-
ဒီဗီဒီယိုထဲမှာ Microeconomics ထဲမှာ အရေးကြီးဆုံး သဘောတရားတစ်ခုဖြစ်တဲ့
-
Law of Demand (၀ယ်လိုအားနိယာမ) နဲ့ ပတ်သက်ပြီး ပြောကြမှာဖြစ်ပါတယ်။
-
ကံကောင်းစွာနဲ့အဲဒါဟာ ရိုးရှင်းတဲ့ သဘောတရားတစ်ခုလည်းဖြစ်ပါတယ်။
-
ဘာကိုပြောသလဲဆိုရင် ကျွန်တော်တို့ဟာ ကုန်တစ်ခုရဲ့  ဈေးကိုမြင့်လိုက်တဲ့အခါ
-
လိုချင်တဲ့ ပမာဏ ကျဆင်းသွားမှာဖြစ်ပါတယ်။
-
လိုချင်တဲ့ ပမာဏကျဆင်းသွားတဲ့အခါ
-
ပြောင်းပြန်ပြန်ကြည့်နိုင်ပါတယ်။
-
ကုန်တစ်ခုကို ဈေးချလိုက်တဲ့အခါ
-
ကုန်ရဲ့ ဝယ်ယူလိုတဲ့ပမာဏ တက်သွားပါတယ်။
-
ဝယ်လိုအားနိယာမ ဟာ
-
နောက်လာမယ့် ဗီဒီယိုတွေမှာ မြင်တွေရမယ့်အတိုင်း
-
အနည်းငယ် ခြွင်းချက်လေးတွေတော့ရှိပါတယ်။
-
ပိုပြီးရှင်းသွားအောင်လို့
-
ကုန်တစ်ခုရဲ့  ၀ယ်လိုအားကို စဉ်းစားရအောင်။
-
ကျွန်တော်ရှင်းအောင်ပြောပြချင်ပြီး
-
ပိုမိုမရှုပ်သွားအောင်ပြောခြင်တာကတော့
-
ဝယ်လိုအားလို့ ဆိုတဲ့အခါမှာ
-
စီးပွားရေး ဆန်ဆန် အနေနဲ့
-
ပမာဏ တစ်ခုတည်းကိုပြောတာမဟုတ်ပါ။
-
အခြားသော အရာ တွေ အားလုံးပြောင်းလဲမှုမရှိဟု ယူဆထားပါတယ်။
-
ဒါကို လက်တင်လို ceterus perbus လို့ခေါ်ပါတယ်။
-
ဈေးနှုန်းနှင့် ပမာဏ လိုအပ်ချက် အကြားမှာရှိတဲ့ ဆက်နွယ်မှုအားလုံးဖြစ်ပါတယ်။
-
တစ်ကယ့် အရေအတွက် အကြောင်းကိုပြောမယ်ဆိုရင်
-
ဝယ်လိုသော အရေအတွက်ပမာဏကို ပြောသင့်ပါတယ်။ ဒါကြောင့်
-
ဝယ်လိုအားနဲ့ဝယ်လိုသော ပမာဏ ဟာ
-
မတူညီတဲ့ အရာနှစ်ခုဖြစ်ပါတယ်။
-
အခု သင့်ကို နည်းနည်းရှုပ်နေမယ်ဆိုရင်
-
ဒီဗီဒီယို ပြီးသွားတဲ့အခါမှာ
-
ဝယ်လိုအားနှင့် ၀ယ်လိုသော ပမာဏ အကြားကွာခြားချက်တွေဟာ
-
အနည်းငယ် ပိုရှင်းသွားမှာပါ။
-
နောက်ဗီဒီယိုတွေအပြီးမှာ လုံးဝကိုရှင်းသွားမှာပါ။
-
ဘာကြောင့်လဲဆိုတော့ ဒီဗီဒီယိုမှာ ကျွန်တော်တို့ဟာ
-
ဈေးနှုန်းအပေါ်မှာမူတည်ပြီး ၀ယ်ယူလိုသော ပမာဏ ဘယ်လိုပြောင်းသွားတာကို အဓိက ထားမှာ ဖြစ်လို့ပါ။
-
နောက်လာမယ့် ဗီဒီယိုတွေမှာ ဆက်နွယ်မှုအလုံးစုံကို ကျွနု်ပ်တို့ပြောကြမှာပါ။
-
