Return to Video

လုပ်ငန်းခွင် ဖိစီးမှုရဲ့ တန်ဖိုးနဲ့ အဲဒါကို ဘယ်လို လျှော့ချကြမလဲ

  • 0:00 - 0:04
    စိတ်ဖိစီးမှုကို ကျုပ်တို့အားလုံး သိကြပြီး
    အဲဒါကို ကျုပ်တို့ ကိုင်တွယ်ပုံ မတူပါဘူး။
  • 0:04 - 0:07
    ကျုပ်တို့ အတွေးအခေါ်တွေ အရှိန်မြင့်လာနေတာ
    ဒါမှမဟုတ် ကျဆင်းသွားတာလား၊
  • 0:07 - 0:10
    ကျုပ်တို့ရဲ့ စိတ်ခံစားမှုက အကုန်လုံး
    စားပစ်သလား၊ လုံးဝမစားတာလား၊
  • 0:10 - 0:13
    အိပ်ပျော်ဖို့ ခက်နေသလား ဒါမှမဟုတ်
    အိပ်ရာမှ ထဖို့ ခက်နေသလား။
  • 0:13 - 0:14
    အဲဒါစိတ်ညစ်စရာကြီးပါ။
  • 0:14 - 0:15
    (ရယ်သံများ)
  • 0:15 - 0:17
    ဒါပေမဲ့ ကောင်းတဲ့
    စိတ်ဖိစီးမှုလည်း ရှိပါသေးတယ်၊
  • 0:17 - 0:21
    ကိုယ့်တစ်ခါမှ မဟောကြားခဲ့တဲ့ လူတွေရှေ့မှာ
    ဟောပြောဖို့ ပြင်ဆင်ရတာမျိုးဆိုပါစို့။
  • 0:21 - 0:22
    (ရယ်သံများ)
  • 0:22 - 0:26
    (လက်ခုပ်သံများ)
  • 0:26 - 0:28
    နိုင်ငံတကာ စင်မြင့်ပေါ်မှာတောင်။
  • 0:28 - 0:29
    (ရယ်သံများ)
  • 0:29 - 0:32
    ကောင်းတဲ့ ဖိစီးမှုကလည်း
    ခင်ဗျားတို့ကို ဒုက္ခပေးနိုင်တာ မှန်ပေမဲ့၊
  • 0:32 - 0:35
    ကျနော်ပြောမှာက
    ဆိုးဝါးတဲ့ စိတ်ဖိစီးမှု အကြောင်းပါ။
  • 0:35 - 0:37
    အကြောင်းရင်းက
    ခင်ဗျားတို့ ထင်သလို မဟုတ်ဘူး။
  • 0:37 - 0:39
    ကျနော်ဟာ ချမ်းသာသူတွေရဲ့
    ဆက်ဆံရေး မန်နေဂျာပါ။
  • 0:39 - 0:42
    ကျနော်ဟာ ချမ်းသာသူတွေနဲ့
    သူတို့မိသားစုနဲ့ ဘေးချင်းကပ်ထိုင်ပြီး
  • 0:42 - 0:44
    သူတို့ရဲ့ဘဏ္ဍာရေး ပန်းတိုင်တွေမှီဖို့
    ကူပေးသူပါ။
  • 0:44 - 0:46
    စီးပွားရေးကို
    ဦးနှောက်ထဲမှာ ထည့်ထားချင်ပါတယ်၊
  • 0:46 - 0:49
    စီးပွားရေးကို သက်ရောက်မှုဟာ
    ဖောက်သည်တွေကိုလည်း သက်ရောက်ပါတယ်၊
  • 0:49 - 0:52
    စိတ်ဖိစီးမှုကျတော့ စီးပွားရေးကို
    ကြီးမားစွာ သက်ရောက်ပြန်ပါတယ်။
  • 0:52 - 0:54
    အမေရိကန် ပြည်ထောင်စုမှာ
    အလုပ်ဆိုင်ရာ ဖိစီးမှုဟာ
  • 0:54 - 0:59
    နှစ်စဉ် ဒေါ်လာဘီလီယံ ၃၀၀ နီးပါးရှိတယ်လို့
    ပြောရင် ခင်ဗျားတို့ ယုံနိုင်မလား။
  • 0:59 - 1:02
    လုပ်ငန်းခွင် ဖိစီးမှု၊
    သက်ရောက်မှု ကြီးမားလှတဲ့ ဖိစီးမှုဟာ
  • 1:02 - 1:05
    ကုန်ထုတ်လုပ်မှုနဲ့
    ဘဝဖူလုံမှုနဲ့ ဆက်နွှယ်နေတယ်။
  • 1:05 - 1:07
    ဒီနေ့ ကျုပ်တို့ ဒီမှာ အဲဒီအကြောင်းကို
    ဆွေးနွေးကြမယ်။
  • 1:07 - 1:11
    စကားမစပ်၊ အလုပ်သမားတွေ စိတ်မဝင်စားကြတာ၊
  • 1:11 - 1:14
    ခင်ဗျားတို့အလုပ်အပေါ် သက်ရောက်မှုရှိတဲ့
    နာတာရှည်ရောဂါတွေ၊
  • 1:14 - 1:16
    လုပ်ငန်းခွင် ဒဏ်ရာရမှုတွေနဲ့
    ဖျားနာမှုတွေ ဆက်စပ်နေကြတယ်။
  • 1:16 - 1:19
    အချက်ငါးချက်စလုံးရဲ့ ကုန်ကျစရိတ်ကို
    ပေါင်းကြည့်ရင်၊
  • 1:19 - 1:21
    အဲဒါဟာ ခန့်မှန်းခြေ နှစ်စဉ်
    ဒေါ်လာ ၂.၂ ထရီလီယံ ရှိပါတယ်။
  • 1:21 - 1:24
    အဲဒါက ကျုပ်တို့ရဲ့ GDP ၁၂ ရာခိုင်နှုန်းပါ။
  • 1:24 - 1:28
    "အဲဒါ သိပ်ကိုများတဲ့ ငွေကြေးပဲ၊ ဘယ်လိုဖြစ်
