လက်ချောင်းများဖြင့် အများဆုံး ဘယ်လောက်အထိ တွက်နိုင်လဲ။ (၁၀ ထက် အများကြီး ပိုပါတယ်) James Tanton
-
0:07 - 0:11ခင်ဗျားတို့ဟာ လက်ချောင်းများဖြင့်
အများဆုံး ဘယ်လောက်အထိ တွက်နိုင်ကြလဲ။ -
0:11 - 0:13အဲဒီလို မေးခွန်းအတွက် အဖြေဟာ
ရှင်းရှင်းလေးပါ။ -
0:13 - 0:16တကယ်တော့၊ ကျွန်တော်တို့ အားလုံးမှာ
လက်ဆယ်ချောင်း၊ -
0:16 - 0:17ပိုပြီး တိကျအောင် ပြောရင်၊
-
0:17 - 0:19လက်မ နှစ်ခုနဲ့ လက်ရှစ်ချောင်း ရှိကြလို့ပါ။
-
0:19 - 0:23အဲဒါကြောင့် လက်နှစ်ဘက် ပေါင်းလိုက်ရင်
ဂဏန်း ဆယ်လုံးကို ရပါတယ်၊ -
0:23 - 0:25အဲဒါကို သုံးပြီး တစ်ဆယ်အထိ ရေတွက်ကြတယ်။
-
0:25 - 0:29နံပါတ်တွေအတွက် ကျွန်တော်တို့ အသုံးပြုကြတဲ့
သင်္ကေတတွေကို ဂဏန်းများဆိုပြီး ခေါ်ကြတာ -
0:29 - 0:31အကြောင်းမဲ့ မဟုတ်ပါ။
-
0:31 - 0:33ဒါပေမဲ့ တွက်ရန် နည်းလမ်းက အဲဒါ
တစ်ခုတည်း မကပါ။ -
0:33 - 0:38တချို့ကိစ္စများမှာ လက်တစ်ဘက်တည်းကို
သုံးပြီး ဆယ့်နှစ်အထိ တွက်ရတတ်တယ်။ -
0:38 - 0:39ဘယ်လိုများလဲ။
-
0:39 - 0:42လက်ချောင်းတိုင်းမှာ သုံးဆစ်စီ ပါရှိပါတယ်၊
-
0:42 - 0:47ပြီးတော့ သဘာဝက ပေးထားတဲ့ ညွှန်းစရာ
လက်မဆိုတာ ကျွန်ုပ်တို့မှာ ရှိပါတယ်။ -
0:47 - 0:51အဲဒါက လက်တစ်ဘက်ကို သုံးပြီး ဆယ့်နှစ်အထိ
လွယ်ကူစွာ ရေတွက်နိုင်တဲ့ နည်းပါပဲ။ -
0:51 - 0:52ကျွန်ုပ်တို့က ပိုကြီးတဲ့
-
0:52 - 0:58ဂဏန်းတွေကို တွက်ရန် လိုလျှင် ကျန်တဲ့
လက်တစ်ဘက်မှာ ဆယ့်နှစ်ခုစီပါတဲ့ -
0:58 - 1:03အုပ်စုကို လိုက်ပြီး ၆၀ အထိ မှတ်နိုင်ပါတယ်။
-
1:03 - 1:05ဒုတိယ လက်ထဲက အဆစ်တွေကို သုံးပြီး
တွက်ခြင်းအားဖြင့် -
1:05 - 1:11ဆယ့်နှစ်ခုစီ ပါတဲ့ အုပ်စု ဆယ့်နှစ်ခုကို
တွက်နိုင်ပါတယ်။ -
1:11 - 1:13အဲဒါကိုက အတော်ကလေး မြင့်မားတဲ့
ရလဒ် -
1:13 - 1:17ဖြစ်ပေမဲ့ လက်ထဲက ရေတွက်လို့ ရနိုင်တဲ့
အပိုင်းတွေကို သုံးပြီး ပိုတွက်နိုင်ပါတယ်။ -
1:17 - 1:21ဥပမာ၊ လက်ချောင်းတိုင်းမှာ အဆစ်သုံးခု
အပြင် ခေါက်ရာ သုံးခု ရှိနေရာ -
1:21 - 1:24ရေတွက်လို့ ရနိုင်တဲ့
အရာ ခြောက်ခု ရှိပါတယ်။ -
1:24 - 1:26အဲဒီတော့ လက်တိုင်းမှာ ၂၄ ခုအထိ ရှိလာရာ၊
-
1:26 - 1:29နောက်လက်တစ်ဘက်ကို ၂၄ ခုပါတဲ့ အုပ်စု
တွေကို မှတ်ရန် -
1:29 - 1:32သုံးရင် ၅၇၆ အထိကို သွားနိုင်ပါပြီ။
-
1:32 - 1:33အဲဒီထက် မြင့်တက်နိုင်မလား။
-
1:33 - 1:36အခုကြည့်ရတာ လက်ချောင်းများရဲ့ အစိတ်
အပိုင်းအမျိုးမျိုးကို သုံးပြီး -
1:36 - 1:39ရေနိုင်တဲ့ ဘောင်ဆီ ရောက်လာပြီလို့
ထင်ရပါတယ်။ -
1:39 - 1:41ဒါကို နောက်တမျိုး စဉ်းစားကြည့်ကြရအောင်။
-
