လုပ်ငန်းခွင် ဖိစီးမှုရဲ့ တန်ဖိုးနဲ့ အဲဒါကို ဘယ်လို လျှော့ချကြမလဲ
-
0:00 - 0:04စိတ်ဖိစီးမှုကို ကျုပ်တို့အားလုံး သိကြပြီး
အဲဒါကို ကျုပ်တို့ ကိုင်တွယ်ပုံ မတူပါဘူး။ -
0:04 - 0:07ကျုပ်တို့ အတွေးအခေါ်တွေ အရှိန်မြင့်လာနေတာ
ဒါမှမဟုတ် ကျဆင်းသွားတာလား၊ -
0:07 - 0:10ကျုပ်တို့ရဲ့ စိတ်ခံစားမှုက အကုန်လုံး
စားပစ်သလား၊ လုံးဝမစားတာလား၊ -
0:10 - 0:13အိပ်ပျော်ဖို့ ခက်နေသလား ဒါမှမဟုတ်
အိပ်ရာမှ ထဖို့ ခက်နေသလား။ -
0:13 - 0:14အဲဒါစိတ်ညစ်စရာကြီးပါ။
-
0:14 - 0:15(ရယ်သံများ)
-
0:15 - 0:17ဒါပေမဲ့ ကောင်းတဲ့
စိတ်ဖိစီးမှုလည်း ရှိပါသေးတယ်၊ -
0:17 - 0:21ကိုယ့်တစ်ခါမှ မဟောကြားခဲ့တဲ့ လူတွေရှေ့မှာ
ဟောပြောဖို့ ပြင်ဆင်ရတာမျိုးဆိုပါစို့။ -
0:21 - 0:22(ရယ်သံများ)
-
0:22 - 0:26(လက်ခုပ်သံများ)
-
0:26 - 0:28နိုင်ငံတကာ စင်မြင့်ပေါ်မှာတောင်။
-
0:28 - 0:29(ရယ်သံများ)
-
0:29 - 0:32ကောင်းတဲ့ ဖိစီးမှုကလည်း
ခင်ဗျားတို့ကို ဒုက္ခပေးနိုင်တာ မှန်ပေမဲ့၊ -
0:32 - 0:35ကျနော်ပြောမှာက
ဆိုးဝါးတဲ့ စိတ်ဖိစီးမှု အကြောင်းပါ။ -
0:35 - 0:37အကြောင်းရင်းက
ခင်ဗျားတို့ ထင်သလို မဟုတ်ဘူး။ -
0:37 - 0:39ကျနော်ဟာ ချမ်းသာသူတွေရဲ့
ဆက်ဆံရေး မန်နေဂျာပါ။ -
0:39 - 0:42ကျနော်ဟာ ချမ်းသာသူတွေနဲ့
သူတို့မိသားစုနဲ့ ဘေးချင်းကပ်ထိုင်ပြီး -
0:42 - 0:44သူတို့ရဲ့ဘဏ္ဍာရေး ပန်းတိုင်တွေမှီဖို့
ကူပေးသူပါ။ -
0:44 - 0:46စီးပွားရေးကို
ဦးနှောက်ထဲမှာ ထည့်ထားချင်ပါတယ်၊ -
0:46 - 0:49စီးပွားရေးကို သက်ရောက်မှုဟာ
ဖောက်သည်တွေကိုလည်း သက်ရောက်ပါတယ်၊ -
0:49 - 0:52စိတ်ဖိစီးမှုကျတော့ စီးပွားရေးကို
ကြီးမားစွာ သက်ရောက်ပြန်ပါတယ်။ -
0:52 - 0:54အမေရိကန် ပြည်ထောင်စုမှာ
အလုပ်ဆိုင်ရာ ဖိစီးမှုဟာ -
0:54 - 0:59နှစ်စဉ် ဒေါ်လာဘီလီယံ ၃၀၀ နီးပါးရှိတယ်လို့
ပြောရင် ခင်ဗျားတို့ ယုံနိုင်မလား။ -
0:59 - 1:02လုပ်ငန်းခွင် ဖိစီးမှု၊
သက်ရောက်မှု ကြီးမားလှတဲ့ ဖိစီးမှုဟာ -
1:02 - 1:05ကုန်ထုတ်လုပ်မှုနဲ့
ဘဝဖူလုံမှုနဲ့ ဆက်နွှယ်နေတယ်။ -
1:05 - 1:07ဒီနေ့ ကျုပ်တို့ ဒီမှာ အဲဒီအကြောင်းကို
ဆွေးနွေးကြမယ်။ -
1:07 - 1:11စကားမစပ်၊ အလုပ်သမားတွေ စိတ်မဝင်စားကြတာ၊
-
1:11 - 1:14ခင်ဗျားတို့အလုပ်အပေါ် သက်ရောက်မှုရှိတဲ့
နာတာရှည်ရောဂါတွေ၊ -
1:14 - 1:16လုပ်ငန်းခွင် ဒဏ်ရာရမှုတွေနဲ့
ဖျားနာမှုတွေ ဆက်စပ်နေကြတယ်။ -
1:16 - 1:19အချက်ငါးချက်စလုံးရဲ့ ကုန်ကျစရိတ်ကို
ပေါင်းကြည့်ရင်၊ -
1:19 - 1:21အဲဒါဟာ ခန့်မှန်းခြေ နှစ်စဉ်
ဒေါ်လာ ၂.၂ ထရီလီယံ ရှိပါတယ်။ -
1:21 - 1:24အဲဒါက ကျုပ်တို့ရဲ့ GDP ၁၂ ရာခိုင်နှုန်းပါ။
-
1:24 - 1:28"အဲဒါ သိပ်ကိုများတဲ့ ငွေကြေးပဲ၊ ဘယ်လိုဖြစ်
