1 00:00:00,000 --> 00:00:01,976 ကျွန်မက ပုံပြင်ပြောသူ တစ်ယောက်ပါ။ 2 00:00:02,000 --> 00:00:06,116 အခု ရှင်တို့ကို "တစ်ပုဒ်တည်းသော ပုံပြင်၏ အန္တရာယ်"လို့ခေါ်တဲ့ 3 00:00:06,116 --> 00:00:09,976 ကိုယ်ရေး ပုံပြင်တွေကို ကျွန်မ ပြောပြချင်ပါတယ်။ 4 00:00:10,746 --> 00:00:13,976 ကျွန်မက အရှေ့ Nigeria ရဲ့ တက္ကသိုလ်မှာ ကြီးပြင်းတာပါ။ 5 00:00:14,158 --> 00:00:17,467 ကျွန်မ အမေကတော့ ကျွန်မက အသက် ၂ နှစ်မှာ စာစဖတ်တယ်လို့ပြောတယ်။ 6 00:00:17,491 --> 00:00:20,677 ဒါပေမဲ့ ၄ နှစ်က ပိုမှန်မယ်လို့ ကျွန်မ ထင်ပါတယ်။ 7 00:00:21,753 --> 00:00:23,564 ကျွန်မက စာကို စောပြီး ဖတ်တတ်လာသူပါ။ 8 00:00:23,588 --> 00:00:27,136 ကျွန်မ ဖတ်တာတွေကတော့ ဗြိတိန်နဲ့ အမေရိကန် ကလေးစာအုပ်တွေ ဖြစ်ပါတယ်။ 9 00:00:27,706 --> 00:00:29,976 ကျွန်မက စာကို စောပြီး ရေးတတ်သူလည်း ဖြစ်ပါတယ်။ 10 00:00:30,000 --> 00:00:32,160 ၇ နှစ်လောက်မှာ ကျွန်မ ခဲတံရယ် 11 00:00:32,160 --> 00:00:34,000 ရောင်စုံတွေနဲ့ ခြယ်သထားပြီး 12 00:00:34,000 --> 00:00:36,958 ကျွန်မ သနားစရာ အမေကို ဖတ်ခိုင်းတဲ့ 13 00:00:36,958 --> 00:00:39,604 ပုံပြင်တွေ စရေးတော့ 14 00:00:39,628 --> 00:00:43,196 ကျွန်မ ဖတ်နေခဲ့တဲ့ ပုံပြင်တွေကိုဘဲ အတိအကျ ပြန်ရေးတာပါ။ 15 00:00:43,220 --> 00:00:47,976 ဇာတ်ကောင်တွေ အားလုံးက အသားဖြူဖြူ မျက်လုံးပြာပြာနဲ့။ 16 00:00:48,000 --> 00:00:50,307 သူတို့က နှင်းထဲမှာ ကစားတယ်။ 17 00:00:50,331 --> 00:00:52,418 သူတို့ ပန်းသီးတွေ စားတယ်။ 18 00:00:52,442 --> 00:00:53,839 (ရယ်သံများ) 19 00:00:54,013 --> 00:00:56,074 ပြီးရင် သူတို့က ရာသီအကြောင်း မကြာမကြာပြောတယ်။ 20 00:00:56,074 --> 00:00:58,396 နေထွက်လာတာ ဘယ်လောက်တောင် သာယာလဲဆိုတာပေါ့။ 21 00:00:58,409 --> 00:01:00,373 (ရယ်သံများ) 22 00:01:00,397 --> 00:01:03,531 ကျွန်မ Nigeria မှာနေတယ် ဆိုပေမဲ့ လည်း 23 00:01:03,555 --> 00:01:05,933 အရင်တုန်းက Nigeria အပြင်ကို မရောက်ခဲ့ဖူးပါဘူး။ 24 00:01:07,143 --> 00:01:10,404 ကျွန်မတို့ဆီမှာ နှင်းမကျဘူး။ ကျွန်မတို့ သရက်သီးစားတယ်။ 25 00:01:10,428 --> 00:01:12,146 ပြီးရင် ကျွန်မတို့ ဘယ်တော့မှ ရာသီအကြောင်း မပြောကြဘူး။ 26 00:01:12,146 --> 00:01:14,066 အကြောင်းက ပြောစရာမလိုလို့လေ။ 27 00:01:14,269 --> 00:01:16,976 ကျွန်မ ဇာတ်ကောင်တွေက ချင်းဘီယာတွေ သောက်ပါတယ်။ 28 00:01:17,000 --> 00:01:19,751 ဘာလို့လဲဆိုတော့ ဗြိတိန် စာအုပ်ထဲက ဇာတ်ကောင်တွေလည်း 29 00:01:19,751 --> 00:01:20,976 သောက်လို့လေ။ 30 00:01:21,301 --> 00:01:24,346 ချင်းဘီယာ ဘာလဲဆိုတာ ကျွန်မ မသိခဲ့တာကို ထားလိုက်ပါတော့။ 31 00:01:24,346 --> 00:01:25,531 (ရယ်သံများ) 32 00:01:25,555 --> 00:01:27,005 နှစ်ပေါင်းများစွာ ကြာပြီးနောက် 33 00:01:27,029 --> 00:01:30,086 ကျွန်မ ဂျင်းဘီယာ အရသာကို အင်မတန်ဘဲ မြည်းကြည့်ချင်ပါတယ်။ 34 00:01:30,476 --> 00:01:32,206 ဒါပေမဲ့ ဒါက နောက်အကြောင်းအရာ တစ်ခုပါ။ 35 00:01:32,206 --> 00:01:34,167 ကျွန်မထင်တာက ဒါက 36 00:01:34,167 --> 00:01:37,055 ကျွန်မတို့တွေ ပုံပြင်နဲ့ပတ်သတ်လာရင် ဘယ်လောက်တောင် 37 00:01:37,055 --> 00:01:38,976 ယုံကြည်လွယ်တာကို ပြသလိုက်ပါတယ်။ 38 00:01:39,000 --> 00:01:40,385 အထူးသဖြင့် ကလေးဘဝမှာပေါ့။ 39 00:01:41,639 --> 00:01:45,409 ဘာလို့လဲဆို ဖတ်သမျှ ပုံပြင်တွေထဲက ဇာတ်ကောင်တွေကနိုင်ငံခြားကလေ။ 40 00:01:45,433 --> 00:01:47,552 စာအုပ်တွေဟာ သူတို့ သဘောသဘာဝအရ 41 00:01:47,576 --> 00:01:50,746 နိုင်ငံခြားသားတွေပါရမယ် ကျွန်မ ကိုယ်တိုင် 42 00:01:50,770 --> 00:01:54,489 မခွဲခြားနိုင်တဲ့အရာတွေ ပါရမယ်ဆိုပြီး ကျွန်မယုံကြည်လာပါတယ်။ 43 00:01:55,600 --> 00:01:58,719 အာဖရိက စာအုပ်တွေ ကျွန်မ ဖတ်ပြီးနောက် အရာရာက ပြောင်းလဲသွားပါတယ်။ 44 00:01:59,000 --> 00:02:00,976 အဲစာအုပ်တွေက သိပ်လဲမရှိသလို 45 00:02:01,000 --> 00:02:03,869 နိုင်ငံခြားစာအုပ်လို အရာ ရှာဖို့မလွယ်ဘူးလေ။ 46 00:02:03,893 --> 00:02:06,976 ဒါပေမဲ့ Chinua Achebe နဲ့ Camara Laye စာရေးဆရာတွေကြောင့် 47 00:02:07,000 --> 00:02:10,976 ကျွန်မရဲ့ စာပေနဲ့ ပတ်သတ်တဲ့ အမြင်တွေလည်း ပြောင်းလဲလာခဲ့ပါတယ်။ 48 00:02:11,000 --> 00:02:13,214 ကျွန်မ သိလိုက်တာက ကျွန်မလို လူတွေ 49 00:02:13,238 --> 00:02:15,245 ချောကလက်ရောင် အသားရေ 50 00:02:15,269 --> 00:02:18,531 စည်းလို့မရအောင် လိမ်ကောက်နေတဲ့ ဆံပင်နဲ့ ကောင်မလေးတွေလည်း 51 00:02:18,555 --> 00:02:20,365 စာပေထဲမှာ တည်ရှိနိုင်တယ်ဆိုတာကိုပေါ့။ 52 00:02:20,682 --> 00:02:24,156 ဒါကြောင့် ကျွန်မ မှတ်မိတဲ့ အကြောင်းအရာတွေကို စရေးခဲ့ပါတယ်။ 53 00:02:24,737 --> 00:02:27,976 ကျွန်မ အမေရိကန် နဲ့ ဗြိတိန်စာအုပ်တွေကိုလည်း ကြိုက်ပါတယ်။ 54 00:02:28,000 --> 00:02:30,050 ဒါတွေက ကျွန်မရဲ့စိတ်ကူးကို နှိုးဆွပေးသလို 55 00:02:30,050 --> 00:02:32,000 ကျွန်မကို ကမ္ဘာအသစ်ဆီ ခေါ်ဆောင်ပေးတယ်လေ။ 56 00:02:32,000 --> 00:02:33,976 ဒါပေမဲ့ မရည်ရွယ်ထားတဲ့ နောက်ဆက်တွဲကတော့ 57 00:02:34,000 --> 00:02:36,368 ကျွန်မလို လူတွေ စာပေထဲမှာ တည်ရှိနိုင်တယ်ဆိုတာကို 58 00:02:36,368 --> 00:02:37,718 မသိရှိခြင်း ဖြစ်ပါတယ်။ 59 00:02:38,451 --> 00:02:41,976 ဒါကြောင့် အာဖရိက စာရေးဆရာတွေကို ရှာဖွေတွေ့ရှိခြင်းဟာ 60 00:02:42,000 --> 00:02:46,127 ကျွန်မကို တစ်ပုဒ်တည်းသော ပုံပြင်ကိုသာ သိရှိခြင်းကနေ ကယ်တင်ခဲ့ပါတယ်။ 61 00:02:47,000 --> 00:02:49,976 ကျွန်မက သာမန် အလယ်တန်းစား Nigeria မိသားစုကနေလာတာပါ။ 62 00:02:50,000 --> 00:02:52,146 ကျွန်မ အဖေကတော့ ပါမောက္ခ။ 63 00:02:52,385 --> 00:02:54,258 ကျွန်မ အမေကတော့ အုပ်ချုပ်ရေးမှူးပါ။ 64 00:02:55,369 --> 00:02:58,171 အစဉ်အလာအတိုင်းပေါ့ 65 00:02:58,195 --> 00:03:02,544 ကျွန်မတို့ မှာ အနီးအနားရွာက လာနေတဲ့ အိမ်တွင်း အစေခံ တစ်ယောက်ရှိပါတယ်။ 66 00:03:03,182 --> 00:03:06,628 ကျွန်မ အသက် ၈ နှစ်ပြည့်တော့ ကောင်လေး အသစ်တစ်ယောက် ရောက်လာပါတယ်။ 67 00:03:07,102 --> 00:03:08,356 သူကတော့ Fide ပါ။ 68 00:03:09,658 --> 00:03:12,000 သူမိသားစုနဲ့ ပတ်သတ်ပြီး ကျွန်မ အမေပြောခဲ့တဲ့ 69 00:03:12,000 --> 00:03:15,000 အရာတစ်ခုက သူတို့က အရမ်းဆင်းရဲတယ်ဆိုတာ ဖြစ်ပါတယ်။ 70 00:03:15,000 --> 00:03:19,976 အမေက သူတို့မိသားစုကိုမျောက်ဥ၊ ဆန်၊ အင်္ကျီဟောင်းတွေ ပေးလေ့ရှိပါတယ်။ 71 00:03:20,000 --> 00:03:22,620 တကယ်လို့ ကျွန်မက ညနေစာကို မကုန်ဘူးဆိုရင် ကျွန်မ အမေက 72 00:03:22,644 --> 00:03:24,000 "ကုန်အောင်စား၊ မင်းမသိဘူးလား။ 73 00:03:24,000 --> 00:03:27,000 Fide တို့လိုမိသားစုကဘာမှ မရှိဘူးဆိုတာ။" လို့ပြောတတ်ပါတယ်။ 74 00:03:27,000 --> 00:03:30,976 ဒါကြောင့် ကျွန်မ Fide မိသားစု အပေါ် အင်မတန်ဘဲ သနားမိပါတယ်။ 75 00:03:31,576 --> 00:03:34,473 စနေနေ့တစ်နေ့မှာတော့ ကျွန်မတို့ သူ့ရွာကို အလည်သွားတော့ 76 00:03:34,497 --> 00:03:37,976 သူ့အမေက ကျွန်မတို့ကို ဆေးဆိုးထားတဲ့ ထန်းရွက်နဲ့ 77 00:03:38,000 --> 00:03:40,976 သူ့အစ်ကို ရက်လုပ်ထားတဲ့ ခြင်းတောင်းလှလှလေးကို ပြခဲ့ပါတယ်။ 78 00:03:41,000 --> 00:03:42,976 ကျွန်မ အလွန်ပဲ အံအားသင့်ခဲ့ပါတယ်။ 79 00:03:43,000 --> 00:03:45,976 သူ့မိသားစုထဲက တစ်ယောက်ယောက်က ဒါမျိုးလုပ်နိုင်မယ်လို့ 80 00:03:46,000 --> 00:03:48,976 ကျွန်မ မသိထားခဲ့ဘူးလေ။ 81 00:03:49,000 --> 00:03:51,976 ကျွန်မ ကြားသိရသမျှကတော့ သူတို့ ဘယ်လောက်ဆင်းရဲလဲဆိုတာပါ။ 82 00:03:52,000 --> 00:03:54,553 ဒါကြောင့် ကျွန်မအတွက် သူတို့ကို ဆင်းရဲတာကလွဲရင် 83 00:03:54,553 --> 00:03:57,143 တခြားအရာအဖြစ် မြင်ဖို့ဆိုတာ မဖြစ်နိုင်တော့ပါဘူး။ 84 00:03:57,143 --> 00:04:00,264 သူတို့ရဲ့ဆင်းရဲမှုဟာ ကျွန်မအတွက် သူတို့ရဲ့တစ်ပုဒ်တည်းသောပုံပြင်ပါ။ 85 00:04:01,000 --> 00:04:03,524 နှစ်အနည်းငယ်ပြီးနောက် အမေရိကန် မှာ တက္ကသိုလ်တက်ဖို့ 86 00:04:03,548 --> 00:04:06,230 Nigeria ကိုထွက်ခွာတော့ ဒီအကြောင်းကို စဉ်းစားမိပါတယ်။ 87 00:04:06,341 --> 00:04:07,924 အဲတုန်းက ကျွန်မက ၁၉နှစ်ပါ။ 88 00:04:08,421 --> 00:04:11,598 ကျွန်မရဲ့ အမေရိကန် အခန်းဖော်က ကျွန်မကြောင့် အံအားသင့်ခဲ့ပါတယ်။ 89 00:04:12,000 --> 00:04:15,586 ကျွန်မ အင်္ဂလိပ်စာ ဒီလောက်ပြောတတ်အောင် ဘယ်ကနေသင်ခဲ့သလဲ ဆိုပြီး သူမ မေးပါတယ်။ 90 00:04:15,610 --> 00:04:17,698 ကျွန်မက Nigeria မှာ အင်္ဂလိပ်စာက 91 00:04:17,722 --> 00:04:20,696 ရုံးသုံးစကား ဖြစ်တယ်လို့ပြောတော့ သူမ မယုံနိုင် ဖြစ်သွားပါတယ်။ 92 00:04:21,753 --> 00:04:25,976 ကျွန်မရဲ့ တိုင်းရင်း သီချင်းကို ဖွင့်ပြဖို့ သူမတောင်းဆိုပါတယ်။ 93 00:04:26,000 --> 00:04:28,366 ဒါပေမဲ့ ကျွန်မ Mariah Carey တိတ်ခွေဖွင့်ပြတော့ 94 00:04:28,366 --> 00:04:30,186 သူမ တော်တော်စိတ်ပျက်သွားပါတယ်။ 95 00:04:30,186 --> 00:04:32,976 (ရယ်သံများ) 96 00:04:33,000 --> 00:04:36,693 သူမက ကျွန်မ ဟာ မီးဖို မသုံးတတ်ဘူးလို့လည်း ယူဆထားပါတယ်။ 97 00:04:37,782 --> 00:04:39,038 