ပြီးတော့ အခြားအကြောင်းအရာတွေပေါ်မှာမူတည်ပြီး ၀ယ်လိုအားပြောင်းလဲမှုဖြစ်ပေါ်တာကိုလည်းပြောကြမှာပါ။
-
ပို ပြီး ရှင်းလင်းသွားအောင်
-
ကျွန်တော်ဟာ အာကသအကြောင်း ဒါမှမဟုတ် တစ်ခုခုရေးထားတယ့် သိပ္ဗံ ၀တ္ထု စာအုပ်တစ်အုပ် ထုတ်တော့မယ် ဆိုပါစို့။
-
ထုတ်ဝေခြင်တဲ့ စာအုပ်ကို
-
ကျွန်တော်ဟာ e-book ထုတ်မယ်ဆိုပါစို့။
-
ဈေးကွက်လေ့လာမှုကိုလည်းပြုလုပ်ပြီးပါပြီ။
-
ဒါမှမဟုတ် ဈေးဘယ်လောက်ရှိတယ်ဆိုတာကို သိပါပြီ။
-
ဒါမှမဟုတ် ဈေးနှုန်းအပေါ်မှာမူတည်ပြီး ၀ယ်လိုအားဘယ်လောက်ရှိတာရယ်
-
ဒါမှမဟုတ် ၀ယ်လိုအားအပေါ်မှာမူတည်ပြီး ဈေးနှုန်းဘယ်လို ဆက်နွယ်မှုရှိတာရယ်။
-
ဝယ်လိုအား ဇယားထဲမှာ ကျွန်တော်ပြပါမယ်။
-
ဇယားကွက်တစ်ခုပါ။
-
ဘာပြလဲဆိုရင်
-
ဈေးနှုန်းဟာ ဘယ်လို။ ကဲ ကျွန်တော်ပထမဆုံးမှားပြောပါပြီ။
-
ကျွန်တော်ဟာ ၀ယ်လိုအားနှင့် ဈေးနှုန်းဘယ်လိုဆက်နွယ်သလဲဆိုတာကို ပြောမိပါတယ်။
-
အမှန်ပြောရမှာက ၀ယ်ယူလိုသော ပမာဏနှင့် ဈေးနှုန်းဘယ်လိုဆက်နွယ်သလဲဆိုတာကို ပြောရမှာပါ။
-
ဒါမှမဟုတ် ဈေးနှုန်းနှင့် ၀ယ်ယူလိုသော ပမာဏ ဘယ်လိုဆက်နွယ်သလဲဆိုတာကို ပြောရမှာပါ။
-
ဒီလိုဆိုရင် ၀ယ်လိုအား ဇယားဟာ
-
ဈေးနှုန်းနှင့် ၀ယ်ယူလိုသော ပမာဏ အကြား ပတ်သက်မှု ကို ပြသခြင်းဖြစ်ပါတယ်။
-
အခြားအကြောင်းအရာတွေက ပြောင်းလဲခြင်းမရှိပါ ဟုယူဆထားပါသည်။
-
ဒါဆိုကျွန်တော်တို့ဟာ ဖြစ်နိုင်ချေ အခြေအနေမျိုးစုံကို ရမှာဖြစ်ပါတယ်။
-
ဒါဆို ဒီကော်လံက ဖြစ်နိုင်ချေ အခြေအနေတွေ အတွက်ဖြစ်ပါတယ်။
-
ဒီကော်လံ ထဲမှာ ကျွန်တော်ရဲ့  ဈေးနှုန်းကို ထည့်လိုက်ပါမယ်။
-
ဒီကော်လံထဲမှာ ကျွန်တော်ရဲ့ ဝယ်ယူလိုသော ပမာဏကို ထည့်လိုက်ပါမယ်။
-
ဖြစ်နိုင်ချေအခြေအနေ တစ်ခုကိုရပါပြီ။
-
Scenario A ဆိုပါစို့။
-
စာအုပ် ကို ၂ဒေါ်လာ နဲ့ ဈေးနှုန်းသတ်မှတ်နိုင်ပါတယ်။
-
ဒီဈေးနှုန်းနှင့် ဆိုရင် လူတွေအများကြီး က ဒေါင်းလုပ် လုပ်ကြမှာပါ။
-
ဒါဆိုရင် ဒီဈေးနှုန်းနဲ့ ဒေါင်းလုပ် လုပ်ကြမယ့်
-
လူ ၆၀၀၀၀ ရပါမယ်။
-
Scenario B မှာ ၂ဒေါ်လာ တိုးလိုက်ပါမယ်။
