တစ်ပုဒ်တည်းသော ပုံပြင်၏ အန္တရာယ်
-
0:00 - 0:02ကျွန်မက ပုံပြင်ပြောသူ တစ်ယောက်ပါ။
-
0:02 - 0:06အခု ရှင်တို့ကို "တစ်ပုဒ်တည်းသော ပုံပြင်၏
အန္တရာယ်"လို့ခေါ်တဲ့ -
0:06 - 0:10ကိုယ်ရေး ပုံပြင်တွေကို
ကျွန်မ ပြောပြချင်ပါတယ်။ -
0:11 - 0:14ကျွန်မက အရှေ့ Nigeria ရဲ့
တက္ကသိုလ်မှာ ကြီးပြင်းတာပါ။ -
0:14 - 0:17ကျွန်မ အမေကတော့ ကျွန်မက
အသက် ၂ နှစ်မှာ စာစဖတ်တယ်လို့ပြောတယ်။ -
0:17 - 0:21ဒါပေမဲ့ ၄ နှစ်က ပိုမှန်မယ်လို့
ကျွန်မ ထင်ပါတယ်။ -
0:22 - 0:24ကျွန်မက စာကို စောပြီး ဖတ်တတ်လာသူပါ။
-
0:24 - 0:27ကျွန်မ ဖတ်တာတွေကတော့ ဗြိတိန်နဲ့
အမေရိကန် ကလေးစာအုပ်တွေ ဖြစ်ပါတယ်။ -
0:28 - 0:30ကျွန်မက စာကို စောပြီး
ရေးတတ်သူလည်း ဖြစ်ပါတယ်။ -
0:30 - 0:32၇ နှစ်လောက်မှာ ကျွန်မ ခဲတံရယ်
-
0:32 - 0:34ရောင်စုံတွေနဲ့ ခြယ်သထားပြီး
-
0:34 - 0:37ကျွန်မ သနားစရာ အမေကို ဖတ်ခိုင်းတဲ့
-
0:37 - 0:40ပုံပြင်တွေ စရေးတော့
-
0:40 - 0:43ကျွန်မ ဖတ်နေခဲ့တဲ့ ပုံပြင်တွေကိုဘဲ
အတိအကျ ပြန်ရေးတာပါ။ -
0:43 - 0:48ဇာတ်ကောင်တွေ အားလုံးက
အသားဖြူဖြူ မျက်လုံးပြာပြာနဲ့။ -
0:48 - 0:50သူတို့က နှင်းထဲမှာ ကစားတယ်။
-
0:50 - 0:52သူတို့ ပန်းသီးတွေ စားတယ်။
-
0:52 - 0:54(ရယ်သံများ)
-
0:54 - 0:56ပြီးရင် သူတို့က ရာသီအကြောင်း
မကြာမကြာပြောတယ်။ -
0:56 - 0:58နေထွက်လာတာ ဘယ်လောက်တောင်
သာယာလဲဆိုတာပေါ့။ -
0:58 - 1:00(ရယ်သံများ)
-
1:00 - 1:04ကျွန်မ Nigeria မှာနေတယ် ဆိုပေမဲ့ လည်း
-
1:04 - 1:06အရင်တုန်းက Nigeria
အပြင်ကို မရောက်ခဲ့ဖူးပါဘူး။ -
1:07 - 1:10ကျွန်မတို့ဆီမှာ နှင်းမကျဘူး။
ကျွန်မတို့ သရက်သီးစားတယ်။ -
1:10 - 1:12ပြီးရင် ကျွန်မတို့ ဘယ်တော့မှ
ရာသီအကြောင်း မပြောကြဘူး။ -
1:12 - 1:14အကြောင်းက ပြောစရာမလိုလို့လေ။
-
1:14 - 1:17ကျွန်မ ဇာတ်ကောင်တွေက
ချင်းဘီယာတွေ သောက်ပါတယ်။ -
1:17 - 1:20ဘာလို့လဲဆိုတော့ ဗြိတိန် စာအုပ်ထဲက
ဇာတ်ကောင်တွေလည်း -
1:20 - 1:21သောက်လို့လေ။
-
1:21 - 1:24ချင်းဘီယာ ဘာလဲဆိုတာ ကျွန်မ
မသိခဲ့တာကို ထားလိုက်ပါတော့။ -
1:24 - 1:26(ရယ်သံများ)
-
1:26 - 1:27နှစ်ပေါင်းများစွာ ကြာပြီးနောက်
-
1:27 - 1:30ကျွန်မ ဂျင်းဘီယာ အရသာကို
အင်မတန်ဘဲ မြည်းကြည့်ချင်ပါတယ်။ -
1:30 - 1:32ဒါပေမဲ့ ဒါက နောက်အကြောင်းအရာ
တစ်ခုပါ။ -
1:32 - 1:34ကျွန်မထင်တာက ဒါက
-
1:34 - 1:37ကျွန်မတို့တွေ ပုံပြင်နဲ့ပတ်သတ်လာရင်
ဘယ်လောက်တောင် -
1:37 - 1:39ယုံကြည်လွယ်တာကို ပြသလိုက်ပါတယ်။
-
1:39 - 1:40အထူးသဖြင့် ကလေးဘဝမှာပေါ့။
-
1:42 - 1:45ဘာလို့လဲဆို ဖတ်သမျှ ပုံပြင်တွေထဲက
ဇာတ်ကောင်တွေကနိုင်ငံခြားကလေ။ -
1:45 - 1:48စာအုပ်တွေဟာ သူတို့ သဘောသဘာဝအရ
-
1:48 - 1:51နိုင်ငံခြားသားတွေပါရမယ် ကျွန်မ ကိုယ်တိုင်
-
1:51 - 1:54မခွဲခြားနိုင်တဲ့အရာတွေ ပါရမယ်ဆိုပြီး
ကျွန်မယုံကြည်လာပါတယ်။ -
1:56 - 1:59အာဖရိက စာအုပ်တွေ ကျွန်မ ဖတ်ပြီးနောက်
အရာရာက ပြောင်းလဲသွားပါတယ်။ -
1:59 - 2:01အဲစာအုပ်တွေက သိပ်လဲမရှိသလို
-
2:01 - 2:04နိုင်ငံခြားစာအုပ်လို အရာ ရှာဖို့မလွယ်ဘူးလေ။
-
2:04 - 2:07ဒါပေမဲ့ Chinua Achebe နဲ့
Camara Laye စာရေးဆရာတွေကြောင့် -
2:07 - 2:11ကျွန်မရဲ့ စာပေနဲ့ ပတ်သတ်တဲ့
အမြင်တွေလည်း ပြောင်းလဲလာခဲ့ပါတယ်။ -
2:11 - 2:13ကျွန်မ သိလိုက်တာက ကျွန်မလို လူတွေ
-
2:13 - 2:15ချောကလက်ရောင် အသားရေ
-
2:15 - 2:19စည်းလို့မရအောင် လိမ်ကောက်နေတဲ့ ဆံပင်နဲ့
ကောင်မလေးတွေလည်း -
2:19 - 2:20စာပေထဲမှာ တည်ရှိနိုင်တယ်ဆိုတာကိုပေါ့။
-
2:21 - 2:24ဒါကြောင့် ကျွန်မ မှတ်မိတဲ့
အကြောင်းအရာတွေကို စရေးခဲ့ပါတယ်။ -
2:25 - 2:28ကျွန်မ အမေရိကန် နဲ့
ဗြိတိန်စာအုပ်တွေကိုလည်း ကြိုက်ပါတယ်။ -