ကျွန်မ ပိုအံအားသင့်ခဲ့တာက 98 00:04:39,062 --> 00:04:42,137 သူမက ကျွန်မကို မမြင်ခင်ကတည်းက ကျွန်မကို သနားနေတာပါ။ 99 00:04:42,528 --> 00:04:45,976 သူမ ကျွန်မအပေါ် အာဖရိကလူ တစ်ယောက်အနေနဲ့ ပင်ကို ရှိတဲ့ စိတ်ထားက 100 00:04:46,000 --> 00:04:49,036 နှိမ်ချတဲ့ အဓိပ္ပါယ်ရှိတဲ့ သနားမှုမျိုးပါ။ 101 00:04:50,000 --> 00:04:53,496 ကျွန်မ အခန်းဖော်က အာဖရိက ပုံပြင်တစ်ပုဒ်တည်းသာ ကြားဖူးတာပါ။ 102 00:04:53,623 --> 00:04:55,977 ကံဆိုးမိုးမှောင်ကျတဲ့ ပုံပြင်လေးပေါ့။ 103 00:04:56,412 --> 00:04:57,698 ဒီပုံပြင်လေးထဲမှာ 104 00:04:57,722 --> 00:05:01,976 အာဖရိကလူတွေ သူမနဲ့ တူနိုင်စရာ မရှိပါဘူး။ 105 00:05:02,000 --> 00:05:04,976 သနားစရာကလွဲ၍ တခြားခံစားမှုတွေ မရှိပါဘူး။ 106 00:05:05,000 --> 00:05:08,976 အခွင့်အရေးညီမျှတဲ့ လူသားအဖြစ် ဆက်နွယ်မှုဆိုတာ မဖြစ်နိုင်ပါဘူး။ 107 00:05:09,000 --> 00:05:11,123 ကျွန်မ ဝန်ခံရမယ် အမေရိကန်ကို မရောက်ခင်က 108 00:05:11,147 --> 00:05:13,428 ကျွန်မကိုယ့်ကို အာဖရိကလူအဖြစ် မခံယူပါဘူး။ 109 00:05:14,000 --> 00:05:17,176 ဒါပေမဲ့ အာဖရိက အကြောင်းပေါ်လာတိုင်း လူတွေက ကျွန်မကို လှည့်ကြည့်တယ်။ 110 00:05:17,176 --> 00:05:19,746 Namibia လို နေရာအကြောင်း ဘာမှမသိတာတော့ ထားလိုက်ပါတော့။ 111 00:05:21,000 --> 00:05:23,096 ဒါပေမဲ့ ကျွန်မဒီသတ်မှတ်ချက် အသစ်ကိုလက်ခံလာတယ် 112 00:05:23,120 --> 00:05:25,976 ကျွန်မကိုယ့်ကိုအာဖရိကသူ အဖြစ် မှတ်ယူပါတယ်။ 113 00:05:26,000 --> 00:05:29,976 ဒါပေမဲ့လည်း အာဖရိကကို နိုင်ငံအဖြစ် ရည်ညွန်းတဲ့အခါ ကျွန်မ ဒေါသထွက်ပါတယ်။ 114 00:05:30,000 --> 00:05:33,976 မကြာခင်လေး လွန်ခဲ့တဲ့ နှစ်ရက်လောက်က ကျွန်မ Lagos မှ 115 00:05:34,000 --> 00:05:35,285 အပြန်လေကြောင်းခရီးလေး 116 00:05:35,309 --> 00:05:38,191 Virgin လေကြောင်းလိုင်းမှာ "အိန္ဒိယ၊ အာဖရိကနှင့် 117 00:05:38,215 --> 00:05:42,976 အခြားသောနိုင်ငံများ"မှ ရန်ပုံငွေအဖွဲ့အကြောင်း ကြေငြာတာပါ။ 118 00:05:43,000 --> 00:05:44,317 (ရယ်သံများ) 119 00:05:44,476 --> 00:05:47,976 အမေရိကန်မှာ အာဖရိကသူ တစ်ယောက်အနေနဲ့ နှစ်အချို့နေပြီးနောက် 120 00:05:48,000 --> 00:05:51,174 ကျွန်မ အခန်းဖော်ရဲ့ ကျွန်မအပေါ် တုန့်ပြန်မှုကို စတင် နားလည်လာပါတယ်။ 121 00:05:52,000 --> 00:05:54,025 ကျွန်မသာ Nigeria မှာ ကြီးပြင်းတာမဟုတ်ဘူး 122 00:05:54,049 --> 00:05:57,190 ကျွန်မသာ အာဖရိကကို ကျော်ကြားတဲ့ ရုပ်ပုံတွေကနေသာ သိခဲ့မယ်ဆိုရင် 123 00:05:57,214 --> 00:06:02,386 ကျွန်မလည်း အာဖရိကက လှပတဲ့ ရှုခင်း၊ လှပတဲ့ တိရစ္ဆာန်တွေ၊ 124 00:06:02,410 --> 00:06:03,976 နားမလည်နိုင်တဲ့၊ 125 00:06:04,000 --> 00:06:05,976 အဓိပ္ပါယ်မဲ့ စစ်ပွဲတွေတိုက်နေတဲ့၊ 126 00:06:06,000 --> 00:06:09,631 ဆင်းရဲမွေတေမှု AIDS ကြောင့်သေနေတဲ့ 127 00:06:09,655 --> 00:06:11,976 ကိုယ့်ကိုအတွက် စကားမပြောနိုင်ဘဲ ကြင်နာတဲ့ လူဖြူ 128 00:06:12,000 --> 00:06:13,928 နိုင်ငံခြားတစ်ယောက်လာ ရောက်ကယ်ဆယ်ဖို့ကို 129 00:06:13,928 --> 00:06:16,928 စောင့်မျှော်နေတဲ့ လူတွေ ရှိနေတဲ့ နေရာတစ်ခုအဖြစ် မြင်မိမှာပါ။ 130 00:06:16,928 --> 00:06:19,097 ကျွန်မ အာဖရိကသားတွေကို ငယ်ငယ်တုန်းက 131 00:06:19,121 --> 00:06:21,824 Fide မိသားစုကို မြင်မိသလို ရှုမြင်မိမှာပါ။ 132 00:06:23,000 --> 00:06:26,976 ဒီရဲ့ တစ်ပုဒ်တည်း ပုံပြင်က အနောက်တိုင်း စာပေက လာတယ်လို့ ထင်ပါတယ်။ 133 00:06:27,000 --> 00:06:29,320 ဒါကတော့ အနောက်အာဖရိကကို ၁၅၆၁ တုန်းက 134 00:06:29,320 --> 00:06:32,000 ရွက်လွင့်သွားခဲ့ပြီး ရေကြောင်းခရီးရှည်သွားခဲ့တာကို 135 00:06:32,000 --> 00:06:34,976 မှတ်တမ်းတင်ထားတဲ့ လန်ဒန် ကုန်သည် John Lok 136 00:06:35,000 --> 00:06:38,663 ရေးထားတဲ့ စာတစ်ကြောင်းဖြစ်ပါတယ်။ 137 00:06:40,203 --> 00:06:43,976 လူမည်း အာဖရိကသားတွေကို "အိုးမဲ့ အိမ်မဲ့ တိရစ္ဆာန်"အဖြစ်ရည်ညွန်းပြီးနောက် 138 00:06:44,000 --> 00:06:47,976 သူက ဆက်ရေးပါတယ်။ "သူတို့တွေက ခေါင်းမရှိတဲ့ လူတွေပါ။ 139 00:06:48,000 --> 00:06:51,968 သူတို့ရဲ့ ပါးစပ်နဲ့ မျက်လုံးတွေက သူတို့ရဲ့ ရင်သားမှာ ရှိတာပါ။" 140 00:06:53,000 --> 00:06:55,096 ကျွန်မ ဒီစာကို ဖတ်မိတိုင်း ရယ်ပါတယ်။ 141 00:06:55,120 --> 00:06:58,500 John Locke ရဲ့ စိတ်ကူး စိတ်သန်ကို ချီးကျူးရပါမယ်။ 142 00:06:59,373 --> 00:07:01,239 ဒါပေမဲ့ သူ့အရေးနဲ့ ပတ်သတ်ပြီး 143 00:07:01,263 --> 00:07:02,976 အရေးကြီးတာက