေကို ထုတ်ဖော်ကြေငြာတာက
    ဆေးပညာသမိုင်းမှာ သြဇာအကြီးမားဆုံးဖြစ်တဲ့
  • 0:33 - 0:37
    Galen of Pergamon ကို
    စိန်ခေါ်သလိုဖြစ်ခဲ့တယ်
  • 0:37 - 0:39
    ဒါပေမယ့် ဒီလူက ဘယ်သူလဲ
  • 0:39 - 0:46
    နှစ်ပေါင်း ၁၃၀၀ ကြာပြီးမှ ပေါ်လာတဲ့ ဆရာဝန်
    တွေက ဘာလို့ သူ့ကို ကြောက်ရွံ့လေးစားတာလဲ
  • 0:46 - 0:49
    ၁၂၉ CE မှာ မွေးဖွားခဲ့တယ်
  • 0:49 - 0:54
    Galen က ဆယ်ကျော်သက်တည်းက အိမ်ကထွက်ပြီး
    ဆေးပညာ သင်ယူဖို့ မြေထဲပင်လယ်ကို သွားခဲ့တယ်
  • 0:54 - 0:57
    အိမ်ပြန်ချိန်မှာ ခန္ဓာဗေဒကို စိတ်ဝင်စားတဲ့
    ထူးချွန်တဲ့ ခွဲစိတ်ဆရာဝန်ဖြစ်နေပြီ
  • 0:57 - 1:00
    လူတွေကို ဆွဲဆောင်ရတာကိုလည်း နှစ်သက်တယ်
  • 1:00 - 1:03
    သူရဲ့ နောက်ပါ ဆေးပညာရှင်တွေကို ပြသဖို့
  • 1:03 - 1:06
    တက်ကြွစွာနဲ့ပဲ ခန္ဓာဗေဒ
    ပြိုင်ပွဲတွေကို ဝင်ပြိုင်ခဲ့တယ်
  • 1:06 - 1:07
    သရုပ်ပြမှုတစ်ခုမှာတော့
  • 1:07 - 1:12
    ဝက်တစ်ကောင်ရဲ့ အာရုံကြောတွေထဲက တစ်ခုကို
    ချည်ပြီး ဝက်ရဲ့အသံ ပျောက်အောင် လုပ်ခဲ့တယ်
  • 1:12 - 1:18
    နောက်တစ်ခုမှာ မျောက်ကို ဗိုက်ခွဲပြီး သူ့
    လုပ်ဖော်ကိုင်ဖက်တွေကို ပြန်ချုပ်ဖို့ စိန်ခေါ်တယ်
  • 1:18 - 1:20
    သူတို့မလုပ်နိုင်တဲ့အခါ သူလုပ်ခဲ့တယ်
  • 1:20 - 1:25
    ဒီမိုက်ရူးရဲ လုပ်ဆောင်ချက်တွေက မြို့တော်ရဲ့
    သတ်ပွဲတွေမှာ ခွဲစိတ်ဆရာဝန်အဖြစ် နေရာရခဲ့တယ်
  • 1:25 - 1:29
    နောက်ဆုံးတော့ သူက သတ်ကွင်းထဲကထွက်ပြီး
    ရောမအင်ပါယာလေးခုရဲ့
  • 1:29 - 1:32
    မိသားစု ဆရာဝန် ဖြစ်လာခဲ့တယ်
  • 1:32 - 1:35
    သူ့ မိတ်ဆွေတွေက ရောဂါလက္ခဏာတွေနဲ့
    ရင်းမြစ်တွေကို ငြင်းခုန်နေစဉ်မှာ
  • 1:35 - 1:38
    Galen က ခန္ဓာဗေဒကို သဲသဲမဲမဲလေ့လာခဲ့တယ်
  • 1:38 - 1:42
    သူက အင်္ဂါတစ်ခုစီမှာ အထူးပြုတဲ့
    လုပ်ဆောင်ချက်တွေရှိတယ်လို့ယုံကြည်ခဲ့တယ်
  • 1:42 - 1:46
    ရောမ အစိုးရက လူသားအလောင်းတွေနဲ့