နိုင်မလဲ?"လို့ ခင်ဗျားတို့ မေးချင်ကြမယ်။ -
1:28 - 1:30စိတ်ဖိစီးမှု ဟာ ပုဂ္ဂိုလ်ရေးကိစ္စသက်သက်ပဲ၊
-
1:30 - 1:33အဲဒီလို ကြီးမားစွာ သက်ရောက်မှု
ရှိတာ လုံးဝမဖြစ်နိုင်ဘူးဗျာ။ -
1:33 - 1:35အဲဒါကို ရှင်းပြဖို့
စမ်းသပ်မှုတစ်ခုကို စိတ်ကူးကြည့်ကြပါ။ -
1:35 - 1:39ကလေးကို တစ်ယောက်တည်း စောင့်ရှောက်ရတဲ့
မိခင် စိတ်ဖိစီးမှုများတဲ့အလုပ်ထဲ၊ -
1:39 - 1:41စိတ်ဖိစီးမှုများတဲ့ ဝန်းကျင်မျိုးထဲ၊
-
1:41 - 1:43အချိန် ၉၀ ရာခိုင်နှုန်း သူထိုင်နေရတာ
စိတ်ကူးကြည့်ပါ။ -
1:43 - 1:45သူမဆီမှာ ချက်ပြုတ်ဖို့ အချိန်ရှိပုံ မရဘူး၊
-
1:45 - 1:48ဒါကြောင့် သူမဟာ လွယ်လွယ်ကူကူ
ရတာကိုပဲ ရွေးစားရတယ်၊ -
1:48 - 1:49အဲဒါဘယ်လို အစားအစာမျိုးလဲ။
-
1:49 - 1:51အလွန်အမင်း မွမ်းမံထားပြီး
သကြားများတဲ့ စားစရာတွေပါ။ -
1:51 - 1:55အချိန်ကြာလာတာနဲ့ အစားအစာ ညံ့ဖျင်းမှုကို
အလုပ်ထဲက ဖိစီးမှုနဲ့ ပေါင်းလိုက်တော့၊ -
1:55 - 1:57နာတာရှည် ရောဂါကို ဖြစ်လာစေတယ်။
-
1:57 - 1:58ဆီးချိုရောဂါ ဆိုကြပါစို့။
-
1:58 - 2:02သူမရဲ့ ကျန်းမာရေးကို စောင့်ရှောက်မှု အတွက်
သူရော၊ ကုမ္ပဏီပါ အကုန်အကျခံရမယ်၊ -
2:02 - 2:04အဲဒါက စိတ်ဖိစီးမှုကို တိုးလာစေမယ်။
-
2:04 - 2:07သူမ သူ့ကျန်းမာရေးအတွက် စိုးရိမ်ပူပန်
ချိန်မှာ အလုပ်ကို ပြီးအောင် လုပ်ကိုင်နေရာ -
2:07 - 2:10အာရုံလွင့်စင်နေလို့ အလုပ်ဟာ
တွင်ကျယ်မှု နည်းပါမယ်။ -
2:10 - 2:12ဒါပေမဲ့ သူမဟာ အဲဒီလို အဖြစ်မခံနိုင်ဘူး။
-
2:12 - 2:14သူဟာ တစ်ယောက်တည်းကို ကလေးကို
စောင့်ရှောက်နေရတာနော်။ -
2:14 - 2:15ဒီတော့ သူစဉ်းစားမိတာက၊
-
2:15 - 2:17"ငါ တစ်ခုခု ဖြစ်သွားခဲ့ရင်ကော။
-
2:17 - 2:19ငါ့ကလေးကို ဘယ်သူ စောင့်ရှောက်ပေးမှာလဲ။
-
2:19 - 2:21ငါ့ကလေးကို ဘယ်သူကများ
စောင့်ရှောက်ပေးမှာလဲ။" -
2:21 - 2:22စိတ်ဖိစီးမှုဟာ ပိုဆိုးလာမယ်။
-
2:22 - 2:24အဲဒီ ဇာတ်လမ်းကိုယူပြီး
တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ -
2:24 - 2:26စိတ်ကူး ကြည့်မယ်ဆိုရင်၊
-
2:26 - 2:28ကျနော် ပြောခဲ့တဲ့
ဒေါ်လာ ထရီလီယံချီ ကုန်ကျမှုကို -
2:28 - 2:30ခင်ဗျားတို့ စပြီ မြင်ယောင်မှာ သေချာပါတယ်။
-
2:30 - 2:33အခု ကျနော်ပြောတဲ့ဟာတွေက
ကျနော့်မိသားစုနဲ့ သိပ်နီးစပ်တဲ့ အရာတွေပါ။ -
2:33 - 2:36ကျနော့်ဖခင်ဟာ အလုပ်ကို ကြိုးပမ်း
လုပ်ခဲ့ပြီး သိပ်ကို ယဉ်ကျေးခဲ့သူပါ။ -
2:36 - 2:39အထင်မလွဲချင်ကြပါနဲ့၊
မေမေလည်း အလုပ်လုပ်ခဲ့တယ်။ -
2:39 - 2:42ဒါပေမဲ့ ဖခင်ဟာ မိသားစုကို အဓိက
ပံ့ပိုးပေးခဲ့တဲ့ အခန်းကဏ္ဍမှ ပါဝင်ခဲ့တာပါ။ -
2:42 - 2:45ကျုပ်တို့ရဲ့ မိသားစုတွေကို
စောင့်ရှောက်ဖို့ တာဝန်ယူရတာ -
2:45 - 2:48စိတ်ဖိစီးမှုနဲ့ ဖိအားတွေ ဘယ်လောက်များ