2:28 - 2:30ဒါတွေက ကျွန်မရဲ့စိတ်ကူးကို
နှိုးဆွပေးသလို -
2:30 - 2:32ကျွန်မကို ကမ္ဘာအသစ်ဆီ
ခေါ်ဆောင်ပေးတယ်လေ။ -
2:32 - 2:34ဒါပေမဲ့ မရည်ရွယ်ထားတဲ့ နောက်ဆက်တွဲကတော့
-
2:34 - 2:36ကျွန်မလို လူတွေ စာပေထဲမှာ
တည်ရှိနိုင်တယ်ဆိုတာကို -
2:36 - 2:38မသိရှိခြင်း ဖြစ်ပါတယ်။
-
2:38 - 2:42ဒါကြောင့် အာဖရိက စာရေးဆရာတွေကို
ရှာဖွေတွေ့ရှိခြင်းဟာ -
2:42 - 2:46ကျွန်မကို တစ်ပုဒ်တည်းသော ပုံပြင်ကိုသာ
သိရှိခြင်းကနေ ကယ်တင်ခဲ့ပါတယ်။ -
2:47 - 2:50ကျွန်မက သာမန် အလယ်တန်းစား
Nigeria မိသားစုကနေလာတာပါ။ -
2:50 - 2:52ကျွန်မ အဖေကတော့ ပါမောက္ခ။
-
2:52 - 2:54ကျွန်မ အမေကတော့ အုပ်ချုပ်ရေးမှူးပါ။
-
2:55 - 2:58အစဉ်အလာအတိုင်းပေါ့
-
2:58 - 3:03ကျွန်မတို့ မှာ အနီးအနားရွာက လာနေတဲ့
အိမ်တွင်း အစေခံ တစ်ယောက်ရှိပါတယ်။ -
3:03 - 3:07ကျွန်မ အသက် ၈ နှစ်ပြည့်တော့ ကောင်လေး
အသစ်တစ်ယောက် ရောက်လာပါတယ်။ -
3:07 - 3:08သူကတော့ Fide ပါ။
-
3:10 - 3:12သူမိသားစုနဲ့ ပတ်သတ်ပြီး
ကျွန်မ အမေပြောခဲ့တဲ့ -
3:12 - 3:15အရာတစ်ခုက သူတို့က
အရမ်းဆင်းရဲတယ်ဆိုတာ ဖြစ်ပါတယ်။ -
3:15 - 3:20အမေက သူတို့မိသားစုကိုမျောက်ဥ၊
ဆန်၊ အင်္ကျီဟောင်းတွေ ပေးလေ့ရှိပါတယ်။ -
3:20 - 3:23တကယ်လို့ ကျွန်မက ညနေစာကို
မကုန်ဘူးဆိုရင် ကျွန်မ အမေက -
3:23 - 3:24"ကုန်အောင်စား၊ မင်းမသိဘူးလား။
-
3:24 - 3:27Fide တို့လိုမိသားစုကဘာမှ
မရှိဘူးဆိုတာ။" လို့ပြောတတ်ပါတယ်။ -
3:27 - 3:31ဒါကြောင့် ကျွန်မ Fide မိသားစု အပေါ်
အင်မတန်ဘဲ သနားမိပါတယ်။ -
3:32 - 3:34စနေနေ့တစ်နေ့မှာတော့ ကျွန်မတို့
သူ့ရွာကို အလည်သွားတော့ -
3:34 - 3:38သူ့အမေက ကျွန်မတို့ကို
ဆေးဆိုးထားတဲ့ ထန်းရွက်နဲ့ -
3:38 - 3:41သူ့အစ်ကို ရက်လုပ်ထားတဲ့
ခြင်းတောင်းလှလှလေးကို ပြခဲ့ပါတယ်။ -
3:41 - 3:43ကျွန်မ အလွန်ပဲ အံအားသင့်ခဲ့ပါတယ်။
-
3:43 - 3:46သူ့မိသားစုထဲက တစ်ယောက်ယောက်က
ဒါမျိုးလုပ်နိုင်မယ်လို့ -
3:46 - 3:49ကျွန်မ မသိထားခဲ့ဘူးလေ။
-
3:49 - 3:52ကျွန်မ ကြားသိရသမျှကတော့
သူတို့ ဘယ်လောက်ဆင်းရဲလဲဆိုတာပါ။ -
3:52 - 3:55ဒါကြောင့် ကျွန်မအတွက်
သူတို့ကို ဆင်းရဲတာကလွဲရင် -
3:55 - 3:57တခြားအရာအဖြစ် မြင်ဖို့ဆိုတာ
မဖြစ်နိုင်တော့ပါဘူး။ -
3:57 - 4:00သူတို့ရဲ့ဆင်းရဲမှုဟာ ကျွန်မအတွက်
သူတို့ရဲ့တစ်ပုဒ်တည်းသောပုံပြင်ပါ။ -
4:01 - 4:04နှစ်အနည်းငယ်ပြီးနောက်
အမေရိကန် မှာ တက္ကသိုလ်တက်ဖို့ -
4:04 - 4:06Nigeria ကိုထွက်ခွာတော့
ဒီအကြောင်းကို စဉ်းစားမိပါတယ်။ -
4:06 - 4:08အဲတုန်းက ကျွန်မက ၁၉နှစ်ပါ။
-
4:08 - 4:12ကျွန်မရဲ့ အမေရိကန် အခန်းဖော်က
ကျွန်မကြောင့် အံအားသင့်ခဲ့ပါတယ်။ -
4:12 - 4:16ကျွန်မ အင်္ဂလိပ်စာ ဒီလောက်ပြောတတ်အောင်
ဘယ်ကနေသင်ခဲ့သလဲ ဆိုပြီး သူမ မေးပါတယ်။ -
4:16 - 4:18ကျွန်မက Nigeria မှာ အင်္ဂလိပ်စာက
-
4:18 - 4:21ရုံးသုံးစကား ဖြစ်တယ်လို့ပြောတော့ သူမ
မယုံနိုင် ဖြစ်သွားပါတယ်။ -
4:22 - 4:26ကျွန်မရဲ့ တိုင်းရင်း သီချင်းကို
ဖွင့်ပြဖို့ သူမတောင်းဆိုပါတယ်။ -
4:26 - 4:28ဒါပေမဲ့ ကျွန်မ Mariah
Carey တိတ်ခွေဖွင့်ပြတော့ -
4:28 - 4:30သူမ တော်တော်စိတ်ပျက်သွားပါတယ်။
-
4:30 - 4:33(ရယ်သံများ)
-
4:33 - 4:37သူမက ကျွန်မ ဟာ မီးဖို
မသုံးတတ်ဘူးလို့လည်း ယူဆထားပါတယ်။ -
4:38 - 4:39ကျွန်မ ပိုအံအားသင့်ခဲ့တာက
-
4:39 - 4:42သူမက ကျွန်မကို မမြင်ခင်ကတည်းက
ကျွန်မကို သနားနေတာပါ။ -
4:43 - 4:46သူမ ကျွန်မအပေါ် အာဖရိကလူ
တစ်ယောက်အနေနဲ့ ပင်ကို ရှိတဲ့ စိတ်ထားက -
4:46 - 4:49နှိမ်ချတဲ့ အဓိပ္ပါယ်ရှိတဲ့
သနားမှုမျိုးပါ။ -
4:50 - 4:53ကျွန်မ အခန်းဖော်က အာဖရိက
ပုံပြင်တစ်ပုဒ်တည်းသာ ကြားဖူးတာပါ။ -
