-
ဝမ်မနာ(သို့မဟုတ်)အမည်မဲ့ရွာ
-
ဝမ် ဆိုတာ ၀က် ကိုဆိုလိုတာ.
-
အနာ ကတော့…ယဉ်ပါးတယ် အိမ်မွေးတယ်ပေါ့
-
ဒတ်ခ်ျတွေဒီနေရာကို ပထမဆုံးလာတဲ့အချိန်မှာ ဖာသာအန်ဒါရဲ့ မိန်းမကို လယ်ထဲ စတွေ့ခဲ့တယ်
-
သူမက ၀က်ပေါက်စလေးတစ်ကောင်ချီထားတာပေါ့.
-
သူမလက်ထဲမှာလေ.
-
ဒတ်ခ်ျတွေက ဒါဘာအကောင်လဲလို့ မေးတော့
-
ဒီကလူတွေက အိမ်မွေးဝက်( ၀မ်မနာ)လို့ ပြန်ဖြေကြတယ်.
-
ဒီမှာတင် ဒတ်ခ်ျတွေက ‘ ဒါဆိုလည်း ဒီနယ်ကို အိမ်မွေးဝက် လို့ ခေါ်တာပေါ့’လို့ပြန်ပြောတယ်
-
ဒီမှာတော့ လူတွေနဲ့ ၀က်တွေက ခွဲခြားလို့မရဘူး။
-
ဝက်နဲ့လူဟာ အတူတူပဲမဟုတ်လား။
-
ဒီတော့ ၀မ် က ၀မ် ပေါ့။သူတို့ဟာ ၀က်တွေလေ။
-
ဒါပေမယ့် ၀က်တွေနဲ့ လူတွေက ဒီမှာ အမြဲရောယှက်နေတာ..
-
ရိုးရာမှာကိုက လူတွေက ၀က်တွေကို အများဆုံးသုံးတယ်.
-
လူ့ဘ၀စက်ဝန်းအတွင်းမှာ မိခင်သားအိမ်ထဲမှာ သန္ဓေသားအဖြစ်ရှိစဉ်ကထဲက
-
မသေခင်အထိ ၀က်တွေကို သုံးသွားတာပဲ.
-
လက်ထပ်ချိန်၊သေချိန်၊ရိုးရာအခမ်းအနားလုပ်ချိန်၊ဖျားချိန်၊နာချိန်..စသဖြင့်ဝက်တွေပါတယ်.
-
လူတွေဖျားပြီဆို ၀က်တွေကို သတ်ကြတာပဲ.
-
အစစအရာရာမှာ ၀က်တွေသုံးတယ်ပေါ့..
-
ဒါပေမယ့် ၁၉၉၅ လောက်ကစပြီး ၀က်တွေသေလာတယ်.
-
အဲဒီအချိန်မှာ ၀က်တော်တော်များများ စသေလာတယ်.
-
ကျွန်တော့်မှာ ၀က် ၂၇ ကောင်ရှိတယ်.
-
၂၀ သေသွားတယ်။အခု ၇ ကောင်ပဲကျန်တယ်.
-
ဝက်တွေမှာ ကွန်ဒိုယု ရောဂါ ဖြစ်နေတာသိတဲ့ချိန်မှာ ကျွန်တော်တို့ မျှော်လင့်ချက်မဲ့သွားတယ်.
-
အားလုံး ၀က်ကောင်ရေ ၄၀ လောက်သေတယ်.
-
ဒီနေရာကို တွေ့လား၊ ဘာမှမရှိတော့ဘူး။ အကုန်သေကုန်ပြီ.
-
ကျွန်တော့်မှာ ၀က်တစ်ကောင်ပဲ ကျန်တော့တယ်.သူ ၀က်ကလေးတွေ အများကြီးမွေးနိုင်အောင်ကျွေးမွေးတယ်.
-
ဝက်ကလေးတွေရရင် အိမ်နီးချင်းတွေကို ပေးတယ်.ဒီတော့ ခု နည်းနည်းတော့ ကျန်တယ်.
-
သူတို့လေးတွေကတော့ မွေးခါစ ၀က်ကလေးတွေပေါ့.
-
ဗိုင်းရပ်စ်ကြောင့် ဒီရောဂါဖြစ်တာ
-
ဝက်တွေကို ဗိုင်းရပ်စ်ကူးရင် ၀က်မစင်ကတဆင့် ၃ဆ ကူးစက်တော့တာပါပဲ.
-
မစင်ကတဆင့် ဆလီဗာမှာရှိတဲ့နေရာတိုင်း တခြား တိရစာန်တွေကိုပါ ဗိုင်းရပ်စ်ကူးတော့တာပါပဲ.
-
ကူးချိန်က အတော်မြန်တယ်.
-
မွေးထားတဲ့ တိရစ္ဆ္ဆာန်လေးတွေကို ကယ်ဖို့ အတော်ကြိုးစားရတယ်.
-
အစိုးရဆီက ဆေးဝါးတစ်ချို့ရဖို့ ကျွန်တော် ဆုတောင်းတယ်.
-
သူတို့က ဆေးထိုးကုဖို့ ဆေးပုလင်းသေးသေးလေးပေးတယ်.