1:41 - 1:43သင်္ချာပညာထဲက အကြီးမားဆုံး
တီထွင်မှုတစ်ခုမှာ -
1:43 - 1:47နေရာကို လိုက်ပြီး
တန်ဖိုး ထားပေးရတဲ့ စနစ်ပါ၊ -
1:47 - 1:51ဂဏန်းတွေ ယူထားကြတဲ့ နေရာကိုလိုက်ပြီး
တန်ဖိုးကို အမျိုးမျိုး သတ်မှတ်ပေးနိုင်တယ်၊ -
1:51 - 1:53၉၉၉ ဆိုတဲ့ သာဓကထဲမှာလိုပါ။
-
1:53 - 1:56ဂဏန်း တစ်ခုတည်းကို သုံးကြိမ် သုံးထားပေမဲ့၊
-
1:56 - 2:00ရပ်နေတဲ့ နေရာကိုလိုက်ပြီး တန်ဖိုးဟာ
လုံးဝ တမျိုးဖြစ်နိုင်ပါတယ်။ -
2:00 - 2:06နေရာအလိုက် တန်ဖိုး သတ်မှတ်ရေး နည်းကို
သုံးပြီး ခုနက စံချိန်ကို ချိုးနိုင်ပါမယ်။ -
2:06 - 2:08လက်ချောင်းများထဲက အဆစ်တွေ အကြောင်း
ခဏမေ့လိုက်ပါ၊ -
2:08 - 2:12လက်ချောင်းတိုင်းဆီမှာ ရွေးစရာ နှစ်ခုစီပဲ
အပေါ် နဲ့ အောက် -
2:12 - 2:14ရှိတယ်ဆိုပြီး ယူဆကြပါစို့။
-
2:14 - 2:16အဲဒီနည်းက တဆယ်ရဲ့ ထပ်ကိန်းကို
သုံးခွင့် မပေးပေမဲ့၊ -
2:16 - 2:20အဲဒါက နှစ်ရဲ့ ထပ်ကိန်းကို သုံးတဲ့
စနစ်အတွက်၊ တနည်း ဘိုင်နရီ -
2:20 - 2:22စနစ်အတွက် သိပ်အဆင်ပြေမှာပါ။
-
2:22 - 2:26ဘိုင်နရီ စနစ်ထဲတွင် နေရာတိုင်းရဲ့
တန်ဖိုးဟာ အရင်တစ်ခုနဲ့စာရင် နှစ်ဆ ဖြစ်ရာ -
2:26 - 2:29ကျွန်ုပ်တို့ရဲ့ လက်ချောင်းတွေကို
တန်ဖိုးတွေကို တစ်၊ -
2:29 - 2:30နှစ်၊
-
2:30 - 2:31လေး၊
-
2:31 - 2:32ရှစ်၊
-
2:32 - 2:34စသဖြင့် ၅၁၂ အထိ ဆက်တိုက် ပေးနိုင်တယ်။
-
2:34 - 2:37ပြီးတော့ အပေါင်းလက္ခဏာ ကိန်းပြည့်
မှန်သမျှကို -
2:37 - 2:40ခုနက ကိန်းတွေရဲ့ စုပေါင်းမှုအဖြစ်
ဘောင်တစ်ခုခုအထိ ပြသနိုင်ပါတယ်။ -
2:40 - 2:44ဥပမာ၊ ကိန် ခုနစ်ဆိုရင် ၄+၂+၁ ဖြစ်တယ်။
-
2:44 - 2:48ဒီတော့ အဲဒီ လက်ချောင်း သုံးခုကို မြှောက်
ပြလျက် ပြပေးနိုင်ပါတယ်။ -
2:48 - 2:56အလားတူပဲ ၂၅၀ ဟာ
၁၂၈+၆၄+၃၂+၁၆+၈+၂ ဖြစ်ပါတယ်။ -
2:56 - 2:58ဒီတော့ အခု ဘယ်လောက်အထိ တွက်နိုင်ပြီလဲ။
-
2:58 - 3:03လက်ဆယ်ချောင်းစလုံးကို မြှောက်ထားချိန်မှာ
ရရှိမယ့် ကိန်း၊ တနည်း ၁၀၂၃ ဖြစ်တယ်။ -
3:03 - 3:06အဲဒီထက်ကိုရော မြင့်အောင် တွက်နိုင်မလား။
-
3:06 - 3:08အဲဒါကတော့ ကိုယ့်လက်သွက်မှု အပေါ်မူတည်မယ်။
-
3:08 - 3:12လက်ချောင်းတိုင်းကို ကျွန်ုပ်တို့က တစ်ဝက်
ချိုးနိုင်ရင် ကွဲပြားတဲ့ အနေအထား သုံးခု- -
3:12 - 3:13အောက်၊
-
3:13 - 3:14တစ်ဝက်ချိုး၊
-
3:14 - 3:16ဖြန့်ထား ရမယ်။
-
3:16 - 3:20အခုတော့ ခုနက သုံးခုသုံး စနစ်ကို သုံးပြီး
-
3:20 - 3:25၅၉၀၄၈ အထိကို ရေတွက်နိုင်မယ်။
-
3:25 - 3:29တကယ်လို့ ကျွန်ုပ်တို့ဟာ လက်ချောင်းတွေကို
အနေအထား လေးခု သို့မဟုတ် ပိုများအောင် -
3:29 - 3:31ချိုးနိုင်ရင် ပိုမြင့်တဲ့