4:54 - 4:56ကံဆိုးမိုးမှောင်ကျတဲ့ ပုံပြင်လေးပေါ့။
-
4:56 - 4:58ဒီပုံပြင်လေးထဲမှာ
-
4:58 - 5:02အာဖရိကလူတွေ သူမနဲ့
တူနိုင်စရာ မရှိပါဘူး။ -
5:02 - 5:05သနားစရာကလွဲ၍
တခြားခံစားမှုတွေ မရှိပါဘူး။ -
5:05 - 5:09အခွင့်အရေးညီမျှတဲ့ လူသားအဖြစ်
ဆက်နွယ်မှုဆိုတာ မဖြစ်နိုင်ပါဘူး။ -
5:09 - 5:11ကျွန်မ ဝန်ခံရမယ် အမေရိကန်ကို မရောက်ခင်က
-
5:11 - 5:13ကျွန်မကိုယ့်ကို အာဖရိကလူအဖြစ် မခံယူပါဘူး။
-
5:14 - 5:17ဒါပေမဲ့ အာဖရိက အကြောင်းပေါ်လာတိုင်း
လူတွေက ကျွန်မကို လှည့်ကြည့်တယ်။ -
5:17 - 5:20Namibia လို နေရာအကြောင်း
ဘာမှမသိတာတော့ ထားလိုက်ပါတော့။ -
5:21 - 5:23ဒါပေမဲ့ ကျွန်မဒီသတ်မှတ်ချက်
အသစ်ကိုလက်ခံလာတယ် -
5:23 - 5:26ကျွန်မကိုယ့်ကိုအာဖရိကသူ
အဖြစ် မှတ်ယူပါတယ်။ -
5:26 - 5:30ဒါပေမဲ့လည်း အာဖရိကကို နိုင်ငံအဖြစ်
ရည်ညွန်းတဲ့အခါ ကျွန်မ ဒေါသထွက်ပါတယ်။ -
5:30 - 5:34မကြာခင်လေး လွန်ခဲ့တဲ့
နှစ်ရက်လောက်က ကျွန်မ Lagos မှ -
5:34 - 5:35အပြန်လေကြောင်းခရီးလေး
-
5:35 - 5:38Virgin လေကြောင်းလိုင်းမှာ
"အိန္ဒိယ၊ အာဖရိကနှင့် -
5:38 - 5:43အခြားသောနိုင်ငံများ"မှ
ရန်ပုံငွေအဖွဲ့အကြောင်း ကြေငြာတာပါ။ -
5:43 - 5:44(ရယ်သံများ)
-
5:44 - 5:48အမေရိကန်မှာ အာဖရိကသူ
တစ်ယောက်အနေနဲ့ နှစ်အချို့နေပြီးနောက် -
5:48 - 5:51ကျွန်မ အခန်းဖော်ရဲ့ ကျွန်မအပေါ်
တုန့်ပြန်မှုကို စတင် နားလည်လာပါတယ်။ -
5:52 - 5:54ကျွန်မသာ Nigeria မှာ ကြီးပြင်းတာမဟုတ်ဘူး
-
5:54 - 5:57ကျွန်မသာ အာဖရိကကို ကျော်ကြားတဲ့
ရုပ်ပုံတွေကနေသာ သိခဲ့မယ်ဆိုရင် -
5:57 - 6:02ကျွန်မလည်း အာဖရိကက လှပတဲ့ ရှုခင်း၊
လှပတဲ့ တိရစ္ဆာန်တွေ၊ -
6:02 - 6:04နားမလည်နိုင်တဲ့၊
-
6:04 - 6:06အဓိပ္ပါယ်မဲ့ စစ်ပွဲတွေတိုက်နေတဲ့၊
-
6:06 - 6:10ဆင်းရဲမွေတေမှု AIDS ကြောင့်သေနေတဲ့
-
6:10 - 6:12ကိုယ့်ကိုအတွက် စကားမပြောနိုင်ဘဲ
ကြင်နာတဲ့ လူဖြူ -
6:12 - 6:14နိုင်ငံခြားတစ်ယောက်လာ
ရောက်ကယ်ဆယ်ဖို့ကို -
6:14 - 6:17စောင့်မျှော်နေတဲ့ လူတွေ ရှိနေတဲ့
နေရာတစ်ခုအဖြစ် မြင်မိမှာပါ။ -
6:17 - 6:19ကျွန်မ အာဖရိကသားတွေကို ငယ်ငယ်တုန်းက
-
6:19 - 6:22Fide မိသားစုကို
မြင်မိသလို ရှုမြင်မိမှာပါ။ -
6:23 - 6:27ဒီရဲ့ တစ်ပုဒ်တည်း ပုံပြင်က အနောက်တိုင်း
စာပေက လာတယ်လို့ ထင်ပါတယ်။ -
6:27 - 6:29ဒါကတော့ အနောက်အာဖရိကကို ၁၅၆၁ တုန်းက
-
6:29 - 6:32ရွက်လွင့်သွားခဲ့ပြီး
ရေကြောင်းခရီးရှည်သွားခဲ့တာကို -
6:32 - 6:35မှတ်တမ်းတင်ထားတဲ့ လန်ဒန်
ကုန်သည် John Lok -
6:35 - 6:39ရေးထားတဲ့ စာတစ်ကြောင်းဖြစ်ပါတယ်။
-
6:40 - 6:44လူမည်း အာဖရိကသားတွေကို "အိုးမဲ့ အိမ်မဲ့
တိရစ္ဆာန်"အဖြစ်ရည်ညွန်းပြီးနောက် -
6:44 - 6:48သူက ဆက်ရေးပါတယ်။ "သူတို့တွေက
ခေါင်းမရှိတဲ့ လူတွေပါ။ -
6:48 - 6:52သူတို့ရဲ့ ပါးစပ်နဲ့ မျက်လုံးတွေက
သူတို့ရဲ့ ရင်သားမှာ ရှိတာပါ။" -
6:53 - 6:55ကျွန်မ ဒီစာကို ဖတ်မိတိုင်း ရယ်ပါတယ်။
-
6:55 - 6:58John Locke ရဲ့ စိတ်ကူး
စိတ်သန်ကို ချီးကျူးရပါမယ်။ -
6:59 - 7:01ဒါပေမဲ့ သူ့အရေးနဲ့ ပတ်သတ်ပြီး
-
7:01 - 7:03အရေးကြီးတာက
အနောက်တိုင်းမှာ အာဖရိက -
7:03 - 7:06ပုံပြင်ပြောတဲ့ ဓလေ့အစကို
ကိုယ်စားပြုလိုက်တာပါ။ -
7:06 - 7:09မကောင်းမှုတွေ၊ ခြားနားမှု၊ အမှောင်ထု၊
ကဗျာဆရာ Rudyard Kipling စကားအရ -
7:09 - 7:12မကောင်းဆိုးဝါးတစ်ပိုင်း
-
7:12 - 7:17ကလေးတစ်ပိုင်း ဖြစ်နေတဲ့ လူတွေရှိနေတဲ့
-
7:17 - 7:19Sub-Saharan နေရာလေးရဲ့ ဓလေ့လေးပေါ့။
-
7:20 - 7:23ဒါကြောင့် ကျွန်မ သိလိုက်တာက
ကျွန်မရဲ့ အခန်းဖော်က -
7:23 - 7:25သူမ ဘဝတစ်လျှောက်
-
7:25 - 7:29မျိုးစုံသော တစ်ပုဒ်တည်း
ပုံပြင်ကို ကြားဖူးမြင်ခဲ့ဖူးမှာပါ။ -
7:29 - 7:31ကျွန်မ ဝတ္ထုကို "အာဖရိက
