ရှိတ်စပီးယားဟာ သူ့ပြဇာတ်တွေကို ရေးခဲ့သလား။ Natalya St. Clair and Aaron Williams
-
0:07 - 0:09"တချို့က မွေးရာပါ ထူးချွန်ကြတယ်၊
-
0:09 - 0:11တချို့က ထူးချွန်မှုကို ဖန်တီးပြီး
-
0:11 - 0:16အခြားသူတွေက စိုင်ကော်လို့ ချုံပေါ် ရောက်
ကြတယ်"လို့ ရှိတ်စပီးယားက ဆိုထားတယ်။ -
0:16 - 0:17ဒါမှမဟုတ် သူ ဖြစ်ခဲ့လား။
-
0:17 - 0:22ရှိတ်စပီးယားဟာ သူ့အမည်ပါရှိတဲ့
လက်ရာတွေကို တကယ်ရေးခဲ့သလား၊ -
0:22 - 0:25(သို့) ရှိတောင်ရှိခဲ့လို့လားဆိုပြီး
တချို့က မေးခွန်းထုတ်တယ်။ -
0:25 - 0:29ရှိတ်စပီးယားဟာ အခြား စာရေးဆရာ
တစ်ယောက်(သို့) စာရေးဆရာ တစ်စုအတွက် -
0:29 - 0:30ကလောင်ခွဲလို့ ထင်ကြေးပေးတယ်။
-
0:30 - 0:32ရှိတ်စပီးယားအစစ်အတွက် တင်ပြတဲ့
အမည်စာရင်းမှာ -
0:32 - 0:38နာမည်ကျော် ပြဇာတ်ဆရာတွေ၊ နိုင်ငံရေးသမား
တွေနဲ့ ထင်ရှားတဲ့ အမျိုးသမီးတွေတောင်ပါတယ်။ -
0:38 - 0:41အင်္ဂလိပ်စာပေမှာ အကြီးကျယ်ဆုံး
စာရေးဆရာကြီးဟာ သူ့ပြဇာတ်တွေအတိုင်းပဲ -
0:41 - 0:45စိတ်ကူးယဉ်ဆန်ခဲ့တာက မှန်နိုင်လား။
-
0:45 - 0:48ရှိတ်စပီးယား ပညာရှင် အများစုက
သမိုင်းနဲ့ အတ္ထုပ္ပတ္တိဆိုင်ရာ -
0:48 - 0:51အထောက်အထားကို အခြေခံပြီး
ဒီအဆိုတွေကို ပယ်ချခဲ့တယ်။ -
0:51 - 0:56ဒါပေမဲ့ ရှိတ်စပီးယားရဲ့နာမည်ကျော်
စာကြောင်းတွေကို အခြားတစ်ဦးက ရေးခဲ့လားဆိုတာ -
0:56 - 0:58စစ်ဆေးဖို့ အခြားနည်းလမ်းတစ်ခုရှိပါတယ်။
-
0:58 - 1:01Linguistics ဘာသာစကားလေ့လာမှုက
-
1:01 - 1:04ဝါကျဖွဲ့ထုံး၊ သဒ္ဒါဝေါဟာရတ္ထနဲ့
ဝေါဟာရတို့ကို စစ်ဆေးရင်း -
1:04 - 1:10ကျွန်ုပ်တို့ ပြောဆို၊ ရေးသားပုံအကြောင်း
အများကြီး ပြောပြနိုင်ပါတယ်။ -
1:10 - 1:11၁၈၀၀ နှောင်းပိုင်းမှာ
-
1:11 - 1:15Wincenty Lutosławski လို့ခေါ်တဲ့ ပိုလန်သား
ဒဿနပညာရှင်က stylometry လို့ခေါ်တဲ့ -
1:15 - 1:18နည်းစနစ်တစ်ခုကို
တရားဝင်ဖြစ်စေခဲ့တယ်။ -
1:18 - 1:23စာပေလက်ရာရှင် မေးခွန်းတွေကို လေ့လာဖို့
ဒီအသိသုတကို အသုံးချခြင်းပါ။ -
1:23 - 1:25ဒီတော့ stylometry က ဘယ်လို လုပ်ဆောင်လဲ။
-
1:25 - 1:29သဘော သဘာဝကတော့ စာရေးဆရာတိုင်းရဲ့ဟန်မှာ
လက်ရာတစ်ခုချင်းကြားမှာ -
1:29 - 1:34အတော်လေးတူညီနေတဲ့ ပင်ကိုလက္ခဏာ
တချို့ ကျန်ရှိနေတယ်ဆိုတာပါ။ -
1:34 - 1:37ပင်ကိုလက္ခဏာ နမူနာတွေမှာ
ပျမ်းမျှ ဝါကျ အရှည်၊ -
1:37 - 1:39စကားလုံး စီစဉ်မှုနဲ့ အထူး စကားလုံးရဲ့
-
1:39 - 1:42တစ်လုံးရဲ့ ပါဝင်မှုအရေအတွက်တောင် ပါဝင်တယ်။
-
1:42 - 1:48thee ဆိုတဲ့ စကား သေုံးကို ကြည့်ပြီး ပမာဏ
(သို့) ဝင်ရိုးတစ်ခုအဖြစ် မြင်ကြည့်ရအောင်။ -
1:48 - 1:51ရှိတ်စပီးယားရဲ့ လက်ရာတွေတိုင်းကို
ဒီစကားလုံး ပါရှိမှု -
