ဒီကိန်းတန်းရဲ့ နောက်ကိန်း တစ်ခုကို ခန့်မှန်းနိုင်ပါသလား။ - Alex Gendler
-
0:08 - 0:11ဒါက ကိန်းတန်းထဲက ပထမ ဂဏန်းငါးလုံးပါ။
-
0:11 - 0:13ဆက်လာရမယ့် ကိန်းကို
ခန့်မှန်းနိုင်သလား။ -
0:13 - 0:15ခင်ဗျားတို့ ခန့်မှန်းချင်ရင်
ဒီမှာ ခဏရပ်လိုက်ပါ။ -
0:15 - 0:16ဖြေရန် ၃ စက္ကန့်
-
0:16 - 0:17ဖြေရန် ၂ စက္ကန့်
-
0:17 - 0:18ဖြေရန် ၁ စက္ကန့်
-
0:18 - 0:19အဲဒီထဲမှာ စနစ်တစ်ခု ရှိပါတယ်၊
-
0:19 - 0:22ခင်ဗျားတို့ ထင်နေတဲ့
ပုံစံမျိုး ဟုတ်ချင်မှ ဟုတ်မှာပါ။ -
0:22 - 0:26ခုနက ကိန်းတန်းကို ထပ်ကြည့်ရင်း
အသံထွက် ဖတ်ကြည့်ပါ။ -
0:26 - 0:29ကောင်းပြီ၊ အခုတော့ နောက်
ကိန်းတန်း တစ်ခုကို ပြပေးပါမယ်။ -
0:29 - 0:323, 1, 2, 2, 1, 1.
-
0:32 - 0:37ဒါကို ခင်ဗျားတို့ အချိန်ယူ စဉ်းစားချင်ရင်
ထပ်ပြီး ရပ်ထားလိုက်ပါ။ -
0:37 - 0:38ဖြေရန် ၃ စက္ကန့်
-
0:38 - 0:39ဖြေရန် ၂ စက္ကန့်
-
0:39 - 0:40ဖြေရန် ၁ စက္ကန့်
-
0:40 - 0:44အဲဒါကကြည့်ပြီး
ပြောနိုင်တဲ့ ကိန်းစဉ်မျိုးပါ။ -
0:44 - 0:46ကိန်းစဉ် အများအပြားနဲ့ မတူဘဲ၊
-
0:46 - 0:49ဒါက ဂဏန်းတွေရဲ့ သင်္ချာဆိုင်ရာ
အရညအချင်းများနဲ့ သက်ဆိုင်ခြင်းမရှိဘဲ၊ -
0:49 - 0:51၎င်းတို့ကို ရေးမှတ်ပုံနဲ့ ဆိုင်ပါတယ်။
-
0:51 - 0:54ဘယ်ဘက်အကျဆုံး ကနဦးကိန်းမှ စတင်ပါ။
-
0:54 - 0:59ပြီးတော့ အဲဒီကိန်းဂဏန်း ဘယ်နှစ်ကြိမ်
ထပ်ပါနေတာကို -
0:59 - 1:02အဲဒီကိန်းဂဏန်းကိုယ်၌ရဲ့ အမည်နောက်မှာ
ဖတ်ပြပါ။ -
1:02 - 1:07အဲဒီနောက်မှာ ကွဲပြားတဲ့ နောက်ဂဏန်းဆီသို့
ရွှေ့လျက် တစ်ခုပြီး တစ်ခု အဆုံးထိ ဖတ်ပြပါ။ -
1:07 - 1:10ဒီတော့ ဂဏန်း 1 ကို
‘‘တစ်တစ်ကြိမ်’’ လို့ ဖတ်ရပြီး -
1:10 - 1:14အဲဒါကို ရေးချလိုက်ရင် ဆယ့်တစ်ကို
ရေးတာနဲ့ တူပါလိမ့်မယ်။ -
1:14 - 1:18ဒါပေမဲ့၊ ဒီကိန်းတန်းထဲက တစ်ပိုင်းဖြစ်ပေမဲ့
၎င်းဟာ ဆယ့်တစ်ဆိုတဲ့ ကိန်း မဟုတ်ဘဲ၊ -
1:18 - 1:19နှစ်ကြိမ်ပါတဲ့ တစ်ပါ၊
-
1:19 - 1:22အဲဒါကို ကျွန်ုပ်တို့က
2 1 ဆိုပြီး ရေးကြမယ်။ -
1:22 - 1:25အဲဒီနောက်မျာ ကိန်းဂဏန်းကို
1 2 1 1 ဆိုပြီး ဖတ်ရနိုင်ပါတယ်၊ -
1:25 - 1:32အဲဒီရေးထားပုံကို ဖတ်ကြည့်ရင် တစ်တစ်ကြိမ်၊
တစ်ကြိမ်တစ်၊ နှစ်ကြိမ်တစ် စသဖြင့် ရပါမယ်။ -
1:32 - 1:38အဲဒီလို ကိန်းဂဏန်းစဉ်တွေကို သင်္ချာပညာရှင်
