< Return to Video

Fragonard, The Swing, 1767

  • 0:00 - 0:05
    [သီိချင်း]
  • 0:05 - 0:08
    ကျွန်တော်တို့က London မှာရှိတဲ့ Wallace Collection မှာပါ။ဒါကတော့ Fragonard ရဲ့ "The Swing" ပါ။
  • 0:08 - 0:16
    ဒီမှာကျွန်မတို့အရင်ဆုံးတွေ့ရတာကတော့ ပန်းချီကားရဲ့အလယ်မှာ "poof" ဆိုတဲ့ ပန်းရောင်နဲ့ ဇာအဖြူဖြစ်ပါတယ်။ဒီအမျိုးသမီးက အပေါ်ဘက်ကို
  • 0:16 - 0:22
    လွှဲတက်သွားတယ်ပြီးတော့ သူမက အနီရောင်ကတီပါနဲ့ ရွှေရောင်ဆက်ထားတဲ့ ကြိုးနဲ့ဆွဲထားတဲ့
  • 0:22 - 0:32
    ဒန်းပေါ်မှာထိုင်နေပြီးတော့ အလွန်အမင်း၀ေ့လှည့်နေတဲ့ ဦးထုပ်နဲ့ သူမရဲ့ အဖြူရောင်ပိုးသားခြေအိတ်ရှည်ကိုလည်းတွေ့ရတယ်။ပြီးတော့ သူမရဲ့ ပန်းရောင်ဖိနပ်တစ်ဖက်ကို မြှောက်လိုက်တယ်။
  • 0:32 - 0:38
    ပြီးတော့သူမက အရမ်းကျီစယ်တတ်တဲ့ပုံပဲ--ပြီးတော့ ဒီမှာဖြစ်နေတဲ့ပုံကလည်းဆိုးတဲ့ပုံဖြစ်နေတယ် ဘာလို့လဲဆိုတော့
  • 0:38 - 0:42
    ဘယ်ဘက်အခြမ်းမှာ သူမကြည့်နေတဲ့သူမရဲ့ ရည်းစားဖြစ်သူက
  • 0:42 - 0:50
    ချုံပုတ်ကြားထဲမှာပုံးနေပြီးတော့ မျက်နှာချင်းဆိုင်မှာသူမကိုလွှဲပေးနေတဲ့ အဖိုးကြီးကိုသူမက မျက်နှာလွှဲထားတယ်။အဲဒီအဖိုးကြီးက
  • 0:50 - 0:53
    ချုံပုတ်ကြားထဲမှာသူမရည်းစားပုံးနေတာကိုမသိဘူး။
  • 0:53 - 1:00
    ဟုတ်တယ်၊ပြီးတော့ နောက်တစ်ချက်က ဘယ်ဘက်အခြမ်းက ပန်းပုကိုဝိုင်းထားတဲ့ ခြံစည်းရိုးအထပ်ရှိတယ်။
  • 1:00 - 1:05
    ဒီတော့ သူမရဲ့ရည်းစားကမသွားသင့်တဲ့နေရာသွားပြီး
  • 1:05 - 1:09
    ချုံထူနေတဲ့ နှင်းဆီပန်းအရိိုင်းတွေ ကြားထဲမှာပုံးနေတယ်။
  • 1:09 - 1:16
    ဘယ်ဘက်အခြမ်းက ပန်းပုရုပ်ကိုကြည့်ပါဦး။ဒါက နတ်သားလေးလို သို့မဟုတ် အရုပ်လေးလိုပုံလေးက သူ့ပါးစပ်ပေါ်မှာသူလက်တင်ထားတဲ့ပုံက
  • 1:16 - 1:19
    "shh"ဆိုပြီးလျှို့၀ှက်ထားဖို့အချက်ပြနေသလိုပဲ။--ပြီးတော့ ဒါက တောရိုင်းလိုနေရာမျိုးမှာမဟုတ်ဘဲ
  • 1:19 - 1:23
    မြို့ပြင်အိမ်ကြီးလိုလို နန်းတော်ကြီးလိုလိုပဲ--သူမရဲ့ ဘယ်ဘက်လက်မောင်းနား၊ခပ်လှမ်းလှမ်းနားမှာ
  • 1:23 - 1:31
    ဗိသုကာလက်ရာတွေကို တွေ့နိုင်တယ်။ဒီဥယျာဉ်ကြီးက ချုံထူနေပြီး သန်စွမ်းတယ်ဆိုပေမယ့်လဲ
  • 1:31 - 1:35
    ရှုပ်ထွေးနေပါတယ်။ဒါက သဘာ၀အလျောက် ထကြွလှုပ်ရှားနေတာ၊
  • 1:35 - 1:39
    မြေသြဇာကောင်းနေတာ၊ များပြားနတောမျိုး-အတိတကျပြောရရင်
  • 1:39 - 1:43