-
7:31 - 7:35မစစ်မှန်ဘူး"လို့ ပြောခဲ့တဲ့
ပါမောက္ခတစ်ယောက်လိုပေါ့။ -
7:36 - 7:38အခု ကျွန်မရဲ့ ဝတ္ထုနဲ့ ပတ်သတ်ပြီး
-
7:38 - 7:41တစ်ခုခုမှားနေတယ်
နေရာတစ်ချို့မှာ လွဲနေတယ်ဆိုတာ -
7:41 - 7:44ကျွန်မ ဝန်ခံ ပြောဖို့ အသင့်ပါဘဲ။
-
7:44 - 7:47ဒါပေမဲ့ အာဖရိက
စစ်မှန်မှု မရှိဘူးဆိုတာတော့ -
7:47 - 7:49ကျွန်မ မစဉ်းစားမိခဲ့ပါဘူး။
-
7:49 - 7:53တကယ်တော့ အာဖရိက စစ်မှန်မှု ဆိုတာ
ဘာလဲ ကျွန်မ မသိခဲ့ပါဘူး။ -
7:54 - 7:58ပါမောက္ခက ကျွန်မရဲ့ဇာတ်ဆောင်တွေက
သူနဲ့တော်တော်တူတယ်လို့ပြောပါတယ်။ -
7:58 - 8:00ပညာတတ် အလယ်တန်းစား လူတစ်ယောက်ပေါ့။
-
8:00 - 8:03ကျွန်မ ဇာတ်ဆောင်တွေက ကားမောင်းတယ်။
-
8:03 - 8:05ငတ်မွတ် ခေါင်းပါးနေတာလည်း မဟုတ်ဘူးလေ။
-
8:05 - 8:08ဒါကြောင့် သူတို့က အာဖရိက မစစ်မှန်ဘူးပေါ့။
-
8:09 - 8:12ဒါပေမဲ့ ကျွန်မ ဒီ တစ်ပုဒ်တည်းသော
ပုံပြင် နဲ့ ပတ်သတ်ပြီး -
8:12 - 8:14အပြစ်မကင်းတာကိုလည်း ဝန်ခံရပါမယ်။
-
8:15 - 8:18အရင်နှစ်အနည်းငယ်တုန်းက ကျွန်မ
မက္ကဆီကို ကို အလည်သွားခဲ့ပါတယ်။ -
8:19 - 8:22အဲတုန်းက အမေရိကန်က
နိုင်ငံရေးတွေက မတည်ငြိမ်ပါဘူး -
8:22 - 8:25နိုင်ငံကူးပြောင်းတာနဲ့ ပတ်သတ်ပြီး
အငြင်းပွားတာတွေလည်း ရှိခဲ့ပါတယ်။ -
8:25 - 8:27အမေရိကန်မှာ ဖြစ်ပျက်နေသလိုပါဘဲ
-
8:27 - 8:29မက္ကဆီကို လူတွေနဲ့
နိုင်ငံကူးပြောင်းတာတွေဟာ -
8:29 - 8:31တစ်ထပ်တည်း ဖြစ်လာပါတယ်။
-
8:31 - 8:33မက္ကဆီကိုလူတွေ ကျန်းမာရေးဝန်ဆောင်မှုကနေ
-
8:33 - 8:36အမြတ်ထုတ်တာတွေ နယ်နိမိတ်ကို ခိုးဖြတ်တာတွေ
-
8:36 - 8:38နယ်နိမိတ်မှာ ဖမ်းခံရတာတွေ စတဲ့
-
8:38 - 8:40ပုံပြင်တွေအများကြီးရှိပါတယ်။
-
8:42 - 8:46Guadalajara မှာ ပထမတစ်ရက် လမ်းပတ်
လျှောက်ရင်း လူတွေအလုပ်သွားတာတွေ -
8:46 - 8:48tortilla မုန့်လုပ်တာတွေ
ဆေးလိပ်သောက်တာတွေ -
8:48 - 8:50ရယ်မောနေတာတွေ
-
8:50 - 8:52ကြည့်တာကို ပြန်သတိရပါတယ်။
-
8:53 - 8:56ကျွန်မ ပထမအကြိမ်
အံအားသင့်မှုကို မှတ်မိပါတယ်။ -
8:56 - 8:59ပြီးရင် ကျွန်မ အင်မတန်ရှက်မိပါတယ်။
-
8:59 - 9:02ကျွန်မ ဟာ မက္ကဆီကို နဲ့ပတ်သတ်ပြီး
သတင်းမီဒီယာ ရဲ့ -
9:02 - 9:04တင်ပြမှုကို ယုံစားမိနေတာကို
သိလိုက်ရပါတယ်။ -
9:04 - 9:06ကျွန်မ အတွေးထဲမှာ သူတို့က
အရာတစ်ခု ဖြစ်လာပါတယ်။ -
9:06 - 9:08သနားစရာ နိုင်ငံကူးပြောင်းသူတွေပေါ့။
-
9:09 - 9:11မက္ကဆီကန်တွေရဲ့၁ပုဒ်တည်း
ပုံပြင်ကိုယုံစားခဲ့ပါတယ်။ -
9:11 - 9:14ဒါကြောင့်လည်း ကျွန်မ
အင်မတန်ရှက်မိပါတယ်။ -
9:14 - 9:17တစ်ပုဒ်တည်းသော ပုံပြင်ကို ဖန်တီးချင်ရင်
-
9:17 - 9:19လူတွေကို အရာတစ်ခုတည်း အဖြစ်သာ ပြသပါ။
-
9:19 - 9:21အရာတစ်ခုတည်းလေးပေါ့။
-
9:21 - 9:23ထပ်ခါ ထပ်ခါ ပြသပါ။
-
9:23 - 9:25ဒါနဲ့ပဲ သူတို့က အဲဒါတွေ
ဖြစ်လာပါတယ်။ -
9:26 - 9:28အာဏာအကြောင်းမပြောဘဲ
တစ်ပုဒ်တည်း ပုံပြင်ကို -
9:28 - 9:30ပြောဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။
-
9:31 - 9:33Igbo စကားလုံးလေး တစ်လုံးလေးရှိပါတယ်။
-
9:33 - 9:37ကမ္ဘာတစ်ဝန်း အာဏာအကြောင်း တွေးမိတိုင်း
ဒီစကားလုံးကို ကျွန်မ စဉ်းစားမိပါတယ်။ -
9:37 - 9:38အဲဒါကတော့ "nkali"ပါ။
-
9:38 - 9:43ဒါက နာမ်ဖြစ်ပြီး "အခြားသောအရာထက်
ကြီးမြတ်သော"လို့ ဘာသာပြန်လို့ရတယ်။ -
9:44 - 9:46ကျွန်မတို့ရဲ့ စီးပွားရေး၊
နိုင်ငံရေး ဝန်းကျင်မှာ -
9:47 - 9:51ပုံပြင်တွေကို "nkali" နိယာမနဲ့
သတ်မှတ်ကြပါတယ်။ -
9:51 - 9:53သူတို့ကို ဘယ်လိုပြောလဲ၊ ဘယ်သူကပြောလဲ၊
-
9:53 - 9:56ဘယ်အချိန်ပြောလဲ၊ ဘယ်နှပုဒ်လောက်
ပြောလဲဆိုတာတွေဟာ -
9:56 - 9:58အာဏာအပေါ် မှုတည်ပါတယ်။
-
10:00 - 10:03အာဏာက လူတစ်ယောက်ရဲ့