တာကို ကျုပ်တို့ နားလည်ကြတယ်။ -
2:48 - 2:50ဒါပေမဲ့ အဲဒါ လုပ်ငန်းခွင် ဖိစီးမှုနဲ့
ပေါင်းလိုက်တော့ -
2:50 - 2:52ဘာတွေ ဖြစ်လာမယ် ထင်ပါသလဲ။
-
2:52 - 2:54ကုစားမရနိုင်တဲ့ သွေးပေါင်ချိန်တက်ခြင်း၊
-
2:54 - 2:56အဆုံးမှာ ကျောက်ကပ်တွေလည်း
ပုံမှန် အလုပ်မလုပ်ကြတော့ပါ၊ -
2:56 - 2:59ဆယ်စုနှစ်ချီ dialysis ကုစားမှုကို
ခံယူရတာ ဖခင်ပါ။ -
2:59 - 3:01အခု သူ့ကျောက်ကပ်ကို အစားထိုး
ကုသနိုင်ခဲ့တာ ဝမ်းသာကြရတယ်။ -
3:01 - 3:03မနှစ်တုန်းကမှ ကုပြီးခဲ့တာပါ။
-
3:03 - 3:04ဒါပေမဲ့၊
-
3:04 - 3:06(လက်ခုပ်သံများနှင့် အားပေးသံများ)
-
3:06 - 3:08ဘယ်လိုပဲဖြစ်ဖြစ် ဆယ်နှစ်နီးပါးကြာအောင်၊
-
3:08 - 3:12သူအလုပ်ကို ကြိုးစားလုပ်ကိုင်မှု ဒါမှမဟုတ်
သူ့ရဲ့ ယဉ်ကျေးမှုမှနေပြီး -
3:12 - 3:14စီးပွားရေးကရော ကျနော့မိသားစုပါ
ဘာအကျိုးမှ မခံစားခဲ့ရဘဲ၊ -
3:14 - 3:16သူပြောတတ်သလို၊
-
3:16 - 3:18ဝမ်းနည်းစရာ ကောင်းတဲ့ ကံကြမ္မာပါ။
-
3:18 - 3:19ကျနော် ပြောချင်တာက၊
-
3:19 - 3:23စိတ်ဖိစီးမှုဟာ ထုတ်ကုန် နည်းထုတ်နိုင်လို့
ကုန်ထုတ်လုပ်မှုအပေါ် သက်ရောက်မှုရှိပြီး -
3:23 - 3:25ကျန်းမာရေး စောင့်ရှောက်မှု
စရိတ်ကို တိုးလာစေတယ်။ -
3:25 - 3:26အဲဒါကို နားလည်ကြတယ်နော်။
-
3:26 - 3:27ဟုတ်တယ်နော်။
-
3:27 - 3:29ဒါပေမဲ့ မမှန်တဲ့ဟာက ဒီလိုပါ။
-
3:29 - 3:31ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့
နောက်ဆုံး သုတေသနအရ -
3:31 - 3:36ကျန်းမာရေးအတွက် နိုင်ငံတကာမှ သုံးစွဲမှုဟာ
ဒေါ်လာ ၇.၈ ထရီလီယံရှိပါတယ်။ -
3:36 - 3:38Global Wellness Institute ရဲ့ သုတေသနကျတော့
-
3:38 - 3:42ဒေါ်လာ ၄.၅ ထရီလီယံ တန်တဲ့ နိုင်ငံတကာ
ဘဝမြှင့်တင်ရေး လုပ်ငန်းဟာ -
3:42 - 3:47၂၀၁၅ မှ ၂၀၁၇ အကြားတွင်
၃.၇ မှ ၄.၂ ထရီလီယံသို့ တိုးလာခဲ့ပြီး၊ -
3:47 - 3:492022 အထိ အလားတူ တိုးလာမယ်လို့ ယူဆရတယ်။
-
3:49 - 3:51ဒီတော့ ကျုပ်တို့ ဒါကို ပြောနေရတာ
ဘာကြောင့်လဲ။ -
3:52 - 3:55အဲဒီ တိုးသုံးမှုဟာ ကမ္ဘာ့စီးပွားရေးရဲ့
ပျမ်းမျှ တိုးတက်မှုနှုန်း -
3:55 - 3:58၃.၃ ရာခိုင်နှုန်းထက်
နှစ်ဆနီးပါး ပိုများနေတယ်၊ -
3:58 - 4:00ဒါတွေ အားလုံး ထောက်ပြနေကြတာက ဘာလဲ။
-
4:00 - 4:02နှစ်စဉ်နှစ်တိုင်း ကျုပ်တို့ဟာ
ကျန်းမာရေးအတွက်၊ -
4:02 - 4:05လူတွေရဲ့ ဘဝကို မြှင့်တင်ပေးရေးနဲ့
ပိုကျန်းမာတဲ့ ဘဝပုံစံမျိုးဖြင့် -
4:05 - 4:07နေထိုင်ဖို့ တိုးတိုးပြီး သုံးစွဲနေကြရပြီး၊
-
4:07 - 4:10ကမ္ဘာ့စီးပွားရေး တိုးတက်မှုထက်
နှစ်ဆနီးပါး ပိုပြီး သုံးစွဲနေကြတာတောင်၊ -
4:10 - 4:14ကျုပ်တို့ဟာ နှစ်စဉ် ဒေါ်လာ ထရီလီယံချီ
ဆုံးရှုံးနေကြရပါသေးတယ်။ -
4:14 - 4:15ဘာအဓိပ္ပါယ်လဲ?
