-
...
-
ဒီမှာ ပီဇာမုန့် တစ်ခုလုံးရှိသည်
-
ကျွန်တော် နှစ်ပိုင်းလုံးကို ညီအောင်ခွဲမယ်
-
ညီမျှသော နှစ်ခုရအောင် ဒီမှာခွဲ
-
နှစ်ခုထဲမှ တစ်ခုကို ကျွန်တော်စားလိုက်
-
ဒီတစ်ခုကို အားလုံးစားမယ်
-
ပီဇာမုန့်ရဲ့ ဘယ်လောက်အပိုင်းကို စားသလဲ
-
တစ်ခုလုံးကို ခွဲပြီး
-
ညီအောင်နှစ်ပိုင်းခွဲ၊ ပြီးတော့ ကျွန်တော် တစ်ခုကိုစားသည်
-
...
-
ပီဇာမုန့်ရဲ့ တစ်ဝက်ကိုကို စားသည်
-
စိတ်ကူးကြည့်ရအောင် ပီဇာကို
-
နှစ်ပိုင်းခွဲမယ့်အစား
-
လေးပိုင်းညီအောင် ခွဲကြစို့
-
ဆွဲကြည့်မယ်
-
ညီမျှသော လေးပိုင်း
-
ဒီလိုခွဲ
-
ပြီးတော့ ဒီလို ထပ်ခွဲ
-
ညီမျှသော လေးပိုင်းရသွားပြီ
-
...
-
အကယ်၍ ကျွန်တော ပြီးခဲ့သော အတိုင်းအတာ ပီဇာကို စားချင်ပါတယ်
-
ဒီလေးခုထဲမှ ဘယ်နှစ်ခုကို စားရမလဲ
-
ဗွီဒီယိုကို ခဏရပ်ပြီး စဉ်းစားကြည့်ပါ
-
ဒီအပိုင်းကို စား
-
ဒီအပိုင်းကို စားပြီးတော့ ဒီအပိုင်းကိုစား
-
ဒီမှာ
-
ပီဇာအတိုင်းအတာ အတူအတူစားပါတယ်
-
ဒီအပိုင်းကြီးကို နှစ်ပိုင်း ခွဲလိုက်သည်
-
ပီဇာတစ်ခုလုံးကို ဒီလိုခွဲလိုက်သည်
-
ကျွန်တော် ဒီလေးခုထဲမှ နှစ်ခုကို စားရမယ်
-
နှစ်ခုထဲမှ တစ်ခုကို မစားရဘူး
-
လေးခုထဲမှ နှစ်ခုကိုစားလိုက်ပြီ
-
...
-
ခြားနားသော ဂဏာန်းကို အသုံးပြုထားတာပါ
-
ပိုင်းဝေမှာ တစ်ကိုထား
-
နှစ်ကို ပိုင်းခြေမှာထား
-
ဒီမှာတော့ နှစ်ကို ပိုင်းဝေမှာထား
-
လေးကို ပိုင်းခြေမှာထား
-
ဒီအပိုင်းကိန်းနှစ်ခုက တန်ဖိုးတူ၏
-
ကျွန်တော်ပီဇာကို ပမာဏ အတူအတူ စားဖြစ်သည်
-
(၂/၄) ရဲ့ပီဇာနှင့် လေးပိုင်းထဲမှ နှစ်ပိုင်းဆိုတာ
-
အတူတူဖြစ်ပါသည်
-
ညီမျှသော နှစ်ပိုင်းထဲမှ တစ်ပိုင်းကို
-
စားသည်လို့ ဆိုတာကတော့
-
တူညီသော အပိုင်းကိန်းဖြစ်သည်
-
နောက်တခု တွက်ရအောင်
-
လေးပိုင်းညီအောင် ခွဲမည့်အစား
-
ရှစ်ပိုင်း အညီအမျှခွဲမယ်
-
...
-
ဒီလို ခွဲလိုက်ပါ
-
ယခု ညီမျှသော နှစ်ပိုင်းဖြစ်သွားပြီ
-
နောက်တခါ ထပ်ခွဲ
-
လေးပိုင်း အညီအမျှ ဖြစ်သွားပြီ
-
ဒီလေးပိုင်းကို နှစ်ပိုင်းထပ်ခွဲမယ်
-
ကျွန်တော် ဒါတွေကို ခွဲတော့မယ်
-
ကျွန်တော်တို့ ညီအောင်ခွဲရမည်
-
အနည်းငယ် မညီသေးဘူး
-
ညီသွားပါပြီ
-
ညီမျှသောအပိုင်း ဘယ်နှစ်ခုလဲ
-
ညီမျှသောအပိုင်း ၈ခုရှိသည်
-
...
-
ဒါပေမယ့် အရင်ကလိုပဲ ပမာဏအတူတူ စားချင်ပါတယ်
-
ဒီကအပိုင်းတွေကို အားလုံးစားရပြီ
-
ရှစ်ပိုင်းထဲမှ ဘယ်နှစ်ခု စားလိုက်ပါသလဲ?
-
ညီမျှသောအပိုင်းထဲမှ ၁,၂,၃,၄ ပိုင်းကို စားသည်
-
နောက်ထပ်ပြောရင်တော့ ၈ပိုင်းထဲက ၄ပိုင်း (သို့) (၄/၈)သည်
-
(၂/၄) နှင့် (၁/၂) တို့နှင့် ညီသည်
-
အနည်းငယ် ဒီပုံစံမျိုး မြင်နိုင်ပါသည်
-
ဒီဖြစ်ရပ်ကို ဆက်ကြည့်ရအောင်
-
ကျွန်တော် နှစ်ဆတောင်ရသည်
-
ညီမျှသောအပိုင်း နှစ်ဆ ရှိသည်
-
ကျွန်တော် နှစ်ဆ ပိုစားရမည်
-
ပိုင်းခြေကို နှစ်နဲ့မြှောက်
-
ပိုင်းဝေကို နှစ်နဲ့မြှောက်
-
အကယ်၍ ပိုင်းဝေနှင့် ပိုင်းခြေကို
-
ကိန်းဂဏာန်းအတူတစ်ခုနှင့် မြှောက်လျှင်
-
အပိုင်းကိန်းတန်ဖိုး မပြောင်းပါဘူး
-
ဒီမှာ မြင်နိုင်ပါသည်
-
၄ ပိုင်းမှ ၈ ပိုင်းကိုရောက်
-
အပိုင်းတိုင်းကို နှစ်ပိုင်းထပ်ခွဲ
-
အပိုင်း နှစ်ဆရှိမယ်
-
ပြီးခဲ့သော အတိုင်းအတာလောက် စားချင်လျှင်
-
ကျွန်တော် အပိုင်း နှစ်ဆ စားရမည်
-
အားလုံး ၁/၂ ၊ ၂/၄ ၊ ၄/၈
-
၈/၁၆ လဲ ရသည်
-
၁၆/၃၂ လဲ ရသည်
-
ဒါတွေအားလုံးကတော့ တူညီသော အပိုင်းကိန်းတွေ ဖြစ်ပါသည်
-
...