အနောက်တိုင်းမှာ အာဖရိက 144 00:07:03,000 --> 00:07:05,976 ပုံပြင်ပြောတဲ့ ဓလေ့အစကို ကိုယ်စားပြုလိုက်တာပါ။ 145 00:07:06,000 --> 00:07:09,367 မကောင်းမှုတွေ၊ ခြားနားမှု၊ အမှောင်ထု၊ ကဗျာဆရာ Rudyard Kipling စကားအရ 146 00:07:09,479 --> 00:07:11,634 မကောင်းဆိုးဝါးတစ်ပိုင်း 147 00:07:11,658 --> 00:07:16,976 ကလေးတစ်ပိုင်း ဖြစ်နေတဲ့ လူတွေရှိနေတဲ့ 148 00:07:17,000 --> 00:07:18,941 Sub-Saharan နေရာလေးရဲ့ ဓလေ့လေးပေါ့။ 149 00:07:20,211 --> 00:07:22,976 ဒါကြောင့် ကျွန်မ သိလိုက်တာက ကျွန်မရဲ့ အခန်းဖော်က 150 00:07:23,000 --> 00:07:24,976 သူမ ဘဝတစ်လျှောက် 151 00:07:25,000 --> 00:07:28,976 မျိုးစုံသော တစ်ပုဒ်တည်း ပုံပြင်ကို ကြားဖူးမြင်ခဲ့ဖူးမှာပါ။ 152 00:07:29,000 --> 00:07:30,976 ကျွန်မ ဝတ္ထုကို "အာဖရိက 153 00:07:31,000 --> 00:07:34,766 မစစ်မှန်ဘူး"လို့ ပြောခဲ့တဲ့ ပါမောက္ခတစ်ယောက်လိုပေါ့။ 154 00:07:35,869 --> 00:07:37,560 အခု ကျွန်မရဲ့ ဝတ္ထုနဲ့ ပတ်သတ်ပြီး 155 00:07:37,584 --> 00:07:40,679 တစ်ခုခုမှားနေတယ် နေရာတစ်ချို့မှာ လွဲနေတယ်ဆိုတာ 156 00:07:40,703 --> 00:07:43,976 ကျွန်မ ဝန်ခံ ပြောဖို့ အသင့်ပါဘဲ။ 157 00:07:44,000 --> 00:07:47,009 ဒါပေမဲ့ အာဖရိက စစ်မှန်မှု မရှိဘူးဆိုတာတော့ 158 00:07:47,009 --> 00:07:48,976 ကျွန်မ မစဉ်းစားမိခဲ့ပါဘူး။ 159 00:07:49,000 --> 00:07:52,706 တကယ်တော့ အာဖရိက စစ်မှန်မှု ဆိုတာ ဘာလဲ ကျွန်မ မသိခဲ့ပါဘူး။ 160 00:07:54,000 --> 00:07:58,396 ပါမောက္ခက ကျွန်မရဲ့ဇာတ်ဆောင်တွေက သူနဲ့တော်တော်တူတယ်လို့ပြောပါတယ်။ 161 00:07:58,420 --> 00:08:00,396 ပညာတတ် အလယ်တန်းစား လူတစ်ယောက်ပေါ့။ 162 00:08:00,420 --> 00:08:02,522 ကျွန်မ ဇာတ်ဆောင်တွေက ကားမောင်းတယ်။ 163 00:08:02,546 --> 00:08:04,976 ငတ်မွတ် ခေါင်းပါးနေတာလည်း မဟုတ်ဘူးလေ။ 164 00:08:05,000 --> 00:08:07,927 ဒါကြောင့် သူတို့က အာဖရိက မစစ်မှန်ဘူးပေါ့။ 165 00:08:09,000 --> 00:08:11,976 ဒါပေမဲ့ ကျွန်မ ဒီ တစ်ပုဒ်တည်းသော ပုံပြင် နဲ့ ပတ်သတ်ပြီး 166 00:08:12,000 --> 00:08:14,070 အပြစ်မကင်းတာကိုလည်း ဝန်ခံရပါမယ်။ 167 00:08:15,000 --> 00:08:17,991 အရင်နှစ်အနည်းငယ်တုန်းက ကျွန်မ မက္ကဆီကို ကို အလည်သွားခဲ့ပါတယ်။ 168 00:08:19,000 --> 00:08:21,667 အဲတုန်းက အမေရိကန်က နိုင်ငံရေးတွေက မတည်ငြိမ်ပါဘူး 169 00:08:21,691 --> 00:08:24,976 နိုင်ငံကူးပြောင်းတာနဲ့ ပတ်သတ်ပြီး အငြင်းပွားတာတွေလည်း ရှိခဲ့ပါတယ်။ 170 00:08:25,000 --> 00:08:26,976 အမေရိကန်မှာ ဖြစ်ပျက်နေသလိုပါဘဲ 171 00:08:27,000 --> 00:08:29,200 မက္ကဆီကို လူတွေနဲ့ နိုင်ငံကူးပြောင်းတာတွေဟာ 172 00:08:29,200 --> 00:08:30,698 တစ်ထပ်တည်း ဖြစ်လာပါတယ်။ 173 00:08:30,698 --> 00:08:32,631 မက္ကဆီကိုလူတွေ ကျန်းမာရေးဝန်ဆောင်မှုကနေ 174 00:08:32,655 --> 00:08:35,976 အမြတ်ထုတ်တာတွေ နယ်နိမိတ်ကို ခိုးဖြတ်တာတွေ 175 00:08:36,000 --> 00:08:37,976 နယ်နိမိတ်မှာ ဖမ်းခံရတာတွေ စတဲ့ 176 00:08:38,000 --> 00:08:40,465 ပုံပြင်တွေအများကြီးရှိပါတယ်။ 177 00:08:42,163 --> 00:08:45,976 Guadalajara မှာ ပထမတစ်ရက် လမ်းပတ် လျှောက်ရင်း လူတွေအလုပ်သွားတာတွေ 178 00:08:46,000 --> 00:08:47,976 tortilla မုန့်လုပ်တာတွေ ဆေးလိပ်သောက်တာတွေ 179 00:08:48,000 --> 00:08:49,976 ရယ်မောနေတာတွေ 180 00:08:50,000 --> 00:08:51,973 ကြည့်တာကို ပြန်သတိရပါတယ်။ 181 00:08:53,195 --> 00:08:55,976 ကျွန်မ ပထမအကြိမ် အံအားသင့်မှုကို မှတ်မိပါတယ်။ 182 00:08:56,000 --> 00:08:58,976 ပြီးရင် ကျွန်မ အင်မတန်ရှက်မိပါတယ်။ 183 00:08:59,341 --> 00:09:01,767 ကျွန်မ ဟာ မက္ကဆီကို နဲ့ပတ်သတ်ပြီး သတင်းမီဒီယာ ရဲ့ 184 00:09:01,767 --> 00:09:04,000 တင်ပြမှုကို ယုံစားမိနေတာကို သိလိုက်ရပါတယ်။ 185 00:09:04,000 --> 00:09:06,000 ကျွန်မ အတွေးထဲမှာ သူတို့က အရာတစ်ခု ဖြစ်လာပါတယ်။ 186 00:09:06,024 --> 00:09:07,849 သနားစရာ နိုင်ငံကူးပြောင်းသူတွေပေါ့။ 187 00:09:08,769 --> 00:09:11,191 မက္ကဆီကန်တွေရဲ့၁ပုဒ်တည်း ပုံပြင်ကိုယုံစားခဲ့ပါတယ်။ 188 00:09:11,215 --> 00:09:13,722 ဒါကြောင့်လည်း ကျွန်မ အင်မတန်ရှက်မိပါတယ်။ 189 00:09:14,071 --> 00:09:16,618 တစ်ပုဒ်တည်းသော ပုံပြင်ကို ဖန်တီးချင်ရင် 190 00:09:16,642 --> 00:09:18,976 လူတွေကို အရာတစ်ခုတည်း အဖြစ်သာ ပြသပါ။ 191 00:09:19,000 --> 00:09:20,976 အရာတစ်ခုတည်းလေးပေါ့။ 192 00:09:21,000 --> 00:09:22,976 ထပ်ခါ ထပ်ခါ ပြသပါ။ 193 00:09:23,000 --> 