    စမ်းသပ်ဖို့ အဓိကထားကာ တားမြစ်တာကြောင့်
  • 1:46 - 1:50
    Galenက တိရစ္ဆာန်တွေနဲဲ့ ခွဲစိတ်စမ်းသပ်မှု
    တွေ မရေမတွက်နိုင် အောင်ပြုလုပ်ခဲ့တယ်
  • 1:50 - 1:51
    ဒီလို အကန့်အသတ်တွေရှိပေမည့်လို့
  • 1:51 - 1:57
    သူ့ရဲ့ မောပန်းဖွယ် လေ့လာမှုတွေက တိကျတဲ့
    ကောက်ချက်ချမှုတချို့ကို ဖော်ထုတ်နိုင်ခဲ့တယ်
  • 1:57 - 2:00
    Galenရဲ့ အရေးပါဆုံး
    ဖြန့်ဝေမှုတွေထဲကတစ်ခုကတော့
  • 2:00 - 2:04
    ခန္ဓာကိုယ်ကို ထိန်းချုပ်တာဟာ
    နှလုံးမဟုတ်ပဲ ဦးနှောက်ဆိုတာပါပဲ
  • 2:04 - 2:08
    သူက ဒီသီအိုရီကို နွားတကောင်ရဲ့
    ခေါင်းကိုဖွင့်ပြီး အတည်ပြုပြခဲ့တယ်
  • 2:08 - 2:11
    နွားရဲ့ဦးနှောက် နေရာစုံကို ဖိကြည့်ရင်းကနေ
  • 2:11 - 2:15
    အစိတ်အပိုင်းမျိုးစုံကို သီးခြား
    လုပ်ဆောင်ချက်တွေနဲ့ ချိတ်ဆက်နိုင်ခဲ့တယ်
  • 2:15 - 2:19
    အခြား စမ်းသပ်ချက်တွေကတော့ အာရုံခံ နာ့ဗ်နဲ့
    ကြွက်သား နာဗ့်တွေကို ခွဲခြားတတ်စေခဲ့တယ်
  • 2:19 - 2:22
    ဆီးကို ကျောက်ကပ်ထဲမှာ ပြုလုပ်တယ်ဆိုတာ
  • 2:22 - 2:26
    အသက်ရှူတာကို ကြွက်သားနဲ့ နာဗ့်ကြောတွေက
    ပြုလုပ်တယ်လို့ ကောက်ချက်ချခဲ့တယ်
  • 2:26 - 2:31
    ဒါပေမဲ့ ဒီဖြစ်ကတတ်ဆန်း စမ်းသပ်ချက်တွေက
    အယူအဆမှား များစွာကို လည်း ဖြစ်ပေါ်စေခဲ့တယ်
  • 2:31 - 2:36
    Galen က သွေးတွေက ခန္ဓာကိုယ်ထဲမှာ အဆက်မပြတ်
    စီးဆင်းနေတယ်ဆိုတာ သဘောမပေါက်ခဲ့ဘူး
  • 2:36 - 2:41
    သူယုံကြည်တာက အသည်းက မကုန်မခမ်းနိုင်တဲ့
    သွေးတွေကို အဆက်မပြတ်ထုတ်ပေးပြီး
  • 2:41 - 2:46
    နောက်ဆုံးတော့ အခြားအင်္ဂါတွေကို သွားရင်း
    ကုန်ဆုံးသွားတယ်လို့ထင်ခဲ့တယ်
  • 2:46 - 2:52
    Galen ကို ဟစ်ပိုခရေးတီးက ရာစုနှစ်များစွာ
    စောပြီးမိတ်ဆက်ပေးခဲ့တဲ့လူသိများတဲ့
  • 2:52 - 2:55
    ဓာတ်ကြီးလေးပါးသီအိုရီကို ပေါင်းစည်း
    ပေးခဲ့လို့ပါ အသိအမှတ်ပြုကြတယ်
  • 2:55 - 2:59
