ဒီဗီဒီယိုထဲမှာ Microeconomics ထဲမှာ အရေးကြီးဆုံး သဘောတရားတစ်ခုဖြစ်တဲ့ Law of Demand (၀ယ်လိုအားနိယာမ) နဲ့ ပတ်သက်ပြီး ပြောကြမှာဖြစ်ပါတယ်။ ကံကောင်းစွာနဲ့အဲဒါဟာ ရိုးရှင်းတဲ့ သဘောတရားတစ်ခုလည်းဖြစ်ပါတယ်။ ဘာကိုပြောသလဲဆိုရင် ကျွန်တော်တို့ဟာ ကုန်တစ်ခုရဲ့  ဈေးကိုမြင့်လိုက်တဲ့အခါ လိုချင်တဲ့ ပမာဏ ကျဆင်းသွားမှာဖြစ်ပါတယ်။ လိုချင်တဲ့ ပမာဏကျဆင်းသွားတဲ့အခါ ပြောင်းပြန်ပြန်ကြည့်နိုင်ပါတယ်။ ကုန်တစ်ခုကို ဈေးချလိုက်တဲ့အခါ ကုန်ရဲ့ ဝယ်ယူလိုတဲ့ပမာဏ တက်သွားပါတယ်။ ၀ယ်လိုအားနိယာမ ဟာ နောက်လာမယ့် ဗီဒီယိုတွေမှာ မြင်တွေရမယ့်အတိုင်း အနည်းငယ် ခြွင်းချက်လေးတွေတော့ရှိပါတယ်။ ပိုပြီးရှင်းသွားအောင်လို့ ကုန်တစ်ခုရဲ့  ၀ယ်လိုအားကို စဉ်းစားရအောင်။ ကျွန်တော်ရှင်းအောင်ပြောပြချင်ပြီး ပိုမိုမရှုပ်သွားအောင်ပြောခြင်တာကတော့ ၀ယ်လိုအားလို့ ဆိုတဲ့အခါမှာ စီးပွားရေး ဆန်ဆန် အနေနဲ့ ပမာဏ တစ်ခုတည်းကိုပြောတာမဟုတ်ပါ။ အခြားသော အရာ တွေ အားလုံးပြောင်းလဲမှုမရှိဟု ယူဆထားပါတယ်။ ဒါကို လက်တင်လို ceterus perbus လို့ခေါ်ပါတယ်။ ဈေးနှုန်းနှင့် ပမာဏ လိုအပ်ချက် အကြားမှာရှိတဲ့ ဆက်နွယ်မှုအားလုံးဖြစ်ပါတယ်။ တစ်ကယ့် အရေအတွက် အကြောင်းကိုပြောမယ်ဆိုရင် ၀ယ်လိုသော အရေအတွက်ပမာဏကို ပြောသင့်ပါတယ်။ ဒါကြောင့် ၀ယ်လိုအားနဲ့ဝယ်လိုသော ပမာဏ ဟာ မတူညီတဲ့ အရာနှစ်ခုဖြစ်ပါတယ်။ အခု သင့်ကို နည်းနည်းရှုပ်နေမယ်ဆိုရင် ဒီဗီဒီယို ပြီးသွားတဲ့အခါမှာ ၀ယ်လိုအားနှင့် ၀ယ်လိုသော ပမာဏ အကြားကွာခြားချက်တွေဟာ အနည်းငယ် ပိုရှင်းသွားမှာပါ။ နောက်ဗီဒီယိုတွေအပြီးမှာ လုံးဝကိုရှင်းသွားမှာပါ။ ဘာကြောင့်လဲဆိုတော့ ဒီဗီဒီယိုမှာ ကျွန်တော်တို့ဟာ ဈေးနှုန်းအပေါ်မှာမူတည်ပြီး ၀ယ်ယူလိုသော ပမာဏ ဘယ်လိုပြောင်းသွားတာကို အဓိက ထားမှာ ဖြစ်လို့ပါ။ နောက်လာမယ့် ဗီဒီယိုတွေမှာ ဆက်နွယ်မှုအလုံးစုံကို ကျွနု်ပ်တို့ပြောကြမှာပါ။ ပြီးတော့ အခြားအကြောင်းအရာတွေပေါ်မှာမူတည်ပြီး ၀ယ်လိုအားပြောင်းလဲမှုဖြစ်ပေါ်တာကိုလည်းပြောကြမှာပါ။ ပို ပြီး ရှင်းလင်းသွားအောင် ကျွန်တော်ဟာ အာကသအကြောင်း ဒါမှမဟုတ် တစ်ခုခုရေးထားတယ့် သိပ္ဗံ ၀တ္ထု စာအုပ်တစ်အုပ် ထုတ်တော့မယ် ဆိုပါစို့။ ထုတ်ဝေခြင်တဲ့ စာအုပ်ကို ကျွန်တော်ဟာ e-book ထုတ်မယ်ဆိုပါစို့။ ဈေးကွက်လေ့လာမှုကိုလည်းပြုလုပ်ပြီးပါပြီ။ ဒါမှမဟုတ် ဈေးဘယ်လောက်ရှိတယ်ဆိုတာကို သိပါပြီ။ ဒါမှမဟုတ် ဈေးနှုန်းအပေါ်မှာမူတည်ပြီး ၀ယ်လိုအားဘယ်လောက်ရှိတာရယ် ဒါမှမဟုတ် ၀ယ်လိုအားအပေါ်မှာမူတည်ပြီး ဈေးနှုန်းဘယ်လို ဆက်နွယ်မှုရှိတာရယ်။ ၀ယ်လိုအား ဇယားထဲမှာ ကျွန်တော်ပြပါမယ်။ ဇယားကွက်တစ်ခုပါ။ ဘာပြလဲဆိုရင် ဈေးနှုန်းဟာ ဘယ်လို။ ကဲ ကျွန်တော်ပထမဆုံးမှားပြောပါပြီ။ ကျွန်တော်ဟာ ၀ယ်လိုအားနှင့် ဈေးနှုန်းဘယ်လိုဆက်နွယ်သလဲဆိုတာကို ပြောမိပါတယ်။ အမှန်ပြောရမှာက ၀ယ်ယူလိုသော ပမာဏနှင့် ဈေးနှုန်းဘယ်လိုဆက်နွယ်သလဲဆိုတာကို ပြောရမှာပါ။ ဒါမှမဟုတ် ဈေးနှုန်းနှင့် ၀ယ်ယူလိုသော ပမာဏ ဘယ်လိုဆက်နွယ်သလဲဆိုတာကို ပြောရမှာပါ။ ဒီလိုဆိုရင် ၀ယ်လိုအား ဇယားဟာ ဈေးနှုန်းနှင့် ၀ယ်ယူလိုသော ပမာဏ အကြား ပတ်သက်မှု ကို ပြသခြင်းဖြစ်ပါတယ်။ အခြားအကြောင်းအရာတွေက ပြောင်းလဲခြင်းမရှိပါ ဟုယူဆထားပါသည်။ ဒါဆိုကျွန်တော်တို့ဟာ ဖြစ်နိုင်ချေ အခြေအနေမျိုးစုံကို ရမှာဖြစ်ပါတယ်။ ဒါဆို ဒီကော်လံက ဖြစ်နိုင်ချေ အခြေအနေတွေ အတွက်ဖြစ်ပါတယ်။ ဒီကော်လံ ထဲမှာ ကျွန်တော်ရဲ့  ဈေးနှုန်းကို ထည့်လိုက်ပါမယ်။ ဒီကော်လံထဲမှာ ကျွန်တော်ရဲ့ ဝယ်ယူလိုသော ပမာဏကို ထည့်လိုက်ပါမယ်။ ဖြစ်နိုင်ချေအခြေအနေ တစ်ခုကိုရပါပြီ။ Scenario A ဆိုပါစို့။ စာအုပ် ကို ၂ဒေါ်လာ နဲ့ ဈေးနှုန်းသတ်မှတ်နိုင်ပါတယ်။ ဒီဈေးနှုန်းနှင့် ဆိုရင် လူတွေအများကြီး က ဒေါင်းလုပ် လုပ်ကြမှာပါ။ ဒါဆိုရင် ဒီဈေးနှုန်းနဲ့ ဒေါင်းလုပ် လုပ်ကြမယ့် လူ ၆၀၀၀၀ ရပါမယ်။ Scenario B မှာ ၂ဒေါ်လာ တိုးလိုက်ပါမယ်။ အခု ၄ဒေါ်လာဖြစ်သွားပါပြီ။ ဒါကြောင့် ၀ယ်လိုအား အတော်များများ ပျောက်သွားပါလိမ့်မယ်။ ဒါကြောင့် ၀ယ်ယူလိုတဲ့ပမာဏဟာ လူ ၄၀၀၀၀ အထိကျသွားပါတယ်။ Scenario C ကို သွားကြရအောင်။ ၂ဒေါ်လာဆက်တင်ကြည့်မယ်။ အခု ၆ဒေါ်လာဖြစ်သွားပါပြီ။ ဒါကြောင့် ၀ယ်ယူလိုတဲ့ ပမာဏဟာ ၃၀၀၀၀ အထိကျသွားပါတယ်။ နည်းနည်းထပ်လုပ်ကြည့်ရအောင်။ နောက်ထပ် ၂ဒေါ်လာ တိုးကြည့်ရအောင်။ အခုဆို ၈ဒေါ်လာ ဖြစ်သွားပါပြီ။ ၀ယ်ယူလိုတဲ့ ပမာဏဟာ ၂၅၀၀၀ အထိ ကျသွားပါပြီ။ နောက်ထပ်တစ်ခုထပ်လုပ်ကြည့်ရအောင်။ ဘယ် အရောင်မသုံးရသေးဘူးလဲလို့ကြည့်ရအောင်။ အ၀ါရောင်။ Scenario Eမှာ ၁၀ဒေါ်လာ အထိ တင်ကြည့်ရအောင်။ အခုဆိုရင် ၀ယ်ယူလိုသော ပမာဏဟာ ၂၃၀၀၀ ဖြစ်သွားပါပြီ။ ဒါကြောင့် ဒီဆက်နွယ်မှုဟာ ၀ယ်လိုအား နိယာမကို ပြသခြင်းပဲ ဖြစ်ပါတယ်။ ပြီးတော့ ဒီ ဇယားဟာ ဈေးနှုန်းအပေါ်မှာမူတည်ပြီး ၀ယ်ယူလိုသော ပမာဏ ဘယ်လိုပြောင်းသလဲဆိုတာနှင့် ၀ယ်ယူလိုသော ပမာဏ အပေါ်မှာမူတည်ပြီး ဈေးနှုန်းဘယ်လို ပြောင်းသလဲဆိုတာကို ပြပါတယ်။ ဒါကို ၀ယ်လိုအား ဇယားလို့ခေါ်ပါတယ်။ အခုဆိုရင် အဲဒီ ၀ယ်လိုအား ဇယားကို အခြေခံပြီး ၀ယ်လိုအား ဂရပ် ကိုဆွဲလို့ ရပါပြီ။ အဲဒီ ပွိုင့်တွေကို ချပြီး သူတို့ကို ဆက်ထားတဲ့ ဂရပ်ကို ဆွဲခြင်းဖြစ်ပါတယ်။ ဖြစ်နိုင်ချေတွေက ဒါပဲ မဟုတ်ပဲ သူတို့တွေ ကြားထဲမှာလဲ ဖြစ်နိုင်ချေတွေရှိတဲ့အတွက် ဆက်ဆွဲနိုင်ခြင်းဖြစ်ပါတယ်။ စာအုပ်ကို ၂.၀၁ ဒေါ်လာ လို့လည်းသတ်မှတ်လို့ရတယ်။ ၄.၅၀ ဒေါ်လာလို့လည်းသတ်မှတ်လို့ရပါတယ်။ ဒါကြောင့် ၀ယ်လိုအား ဂရပ်က နည်းနည်းပိုကောင်းပါတယ်။ ပွိုင့် ၅ခုထဲမဟုတ်ပဲ တောက်လျှောက်ဆွဲထားတဲ့ ဂရပ်လည်းဖြစ်ပါတယ်။ လုပ်ကြရအောင်။ ဂရပ်ဆွဲကြမယ်။ ဒါဟာ ဘောဂဗေဒ ပညာရပ်ရဲ့ လုပ်ရိုးလုပ်စဉ်တစ်ခုဖြစ်ပါတယ်။ ကျွန်တော်ကတော့ သိပ်ပြီးတော့ သဘော မတွေ့လှပါဘူး ဘာကြောင့်လဲဆိုတော့ လူအတော်များများဟာ ဈေးနှုန်းပြောင်းလဲတာကိုပြောကြပြီး