-
4:15 - 4:16(ရယ်သံများ)
-
4:16 - 4:18စိတ်ဖိစီးမှုဟာ အဆင့်မြင့်တက်လာနေတယ်၊
-
4:18 - 4:20ဒါကို ပြောင်းပစ်ဖို့ လိုတယ် ယုံကြည်ပါတယ်။
-
4:20 - 4:24ပြီးတော့ ကျုပ်တို့ စိတ်ဖိစီးမှုကို
စဉ်းစားပုံကိုပါ ပြောင်းပစ်ရမယ် ယုံပါတယ်။ -
4:24 - 4:27ဒီတော့ အဲဒါကို သုံးသပ်တဲ့ ရှုဒေါင့်ကို
ပြောင်းကြည့်ကြပါစို့။ -
4:27 - 4:29ကျုပ်တို့ဟာ စိတ်ဖိစီးမှုကို
အကျိုးဆက်လို မြင်တယ်၊ -
4:29 - 4:31ကျနော်က အဲဒါ ယဉ်ကျေးမှုလို့ မြင်တယ်။
-
4:31 - 4:34ကျုပ်တို့ ကျုပ်တို့အချိန်ကို
အများဆုံး ဖြုန်းကြတာက ဘယ်မှာလဲ။ -
4:34 - 4:35အလုပ်မှာ နော်။
-
4:35 - 4:37ကျုပ်တို့ဟာ အလုပ်နဲ့ဘဝ ဟန်ချက်မျှတရေး
ပြဿနာ ရင်ဆိုင်ရတယ်။ -
4:37 - 4:40စိတ်ဖိစီးမှု၊ ကျန်းမာရေးနဲ့ ဘဝဖူလုံရေး
ဆက်နွှယ်မှုဟာ -
4:40 - 4:41မကြုံစဖူး နီးစပ်လာပါပြီ။
-
4:41 - 4:44ဒါပေမဲ့၊ စိတ်ဖိစီးမှုနဲ့
ဘဝဖူလုံမှုအား ကျုပ်တို့က -
4:44 - 4:47လုပ်ငန်းခွင်မှာ ချဉ်းကပ်ပုံကျတော့ လုံးဝ
ဆက်စပ်မှု မရှိပါဘူး။ -
4:47 - 4:49ပြီးတော့ ပြစ်တင်လို့ ရတဲ့
အရာတွေက အများကြီးနော်။ -
4:49 - 4:50နည်းပညာသစ်ကို၊
-
4:50 - 4:53အစုရှယ်ယာအတွက် ပြန်ရတဲ့
အကျိုးစီးပွားကို အာရုံစိုက်နေမှု၊ -
4:53 - 4:56ဒါမှမဟုတ် အိမ်နီးချင်းတွေလို
နေထိုင်ဖို့ ကြိုးစားရမှုနဲ့ -
4:56 - 4:58ကျုပ်တို့ ကြိုးပမ်းပုံကို
ဓာတ်ပုံ ရိုက်ယူမှုတို့ပါ။ -
4:58 - 5:00တစ်နေ့တာ ကုန်ဆုံးချိန်မှာ၊
-
5:00 - 5:03ကျုပ်တို့ ဖန်တီးထားတဲ့ ယဉ်ကျေးမှုထဲမှာ
ကိုယ်ရေး စောင့်ရှောက်မှုနဲ့ -
5:03 - 5:06ဘဝ ဖက်စုံမှဖူလုံရေး ကိစ္စတွေဟာ
နောက်ဆုံး နေရာတွင် ကျန်ရစ်ခဲ့တယ်။ -
5:06 - 5:08ကျုပ်တို့ ရှေ့ဆက်ပြီး ဘယ်လို သွားကြမလဲ။
-
5:08 - 5:10အခြေခံမဏ္ဍိုင် သုံးရပ်ကို
အခြေခံရမယ် ယုံကြည်တယ်။ -
5:10 - 5:11ခင်ဗျားတို့က၊
-
5:11 - 5:14"Rob ရာ၊ ဒါကို ကျနော် ကြားခဲ့ဖူးတယ်၊
မသိတာ တစ်ခုခု ပြောပါ"လို့ -
5:14 - 5:15ထင်နေရင်၊
-
5:15 - 5:17ကျုပ်တို့ ဘာလုပ်ရမှာကို သိနှင့်နေကြရင်
-
5:17 - 5:19ကျုပ်တို့ လုပ်နေကြတာက ဘာတွေများလဲလို့
မေးစရာ ရှိပါတယ်။ -
5:19 - 5:21ပထမအချက်က ကော်ပိုရေးရှင်းတွေပါ။
-
5:21 - 5:24အထူးပြောရရင်၊ ကော်ပိုရေးရှင်းရဲ့
ယဉ်ကျေးမှုနဲ့ ဆက်သွယ်ပြောဆိုပုံဟာ -
5:24 - 5:28လုပ်ငန်းခွင်ထဲက စိတ်ဖိစီးမှုနဲ့ ဘဝဖူလုံမှု
ထဲမှာ အရေးပါတဲ့ အခန်းမှ ပါဝင်ရဲ့လား။ -
5:28 - 5:31ကုမ္ပဏီတစ်ခုရဲ့ DNA ဟာ
၎င်းရဲ့ ယဉ်ကျေးမှုပဲနော်။ -
5:31 - 5:32အဲဒါက အရာတိုင်းကို စံသတ်မှတ်ပေးပြီး
-
5:32 - 5:34ကုမ္ပဏီကိုယ်၌ရဲ့ အမှတ်သညာပါ။
-
5:34 - 5:36ကျနော့်အထင် ကုမ္ပဏီတွေဟာ
သူတို့ လုပ်သားတွေရဲ့ -
5:36 - 5:40စိတ်ပိုင်း၊ ရုပ်ပိုင်းနဲ့ စိတ်ခံစားမှု
စသဖြင့် ဖက်စုံမှ ဖူလုံရေးထဲကို -
5:40 - 5:41ရင်းနှီးမြှုပ်နှံအပ်တယ်။