-
အခု ၄ဒေါ်လာဖြစ်သွားပါပြီ။ ဒါကြောင့် ၀ယ်လိုအား အတော်များများ ပျောက်သွားပါလိမ့်မယ်။
-
ဒါကြောင့် ၀ယ်ယူလိုတဲ့ပမာဏဟာ
-
လူ ၄၀၀၀၀ အထိကျသွားပါတယ်။
-
Scenario C ကို သွားကြရအောင်။
-
၂ဒေါ်လာဆက်တင်ကြည့်မယ်။
-
အခု ၆ဒေါ်လာဖြစ်သွားပါပြီ။
-
ဒါကြောင့် ၀ယ်ယူလိုတဲ့ ပမာဏဟာ ၃၀၀၀၀ အထိကျသွားပါတယ်။
-
နည်းနည်းထပ်လုပ်ကြည့်ရအောင်။
-
နောက်ထပ် ၂ဒေါ်လာ တိုးကြည့်ရအောင်။
-
အခုဆို ၈ဒေါ်လာ ဖြစ်သွားပါပြီ။
-
ဝယ်ယူလိုတဲ့ ပမာဏဟာ ၂၅၀၀၀ အထိ ကျသွားပါပြီ။
-
နောက်ထပ်တစ်ခုထပ်လုပ်ကြည့်ရအောင်။
-
ဘယ် အရောင်မသုံးရသေးဘူးလဲလို့ကြည့်ရအောင်။
-
အ၀ါရောင်။
-
Scenario Eမှာ ၁၀ဒေါ်လာ အထိ တင်ကြည့်ရအောင်။
-
အခုဆိုရင် ၀ယ်ယူလိုသော ပမာဏဟာ ၂၃၀၀၀ ဖြစ်သွားပါပြီ။
-
ဒါကြောင့် ဒီဆက်နွယ်မှုဟာ
-
ဝယ်လိုအား နိယာမကို ပြသခြင်းပဲ ဖြစ်ပါတယ်။
-
ပြီးတော့ ဒီ ဇယားဟာ
-
ဈေးနှုန်းအပေါ်မှာမူတည်ပြီး ၀ယ်ယူလိုသော ပမာဏ ဘယ်လိုပြောင်းသလဲဆိုတာနှင့် ၀ယ်ယူလိုသော ပမာဏ အပေါ်မှာမူတည်ပြီး ဈေးနှုန်းဘယ်လို ပြောင်းသလဲဆိုတာကို ပြပါတယ်။
-
ဒါကို ၀ယ်လိုအား ဇယားလို့ခေါ်ပါတယ်။
-
အခုဆိုရင် အဲဒီ ၀ယ်လိုအား ဇယားကို အခြေခံပြီး
-
ဝယ်လိုအား ဂရပ် ကိုဆွဲလို့ ရပါပြီ။
-
အဲဒီ ပွိုင့်တွေကို ချပြီး
-
သူတို့ကို ဆက်ထားတဲ့ ဂရပ်ကို ဆွဲခြင်းဖြစ်ပါတယ်။
-
ဖြစ်နိုင်ချေတွေက ဒါပဲ မဟုတ်ပဲ
-
သူတို့တွေ ကြားထဲမှာလဲ ဖြစ်နိုင်ချေတွေရှိတဲ့အတွက် ဆက်ဆွဲနိုင်ခြင်းဖြစ်ပါတယ်။
-
စာအုပ်ကို ၂.၀၁ ဒေါ်လာ လို့လည်းသတ်မှတ်လို့ရတယ်။
-
၎.၅၀ ဒေါ်လာလို့လည်းသတ်မှတ်လို့ရပါတယ်။
-
ဒါကြောင့် ၀ယ်လိုအား ဂရပ်က နည်းနည်းပိုကောင်းပါတယ်။
-
ပွိုင့် ၅ခုထဲမဟုတ်ပဲ တောက်လျှောက်ဆွဲထားတဲ့ ဂရပ်လည်းဖြစ်ပါတယ်။
-
လုပ်ကြရအောင်။
-
ဂရပ်ဆွဲကြမယ်။
-
ဒါဟာ ဘောဂဗေဒ ပညာရပ်ရဲ့ လုပ်ရိုးလုပ်စဉ်တစ်ခုဖြစ်ပါတယ်။
-
ကျွန်တော်ကတော့ သိပ်ပြီးတော့ သဘော မတွေ့လှပါဘူး
-
ဘာကြောင့်လဲဆိုတော့ လူအတော်များများဟာ ဈေးနှုန်းပြောင်းလဲတာကိုပြောကြပြီး
-