1:51 - 1:55အရေအတွက်ကို အခြေခံထားတဲ့ ဒေတာ
အမှတ်တစ်ခုလို ဒီဝင်ရိုးမှာ ထားနိုင်တယ်။ -
1:55 - 1:57ကိန်းဂဏန်းတွအရ ဒီအမှတ်တွေရဲ့
ကျပ်ခဲမှုက -
1:57 - 2:02ဒေတာအတွက် ခန့်မှန်း အစဉ်၊
ကွဲလွဲချက်လို့ သိကြတာကို ပေးတယ်။ -
2:02 - 2:08ဒါပေမဲ့ ဒါက အင်မတန်မြင့်တဲ့ ပမာဏပြနေရာလပ်
တစ်ခုထဲက တစ်ခုတည်းသော ပင်ကိုလက္ခဏာတစ်ခုပါ။ -
2:08 - 2:11Principal Component Analysis
လို့ခေါ်တဲ့ စုပြုံပေးတဲ့ ကိရိယာတစ်ခုနဲ့ဆို -
2:11 - 2:16ပမာဏအစုံပါတဲ့ နေရာလပ်ကို ရှိတ်စပီးယား
လက်ရာတွေထဲက ကွဲလွဲချက်ကို -
2:16 - 2:20တစ်စုတည်း တိုင်းတာပေးတဲ့ ရိုးရိုး ပင်မ
အစိတ်အပိုင်းတွေအဖြစ်လျှော့ချလို့ရတယ်။ -
2:20 - 2:22ဒီနောက်မှာ ဒီပင်မ အစိတ်အပိုင်းတွေနဲ့
ယှဉ်ကာ -
2:22 - 2:25အမည်စာရင်းရှင်တွေရဲ့လက်ရာတွေကို
စမ်းသပ်နိုင်ပါတယ်။ -
2:25 - 2:26ဥပမာ အနေနဲ့
-
2:26 - 2:30ဖရန်စစ် ဘေကွန်ရဲ့ လက်ရာတွေဟာ ရှိတ်စပီးယား
ကွဲလွဲချက်ထဲမှာ ရောက်သွားလောက်ရင် -
2:30 - 2:32ဖရန်စစ် ဘေကွန်နဲ့ ရှိတ်စပီးယားဟာ
-
2:32 - 2:37တကယ့် တစ်ယောက်တည်းဖြစ်တယ်ဆိုတာ
အတော် ခိုင်မာတဲ့ အထောက်အထားဖြစ်လိမ့်မယ်။ -
2:37 - 2:39ရလဒ်တွေက ဘာကို ပြသခဲ့လဲ။
-
2:39 - 2:42ကောင်းပြီ၊ ဒါကို လုပ်ဆောင်တဲ့ stylometry
ပညာရှင်တွေ ကောက်ချက်ချထားတာက -
2:42 - 2:47ရှိတ်စပီးယားဟာ အခြားသူမဟုတ်
ရှိတ်စပီးယားပဲ ဖြစ်တယ်ဆိုတာပါ။ -
2:47 - 2:49ကဗျာစာဆိုကြီးက ကဗျာစာဆိုပါ။
-
2:49 - 2:54အရေးဆိုသူတွေရဲ့ လက်ရာတွေဟာ ရှိတ်စပီးယားရဲ့
ကိုယ်ပိုင် လက္ခဏာနဲ့ကိုက်ညီမှုကို မရှိပါ။ -
2:54 - 2:58သို့ပေမည့် ကျွန်ုပ်တို့ရဲ့ သတ္တိပြောင်တဲ့
စာရင်းအင်း ပညာရှိတွေကတော့ -
2:58 - 3:01ပူးပေါင်းမှုတွေရဲ့ လက်ခံရမည်ဖြစ်တဲ့
အထောက်အထားတချို့ကို တွေ့ခဲ့တယ်။ -
3:01 - 3:03ဥပမာအားဖြင့် မကြာခင်က လေ့လာမှုတစ်ခုက
-
3:03 - 3:08ရှိတ်စပီးယားဟာ Henry VI မှာ အပိုင်းတစ်နဲ့
နှစ်ကို ပြဇာတ်ဆရာ ခရစ်စတိုဗာ မာလိုးနဲ့ -
3:08 - 3:11တွဲဖက်ရေးခဲ့တယ်လို့ ကောက်ချက်ချခဲ့တယ်။
-
3:11 - 3:16ရှိတ်စပီးယား ကိုယ်ပိုင်လက္ခဏာဟာ stylometry
ဖြေရှင်းနိုင်တဲ့ ပုစ္ဆာများစွာထဲက တစ်ခုပဲ။ -
3:16 - 3:18လက်ရာတစ်ခု ရေးသားတဲ့အခါ
ရှေးဟောင်း စာတစ်ပိုဒ်ဟာ အတုလား၊ -
3:18 - 3:21ကျောင်သားတစ်ယောက်ဟာ ခိုးကူးတာလား၊
-
3:21 - 3:24(သို့) သင် လက်ခံရရှိတဲ့ အီးမေးလ်ဟာ
-
3:24 - 3:29အထူးဦးစားပေ(သို့) အနှောက်အယှက်လားဆို
တာကို ဒါက ကူညီဆုံးဖြစ်ပေးနိုင်ပါတယ်။ -
3:29 - 3:32ရှိတ်စပီးယား စာကြောင်းတွေရဲ့
ထာဝရ ကဗျာစာပေဟာ -
3:32 - 3:34ကိန်းဂဏန်းတွေ၊ စာရင်းဇယားတွေအဖြစ်
အကျဉ်းချုံးလိုက်တာလား။ -
3:34 - 3:36လုံးဝ မဟုတ်ပါ။
-