ပုံပြင်ကို ပြောပြနိုင်ရုံသာမက -
10:03 - 10:07အဲဒီ ပုံပြင်ကို နောက်ဆုံးပုံပြင်
ဖြစ်အောင်လည်း လုပ်နိုင်ပါတယ်။ -
10:07 - 10:09ပါလက်စတိုင်းကဗျာဆရာ
Mourid Barghouti ကရေးတာက -
10:09 - 10:12သင်က လူတစ်စု ကို လှည့်စားချင်ရင်
-
10:12 - 10:15အလွယ်ဆုံးနည်းက သူတို့ကို ပုံပြင်ပြောပါ။
-
10:15 - 10:17ဒါပေမဲ့ ဒုတိယအကြိမ်နဲ့ စပါ။
-
10:18 - 10:22မူလ အမေရိကလူတွေ ရဲ့
မြှားအကြောင်းနဲ့ ပုံပြင်ကို စပါ။ -
10:22 - 10:25ဗြိတိလျှတွေ ရောက်လာတဲ့
အကြောင်းမဟုတ်ဘူးပေါ့။ -
10:25 - 10:28ဒါဆို ရှင်က လုံးဝကွဲပြားတဲ့
ပုံပြင်တစ်ပုဒ်ကို ရပါလိမ့်မယ်။ -
10:28 - 10:32အာဖရိက ကျရှုံးမှုအကြောင်းနဲ့ စပါ။
-
10:32 - 10:36အာဖရိကကို ကိုလိုနီအဖြစ်
သိမ်းသွင်းမှုနဲ့ မစပါနဲ့။ -
10:36 - 10:39သင်က နောက်လုံးဝ ကွဲပြားတဲ့
ပုံပြင်တစ်ပုဒ်ကို ရပါလိမ့်မယ်။ -
10:40 - 10:42ကျွန်မ တက္ကသိုလ်တစ်ခုမှာ ဟောပြောတုန်း
-
10:42 - 10:46ကျောင်းသားတစ်ယောက်က ကျွန်မကို
Nigeria အမျိုးသားတွေက -
10:46 - 10:49ကျွန်မ ဝတ္ထုထဲက အဖေလို
အကြမ်းအတမ်းသမားဖြစ်နေတာ -
10:49 - 10:51ရှက်စရာကောင်းတယ်လို့ ပြောပါတယ်။
-
10:52 - 10:56ကျွန်မကလည်း သူကို American Psycho
ဝတ္ထုကိုဖတ်ပြီးကြောင်းရယ် -
10:56 - 10:58(ရယ်သံများ)
-
10:58 - 11:00ပြီးရင် အမေရိကန်လူငယ်တွေက
-
11:00 - 11:03ဆက်တိုက် လူသတ်သမား ဖြစ်နေကြတာ
ရှက်စရာကြီးပါလို့ ပြောလိုက်ပါတယ်။ -
11:03 - 11:07(ရယ်သံများ)
-
11:07 - 11:13(လက်ခုပ်သံများ)
-
11:13 - 11:16အဲဒါကို ကျွန်မ စိတ်ဆိုးဆိုးနဲ့
ပြောလိုက်တာပါ။ -
11:16 - 11:18(ရယ်သံများ)
-
11:18 - 11:20ဒါပေမဲ့ ကျွန်မ ဝတ္ထုတစ်ပုဒ်ဖတ်တိုင်း
-
11:20 - 11:24အဲထဲက ဇာတ်ဆောင်ကလူသတ်သမား
ဆိုရင် သူက အမေရိကန်လူအားလုံးကို -
11:24 - 11:28ကိုယ်စားပြုတယ်လို့ ကျွန်မ
ဘယ်တော့မှ မတွေးထင်ပါဘူး။ -
11:28 - 11:31အဲဒါကလည်း ကျွန်မ ကအဲဒီကျောင်းသား
ထက်တော်နေလို့မဟုတ်ပါဘူး။ -
11:31 - 11:34ဒါပေမဲ့ အမေရိကန်ရဲ့ ဓလေ့ထုံးတမ်း
စီးပွားရေး အာဏာကြောင့်ပါ။ -
11:34 - 11:36ကျွန်မ အမေရိကန်ပုံပြင်အများကြီး ဖတ်ဖူးပါတယ်။
-
11:36 - 11:38Tyler ရယ် Updike ရယ်
Steinbeck ရယ် -
11:38 - 11:40Gaitskil ရယ် စတာတွေရဲ့
စာပေကို ဖတ်ဖူးပါတယ်။ -
11:40 - 11:43ကျွန်မမှာ အမေရိကန်ရဲ့
တစ်ပုဒ်တည်း ပုံပြင်ဆိုတာမရှိပါဘူး။ -
11:44 - 11:45နှစ်အနည်းငယ်အကြာက အောင်မြင်ဖို့
-
11:45 - 11:47မပျော်တဲ့ကလေးဘဝပိုင်ဆိုင်
-
11:47 - 11:50ရမယ်လို့ မှတ်သားလိုက်ရတဲ့ အခါ
-
11:50 - 11:52ကျွန်မ စဉ်းစားလိုက်ပါတယ်။
-
11:52 - 11:54ကျွန်မ မိဘတွေ ကျွန်မကို ဘယ်လို
-
11:54 - 11:56ညှင်းပန်းခဲ့လဲဆိုတာကို ဖန်တီးဖို့လေ။
-
11:56 - 11:58(ရယ်သံများ)
-
11:58 - 12:02တကယ်တော့ ကျွန်မ ပျော်ရွှင်တဲ့
ကလေးဘဝကို ပိုင်ဆိုင်ခဲ့ ပါတယ်။ -
12:02 - 12:05စည်းလုံးတဲ့ မိသားစုကြီးမှာ
ရယ်စရာရွှင်စရာနဲ့ ပြည့်နှက်လို့ ။ -
12:05 - 12:08ဒါပေမဲ့ ကျွန်မ ဘိုးဘွားတွေက
ဒုက္ခသည်စခန်းမှာ သေဆုံးခဲ့ပါတယ်။ -
12:09 - 12:12ကျွန်မ မောင်ဝမ်းကွဲ လုံလောက်တဲ့
ကျန်းမာရေးဝန်ဆောင်မှုကို -
12:12 - 12:13မရခဲ့လို့ သေဆုံးခဲ့ပါတယ်။
-
12:13 - 12:16ကျွန်မ သူငယ်ချင်း Okoloma က
လေယာဉ်ပျက်ကျလို့သေဆုံးခဲ့ပါတယ်။ -
12:16 - 12:19အကြောင်းက ကျွန်မတို့
မီးသတ်ကားက ရေမရှိလို့ပါ။ -
12:19 - 12:22ကျွန်မက ဖိနှိပ်တဲ့ စစ်အစိုးရ
လက်အောက် မှာ ကြီးပြင်းတာပါ။ -
12:22 - 12:24သူတို့က ပညာရေးကို
အရေးမထားတဲ့အတွက်ကြောင့် -
12:24 - 12:27တစ်ခါတစ်လေ ကျွန်မ
မိဘတွေ လစာမရကြပါဘူး။ -
12:27 - 12:31ဒါကြောင့် ငယ်ငယ်တုန်းက မနက်စာစားပွဲကနေ
ယိုဘူးလေး ပျောက်သွားတာမျိုး ကြုံဖူးပါတယ် -