    နိုင်မလဲ?"လို့ ခင်ဗျားတို့ မေးချင်ကြမယ်။
  • 1:28 - 1:30
    စိတ်ဖိစီးမှု ဟာ ပုဂ္ဂိုလ်ရေးကိစ္စသက်သက်ပဲ၊
  • 1:30 - 1:33
    အဲဒီလို ကြီးမားစွာ သက်ရောက်မှု
    ရှိတာ လုံးဝမဖြစ်နိုင်ဘူးဗျာ။
  • 1:33 - 1:35
    အဲဒါကို ရှင်းပြဖို့
    စမ်းသပ်မှုတစ်ခုကို စိတ်ကူးကြည့်ကြပါ။
  • 1:35 - 1:39
    ကလေးကို တစ်ယောက်တည်း စောင့်ရှောက်ရတဲ့
    မိခင် စိတ်ဖိစီးမှုများတဲ့အလုပ်ထဲ၊
  • 1:39 - 1:41
    စိတ်ဖိစီးမှုများတဲ့ ဝန်းကျင်မျိုးထဲ၊
  • 1:41 - 1:43
    အချိန် ၉၀ ရာခိုင်နှုန်း သူထိုင်နေရတာ
    စိတ်ကူးကြည့်ပါ။
  • 1:43 - 1:45
    သူမဆီမှာ ချက်ပြုတ်ဖို့ အချိန်ရှိပုံ မရဘူး၊
  • 1:45 - 1:48
    ဒါကြောင့် သူမဟာ လွယ်လွယ်ကူကူ
    ရတာကိုပဲ ရွေးစားရတယ်၊
  • 1:48 - 1:49
    အဲဒါဘယ်လို အစားအစာမျိုးလဲ။
  • 1:49 - 1:51
    အလွန်အမင်း မွမ်းမံထားပြီး
    သကြားများတဲ့ စားစရာတွေပါ။
  • 1:51 - 1:55
    အချိန်ကြာလာတာနဲ့ အစားအစာ ညံ့ဖျင်းမှုကို
    အလုပ်ထဲက ဖိစီးမှုနဲ့ ပေါင်းလိုက်တော့၊
  • 1:55 - 1:57
    နာတာရှည် ရောဂါကို ဖြစ်လာစေတယ်။
  • 1:57 - 1:58
    ဆီးချိုရောဂါ ဆိုကြပါစို့။
  • 1:58 - 2:02
    သူမရဲ့ ကျန်းမာရေးကို စောင့်ရှောက်မှု အတွက်
    သူရော၊ ကုမ္ပဏီပါ အကုန်အကျခံရမယ်၊
  • 2:02 - 2:04
    အဲဒါက စိတ်ဖိစီးမှုကို တိုးလာစေမယ်။
  • 2:04 - 2:07
    သူမ သူ့ကျန်းမာရေးအတွက် စိုးရိမ်ပူပန်
    ချိန်မှာ အလုပ်ကို ပြီးအောင် လုပ်ကိုင်နေရာ
  • 2:07 - 2:10
    အာရုံလွင့်စင်နေလို့ အလုပ်ဟာ
    တွင်ကျယ်မှု နည်းပါမယ်။
  • 2:10 - 2:12
    ဒါပေမဲ့ သူမဟာ အဲဒီလို အဖြစ်မခံနိုင်ဘူး။
  • 2:12 - 2:14
    သူဟာ တစ်ယောက်တည်းကို ကလေးကို
    စောင့်ရှောက်နေရတာနော်။
  • 2:14 - 2:15
    ဒီတော့ သူစဉ်းစားမိတာက၊
  • 2:15 - 2:17
    "ငါ တစ်ခုခု ဖြစ်သွားခဲ့ရင်ကော။
  • 2:17 - 2:19
    ငါ့ကလေးကို ဘယ်သူ စောင့်ရှောက်ပေးမှာလဲ။
  • 2:19 - 2:21
    ငါ့ကလေးကို ဘယ်သူကများ
    စောင့်ရှောက်ပေးမှာလဲ။"
  • 2:21 - 2:22
    စိတ်ဖိစီးမှုဟာ ပိုဆိုးလာမယ်။
  • 2:22 - 2:24
    အဲဒီ ဇာတ်လမ်းကိုယူပြီး
    တစ်နိုင်ငံလုံး အတိုင်းအတာနဲ့
  • 2:24 - 2:26
    စိတ်ကူး ကြည့်မယ်ဆိုရင်၊
  • 2:26 - 2:28
    ကျနော် ပြောခဲ့တဲ့
    ဒေါ်လာ ထရီလီယံချီ ကုန်ကျမှုကို
  • 2:28 - 2:30
    ခင်ဗျားတို့ စပြီ မြင်ယောင်မှာ သေချာပါတယ်။
  • 2:30 - 2:33
    အခု ကျနော်ပြောတဲ့ဟာတွေက
    ကျနော့်မိသားစုနဲ့ သိပ်နီးစပ်တဲ့ အရာတွေပါ။
  • 2:33 - 2:36
    ကျနော့်ဖခင်ဟာ အလုပ်ကို ကြိုးပမ်း
    လုပ်ခဲ့ပြီး သိပ်ကို ယဉ်ကျေးခဲ့သူပါ။
  • 2:36 - 2:39
    အထင်မလွဲချင်ကြပါနဲ့၊
    မေမေလည်း အလုပ်လုပ်ခဲ့တယ်။
  • 2:39 - 2:42
    ဒါပေမဲ့ ဖခင်ဟာ မိသားစုကို အဓိက
    ပံ့ပိုးပေးခဲ့တဲ့ အခန်းကဏ္ဍမှ ပါဝင်ခဲ့တာပါ။
  • 2:42 - 2:45
    ကျုပ်တို့ရဲ့ မိသားစုတွေကို
    စောင့်ရှောက်ဖို့ တာဝန်ယူရတာ
  • 2:45 - 2:48
    စိတ်ဖိစီးမှုနဲ့ ဖိအားတွေ ဘယ်လောက်များ