အဲဒီကတစ်ဆင့် ဘယ်လို ၀ယ်ယူလိုသော ပမာဏ ပြောင်းလဲတာကို ပြောကြပါတယ်။
-
ပုံမှန်အားဖြင့် သင်္ချာနှင့် သိပ္ဗံပညာရပ် တွေ အနေနှင့် ကြည့်မယ်ဆိုရင်
-
သင် ပြောင်းလဲလိုတာကို
-
အလျားလိုက် ၀င်ရိုးမှာ ထားလေ့ ရှိပါတယ်။
-
ဒါကြောင့် ကျွန်တော်သာ လုပ်ပိုင်ခွင့်ရှိမယ်ဆိုရင်
-
ဈေးနှုန်းကို အလျားလိုက် ၀င်ရိုးမှာ ထားမှာဖြစ်ပါတယ်။
-
ဒါပေမယ့် အများက လုပ်ကြတာက
-
ဈေးနှုန်းကို ဒေါင်လိုက် ၀င်ရိုးမှာ ထားကြပါတယ်။
-
ဒါကို
-
အတန်းတွေထဲမှာ မြင်နေကျဖြစ်မှာ ဆိုတော့
-
မပြောင်းလဲပဲထားလိုက်ပါမယ်။
-
ဈေးနှုန်းကို ဒေါင်လိုက်ဝင်ရိုးမှာထားမယ်။
-
ဝယ်ယူလိုသော ပမာဏကို အလျားလိုက်ဝင်ရိုးမျာ ထားပါမယ်။
-
ဒါကြောင့် အခုဆိုရင် ၀ယ်ယူလိုသော ပမာဏဟာ ၆၀၀၀၀ အထိ တောက်လျှောက်တက်သွားပါပြီ။
-
ဒါကြောင့် ၁၀၊၂၀၊၃၀၊ ၄၀၊၅၀၊၆၀။
-
ဒါဟာ ၁၀။ ထောင်ဂဏန်းနဲ့ ပါ။
-
၂၀၊၃၀ မှားလို့ ၄၅ မဟုတ်ဘူး။ ၄၀၊၅၀ နဲ့ ၆၀။
-
ဒါတွေဟာ ထောင်ဂဏန်းတွေနဲ့ပါ။
-
ဈေးနှုန်းဟာလည်း ၁၀ဒေါ်လာ အထိ တက်သွားပါပြီ။
-
၂ဒေါ်လာ မှ ၁၀ ဒေါ်လာ အထိပါ။
-
၂၊၄၊၆၊၈ နဲ့ ၁၀ ဆိုပါစို့။
-
အဲဒီအခြေအနေတွေကို ဆွဲ ကြရအောင်။
-
ဒါဟာ Scenario A ၊ဈေးနှုန်းက ၂ဒေါ်လာ ပါ။
-
အရေအတွက် ၆၀၀၀၀ လိုအပ်ပါတယ်။
-
အခု မြင်ရတာက Scenario A ဖြစ်ပါတယ်။
-
Scenario B။ ဈေးနှုန်းက ၄ဒေါ်လာဖြစ်သွားတဲ့အခါ
-
အရေအတွက် ၄၀၀၀၀ လိုအပ်ပါတယ်။
-
၎ဒေါ်လာ၊အရေအတွက် ၄၀၀၀၀ က ဒီမှာပါ။
-
Scenario B ဖြစ်ပါတယ်။
-
Scenario C ၊ ၆ ဒေါ်လာ၊အရေအတွက် ၃၀၀၀၀
-
Scenario D၊ ၈ ဒေါ်လာ၊အရေအတွက် ၂၅၀၀၀။
-
၈ဒေါ်လာ၊ ၂၅ ဟာ ဒီနားလောက်မှာပါ။
-
ဒီကြားမှာ ၂၅၀၀၀ ဖြစ်လောက်ပါတယ်။ ဒီလောက်ဆို နီး စပ်နေပါပြီ။
-
Scenario D ဟာ ဒီ နားလောက်မှာ ပါ။
-
နောက်ဆုံးအနေနဲ့ Scenario E ရောက်လာပါပြီ။
-
၁၀ဒေါ်လာ၊၂၃၀၀၀ အရေအတွက်
-
ဒီနားလောက်မှာ ဖြစ်မှာပါ။
-
Scenario E ဖြစ်ပါတယ်။
-
ဒါကြောင့် ကျွန်တော်တို့ဟာ သူတို့တွေ ကြားထဲမှာ ရှိတဲ့ ဘယ်နေရာမှာ မဆို ဈေးနှုန်းတွေ သတ်မှတ်နိုင်ပါတယ်။
-
