[သီိချင်း] ကျွန်တော်တို့က London မှာရှိတဲ့ Wallace Collection မှာပါ။ဒါကတော့ Fragonard ရဲ့ "The Swing" ပါ။ ဒီမှာကျွန်မတို့အရင်ဆုံးတွေ့ရတာကတော့ ပန်းချီကားရဲ့အလယ်မှာ "poof" ဆိုတဲ့ ပန်းရောင်နဲ့ ဇာအဖြူဖြစ်ပါတယ်။ဒီအမျိုးသမီးက အပေါ်ဘက်ကို လွှဲတက်သွားတယ်ပြီးတော့ သူမက အနီရောင်ကတီပါနဲ့ ရွှေရောင်ဆက်ထားတဲ့ ကြိုးနဲ့ဆွဲထားတဲ့ ဒန်းပေါ်မှာထိုင်နေပြီးတော့ အလွန်အမင်း၀ေ့လှည့်နေတဲ့ ဦးထုပ်နဲ့ သူမရဲ့ အဖြူရောင်ပိုးသားခြေအိတ်ရှည်ကိုလည်းတွေ့ရတယ်။ပြီးတော့ သူမရဲ့ ပန်းရောင်ဖိနပ်တစ်ဖက်ကို မြှောက်လိုက်တယ်။ ပြီးတော့သူမက အရမ်းကျီစယ်တတ်တဲ့ပုံပဲ--ပြီးတော့ ဒီမှာဖြစ်နေတဲ့ပုံကလည်းဆိုးတဲ့ပုံဖြစ်နေတယ် ဘာလို့လဲဆိုတော့ ဘယ်ဘက်အခြမ်းမှာ သူမကြည့်နေတဲ့သူမရဲ့ ရည်းစားဖြစ်သူက ချုံပုတ်ကြားထဲမှာပုံးနေပြီးတော့ မျက်နှာချင်းဆိုင်မှာသူမကိုလွှဲပေးနေတဲ့ အဖိုးကြီးကိုသူမက မျက်နှာလွှဲထားတယ်။အဲဒီအဖိုးကြီးက ချုံပုတ်ကြားထဲမှာသူမရည်းစားပုံးနေတာကိုမသိဘူး။ ဟုတ်တယ်၊ပြီးတော့ နောက်တစ်ချက်က ဘယ်ဘက်အခြမ်းက ပန်းပုကိုဝိုင်းထားတဲ့ ခြံစည်းရိုးအထပ်ရှိတယ်။ ဒီတော့ သူမရဲ့ရည်းစားကမသွားသင့်တဲ့နေရာသွားပြီး ချုံထူနေတဲ့ နှင်းဆီပန်းအရိိုင်းတွေ ကြားထဲမှာပုံးနေတယ်။ ဘယ်ဘက်အခြမ်းက ပန်းပုရုပ်ကိုကြည့်ပါဦး။ဒါက နတ်သားလေးလို သို့မဟုတ် အရုပ်လေးလိုပုံလေးက သူ့ပါးစပ်ပေါ်မှာသူလက်တင်ထားတဲ့ပုံက "shh"ဆိုပြီးလျှို့၀ှက်ထားဖို့အချက်ပြနေသလိုပဲ။--ပြီးတော့ ဒါက တောရိုင်းလိုနေရာမျိုးမှာမဟုတ်ဘဲ မြို့ပြင်အိမ်ကြီးလိုလို နန်းတော်ကြီးလိုလိုပဲ--သူမရဲ့ ဘယ်ဘက်လက်မောင်းနား၊ခပ်လှမ်းလှမ်းနားမှာ ဗိသုကာလက်ရာတွေကို တွေ့နိုင်တယ်။ဒီဥယျာဉ်ကြီးက ချုံထူနေပြီး သန်စွမ်းတယ်ဆိုပေမယ့်လဲ ရှုပ်ထွေးနေပါတယ်။ဒါက သဘာ၀အလျောက် ထကြွလှုပ်ရှားနေတာ၊ မြေသြဇာကောင်းနေတာ၊ များပြားနတောမျိုး-အတိတကျပြောရရင် မျိုးပွားမှုများနေတာ၊ကာမဂုဏ်မျိုး--ပြီးတော့ အိပ်မက်လိုလိုလည်း မြူလေးတွေဆိုင်းနေသလို ဖြစ်နေတယ်။ အပင်လေးတွေနဲ့သူတို့ရဲ့အကိုင်းတွေမှာ တစ်ခါတစ်ခါ သစ်ရွက်တွေ၀ေဆာနေပြီး တစ်ခါတစ်ခါ ခြောက်သွေ့နေတာမျိုး ပြီးတော့ ဒါက တစ်ခါတစ်လေ the blast and the bough လို့ပြောကြတယ်။ ဒါကတော့ လျှပ်စီးလျှပ်သလို ပိတ်ထူပေါ်မှာရှုပ်ယှက်ခတ်နေသလိုပဲ။ ဒါကို တခါတလေ စိတ်ထက်သန်ပြင်းပြမှုကိုပြတယ်၊ ဒီနေရာမှာဆိုရင် ကွက်တိလိုက်ဖက်တာပေါ့။ ဒီနောက်မှာ-သူမရဲ့အောက်ဘက်မှာ အရုပ်လိုလို၊ cupid လိုလို ရုပ်ထုလေးတွေက အချင်းချင်းကစားနေကြတဲ့ပုံက ပျားအုံလေးလိုပဲ။ အချစ်ဆိပ်သင့်ပုံမျိုးပေါ့။ညာဘက်ထောင့်အောက်နားမှာရှိနေတဲ့ ခွေးလေးကိုအမှတ်တမဲ့ဆို မြင်မှာမဟုတ်ဘူး။ ဟုတ်တယ်။သူက ကြည့်ရတာ ဟောင်နေတဲ့ပုံံပဲ။ ပြီးတော့ ခွေးဆိုတော့ သစ္စာရှိခြင်းကိုပြတာပေါ့။အဲဒါက ဒီနေရာမှာရွဲ့နေသလိုဖြစ်နေတယ်။ အဲဒါက ခွေးကစိတ်ညစ်နေလို့လဲဖြစ်မှာပါ။ ခွေးလေးက လျှို့၀ှက်ချက်ကိုဖော်ပြနေသလိုပဲ။ဟုတ်တယ်။မှန်တယ်။ ပြီးတော့ရုပ်ထုကလည်း "shh"လိုလုပ်ပြနေတယ်။ ဒါက 1767 ခုကဆိုတော့ တော်လှန်ရေးမတိုင်ခင် အနှစ်နှစ်ဆယ်လောက်ကပေါ့။ ဒါပေမယ်လို့ ဒါကပြင်သစ်က အုပ်ချုပ်ပုံအဆင့်အတန်းတွေနဲ့ မင်းမျိုးနွယ်တွေရဲ့ ဇိမ်ခံခြင်းနဲ့ ပျော်ပါးမှုကို ဖော်ပြနေပါတယ်။--ပြီးတော့ အခုလိုပန်းချီမျိုး၊ ကြည်နူးမှုကိုပြတဲ့ဟာမျိုးကို Diderot နဲ့ တခြားအသိကြွယ်၀သူတွေက အနုပညာလို့မခေါ်ကြဘူး။သူရဲကောင်းပီသတာတို့၊သူတော်ကောင်းတရားတို့ နဲ့ လူတွေရဲ့အခြေခံဆန္ဒမျိုးမဟုတ်ဘဲ အဖြစ်ချင်ဆုံးဆန္ဒတွေကိုဆွဲဆောင်တာမျိုးကိုသာ အနုပညာလို့ခေါ်ကြတယ်။ ဒါက 1789 ခုရဲ့တော်လှန်ရေးမှာ အမြင်မှန်ရကိုရစေလိမ့်မယ်။ [သီချင်း]