အထိ သွားနိုင်မယ်။ -
3:31 - 3:36တကယ်တော့ အဲဒီဘောင်ဟာ ကျွန်ပ်တို့ရဲ့
ပျော့ပျောင်းမှုနဲ့ ကြံဆမှုအပေါ် မူတည်တယ်။ -
3:36 - 3:39ကျွန်ုပ်တို့ရဲ့ လက်ချောင်းတွေကို အနေအထား
နှစ်ခုဖြင့် -
3:39 - 3:41သုံးရုံနဲ့တောင် အတော့်ကို
အလုပ်ဖြစ်နေကြပြီပဲ။ -
3:41 - 3:45တကယ်ကျတော့၊ ကျွန်ုပ်တို့ရဲ့ ကွန်ပျူတာတွေ
ကလည်း အဲဒီမူကိုပဲ အခြေခံထားကြတာပါ။ -
3:45 - 3:48ချီပ်သေးသေးလေး တိုင်းစီမှာ
သေးနုပ်တဲ့ လျှပ်စစ် ခလုတ်ပါရှိရာ -
3:48 - 3:51ပိတ်ထား သို့မဟုတ် ဖွင့်ထားနိုင်တယ်၊
-
3:51 - 3:56ဆိုလိုတာက ၎င်းတို့အတွက်ပါ
ကိန်းဂဏန်းပြရန် အခြေခံဟာ နှစ်ပါပဲ။ -
3:56 - 4:00ကျွန်ုပ်တို့က ၁၀၀၀ အထက် ရေတွက်ရန်
လက်ချောင်း လေးချောင်းတည်းကို သုံးနိုင်သလို -
4:00 - 4:03ကွန်ပျူတာတွေကလည်း ၁ တွေ နဲ့ ၀ တွေကို
ရေတွက်ရင်း တွက်ချက်မှုတွေ -
4:03 - 4:07ဘီလီယံချီကို ပြုလုပ်နိုင်စွမ်း ရှိကြတာပါ။
- Title:
- လက်ချောင်းများဖြင့် အများဆုံး ဘယ်လောက်အထိ တွက်နိုင်လဲ။ (၁၀ ထက် အများကြီး ပိုပါတယ်) James Tanton
- Description:
-
သင်ခန်းစာ အပြည့်ကို ကြည့်ရန်- https://ed.ted.com/lessons/how-high-can-you-count-on-your-fingers-spoiler-much-higher-than-10-james-tanton
ခင်ဗျားတို့ဟာ လက်ချောင်းများဖြင့် အများဆုံး ဘယ်လောက်အထိ တွက်နိုင်ကြလဲ။ အဲဒီလို မေးခွန်းအတွက် အဖြေဟာ ရှင်းရှင်းလေးလို့ ထင်စရာ ရှိပါတယ်။ တကယ်တော့ ကျွန်တော်တို့ အားလုံးဆီမှာ လက်ချောင်း ဆယ်ချောင်း၊ ပိုသေချာအောင် ပြောရရင် လက်မ နှစ်ခုနဲ့ လကချောင်း ရှစ်ချောင်း၊ ရှိနေလို့ပါ။ အဲဒါကြောင့် လက်နှစ်ဘက်ရှိ လက်ချောင်း ဆယ်ချောင်းကို သုံးခြင်းဖြင့် ကျွန်တော်တို့ဟာ ဂဏန်း ဆယ်လုံးကို ရလာကြတာပါ။ ဒါပေမဲ့ ကျွန်တော်တို့ အများဆုံး တွက်နိုင်တာက အဲဒါပဲလား ဆိုတာကို James Tanton က စိတ်ဝင်စားဖွယ် စူးစမ်းတင်ပြထားပါတယ်။
James Tanton ၏ သင်ခန်းစာကို TED-Ed မှနေပြီး လှုပ်ရှားပုံများဖြင့် တင်ဆက်ပေးထားပါတယ်။
- Video Language:
- English
- Team:
- closed TED
- Project:
- TED-Ed
- Duration:
- 04:30
sann tint approved Burmese subtitles for How high can you count on your fingers? (Spoiler: much higher than 10) - James Tanton | ||
sann tint accepted Burmese subtitles for How high can you count on your fingers? (Spoiler: much higher than 10) - James Tanton | ||
Myo Aung edited Burmese subtitles for How high can you count on your fingers? (Spoiler: much higher than 10) - James Tanton |