-
5:41 - 5:44ဆန်းသစ်တီထွင်မှု၊ သုတေသနနဲ့ ဖွံ့ဖြိုးမှု
အတွက် ရင်းနှီးကြသလိုပါပဲ။ -
5:44 - 5:48အဲဒီလိုမှ ကုန်ထုတ်စွမ်းအား မြှင့်ပြီး စိတ်
ဖိစီးမှု နှိမ့်ချပေးမယ် ကျနော် ထင်သလား။ -
5:48 - 5:49ဟုတ်ကဲ့၊ ထင်ပါတယ်။
-
5:49 - 5:50ဒါပေမဲ့ အဲဒါ လက်တွေ့ ဖြစ်လာဖို့၊
-
5:50 - 5:52ကုမ္ပဏီတစ်ခုဟာ အလုပ်သမားတွေရဲ့
ဘဝဖူလုံမှုကို -
5:52 - 5:55တိုင်းတာရာတွင် ဖွံ့ဖြိုးရေးနဲ့
ဝင်ငွေတွေကို စီမံကြသလိုပဲ -
5:55 - 5:58တိကျ မှန်ကန်စွာ တိုင်းတာနိုင်မယ့်
နည်းလမ်းကို ရှာကြံရန် လိုပါမယ်။ -
5:58 - 6:01ဒါက မြင့်မားတဲ့ တောင်းဆိုချက်ပါလို့
ခင်ဗျားတို့ ထင်ကြရင် -
6:01 - 6:04ကုမ္ပဏီ တစ်ခုရဲ့ပြိုင်ဆိုင်ရေး အားသာချက်က
ဘာလဲ မေးကြည့်ကြပါ။ -
6:04 - 6:06ကုမ္ပဏီရဲ့ လုပ်သားတွေပါ။
-
6:06 - 6:07ကျုပ်တို့ ဒါကို သိပါတယ်။
-
6:07 - 6:10ကုမ္ပဏီထဲက အရာမှန်သမျှလိုပဲ
ဒါကိုလည်း ထိပ်မှနေပြီး စတင်ရပါမယ်။ -
6:10 - 6:11ဒီတော့ ခင်ဗျားက ခေါင်းဆောင်ဆိုရင်၊
-
6:11 - 6:14ကိုယ့်စိတ်ပိုင်းကျန်းမာရေးနဲ့
ဖက်စုံ ဖူလုံရေးကို -
6:14 - 6:15မြင်သာအောင် ပြသပေးမှုက
-
6:15 - 6:17ကြီးမားစွာ ကူပေးနိုင်တဲ့ ဓာတ်ကူပစ္စည်းပါ။
-
6:17 - 6:19ကျနော်ဟာ ဘောလုံးကို
ဝါသနာပါတာ အားလုံးသိကြတယ်။ -
6:19 - 6:21ကျနော် တစ်သက်တာ
နည်းပြဆရာ နှစ်ဦး ရှိခဲ့တယ်။ -
6:21 - 6:24အမြဲတမ်းဆိုသလို ပြင်းထန်တဲ့
ကာယလေ့ကျင့်ခန်းတွေကို ပြပေးသူ ရှိခဲ့တယ်။ -
6:24 - 6:25ဘေးမှာရပ်ကြည့်မနေခဲ့ဘဲ၊
-
6:25 - 6:26သူကိုယ်တိုင် ပါဝင်သူပါ။
-
6:26 - 6:28အဲဒါက အကျိုးသုံးမျိုး ရှိခဲ့တယ်။
-
6:28 - 6:29ကျနော့်ဘက်မှ ညည်းညူဖို့ မလွယ်ခဲ့ဘူး။
-
6:30 - 6:31(ရယ်သံများ)
-
6:31 - 6:32ကျနော်ဟာ အစဉ်ပဲ အမှီလိုက်ရတယ်။
-
6:32 - 6:35ပြီးတော့ ကျနော်ဟာ လေ့ကျင့်ခန်း
တွေထဲမှာ တိုးတိုး ပါဝင်ခဲ့ရတယ်။ -
6:35 - 6:36စိတ်ကူးက အတူတူပါပဲ။
-
6:36 - 6:38နောက်ဆုံးက ဆက်သွယ်ပြောကြားမှုပါ။
-
6:38 - 6:42ကျနော့်အနေနဲ့ ကျနော့ ဖောက်သည်တွေကို
သူတို့ရဲ့ ဘဏ္ဍာရေး ပန်းတိုင် အောင်မြင်ဖို့ -
6:42 - 6:45ကူပေးရန် ကျနော်ဟာ တက်ကြွစွာ
နားထောင်ရန်နဲ့ တုံ့ပြန်ရန် လိုအပ်ခဲ့တယ်။ -
6:45 - 6:48ခင်ဗျားတို့ရဲ့ အလုပ်သမားတွေကို
စိတ်ဖိစီးနေတာ ဘာလဲ ပြောခိုင်းပါ။ -
6:48 - 6:51သူတို့လိုအပ်နေတဲ့ ဘဝဖူလုံရေး အချက်တွေကို
ပြောပြခိုင်းပါ။ -
6:51 - 6:52အဲဒီနောက်မှာ လုပ်ဆောင်ပေးပါ။
-
6:52 - 6:54သူတို့ ပြောပြခဲ့တာ လုပ်ဆောင်ပေးခြင်းက
-
6:54 - 6:57သူတို့ရဲ့တုံ့ပြန်ချက်ကို ခင်ဗျား ဘယ်လောက်
အလေးထားတာကို ပြသပေးမှာမို့ -
6:57 - 7:00ရေရှည်မှာ ကုမ္ပဏီဟာ သေချာပေါက်
အောင်မြင်မှာ ကျနော်ခံစားမိပါတယ်။ -
7:00 - 7:01ဘာကြောင့်လဲ ဆိုတော့။
-
7:01 - 7:05အလုပ်သမားတွေကို လိုအပ်တာ တပ်ဆင်ပေးထားရင်