အဲဒီကတစ်ဆင့် ဘယ်လို ၀ယ်ယူလိုသော ပမာဏ ပြောင်းလဲတာကို ပြောကြပါတယ်။ ပုံမှန်အားဖြင့် သင်္ချာနှင့် သိပ္ဗံပညာရပ် တွေ အနေနှင့် ကြည့်မယ်ဆိုရင် သင် ပြောင်းလဲလိုတာကို အလျားလိုက် ၀င်ရိုးမှာ ထားလေ့ ရှိပါတယ်။ ဒါကြောင့် ကျွန်တော်သာ လုပ်ပိုင်ခွင့်ရှိမယ်ဆိုရင် ဈေးနှုန်းကို အလျားလိုက် ၀င်ရိုးမှာ ထားမှာဖြစ်ပါတယ်။ ဒါပေမယ့် အများက လုပ်ကြတာက ဈေးနှုန်းကို ဒေါင်လိုက် ၀င်ရိုးမှာ ထားကြပါတယ်။ ဒါကို အတန်းတွေထဲမှာ မြင်နေကျဖြစ်မှာ ဆိုတော့ မပြောင်းလဲပဲထားလိုက်ပါမယ်။ ဈေးနှုန်းကို ဒေါင်လိုက်ဝင်ရိုးမှာထားမယ်။ ၀ယ်ယူလိုသော ပမာဏကို အလျားလိုက်ဝင်ရိုးမျာ ထားပါမယ်။ ဒါကြောင့် အခုဆိုရင် ၀ယ်ယူလိုသော ပမာဏဟာ ၆၀၀၀၀ အထိ တောက်လျှောက်တက်သွားပါပြီ။ ဒါကြောင့် ၁၀၊၂၀၊၃၀၊ ၄၀၊၅၀၊၆၀။ ဒါဟာ ၁၀။ ထောင်ဂဏန်းနဲ့ ပါ။ ၂၀၊၃၀ မှားလို့ ၄၅ မဟုတ်ဘူး။ ၄၀၊၅၀ နဲ့ ၆၀။ ဒါတွေဟာ ထောင်ဂဏန်းတွေနဲ့ပါ။ ဈေးနှုန်းဟာလည်း ၁၀ဒေါ်လာ အထိ တက်သွားပါပြီ။ ၂ဒေါ်လာ မှ ၁၀ ဒေါ်လာ အထိပါ။ ၂၊၄၊၆၊၈ နဲ့ ၁၀ ဆိုပါစို့။ အဲဒီအခြေအနေတွေကို ဆွဲ ကြရအောင်။ ဒါဟာ Scenario A ၊ဈေးနှုန်းက ၂ဒေါ်လာ ပါ။ အရေအတွက် ၆၀၀၀၀ လိုအပ်ပါတယ်။ အခု မြင်ရတာက Scenario A ဖြစ်ပါတယ်။ Scenario B။ ဈေးနှုန်းက ၄ဒေါ်လာဖြစ်သွားတဲ့အခါ အရေအတွက် ၄၀၀၀၀ လိုအပ်ပါတယ်။ ၄ဒေါ်လာ၊အရေအတွက် ၄၀၀၀၀ က ဒီမှာပါ။ Scenario B ဖြစ်ပါတယ်။ Scenario C ၊ ၆ ဒေါ်လာ၊အရေအတွက် ၃၀၀၀၀ Scenario D၊ ၈ ဒေါ်လာ၊အရေအတွက် ၂၅၀၀၀။ ၈ဒေါ်လာ၊ ၂၅ ဟာ ဒီနားလောက်မှာပါ။ ဒီကြားမှာ ၂၅၀၀၀ ဖြစ်လောက်ပါတယ်။ ဒီလောက်ဆို နီး စပ်နေပါပြီ။ Scenario D ဟာ ဒီ နားလောက်မှာ ပါ။ နောက်ဆုံးအနေနဲ့ Scenario E ရောက်လာပါပြီ။ ၁၀ဒေါ်လာ၊၂၃၀၀၀ အရေအတွက် ဒီနားလောက်မှာ ဖြစ်မှာပါ။ Scenario E ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ဟာ သူတို့တွေ ကြားထဲမှာ ရှိတဲ့ ဘယ်နေရာမှာ မဆို ဈေးနှုန်းတွေ သတ်မှတ်နိုင်ပါတယ်။ ဒီ ထက် အပြင်ကိုလည်းသွားလို့ရပါတယ်။ ဒီနားမှာပါ။ ဒါကြောင့် ၀ယ်လိုအား ဂရပ်ကို ဆွဲမယ်ဆိုရင် ဒီလိုပုံလေးထွက်လာနိုင်ပါတယ်။ ၀ယ်လိုအား ဂရပ် ဟာ ဒီလိုပုံမျိုးဖြစ်ပါလိမ့်မယ်။ ကြိုးစားပြီးတော့ ဖြောင့်အောင် ဆွဲနေပါတယ်။ ဒီလိုပုံမျိုးလေးပါ။ ကျွန်တော် ဆက်ပြီး ဆက်ပြီး ဆွဲသွားပါမယ်။ ဒါဟာ ၀ယ်လိုအား ကို ပြနိုင်တဲ့ နည်းလမ်းနှစ်မျိုးဖြစ်ပါတယ်။ ဒါကြောင့် အစောပိုင်းမှာပြောခဲ့တဲ့ ဟာ ကို ပြန်ပြောပါမယ်။ ၀ယ်ယူလိုသော ပမာဏဆိုသည်မှာ အခြားသော အရာများပြောင်းလဲခြင်းမရှိပါက သတ်မှတ်ထားသော ဈေးနှုန်းတစ်ခုအပေါ်တွင်မူတည်ပြီး ကျွန်တော် ရဲ့  စာအုပ်ကို ဒေါင်းလုပ် ဒါမှမဟုတ် ၀ယ်ယူမယ့်အရေအတွက် ကို ဖော်ပြပါတယ်။ ၀ယ်လိုအားကိုချည်းပဲပြောမယ်ဆိုရင် သူတို့ရဲ့ ဆက်နွယ်မှု တစ်ခုလုံးကို ပြောရပါမယ်။ ဒါကြောင့် ၀ယ်လိုအား ဟာ ၀ယ်လိုအား ဇယားတစ်ခုလုံးဖြစ်ပါတယ်။ ဒါမှမဟုတ် တစ်ခြားနည်းလမ်းနဲ့ စဉ်းစားမယ်ဆိုရင်ဖြင့် ၀ယ်လိုအား ဂရပ်ကြီး တစ်ခုလုံးဖြစ်ပါတယ်။ ၀ယ်လိုအား ပြောင်းဖို့ ဆိုရင် ဂရပ် အသစ်တစ်ခုလိုအပ်ပါမယ်။ ဂရပ် ဟာ ရွေ့ သွားနိုင်ပါတယ်။ ဒါမှမဟုတ် ဇယားမှာပါတဲ့ ထည့်ထားတာတွေဟာ ပြောင်းသွားနိုင်ပါတယ်။ ၀ယ်လိုသော ပမာဏပြောင်းလဲမည်ဆိုပါက ဂရပ်တစ်ခုလုံးအပေါ်တွင် လိုက် ရွေ့ သွားပါမယ်။ အခြားအရာတွေအားလုံး ကို မပြောင်းလဲပါက ဈေးနှုန်းတစ်ခုတည်းကို သာ ပြောင်းလဲလို့ ရပါတယ်။ ရှင်းပါသလား။ တစ်ခြားအရာတွေအားလုံးပြောင်းလဲမှုမရှိလျှင် ပြီးတော့သင်ဟာ ဈေးနှုန်းကိုသာ ပြောင်းလဲမှုပြုမယ်ဆိုရင် ၀ယ်လိုအား ကို ပြောင်းလဲနေတာမဟုတ်ပါ။ ၀ယ်ယူလိုသော ပမာဏကိုသာ ပြောင်းလဲခြင်းဖြစ်ပါတယ်။ အခြားသော အရာတွေပြောင်းလဲခြင်းမရှိလျှင် ၀ယ်လိုအားဆိုတာ အဲဒီ ဆက်နွယ်မှု ကို ဆိုလိုခြင်းဖြစ်ပါတယ်။ နောက်လာမယ့် ဗီဒီယို အနည်းငယ်မှာ အဲဒီ တစ်ခြားသော အရာတွေကို ပြောင်းလဲမယ်ဆိုရင် ဘာဖြစ်လာသလဲဆိုတာကို စဉ်းစားကြမှာဖြစ်ပါတယ်။