    မျိုးပွားမှုများနေတာ၊ကာမဂုဏ်မျိုး--ပြီးတော့ အိပ်မက်လိုလိုလည်း
  • 1:43 - 1:45
    မြူလေးတွေဆိုင်းနေသလို ဖြစ်နေတယ်။
  • 1:45 - 1:49
    အပင်လေးတွေနဲ့သူတို့ရဲ့အကိုင်းတွေမှာ တစ်ခါတစ်ခါ သစ်ရွက်တွေ၀ေဆာနေပြီး တစ်ခါတစ်ခါ ခြောက်သွေ့နေတာမျိုး ပြီးတော့
  • 1:49 - 1:55
    ဒါက တစ်ခါတစ်လေ the blast and the bough လို့ပြောကြတယ်။
  • 1:55 - 1:58
    ဒါကတော့ လျှပ်စီးလျှပ်သလို ပိတ်ထူပေါ်မှာရှုပ်ယှက်ခတ်နေသလိုပဲ။
  • 1:58 - 2:03
    ဒါကို တခါတလေ စိတ်ထက်သန်ပြင်းပြမှုကိုပြတယ်၊ ဒီနေရာမှာဆိုရင် ကွက်တိလိုက်ဖက်တာပေါ့။
  • 2:03 - 2:10
    ဒီနောက်မှာ-သူမရဲ့အောက်ဘက်မှာ အရုပ်လိုလို၊ cupid လိုလို ရုပ်ထုလေးတွေက
  • 2:10 - 2:16
    အချင်းချင်းကစားနေကြတဲ့ပုံက ပျားအုံလေးလိုပဲ။
  • 2:16 - 2:20
    အချစ်ဆိပ်သင့်ပုံမျိုးပေါ့။ညာဘက်ထောင့်အောက်နားမှာရှိနေတဲ့ ခွေးလေးကိုအမှတ်တမဲ့ဆို မြင်မှာမဟုတ်ဘူး။
  • 2:20 - 2:24
    ဟုတ်တယ်။သူက ကြည့်ရတာ ဟောင်နေတဲ့ပုံံပဲ။ ပြီးတော့ ခွေးဆိုတော့
  • 2:24 - 2:30
    သစ္စာရှိခြင်းကိုပြတာပေါ့။အဲဒါက ဒီနေရာမှာရွဲ့နေသလိုဖြစ်နေတယ်။ အဲဒါက ခွေးကစိတ်ညစ်နေလို့လဲဖြစ်မှာပါ။
  • 2:30 - 2:36
    ခွေးလေးက လျှို့၀ှက်ချက်ကိုဖော်ပြနေသလိုပဲ။ဟုတ်တယ်။မှန်တယ်။ ပြီးတော့ရုပ်ထုကလည်း "shh"လိုလုပ်ပြနေတယ်။
  • 2:36 - 2:41
    ဒါက 1767 ခုကဆိုတော့ တော်လှန်ရေးမတိုင်ခင် အနှစ်နှစ်ဆယ်လောက်ကပေါ့။
  • 2:41 - 2:48
    ဒါပေမယ်လို့ ဒါကပြင်သစ်က အုပ်ချုပ်ပုံအဆင့်အတန်းတွေနဲ့ မင်းမျိုးနွယ်တွေရဲ့ ဇိမ်ခံခြင်းနဲ့ ပျော်ပါးမှုကို
  • 2:48 - 2:52
    ဖော်ပြနေပါတယ်။--ပြီးတော့ အခုလိုပန်းချီမျိုး၊ ကြည်နူးမှုကိုပြတဲ့ဟာမျိုးကို
  • 2:52 - 2:56
    Diderot နဲ့ တခြားအသိကြွယ်၀သူတွေက
  • 2:56 - 3:00
    အနုပညာလို့မခေါ်ကြဘူး။သူရဲကောင်းပီသတာတို့၊သူတော်ကောင်းတရားတို့ နဲ့ လူတွေရဲ့အခြေခံဆန္ဒမျိုးမဟုတ်ဘဲ
  • 3:00 - 3:07
    အဖြစ်ချင်ဆုံးဆန္ဒတွေကိုဆွဲဆောင်တာမျိုးကိုသာ အနုပညာလို့ခေါ်ကြတယ်။
  • 3:07 - 3:14
    ဒါက 1789 ခုရဲ့တော်လှန်ရေးမှာ အမြင်မှန်ရကိုရစေလိမ့်မယ်။
  • 3:14 -
    [သီချင်း]
Title:
Fragonard, The Swing, 1767
Description:

more » « less
Video Language:
English
Duration:
03:21

Burmese subtitles

Incomplete

Revisions