    ဒါက ဆေးပညာဆိုင်ရာ ပြဿနာအများစုဟာ
  • 2:59 - 3:03
    ခန္ဓာကိုယ်ထဲက အရည်လေးမျိုး မညီမျှလို့
    ဆိုပြီးမှား ယွင်း လမ်းပြခဲ့တယ်
  • 3:03 - 3:07
    ဒီမညီမျှမှုကို ပြင်ဆင်ဖို့၊ ဆရာဝန်တွေက
    အန္တရာယ်များတဲ့ ကုသမှုတွေဖြစ်တဲ့
  • 3:07 - 3:10
    သွေးဖောက်ထုတ်တာမျိုးတွေလုပ်ခဲ့ကြတယ်
  • 3:10 - 3:13
    တခါတလေမှာ သေနိုင်လောက်တဲ့
    နောက်ဆက်တွဲတွေရှိပေမဲ့လို့
  • 3:13 - 3:16
    Galen ရဲ့ သွေးလည်ပတ်စနစ်ပုံ
    နားလည်မှုအားနည်းခြင်းဟာ
  • 3:16 - 3:19
    ဒီကုသနည်းတွေရဲ့ အမာခံ
    ထောက်ခံအားပေးသူဖြစ်စေခဲ့တယ်
  • 3:19 - 3:23
    ကံမကောင်းစွာနဲ့ပဲ၊ Galen ရဲ့ အတ္တဟာ
    သူ့ရဲ့ ရှာဖွေတွေ့ရှိချက်တွေက
  • 3:23 - 3:26
    အလွန်အရေးပါတယ်လို့ ယုံကြည်စေခဲ့တယ်
  • 3:26 - 3:31
    ခန္ဓာဗေဒကစလို့ ၊ အာဟာရ နဲ့
    လူနာကုတင်ဘေး အပြုအမှု စတာတွေအားလုံးကို
  • 3:31 - 3:36
    အသေးစိတ် အုပ်စုခွဲပြီး ကြာရှည်ခံအောင်
    ကျမ်းပြုစုထားခဲ့တယ်
  • 3:36 - 3:37
    နောက်ထပ် ၁၃ ရာစုကျော်ကြာ
  • 3:37 - 3:42
    Galenရဲ့ စုဆောင်းမှုတွေက ဆေးဘက်ဆိုင်ရာ
    အမြင်တူတဲ့အဖွဲ့အားလုံးကို လွှမ်းမိုးခဲ့တယ်
  • 3:42 - 3:47
    မျိုးဆက်သစ်ဆရာဝန်တွေအတွက်
    သူ့စာအုပ်တွေက စံပြုစရာတွေဖြစ်လာတယ်
  • 3:47 - 3:52
    သူတို့က ပြန်ပြီး Galen ရဲ့စိတ်ကူးတွေကို
    အမွှမ်းတင်တဲ့ စာတမ်းတွေ ရေးခဲ့ကြတယ်
  • 3:52 - 3:55
    လူသားအလောင်းတွေကို တကယ်ခွဲစိတ်ခဲ့တဲ့
    ဆရာဝန်တွေကတောင်
  • 3:55 - 3:59
    ခြားနားမှုရဲ့ ထင်ရှားတဲ့သက်သေတွေကို
    မြင်နေရပေမဲ့လို့
  • 3:59 - 4:02
    စိတ်ရှုပ်စွာနဲ့ပဲ Galen ရဲ့ အမှားတွေကို
    ထပ်လုပ်မိကြတယ်
  • 4:02 - 4:06
    ထိုအချိန်မှာ ၊ ဆန့်ကျင်တဲ့ အယူအဆတွေကို
    ထုတ်ဖော်တဲ့ ပညာရှင်တွေဟာ
  • 4:06 - 4:09
    လျစ်လျူရှခံရ လှောင်ပြောင်ခံကြရတယ်
  • 4:09 - 4:14
    ပြန်လည်ဆန်းသစ်ရေးခေတ် ခန္ဓာဗေဒပညာရှင်