    တာကို ကျုပ်တို့ နားလည်ကြတယ်။
  • 2:48 - 2:50
    ဒါပေမဲ့ အဲဒါ လုပ်ငန်းခွင် ဖိစီးမှုနဲ့
    ပေါင်းလိုက်တော့
  • 2:50 - 2:52
    ဘာတွေ ဖြစ်လာမယ် ထင်ပါသလဲ။
  • 2:52 - 2:54
    ကုစားမရနိုင်တဲ့ သွေးပေါင်ချိန်တက်ခြင်း၊
  • 2:54 - 2:56
    အဆုံးမှာ ကျောက်ကပ်တွေလည်း
    ပုံမှန် အလုပ်မလုပ်ကြတော့ပါ၊
  • 2:56 - 2:59
    ဆယ်စုနှစ်ချီ dialysis ကုစားမှုကို
    ခံယူရတာ ဖခင်ပါ။
  • 2:59 - 3:01
    အခု သူ့ကျောက်ကပ်ကို အစားထိုး
    ကုသနိုင်ခဲ့တာ ဝမ်းသာကြရတယ်။
  • 3:01 - 3:03
    မနှစ်တုန်းကမှ ကုပြီးခဲ့တာပါ။
  • 3:03 - 3:04
    ဒါပေမဲ့၊
  • 3:04 - 3:06
    (လက်ခုပ်သံများနှင့် အားပေးသံများ)
  • 3:06 - 3:08
    ဘယ်လိုပဲဖြစ်ဖြစ် ဆယ်နှစ်နီးပါးကြာအောင်၊
  • 3:08 - 3:12
    သူအလုပ်ကို ကြိုးစားလုပ်ကိုင်မှု ဒါမှမဟုတ်
    သူ့ရဲ့ ယဉ်ကျေးမှုမှနေပြီး
  • 3:12 - 3:14
    စီးပွားရေးကရော ကျနော့မိသားစုပါ
    ဘာအကျိုးမှ မခံစားခဲ့ရဘဲ၊
  • 3:14 - 3:16
    သူပြောတတ်သလို၊
  • 3:16 - 3:18
    ဝမ်းနည်းစရာ ကောင်းတဲ့ ကံကြမ္မာပါ။
  • 3:18 - 3:19
    ကျနော် ပြောချင်တာက၊
  • 3:19 - 3:23
    စိတ်ဖိစီးမှုဟာ ထုတ်ကုန် နည်းထုတ်နိုင်လို့
    ကုန်ထုတ်လုပ်မှုအပေါ် သက်ရောက်မှုရှိပြီး
  • 3:23 - 3:25
    ကျန်းမာရေး စောင့်ရှောက်မှု
    စရိတ်ကို တိုးလာစေတယ်။
  • 3:25 - 3:26
    အဲဒါကို နားလည်ကြတယ်နော်။
  • 3:26 - 3:27
    ဟုတ်တယ်နော်။
  • 3:27 - 3:29
    ဒါပေမဲ့ မမှန်တဲ့ဟာက ဒီလိုပါ။
  • 3:29 - 3:31
    ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့
    နောက်ဆုံး သုတေသနအရ
  • 3:31 - 3:36
    ကျန်းမာရေးအတွက် နိုင်ငံတကာမှ သုံးစွဲမှုဟာ
    ဒေါ်လာ ၇.၈ ထရီလီယံရှိပါတယ်။
  • 3:36 - 3:38
    Global Wellness Institute ရဲ့ သုတေသနကျတော့
  • 3:38 - 3:42
    ဒေါ်လာ ၄.၅ ထရီလီယံ တန်တဲ့ နိုင်ငံတကာ
    ဘဝမြှင့်တင်ရေး လုပ်ငန်းဟာ
  • 3:42 - 3:47
    ၂၀၁၅ မှ ၂၀၁၇ အကြားတွင်
    ၃.၇ မှ ၄.၂ ထရီလီယံသို့ တိုးလာခဲ့ပြီး၊
  • 3:47 - 3:49
    2022 အထိ အလားတူ တိုးလာမယ်လို့ ယူဆရတယ်။
  • 3:49 - 3:51
    ဒီတော့ ကျုပ်တို့ ဒါကို ပြောနေရတာ
    ဘာကြောင့်လဲ။
  • 3:52 - 3:55
    အဲဒီ တိုးသုံးမှုဟာ ကမ္ဘာ့စီးပွားရေးရဲ့
    ပျမ်းမျှ တိုးတက်မှုနှုန်း
  • 3:55 - 3:58
    ၃.၃ ရာခိုင်နှုန်းထက်
    နှစ်ဆနီးပါး ပိုများနေတယ်၊
  • 3:58 - 4:00
    ဒါတွေ အားလုံး ထောက်ပြနေကြတာက ဘာလဲ။
  • 4:00 - 4:02
    နှစ်စဉ်နှစ်တိုင်း ကျုပ်တို့ဟာ
    ကျန်းမာရေးအတွက်၊
  • 4:02 - 4:05
    လူတွေရဲ့ ဘဝကို မြှင့်တင်ပေးရေးနဲ့
    ပိုကျန်းမာတဲ့ ဘဝပုံစံမျိုးဖြင့်
  • 4:05 - 4:07
    နေထိုင်ဖို့ တိုးတိုးပြီး သုံးစွဲနေကြရပြီး၊
  • 4:07 - 4:10
    ကမ္ဘာ့စီးပွားရေး တိုးတက်မှုထက်
    နှစ်ဆနီးပါး ပိုပြီး သုံးစွဲနေကြတာတောင်၊
  • 4:10 - 4:14
    ကျုပ်တို့ဟာ နှစ်စဉ် ဒေါ်လာ ထရီလီယံချီ
    ဆုံးရှုံးနေကြရပါသေးတယ်။
  • 4:14 - 4:15
    ဘာအဓိပ္ပါယ်လဲ?
  • 4:15 - 4:16
    (ရယ်သံများ)
  • 4:16 - 4:18
    စိတ်ဖိစီးမှုဟာ အဆင့်မြင့်တက်လာနေတယ်၊
  • 4:18 - 4:20
    ဒါကို ပြောင်းပစ်ဖို့ လိုတယ် ယုံကြည်ပါတယ်။
  • 4:20 - 4:24
    ပြီးတော့ ကျုပ်တို့ စိတ်ဖိစီးမှုကို
    စဉ်းစားပုံကိုပါ ပြောင်းပစ်ရမယ် ယုံပါတယ်။
  • 4:24 - 4:27
    ဒီတော့ အဲဒါကို သုံးသပ်တဲ့ ရှုဒေါင့်ကို
    ပြောင်းကြည့်ကြပါစို့။
  • 4:27 - 4:29
    ကျုပ်တို့ဟာ စိတ်ဖိစီးမှုကို
    အကျိုးဆက်လို မြင်တယ်၊
  • 4:29 - 4:31
    ကျနော်က အဲဒါ ယဉ်ကျေးမှုလို့ မြင်တယ်။
  • 4:31 - 4:34
    ကျုပ်တို့ ကျုပ်တို့အချိန်ကို
    အများဆုံး ဖြုန်းကြတာက ဘယ်မှာလဲ။
  • 4:34 - 4:35
    အလုပ်မှာ နော်။
  • 4:35 - 4:37
    ကျုပ်တို့ဟာ အလုပ်နဲ့ဘဝ ဟန်ချက်မျှတရေး
    ပြဿနာ ရင်ဆိုင်ရတယ်။
  • 4:37 - 4:40
    စိတ်ဖိစီးမှု၊ ကျန်းမာရေးနဲ့ ဘဝဖူလုံရေး
    ဆက်နွှယ်မှုဟာ
  • 4:40 - 4:41
    မကြုံစဖူး နီးစပ်လာပါပြီ။
  • 4:41 - 4:44
    ဒါပေမဲ့၊ စိတ်ဖိစီးမှုနဲ့
    ဘဝဖူလုံမှုအား ကျုပ်တို့က
  • 4:44 - 4:47
    လုပ်ငန်းခွင်မှာ ချဉ်းကပ်ပုံကျတော့ လုံးဝ
    ဆက်စပ်မှု မရှိပါဘူး။
  • 4:47 - 4:49
    ပြီးတော့ ပြစ်တင်လို့ ရတဲ့
    အရာတွေက အများကြီးနော်။
  • 4:49 - 4:50
    နည်းပညာသစ်ကို၊
  • 4:50 - 4:53
    အစုရှယ်ယာအတွက် ပြန်ရတဲ့
    အကျိုးစီးပွားကို အာရုံစိုက်နေမှု၊
  • 4:53 - 4:56
    ဒါမှမဟုတ် အိမ်နီးချင်းတွေလို
    နေထိုင်ဖို့ ကြိုးစားရမှုနဲ့
  • 4:56 - 4:58
    ကျုပ်တို့ ကြိုးပမ်းပုံကို
    ဓာတ်ပုံ ရိုက်ယူမှုတို့ပါ။
  • 4:58 - 5:00
    တစ်နေ့တာ ကုန်ဆုံးချိန်မှာ၊
  • 5:00 - 5:03
    ကျုပ်တို့ ဖန်တီးထားတဲ့ ယဉ်ကျေးမှုထဲမှာ
    ကိုယ်ရေး စောင့်ရှောက်မှုနဲ့
  • 5:03 - 5:06
    ဘဝ ဖက်စုံမှဖူလုံရေး ကိစ္စတွေဟာ
    နောက်ဆုံး နေရာတွင် ကျန်ရစ်ခဲ့တယ်။
  • 5:06 - 5:08
    ကျုပ်တို့ ရှေ့ဆက်ပြီး ဘယ်လို သွားကြမလဲ။
  • 5:08 - 5:10
    အခြေခံမဏ္ဍိုင် သုံးရပ်ကို
    အခြေခံရမယ် ယုံကြည်တယ်။
  • 5:10 - 5:11
    ခင်ဗျားတို့က၊
  • 5:11 - 5:14
    "Rob ရာ၊ ဒါကို ကျနော် ကြားခဲ့ဖူးတယ်၊
    မသိတာ တစ်ခုခု ပြောပါ"လို့
  • 5:14 - 5:15
    ထင်နေရင်၊
  • 5:15 - 5:17
    ကျုပ်တို့ ဘာလုပ်ရမှာကို သိနှင့်နေကြရင်
  • 5:17 - 5:19
    ကျုပ်တို့ လုပ်နေကြတာက ဘာတွေများလဲလို့
    မေးစရာ ရှိပါတယ်။
  • 5:19 - 5:21
    ပထမအချက်က ကော်ပိုရေးရှင်းတွေပါ။
  • 5:21 - 5:24
    အထူးပြောရရင်၊ ကော်ပိုရေးရှင်းရဲ့
    ယဉ်ကျေးမှုနဲ့ ဆက်သွယ်ပြောဆိုပုံဟာ
  • 5:24 - 5:28
    လုပ်ငန်းခွင်ထဲက စိတ်ဖိစီးမှုနဲ့ ဘဝဖူလုံမှု
    ထဲမှာ အရေးပါတဲ့ အခန်းမှ ပါဝင်ရဲ့လား။
  • 5:28 - 5:31
    ကုမ္ပဏီတစ်ခုရဲ့ DNA ဟာ
    ၎င်းရဲ့ ယဉ်ကျေးမှုပဲနော်။
  • 5:31 - 5:32
    အဲဒါက အရာတိုင်းကို စံသတ်မှတ်ပေးပြီး
  • 5:32 - 5:34
    ကုမ္ပဏီကိုယ်၌ရဲ့ အမှတ်သညာပါ။
  • 5:34 - 5:36