John Conway က ပထမဦးဆုံး လေ့လာခဲ့ပါတယ်၊ -
1:38 - 1:41၎င်းတို့မှာ စိတ်ဝင်စားစရာ အရည်အချင်း
ရှိတာကို သူ သတိထားမိတယ်။ -
1:41 - 1:46ဥပမာ၊ ဂဏန်း 22 မှစတင်ပြီး၊ နှစ်ကြိမ်နှစ်
ဆိုတာ မဆုံးနိုင်အောင် ထပ်နေခြင်းပါပဲ။ -
1:46 - 1:48ဒါပေမဲ့ အခြားဂဏန်းကို ထည့်ပေးလိုက်တော့၊
-
1:48 - 1:52ကိန်းတန်းဟာ ထူးခြားတဲ့
ပုံစံနဲ့ ကြီးထွားလာတတ်တယ်။ -
1:52 - 1:55ကိန်းတွေရဲ့ လုံးရေဟာ ကြီးထွားလာနေပေမဲ့၊
-
1:55 - 1:59ကြီးထွားလာမှုဟာ ပုံမှန်မဟုတ်တဲ့အပြင်
ကျပမ်းပုံလည်း မဟုတ်တာ သတိထားမိနိုင်ပါတယ်။ -
1:59 - 2:04တကယ်တော့၊ ဒါကိုအဆုံးမရှိ တိုးချဲ့သွားပါက
ပုံစံတစ်ခု ပေါ်ပေါက်လာမှာပါ။ -
2:04 - 2:08တဆက်တည်းရှိနေကြတဲ့ ကိန်းနှစ်ခုထဲ
ပါတဲ့ ဂဏန်းတွေရဲ့ ပမာဏ အချိုးဟာ -
2:08 - 2:13တဖြည်းဖြည်းနဲ့ Conway's Constant
လို့ခေါ်တဲ့ ကိန်းဆီကို ရှေ့ရှုသွားမှာပါ။ -
2:13 - 2:16အဲဒါဟာ 1.3 ကျော်ရုံလေးတင်ပါ။
-
2:16 - 2:20ဂဏန်းတွေရဲ့ ပမာဏဟာ ဂဏန်းတန်းထဲက
နောက် တစ်ဆင့်ဆီကို ရွှေ့သွားတိုင်းမှာ -
2:20 - 2:2330% ခန့်နှုန်းကျ ကြီးထွား
လာခြင်းကို ဆိုလိုပါတယ်။ -
2:23 - 2:26ဒါနဲ့ အဲဒီထဲက ဂဏန်းတွေ ကိုယ်၌ ကျတော့ကော။
-
2:26 - 2:28အဲဒါက ပိုလို့တောင် စိတ်ဝင်စားစရာ
ကောင်းနေပါတယ်။ -
2:28 - 2:3022 က ထပ်ထပ်ပါနေတာကလွဲလို့၊
-
2:30 - 2:36ဖြစ်နိုင်တဲ့ ကိန်းတန်းတိုင်းဟာ ကြာတော့
ထင်ရှားတဲ့ ကိန်းတန်းအဖြစ် ပေါ်ထွက်တတ်တယ်။ -
2:36 - 2:38အဲဒီကိန်းတန်းတွေက ဘယ်လိုပုံစံနဲ့ ပေါ်လာလာ၊
-
2:38 - 2:44ဒီလိုပေါ်လာတိုင်းမှာ တစ်ခုချင်းစီဟာ
ကွဲထွက်မသွားပဲ ပေါ်လာတတ်ပါတယ်။ -
2:44 - 2:47Conway က အဲဒီလို
အစိတ်အပိုင်း 92 ခုကို ဖေါ်ထုတ်ခဲ့ရာ၊ -
2:47 - 2:50အားလုံးထဲတွင် 1, 2, 3 ဆိုတဲ့
ဂဏန်းတွေသာ ပါကြပြီး၊ -
2:50 - 2:52ထပ်တိုး အပိုင်း နှစ်ခုကျတော့
-
2:52 - 2:57ဂဏန်း 4 ဒါမှမဟုတ် ပိုကြီးတဲ့ ဂဏန်း
စိတ်ကြိုက်ကြိမ်ရေဖြင့် အဆုံးသတ်နိုင်ပါတယ်။ -
2:57 - 2:59အဲဒီကိန်းတန်းထဲကို ထည့်ပေးတဲ့
ဂဏန်းက ဘာပဲဖြစ်ဖြစ်၊ -
2:59 - 3:03နောက်ဆုံးမှာတော့ ခုနက
ဂဏန်းတွေကိုသာ ပါဝင်လျက်၊ -
3:03 - 3:094 ဒါမှမဟုတ် ပိုကြီးတဲ့ ဂဏန်းတွေကျတော့
အဆုံးပိုင်းတွင် ပါလာခဲ့ရင် အပိုဖြစ်တဲ့ -
3:09 - 3:11အပိုင်းနှစ်ပိုင်း အဖြစ် မြင်နိုင်တယ်။