ထုတ်လုပ်မှု တိုးပြီး ဖိစီးမှု နည်းမှာပါ။ -
7:05 - 7:08ပြီးရင် ကျနော်ဟာ ကျုပ်တို့
ဦးလေးဘက်မှ ကူညီပေးဖို့ မေတ္တာရပ်ခံမယ်။ -
7:08 - 7:10အစိုးရကလည်း မိမိအခန်းမှ
ပါဝင်ဖို့ လိုပါတယ်။ -
7:10 - 7:13World Economic Forum နဲ့
Harvard School of Public Health တို့မှ -
7:13 - 7:15ခန့်မှန်းသလို ၂၀၁၁ ခုနှစ်မှ ၂၀၃၀ ခုနှစ်အထိ
-
7:15 - 7:18အဓိကအကျဆုံး နာတာရှည်ရောဂါတွေနဲ့
စိတ်ရောဂါများတို့အတွက် -
7:18 - 7:21ကမ္ဘာ့စီးပွားရေးဟာ
ဒေါ်လာ ၄၇ ထရီလီယံ ကုန်ကျပါလိမ့်မယ်။ -
7:21 - 7:23အခုတော့ ၂၀၂၀ ထဲ ရောက်နေကြပြီ။
-
7:23 - 7:25ခုနက အဓိကအကျဆုံး နာတာရှည်ရောဂါတွေ အားလုံး
-
7:25 - 7:27ဒါမှမဟုတ် စိတ်ရောဂါအားလုံးတို့ မဟုတ်တောင်
-
7:27 - 7:29၎င်းရဲ့ အချိုးအစား အချို့ဖြစ်တောင်မှ
-
7:29 - 7:31အစိုးရက အကောင်းဆုံး လုပ်ဆောင်တတ်တာကို
-
7:31 - 7:33စည်းကမ်းချက်တွေကို ပြဋ္ဌာန်းကျင့်သုံးတာကို
-
7:33 - 7:35လက်တွေ့လုပ်ပေးမယ်ဆိုရင်
ကုန်ကျမှု များစွာမှ နည်းခဲ့မှာပါ။ -
7:35 - 7:38လုပ်ငန်းခွင် စံနှုန်းတွေ
မြှင့်ပေးဖို့ကို ပြောနေတာပါ။ -
7:38 - 7:41ကော်ပိုရိတ်တွေကို အခွန်မက်လုံးပေးတဲ့
အစီအစဉ်တွေ ချမှတ်ပေးပြီး -
7:41 - 7:43ခုနက စံညွှန်းတွေကို
မြှင့်ပေးဖို့ ကြိုးစားတောင်၊ -
7:43 - 7:47ကော်ပိုရိတ်တွေ ကောင်းစားဖို့ အကောင်းဆုံး
မူဝါဒတွေနဲ့ ကမ္မကထပြုချက်တွေ -
7:47 - 7:49အနာဂတ်ဆီ ရှေ့ရှုတဲ့ အစိုးရမှ
ချမှတ်ပေးတောင်မှ -
7:49 - 7:51အရေးအပါဆုံး မဏ္ဍိုင်ကြီးဘက်မှ
မကူညီဘဲ ဘာမှ ဖြစ်မလာနိုင်ဘူး။ -
7:51 - 7:52အဲဒါက ခင်ဗျားတို့ပါ။
-
7:52 - 7:55စိတ်ဖိစီးမှုနဲ့ အဲဒါကို စီမံခန့်ခွဲမှုဟာ
အပြောင်းအလဲမြန်လို့ -
7:55 - 7:58ခင်ဗျားတို့ ကိုယ့်အခန်းကို
ကပြဖို့ လိုတာ အမှန်ပါပဲ။ -
7:58 - 8:01အဲဒီလိုဆိုရင် ခင်ဗျားတို့ရော
စီးပွားရေးပါ အကျိုးဖြစ်ထွန်းမှာပါ။ -
8:01 - 8:02ကျနော်ဟာ စိတ်ပညာရှင် မဟုတ်ပါဘူး။
-
8:02 - 8:05ဒါပေမဲ့ ကျနော်ဟာ ကိုယ့်စိတ်ပိုင်း
ကျန်းမာရေးကို မြှင့်တင်ပေးဖို့ -
8:05 - 8:06ဘဝတိုးတက်လာဖို့
-
8:06 - 8:09ခြေလှမ်းတချို့ကို ချမှတ်နိုင်ခဲ့လို့
အကြံပေးချင်တာ တင်ပြလိုပါတယ်။ -
8:09 - 8:12လူတိုင်းအတွက် ပထမဦးဆုံး
အရေးကြီးဆုံး ခြေလှမ်းက -
8:12 - 8:13ကိုယ့်ကိုကိုယ် ရိုးသားဖို့ပါ။
-
8:13 - 8:14အဲဒါက ဘာကိုဆိုလိုတာလဲ။
-
8:14 - 8:17ကိုယ့် စိတ်ပိုင်း၊ ရုပ်ပိုင်းနဲ့
စိတ်ခံစားမှုဆိုင်ရာ ကျန်းမာရေးကို၊ -
8:17 - 8:19အဲဒါတွေကြောင့် ဖြစ်ထွန်းလာခဲ့တဲ့
-
8:19 - 8:21ထိခိုက်မှုတွေကို
တချိန်လုံးမြင်နေဖို့ လိုပါတယ်။ -
8:21 - 8:25အများပြည်သူရဲ့ အာဘော်ကို ကိုယ့်ထင်မြင်ချက်
ရဲ့ အထက်မှာ ရိုးသားစွာ ထားရှိဖို့ပါ။ -
8:25 - 8:26လူမှုမီဒီယာကို ထည့်တွက်ပါ။
-