    ကျနော့်အထင် ကုမ္ပဏီတွေဟာ
    သူတို့ လုပ်သားတွေရဲ့
  • 5:36 - 5:40
    စိတ်ပိုင်း၊ ရုပ်ပိုင်းနဲ့ စိတ်ခံစားမှု
    စသဖြင့် ဖက်စုံမှ ဖူလုံရေးထဲကို
  • 5:40 - 5:41
    ရင်းနှီးမြှုပ်နှံအပ်တယ်။
  • 5:41 - 5:44
    ဆန်းသစ်တီထွင်မှု၊ သုတေသနနဲ့ ဖွံ့ဖြိုးမှု
    အတွက် ရင်းနှီးကြသလိုပါပဲ။
  • 5:44 - 5:48
    အဲဒီလိုမှ ကုန်ထုတ်စွမ်းအား မြှင့်ပြီး စိတ်
    ဖိစီးမှု နှိမ့်ချပေးမယ် ကျနော် ထင်သလား။
  • 5:48 - 5:49
    ဟုတ်ကဲ့၊ ထင်ပါတယ်။
  • 5:49 - 5:50
    ဒါပေမဲ့ အဲဒါ လက်တွေ့ ဖြစ်လာဖို့၊
  • 5:50 - 5:52
    ကုမ္ပဏီတစ်ခုဟာ အလုပ်သမားတွေရဲ့
    ဘဝဖူလုံမှုကို
  • 5:52 - 5:55
    တိုင်းတာရာတွင် ဖွံ့ဖြိုးရေးနဲ့
    ဝင်ငွေတွေကို စီမံကြသလိုပဲ
  • 5:55 - 5:58
    တိကျ မှန်ကန်စွာ တိုင်းတာနိုင်မယ့်
    နည်းလမ်းကို ရှာကြံရန် လိုပါမယ်။
  • 5:58 - 6:01
    ဒါက မြင့်မားတဲ့ တောင်းဆိုချက်ပါလို့
    ခင်ဗျားတို့ ထင်ကြရင်
  • 6:01 - 6:04
    ကုမ္ပဏီ တစ်ခုရဲ့ပြိုင်ဆိုင်ရေး အားသာချက်က
    ဘာလဲ မေးကြည့်ကြပါ။
  • 6:04 - 6:06
    ကုမ္ပဏီရဲ့ လုပ်သားတွေပါ။
  • 6:06 - 6:07
    ကျုပ်တို့ ဒါကို သိပါတယ်။
  • 6:07 - 6:10
    ကုမ္ပဏီထဲက အရာမှန်သမျှလိုပဲ
    ဒါကိုလည်း ထိပ်မှနေပြီး စတင်ရပါမယ်။
  • 6:10 - 6:11
    ဒီတော့ ခင်ဗျားက ခေါင်းဆောင်ဆိုရင်၊
  • 6:11 - 6:14
    ကိုယ့်စိတ်ပိုင်းကျန်းမာရေးနဲ့
    ဖက်စုံ ဖူလုံရေးကို
  • 6:14 - 6:15
    မြင်သာအောင် ပြသပေးမှုက
  • 6:15 - 6:17
    ကြီးမားစွာ ကူပေးနိုင်တဲ့ ဓာတ်ကူပစ္စည်းပါ။
  • 6:17 - 6:19
    ကျနော်ဟာ ဘောလုံးကို
    ဝါသနာပါတာ အားလုံးသိကြတယ်။
  • 6:19 - 6:21
    ကျနော် တစ်သက်တာ
    နည်းပြဆရာ နှစ်ဦး ရှိခဲ့တယ်။
  • 6:21 - 6:24
    အမြဲတမ်းဆိုသလို ပြင်းထန်တဲ့
    ကာယလေ့ကျင့်ခန်းတွေကို ပြပေးသူ ရှိခဲ့တယ်။
  • 6:24 - 6:25
    ဘေးမှာရပ်ကြည့်မနေခဲ့ဘဲ၊
  • 6:25 - 6:26
    သူကိုယ်တိုင် ပါဝင်သူပါ။
  • 6:26 - 6:28
    အဲဒါက အကျိုးသုံးမျိုး ရှိခဲ့တယ်။
  • 6:28 - 6:29
    ကျနော့်ဘက်မှ ညည်းညူဖို့ မလွယ်ခဲ့ဘူး။
  • 6:30 - 6:31
    (ရယ်သံများ)
  • 6:31 - 6:32
    ကျနော်ဟာ အစဉ်ပဲ အမှီလိုက်ရတယ်။
  • 6:32 - 6:35
    ပြီးတော့ ကျနော်ဟာ လေ့ကျင့်ခန်း
    တွေထဲမှာ တိုးတိုး ပါဝင်ခဲ့ရတယ်။
  • 6:35 - 6:36
    စိတ်ကူးက အတူတူပါပဲ။
  • 6:36 - 6:38
    နောက်ဆုံးက ဆက်သွယ်ပြောကြားမှုပါ။
  • 6:38 - 6:42
    ကျနော့်အနေနဲ့ ကျနော့ ဖောက်သည်တွေကို
    သူတို့ရဲ့ ဘဏ္ဍာရေး ပန်းတိုင် အောင်မြင်ဖို့
  • 6:42 - 6:45
    ကူပေးရန် ကျနော်ဟာ တက်ကြွစွာ
    နားထောင်ရန်နဲ့ တုံ့ပြန်ရန် လိုအပ်ခဲ့တယ်။
  • 6:45 - 6:48
    ခင်ဗျားတို့ရဲ့ အလုပ်သမားတွေကို
    စိတ်ဖိစီးနေတာ ဘာလဲ ပြောခိုင်းပါ။
  • 6:48 - 6:51
    သူတို့လိုအပ်နေတဲ့ ဘဝဖူလုံရေး အချက်တွေကို
    ပြောပြခိုင်းပါ။
  • 6:51 - 6:52
    အဲဒီနောက်မှာ လုပ်ဆောင်ပေးပါ။
  • 6:52 - 6:54
    သူတို့ ပြောပြခဲ့တာ လုပ်ဆောင်ပေးခြင်းက
  • 6:54 - 6:57
    သူတို့ရဲ့တုံ့ပြန်ချက်ကို ခင်ဗျား ဘယ်လောက်
    အလေးထားတာကို ပြသပေးမှာမို့
  • 6:57 - 7:00
    ရေရှည်မှာ ကုမ္ပဏီဟာ သေချာပေါက်
    အောင်မြင်မှာ ကျနော်ခံစားမိပါတယ်။
  • 7:00 - 7:01
    ဘာ​ကြောင့်လဲ ဆိုတော့။
  • 7:01 - 7:05
    အလုပ်သမားတွေကို လိုအပ်တာ တပ်ဆင်ပေးထားရင်
    ထုတ်လုပ်မှု တိုးပြီး ဖိစီးမှု နည်းမှာပါ။
  • 7:05 - 7:08
    ပြီးရင် ကျနော်ဟာ ကျုပ်တို့
    ဦးလေးဘက်မှ ကူညီပေးဖို့ မေတ္တာရပ်ခံမယ်။
  • 7:08 - 7:10
    အစိုးရကလည်း မိမိအခန်းမှ
    ပါဝင်ဖို့ လိုပါတယ်။
  • 7:10 - 7:13
    World Economic Forum နဲ့
    Harvard School of Public Health တို့မှ
  • 7:13 - 7:15
    ခန့်မှန်းသလို ၂၀၁၁ ခုနှစ်မှ ၂၀၃၀ ခုနှစ်အထိ
  • 7:15 - 7:18
    အဓိကအကျဆုံး နာတာရှည်ရောဂါတွေနဲ့
    စိတ်ရောဂါများတို့အတွက်
  • 7:18 - 7:21
    ကမ္ဘာ့စီးပွားရေးဟာ
    ဒေါ်လာ ၄၇ ထရီလီယံ ကုန်ကျပါလိမ့်မယ်။
  • 7:21 - 7:23
    အခုတော့ ၂၀၂၀ ထဲ ရောက်နေကြပြီ။
  • 7:23 - 7:25
    ခုနက အဓိကအကျဆုံး နာတာရှည်ရောဂါတွေ အားလုံး
  • 7:25 - 7:27
    ဒါမှမဟုတ် စိတ်ရောဂါအားလုံးတို့ မဟုတ်တောင်
  • 7:27 - 7:29
    ၎င်းရဲ့ အချိုးအစား အချို့ဖြစ်တောင်မှ
  • 7:29 - 7:31
    အစိုးရက အကောင်းဆုံး လုပ်ဆောင်တတ်တာကို
  • 7:31 - 7:33
    စည်းကမ်းချက်တွေကို ပြဋ္ဌာန်းကျင့်သုံးတာကို
  • 7:33 - 7:35
    လက်တွေ့လုပ်ပေးမယ်ဆိုရင်
    ကုန်ကျမှု များစွာမှ နည်းခဲ့မှာပါ။
  • 7:35 - 7:38
    လုပ်ငန်းခွင် စံနှုန်းတွေ
    မြှင့်ပေးဖို့ကို ပြောနေတာပါ။
  • 7:38 - 7:41
    ကော်ပိုရိတ်တွေကို အခွန်မက်လုံးပေးတဲ့
    အစီအစဉ်တွေ ချမှတ်ပေးပြီး
  • 7:41 - 7:43
    ခုနက စံညွှန်းတွေကို
    မြှင့်ပေးဖို့ ကြိုးစားတောင်၊
  • 7:43 - 7:47
    ကော်ပိုရိတ်တွေ ကောင်းစားဖို့ အကောင်းဆုံး
    မူဝါဒတွေနဲ့ ကမ္မကထပြုချက်တွေ
  • 7:47 - 7:49
    အနာဂတ်ဆီ ရှေ့ရှုတဲ့ အစိုးရမှ
    ချမှတ်ပေးတောင်မှ
  • 7:49 - 7:51
    အရေးအပါဆုံး မဏ္ဍိုင်ကြီးဘက်မှ
    မကူညီဘဲ ဘာမှ ဖြစ်မလာနိုင်ဘူး။
  • 7:51 - 7:52
    အဲဒါက ခင်ဗျားတို့ပါ။
  • 7:52 - 7:55
    စိတ်ဖိစီးမှုနဲ့ အဲဒါကို စီမံခန့်ခွဲမှုဟာ
    အပြောင်းအလဲမြန်လို့
  • 7:55 - 7:58
    ခင်ဗျားတို့ ကိုယ့်အခန်းကို
    ကပြဖို့ လိုတာ အမှန်ပါပဲ။
  • 7:58 - 8:01
    အဲဒီလိုဆိုရင် ခင်ဗျားတို့ရော
    စီးပွားရေးပါ အကျိုးဖြစ်ထွန်းမှာပါ။
  • 8:01 - 8:02
    ကျနော်ဟာ စိတ်ပညာရှင် မဟုတ်ပါဘူး။
  • 8:02 - 8:05
    ဒါပေမဲ့ ကျနော်ဟာ ကိုယ့်စိတ်ပိုင်း
    ကျန်းမာရေးကို မြှင့်တင်ပေးဖို့
  • 8:05 - 8:06
    ဘဝတိုးတက်လာဖို့
  • 8:06 - 8:09
    ခြေလှမ်းတချို့ကို ချမှတ်နိုင်ခဲ့လို့
    အကြံပေးချင်တာ တင်ပြလိုပါတယ်။
  • 8:09 - 8:12