12:31 - 12:33ပြီးရင် ထောပတ် ပျောက်ကွယ်သွားတယ်
-
12:34 - 12:36ပြီးရင် ပေါင်မုန့်တွေက စျေးကြီးလာတယ်
-
12:36 - 12:38ပြီးရင် နွားနို့တွေကို ချွေတာလာရတယ်။
-
12:39 - 12:43အဆိုးဆုံးကတော့ နိုင်ငံရေး
ကြောက်ရွံမှုတွေ ကျွန်မတို့ ဘဝကို -
12:43 - 12:44ထိုးဖောက်ခဲ့ပါတယ်။
-
12:46 - 12:48ဒီ ပုံပြင်တွေအားလုံး
ကျွန်မကို သတ်မှတ်ပါတယ်။ -
12:48 - 12:52ဒါပေမဲ့ မကောင်းတဲ့ ပုံပြင်တွေကိုဘဲ
ဆက်ဖော်ပြနေမယ်ဆိုရင် -
12:52 - 12:55ကျွန်မရဲ့ အတွေ့အကြုံကို
ချိုးနှိမ်ရာရောက်ပြီး -
12:55 - 12:59ကျွန်မကို ဖွဲ့စည်းခဲ့တဲ့ တစ်ခြားသော
ပုံပြင်တွေကို လျစ်လျူရှုရာရောက်ပါတယ်။ -
12:59 - 13:02တစ်ပုဒ်တည်း ပုံပြင်တွေက
မှုသေ အမြင်တွေကို ဖန်တီးပါတယ်။ -
13:02 - 13:07မှုသေ အမြင်ရဲ့ ပြဿနာက
မမှန်ကန်တာမဟုတ်ပါဘူး။ -
13:07 - 13:09သူတို့က မပြည့်စုံတာပါ။
-
13:09 - 13:12သူတို့က ပုံပြင်ကိုတစ်ပုဒ်တည်း ပုံပြင်
ဖြစ်အောင်လုပ်ပါတယ်။ -
13:13 - 13:16သေချာတာက အာဖရိတိုက်ဟာ
ကပ်ဘေးတွေနဲ့ ပြည့်နှက်နေပါတယ်။ -
13:16 - 13:19ကြီးမားလှတဲ့ တစ်ခုကတော့ကွန်ဂိုမှာ
ဖြစ်ခဲ့တဲ့ ဆိုးရွားတဲ့ မုဒိန်းမှုပါ။ -
13:19 - 13:21စိတ်ဓာတ်ကျစရာကောင်းတဲ့ တစ်ခုကတော့
-
13:21 - 13:25လူအယောက် ၅၀၀၀ အလုပ်တစ်ခုရဖို့
အလုပ်လျှောက်တဲ့အကြောင်းဖြစ်ပါတယ်။ -
13:26 - 13:30ကပ်ဘေးအကြောင်းမဟုတ်တဲ့ အခြားသော
ပုံပြင်တွေလည်းရှိပါတယ်။ -
13:30 - 13:33အဲဒါတွေလည်း အရေးပါသလို အဲပုံပြင်တွေကို
ပြောဖို့လည်း အရေးကြီးပါတယ်။ -
13:33 - 13:35ကျွန်မ အမြဲစဉ်းစားမိတာက
-
13:35 - 13:38နေရာတစ်ခု ဒါမှမဟုတ်
လူတစ်ယောက်ကို နားလည်ဖို့ -
13:38 - 13:42သူရဲ့ ကိုယ်စီ ပုံပြင်ကို
နားမလည်ဘဲနဲ့ ဆိုတာ မဖြစ်နိုင်ပါဘူး။ -
13:42 - 13:46တစ်ပုဒ်တည်းသော ပုံပြင်ရဲ့ ရလဒ်က ဒီလိုပါ။
-
13:46 - 13:48လူတွေရဲ့ ဂုဏ်သိက္ခာကို ချိုးနှိမ်ပါတယ်။
-
13:48 - 13:52လူသားတွေတူညီမှု အသိအမှတ်ပြုတဲ့နေရာမှာ
ခက်ခဲအောင်လုပ်ပါတယ်။ -
13:52 - 13:54ကျွန်မ တို့ ဘယ်လိုတူညီသလဲဆိုထက်
-
13:54 - 13:57ကျွန်မတို့ ဘယ်လိုခြားနားလဲဆိုတာကို
အသားပေးရာရောက်ပါတယ်။ -
13:57 - 13:59မက္ကဆီကို ခရီးစဉ်မတိုင်ခင်လေး ကျွန်မသာ
-
14:00 - 14:03နိုင်ငံကူးပြောင်းတာနဲ့
အငြင်းပွားမှုကို US နဲ့ မက္ကဆီကို -
14:03 - 14:05နှစ်ဖက်စလုံးကနေ လိုက်ခဲ့ရင် ဘာဖြစ်မလဲ။
-
14:05 - 14:08ကျွန်မ အမေသာ ကျွန်မတို့ကို
Fide မိသားစုက ဆင်းရဲပေမဲ့ -
14:08 - 14:09အလုပ်ကြိုးစားတယ်ဆိုတာ
-
14:09 - 14:11ပြောခဲ့ရင် ဘာဖြစ်မလဲ။
-
14:11 - 14:13ကျွန်မတို့သာ တစ်ကမ္ဘာလုံးမှာရှိတဲ့
-
14:13 - 14:17အာဖရိက အကြောင်းအစုံကို ထုတ်လွင့်ပေးတဲ့
ရုပ်မြင်သံကြားသာ ရှိခဲ့ရင် ဘာဖြစ်မလဲ။ -
14:17 - 14:21ဒါကို Nigeria စာရေးဆရာက
"ပုံပြင် ညီမျှမှု" လို့ ခေါ်ပါတယ်။ -
14:21 - 14:24ကျွန်မ အခန်းဖော်သာ အိပ်မက်ကို
အကောင်အထည်ဖော်ပြီး -
14:24 - 14:25ပုံနှိပ်တိုက်ဖွင့်ဖို့
-
14:25 - 14:27ဘဏ်အလုပ်ကနေ
-
14:27 - 14:29နှုတ်ထွက်ခဲ့တဲ့ Nigeria စာပေထုတ်ဝေသူ
-
14:29 - 14:32Muhtar Bakare ကိုသာ သိခဲ့ရင် ဘာဖြစ်မလဲ။
-
14:32 - 14:36အခု လူတွေယုံကြည်ကြတာက Nigeria
လူတွေက စာပေ မဖတ်ကြဘူးဆိုတာပါ။ -
14:36 - 14:37သူကတော့ သဘောမတူပါဘူး။
-
14:37 - 14:40သူထင်တာက လူတွေက
စာဖတ်နိုင်တယ် စာဖတ်ကြလိမ့်မယ် -
14:40 - 14:44စာပေတွေကို လူတွေတက်နိုင်အောင်
လွယ်လွယ်နဲ့ရအောင်လုပ်ပေးမယ်ဆိုရင်ပေါ့။ -
14:45 - 14:47ကျွန်မရဲ့ ပထမဆုံးဝတ္ထု
ထုတ်ဝေပြီး မကြာခင်မှာဘဲ -
14:47 - 14:50အင်တာဗျူးဖြေဖို့ Lagos က
ရုပ်သံဌာနကို သွားရောက်ခဲ့ပါတယ်။ -
14:50 - 14:53ပြီးတော့ သတင်းပေးပို့သူ အမျိုးသမီးက