ဒီ ထက် အပြင်ကိုလည်းသွားလို့ရပါတယ်။
-
ဒီနားမှာပါ။
-
ဒါကြောင့် ၀ယ်လိုအား ဂရပ်ကို ဆွဲမယ်ဆိုရင်
-
ဒီလိုပုံလေးထွက်လာနိုင်ပါတယ်။
-
ဝယ်လိုအား ဂရပ် ဟာ ဒီလိုပုံမျိုးဖြစ်ပါလိမ့်မယ်။
-
ကြိုးစားပြီးတော့ ဖြောင့်အောင် ဆွဲနေပါတယ်။
-
ဒီလိုပုံမျိုးလေးပါ။
-
ကျွန်တော် ဆက်ပြီး ဆက်ပြီး ဆွဲသွားပါမယ်။
-
ဒါဟာ ၀ယ်လိုအား ကို ပြနိုင်တဲ့ နည်းလမ်းနှစ်မျိုးဖြစ်ပါတယ်။
-
ဒါကြောင့် အစောပိုင်းမှာပြောခဲ့တဲ့ ဟာ ကို ပြန်ပြောပါမယ်။
-
ဝယ်ယူလိုသော ပမာဏဆိုသည်မှာ အခြားသော အရာများပြောင်းလဲခြင်းမရှိပါက သတ်မှတ်ထားသော ဈေးနှုန်းတစ်ခုအပေါ်တွင်မူတည်ပြီး
-
ကျွန်တော် ရဲ့  စာအုပ်ကို ဒေါင်းလုပ် ဒါမှမဟုတ်
-
ဝယ်ယူမယ့်အရေအတွက် ကို ဖော်ပြပါတယ်။
-
ဝယ်လိုအားကိုချည်းပဲပြောမယ်ဆိုရင်
-
သူတို့ရဲ့ ဆက်နွယ်မှု တစ်ခုလုံးကို ပြောရပါမယ်။
-
ဒါကြောင့် ၀ယ်လိုအား ဟာ
-
ဝယ်လိုအား ဇယားတစ်ခုလုံးဖြစ်ပါတယ်။
-
ဒါမှမဟုတ် တစ်ခြားနည်းလမ်းနဲ့ စဉ်းစားမယ်ဆိုရင်ဖြင့်
-
ဝယ်လိုအား ဂရပ်ကြီး တစ်ခုလုံးဖြစ်ပါတယ်။
-
ဝယ်လိုအား ပြောင်းဖို့ ဆိုရင်
-
ဂရပ် အသစ်တစ်ခုလိုအပ်ပါမယ်။
-
ဂရပ် ဟာ ရွေ့ သွားနိုင်ပါတယ်။
-
ဒါမှမဟုတ် ဇယားမှာပါတဲ့ ထည့်ထားတာတွေဟာ ပြောင်းသွားနိုင်ပါတယ်။
-
ဝယ်လိုသော ပမာဏပြောင်းလဲမည်ဆိုပါက
-
ဂရပ်တစ်ခုလုံးအပေါ်တွင် လိုက် ရွေ့ သွားပါမယ်။
-
အခြားအရာတွေအားလုံး ကို မပြောင်းလဲပါက
-
ဈေးနှုန်းတစ်ခုတည်းကို သာ ပြောင်းလဲလို့ ရပါတယ်။
-
ရှင်းပါသလား။
-
တစ်ခြားအရာတွေအားလုံးပြောင်းလဲမှုမရှိလျှင်
-
ပြီးတော့သင်ဟာ ဈေးနှုန်းကိုသာ ပြောင်းလဲမှုပြုမယ်ဆိုရင်
-
ဝယ်လိုအား ကို ပြောင်းလဲနေတာမဟုတ်ပါ။
-
ဝယ်ယူလိုသော ပမာဏကိုသာ ပြောင်းလဲခြင်းဖြစ်ပါတယ်။
-
အခြားသော အရာတွေပြောင်းလဲခြင်းမရှိလျှင် ၀ယ်လိုအားဆိုတာ
-
အဲဒီ ဆက်နွယ်မှု ကို ဆိုလိုခြင်းဖြစ်ပါတယ်။
-
နောက်လာမယ့် ဗီဒီယို အနည်းငယ်မှာ
-
အဲဒီ တစ်ခြားသော အရာတွေကို ပြောင်းလဲမယ်ဆိုရင်
-
ဘာဖြစ်လာသလဲဆိုတာကို စဉ်းစားကြမှာဖြစ်ပါတယ်။