    လူတိုင်းအတွက် ပထမဦးဆုံး
    အရေးကြီးဆုံး ခြေလှမ်းက
  • 8:12 - 8:13
    ကိုယ့်ကိုကိုယ် ရိုးသားဖို့ပါ။
  • 8:13 - 8:14
    အဲဒါက ဘာကိုဆိုလိုတာလဲ။
  • 8:14 - 8:17
    ကိုယ့် စိတ်ပိုင်း၊ ရုပ်ပိုင်းနဲ့
    စိတ်ခံစားမှုဆိုင်ရာ ကျန်းမာရေးကို၊
  • 8:17 - 8:19
    အဲဒါတွေကြောင့် ဖြစ်ထွန်းလာခဲ့တဲ့
  • 8:19 - 8:21
    ထိခိုက်မှုတွေကို
    တချိန်လုံးမြင်နေဖို့ လိုပါတယ်။
  • 8:21 - 8:25
    အများပြည်သူရဲ့ အာဘော်ကို ကိုယ့်ထင်မြင်ချက်
    ရဲ့ အထက်မှာ ရိုးသားစွာ ထားရှိဖို့ပါ။
  • 8:25 - 8:26
    လူမှုမီဒီယာကို ထည့်တွက်ပါ။
  • 8:26 - 8:29
    ကိုယ့်ကိုမြင်ပုံနဲ့ လက်တွေ့ အခြေအနေနဲ့
    ပတ်သက်ပြီး ရိုးသားကြပါ။
  • 8:29 - 8:32
    ကိုယ့်အလုပ်က ကိုယ့်ပံ့ပိုးမှုရဲ့
    တစိတ်တပိုင်းဖြစ်တာ သေချာပါတယ်။
  • 8:32 - 8:35
    ဒါပေမဲ့၊ ကျုပ်တို့အား အနက်ဖွင့်ရာမှာ
    အလုပ်ကို အသုံးချမှု များလွန်းနေသလား။
  • 8:35 - 8:36
    ကျုပ်တို့ မေးရမှာက၊
  • 8:36 - 8:40
    “အလုပ်က ယူဆောင်ပေးခဲ့တဲ့ တန်ဖိုးဟာ
    ငါအနစ်နာခံခဲ့ရတာနဲ့ ထိုက်တန်ရဲ့လား။ ”
  • 8:40 - 8:41
    ဒေါ်လာငွေကိုသာ မဆိုလိုပါဘူး။
  • 8:41 - 8:45
    ကျနော့်အတွက်၊ ရိုးသားမှုဟာ ကိုယ့်စိတ်ကူး၊
    လုပ်ကိုင်နိုင်စွမ်းနဲ့ ကျဆုံးမှုဆိုင်ရာ
  • 8:45 - 8:47
    ကိုယ့်သုံးသပ်ခံယူပုံ
    ယုတ္တိကျ ဆင်ခြင်မှုရှိဖို့ပါ။
  • 8:47 - 8:50
    ချန်ပီယံပြိုင်ပွဲကို လွန်ခဲ့တဲ့
    နှစ်အနည်းငယ်က စတင်ခဲ့ရာ
  • 8:50 - 8:52
    တစ်နေ့တွင် နည်းပြဆရာက လာပြီး၊
  • 8:52 - 8:55
    "Rob Cooke၊ ဒီနေ့ ရှုံးလို့မရနိုင်ဘူး၊
    ချီတက်ပေတော့"လို့ မှာတယ်။
  • 8:55 - 8:56
    အဲဒါနဲ့ တက်လှမ်းလိုက်တယ်။
  • 8:56 - 8:57
    ရှုံးသွားတယ်။
  • 8:57 - 8:59
    ကျုပ်တို့ ရှုံးသွားကြတယ်။
  • 8:59 - 8:59
    (ရယ်သံများ)
  • 8:59 - 9:01
    ရယ်ပြီး အားပေးတာကို ကျေးဇူးတင်ပါတယ်။
  • 9:01 - 9:02
    (ရယ်သံများ)
  • 9:02 - 9:03
    ကောင်းတယ်။
  • 9:03 - 9:05
    ဒါပေမဲ့၊
  • 9:05 - 9:08
    အဲဒီနောက်မှာ ကျနော်ဟာ
    ခဏကြာ စိတ်ထဲမှာ ခံစားနေခဲ့ရလို့၊
  • 9:08 - 9:09
    ရှေ့တက်လှမ်းရဖို့၊
  • 9:09 - 9:12
    ကြီးမြင့်ဖို့၊ ဖွံ့ဖြိုးဖို့
    အခွင့်အလမ်း ပေါ်လာတိုင်း
  • 9:12 - 9:14
    ကျနော်ဟာ အသာလေး ခေါင်းငုံ့ပေးရင်း၊
  • 9:14 - 9:15
    နောက်ကို ပြန်ဆုတ်ပေးခဲ့တယ်။
  • 9:15 - 9:17
    အဲဒီနောက်မှာ ကျနော်ဟာ
    သတိစိတ်ဆိုတာ ရှာတွေ့ခဲ့တယ်။
  • 9:17 - 9:20
    အဲဒီသတိစိတ် ဖွံ့ဖြိုးလာစေဖို့ နေ့စဉ်
    ဆက်အားထုတ်ခဲ့တာ ဒီနေ့အထိပါပဲ။
  • 9:20 - 9:23
    ပစ္စုပ္ပန်ထဲတွင်၊ လက်ရှိ
    အခိုက်အတန့်မှာ နေထိုင်တတ်ဖို့ပါ။
  • 9:23 - 9:26
    ဒီလို သတိစိတ်ဟာ လူတိုင်းအတွက်
    ဟုတ်ချင်မှ ဟုတ်နိုင်တာ နားလည်ပါတယ်၊
  • 9:26 - 9:30
    အအောင်မြင်ဆုံးနဲ့ ဩဇာအလွှမ်းမိုးဆုံး
    ပုဂ္ဂိုလ်တွေကို လိုက်ကြည့်ရင်၊