ကျွန်မဆီ လာပြီးတော့ ပြောပါတယ်။ -
14:53 - 14:56"မင်း ဝတ္ထုကို ငါ တကယ် ကြိုက်တယ်။
အဆုံးသတ်ကို မကြိုက်ဘူး။ -
14:56 - 14:59မင်း နောက်ဆက်တွဲရေးရမယ်။ ဒါကတော့
ဆက်ဖြစ်မယ့် အရာလေးပေါ့။.." -
14:59 - 15:02(ရယ်သံများ)
-
15:02 - 15:05သူမ ကျွန်မကို နောက်ဆက်တွဲမှာ
ဘာရေးရမယ်ဆိုတာ ဆက်ပြောပါတယ်။ -
15:06 - 15:08ကျွန်မ ကျေနပ်ရုံ တင်မက ကြည်နူးမိပါတယ်။
-
15:08 - 15:11သူမကတော့ စာမဖတ်တတ်ဘူးလို့ ထင်ခံရတဲ့ Nigeria
-
15:11 - 15:13သာမန်လူအုပ်ထဲမှ အမျိုးသမီးတစ်ယောက်ပါ။
-
15:14 - 15:16သူမက စာအုပ်ဖတ်ရုံတင်မက
-
15:16 - 15:17စာအုပ်မှုပိုင်ခွင့်ကိုပါ ရယူပြီး
-
15:17 - 15:20ကျွန်မကို နောက်ဆက်တွဲကို
ဘယ်လိုရေးဖို့ ပြောခဲ့ပါတယ်။ -
15:22 - 15:25ကျွန်မ အခန်းဖော်သာ Lagos မှာ
ရုပ်သံ တင်ဆက်နေတဲ့ ကျွန်မသူငယ်ချင်း -
15:25 - 15:28Fumi Onda အကြောင်းကို သိခဲ့ရင်
ဘာဖြစ်မလဲ။ သူမက ကျွန်မတို့ -
15:28 - 15:31မေ့လေ့ရှိတဲ့ ပုံပြင်ကို ပြောဖို့
စိတ်ပိုင်းဖြတ်ထားသူ ဖြစ်ပါတယ်။ -
15:32 - 15:35ကျွန်မ အခန်းဖော်သာ ပြီးခဲ့တဲ့
တစ်ပတ် Lagos ဆေးရုံမှာ ပြုလုပ်ခဲ့တဲ့ -
15:35 - 15:38နှလုံးခွဲစိတ်မှု အကြောင်းကို
သိခဲ့ရင် ဘာဖြစ်မလဲ။ -
15:38 - 15:42ကျွန်မ အခန်းဖော်သာ Nigeria ခေတ်သစ်
တေးဂီတအကြောင်းကို သိခဲ့ရင် ဘာဖြစ်မလဲ။ -
15:42 - 15:45လူတော်တွေက Jay-Z ရယ် Fela ရယ်
Bob Marley ရယ် သူတို့ရဲ့ -
15:45 - 15:47ဘိုးဘေးဘီဘင်က လွှမ်းမိုးမှုတွေကို
-
15:47 - 15:51ပေါင်းစပ်ပြီး English လို
Pidgin လို Igbo လို -
15:51 - 15:53Yoruba လို ပြီးရင် Ijo လို
သီဆိုနေတာတွေပေါ့။ -
15:54 - 15:56ကျွန်မ အခန်းဖော်သာ
အမျိုးသမီးတိုင်း ပက်စ်ပို့ -
15:56 - 16:00သက်တမ်းမတိုးခင် ခင်ပွန်းဆီ
ခွင့်ပြုချက်ရယူဖို့ ပြဌာန်းထားတဲ့ ဥပဒေကို -
16:00 - 16:03Nigeria တရားရုံမှာ
စိန်ခေါ်လိုက်တဲ့ အမျိုးသမီး -
16:03 - 16:06ရှေ့နေ တစ်ယောက်အကြောင်းသိရင် ဘာဖြစ်မလဲ။
-
16:06 - 16:09ကျွန်မ အခန်းဖော်သာ နည်းပညာ
အခက်အခဲတွေကြား ရုပ်ရှင်တွေ -
16:09 - 16:11ဖန်တီးနေတဲ့ ထိုးထွင်း
ဉာဏ်ရှိလူတွေပြည့်နေတဲ့ -
16:11 - 16:13Nollywood အကြောင်းကို
သိရင်ဘာဖြစ်မလဲ။ -
16:13 - 16:15ရုပ်ရှင်တွေက
ကျော်ကြားလွန်းလို့ -
16:15 - 16:17Nigeria လူတွေသူတို့
ထုတ်ကုန်ပြန်စားသုံးတဲ့ -
16:17 - 16:20အကြောင်းကို ပြသနေတဲ့
အကောင်းဆုံး ဥပမာ ဖြစ်နေတယ်လေ။ -
16:20 - 16:23အခန်းဖော်သာ ကျွန်မရဲ့ရည်မှန်းချက်
ကြီးလှတဲ့ဆံကျစ်သူကိုသိရင်ဘာဖြစ်မလဲ။ -
16:23 - 16:27သူမက ဆံပင်တုရောင်းတဲ့ ကိုယ်ပိုင်
စီးပွားရေးကို စတင်သူလဲ ဖြစ်ပါတယ်။ -
16:27 - 16:29ဒါမဟုတ် စီးပွားရေးလုပ်တယ် တစ်ခါတစ်လေ
-
16:29 - 16:31ရှုံးတယ် ဒါပေမဲ့လည်း
ရည်မှန်းချက်ဆက်ထိန်းထားတဲ့ -
16:31 - 16:34သန်းပေါင်းများစွာသော Nigeria
လူတွေ အကြောင်းကော။ -
16:35 - 16:37ကျွန်မ အိမ်မှာ ရှိတိုင်း Nigeria လူထုကို
-
16:37 - 16:40ဒေါသထွက်စေတဲ့ အရာတွေနဲ့ ရင်ဆိုင်ရပါတယ်။
-
16:40 - 16:43ကျွန်မတို့ရဲ့ကျရှုံးနေတဲ့ ဖွဲ့စည်း
ပုံတွေ၊ ကျရှုံးနေတဲ့ အစိုးရတွေ။ -
16:43 - 16:46ဒါတင်မက အစိုးရ ကျရှုံးနေပေမဲ့လည်း
-
16:46 - 16:49စိတ်ပျက်အားလျော့မဲ့အစား လူထုတွေရဲ့
စိတ်ဓာတ်ကြံခိုင်မှုကိုလည်း -
16:49 - 16:50မြင်တွေ့ရပါတယ်။
-
16:51 - 16:54ကျွန်မ Lagos မှာ နွေရာသီတိုင်း
စာရေးသင်တန်းပို့ချပါတယ်။ -
16:54 - 16:57လာရောက်လျှောက်ထားတဲ့
လူဘယ်လောက်တောင်များလဲ -
16:57 - 17:00လူတွေ စာရေးပြီး ပုံပြင်ပြောဖို့
ဘယ်လောက် စိတ်အားထက်သန်လဲဆိုတာ -
17:00 - 17:02မြင်ရတော့ ကျွန်မ အံအားသင့်ရပါတယ်။
-
17:02 - 17:05Nigeria စာပေထုတ်ဝေသူ နဲ့ ကျွန်မတို့