00:09:24,515 ဒါနဲ့ပဲ သူတို့က အဲဒါတွေ ဖြစ်လာပါတယ်။ 194 00:09:25,793 --> 00:09:28,239 အာဏာအကြောင်းမပြောဘဲ တစ်ပုဒ်တည်း ပုံပြင်ကို 195 00:09:28,263 --> 00:09:29,952 ပြောဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ 196 00:09:31,496 --> 00:09:33,244 Igbo စကားလုံးလေး တစ်လုံးလေးရှိပါတယ်။ 197 00:09:33,268 --> 00:09:36,919 ကမ္ဘာတစ်ဝန်း အာဏာအကြောင်း တွေးမိတိုင်း ဒီစကားလုံးကို ကျွန်မ စဉ်းစားမိပါတယ်။ 198 00:09:36,943 --> 00:09:38,133 အဲဒါကတော့ "nkali"ပါ။ 199 00:09:38,332 --> 00:09:42,976 ဒါက နာမ်ဖြစ်ပြီး "အခြားသောအရာထက် ကြီးမြတ်သော"လို့ ဘာသာပြန်လို့ရတယ်။ 200 00:09:43,554 --> 00:09:46,482 ကျွန်မတို့ရဲ့ စီးပွားရေး၊ နိုင်ငံရေး ဝန်းကျင်မှာ 201 00:09:46,506 --> 00:09:50,976 ပုံပြင်တွေကို "nkali" နိယာမနဲ့ သတ်မှတ်ကြပါတယ်။ 202 00:09:51,000 --> 00:09:52,976 သူတို့ကို ဘယ်လိုပြောလဲ၊ ဘယ်သူကပြောလဲ၊ 203 00:09:53,000 --> 00:09:56,237 ဘယ်အချိန်ပြောလဲ၊ ဘယ်နှပုဒ်လောက် ပြောလဲဆိုတာတွေဟာ 204 00:09:56,261 --> 00:09:58,468 အာဏာအပေါ် မှုတည်ပါတယ်။ 205 00:10:00,000 --> 00:10:03,143 အာဏာက လူတစ်ယောက်ရဲ့ ပုံပြင်ကို ပြောပြနိုင်ရုံသာမက 206 00:10:03,167 --> 00:10:06,976 အဲဒီ ပုံပြင်ကို နောက်ဆုံးပုံပြင် ဖြစ်အောင်လည်း လုပ်နိုင်ပါတယ်။ 207 00:10:07,000 --> 00:10:09,096 ပါလက်စတိုင်းကဗျာဆရာ Mourid Barghouti ကရေးတာက 208 00:10:09,120 --> 00:10:11,976 သင်က လူတစ်စု ကို လှည့်စားချင်ရင် 209 00:10:12,000 --> 00:10:14,976 အလွယ်ဆုံးနည်းက သူတို့ကို ပုံပြင်ပြောပါ။ 210 00:10:15,000 --> 00:10:17,230 ဒါပေမဲ့ ဒုတိယအကြိမ်နဲ့ စပါ။ 211 00:10:18,484 --> 00:10:22,382 မူလ အမေရိကလူတွေ ရဲ့ မြှားအကြောင်းနဲ့ ပုံပြင်ကို စပါ။ 212 00:10:22,406 --> 00:10:24,976 ဗြိတိလျှတွေ ရောက်လာတဲ့ အကြောင်းမဟုတ်ဘူးပေါ့။ 213 00:10:25,000 --> 00:10:27,977 ဒါဆို ရှင်က လုံးဝကွဲပြားတဲ့ ပုံပြင်တစ်ပုဒ်ကို ရပါလိမ့်မယ်။ 214 00:10:28,001 --> 00:10:32,433 အာဖရိက ကျရှုံးမှုအကြောင်းနဲ့ စပါ။ 215 00:10:32,457 --> 00:10:35,976 အာဖရိကကို ကိုလိုနီအဖြစ် သိမ်းသွင်းမှုနဲ့ မစပါနဲ့။ 216 00:10:36,000 --> 00:10:38,742 သင်က နောက်လုံးဝ ကွဲပြားတဲ့ ပုံပြင်တစ်ပုဒ်ကို ရပါလိမ့်မယ်။ 217 00:10:40,000 --> 00:10:41,976 ကျွန်မ တက္ကသိုလ်တစ်ခုမှာ ဟောပြောတုန်း 218 00:10:42,000 --> 00:10:45,785 ကျောင်းသားတစ်ယောက်က ကျွန်မကို Nigeria အမျိုးသားတွေက 219 00:10:45,809 --> 00:10:48,928 ကျွန်မ ဝတ္ထုထဲက အဖေလို အကြမ်းအတမ်းသမားဖြစ်နေတာ 220 00:10:48,952 --> 00:10:50,896 ရှက်စရာကောင်းတယ်လို့ ပြောပါတယ်။ 221 00:10:52,000 --> 00:10:55,976 ကျွန်မကလည်း သူကို American Psycho ဝတ္ထုကိုဖတ်ပြီးကြောင်းရယ် 222 00:10:56,000 --> 00:10:57,976 (ရယ်သံများ) 223 00:10:58,000 --> 00:10:59,976 ပြီးရင် အမေရိကန်လူငယ်တွေက 224 00:11:00,000 --> 00:11:02,976 ဆက်တိုက် လူသတ်သမား ဖြစ်နေကြတာ ရှက်စရာကြီးပါလို့ ပြောလိုက်ပါတယ်။ 225 00:11:03,000 --> 00:11:06,976 (ရယ်သံများ) 226 00:11:07,000 --> 00:11:12,976 (လက်ခုပ်သံများ) 227 00:11:13,000 --> 00:11:15,976 အဲဒါကို ကျွန်မ စိတ်ဆိုးဆိုးနဲ့ ပြောလိုက်တာပါ။ 228 00:11:16,000 --> 00:11:17,976 (ရယ်သံများ) 229 00:11:18,000 --> 00:11:20,191 ဒါပေမဲ့ ကျွန်မ ဝတ္ထုတစ်ပုဒ်ဖတ်တိုင်း 230 00:11:20,215 --> 00:11:23,976 အဲထဲက ဇာတ်ဆောင်ကလူသတ်သမား ဆိုရင် သူက အမေရိကန်လူအားလုံးကို 231 00:11:24,000 --> 00:11:27,976 ကိုယ်စားပြုတယ်လို့ ကျွန်မ ဘယ်တော့မှ မတွေးထင်ပါဘူး။ 232 00:11:28,000 --> 00:11:30,976 အဲဒါကလည်း ကျွန်မ ကအဲဒီကျောင်းသား ထက်တော်နေလို့မဟုတ်ပါဘူး။ 233 00:11:31,000 --> 00:11:33,976 ဒါပေမဲ့ အမေရိကန်ရဲ့ ဓလေ့ထုံးတမ်း စီးပွားရေး အာဏာကြောင့်ပါ။ 234 00:11:34,000 --> 00:11:35,976 ကျွန်မ အမေရိကန်ပုံပြင်အများကြီး ဖတ်ဖူးပါတယ်။ 235 00:11:36,000 --> 00:11:37,930 Tyler ရယ် Updike ရယ် Steinbeck ရယ် 236 00:11:37,930 --> 00:11:40,000 Gaitskil ရယ် စတာတွေရဲ့ စာပေကို ဖတ်ဖူးပါတယ်။ 237 00:11:40,000 --> 00:11:43,050 ကျွန်မမှာ အမေရိကန်ရဲ့ တစ်ပုဒ်တည်း ပုံပြင်ဆိုတာမရှိပါဘူး။ 238 00:11:43,671 --> 00:11:45,377 နှစ်အနည်းငယ်အကြာက အောင်မြင်ဖို့ 239 00:11:45,401 --> 00:11:46,766 မပျော်တဲ့ကလေးဘဝပိုင်ဆိုင် 240 00:11:46,766 --> 00:11:49,766 ရမယ်လို့ မှတ်သားလိုက်ရတဲ့ အခါ 241 00:11:49,766 --> 00:11:51,976 ကျွန်မ စဉ်းစားလိုက်ပါတယ်။ 242 00:11:52,000 --> 00:11:53,914 ကျွန်မ မိဘတွေ ကျွန်မကို ဘယ်လို 243 00:11:53,914 --> 00:11:56,024 ညှင်းပန်းခဲ့လဲဆိုတာကို ဖန်တီးဖို့လေ။ 244 00:11:56,024 --> 00:11:57,976 (ရယ်သံများ) 245 00:11:58,000 --> 00:12:01,976 တကယ်တော့ ကျွန်မ ပျော်ရွှင်တဲ့ ကလေးဘဝကို ပိုင်ဆိုင်ခဲ့ ပါတယ်။ 246 00:12:02,000 --> 00:12:04,976 စည်းလုံးတဲ့ မိသားစုကြီးမှာ ရယ်စရာရွှင်စရာနဲ့ ပြည့်နှက်လို့ ။ 247 00:12:05,000 --> 00:12:08,211 ဒါပေမဲ့ ကျွန်မ ဘိုးဘွားတွေက ဒုက္ခသည်စခန်းမှာ သေဆုံးခဲ့ပါတယ်။ 248 00:12:08,750 --> 00:12:11,510 ကျွန်မ မောင်ဝမ်းကွဲ လုံလောက်တဲ့ ကျန်းမာရေးဝန်ဆောင်မှုကို 249 00:12:11,510 --> 00:12:13,000 မရခဲ့လို့ သေဆုံးခဲ့ပါတယ်။ 250 00:12:13,000 --> 00:12:16,196 ကျွန်မ သူငယ်ချင်း Okoloma က လေယာဉ်ပျက်ကျလို့သေဆုံးခဲ့ပါတယ်။ 251 00:12:16,196 --> 00:12:18,976 အကြောင်းက ကျွန်မတို့ မီးသတ်ကားက ရေမရှိလို့ပါ။ 252 00:12:19,000 --> 00:12:21,976 ကျွန်မက ဖိနှိပ်တဲ့ စစ်အစိုးရ လက်အောက် မှာ ကြီးပြင်းတာပါ။ 253 00:12:22,000 --> 00:12:23,976 သူတို့က ပညာရေးကို အရေးမထားတဲ့အတွက်ကြောင့် 254 00:12:24,000 --> 00:12:26,976 တစ်ခါတစ်လေ ကျွန်မ မိဘတွေ လစာမရကြပါဘူး။ 255 00:12:27,000 --> 00:12:30,977 ဒါကြောင့် ငယ်ငယ်တုန်းက မနက်စာစားပွဲကနေ ယိုဘူးလေး ပျောက်သွားတာမျိုး ကြုံဖူးပါတယ် 256 00:12:31,001 --> 00:12:33,498 ပြီးရင် ထောပတ် ပျောက်ကွယ်သွားတယ် 257 00:12:33,522 --> 00:12:35,976 ပြီးရင် ပေါင်မုန့်တွေက စျေးကြီးလာတယ် 258 00:12:36,000 --> 00:12:37,871 ပြီးရင် နွားနို့တွေကို ချွေတာလာရတယ်။ 259 00:12:39,000 --> 00:12:42,657 အဆိုးဆုံးကတော့ နိုင်ငံရေး ကြောက်ရွံမှုတွေ ကျွန်မတို့ ဘဝကို 260 00:12:42,681 --> 00:12:44,363 ထိုးဖောက်ခဲ့ပါတယ်။ 261 00:12:45,823 --> 00:12:47,960 ဒီ ပုံပြင်တွေအားလုံး ကျွန်မကို သတ်မှတ်ပါတယ်။ 262 00:12:48,457 --> 00:12:51,976 ဒါပေမဲ့ မကောင်းတဲ့ ပုံပြင်တွေကိုဘဲ ဆက်ဖော်ပြနေမယ်ဆိုရင် 263 00:12:52,000 --> 00:12:54,976 ကျွန်မရဲ့ အတွေ့အကြုံကို ချိုးနှိမ်ရာရောက်ပြီး 264 00:12:55,000 --> 00:12:58,664 ကျွန်မကို ဖွဲ့စည်းခဲ့တဲ့ တစ်ခြားသော ပုံပြင်တွေကို လျစ်လျူရှုရာရောက်ပါတယ်။ 265 00:12:59,394 --> 00:13:01,976 တစ်ပုဒ်တည်း ပုံပြင်တွေက မှုသေ အမြင်တွေကို ဖန်တီးပါတယ်။ 266 00:13:02,000 --> 00:13:06,976 မှုသေ အမြင်ရဲ့ ပြဿနာက မမှန်ကန်တာမဟုတ်ပါဘူး။ 267 00:13:07,000 --> 00:13:08,976 သူတို့က မပြည့်စုံတာပါ။ 268 00:13:09,357 --> 00:13:12,370 သူတို့က ပုံပြင်ကိုတစ်ပုဒ်တည်း ပုံပြင် ဖြစ်အောင်လုပ်ပါတယ်။ 269 00:13:13,000 --> 00:13:15,572 သေချာတာက အာဖရိတိုက်ဟာ ကပ်ဘေးတွေနဲ့ ပြည့်နှက်နေပါတယ်။ 270 00:13:15,596 --> 00:13:18,976 ကြီးမားလှတဲ့ တစ်ခုကတော့ကွန်ဂိုမှာ ဖြစ်ခဲ့တဲ့ ဆိုးရွားတဲ့ မုဒိန်းမှုပါ။ 271 00:13:19,000 --> 00:13:20,626 စိတ်ဓာတ်ကျစရာကောင်းတဲ့ တစ်ခုကတော့ 272 00:13:20,650 --> 00:13:25,150 လူအယောက် ၅၀၀၀ အလုပ်တစ်ခုရဖို့ အလုပ်လျှောက်တဲ့အကြောင်းဖြစ်ပါတယ်။ 273 00:13:26,000 --> 00:13:29,563 ကပ်ဘေးအကြောင်းမဟုတ်တဲ့ အခြားသော ပုံပြင်တွေလည်းရှိပါတယ်။ 274 00:13:29,587 --> 00:13:32,976 အဲဒါတွေလည်း အရေးပါသလို အဲပုံပြင်တွေကို ပြောဖို့လည်း အရေးကြီးပါတယ်။ 275 00:13:33,000 --> 00:13:34,976 ကျွန်မ အမြဲစဉ်းစားမိတာက 276 00:13:35,000 --> 00:13:37,976 နေရာတစ်ခု ဒါမှမဟုတ် လူတစ်ယောက်ကို နားလည်ဖို့ 277 00:13:38,000 --> 00:13:41,976 သူရဲ့ ကိုယ်စီ ပုံပြင်ကို နားမလည်ဘဲနဲ့ ဆိုတာ မဖြစ်နိုင်ပါဘူး။ 278 00:13:42,000 --> 00:13:45,580 တစ်ပုဒ်တည်းသော ပုံပြင်ရဲ့ ရလဒ်က ဒီလိုပါ။ 279 00:13:45,604 --> 00:13:47,561 လူတွေရဲ့ ဂုဏ်သိက္ခာကို ချိုးနှိမ်ပါတယ်။ 280 00:13:48,332 --> 00:13:51,976 လူသားတွေတူညီမှု အသိအမှတ်ပြုတဲ့နေရာမှာ ခက်ခဲအောင်လုပ်ပါတယ်။ 281 00:13:52,000 --> 00:13:54,000 ကျွန်မ တို့ ဘယ်လိုတူညီသလဲဆိုထက် 282 00:13:54,000 --> 00:13:57,000 ကျွန်မတို့ ဘယ်လိုခြားနားလဲဆိုတာကို အသားပေးရာရောက်ပါတယ်။ 283 00:13:57,000 --> 00:13:59,489 မက္ကဆီကို ခရီးစဉ်မတိုင်ခင်လေး ကျွန်မသာ 284 00:13:59,513 --> 00:14:02,976 နိုင်ငံကူးပြောင်းတာနဲ့ အငြင်းပွားမှုကို US နဲ့ မက္ကဆီကို 285 00:14:03,000 --> 00:14:04,976 နှစ်ဖက်စလုံးကနေ လိုက်ခဲ့ရင် ဘာဖြစ်မလဲ။ 286 00:14:05,000 --> 00:14:07,560 ကျွန်မ အမေသာ ကျွန်မတို့ကို Fide မိသားစုက ဆင်းရဲပေမဲ့ 287 00:14:07,560 --> 00:14:09,000 အလုပ်ကြိုးစားတယ်ဆိုတာ 288 00:14:09,000 --> 00:14:10,976 ပြောခဲ့ရင် ဘာဖြစ်မလဲ။ 289 00:14:11,000 --> 00:14:13,096 ကျွန်မတို့သာ တစ်ကမ္ဘာလုံးမှာရှိတဲ့ 290 00:14:13,120 --> 00:14:16,976 အာဖရိက အကြောင်းအစုံကို ထုတ်လွင့်ပေးတဲ့ ရုပ်မြင်သံကြားသာ ရှိခဲ့ရင် ဘာဖြစ်မလဲ။ 291 00:14:17,000 --> 00:14:21,331 ဒါကို Nigeria စာရေးဆရာက "ပုံပြင် ညီမျှမှု" လို့ ခေါ်ပါတယ်။ 292 00:14:21,355 --> 00:14:23,705 ကျွန်မ အခန်းဖော်သာ အိပ်မက်ကို အကောင်အထည်ဖော်ပြီး 293 00:14:23,705 --> 00:14:25,355 ပုံနှိပ်တိုက်ဖွင့်ဖို့ 294 00:14:25,355 --> 00:14:26,976 ဘဏ်အလုပ်ကနေ 295 00:14:27,000 --> 00:14:29,048 နှုတ်ထွက်ခဲ့တဲ့ Nigeria စာပေထုတ်ဝေသူ 296 00:14:29,072 --> 00:14:31,977 Muhtar Bakare ကိုသာ သိခဲ့ရင် ဘာဖြစ်မလဲ။ 297 00:14:32,001 --> 00:14:35,688 အခု လူတွေယုံကြည်ကြတာက Nigeria လူတွေက စာပေ မဖတ်ကြဘူးဆိုတာပါ။ 298 00:14:35,712 --> 00:14:36,966 သူကတော့ သဘောမတူပါဘူး။ 299 00:14:36,990 --> 00:14:40,076 သူထင်တာက လူတွေက စာဖတ်နိုင်တယ် စာဖတ်ကြလိမ့်မယ် 300 00:14:40,100 --> 00:14:43,976 စာပေတွေကို လူတွေတက်နိုင်အောင် လွယ်လွယ်နဲ့ရအောင်လုပ်ပေးမယ်ဆိုရင်ပေါ့။ 301 00:14:44,666 --> 00:14:46,976 ကျွန်မရဲ့ ပထမဆုံးဝတ္ထု ထုတ်ဝေပြီး မကြာခင်မှာဘဲ 302 00:14:47,000 --> 00:14:49,976 အင်တာဗျူးဖြေဖို့ Lagos က ရုပ်သံဌာနကို သွားရောက်ခဲ့ပါတယ်။ 303 00:14:50,000 --> 00:14:53,191 ပြီးတော့ သတင်းပေးပို့သူ အမျိုးသမီးက ကျွန်မဆီ လာပြီးတော့ ပြောပါတယ်။ 304 00:14:53,215 --> 00:14:55,976 "မင်း ဝတ္ထုကို ငါ တကယ် ကြိုက်တယ်။ အဆုံးသတ်ကို မကြိုက်ဘူး။ 305 00:14:56,000 --> 00:14:59,239 မင်း နောက်ဆက်တွဲရေးရမယ်။ ဒါကတော့ ဆက်ဖြစ်မယ့် အရာလေးပေါ့။.." 306 00:14:59,263 --> 00:15:01,977 (ရယ်သံများ) 307 00:15:02,001 --> 00:15:04,977 သူမ ကျွန်မကို နောက်ဆက်တွဲမှာ ဘာရေးရမယ်ဆိုတာ ဆက်ပြောပါတယ်။ 308 00:15:05,564 --> 00:15:07,976 ကျွန်မ ကျေနပ်ရုံ တင်မက ကြည်နူးမိပါတယ်။ 309 00:15:08,000 --> 00:15:10,976 သူမကတော့ စာမဖတ်တတ်ဘူးလို့ ထင်ခံရတဲ့ Nigeria 310 00:15:11,000 --> 00:15:13,003 သာမန်လူအုပ်ထဲမှ အမျိုးသမီးတစ်ယောက်ပါ။ 311 00:15:13,901 --> 00:15:15,525 သူမက စာအုပ်ဖတ်ရုံတင်မက 312 00:15:15,549 --> 00:15:17,358 စာအုပ်မှုပိုင်ခွင့်ကိုပါ ရယူပြီး 313 00:15:17,382 --> 00:15:20,390 ကျွန်မကို နောက်ဆက်တွဲကို ဘယ်လိုရေးဖို့ ပြောခဲ့ပါတယ်။ 314 00:15:21,580 --> 00:15:24,666 ကျွန်မ အခန်းဖော်သာ Lagos မှာ ရုပ်သံ တင်ဆက်နေတဲ့ ကျွန်မသူငယ်ချင်း 315 00:15:24,666 --> 00:15:27,976 Fumi Onda အကြောင်းကို သိခဲ့ရင် ဘာဖြစ်မလဲ။ သူမက ကျွန်မတို့ 316 00:15:28,000 --> 00:15:31,000 မေ့လေ့ရှိတဲ့ ပုံပြင်ကို ပြောဖို့ စိတ်ပိုင်းဖြတ်ထားသူ ဖြစ်ပါတယ်။ 317 00:15:31,695 --> 00:15:34,976 ကျွန်မ အခန်းဖော်သာ ပြီးခဲ့တဲ့ တစ်ပတ် Lagos ဆေးရုံမှာ ပြုလုပ်ခဲ့တဲ့ 318 00:15:35,000 --> 00:15:37,976 နှလုံးခွဲစိတ်မှု အကြောင်းကို သိခဲ့ရင် ဘာဖြစ်မလဲ။ 319 00:15:38,000 --> 00:15:41,976 ကျွန်မ အခန်းဖော်သာ Nigeria ခေတ်သစ် တေးဂီတအကြောင်းကို သိခဲ့ရင် ဘာဖြစ်မလဲ။ 320 00:15:42,000 --> 00:15:44,976 လူတော်တွေက Jay-Z ရယ် Fela ရယ် Bob Marley ရယ် သူတို့ရဲ့ 321 00:15:45,000 --> 00:15:46,976 ဘိုးဘေးဘီဘင်က လွှမ်းမိုးမှုတွေကို 322 00:15:47,000 --> 00:15:50,976 ပေါင်းစပ်ပြီး English လို Pidgin လို Igbo လို 323 00:15:51,000 --> 00:15:53,182 Yoruba လို ပြီးရင် Ijo လို သီဆိုနေတာတွေပေါ့။ 324 00:15:54,000 --> 00:15:56,239 ကျွန်မ အခန်းဖော်သာ အမျိုးသမီးတိုင်း ပက်စ်ပို့ 325 00:15:56,263 --> 00:15:59,976 သက်တမ်းမတိုးခင် ခင်ပွန်းဆီ ခွင့်ပြုချက်ရယူဖို့ ပြဌာန်းထားတဲ့ ဥပဒေကို 326 00:16:00,000 --> 00:16:02,976 Nigeria တရားရုံမှာ စိန်ခေါ်လိုက်တဲ့ အမျိုးသမီး 327 00:16:03,000 --> 00:16:05,976 ရှေ့နေ တစ်ယောက်အကြောင်းသိရင် ဘာဖြစ်မလဲ။ 328 00:16:06,000 --> 00:16:08,976 ကျွန်မ အခန်းဖော်သာ နည်းပညာ အခက်အခဲတွေကြား ရုပ်ရှင်တွေ 329 00:16:09,000 --> 00:16:11,024 ဖန်တီးနေတဲ့ ထိုးထွင်း ဉာဏ်ရှိလူတွေပြည့်နေတဲ့ 330 00:16:11,024 --> 00:16:13,404 Nollywood အကြောင်းကို သိရင်ဘာဖြစ်မလဲ။ 331 00:16:13,404 --> 00:16:14,976 ရုပ်ရှင်တွေက ကျော်ကြားလွန်းလို့ 332 00:16:15,000 --> 00:16:17,000 Nigeria လူတွေသူတို့ ထုတ်ကုန်ပြန်စားသုံးတဲ့ 333 00:16:17,000 --> 00:16:20,000 