  • 9:30 - 9:31
    တူတဲ့ အချက်ကို သတိထားမိတယ်။
  • 9:31 - 9:33
    သူတို့ရဲ့စိတ်ပိုင်းဆိုင်ရာထဲမှာ
    ကျွမ်းကျင်ကြပုံပါ။
  • 9:33 - 9:36
    စိတ်စိတ်ဖိစီးမှုကို
    စီမံခန့်ခွဲမှုလည်း အကျုံးဝင်တယ်။
  • 9:36 - 9:38
    ကိုယ်ရဲ့ စိတ်ကူးတွေ၊ စိတ်ခံစားမှုတွေ၊
  • 9:38 - 9:40
    ပတ်ဝန်းကျင်နဲ့ ရုပ်ပိုင်း အခြေအနေဆိုင်ရာ
    အသိစိတ်၊ သိမှတ်စိတ်နဲ
  • 9:40 - 9:43
    ခံယူစိတ်တို့ ဖွံ့ဖြိုးစေရန်
    အားထုတ်ကြသူတွေပါ။
  • 9:43 - 9:44
    ဟုတ်တယ်နော်။
  • 9:44 - 9:46
    စိတ်ဖိစီးမှု ဘယ်တော့မှ မရင်ဆိုင်ရဘူးလို့
    ကျနော် မပြောပါဘူး။
  • 9:46 - 9:48
    စိတ်ဖိစီးမှုအား စီမံခန့်ခွဲနိုင်မှုဟာ
  • 9:48 - 9:51
    ခင်ဗျားတို့အတွက်ရော၊
    စီးပွားရေးအတွက်ပါ အကျိုးရှိမှာပါ။
  • 9:51 - 9:53
    ခင်ဗျားတို့ကို ကျနော် ပေးချင်တဲ့
    အကြံပြုချက် ရှိပါတယ်။
  • 9:53 - 9:55
    အငြိမ်းစားယူဖို့ကို စီမံမှုဟာ
    နောက်ပိုင်းအတွက်
  • 9:55 - 9:57
    လက်ရှိအချိန်မှာ တိုးပြီး ချွေတာမှုပါပဲ။
  • 9:57 - 10:01
    ကျုပ်တို့ဟာ ကျုပ်တို့ရဲ့ စိတ်ပိုင်း
    ကျန်းမာမှုနဲ့ ဖက်စုံမှ ဘဝဖူလုံရေးကို
  • 10:01 - 10:02
    အလားတူပဲ လုပ်ကိုင်ကြမယ် ဆိုရင်ကော။
  • 10:02 - 10:05
    ခင်ဗျားတို့ ဘဝရဲ့ နောက်ပိုင်းအတွက်
    ဒီနေ့ကို ကိုယ့်အတွက်
  • 10:05 - 10:06
    ပိုချွေတာမှုကို ကျင့်သုံးကြပါ။
  • 10:06 - 10:08
    ဘာမှ မလုပ်မှုက ပိုပြီး ကုန်ကျမှုနဲ့
  • 10:08 - 10:10
    အဆိုးဆုံးက အချိန်နည်းမှုကို ဆိုလိုပါတယ်။
  • 10:10 - 10:11
    ပြီးတော့ အဲဒီနှစ်ခုစလုံးက
  • 10:11 - 10:13
    ဘယ်လိုမှ ပြန်မရနိုင်တာတွေပါ။
  • 10:13 - 10:16
    ဒီတော့ စိတ်ဖိစီးမှုဆိုင်ရာ ဒီလို
    ယဉ်ကျေးမှုကို ဆက်ကျင့်သုံးကြပါစို့၊
  • 10:16 - 10:18
    ရွှင်ခန်းချမ်းမြေ့စွာ စတင် နေထိုင်ရင်း
  • 10:18 - 10:22
    ထုတ်လုပ်မှု တိုးလာမှာ မ​ျှော်လင့်ရမယ့်
    ဘဝမျိုးဖြင့် နေထိုင်ကြပါစို့။
  • 10:22 - 10:23
    ကျေးဇူးတင်ပါတယ်။
  • 10:23 - 10:26
    (လက်ခုပ်သံများ)
Title:
လုပ်ငန်းခွင် ဖိစီးမှုရဲ့ တန်ဖိုးနဲ့ အဲဒါကို ဘယ်လို လျှော့ချကြမလဲ
Speaker:
Rob Cooke
Description:

ခန့်မှန်းမှု တချို့အရ လုပ်ငန်းခွင်နဲ့ ဆက်နွှယ်နေကြတဲ့ ဖိစီးမှုတွေကြောင့် အမေရိကန် စီးပွားရေးဟာ နှစ်စဉ် ဒေါ်လာ ဘီလီယံ ၃၀၀ နီးပါးကို ဆုံးရှုံးနေရပါတယ်။ ပြီးတော့ ၎င်းဟာ ကျုပ်တို့ရဲ့ ကုန်ထုတ်နိုင်စွမ်းကို ထိခိုက်စေပြီး ကျုပ်တို့ရဲ့ ကျန်းမာရေးကိုပါ ထိခိုက်စေပါတယ်လို့ ဘဝဖူလုံရေး အကျိုးဆောင် Rob Cooke က ဆိုပါတယ်။ ကျုပ်တို့ရဲ့ စိတ်ပိုင်း၊ ရုပ်ပိုင်းနဲ့ စိတ်ခံစားမှုတွေ ပြန်ပြီး ကောင်းမွန်လာရေး မဟာဗျူဟာ အချို့ကို သူက မျှဝေတင်ပြထားပါတယ်။

more » « less
Video Language:
English
Team:
closed TED
Project:
TEDTalks
Duration:
10:38

Burmese subtitles

Revisions