3:36 - 3:41Stylometric စိစစ်မှုတွေက ရှိတ်စပီးယား
လက်ရာတွေကို တည်ဆောက်ပုံအရ ထင်ရှားစေတာကို -
3:41 - 3:46ပြနိုင်ပေမဲ့ ၎င်းတို့က ဖော်ပြတဲ့ သဘောထား
တွေ၊စိတ်ခံစားမှုတွေရဲ့ အလှအပ(သို့) -
3:46 - 3:49ဘာကြောင့် ဒီနည်းနဲ့ လူတွေကို ထိခိုက်စေ
တာကို ဖမ်းမယူနိုင်ဘူး။ -
3:49 - 3:51အနည်းဆုံးတော့ မဖြစ်မသေးဘူးလေ။
- Title:
- ရှိတ်စပီးယားဟာ သူ့ပြဇာတ်တွေကို ရေးခဲ့သလား။ Natalya St. Clair and Aaron Williams
- Description:
-
သင်ခန်းစာ အပြည့််အစုံကို http://ed.ted.com/lessons/did-shakespeare-write-his-plays-natalya-st-clair-and-aaron-williams တွင် ကြည့်ရှုပါ။
ရှိတ်စပီးယားဟာ သူ့အမည်ပါရှိတဲ့ လက်ရာတွေကို တကယ်ရေးခဲ့သလား သို့မဟုတ် သူဟာ ရှိတောင် ရှိခဲ့လို့လား ဆိုပြီး တချို့လူတွေက မေးခွန်းထုတ်ကြတယ်။ အင်္ဂလိပ်စာပေမှာ အကြီးကျယ်ဆုံး စာရေးဆရာကြီးဟာ သူ့ပြဇာတ်တွေအတိုင်းပဲ စိတ်ကူးယဉ်ဆန်ဆန်ဖြစ်ခဲ့တယ်ဆိုတာက မှန်နိုင်လောက်လား။ Natalya St. Clair နဲ့ Aaron Williams တို့ကနေပြီး stylometry လို့ခေါ်တဲ့ ဘာသာဗေဒဆိုင်ရာ ကိရိယာတစ်ခုက အဖြေကို ကူညီရှင်းပြနိုင်လောက်ပုံကို ပြသထားပါတယ်။
သင်ခန်းစာကို Natalya St. Clair နဲ့ Aaron Williams တို့က ပြုစုပြီး လှုပ်ရှားမှုရုပ်ပုံများကိုတော့ Pink Kong Studios က ဖန်တီးထားပါတယ်။ - Video Language:
- English
- Team:
closed TED
- Project:
- TED-Ed
- Duration:
- 04:07
![]() |
sann tint approved Burmese subtitles for Did Shakespeare write his plays? - Natalya St. Clair and Aaron Williams | |
![]() |
Myo Aung accepted Burmese subtitles for Did Shakespeare write his plays? - Natalya St. Clair and Aaron Williams | |
![]() |
Myo Aung edited Burmese subtitles for Did Shakespeare write his plays? - Natalya St. Clair and Aaron Williams | |
![]() |
sann tint edited Burmese subtitles for Did Shakespeare write his plays? - Natalya St. Clair and Aaron Williams | |
![]() |
sann tint edited Burmese subtitles for Did Shakespeare write his plays? - Natalya St. Clair and Aaron Williams | |
![]() |
sann tint edited Burmese subtitles for Did Shakespeare write his plays? - Natalya St. Clair and Aaron Williams | |
![]() |
sann tint edited Burmese subtitles for Did Shakespeare write his plays? - Natalya St. Clair and Aaron Williams | |
![]() |
sann tint edited Burmese subtitles for Did Shakespeare write his plays? - Natalya St. Clair and Aaron Williams |