8:26 - 8:29ကိုယ့်ကိုမြင်ပုံနဲ့ လက်တွေ့ အခြေအနေနဲ့
ပတ်သက်ပြီး ရိုးသားကြပါ။ -
8:29 - 8:32ကိုယ့်အလုပ်က ကိုယ့်ပံ့ပိုးမှုရဲ့
တစိတ်တပိုင်းဖြစ်တာ သေချာပါတယ်။ -
8:32 - 8:35ဒါပေမဲ့၊ ကျုပ်တို့အား အနက်ဖွင့်ရာမှာ
အလုပ်ကို အသုံးချမှု များလွန်းနေသလား။ -
8:35 - 8:36ကျုပ်တို့ မေးရမှာက၊
-
8:36 - 8:40“အလုပ်က ယူဆောင်ပေးခဲ့တဲ့ တန်ဖိုးဟာ
ငါအနစ်နာခံခဲ့ရတာနဲ့ ထိုက်တန်ရဲ့လား။ ” -
8:40 - 8:41ဒေါ်လာငွေကိုသာ မဆိုလိုပါဘူး။
-
8:41 - 8:45ကျနော့်အတွက်၊ ရိုးသားမှုဟာ ကိုယ့်စိတ်ကူး၊
လုပ်ကိုင်နိုင်စွမ်းနဲ့ ကျဆုံးမှုဆိုင်ရာ -
8:45 - 8:47ကိုယ့်သုံးသပ်ခံယူပုံ
ယုတ္တိကျ ဆင်ခြင်မှုရှိဖို့ပါ။ -
8:47 - 8:50ချန်ပီယံပြိုင်ပွဲကို လွန်ခဲ့တဲ့
နှစ်အနည်းငယ်က စတင်ခဲ့ရာ -
8:50 - 8:52တစ်နေ့တွင် နည်းပြဆရာက လာပြီး၊
-
8:52 - 8:55"Rob Cooke၊ ဒီနေ့ ရှုံးလို့မရနိုင်ဘူး၊
ချီတက်ပေတော့"လို့ မှာတယ်။ -
8:55 - 8:56အဲဒါနဲ့ တက်လှမ်းလိုက်တယ်။
-
8:56 - 8:57ရှုံးသွားတယ်။
-
8:57 - 8:59ကျုပ်တို့ ရှုံးသွားကြတယ်။
-
8:59 - 8:59(ရယ်သံများ)
-
8:59 - 9:01ရယ်ပြီး အားပေးတာကို ကျေးဇူးတင်ပါတယ်။
-
9:01 - 9:02(ရယ်သံများ)
-
9:02 - 9:03ကောင်းတယ်။
-
9:03 - 9:05ဒါပေမဲ့၊
-
9:05 - 9:08အဲဒီနောက်မှာ ကျနော်ဟာ
ခဏကြာ စိတ်ထဲမှာ ခံစားနေခဲ့ရလို့၊ -
9:08 - 9:09ရှေ့တက်လှမ်းရဖို့၊
-
9:09 - 9:12ကြီးမြင့်ဖို့၊ ဖွံ့ဖြိုးဖို့
အခွင့်အလမ်း ပေါ်လာတိုင်း -
9:12 - 9:14ကျနော်ဟာ အသာလေး ခေါင်းငုံ့ပေးရင်း၊
-
9:14 - 9:15နောက်ကို ပြန်ဆုတ်ပေးခဲ့တယ်။
-
9:15 - 9:17အဲဒီနောက်မှာ ကျနော်ဟာ
သတိစိတ်ဆိုတာ ရှာတွေ့ခဲ့တယ်။ -
9:17 - 9:20အဲဒီသတိစိတ် ဖွံ့ဖြိုးလာစေဖို့ နေ့စဉ်
ဆက်အားထုတ်ခဲ့တာ ဒီနေ့အထိပါပဲ။ -
9:20 - 9:23ပစ္စုပ္ပန်ထဲတွင်၊ လက်ရှိ
အခိုက်အတန့်မှာ နေထိုင်တတ်ဖို့ပါ။ -
9:23 - 9:26ဒီလို သတိစိတ်ဟာ လူတိုင်းအတွက်
ဟုတ်ချင်မှ ဟုတ်နိုင်တာ နားလည်ပါတယ်၊ -
9:26 - 9:30အအောင်မြင်ဆုံးနဲ့ ဩဇာအလွှမ်းမိုးဆုံး
ပုဂ္ဂိုလ်တွေကို လိုက်ကြည့်ရင်၊ -
9:30 - 9:31တူတဲ့ အချက်ကို သတိထားမိတယ်။
-
9:31 - 9:33သူတို့ရဲ့စိတ်ပိုင်းဆိုင်ရာထဲမှာ
ကျွမ်းကျင်ကြပုံပါ။ -
9:33 - 9:36စိတ်စိတ်ဖိစီးမှုကို
စီမံခန့်ခွဲမှုလည်း အကျုံးဝင်တယ်။ -
9:36 - 9:38ကိုယ်ရဲ့ စိတ်ကူးတွေ၊ စိတ်ခံစားမှုတွေ၊
-
9:38 - 9:40ပတ်ဝန်းကျင်နဲ့ ရုပ်ပိုင်း အခြေအနေဆိုင်ရာ
အသိစိတ်၊ သိမှတ်စိတ်နဲ -
9:40 - 9:43ခံယူစိတ်တို့ ဖွံ့ဖြိုးစေရန်
အားထုတ်ကြသူတွေပါ။ -
9:43 - 9:44ဟုတ်တယ်နော်။
-
9:44 - 9:46စိတ်ဖိစီးမှု ဘယ်တော့မှ မရင်ဆိုင်ရဘူးလို့
ကျနော် မပြောပါဘူး။ -
9:46 - 9:48စိတ်ဖိစီးမှုအား စီမံခန့်ခွဲနိုင်မှုဟာ
-
9:48 - 9:51ခင်ဗျားတို့အတွက်ရော၊
စီးပွားရေးအတွက်ပါ အကျိုးရှိမှာပါ။ -
9:51 - 9:53ခင်ဗျားတို့ကို ကျနော် ပေးချင်တဲ့