Farafina Trust လို့ ခေါ်တဲ့ -
17:05 - 17:07ကိုယ်ကျိုးမဖက်
အဖွဲ့ကို စတင်ခဲ့ပါတယ်။ -
17:07 - 17:09ကျွန်မတို့မှာရည်မှန်းချက်ကြီး
တွေရှိပါတယ်။ -
17:09 - 17:10စာကြည့်တိုက် ဆောက်ဖို့၊
-
17:10 - 17:12စာကြည့်တိုက်တွေကို ပြန်လည် ပြုပြင်ဖို့၊
-
17:12 - 17:15ဘာမှ မရှိသေးတဲ့
ကျောင်းစာကြည့်တိုက်တွေ အတွက် -
17:15 - 17:17စာအုပ်တွေထောက်ပံ့ပေးဖို့၊ ပြီးရင်
-
17:17 - 17:20စာရေးခြင်း စာဖတ်ခြင်း နဲ့ ပတ်သတ်ပြီး
-
17:20 - 17:21သင်တန်းတွေ ဖွင့်လှစ်ဖို့ပေါ့။
-
17:21 - 17:24ကျွန်မတို့ ပုံပြင်တွေကို ပြောပြဖို့
စိတ်အားထက်သန်တဲ့ လူတွေအတွက်ပါ။ -
17:24 - 17:26ပုံပြင်တွေက အရေးပါပါတယ်။
-
17:26 - 17:28များစွာသော ပုံပြင်တွေက အရေးပါပါတယ်။
-
17:28 - 17:32သူများကို ရှင်းထုတ်ဖို့၊အပုပ်ချဖို့
ပုံပြင်ကိုအသုံးပြုကြပါတယ်။ -
17:32 - 17:34ဒါပေမဲ့လည်း ပုံပြင်တွေနဲ့
လူထုယဉ်ကျေးအောင် -
17:34 - 17:37စိတ်အားထက်သန်အောင် လုပ်လို့ရပါတယ်။
-
17:37 - 17:39ပုံပြင်တွေက ဂုဏ်သိက္ခာကို
ချိုးဖျက်နိုင်ပါတယ်။ -
17:39 - 17:43ဒါပေမဲ့လည်း ပုံပြင်တွေက ကျိုးပဲ့သွားတဲ့
ဂုဏ်သိက္ခာကို ပြန်ပြုပြင်နိုင်ပါတယ်။ -
17:44 - 17:47အမေရိကန် စာရေးဆရာ
Alice Walker က တောင်ပိုင်းကနေ -
17:47 - 17:50မြောက်ပိုင်းကို ရွှေ့ပြောင်းသွားတဲ့
သူမရဲ့ ဆွေမျိုးအကြောင်းကို ရေးသားခဲ့ပါတယ်။ -
17:50 - 17:52သူမ သူတို့ကို သူတို့
စွန့်ခွာခဲ့တဲ့ တောင်ပိုင်း -
17:52 - 17:54ဘဝလေး အကြောင်းရေးထားတဲ့
စာအုပ်လေး နဲ့ မိတ်ဆတ်ခဲ့ပါတယ်။ -
17:56 - 17:59"သူတို့က ပတ်လည် ထိုင်ကြတယ်။ စာအုပ်ဖတ်ရင်း
-
17:59 - 18:03တစ်ဖက်က ကျွန်မ စာအုပ်ဖတ်ပြတာကို
-
18:03 - 18:06နားထောင်ရင်းနဲ့ပေါ့။ ပြီးရင်
ပျော်ရွင်မှု ပြန်လည်ရရှိသွားပါတယ်။" -
18:06 - 18:08ကျွန်မ ဒီအတွေးလေးနဲ့ အဆုံးသတ်ချင်ပါတယ်။
-
18:08 - 18:11ကျွန်မတို့ တစ်ပုဒ်တည်းသော
ပုံပြင်ကို စွန့်ပစ်တဲ့အခါ -
18:11 - 18:14ကျွန်မတို့ ဘယ်နေရာဘဲဖြစ်ဖြစ်
တစ်ပုဒ်တည်းသော ပုံပြင်ဆိုတာမရှိဘူးလို့ -
18:14 - 18:16သိရှိလာတဲ့အခါ ကျွန်မတို့
-
18:16 - 18:18ပျော်ရွှင်မှု ပြန်လည် ရရှိပါတယ်။
-
18:19 - 18:20ကျေးဇူးတင်ပါတယ်။
-
18:20 - 18:23(လက်ခုပ်သံများ)
- Title:
- တစ်ပုဒ်တည်းသော ပုံပြင်၏ အန္တရာယ်
- Speaker:
- Chimamanda Ngozi Adichie
- Description:
-
ကျွန်ုပ်တို့ရဲ့ ဘဝ၊ ကျွန်ုပ်တို့ရဲ့ ယဉ်ကျေးမှုတွေဟာ ထပ်တူညီနေတဲ့ ပုံပြင်လေးတွေနဲ့ ဖွဲ့စည်းထားတာပါ။ ဝတ္ထုရေးဆရာ Chimamanda Adichie က သူမရဲ့ စစ်မှန်တဲ့ ဓလေ့ထုံးတမ်း အမြင်ကို ဘယ်လိုရှာတွေ့ခဲ့လဲကို ပြောပါတယ်။ ပြီးရင် ကျွန်ုပ်တို့သာ လူတစ်ယောက် ဒါမှမဟုတ် နိုင်ငံတစ်နိုင်ငံနဲ့ ပတ်သတ်ပြီး ပုံပြင်တစ်ပုဒ်ကိုသာ ကြားဖူးမယ်ဆိုရင် ကျွန်ုပ်တို့တွေဟာ ကြီးမားတဲ့ နားလည်လွဲမှုနဲ့ ရင်ဆိုင်ရပါလိမ့်မယ်။
- Video Language:
- English
- Team:
- closed TED
- Project:
- TEDTalks
- Duration:
- 18:29
sann tint edited Burmese subtitles for The danger of a single story | ||
Myo Aung approved Burmese subtitles for The danger of a single story | ||
Myo Aung edited Burmese subtitles for The danger of a single story | ||
Myo Aung edited Burmese subtitles for The danger of a single story | ||
Myo Aung edited Burmese subtitles for The danger of a single story | ||
sann tint accepted Burmese subtitles for The danger of a single story | ||
sann tint edited Burmese subtitles for The danger of a single story | ||
sann tint edited Burmese subtitles for The danger of a single story |