-
3:11 - 3:13အဲဒါဟာ ရိုးရှင်းတဲ့ ပဟေဠိ ဖြစ်ရုံသာမက၊
-
3:13 - 3:17ကြည့်ရင်းဖတ်ရတဲ့ ကိန်းတန်းဟာ
လက်တွေ့တွင်လည်း အသုံးဝင်တဲ့ အရာပါ။ -
3:17 - 3:19ဥပမာ၊ run-length encoding ခေါ်
တစ်ချိန်တုန်းက -
3:19 - 3:23ရုပ်သံအချက်ပြမှုများနှင့် ဒစ်ဂျစ်တယ်
ဂရပ်ပုံတွေမှာ သုံးခဲ့တဲ့ ဒေတာချုံ့မှုဟာ -
3:23 - 3:26အလားတူ အယူအဆကို အခြေခံခဲ့ပါတယ်။
-
3:26 - 3:29ကုဒ်တစ်ခုထဲတွင်
ထပ်ထပ်ပါတဲ့ ဒေတာရဲ့ ပမာဏကို -
3:29 - 3:32ဒေတာရဲ့ တန်ဖိုးအဖြစ် ရေးမှတ်ပါတယ်။
-
3:32 - 3:36ဒီလိုကိန်းတန်းတွေက ဂဏန်းတွေနဲ့ တခြား
သင်္ကေတတွေက အဆင့်အမျိုးမျိုးမှာ -
3:36 - 3:39အဓိပ္ပာယ်တွေကို ပို့ဆောင်ပေးနိုင်တာကို
ဖော်ပြနေပါတယ်။
- Title:
- ဒီကိန်းတန်းရဲ့ နောက်ကိန်း တစ်ခုကို ခန့်မှန်းနိုင်ပါသလား။ - Alex Gendler
- Description:
-
သင်ခန်းစာအပြည့်အစုံကို ကြည့်ရန်- http://ed.ted.com/lessons/can-you-find-the-next-number-in-this-sequence-alex-gendler
1, 11, 21, 1211, 111221 ။ ဒါတွေက ကိန်းတန်း တစ်ခုထဲ ပါဝင်ကြတဲ့ ပထမဦးဆုံး ကိန်းဂဏန်း ငါးခုပါ။ အဲဒီနောက်မှာ ဘာလာမယ်ဆိုတာကို ခန့်မှန်းနိုင်ပါသလား။ Alex Gendler က အဖြေကို ရှင်းပြထားပြီး အဲဒါဟာ အံ့ဖွယ် ပဟေဠိ တစ်ခုရုံသာမက ဒီလို ကိန်းတန်းတွေဟာ လက်တွေ့ကိစ္စတွေထဲမှာပါ အသုံးဝင်တတ်ပုံကို ပြောပြထားပါတယ်။
Alex Gendler ရဲ့ သင်ခန်းစာကို Artrake Studio မှ လှုပ်ရှားပုံများဖြင့် တင်ပြထားပါတယ်။
- Video Language:
- English
- Team:
- closed TED
- Project:
- TED-Ed
- Duration:
- 04:01
sann tint approved Burmese subtitles for Can you find the next number in this sequence? - Alex Gendler | ||
Myo Aung accepted Burmese subtitles for Can you find the next number in this sequence? - Alex Gendler | ||
Myo Aung edited Burmese subtitles for Can you find the next number in this sequence? - Alex Gendler | ||
Sanda Aung edited Burmese subtitles for Can you find the next number in this sequence? - Alex Gendler | ||
Sanda Aung edited Burmese subtitles for Can you find the next number in this sequence? - Alex Gendler |