အကြံပြုချက် ရှိပါတယ်။ -
9:53 - 9:55အငြိမ်းစားယူဖို့ကို စီမံမှုဟာ
နောက်ပိုင်းအတွက် -
9:55 - 9:57လက်ရှိအချိန်မှာ တိုးပြီး ချွေတာမှုပါပဲ။
-
9:57 - 10:01ကျုပ်တို့ဟာ ကျုပ်တို့ရဲ့ စိတ်ပိုင်း
ကျန်းမာမှုနဲ့ ဖက်စုံမှ ဘဝဖူလုံရေးကို -
10:01 - 10:02အလားတူပဲ လုပ်ကိုင်ကြမယ် ဆိုရင်ကော။
-
10:02 - 10:05ခင်ဗျားတို့ ဘဝရဲ့ နောက်ပိုင်းအတွက်
ဒီနေ့ကို ကိုယ့်အတွက် -
10:05 - 10:06ပိုချွေတာမှုကို ကျင့်သုံးကြပါ။
-
10:06 - 10:08ဘာမှ မလုပ်မှုက ပိုပြီး ကုန်ကျမှုနဲ့
-
10:08 - 10:10အဆိုးဆုံးက အချိန်နည်းမှုကို ဆိုလိုပါတယ်။
-
10:10 - 10:11ပြီးတော့ အဲဒီနှစ်ခုစလုံးက
-
10:11 - 10:13ဘယ်လိုမှ ပြန်မရနိုင်တာတွေပါ။
-
10:13 - 10:16ဒီတော့ စိတ်ဖိစီးမှုဆိုင်ရာ ဒီလို
ယဉ်ကျေးမှုကို ဆက်ကျင့်သုံးကြပါစို့၊ -
10:16 - 10:18ရွှင်ခန်းချမ်းမြေ့စွာ စတင် နေထိုင်ရင်း
-
10:18 - 10:22ထုတ်လုပ်မှု တိုးလာမှာ မျှော်လင့်ရမယ့်
ဘဝမျိုးဖြင့် နေထိုင်ကြပါစို့။ -
10:22 - 10:23ကျေးဇူးတင်ပါတယ်။
-
10:23 - 10:26(လက်ခုပ်သံများ)
- Title:
- လုပ်ငန်းခွင် ဖိစီးမှုရဲ့ တန်ဖိုးနဲ့ အဲဒါကို ဘယ်လို လျှော့ချကြမလဲ
- Speaker:
- Rob Cooke
- Description:
-
ခန့်မှန်းမှု တချို့အရ လုပ်ငန်းခွင်နဲ့ ဆက်နွှယ်နေကြတဲ့ ဖိစီးမှုတွေကြောင့် အမေရိကန် စီးပွားရေးဟာ နှစ်စဉ် ဒေါ်လာ ဘီလီယံ ၃၀၀ နီးပါးကို ဆုံးရှုံးနေရပါတယ်။ ပြီးတော့ ၎င်းဟာ ကျုပ်တို့ရဲ့ ကုန်ထုတ်နိုင်စွမ်းကို ထိခိုက်စေပြီး ကျုပ်တို့ရဲ့ ကျန်းမာရေးကိုပါ ထိခိုက်စေပါတယ်လို့ ဘဝဖူလုံရေး အကျိုးဆောင် Rob Cooke က ဆိုပါတယ်။ ကျုပ်တို့ရဲ့ စိတ်ပိုင်း၊ ရုပ်ပိုင်းနဲ့ စိတ်ခံစားမှုတွေ ပြန်ပြီး ကောင်းမွန်လာရေး မဟာဗျူဟာ အချို့ကို သူက မျှဝေတင်ပြထားပါတယ်။
- Video Language:
- English
- Team:
closed TED
- Project:
- TEDTalks
- Duration:
- 10:38
![]() |
Myo Aung approved Burmese subtitles for The cost of work stress -- and how to reduce it | |
![]() |
Myo Aung edited Burmese subtitles for The cost of work stress -- and how to reduce it | |
![]() |
Sanda Aung accepted Burmese subtitles for The cost of work stress -- and how to reduce it | |
![]() |
Sanda Aung edited Burmese subtitles for The cost of work stress -- and how to reduce it | |
![]() |
Myo Aung edited Burmese subtitles for The cost of work stress -- and how to reduce it | |
![]() |
Myo Aung edited Burmese subtitles for The cost of work stress -- and how to reduce it | |
![]() |
Myo Aung edited Burmese subtitles for The cost of work stress -- and how to reduce it |