-
ဒီတော့ ၀က်ကလေးတွေအပါအ၀င် ကျွန်တော့်တိရစ္ဆ္ဆာန်တွေအားလုံးကို ဆေးထိုးလိုက်တယ်.
-
ဒီဗိုင်းရပ်စ်ကို ကိုင်တွယ်ဖို့အတွက် ပထမဆုံးလုပ်ရမှာက ၀က်တွေကို ကာကွယ်ဆေးထိုးဖို့ပဲ.
-
ဒုတိယအဆင့်ကတော့ တိရစ္ဆ္ဆာန်တွေအားလုံးကို တစ်ကန့်င်္စီ ထားရမှာပါ.
-
ဒီတော့ ဗိုင်းရပ်စ်ကို ထိန်းချုပ်နိုင်ပါပြီ.တစ်ကောင်ရောဂါဖြစ်နေရင်တောင် တခြားအကောင်ကို မကူးနိုင်တော့ဘူး။
-
တတိယအဆင့်က တကယ်လို့များ တစ်ကန့်ထဲထားတဲ့ ကောင်က ဒီရောဂါဖြစ်မယ်ဆိုရင်ပေါ့.
-
ရောဂါပြန့်ပွားခြင်းကို ဆေးဖြန်းခြင်းနဲ့ လျှော့ချနိုင်ပါတယ်.
-
ကျွန်တော် ဆေးထိုးအပ် ၀ယ်လာတယ်.ဆေးဆိုင်က ကိုယ့်ဟာကိုယ်ဝယ်ခဲ့တာပါ.
-
အစိုးရဆေးခန်းကို ကျွန်တော်တို့ တိရစ္ဆ္ဆာန်တွေသွားပြရင် ဆေးထိုးပေးတယ်.ဒါပေမယ့် ငွေတော့ပေးရတယ်.
-
အစိုးရက ကျွန်တော်တို့ကို ဆေးဝါးအခမဲ့ ကူညီမယ် လို့မျှော်လင့်ခဲ့တယ်.
-
ဒီလိုနဲ့ အစိုးရဆေးခန်းမကြာခဏသွားပြီးနောက် ကိုယ့်ဟာကိုယ်ပဲ နီးစပ်ရာမှာ အပ်ဝယ်၊ဆေးထိုးလုပ်လိုက်တော့တယ်.
-
ဒါပေမယ့် ၀က်တွေက သေတုန်းပဲ.
-
ဒီတော့ နောက်တစ်ခု ထပ်ကြိုးစားကြတယ်.
-
ပင်နီဆလင်နဲ့ တခြားဆေးတွေကို ဆေးဆိုင်က၀ယ်ပြီး တိရစ္ဆာန်တွေကို ထိုးပေးတယ်.
-
ဒီ့နောက် ၀က်တွေ ပြန်ကောင်းလာကြတယ်.
-
ဒီတော့ အစိုးရရဲ့အကူတာဟာ ကျွန်တော်တို့ တိရစ္ဆ္စ္စ္စ္ဆ္စ္စ္စ္စ္စာန်တွေအတွက် အဆင်မပြေဘူးလို့ ထင်တယ်.
-
အများစုက ကာကွယ်ဆေးထိုးမယ်ဆိုရင်ကျွန်တော်တို့ ဒီရောဂါကို ထိန်းချုပ်နိုင်မယ်လို့ ယုံကြည်ပါတယ်.
-
အစိုးရကတော့ ဒီတိရစ္ဆ္စ္စ္စ္ဆ္စ္စ္စ္စ္စာန်တွေကို ဘယ်သူပိုင်တယ်စတဲ့ survey လုပ်ဖို့တောင် ရွာကို မလာခဲ့ဖူးဘူး.
-
သူတို့ ဘယ်တော့မှ မလာခဲ့ပါဘူး.
-
ဒါကြောင့်လည်း ရောဂါနဲ့ ပတ်သတ်တဲ့ အချက်အလက်တွေ သူတို့မှာ မရှိတာပေါ့.
-
သူတို့က ဒါနဲ့ပတ်သတ်ပြီး စတင်ဆွေးနွေးမယ်ဆိုရင် ကျွန်တော်တို့ ကူနိုင်တယ်လေ.သူတို့ကမှ ရွာကို မလာတာ.
-
ဒီတော့ ဒီရောဂါနဲ့ ပတ်သတ်ပြီး သူတို့ တကယ်မသိဘူးပေါ့.
-
တိရစ္ဆာန်တစ်ကောင်ဖျားပြီဆို လူတွေက ရိုးရာနည်းနဲ့ အရင်ကုတယ်.ခေတ်သစ်ဆေးဝါး
ကို မလုပ်ကြဘူး.
-
အများစုလုပ်တတ်တာကတော့ လူမှာပေးတဲ့ antibiotic ဆေးကို ၀က်တွေကို တိုက်လိုက်တာပဲ.
-
ဒါ တကယ် အလုပ်ဖြစ်သလား။ သူက ရောဂါကို ပိုပြန့်ပွားစေတာ.
-
ဒါကြောင့် အစိုးရဟာ ကျွန်တော်တို့အပေါ် နည်းနည်းပဲအာရုံရှိတယ်လို့ထင်တယ်.