    Vesalius က သူ့ကို ဆန့်ကျင်ထုတ်ဖော်မပြောခင်
  • 4:14 - 4:18
    နှစ်ပေါင်း ၁၃၀၀ လောက်ကြာအောင် Galenရဲ့
    အမွေအနှစ်တွေကို တို့ထိလို့မရနိုင်ခဲ့ဘူး
  • 4:18 - 4:21
    ထင်ရှားတဲ့ သိပ္ပံပညာရှင်နဲ့
    ကထိက တစ်ယောက်ဖြစ်တဲ့
  • 4:21 - 4:24
    Vesaliusရဲ့သြဇာဟာ သူ့ခေတ်က
    လူငယ် ဆရာဝန်တွေပေါ် လွှမ်းမိုးနိုင်ခဲ့တယ်
  • 4:24 - 4:27
    ဒါတောင်မှ၊ မှန်ကန်တဲ့
    သွေးလည်ပတ်မှုအကြောင်း ဖော်ထုတ်ဖို့
  • 4:27 - 4:31
    နောက်ထပ် နှစ်တွေရာနဲ့ချီကြာခဲ့တယ်
  • 4:31 - 4:36
    ဓာတ်ကြီးလေးပါး အယူအဆ ပျောက်ဖို့ကလည်း
    နောက်နှစ်ပေါင်း နှစ်ရာလောက်ကြာခဲ့တယ်
  • 4:36 - 4:39
    ယနေ့မှာတော့ Galenရဲ့ စမ်းသပ်ချက်တွေကနေ
    အကျိုးကျေးဇူးတွေရပြီး
  • 4:39 - 4:44
    သူ့ရဲ့ မတိကျတဲ့ စိတ်ကူးတွေကိုတော့
    တူညီစွာ မယုံကြည်မိစေဖို့ မျှော်လင့်ရပါမယ်
  • 4:44 - 4:46
    တန်ဖိုးရှိတာကတော့
  • 4:46 - 4:50
    သိပ္ပံပညာဆိုတာ အမြဲ ပြောင်းလဲနေတဲ့
    ဖြစ်စဉ်တစ်ခုဖြစ်ပြီး
  • 4:50 - 4:54
    အတ္တထက် သက်သေကို ဦးစားပေးသင့်ကြောင်း
    သတိပေးချက်လေးပါပဲ
Title:
ရှေးခတ် ရောမရဲ့ နာမည်ဆိုးနဲ့ အကျော်ကြားဆုံး ဆရာဝန်- Ramon Glazov
Speaker:
Ramon Glazov
Description:

၁၆ ရာစု အလယ်တုန်းက ထက်မြက်တဲ့ လူငယ် ခန္ဓာဗေဒပညာရှင် Andreas Vesalius က
တုန်လှုပ်ဖို့ကောင်းတဲ့ တွေ့ရှိချက်တစ်ခုကိုလပြုလုပ်ခဲ့တယ်။ ကမ္ဘာပေါ်က အထင်ရှားဆုံး လူသား
ခန္ဓာဗေဒစာအုပ်တွေဟာ မှားယွင်းနေတယ်ဆိုတာကိုပေါ့။ Vesalius က သူမှန်တဲ့ဆိုတာသိခဲ့ချိန်မှာတော့ ဒီအမှားတွေကို ထုတ်ဖော်ကြေငြာတာက ဆေးပညာသမိုင်းမှာ
သြဇာအကြီးမားဆုံးဖြစ်တဲ့ Galen of Pergamon ကို စိန်ခေါ်သလိုဖြစ်ခဲ့တယ်။

Ramon Glazov ရဲ့ သင်ခန်းစာ၊​Anton Bogaty မှ ရိုက်ကူးသည်

more » « less
Video Language:
English
Team:
closed TED
Project:
TED-Ed
Duration:
04:54

Burmese subtitles

Revisions