အကြောင်းကို ပြသနေတဲ့ အကောင်းဆုံး ဥပမာ ဖြစ်နေတယ်လေ။ 334 00:16:20,000 --> 00:16:23,286 အခန်းဖော်သာ ကျွန်မရဲ့ရည်မှန်းချက် ကြီးလှတဲ့ဆံကျစ်သူကိုသိရင်ဘာဖြစ်မလဲ။ 335 00:16:23,310 --> 00:16:26,976 သူမက ဆံပင်တုရောင်းတဲ့ ကိုယ်ပိုင် စီးပွားရေးကို စတင်သူလဲ ဖြစ်ပါတယ်။ 336 00:16:27,000 --> 00:16:28,790 ဒါမဟုတ် စီးပွားရေးလုပ်တယ် တစ်ခါတစ်လေ 337 00:16:28,790 --> 00:16:31,270 ရှုံးတယ် ဒါပေမဲ့လည်း ရည်မှန်းချက်ဆက်ထိန်းထားတဲ့ 338 00:16:31,270 --> 00:16:33,938 သန်းပေါင်းများစွာသော Nigeria လူတွေ အကြောင်းကော။ 339 00:16:35,000 --> 00:16:36,976 ကျွန်မ အိမ်မှာ ရှိတိုင်း Nigeria လူထုကို 340 00:16:37,000 --> 00:16:39,976 ဒေါသထွက်စေတဲ့ အရာတွေနဲ့ ရင်ဆိုင်ရပါတယ်။ 341 00:16:40,000 --> 00:16:43,444 ကျွန်မတို့ရဲ့ကျရှုံးနေတဲ့ ဖွဲ့စည်း ပုံတွေ၊ ကျရှုံးနေတဲ့ အစိုးရတွေ။ 342 00:16:43,468 --> 00:16:45,523 ဒါတင်မက အစိုးရ ကျရှုံးနေပေမဲ့လည်း 343 00:16:45,547 --> 00:16:48,976 စိတ်ပျက်အားလျော့မဲ့အစား လူထုတွေရဲ့ စိတ်ဓာတ်ကြံခိုင်မှုကိုလည်း 344 00:16:49,000 --> 00:16:50,261 မြင်တွေ့ရပါတယ်။ 345 00:16:51,373 --> 00:16:53,976 ကျွန်မ Lagos မှာ နွေရာသီတိုင်း စာရေးသင်တန်းပို့ချပါတယ်။ 346 00:16:54,000 --> 00:16:56,976 လာရောက်လျှောက်ထားတဲ့ လူဘယ်လောက်တောင်များလဲ 347 00:16:57,000 --> 00:16:59,976 လူတွေ စာရေးပြီး ပုံပြင်ပြောဖို့ ဘယ်လောက် စိတ်အားထက်သန်လဲဆိုတာ 348 00:17:00,000 --> 00:17:01,586 မြင်ရတော့ ကျွန်မ အံအားသင့်ရပါတယ်။ 349 00:17:02,275 --> 00:17:05,298 Nigeria စာပေထုတ်ဝေသူ နဲ့ ကျွန်မတို့ Farafina Trust လို့ ခေါ်တဲ့ 350 00:17:05,322 --> 00:17:06,976 ကိုယ်ကျိုးမဖက် အဖွဲ့ကို စတင်ခဲ့ပါတယ်။ 351 00:17:07,000 --> 00:17:08,690 ကျွန်မတို့မှာရည်မှန်းချက်ကြီး တွေရှိပါတယ်။ 352 00:17:08,690 --> 00:17:10,000 စာကြည့်တိုက် ဆောက်ဖို့၊ 353 00:17:10,000 --> 00:17:12,143 စာကြည့်တိုက်တွေကို ပြန်လည် ပြုပြင်ဖို့၊ 354 00:17:12,167 --> 00:17:14,976 ဘာမှ မရှိသေးတဲ့ ကျောင်းစာကြည့်တိုက်တွေ အတွက် 355 00:17:15,000 --> 00:17:17,096 စာအုပ်တွေထောက်ပံ့ပေးဖို့၊ ပြီးရင် 356 00:17:17,120 --> 00:17:19,501 စာရေးခြင်း စာဖတ်ခြင်း နဲ့ ပတ်သတ်ပြီး 357 00:17:19,525 --> 00:17:20,976 သင်တန်းတွေ ဖွင့်လှစ်ဖို့ပေါ့။ 358 00:17:21,000 --> 00:17:24,199 ကျွန်မတို့ ပုံပြင်တွေကို ပြောပြဖို့ စိတ်အားထက်သန်တဲ့ လူတွေအတွက်ပါ။ 359 00:17:24,326 --> 00:17:25,976 ပုံပြင်တွေက အရေးပါပါတယ်။ 360 00:17:26,000 --> 00:17:27,976 များစွာသော ပုံပြင်တွေက အရေးပါပါတယ်။ 361 00:17:28,000 --> 00:17:31,976 သူများကို ရှင်းထုတ်ဖို့၊အပုပ်ချဖို့ ပုံပြင်ကိုအသုံးပြုကြပါတယ်။ 362 00:17:32,000 --> 00:17:34,072 ဒါပေမဲ့လည်း ပုံပြင်တွေနဲ့ လူထုယဉ်ကျေးအောင် 363 00:17:34,072 --> 00:17:36,642 စိတ်အားထက်သန်အောင် လုပ်လို့ရပါတယ်။ 364 00:17:36,642 --> 00:17:38,976 ပုံပြင်တွေက ဂုဏ်သိက္ခာကို ချိုးဖျက်နိုင်ပါတယ်။ 365 00:17:39,000 --> 00:17:42,703 ဒါပေမဲ့လည်း ပုံပြင်တွေက ကျိုးပဲ့သွားတဲ့ ဂုဏ်သိက္ခာကို ပြန်ပြုပြင်နိုင်ပါတယ်။ 366 00:17:44,000 --> 00:17:46,678 အမေရိကန် စာရေးဆရာ Alice Walker က တောင်ပိုင်းကနေ 367 00:17:46,678 --> 00:17:50,036 မြောက်ပိုင်းကို ရွှေ့ပြောင်းသွားတဲ့ သူမရဲ့ ဆွေမျိုးအကြောင်းကို ရေးသားခဲ့ပါတယ်။ 368 00:17:50,036 --> 00:17:51,976 သူမ သူတို့ကို သူတို့ စွန့်ခွာခဲ့တဲ့ တောင်ပိုင်း 369 00:17:52,000 --> 00:17:54,068 ဘဝလေး အကြောင်းရေးထားတဲ့ စာအုပ်လေး နဲ့ မိတ်ဆတ်ခဲ့ပါတယ်။ 370 00:17:55,592 --> 00:17:58,976 "သူတို့က ပတ်လည် ထိုင်ကြတယ်။ စာအုပ်ဖတ်ရင်း 371 00:17:59,000 --> 00:18:02,579 တစ်ဖက်က ကျွန်မ စာအုပ်ဖတ်ပြတာကို 372 00:18:02,579 --> 00:18:05,579 နားထောင်ရင်းနဲ့ပေါ့။ ပြီးရင် ပျော်ရွင်မှု ပြန်လည်ရရှိသွားပါတယ်။" 373 00:18:05,579 --> 00:18:08,441 ကျွန်မ ဒီအတွေးလေးနဲ့ အဆုံးသတ်ချင်ပါတယ်။ 374 00:18:08,465 --> 00:18:10,976 ကျွန်မတို့ တစ်ပုဒ်တည်းသော ပုံပြင်ကို စွန့်ပစ်တဲ့အခါ 375 00:18:11,000 --> 00:18:14,426 ကျွန်မတို့ ဘယ်နေရာဘဲဖြစ်ဖြစ် တစ်ပုဒ်တည်းသော ပုံပြင်ဆိုတာမရှိဘူးလို့ 376 00:18:14,426 --> 00:18:16,441 သိရှိလာတဲ့အခါ ကျွန်မတို့ 377 00:18:16,465 --> 00:18:18,236 ပျော်ရွှင်မှု ပြန်လည် ရရှိပါတယ်။ 378 00:18:18,695 --> 00:18:19,817 ကျေးဇူးတင်ပါတယ်။ 379 00:18:19,841 --> 00:18:22,841 (လက်ခုပ်သံများ)